← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 27 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 27 Ch. 363-364

ယွမ်ကျိုး အပိုင်း(၃၆၃) ပြိုင်ပွဲစတင်ပြီ

“အဆင်ပြေရင် ဟင်းပွဲနဲ့ ပတ်သက်ပြီး ဘာတွေပြုပြင်ဖို့လိုလဲဆိုတာ အကြံပေးလို့ ရမလား”

လီလီက အလေးအနက် မေးသည်။

“ရှင်းပါတယ်။ ဝန်ဆောင်မှု၊ ဆိုင်အနေအထားနဲ့ ဆိုင်က ဟင်းလျာတွေ အားလုံးဘက်ပေါင်းစုံက ကောင်းနေတာကိုး။ ဒါပေမယ့် အကောင်းဆုံးဖြစ်ဖို့တော့ နည်းနည်းလိုသေးတယ်”

လင်းဟုန်မှာ ဘယ်သောအခါကမှ လူတစ်ဖက်သားကို ဂရုတစိုက် ပြောဆိုတတ်ခဲ့သူမဟုတ်ပေ။ လီလီ ခဏလောက်မှင်သက်သွားမိပေမယ့် မကြာခင်မှာပင် ပြန်မေးလိုက်သည်။

“အရသာကို မကြိုက်လို့လားခင်ဗျာ”

“မဟုတ်ပါဘူး။ အရသာက သူပြောသလိုပဲ မဆိုးပါဘူး”

လင်းဟုန်က သူ့ဘေးရှိ ဟန်ရှန်ကို ညွှန်ပြကာ ပြောသည်။

“အဲ့ဒါဆို”

လီလီက အနည်းငယ် မျက်နှာပျက်ယွင်းသွားသည်ကို ထိန်းရင်း တည်ငြိမ်စွာ ဆက်မေးလိုက်သည်။

“မဆိုးပါဘူးဆိုတာထက်တော့ မပိုဘူးပေါ့” လင်းဟုန်က ပုခုံးတွန့်ကာ ပြောသည်။

“ဟုတ်ကဲ့ပါ။ အခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်”

ထို့နောက် လီလီက ပြုံးပြုံးလေး လှည့်ထွက်သွားတော့သည်။ သို့သော် တစ်ဖက်သို့ သူမျက်နှာလှည့်လိုက်သည်နှင့် ဟန်မဆောင်နိုင်တော့ချေ။

“မင်း တကယ် မညှာမတာပြောတာပဲ။ ငါကတော့ အရသာတော်တော်ကောင်းတယ်ထင်တာ”

ဟန်ရှန်က သူ့ဘက်လှည့်ကာပြောလိုက်သည်။

“မညှာမတာပြောတာ မဟုတ်ဘူးလေ။ အမှန်တိုင်းပြောတာပဲကို”

လင်းဟုန်က ဘာမှမဖြစ်သလို ပြောသည်။

“ဪ...ဪ...မင်းရဲ့အမှန်တရားကလည်း ဟိုဆိုင်ကို မျက်နှာလိုက်ပြောတာ မဟုတ်လား”

ဟန်ရှန်က ခပ်ပြတ်ပြတ် ပြောသည်။

“ငါက အဲ့လိုလူမဟုတ်မှန်း မင်းသိပါတယ်ကွာ”

လင်းဟုန်က အလေးအနက် ပြန်ပြောသည်။

“ဟုတ်ပြီ...ထားပါတော့။ အဲ့ဒါဆို ကိစ္စကိုအတည်ပြုပြီးပြီဆိုတော့ ငါတို့မနက်ဖြန်လက်မှတ်ထိုးရုံပဲပေါ့”

ဟန်ရှန်က ခေါင်းညိတ်လိုက်ကာ တခြားအကြောင်းအရာကို ပြောင်းပြောလိုက်သည်။

“ဟုတ်ပြီလေ...တာ့တာ”

လင်းဟုန်က သူ့လက်ကို ဝှေ့ယမ်းပြကာ အနောက်တိုင်းစားသောက်ဆိုင်မှ အရင်ထွက်သွားတော့သည်။

“အခုခေတ်လူငယ်တွေကတော့လေ...”

ဟန်ရှန်မှာ သက်ပြင်းချရင်း ကျန်ရစ်ခဲ့လေသည်။ သူ့ကားဆီသို့ ပြန်လျှောက်လာသောအခါ ယွမ်ကျိုး၏စားသောက်ဆိုင်ကို လှမ်းကြည့်မိသည်။ သူ့ကို ပထမဆုံး ၊Blacklistစာရင်းသွင်းလိုက်တုန်းက ထူးဆန်းပြီး မနှစ်မြို့စရာခံစားချက်တစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ယွမ်ကျိုး၏စားသောက်ဆိုင်ကို သတိမထားမိတော့ပေ။ ဆိုင်ဝင်ပေါက်ရှိ လူတန်းအရှည်ကြီးနှင့် မပြောင်းလဲသော တံခါးကိုကြည့်ကာ မနေနိုင်ဘဲပြောလိုက်မိတော့သည်။

“အရင်အတိုင်းစုတ်ချာနေတုန်းနေပဲ”

မှန်ပေသည်။ ဟန်ရှန်၏အမြင်တွင် အဲ့လောက်နာမည်ကြီးနေမှဖြင့် အနည်းဆုံးဆိုင်းဘုတ်လောက်တော့ ရှိသင့်သည်။ ဒါပေမယ့် ယခုအချိန်အထိ ဘာမှမရှိပေ။ လီလီကဲ့သို့မဟုတ်ဘဲ လူနှစ်ယောက်စလုံး အထာကျကျထွက်သွားကြသည်။

