အခန်း (၃၇၁-၃၇၂)
Vol. 28 Ch. 371-372
ယွမ်ကျိုး အပိုင်း(၃၇၁) ယွမ်ကျိုး အိမ်တစ်လုံး၀ယ်ခြင်း (ပထမ)
ယွမ်ကျိုးက ဒီလိုလှည့်ကွက်တွေနှင့် အတော် လေးရင်းနှီးနေပြီဖြစ်ကြောင်း ပြသလိုက်သည်။ ဘယ်လိုတောင် ဟာသလဲ။ သူက မကြာသေးခင်က စာအုပ်တော်တော်များများ ဖတ်ရှုလေ့လာခဲ့တာ ဖြစ်သည်။ ဥပမာဆိုရလျှင် ဂျုံအစားအစာမျိုးစုံပြုလုပ်ခြင်းနှင့် ပတ်သက်သည့် စာအုပ်များ ဖြစ်သည်။ သူ၏ကိုယ်ရည်ကိုယ်သွေးနှင့် တလက်လက် တောက်ပနေတဲ့ ရွှေကတ်က ယွမ်ကျိုးအနေနှင့် သူ့၏ရက်ရောမှုကို ပြနိုင်သည်ဟု ခံစားခဲ့ ရသည်။
"ဟွား...လာ...လာ"
ယွမ်ကျိုးက တံခါးကို ပိတ်လိုက်ပြီး သူ့ပစွည်းများနှင့်အတူ လမ်းဘေးပလက်ဖောင်းမှ လမ်းလျှောက်သွားလိုက်သည်။
"ဘယ်သွားမလို့လဲ သူဌေးယွမ် "
ဝူဟိုင်းသည် ဒုတိယထပ်တွင် ရပ်နေပြီး သူ့မုတ်ဆိတ်မွှေးကို သပ်နေရင်း အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"အိမ်၀ယ်မလို့ "
ယွမ်ကျိုး၏လေသံက အတော်ရွှင်မြူးနေသည်။
"အပေါ်ထပ်က တိုက်ခန်းက ရောင်းတော့မှာတဲ့"
ဝူဟိုင်းက တိုက်အပေါ်ထပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"ကျနော်က ဗီလာ၀ယ်မှာ"
ယွမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆို ခင်ဗျားက နောက်ဆို ဗီလာမှာ နေတော့မှာပေါ့ ဟုတ်လား"
ဝူဟိုင်းက မျက်မှောက်ကြုတ်လိုက်သည်။
ယွမ်ကျိုးက ဝူဟိုင်းကို "အရူး"တစ်ယောက်လိုမျိုး ကြည့်လိုက်သည်။ မှန်သည်။ သူဗီလာကို ၀ယ်ချင်သည်မှာ နေထိုင်ဖို့ပင်။မဟုတ်ရင် မည်သည့်အတွက်ကြောင့် ငွေကုန်ခံရမည်နည်း။
"ဗီလာတွေက ဆင်ခြေဖုံးရပ်ကွက်မှာရှိတာ မလို့ စားသောက်ဆိုင်ကို လာလိုက်၊ ပြန်လိုက် လုပ်ဖို့က အဆင်မပြေဘူး။ အချိန်ကုန်မဲ့ အပြင် တစ်ယောက်တည်းနေရတာလည်း မလုံခြုံဘူး "
ဝူဟိုင်းက အော်ပြောလိုက်သည်။
"ကျွန်တော်က မြို့လယ်ခေါင်က တစ်ခုကို ၀ယ်မလို့"
ဝူဟိုင်း ဒီကိစွကို အာရုံစိုက်နေခြင်း က ယွမ်ကျိုးအတွက် အတော်လေးစိတ်ရှုပ်စရာ ကောင်းသော်လည်း ပြန်ရှင်းပြမိနေသေးသည်။
"သူဌေးယွမ်က တော်တော်ချမ်းသာလာပြီ ထင်တယ်"
ဝူဟိုင်းက အရင်ဆုံးမြှောက်ပင့်လာသည်။ထို့ နောက်တွင်မူ ယာဉ်ကြောပိတ်ဆို့မှု့ ဆိုင်ရာ သူ၏သီအိုရီကို နားချလာတော့သည်။ ဝူဟိုင်းက ယွမ်ကျိုး ကို အနီးနား က စတိုးဆိုင်တစ်ဆိုင်၀ယ်ဖို့ကို စကားအများကြီးပြောပြီး ဆွဲဆောင်ခဲ့သည်။
ထိုမှသာ ယွမ်ကျိုးက အနာဂတ်မှာ ဆိုင်ကိုနီးနီးနားနား တိုးချဲ့နိုင်မည် ဖြစ်သည်။
ယွမ်ကျိုးသာ တခြားနေရာတွင် အိမ်ဝယ်မိပါ က ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်များ စွာ ကုန်ဆုံးမည် ဖြစ်သည်။
သူက အရူးမဟုတ်၍ ဒါက အချိန်များစွာ ဖြုန်းတီးသလိုဖြစ်နေမည်ဆိုတာ သိနေသည်။
"သူဌေးယွမ်၊ ဒါက စေတနာနဲ့ အကြံပေးတာပါ"
ဝူဟိုင်းက စကားအများကြီးပြောနေရ၍ အသက်ရှူတောင်မ၀တော့ပေ။
"ခင်ဗျားက အရောင်း၀န်ထမ်းဆိုတာ ဒီနေ့မှ သိလိုက်ရတယ်"