အထူးသဖြင့် ယွမ်ကျိုးစားသောက်ဆိုင်၌ စားဖူးကြသည့် စားသုံးသူများကို မေးမြန်းရသည့်အခါ သူ ပိုပြီး စိတ်ဓါတ်ကျလာရသည်။ အခြေခံအားဖြင့်ဆိုရလျှင် စားသုံးသူတိုင်းက ဆိုင်နှစ်ဆိုင်ကို နှိုင်းယှဉ်ကြည့်လိုကြခြင်းမရှိပေ။ သူတို့ကို နှိုင်းယှဉ်ကြည့်ခိုင်းသောအခါ အလွန်အံ့သြသွားခဲ့ကြသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်အကြောင်း သူ မပြောသရွေ့ ကောင်းကောင်းမွန်မွန်တုန့်ပြန်ခဲ့ကြသည်သာ။ ထိုအရာက မာနကြီးလှသောလီလီအား အဖြစ်မှန်ကို လက်မခံနိုင်စရာဖြစ်စေသည်။ ထို့ကြောင့် လီလီက အစကတည်းက အရာအားလုံးကို သူ့စီမံကွပ်ကဲမှုအောက်တွင် စတင်ထိန်းချုပ်တော့သည်။

“အခုထက်ပိုပြီး ပြီးပြည့်စုံအောင် လုပ်နိုင်တယ်”

လီလီက သူ့ကိုယ်သူ အခိုင်အမာပြောသည်။

ရှု့ထောင့်တိုင်းမှ ပြီးပြည့်စုံနေစေရန် ရည်ရွယ်ရာ မီးဖိုခန်းမှာ အရင်နေ့ရက်များတုန်းကလို သက်တောင့်သက်သာ မရှိတော့ချေ။ ယွမ်ကျိုးမှာ သူ ပါဝင်ယှဉ်ပြိုင်ရန် သဘောတူထားသောပြိုင်ပွဲမှာ စတင်တော့မည်ဖြစ်သဖြင့် လီလီ၏ခံစားချက်များ အကြောင်း လုံးဝမသိခဲ့ပေ။ လီရန်ယိက ယွမ်ကျိုးအား အကုန်လုံးမပြောပြထားရန်ပြောထားရာ ပြိုင်ပွဲမှာ ရန်ကျားပြောသလောက် မလွယ်ကူပါ။ ဤပြိုင်ပွဲမှာ တန်ဖိုးကြီးပါဝင်ပစ္စည်းများကို ခွဲခြားပြရန်ဖြစ်ပြီး ဟင်းချက်နည်းအမျိုးမျိုး၌ ကျွမ်းကျင်သူများ၏ဂုဏ်သတင်း၊ အကျိုးအမြတ်များနှင့်လည်း သက်ဆိုင်နေပေသည်။

ပါဝင်ယှဉ်ပြိုင်သူများအတွက် အရေးပါသော အခိုက်အတန့်တစ်ခုလည်းဖြစ်သည်။

လီရန်ယိမှာ စကားကို ခပ်ပြတ်ပြတ်ပြောတတ်ပြီး စိတ်တိုစိတ်ဆတ်ရာ သူနှင့် ရွယ်တူစားဖိုမှူးများအကြား အမြင်ချင်းမတိုက်ဆိုင်သည့်သူများ အမှန်ပင်ရှိခဲ့သည်။ သို့သော် သူ့မှာ ဧကရာဇ်တစ်ပါးကဲ့သို့ အလွန်ခံစားသိလွယ်သော အရသာခံနိုင်စွမ်းရှိရာ သူ့ပါးစပ်ထဲသို့ရောက်သည်နှင့် ဘယ်အရာကတော့ သူ့ကို နာမည်ဂုဏ်သတင်းကြီးစေမည့်အရာမှန်း ခွဲခြားသိလေသည်။

တစ်ချိန်ထဲမှာပင် လီရန်ယိအား ထာဝရရန်သူတော်ကြီးအဖြစ် သတ်မှတ်ထားသည့် အခြားစားဖိုမှူးတစ်ဦးမှာ ယခုအကြိမ်၌ လီရန်ယိထောက်ခံချက်ပေးခဲ့သည့်လူအကြောင်းကို စုံစမ်းနေပြီဖြစ်သည်။ သူတို့အသက်အရွယ်များတွင် ပြိုင်ပွဲကို ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုကြတော့ပေ။ သူတို့က တော်သည်ဟု ယူဆသော လူငယ်တက်သစ်စများကို ပါဝင်ယှဉ်ပြိုင်ရန်သာ ထောက်ခံချက်ပေးကြသည်။ လီရန်ယိက ထောက်ခံချက်ပေးထားသောလူကို အနိုင်ယူခဲ့ခြင်းက လီရန်ယိကို အနိုင်ရသည်နှင့် အတူတူပေ။ အနည်းဆုံးတော့ ရှင်းမင်က ထိုသို့ခံယူထားသည်။

“အဖိုးကြီးရန်က ဒီတစ်ခါ ဘယ်သူ့ကို ထောက်ခံချက်ပေးထားလဲ”

ရှင်းမင်က စားဖိုမှူးတွေရဲ့အကဲဖြတ်အချက် အလက်အသစ်တွေကို လှန်လှောကြည့်နေရင်း ဘာမှမဖြစ်သလို မေးလိုက်သည်။ လီရန်ယိက ဘယ်သူ့ကိုမှ သုံးကြိမ်သုံးခါ မထောက်ခံပေးခဲ့ဖူးရာ ရှင်းမင်က သူ့အကျင့်အရမေးလိုက်ခြင်းသာ ဖြစ်သည်။

“ဒီတစ်ခါ မစ္စတာလီက စားဖိုမှူးတစ်ယောက်ကို ထောက်ခံပေးထားပါတယ်ဗျ။ သူ့နာမည်က ယွမ်ကျိုးပါ”

သူ့ဘေးရှိ လက်ထောက်တစ်ဦးက ချက်ချင်းဆိုသလို ယွမ်ကျိုး၏အချက်အလက်များကို လှန်ပေးလိုက်ပြီး သေချာပြန်ဖြေသည်။