ယွမ်ကျိုးက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကျွန်တော်ပြောသလိုလုပ်ရင် ခင်ဗျား အကျိုးရှိမှာပါ။ ကျွန်တော့်တိုက်ခန်းဆို ဈေး အများကြီးတက်နေပြီ"
ဝူဟိုင်းက လေးနက်စွာ ပြောလိုက်သည်။
"အင်းပါဗျာ။ ကျွန်တော် ချိန်းထားတာရှိလို့ သွားတော့မယ်ဗျာ ဘိုင့်"
ယွမ်ကျိုးက ပြတ်သားစွာ လှည့်ထွက်သွား သည်။ ဝူဟိုင်းက ရှေ့နေဂျင်ရဲ့အထူးကျွမ်းကျင်မှုတွေကို သင်ယူခဲ့ရပုံပင်။ သူက ပြောပြီးရင်း ထပ်ပြောနေသည့်အတွက် ယွမ်ကျိုးတောင် အနည်းငယ်လန့်လာပြီ ဖြစ်သည်။ သို့သော် သူ၏စကားတွေကတော့ မှန်နေသည်။ မည်သို့ပင်ဖြစ်စေ၊ လင်းဟုန်နှင့် စုမုတို့နှစ်ယောက်လုံးက ဒီအဆောက်အဦးမှာ ၀ယ်ယူပြီးကြပြီဖြစ် သည်။ ကျန်းချန်ရှီးလည်း စုမုဘေးက အပေါ်တစ်ခု၊ အောက်တစ်ခု ကို ၀ယ်ခဲ့လေသည်။ သို့သော် ဝူဟိုင်းကလွဲ၍ မည်သူမှ လာရောက် နေထိုင်ခြင်း မရှိပေ။
"ကြောက်စရာပဲ။ ခင်ဗျားကတော့ ပွင့်လင်းတဲ့ဘုန်းကြီးထန်ရဲ့အရည်အချင်းတွေကို အံဩဖို့ကောင်းအောင် ကျွမ်းကျင်နေတာပဲ"
ယွမ်ကျိုးမှာ ကြောက်ရွံစွာ ပြောလိုက်မိသည်။
"ကားဆရာ၊ ယင်ချွန်လမ်းကို ပို့ပေးလို့ရမလား"
သူက တက္ကစီတစ်စီးကို တားပြီး မေးလိုက်သည်။
"အိုကေ။ သေချာထိုင်နေဗျာ"
ကားဆရာက သဘောတူ ပြီး ကားကိုမောင်း ထွက် လာသည်။ ယင်ချွန်လမ်းသည် ချန်ဒူး မြို့၏အစည်ကားဆုံးနေရာဖြစ်သည်။ ယွမ်ကျိုးသိသလောက် ဤနေရာရှိ ဆိုင်ခန်းတွေနှင့် ပစ္စည်းတွေမှာ ဈေးတက်နေ၍
ပွဲစားရဲ့အကြံပြုချက်ထဲက အိမ်ခန်းတွေကလည်း ဈေးကြီးနေပြီဖြစ်သည်။ ယွမ်ကျိုးမှာ ဘရန်းပစွည်းတွေအကြောင်း မသိသော် လည်း၊ ဈေးကြီးခြင်းသည် ကောင်းမွန်သော အရည်အသွေးနှင့် ထိုက်တန်သည်ကိုတော့ သိလေသည်။ ထို့ကြောင့် ယင်ချွန်လမ်းရှိပွဲ စားဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် ရုံးဆင်းချိန် မရောက်သေး ၍ ယာဉ်ကြောပိတ်ဆို့မှုက သိပ်မဆိုးသေးပေ။ ထိုနေရာကိုရောက်သော် ယွမ်ကျိုးက ကျသင့်ငွေချေပြီး ကားထဲမှ ထွက်လာခဲ့သည်။ လူစည်ကားလွန်းတဲ့လမ်းမကြီးပေါ်မှာ ရပ်နေရင်း ယွမ်ကျိုးမှာ မှင်သက်သွားတော့သည်။
"ဒီမှာ ဘာဖြစ်လို့ ဈေး၀ယ်စင်တာတွေ အများကြီး ရှိနေတာလဲ"
မှန်ပေသည်။ ဤနေရာသည် လူချမ်းသာ ရပ်ကွက်ဖြစ်ပြီး ဘေးပတ်၀န်းကျင်တွင် ဇိမ်ခံပစွည်းများရောင်းသည့် ဈေး၀ယ်စင်တာများစွာ ရှိသည်။ ပွဲစားရှာရန် ယခုလိုနေရာကို မည်သည့်အခါမှ မရောက်ဖူးသည့် ယွမ်ကျိုး မှာ အတွေးများနေရင်း
"ဈေး၀ယ်စင်တာထဲမှာ ရှိနိုင်သည်"ဟု တွေးမိ လိုက်သည်။ ထိုသို့ဆုံးဖြတ်ပြီးနောက် သူ့အနောက်ရှိ ဈေး၀ယ်စင်တာဆီသို့ လျှောက်လာလိုက်သည်။ အလုပ်ချိန်အတွင်း ပင် လူအများကြီးက ၀င်လိုက်ထွက်လိုက် လုပ်နေကြသည်။ အပြင်ဘက်တွင် ချိတ်ထားသော နိုင်ငံခြားကြယ်ပုံကြီးများ၏ပိုစတာပေါ်မှ အင်္ဂလိပ်စကားလုံးများ မှာ ထင်ထင်ရှားရှားရှိနေသည်။ သို့သော် ယွမ်ကျိုးမှာမူ အင်္ဂလိပ်စာအရည်အချင်းက အကန့်အသတ်ရှိသောကြောင့် ထိုစာလုံးများ ကို မသိနိုင်ပေ။ အပြင်မှဖောက်ထွင်းမြင်ရသည့်မှန်တံခါးများနှင့် ပြတင်းပေါက်များမှ တစ်ဆင့် ဈေး၀ယ်စင်တာအတွင်းကို ဖောက်မြင်နိုင်သည်။ ထို့ကြောင့် ယွမ်ကျိုးသည် အပေါ်ကိုတက်သွားပြီး တံခါးမှန်ကို တွန်းနေကြအတိုင်း တွန်းလိုက်သည်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့် ... မှန်မှာ အရင်လို မလှုပ်မယှက်ပင်။