“ဪ...အရင်တစ်ခါက ထောက်ခံပေးထားတဲ့တစ်ယောက်ပဲ”

ရှင်းမင်က သူ့အကျင့်အတိုင်းပြောသည်။ ရုံးခန်းမှာ ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားသည်။ ရှင်းမင်က အားပါးတရအော်ဟစ်ပြောတော့သည်။

“ဘာ...အဲ့အဖိုးကြီးက လူတစ်ယောက်ကိုထောက်ခံပေးခဲ့တာလား”

“ဟုတ်ပါတယ်ဗျ။ ယွမ်ကျိုးလို့ခေါ်တဲ့စားဖိုမှူးပါ”

လက်ထောက်က မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်ရင်း ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

“ဒီအဖိုးကြီးက ဘာလို့ရုတ်တရက်ကြီး စားဖိုမှူးတစ်ယောက်ကို တိတ်တိတ်လေးထောက်ခံချက်ပေးတာလဲ။ ယွမ်ကျိုးဟုတ်လား။ အဲ့ကောင်က ဘယ်သူလဲ”

ရှင်းမင်က မတ်တပ်ထရပ်ကာ ဟိုဟိုသည်သည် ဂနာမငြိမ်လျှောက်ရင်း ရေရွတ်နေသည်။ ယွမ်ကျိုး၏အချက်အလက်များကို ကိုင်ကာ လက်ထောက်မှာ ရှင်းမင်တစ်ယောက်စိတ်ငြိမ်သွားပြီး ထိုင်ခုံတွင် ပြန်ထိုင်သည်အထိ ခဏလောက် ငြိမ်ငြိမ်လေး ရပ်စောင့်လိုက်ရသည်။

“ငါ့ကို ဒီယွမ်ကျိုးဆိုတဲ့ကောင်အကြောင်းပြောစမ်း”

ရှင်းမင်က ရေသောက်လိုက်ပြီးမှ တည်တည်ငြိမ်ငြိမ်မေးသည်။

“ယွမ်ကျိုး၊ အမျိုးသား၊ အသက်၂၄နှစ်၊ ထောင်ရှီးလမ်းမှာ စားသောက်ဆိုင်အသေးလေးဖွင့်ထားတယ်။ ဟင်းချက်လက်ရာ အရမ်းကောင်းပြီး ရောင်းအားလည်းကောင်းတယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူ့မှာ နာမည်ကြီးဆရာတွေ၊ သင်တန်းကျောင်းတွေကနေ သင်ယူထားတဲ့အတွေ့အကြုံတော့ဘာမှမရှိပါဘူး။ အသိအမှတ်ပြုလက်မှတ်တွေ၊ ဆုတံဆိပ်တွေလည်း မရှိပါဘူးဗျ” လက်ထောက်က အချက်အလက်ဖိုင်ကို ယူပြီး သေချာဖတ်ပြလိုက်သည်။ နိုင်ငံတော်အဆင့်အလုပ်သမားနှင့် လူမှုလုံခြုံရေးအဖွဲ့အစည်းမှ ထုတ်ပေးသည့် အသိအမှတ်ပြုစားဖိုမှူးလက်မှတ်မှာ အောက်ခြေမှ ထိပ်ဆုံးအထိ၊ အခြေခံမှ အလယ်အလတ်အဆင့် စားဖိုမှူး၊ အလယ်လတ်တန်းစားဖိုမှူး၊ စီနီယာစားဖိုမှူးနှင့် ကျွမ်းကျင်ရှင်အဆင့်၊ စီနီယာကျွမ်းကျင်ရှင်အဆင့်ဟူ၍ အဆင့်အမျိုးမျိုးသတ်မှတ်ထားသည်။ ကံမကောင်းစွာဖြင့် ယွမ်ကျိုးမှာ တစ်ခုမှမရှိပေ။

“အဲ့ဒါပဲလား”

ရှင်းမင်က ခဏလောက်စောင့်နေပြီးမှ သူ့လက်ထောက် ဘာမှဆက်မပြောတော့သဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဟုတ်ကဲ့ ဒါပါပဲခင်ဗျ”

လက်ထောက်က ခေါင်းညိတ်ကာ ပြောသည်။

“အဲ့ကောင်က တကယ် စောက်ရူးပဲ။ ဘယ်သူမှ မသိတဲ့လူကို ထူးထူးဆန်းဆန်းထောက်ခံချက်ပေးလိုက်သေးတယ်။ ဒီပုံစံ နဲ့ငါ့ကိုအနိုင်ယူနိုင်မယ်များထင်နေလား”

ရှင်းမင်က သူ့မုတ်ဆိတ်တိုတိုကို သပ်နေရင်း လီရန်ယိအား ဟားတိုက်လိုက်သည်။

“ဆရာ၊ ကျွန်တော်သိသ‌လောက်တော့ မစ္စတာလီက အဲ့ဆိုင်ကို မကြာခဏဆိုသလို သွားစားတတ်တယ်တဲ့”

လက်ထောက်က အချိန်မှီ ဖြည့်ပြောသည်။

“သူက အဲ့စားဖိုမှူးကို အထူးမျက်နှာသာပေးနေတာပဲပေါ့။ မဟုတ်ဘူးလား”

ရှင်းမင်က တစ်ခုခုကို တွေ့ရှိသွားသကဲ့သို့ စားပွဲကို သူ့လက်ဖဝါးကြီးဖြင့် ပုတ်လိုက်သည်။

“ကြည့်...ကြည့်ပါဦး၊ ဆရာ”

လက်ထောက်က ယွမ်ကျိုး၏အချက်အလက်များကို ရှင်းမင်ရှေ့သို့ ချပြလိုက်သည်။

“သူနဲ့ ပတ်သက်တဲ့အချက်အလက်တွေ မရှိတော့ဘူးပေါ့။ စိတ်ဝင်စားဖို့ကောင်းသားပဲ” ရှင်းမင်က လီရန်ယိကို မကြောက်ပေမယ့် သတိအမြဲထားတတ်သည်။

“ဟုတ်ကဲ့ ဒါပါပဲခင်ဗျ”

လက်ထောက်က ခေါင်းညိတ်လိုက်သည်။

“ထူးထူးဆန်းဆန်း ဘယ်သူမှမသိတဲ့လူပဲ။ အဖိုးကြီးက လူတိုင်းကို ပါရမီရှင်စားဖိုမှူးချူးရှောင်လို့ ထင်နေတာများလား”

ရှင်းမင်က လှောင်သလို ပြောသည်။

“ငါ့ကို ဖုန်းပေးစမ်း။ ချူးရှောင်ကို ဖုန်းခေါ်ဦးမယ်။ ဒီတစ်ခါတော့ သူဝင်ပြိုင်ဖို့ လိုနေပြီထင်တယ်”

ရှင်းမင်၏လှောင်ပြောင်သောစကားများ ဆုံးသည်နှင့် ဘေးဖက်ရှိ လက်ထောက်ကို ညွှန်ကြားလိုက်သည်။

“ဖုန်းက ဒီမှာပါခင်ဗျ”

လက်ထောက်က ရှင်းမင်ထံသို့ သူ့ဖုန်းကို ကမ်းပေးသည်။ ရှင်းမင်ပြောသည့် ချူးရှောင်ဆိုသည်မှာ သူ့နာမည်အတိုင်းပင်ဖြစ်သည်။ သူ့နာမည်အတိုင်း “လူစွမ်းကောင်းမဟုတ်တဲ့ အဓိကဇာတ်ကောင်”လို့ ခေါ်ဆိုရန် မသင့်တော်ပေမယ့် တကယ်ပါရမီရှိပြီး အံ့သြစရာကောင်းတဲ့လူတစ်ဦးပင်။ သူ့ အသက်ငယ်စဉ်အချိန်ကတည်းက ဟင်းချက်စွမ်းရည်မှာ အလွန်အမင်းထူးခြားခဲ့သည်။ အသက်(၁၁)နှစ်အရွယ်တွင် မီရှဲလ်လင်ကြယ်(၂)ပွင့်အဆင့်ရှိဟိုတယ်တွင် ပညာသင်ရန် တစ်နှစ် နေခဲ့သည်။ အသက်(၁၃)နှစ်အရွယ်တွင် နိုင်ငံတကာအသိအမှတ်ပြု စီနီယာကျွမ်းကျင်ရှင်အဆင့်အသိအမှတ်ပြုလက်မှတ်ကို တရားဝင်ရရှိခဲ့သည်။ ယခုအချိန်တွင် သူ့အသက်(၂၆)နှစ်ရှိပြီဖြစ်ပြီး မီရှဲလ်လင်ကြယ်(၃)ပွင့်အဆင့်ရှိ ဟိုတယ်တွင် စားဖိုမှူးတစ်ဦးဖြစ်နေပေသည်။ ဒီအသိအမှတ်ပြုလက်မှတ်ကို ရတုန်းက သူ့အသက်(၂၀)အောက်ပဲရှိသေးတဲ့အတွက် အသက်အငယ်ဆုံး မီရှဲလ်လင်ကြယ်(၃)ပွင့်ရစားဖိုမှူး ဖြစ်လာခဲ့သည်။

သူ့အမေက သူ့ကို နာမည်ပေးခဲ့ရာတွင် အလွန်တော်ခဲ့သည်ကို အသိအမှတ်ပြုရပေမည်။

“ခိုင်ဝမ်၊ ဆန်ဆေးရေသုံးတဲ့အခါ နွေဦးစပါးကို ဆေးတဲ့ရေကိုပဲ သုံးရမယ်လို့ ကျွန်တော်ခင်ဗျားကို ပြောထားတယ်လေ။ သုံးကြိမ် မြောက်ဆေးထားတဲ့ရေကိုပဲ သုံးမှရတာ။ အဲ့လိုရေနဲ့ သိုးသားကို ဆေးမှ နှင်းရည်အရသာကို ရမှာ”

ဤသည်မှာ ချူးရှောင်ပင် ဖြစ်သည်။ သူက ဆံပင်မတိုမရှည်ရှိပြီး ဦးထုပ်ဆောင်းထားသည်။ သူ့ပုံစံက ကပျက်ကချော် နှင့် သမားရိုးကျဆန်သော်လည်း စကားပြောရာတွင် အတော်လေးနက်သည်။

“တောင်းပန်ပါတယ်ခင်ဗျ။ ကျွန်တော် နွေဦးစပါးကို ရှာမတွေ့လို့ပါ။ အဲ့ဒါကြောင့် အရည်အသွေးအကောင်းဆုံးဆန်ကိုပဲ အစားထိုးသုံးလိုက်တာ”

ခိုင်ဝမ်မှာ တည်တည်တံ့တံ့ပုံစံနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။ ချူးရှောင် ထိုသို့ ပြောသံကြားသောအခါ သူ့ခေါင်းကို ငုံ့ထားပြီး အသံခပ်နိမ့်နိမ့်ဖြင့် ပြန်ပြောသည်။

“အဲ့ဒီတော့ ရှာမတွေ့တာနဲ့ပဲ တွေ့တဲ့ဟာနဲ့လုပ်လိုက်တယ်ပေါ့”

ချူးရှောင်က ပေါ့ပေါ့ပါးပါး ပြောသည်။

“ခင်ဗျား ဦးထုပ်နဲ့ အင်္ကျီတွေ ချွတ်ပြီး မီးဖိုခန်းထဲက အခုထွက်သွားလိုက်ရင်ကောင်းမယ်”