"ထူးဆန်းလိုက်တာ။ ဆွဲဖွင့်ရမလား မသိဘူး"
ယွမ်ကျိုးက မှန်တံခါးကို ဇဝေဇဝါ ကြည့်လိုက်သည်။ သူက ထပ်ပြီး လက်ကိုအားထည့်၍ ဆွဲဖွင့်သော်လည်း တံခါးက မလှုပ်ပေ။ ထိုအချိန်တွင် အထဲက ဆိုင်၀န်ထမ်းက
ယွမ်ကျိုးကို သတိထားမိသွားပြီး အခြားတစ်ဖက်ကနေ ၀င်လာဖို့ အချက် ပြလိုက်သည်။
"သေပါပြီ။ ရှက်စရာကောင်းအောင် ငါ တံခါးမှားဆွဲမိတာပဲ မှန်ကြီးကိုကွာ"
ယွမ်ကျိုး က မည်သည့်အမူအရာမှ မပြဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် ယွမ်ကျိုးမှာ ဘေးဘက်ကတံခါးကို ရှက်ရွံ့မှုမရှိဘဲ အပြစ်ကင်းသောအကြည့်ဖြင့် ခပ်တည်တည်ဆွဲဖွင့်လိုက်သည်။
"ဟိုင်း တခုခု သောက်ချင်လား ဆရာ"
အနက်ရောင်ရုံး၀န်ထမ်း၀တ်စုံနှင့်မိန်းကလေးတစ်ဦးက ရောက်လာပြီး မေးသည်။
"လီမွန်ရည်တစ်ခွက်လောက်ပါ"
ယွမ်ကျိုးက သိမ်မွေ့စွာ ပြောလိုက်သည်။သူက ဘေးနားမှာ ထိုင်ခုံရှိ၊ မရှိ သက်သောင့်သက်သာဖြစ်စွာ စစ်ဆေးလိုက်သည်။ အစက စားသောက်ဆိုင် (သို့မဟုတ်) ကော်ဖီဆိုင်ဟု ထင်ခဲ့ မိတာ ဖြစ်သည်။
"ခဏစောင့်ပေးပါရှင်"
ထိုမိန်းကလေးက ထွက်သွားပြီးနောက် တခြားမိန်းကလေးတစ်ဦးက မေးလာသည်။
"လူကြီးမင်း၊ ဒီနေ့ ဘယ်လိုပုံစံမျိုးကြည့်ချင်ပါသလဲ"
ဆံပင်တို၊ မိတ်ကပ်လှလှနှင့် မိန်းကလေးကသပ်သပ်ရပ်ရပ်ရှိပြီး ချစ်စရာကောင်း သည်။
"အကြံပြုချင်တာရှိလား"
ယွမ်ကျိုးက ပုံမှန်ဖောက်သည်တစ်ယောက်လို အတုခိုးပြီး ပြောလိုက်သည်။
"မကြာခင်ကပဲ Hermesက အခုရာသီ အတွက် အ၀တ်အစားဒီဇိုင်းအသစ်တွေ ထုတ်ခဲ့ပါတယ်။ ဒီကိုယူလာပြီး ပြပေးရမလားရှင့်"
မိန်း ကလေးက ယွမ်ကျိုးကို ဘေးနားရှိ ဆိုဖာဆီသို့ ခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။
"အင်း အပန်းဖြေ စတိုင် ပုံစံဆို ကောင်းတယ်"
ယွမ်ကျိုးမှာ ထိုအင်္ဂလိပ်စာလုံး၏အဓိပ္ပာယ်ကို သိမနေပေ။ သို့သော်လည်း ဒီဆိုင်သည် ဘရန်းအ၀တ်အစားဆိုင်တစ်ဆိုင်ဖြစ်နေသည်ကိုတော့ သိနိုင်ပါသေးသည်။
"ဟမ့် အ၀တ်အစားဆိုင်က ငါ့ကို ဘာသောက်မလဲ လာမေးနေသေးတယ်"
ယွမ်ကျိုးမှာ စိတ်ထဲက လှောင်ပြောင်လိုက်သည်။
"ကောင်းပါပြီ။ ဒါက လူကြီးမင်း မှာထားတဲ့ လီမွန်ရည်ပါ။ ဒါက ကျမတို့မှာရှိတဲ့ အ၀တ်အစားတွေရဲ့ကတ်တလောက်ပါ"
ဆိုင်၀န်ထမ်းအမျိုးသမီးက တစ်ခုပြီးတစ်ခုကို ကျွမ်းကျင်စွာ စီစဉ်ပေးသွားသည်။ ယွမ်ကျိုး၏ခန္ဓာကိုယ်ပေါ်က သာမန်ကျလွန်း သည့် အ၀တ်အစားများကြောင့် အေးစက်စက်မဆက်ဆံခဲ့ကြပါ။ ယွမ်ကျိုး သည် ကတ်တလောက် ကို စိတ်မပါ့တပါ့ လှန်လှောကြည့်မိလိုက်သည်။ ဈေးနှုန်းတွေကို သုံးကြိမ်တိုင်တိုင် သေချာ စစ်ဆေးမိမှ ယွမ်ထောင်ပေါင်းများစွာ (သို့မဟုတ်) သိန်းပေါင်းများစွာဖြစ်နေသည်ကို တွေ့သည့်အခါ သတိလစ်လုမတတ် ဖြစ်သွားသည်။