မီးဖိုခန်းထဲရှိ အခြားစားဖိုမှူးများမှာ ကိုယ့်အလုပ်ကိုကိုယ် လုပ်နေကြသည်။ ဝင်ပြောဖို့မဆိုထားနှင့် ခေါင်းမော့၍ပင် မကြည့်ရဲကြပေ။

“ဟုတ်ကဲ့ပါ မစ္စတာချူး”

ခိုင်ဝမ်မှာ သူ့စားဖိုမှူးဦးထုပ်နှင့် ဝတ်စုံကို တိတ်ဆိတ်စွာ ချွတ်ပြီးနောက် ထွက်သွားတော့သည်။

ယွမ်ကျိုး အပိုင်း(၃၆၃)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၆၄) စွပ်ပြုတ်ရဲ့ထူးဆန်းတဲ့အမူအရာ

မီးဖိုခန်းထဲရှိ အခြားစားဖိုမှူးများမှာ ထုံးစံအတိုင်း တိတ်ဆိတ်နေကြပြီး ကိုယ့်အလုပ်ကိုကိုယ်လုပ်နေကြသည်။ ဘယ်သူမှ ခေါင်းထောင်မကြည့်လာကြ။ သူတို့အတွက် ဤသည်မှာ မထူးဆန်းသလိုပင်။ သို့သော် သက်လတ်ပိုင်းအမျိုးသားမှာ မီးဖိုခန်းတွင် အလုပ်လုပ်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး အခြားလူများနှင့်လည်း ဆက်ဆံရေးကောင်းရှိသည်။ ဒါပေမယ့် ချူးရှောင်ရဲ့စကားကို ဘယ်သူမှ မကန့်ကွက်ခဲ့ကြပေ။ သူ့ဂုဏ်သတင်းက မယုံကြည်နိုင်လောက်အောင် မြင့်မားသည်ပင်။

“တစ်နာရီအတွင်း အဖြေရချင်တယ်”

သူ့စားဖိုမှူးဦးထုပ်ကို ပြန်ပြင်လိုက်ရင်း ချူးရှောင်က သူ့ကိုယ်ပိုင်ရုံးခန်းဆီ လှည့်ထွက်သွားသည်။ ရုံးခန်းအတွင်းသို့ ရောက်သည်နှင့် အခန်းတွင်းရှိ သူ့ဖုန်းမှာ မြည်လာလေသည်။

“ကလင် လင် လင်” ဟူသောအသံမှာ နားအတွင်းသို့ အတော်လေးစူးဝင်နေသည်။ ချူးရှောင်မှာ အလုပ်ချိန်အတွင်း ဖုန်းမကိုင်လိုသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ခေါ်ဆိုသည့်နံပါတ်ကိုမြင်လိုက်သောအခါ ဖုန်းကိုင်လိုက်တော့သည်။

“ဟယ်လို”

ဖုန်းကိုင်ပြီး ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။ တစ်ဖက်ရှိဖုန်းခေါ်ဆိုသူမှာ ရှင်းမင်ဖြစ်သည်။

“ငါပါ ရှင်းမင်”

ရှင်းမင်က ချူးရှောင်၏ဒေါသကို နားလည်ရာ သူ့နာမည်ကို အရင်ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ဘာကိစ္စရှိလို့လဲဗျ”

ချူးရှောင်က ခေါင်းညိတ်လိုက်သည်။

“ပြိုင်ပွဲနဲ့ ပတ်သက်ပြီး မင်းဘယ်လိုသဘောရလဲ”

ရှင်းမင်က ဝေ့ဝိုက်မနေတော့ဘဲ သူ့ရည်ရွယ်ချက်ကိုသာ တည့်တိုးမေးလိုက်တော့သည်။

“ဆရာရယ်၊ ကျွန်တော်နိုင်မှာ သေချာနေတဲ့ပွဲကို ပြိုင်ပွဲလို့ ခေါ်လို့မရဘူးလေ။ ကောင်းကောင်းပြောရရင်တော့ ပြိုင်ပွဲပေါ့။ မညှာမတာပြောရရင်တော့ ဒါသာမန်အခမ်းအနားတစ်ခုပါပဲ”

ချူးရှောင်က သဘာဝကျကျပြောလိုက်သည်။

“ဒီတစ်ခါတော့မဟုတ်တော့ဘူးကွ”

ရှင်းမင်၏လေသံမှာ အလွန်ပင် သဘာဝတကျဖြစ်နေသည်။ မှန်ပေသည်။ ချူးရှောင်မှာ ရှင်းမင်ထံတွင် ပညာသင်ခဲ့ဖူးသည်။ သုံးလကြာပြီးနောက်တွင် ရှင်းမင်မှာ သူ့အားသင်ပေးရန် ဘာမှမရှိတော့ပေ။ ရှင်းမင်မှာ ဂုဏ်သိက္ခာရှိစားဖိုမှူးတစ်ဦးဖြစ်သော်လည်း သူ့ပညာများကို ချူးရှောင်က သုံးလအတွင်း သင်ယူနိုင်ခဲ့ပေ သည်။ သို့သော် ရှင်းမင်မှာ အကြောက်တရားမရှိသည့်လူတစ်ဦးဖြစ်သည်က ကောင်းကျိုးမရှိသည်ကိုသိရာ ထိုသို့တမင်ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

“တကယ်လား”

ချူးရှောင်က အနည်းငယ်ပိုစိတ်ဝင်စားလာသည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ရှင်းမင်က သူ့အတွက် ပထမဆုံးအကြိမ် ပြိုင်ဘက်ရှာပေးခြင်းမဟုတ်ချေ။ အများစုမှာ တစ်ချက်‌လေးမှ တောင့်မခံနိုင်ခဲ့ကြပေမယ့် တခါတလေမှာ လူအချို့ကတော့ နောက်တစ်ကြိမ် လှည့်ကြည့်ပေးဖို့ ထိုက်တန်ခဲ့ဖူးသည်။