"ဟိုး...ဟိုး"
ယွမ်ကျိုးမှာ စိတ်ထဲတွင်မူ မည့်သို့မှ ထူးထူးခြားခြားမခံစားရပေ။ သူ့ဘဏ်အကောင့် ကို စစ်ဆေးကြည့်ပြီး ငွေအလုံအလောက်ရှိမှန်းသေချာမှသာ စိတ်ချမ်းသာစွာဖြင့် အ၀တ်အစားတွေကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
ခဏအကြာတွင် ဆိုင်၀န်ထမ်းမှာ ယွမ်ကျိုးတောင်းဆိုထားသည့်အပန်းဖြေစတိုင်လ် အ၀တ်အစားပုံစံမျိုးစုံကို ကြည့်ရန် လာရောက်ခေါ်ဆောင်တော့သည်။ ဒုတိယထပ် တွင် ဒီဇိုင်နာသီးသန့်အ၀တ်အစားအချို့နှင့် ၀တ်စုံအချို့ကို ကောင်းမွန်စွာ ပြင်ဆင်ထားသည်။
အမှားကြီးတစ်ခု ကျူးလွန်မိသွားသော ယွမ်ကျိုးမှာမူ စိတ်လှုပ်ရှားမှုကင်းမဲ့စွာဖြင့် အ၀တ်အစားတစ်စုံကို ရွေးချယ်လိုက်သည်။
ကျသင့်ငွေကို တည်ငြိမ်စွာ ပေးချေပြီးနောက် လက်တစ်ဖက်က အ၀တ်အစားအိတ်ကို ဆွဲရင်း ဆိုင်ထဲမှ ထွက်လာလိုက်သည်။ အပြင်မှာ သူ့နဖူးကို ပွတ်ရင်းနှင့် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
"အမျိုးသမီးတွေ ဇိမ်ခံပစွည်းတွေကို ကြိုက်ရတဲ့ အကြောင်းအရင်းကို ငါ အခုတော့နားလည်ပြီ။ ဈေးကြီးလွန်းလို့ကိုး"
ယွမ်ကျိုးက ငွေပေးချေကြောင်းအသိပေးစာကို ကြည့်ပြီး ပြောလိုက်သည်။ သို့သော်လည်း နောက်ခဏမှာ
ယွမ်ကျိုးက ဂုဏ်ယူစွာ ပြောလိုက်သည်။
"အရမ်းကို အရေးကြီးတဲ့ပြိုင်ပွဲကရောက်လာတော့မယ်။ ဘရန်းအ၀တ်အစား တစ်စုံက ငါ့လူမှုရေးအဆင့်အတန်းကို ကောင်းကောင်းမြှင့်တင်ပေးနိုင်မှာပဲ"
ယွမ်ကျိုးသည် ဈေး၀ယ် စင်တာထဲတွင် လျှောက်ပတ်ကြည့်နေရင်း ၀န်ထမ်းအနည်းငယ်ကို မေးကြည့်ပြီး နောက်တွင် ယခုနေရာသည် အိမ်ခြံမြေ ပွဲစားရုံးမရှိကြောင်း၊ ယင်ချွန်လမ်းအနောက်ဘက်တွင် သာ ရှိကြောင်းသိခဲ့ရသည်။
သူသည် နွေးထွေးနေသည့် ဈေး၀ယ်စင်တာထဲမှ ထွက်လာပြီး အပြင်တွင် လေအေးများတိုက်လာသည့်အချိန်မှ သတိ၀င်သွားပြီး ပြောလိုက်သည်။
"အ၀တ်အစား၀ယ်ဖို့က ပြီးသွားပေမဲ့ အိမ်၀ယ်ဖို့ ကျန်နေသေးတာပဲ "
သူသည် အစကတည်းက အိမ်၀ယ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ယခု သူ အစအနပျောက်စွာ မေ့သွားခဲ့တာ ဖြစ်သည်။ ပြီးခဲ့တာတွေ ထားလိုက်ပါတော့မယ်လေ။ ဇိမ်ခံအ၀တ်အစားတစ်စုံဝယ်ပြီးသည့်နောက်တွင် ယွမ်ကျိုးသည် အလွန်တည်ငြိမ်သော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။
လက်များကို ရှေ့လွှဲနောက်လွှဲတောင် မလှုပ်ရှားတော့ပေ။ အိတ်ကိုသာ သေချာ ဆုပ်ကိုင်ထားရင်း တက္ကစီငှားရန် လမ်းဆုံကို သွားနေသည်။
"ကံကောင်းထောက်မလို့ ဒီနေ့ BBQ ကျွေးမယ်လို့ ပြောလိုက်မိတာ"
ယွမ်ကျိုးမှာ တော်သေးသည်ဟု ခံစားလိုက်ရသည်။ သူ့ခမျာ ပိုက်ဆံအများကြီး သုံးမိခဲ့၍ စိတ်ငြိမ်သွားရန် အချိန်များစွာလိုအပ်နေသည်။ ဒါက သူ့အတွက် ဇိမ်ခံပစွည်း ၀ယ်ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။
.....
ယွမ်ကျိုး အပိုင်း(၃၇၁)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၃၇၂) လိုက်ဖက်ညီသော ပြိုင်ဘက်များ
ညနေပိုင်းဆိုင်ဖွင့်ချိန်များမှာ ပုံမှန် အချိန်အတိုင်းပင် ဖြစ်သည်။ ယနေ့BBQစီးပွားရေးက ပို၍ ရောင်းကောင်းနေတာဖြစ်သည်။
ယွမ်ကျိုး၏ကြိုတင်အသိပေးမှုကြောင့် လူအတော်များများရောက်လာကြသောကြောင့် ဖြစ်သည်။
နောက်နေ့မနက်ပိုင်းတွင် ယွမ်ကျိုး သည် သပ်ရပ်စွာ ၀တ်စားဆင်ယင်ပြီး A4စာရွက် တစ်ရွက်ကိုင်ကာ အိမ်ရှေ့တံခါးတွင်တိတ်တဆိတ် ကပ်လိုက်သည်။ ထို့နောက် တက္ကစီ ငှားရန် ထွက်လာခဲ့သည်။
"ဟူး... ဒီအကြောင်းပြချက်က တကယ်ကို စိတ်ရင်းနဲ့ပဲ"
ယွမ်ကျိုးက အဝေးကနေ တံခါးတွင် ကပ်ထားသည့် စာရွက်ကိုကြည့်ပြီး ကျေနပ်စွာ ပြောလိုက်သည်။ ယနေ့တွင် ယွမ်ကျိုး သည် မနေ့က ၀ယ်လာသည့်အ၀တ်အစား သစ်တစ်စုံကို ထုတ်၀တ်လာသည်။ ထို၀တ်စုံမှာ မီးခိုးနှင့်အဖြူစပ်ကြား၊ ခေါက်ရာမရှိသောအပန်းဖြေစတိုင်လ်အင်္ကျီ ဖြစ်သည်။
အလှဆင်ထားသည့်ကော်လံများနှင့် အတွင်းတွင် အနက်ရောင်ရှပ်အင်္ကျီတစ်ထည်ကို ၀တ်ထားသည်။ ထို့နောက် ထသွားထလာ ရိုးရိုးအနက်ရောင်ဘောင်းဘီတစ်ထည်၊ အဖြူရောင်ရှူးဖိနပ်တစ်ရံဖြင့် တွဲဖက်ဝတ်ဆင်ထားလေသည်။ သူ၏ပုံစံမှာ ခန္ဓာကိုယ်အချိုးအစားကျနပြီး ယဉ်ကျေး သိမ့်မွေ့ပုံပေါ်နေသည်။ အပေါ်ဆုံးထိ ကြယ်သီးအစေ့တပ်ကာ တည်ကြည် လေးနက်နေသည့်အမူအရာကြောင့်
ယွမ်ကျိုး၏တစ်ကိုယ်လုံးမှာ ယုံကြည်မှုရှိပြီး တည်ငြိမ်သည့်အရှိန်အဝါမျိုး ထုတ်လွှင့်လျက် ရှိနေသည်။ သူက အ၀တ်အစားကိုသပ်ရပ်အောင် လုပ်နေရင်းဖြင့်
"အ၀တ်အစားကောင်းက ယောက်ျား ပီသစေပေမဲ့ သူတို့လည်း ၀တ်တဲ့လူကို ရွေးတတ်သားပဲ။ ငါ့လို ဆွဲဆောင်မှုရှိတဲ့လူချောလေး ကပဲ ဒီ၀တ်စုံနဲ့ ဒီလောက်ခံ့ညားနိုင်တာပေါ့"
ဟု တိုးတိုးလေး ရေရွတ်မိသေးသည်။ ယွမ်ကျိုးမှာ လမ်းဆုံတွင် တက္ကစီငှားရန် ပြင်ဆင်နေတာ ဖြစ်သည်။ အချိန်မှာ စောသေး၍ ကားများစွာလည်း ရှိနေသေးသည်။ ခဏအကြာတွင် ယွမ်ကျိုးမှာ တက္ကစီငှားနိုင်သွားသည်။ လိပ်စာကို ပြောပြပြီးသည်နှင့် တက္ကစီက ချက်ချင်းထွက်ခွာလာသည်။
ယနေ့မှာ ပြိုင်ပွဲနေ့ဖြစ်ပြီး ယွမ်ကျိုးက တစ်ညတာ တည်းခိုခွင့်မတောင်းဆိုခဲ့၍ နံနက် စောစောသွားရန် လိုအပ်နေတာဖြစ်သည်။ပြိုင်ပွဲသို့ လာရောက်မည့်စားဖိုမှုးများမှာ လာကြိုရန် ကားများကို တောင်းဆိုနိုင်သော်လည်း မနက်(၈)နာရီမှသာ လာကြိုကြမည်ဖြစ်သည်။
ထိုအချိန်မှသာ ယွမ်ကျိုး စားသောက်ဆိုင်မှ ထွက်လာမည် ဆိုလျှင် ဖောက်သည်များ၏ ဝိုင်းရိုက်နှက်ခြင်းကို ခံရမည် မှာ အသေအချာပင်။
"လူကြိုက်များလွန်းတာလည်း မကောင်းပါလား"
ယွမ်ကျိုးက ရုတ်တရက် ထုတ်ပြောမိသွားသည်။ သူ၏စကားကို ကြားလိုက်သော ယာဉ်မောင်းက ခေါင်းလှည့်လာပြီး ပြုံးပြကာ မေးလိုက်သည်။
"ခင်ဗျားက တက်တက်ကြွကြွ၊ လန်းလန်း ဆန်းဆန်းနဲ့ ၀တ်စားထားတာဆိုတော့ ပွဲတစ်ခုခုမှာ ပါလို့လားဗျ"
ယွမ်ကျိုးပို့ခိုင်းခဲ့သည့်နေရာက ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သည်။ ကြီးမားထည်ဝါလှသည့်ပွဲကျင်းပရာ ခန်းမကျယ်ကြီးကြောင့် လူသိများခြင်းဖြစ်သည်။ ဇိမ်ခံစရာနေရာများသာမကပဲ လည်ပတ်စရာနေရာလည်း များပေသည်။ ဒီအကြောင်းတွေမှာ ကားဆရာအနေနှင့် သိပြီးသားဖြစ်ပေသည်။
"စားရမဲ့ပွဲပါ"