“အဲ့အဖိုးကြီးလီ ထောက်ခံချက်ပေးထားတဲ့ကောင်က မင်းထက်တော့ မညံ့လောက်ဘူး” ရှင်းမင်က သူ့ပြိုင်ဘက်ဟောင်းလီရန်ယိကို ရည်စူးကာ ပြောလိုက်သည်။

“အဲ့ဒါဆိုရင်တော့ ကျွန်တော် တစ်ချက်ကြည့်ကြည့်လိုက်မယ်လေ။ ဆရာ့မှာ အချက်အလက်ရှိလား”

ချူးရှောင်က သစ်သားစားပွဲပေါ်ကို လက်ချောင်းလေးများဖြင့် တဖတ်ဖတ်ပုတ်နေသည်။

“မင်းကို အီးမေးလ်ပို့ထားပြီးပြီ”

ရှင်းမင်က သူ့စိတ်ထားကို ကောင်းကောင်းသိရာ ချက်ချင်းပြောလိုက်သည်။

“ဟုတ်ကဲ့။ ပြိုင်ပွဲကျမှ တွေ့တာပေါ့ဆရာ” ထိုသို့ပြောပြီးနောက် ချူးရှောင်က ဖုန်းချချင်ခဲ့သည်။ သို့သော် သူ ချက်ချင်းဆိုသလို တားဆီးခံလိုက်ရသည်။

“နေဦး၊ တစ်ရက်လောက်စောလာခဲ့။ ငါ့တပည့်လက်ရာကို မြည်းကြည့်ချင်သေးတယ်”

ရှင်းမင်က ထိုသို့ပြောလိုက်ပေမယ့် စိတ်ထဲမှာ အများကြီးမျှော်လင့်မထားခဲ့ပေ။

“ပြိုင်ပွဲပြီးတဲ့အခါ ဆရာ့အတွက် ဟင်းတစ်ပွဲချက်ပေးပါ့မယ်ဗျာ”

ချူးရှောင်က ထုံးစံအတိုင်း ပြောလိုက်သည်။

“ပြီးရော”

ရှင်းမင်က ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် ချူးရှောင်က ဖုန်းချလိုက်တော့သည်။ သူ့မှာ နေ့ခင်းပိုင်းတွင် အင်တာဗျူးတစ်ခု ရှိနေသေးသည်။

“ဆရာ၊ ဆရာချူးက သဘောတူလိုက်လား” ဘေးဘက်ရှိလက်ထောက်က ဂရုတစိုက် မေးလိုက်သည်။ လက်ထောက်က ချူးရှောင်အား သုံးနှုန်းလိုက်သည့်အသုံးအနှုန်းမှာ လေးစားသမှုဖြင့် ခေါ်လိုက်ခြင်းဖြစ်သည်။ စားဖိုမှူးတစ်ဦးအတွက် “ဆရာ”ဟု ခေါ်ခံရခြင်းမှာ အလွန်ဂုဏ်ယူဖွယ်ဖြစ်သည်။

“သူက ဒီအဖိုးကြီးကို မျက်နှာရအောင်လုပ်ပေးလိမ့်မယ်”

ရှင်းမင်က အားရကျေနပ်စွာပြောလိုက်တော့သည်။

“သူ့ကို သတင်းအချက်အလက်အပြည့်အစုံမပေးလို့ အဆင်ပြေပါ့မလား”

လက်ထောက်က ယွမ်ကျိုး၏အချက်အလက်အပြည့်အစုံကို မပေးလိုက်ရသည့်အတွက် မသင့်တော်သလိုခံစားနေရသည်။

“ဘာမှမဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲစတဲ့အခါ သူ သိလိမ့်မယ်”

ရှင်းမင်က သူ့မုတ်ဆိတ်တိုတိုကို သပ်ရင်း ဂုဏ်ယူစွာ ပြောသည်။

“ဆရာ၊ ကျွန်တော်တော့ အခုလို ဆရာချူးအတွက် တမင်ပြိုင်ဘက်ရှာပေးတာ မသင့်‌တော်ဘူးထင်တယ်”

လက်ထောက်လေးက သဘောမတူသည့်လေသံနှင့် ပြောလာသည်။

“ကိစ္စမရှိပါဘူးကွာ”

မည်သို့ပင်ဖြစ်စေ ရှင်းမင်က တစ်ခုခုမှားနေမှန်း နားမလည်ခဲ့ချေ။

“ဆရာချူးက ရှုံးမှာမဟုတ်ဘူးဆိုပေမယ့် အခုလို တွေ့ကရာလူနဲ့ ပွဲဖန်တီးပေးလို့ ဆရာ့ကို သေချာပေါက်အပြစ်တင်မှာပဲ”

သူ့လက်ထောက်က ရှင်းမင်မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။

“ဒီကောင်စုတ်လေးကတော့ ဘာလို့ တခြားသူဘက်ကပဲ အမြဲလိုက်နေတာလဲ။ သေချာကြည့်၊ ဒီအဖိုးကြီးကမှ မင်းဆရာပါဟ” အရှက်ရမှုမှ ဒေါသသို့ ပြောင်းသွားကာ ရှင်းမင်က ထိုသို့ပြောသည်။

“ဆရာချူးက ဆရာ့ထက်တောင် ပိုပြီးတဲ့တိုးပြောသေးတယ်”

သူ့လက်ထောက်က အသံခပ်တိုးတိုးဖြင့် ပွစိပွစိပြောလိုက်သည်။

“ငါအရေးမကြီးဘူးပြောရင် မကြီးလို့ပေါ့ကွာ။ အဲ့အဖိုးကြီးလီက အမြဲလှည့်ကွက်တွေနဲ့။ ငါ ပြန်မချလို့ရမလား”