ယွမ်ကျိုးက ခေါင်းညိတ်ပြီး စဉ်းစားရင်း ပြောလိုက်သည်။ သူ့အမြင်တွင် လူတိုင်းသည် အစားအစာ၏ပါ၀င်ပစ္စည်းများကိုခွဲခြားရန် စားသောက်ကြသည်။ အနံ့ခံကြသည်။ သို့သော် "အနံ့" ဟု ဆိုလိုက်လျှင် အနည်းငယ်ထူးဆန်းနေမည်ဖြစ်သည်။ထို့ကြောင့် ယွမ်ကျိုးမှာ အကောင်းဆုံးဟုထင်ရသည့် နာမဝိသေသနစကားလုံးကို ရွေးချယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
"အင်းဗျာ။ အဲ့မှာ မနက်စာကတော့ အရမ်းကောင်းတယ်တဲ့"
ကားဆရာမှာ ယွမ်ကျိုး၏စကားတွေက အဆက်အစပ်မမိသလို ခံစားလိုက်ရ သော်လည်း နားလည်သလို ထောက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပဲ ယာဉ်မောင်းက သူ့ရင်ထဲမှာ တိတ်တိတ်လေး ညည်းညူနေမိသည်။ သာမန်လူတစ်ယောက်က မနက်(၇) နာရီမတိုင်ခင် တက္ကစီငှားပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ မနက်စာစားမည်တဲ့လား။ အစောကြီးအလုပ်လုပ်ပြီး ဘာမှမစားရသေးတဲ့သူ တစ်ယောက်ရဲ့စိတ်ဝိညာဉ်နှင့် နှလုံးသားကို ထိခိုက်နစ်နာစေတဲ့အတွက် ဒီလူကို သုညမှတ်ပဲ ပေးချင်သည်။
"သေစမ်းကွာ။ ငါက ဘာလို့အရမ်းမိုက်သလိုဟန်ဆောင်နေတဲ့ကောင်ကို ကြယ်ငါးပွင့်ဟိုတယ်ဆီ မနက်စာအတွက် မောင်းပို့ရတာလဲ။ အရူးပဲ"
ယာဉ်မောင်းက ယွမ်ကျိုးကို ကြည့်ပြီး သူ့စိတ်ထဲမှာ တွေးလိုက်သည်။
"အမ်။ တစ်ယောက်တည်း ဒီမှာစားလို့ရလား"
ယွမ်ကျိုး ရုတ်တရက် အလွန်အရေးကြီးတဲ့ မေးခွန်းတခုကို တွေးမိပြီး မေးလိုက်သည်။မည်သို့ပင်ဖြစ်စေ ဤနေရာအနီးတစ်ဝိုက်တွင် တခြားစားသောက်ဆိုင်များလည်း ရှိမနေပေ။
"ဟုတ်ကဲ့"
ယာဉ်မောင်းက ယွမ်ကျိုးကို စပ်စုသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။ ခဏလေးအတွင်းမှာပဲ "ဇိ" ဆိုတဲ့ဘရိတ်အုပ်သံကြားလိုက်ရပြီးနောက် ဟိုတယ်ရဲ့ဝရန်တာအောက်က ပန်းခြံတွင် ကားက ရပ်တန့်သွားခဲ့သည်။ အပြင်ဘက်တွင် ခပ်ကျယ်ကျယ်ပွင့်နေတဲ့ မှန်တံခါးတွေကို မြင်လိုက်ရပြီး အနီရောင်ယူနီဖောင်းဝတ်ထားတဲ့ တံခါးစောင့်၀န်ထမ်းလေးယောက်က ရပ်နေကြသည်။ ကားရပ်လာသည်ကိုမြင်တော့ သူတို့ရောက်လာပြီး ဦးညွှတ်ကာ ကားတံခါးကို ဖွင့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုး ကားခပေးချေပြီးနောက် ကားပေါ်မှဆင်းကာ ခေါင်းညိတ်ရင်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
"ရပါတယ်။ ဒါက တက္ကစီလိုင်စင်နံပါတ်ပါ။ အထဲမှာ တစ်ခုခုကျန်ခဲ့ရင် ပြန်ရအောင် ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်"
တံခါးစောင့်တစ်ယောက်က ဂရုတစိုက်နဲ့ ယဉ်ကျေးစွာ ပြောလိုက်သည်။
"အိုကေ...ကောင်းပါတယ်"
ယွမ်ကျိုးသည် တံခါးစောင့်ထံမှ ကတ်ကို လက်ခံရယူလိုက်သည်။
"စားသောက်ဆိုင်ရဲ့ဘယ်အထပ်မှာ မနက်စာစားရမလဲ"
ယွမ်ကျိုးက အဆင်ပြေစွာ မေးလိုက်သည်။
"အဓိကခန်းမရဲ့ဒုတိယထပ်မှာ ရှိပါတယ်။ အခုချက်ချင်း တစ်ယောက်ယောက်ကို ခေါ်ပြီး လိုက်ပို့ပေးလိုက်ပါ့မယ်"
တံခါးစောင့်က ပြုံးရွှင်စွာ ပြောလိုက်သည်။
ယွမ်ကျိုး ခေါင်းညိတ်လိုက်ပြီး မျက်လုံးတစ်ချက်မှိတ်လိုက်တဲ့အချိန်မှာပဲ
"ပြိုင်ပွဲဝင်စားဖိုမှူးများကို ကြိုဆိုပါတယ်"
ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကို သူမြင်လိုက်ရသည်။ သူ အနည်းငယ်ခြေလှမ်းနောက်ဆုတ်လိုက်တဲ့အခါ အပြင်ဘက်က ထင်ရှားတဲ့ ဆိုင်းဘုတ်ကိုလည်း မြင်လိုက်ရသည်။
"အမ်.....အရမ်းကြီးမားတဲ့ ပွဲတစ်ခုလို့ ထင်ရတယ်"
ယွမ်ကျိုး သူ့ရင်ထဲမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။ မကြာခင်မှာပဲ တံခါးစောင့်တွေ ခေါ်လာတဲ့ ဟိုတယ်စားပွဲထိုးတစ်ယောက် ရောက်လာပြီး ယွမ်ကျိုးကို ဒုတိယထပ်က စားသောက်ဆိုင်ကို ခေါ်သွားသည်။
သူတို့ အဓိကဝင်ပေါက်ထဲဝင်လိုက်တာနဲ့ ဘေးမှာရပ်နေတဲ့ တံခါးစောင့်လေးယောက်က ချက်ချင်းပဲ တစ်ညီတစ်ညွတ်တည်း
"ကျွန်တော်တို့ရဲ့ဟိုတယ်မှ ကြိုဆိုပါတယ်" လို့ ပြောကြသည်။ သူတို့ရဲ့အသံတွေက ကျယ်လောင်ပြီး စနစ်တကျရှိသည်။
ကံကောင်းထောက်မစွာပဲ ကြောက်စရာမကောင်းခဲ့ပေ။ ထို့ကြောင့် ယွမ်ကျိုးမှာ ကြယ်ငါးပွင့်ဟိုတယ်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်သော်လည်း စားသောက်ဆိုင်ထဲသို့ တည်ငြိမ်စွာ လျှောက်ဝင်လာခဲ့သည်။
သူတို့ဘယ်သူပဲဖြစ်ဖြစ်၊ ရုံးဝတ်စုံဝတ်ဆင်ထားသောဟိုတယ်ဝန်ထမ်းအားလုံးသည် ယွမ်ကျိုးနှင့် တွေ့ဆုံသောအခါ အပြုံးဖြင့် နှုတ်ဆက်ကြသည်။ လမ်းတစ်လျှောက်လုံးတွင် ယွမ်ကျိုးသည် ဝန်ထမ်းများက
"မင်္ဂလာပါ လူကြီးမင်း" ဟု မကြာခဏပြောသည်ကို ကြားလိုက်ရပြီး ထို့နောက် သူက ခေါင်းညိတ်ကာ အဆက်မပြတ် ပြန်ပြုံးပြသည်။
ပြိုင်ပွဲကို မနက် ၉ နာရီတွင် စတင်ရန် စီစဉ်ထားသည်။ ယွမ်ကျိုးသည် တံခါးဝတွင် ကနဦးစစ်ဆေးမှုနှင့် အထဲတွင် တရားဝင်စစ်ဆေးမှု အပါအဝင် လုပ်ထုံးလုပ်နည်းများကို ခံရပြီးဖြစ်သည်။ ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ ယောက် ရှိသည်။ တံခါး၀င်ပေါက်မှစစ်ဆေးခြင်းက တကယ့်စာမေးပွဲထက် ပို၍သွေးပူစေသည်။ ဟုတ်ပါတယ်။ ယန်ကျားက ပြောပြခဲ့တာပင်ဖြစ်သည်။
အချိန် : ၈ နာရီ ၅၇ မိနစ်
လိပ်စာ : စတုတ္ထထပ်ရှိ ဇိမ်ခံပွဲခန်းမ၏ ဝင်ပေါက်။ ယွမ်ကျိုး ဓာတ်လှေကားထဲက ထွက်လာသည့်အခါ သူ့ရှေ့တွင် လူတစ်ယောက် ရပ်နေသည်။ သူက ဝင်ပေါက်ကို တည့်တည့်လျှောက်သွားပြီး စစ်ဆေးမှုကို စတင်ခံလိုက်သည်။ သို့သော် ယွမ်ကျိုး အဝေးကနေ ကြည့်လိုက်သည့်အခါ သန့်ရှင်းတဲ့အဖြူရောင်ပန်းကန်လေးချပ်ပေါ်မှာ မုန်လာဥနီလေးချပ် တင်ထားတာကိုပဲ တွေ့လိုက်ရသည်။
"မာစတာချူး၊ ဒီမုန်လာဥနီတွေက ဘယ်ရာသီကလဲဆိုတာ ဖော်ပြပေးပါ"
တံခါးဝမှာ ကနဦးစစ်ဆေးမှုကို တာဝန်ယူနေသည့်မိန်းကလေးငယ်တစ်ယောက်က သူမရဲ့ သာယာတဲ့အသံနဲ့ ပြောလိုက်သည်။
"ဆောင်းရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ။ ပြီးတော့ နွေဦးရာသီကုန်ဆုံးပြီး နွေရာသီစတင်တဲ့အချိန်"
ချူးရှောင်က သူတို့တစ်ခုချင်းစီကို လက်ညှိုးထိုးပြီး ချက်ချင်းပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် မိန်းကလေးက ရလဒ်များကို ကြေညာခြင်းမပြုမီ သူ ပွဲခန်းမထဲသို့ တည့်တည့်ဝင်သွားလိုက်သည်။
"မြန်မြန်လေး"
ယွမ်ကျိုးက ငြိမ်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်ရင်း ချူးရှောင် ခန်းမထဲဝင်သွားသည်ကို ကြည့်နေသည်။
"သူက သမိုင်းမှာ အသက်အငယ်ဆုံး မီချယ်လင်စားဖိုမှူးချူရှောင်းလေ"
ရုတ်တရက် သူ့နောက်ကနေ လူတစ်ယောက်က ပြန်ဖြေလာသည်။
"ဟယ်လို"
ယွမ်ကျိုး ခေါင်းလှည့်ကြည့်လိုက်တော့ စကားပြောနေသူက ယန်ကျားဖြစ်နေတာကို တွေ့လိုက်ရသည်။