ရှင်းမင်က ဒေါသတကြီး ပြောသည်။

“အဲ့ဒါဆိုလည်း ဆရာချူးကို ပြိုင်ပွဲမစခင် အခြေအနေမှန်ကို ပြောပြထားလိုက်မယ်” သူ့လက်ထောက်က ပြန်ပြောသည်။

“သွား...သွား...အခုသွားတော့။ မင်းပြောနေတဲ့ပုံက ငါကပဲ သူ့ကိုလိမ်ထားသလိုနဲ့”

ရှင်းမင်က သူ့လက်ထောက်အား မျက်လုံးပြူးကြီးများနှင့် မကျေမနပ်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်မူ တတွတ်တွတ်ပြောနေသည်။

“မင်းက ဘယ်သူ့လက်ထောက်လဲ။ ဘာလို့အမြဲတမ်း ငါ့ထက် တခြားလူဘက်ကနေ ပြောပေးနေတာတုန်း”

“ကျေးဇူးပါ ဆရာ”

ရှင်းမင်သဘောတူလိုက်သည်ကို မြင်သည်နှင့် သူ့လက်ထောက်က ပြုံးလိုက်သည်။ ချူးရှောင်ကို ကူညီနိုင်သဖြင့် အလွန်ပျော်သွားပုံပင်။ အခြားတစ်ဖက်တွင်မူ ချူးရှောင်လက်ခံရရှိသည့် ယွမ်ကျိူး၏အချက်အလက်မှာ မပြည့်မစုံဖြစ်နေသည်။ ဥပမာအားဖြင့် ရှင်းမင်က ယွမ်ကျိုး၏ပညာအရည်အချင်းကို “မသိရှိရ” မှ “မရှိ”ဟုရေးထားသည်။ သူက ယွမ်ကျိုး၏ဆရာကို လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးအဖြစ်သတ်မှတ်ခဲ့ပြီး သူတို့သိထားသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်အဖြစ် လီရန်ယိအား ယွမ်ကျိုး၏ဆရာအဖြစ် ရှင်းမင်က ရေးပေးထားသည်။ ဖောက်သည်တစ်ဦးအဖြစ်မှ ဆရာအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းပင်။ လီရန်ယိသာသိလျှင် သူက “ကောင်းတယ်။ ဘာမှ မမှားဘူး” ဟု ပြောကောင်းပြောပေမည်။ ထိုသို့သော သတင်းအချက်အလက်များကို ကြည့်ကာ ချူးရှောင်က ပြုံးကာပြောလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ပရော်ဖက်ဆာလီရဲ့ ရွှေလိုတန်ဖိုးရှိတဲ့လျှာနဲ့ဆို သူ့ကို ဘယ်အရာကမှ ဖုံးကွယ်မထားနိုင်ဘူး။ ဒီလိုထူးဆန်းတဲ့လူကို သူ ဘယ်နားက တွေ့လာလဲဆိုတာ ဘုရားပဲသိမယ်”

“အခု ပိုစိတ်ဝင်စားဖို့ကောင်းလာပြီ”

ချူးရှောင်က စိတ်ဝင်စားမှု ပိုမြင့်တက်လာသလို ခံစားလိုက်ရသည်။ ထိုစိတ်ဝင်စားမှုအနည်းငယ်မှာ လီရန်ယိ၏ထောက်ခံချက်ကြောင့်ပင်ဖြစ်သည်။ ချူးရှောင်က ဖိုင်ကို "ဖတ်ခနဲ" ပစ်ချလိုက်ပြီး ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ ထို့နောက် သူက ရှေးဟောင်းစာအုပ်တစ်အုပ်ကိုယူကာ ဖတ်နေလိုက်သည်။ အခြားတစ်ဖက်တွင်မူ ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ထူးဆန်းသောအရာများဖြစ်နေသည်။

“ဟယ်လို...ဒီနေ့ ဘာစားမလဲရှင်”

ကျိုကျာက သူမရှေ့ရှိစားသုံးသူတစ်ဦးအားမေးလိုက်သည်။ ထိုလူမှာ ဆိုင်မှာ အချိန်အကြာကြီး ထိုင်စားတတ်သူတစ်ဦးဖြစ်ပြီး လာတိုင်း ဟင်းသုံးမျိုးကိုသာ မှာလေ့ရှိသဖြင့် သူမ တော်တော်သဘောမကျပေ။ တစ်ပတ်လျှင် တစ်ခါလောက်လာလေ့ရှိပြီး အကြိမ်တိုင်းတွင် ဆိုင်စဖွင့်ချိန်မှ ပိတ်ချိန်အထိ ထိုင်နေလေ့ရှိသည်။ ထိုလူက မတ်တပ်ရပ်ရန် တစ်နေရာစာရှိလျှင်ပင် မတ်တပ်ရပ်ကာ စားတတ်သဖြင့် ကျိုကျာက ထိုလူကို သဘောမကျခြင်းပေ။

“ကျင်းလင်မြက်ဟင်း၊ ပိုးသားလွှာယုန်ဟင်းနဲ့ အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်တစ်ပွဲပေးပါ”

ထိုလူက ထန်ခေတ်ဝတ်စုံကို ခန္ဓာကိုယ်ပေါ်တွင် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး နူးညံ့သောလေသံဖြင့် ပြောသည်။

“ဟုတ်ကဲ့ ခဏလေးစောင့်ပါနော်”

ကျိုကျာက အလုပ်သဘောအရ ပြုံးပြလိုက်သည်။

“ပင်ပန်းစေရပြီ”

ထိုလူက ခေါင်းညိတ်ကာ သူမအား ယဉ်ကျေးသမှုဖြင့် ပြောလေသည်။ လူတွေတဖြည်းဖြည်းပိုကျလာပြီး အလုပ်ရှုပ်လာသော်လည်း ကျိုကျာက ကောင်းကောင်းကိုင်တွယ်နေနိုင်ဆဲပင်။ သူမက မုရှောင်ယွမ်လို ချစ်စရာကောင်းပြီး ချောမောလှပတာမျိုးမရှိသော်လည်း အလုပ်ကို အားမာန်အပြည့်လုပ်လေ့ ရှိသည်။ ထို့အတွက် စားသုံးသူများကလည်း သူမကို ခက်ခဲအောင်မလုပ်ကြပေ။ ဤဆိုင်သို့ အရသာရှိသည့်ဟင်းလျာများ မြည်းစမ်းအတွက်သာ လာကြသည့်စားသုံးသူများကိုမူ ထည့်ပြောစရာပင် မလိုချေ။

ယွမ်ကျိုးအနေဖြင့် ဆိုင်စဖွင့်သည်နှင့်တစ်ပြိုင်နက် ဟင်းများကို ဂရုတစိုက် ချက်ပြုတ်ရန်သာ အာရုံစိုက်ထားရာ အမြဲတမ်း ထိုအတိုင်းသာ ဖြစ်သည်။

ဟုတ်ပေသည်။ ထိုသို့ဖြစ်စေရန် သူ အမြဲတမ်း တမင်ရည်ရွယ်လုပ်ဆောင်နေခဲ့ခြင်းပင်။ ညနေခင်းဆိုင်ဖွင့်ချိန် သုံးနာရီမှာ ခဏနှင့် ကုန်လွန်သွားတော့သည်။ စားသုံးသူများအတွက်မူ မျက်စိတစ်မှိတ်ခန့်သာ ကြာလိုက်လေသည်။

“အို့...အို့”

ထုံးစံအတိုင်း ယွမ်ကျိုးက ခေါက်ဆွဲစွပ်ပြုတ်စားပြီးသည်နှင့် ကျန်နေသော အသားပြုတ်ရည်ကို အပြင်ဘက်ရှိ စွပ်ပြုတ် ဟုခေါ်သောခွေးအတွက် ယူလာသည်။ ထိုသို့ သူ လုပ်လိုက်သည်နှင့် ချက်ချင်းဆိုသလို တံခါးကို ကုတ်ခြစ်သည့်အသံ ထွက်ပေါ်လာသည်။

“ကျွီ” ဟူသောအသံနှင့်အတူ သူက တံခါးကိုဖွင့်လိုက်ရာ အနောက်တံခါးတွင် ဆောင့်ကြောင့်ထိုင်နေသော စွပ်ပြုတ်အား မျှော်လင့်ထားသည့်အတိုင်း တွေ့လိုက်ရသည်။

“တံခါးကို မကုတ်နဲ့။ မင်း အခုတလော စွပ်ပြုတ်သောက်ဖို့ တအားလောနေတာပဲ။ ဘာလို့လဲ”

ယွမ်ကျိုးက စွပ်ပြုတ်ကို ခွေးစာခွက်ထဲသို့ မြန်မြန်လောင်းထည့်ပေးလိုက်ပြီး ခွေးလေး၏အနက်ရောင်မျက်လုံးများကို ကြည့်ကာ မေးသည်။ စွပ်ပြုတ်ကလည်း ယွမ်ကျိုးအား ထုံးစံအတိုင်း အမူအရာမဲ့စွာ ပြန်ကြည့်လေသည်။

“အေးလေ...မင်းမှ စကားမပြောတတ်တာ” ယွမ်ကျိုး ထရပ်ကာ ပုခုံးတွန့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။

“ဒီခွေးလေးက ငါ့ရှေ့မှာ ဟောင်တောင်မဟောင်ဘူး”

ယွမ်ကျိုးက တီးတိုးပြောသည်။ သူက ဆိုင်ထဲသို့ ပြန်ဝင်ပြီး တံခါးပိတ်လိုက်သည်။ ရုတ်တရက်ဆိုသလို သူက ဉာဏ်အလင်းပွင့်ပြီး တံခါးကို နောက်တစ်ခါ ပြန်ဖွင့်လိုက်သည်။ ထို့နောက်တွင်မူ ယွမ်ကျိုးက ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။ စွပ်ပြုတ်က သူ့အစာခွက်ကို ပါးစပ်ဖြင့် ကိုက်ချီကာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ လျှောက်ထွက်သွားသည်။

ထို့အပြင် ယွမ်ကျိုးမှာ သူ့လူသားအသိစိတ်အရ ယခုအချိန်တွင် စွပ်ပြုတ်၏စိတ်ခံစားချက်မှာ အလွန်ကောင်းနေကြောင်း ပြောနိုင်ပေသည်။ သူ့အမြှီးမှာ ပျော်ရွှင်စွာ လှုပ်ရမ်းနေ၍ဖြစ်သည်။

“သေစမ်း...ဒီကောင်လေးမှာ လျှို့ဝှက်ချက်တစ်ခုရှိနေတာပဲ။ ခွက်ချီပြီး ဘယ်သွားမလို့ပါလိမ့်”

စွပ်ပြုတ် ထွက်သွားသည်ကို မြင်သည်နှင့် ယွမ်ကျိုးနောက်မှ လိုက်သွားလေသည်။

ယွမ်ကျိုးမှာ စွပ်ပြုတ်၏ထူးဆန်းသောအပြုအမူကို အလွန်ဂရုစိုက်နေမိသည်။ ဘာပဲဖြစ်ဖြစ် အဲ့ဟင်းရည်ကို သူပေးထားခြင်းဖြစ်သည်။ စပ်စုတယ်ဆိုတာထက် တိရစ္ဆာန်လေးတွေကို ဂရုစိုက်ပြီး လောကီကျင့်ဝတ်များကို ထိန်းသိမ်းရန်မှာလည်း ယွမ်ကျိုးရဲ့ အလုပ်ပင် ဖြစ်သည်။

ယွမ်ကျိုး အပိုင်း(၃၆၄)

ပြီးပါပြီ။

All Chapters