"ဟိုင်း...သူဌေးယွမ်။ ကျွန်တော့်ဆရာရဲ့အဆိုအရ ဒီပြိုင်ပွဲမှာ ခင်ဗျားတို့နှစ်ယောက်ပဲ ကောင်းမွန်တဲ့ဖန်တီးမှုတစ်ခုခု ရှိမယ်လို့ ပြောတယ်"
ယန်ကျားက ကြင်နာတဲ့အမူအရာနဲ့ လုံးဝမကြင်နာတဲ့စကားတွေကို ပြောလိုက်သည်။ သူတပါးကို အလွယ်တကူ ထိခိုက်နစ်နာစေနိုင်တဲ့ စကားမျိုးသာဖြစ်သည်။
"အာ...ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုး ခေါင်းညိတ်ပြီး ချီးကျူးစကားကို လက်ခံလိုက်သည်။ အဆုံးစွန်အားဖြင့် အစားအစာပါဝင်ပစ္စည်းများအပေါ် သူ၏အရသာနှင့် နားလည်မှုသည် စနစ်နှင့် သူ၏ကြိုးစားအားထုတ်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးသည် ထိုကဲ့သို့သော ချီးကျူးဂုဏ်ပြုမှုကို ထိုက်တန်စွာ ရရှိခဲ့သည်။
"ရပါတယ်။ သူဌေးယွမ်ရဲ့ဖန်တီးမှုကို ကျွန်တော်မကြိုက်ပေမယ့် ကျွန်တော့်ဆရာက ဒီလောက်ကြိုက်တာသိပ်ရှားပါတယ်"
ဟု ယန်ကျားက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
"လူအတော်များများက ငါ့ဟင်းလျာတွေကို ကြိုက်ကြတယ်"
ယွမ်ကျိုးက နှိမ့်ချစွာ ပြောလိုက်သည်။
ယန်ကျားမှာ သူ့၏နှိမ့်ချမှုကို မမြင်ရသော်လည်း ထောက်ခံတဲ့အနေနဲ့
"ဟုတ်ပါတယ်။ သူဌေးယွမ်ရဲ့ အချက်အပြုတ်ဖန်တီးမှုပညာမှာ ဘာပြဿနာမှ မရှိပါဘူး"
လို့ ပြောလိုက်သည်။ သို့သော် နောက်တစ်ကြိမ် အသက်ရှူသွင်းလိုက်တဲ့အချိန်မှာတော့ ယန်ကျားက ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ဆရာချူးကို ဘယ်တော့မှ အထင်မသေးပါနဲ့"
"သူ့မှာ အနံ့ခံအာရုံ အရမ်းထက်မြက်တယ်လို့ ဆိုကြတယ်။ အနံ့ခံကြည့်ရုံနဲ့ ဟင်းသီးဟင်းရွက်မှည့်ပြီး (၃)ရက်ထိ အစားအစာရဲ့ကွာခြားချက်ကို အလွယ်တကူ သိနိုင်တယ်"
"ကောင်းပြီ။ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးခေါင်းလှည့်ပြီး ချူးရှောင် ခုနက သွားခဲ့တဲ့နေရာကို ကြည့်လိုက်တော့ သူ့ရင်ထဲမှာ ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။ ဒီတစ်ခါပြိုင်ပွဲမှာ သူပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ချက်ပြုတ်စွမ်းရည်ကို အတည်ပြုဖို့ပင်။ မည်သို့ဖြစ်စေ စနစ်က သူ့ကို စားဖိုမှူးလက်မှတ် လျှောက်ထားခွင့်တောင် မပေးခဲ့ပေ။ သို့သော် အဓိကအချက်က သူဟာ အရင်က စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သည်ဆိုတဲ့အထောက်အထားတစ်ခုမှ မပြနိုင်ခဲ့တာကိုပင်ဖြစ်သည်။။
"သူဌေးယွမ်၊ အခု အထဲဝင်သင့်ပြီ"
ယွမ်ကျိုး ဂရုတစိုက်နားထောင်နေတာကို မြင်တော့ ယန်ကျား သူ့ရင်ထဲမှာ အရမ်းကျေနပ်သွားပြီး သတိပေးလိုက်သည်။ ယန်ကျား ကျေနပ်အားရရတဲ့ အကြောင်းရင်းက သူ့ဆရာရဲ့ရန်သူဟောင်းက ယွမ်ကျိုးပြိုင်ပွဲမှာ ရှုံးမယ်လို့ ကြော်ငြာမှာကို သူသိလို့ပင်ဖြစ်သည်။ သို့ပေမဲ့လည်း ယွမ်ကျိုးရဲ့ တည်ငြိမ်ပြီး စိတ်ရင်းစေတနာ ကောင်းတဲ့ အပြုအမူနဲ့ သူ့ဆရာက ယွမ်ကျိုးရဲ့ ဖန်တီးမှုပညာကို နှစ်သက်တဲ့အခြေအနေကို ကြည့်ရင် သူ ပြိုင်ပွဲမှာ အရမ်းရှုံးမှာ မဟုတ် လောက်ပေ။ (ဒါမှမဟုတ်) သရေကျတာလည်း ဖြစ်နိုင်သည်။
သဘာဝအတိုင်းပင် ယွမ်ကျိုးသည် ယန်ကျား၏အတွေးများကို မသိပေ။ သူသည် တံခါးဆီသို့ လျှောက်သွားပြီး ဝင်ခွင့်အဆင့် စာမေးပွဲ ဖြေဆိုရန် စောင့်နေခဲ့သည်။ ဒီတစ်ခါ စာမေးပွဲကတော့ အနည်းငယ် ထူးခြားနေပါသည်။
.....
ယွမ်ကျိုး အပိုင်း(၃၇၂)
ပြီးပါပြီ။