အခန်း (၃၇၃-၃၇၄)
Vol. 28 Ch. 373-374
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇၃)
"သူဌေးယွမ် ကျေးဇူးပြုပြီး ဒီတို့ဖူးလေးပိုင်းကို သေချာလေ့လာပြီး ဘယ်လို အခြေအနေ အောက်မှာ ရှိလဲ ဆိုတာကို ၄၅စင်တီမီတာ အကွာကနေ နေရာ ယူပြီး ဖြေပေးပါ"
တံခါးမှာစောင့် နေသည့် မိန်းကလေးက ပြုံးပြီး ပြောလာသည်။
ဤမေးခွန်းသည် မေးခွန်းဆယ့်နှစ်ခုတွင် အခက်ခဲဆုံးတစ်ခုဖြစ်သည်။
အမှန်ဆိုလျှင် ယခုကဲ့သို့ အနှောက်အယှက်များရှိသည့် ပတ်၀န်းကျင်တွင်
အားကောင်းသော အနံ့ခံအာရုံနှင့် တိကျမှန်ကန်သော အကဲဖြတ်နိုင်စွမ်း ရှိရန် လိုအပ်လေသည်။
သူသည် ရေထဲတွင် ရှိနေသည့် တို့ဖူး နေရာနှင့် အလှမ်းဝေးနေ၍ ထိတွေ့ခြင်း မပြုနိုင်ပေ။ ထိုအချက်များက မှန်ကန်စွာအကဲဖြတ်နိုင်ရန် ခက်ခဲစေသည်။
"သူဌေးယွမ်ရဲ့ကံက သိပ်ကောင်းပုံ မရသလိုပဲ"
ယန်ကျားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဤစာမေးပွဲ မေးခွန်း၏ ခက်ခဲမှု့ကို သိထားသောကြောင့် သူကခန်းမထဲသို့ မ၀င်သွားဘဲ ဘေးဘက်မှာသာ ရပ်စောင့် နေလိုက်သည်။
မေးခွန်းမှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသော်လည်း အကြိုစစ်ဆေးမှု့သာ ဖြစ်၍ ချဲ့ကားလွန်းရာမကျပေ။
ထိုကြောင့် ယွမ်ကျိုးက မဖြေနိုင် လောက်ဟု ယန်ကျား မထင်ခဲ့ဖူးပေ။
သူက ယွမ်ကျိုး၏ အရည်အချင်းကို မျက်မြင်တွေ့နိုင်ရန် ထိုနေရာမှာသာ နေခဲ့ခြင်းဖြစ်သည်။
အမှန်မှာ မေးခွန်းများကို အမြန် ဖြေဆိုနိုင်နှုန်းသည် မိမိ၏ စွမ်းရည်ကို ဖော်ပြနေခြင်း ဖြစ်သည်။
ဥပမာဆိုရသော် ချူရှောင်းကဲ့သို့သော လူတစ်စုပင် ဖြစ်သည်။
ယွမ်ကျိုးက အစားအစာ ပါ၀င်ပစွည်းပြိုင်ပွဲတွင် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်စဉ် ယွမ်ကျိုး၏ စားသောက်ဆိုင်တွင်
ဂယက်များ ထနေပြီဖြစ်သည်။
"သေစမ်း တန်းစီစက် က ပျက်နေတယ်"
ခပ်စူးစူး အော်သံနှင့်အတူ၊ဝူဟိုင်း ကမုတ်ဆိတ်မွှေး သပ်ရင်း လျှောက်လာသည်။
"ဝူဟိုင်း အရူးမလုပ်ပါနဲ့တော့လား"
မန်မန်က ဝူဟိုင်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
"မဟုတ်ဘူး၊ ငါမလုပ်ပါဘူး၊ဒီမှာ ဒီစက်က အလုပ်မလုပ်တော့ဘူး"
ဝူဟိုင်းက သူ့ဘေးနားမှ ငွေရောင်စက် ကို ညွှန်ပြရင်း ပြောလိုက်သည်။
"မဖြစ်နိုင်တာ"
မန်မန်က ပြေးလာပြီး စစ်ဆေးလိုက်သည်။
ဘေးဘက်တွင်ရှိသည့် ဖောက်သည်များကလည်း သိချင်စိတ်ဖြင့် ဝိုင်းအုံလာကြသည်။
ယခု သူ့တို့အားလုံးမှာ တန်းစီစက် အရှေ့တွင် ဦးစွာ စုရုံးနေမိကြသော်လည်း ၊ မည်သူမှ ယွမ်ကျိုး၏စားသောက်ဆိုင်တံခါး ကိုစစ်ဆေးရန် အချိန် မပေးနိုင်ခဲ့ကြပေ။
"အသုံးပြုလို့မရဘူးလို့ ရုတ်တရက်ကြီး ပြနေတာ"
မန်မန်မှာ စက်ပေါ်က စာလုံးအကြီးကြီး များကိုဇဝေဇဝါဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဟင် ထူးဆန်းလိုက်တာ။ ဘာလို့ သုံးလို့မရ တော့တာလဲ"
ဖောက်သည်တယောက်က သံသယရှိစွာ ပြောလိုက်သည်။
ဝူဟိုင်းက ခေါင်းခါလိုက်သည်။
သူ့၏ IDကတ်ကိုယူ လိုက်ပြီး နှုတ်ခမ်းမွေး သပ်ရင်း မန်မန်က စက်ကို ကလိနေသည်ကိုသာ ကြည့်နေလိုက်သည်။
"အားလုံးပဲ လာကြည့်ပါဦး။
ကျွန်တော်ကအဝေးမှုန် ပါ၀ါ ၅၀၀ ရှိလို့ ဒါ ခွင့်တောင်းစာ လားဆိုတာ သေချာမမြင်ရဘူး"
ဖောက်သည်တစ်ဦးက တုန်လှုပ်နေသည့်အသံဖြင့် အော်လိုက်သည်။
"ဘာ။ ခွင့်တောင်းစာ ဟုတ်လား"
ဝူဟိုင်းက တံခါးဆီ ချက်ချင်း ပြေးသွားသည်။
တံခါးတွင် ကပ်ထားသည့် A4 ,စာရွက်မှာ လေထဲတွင် တလူလူ လွင့်နေသည်။
ဝူဟိုင်းက ခေါင်းမော့လိုက်သောအခါ၊
ထွက်ခွာခွင့်" ဟူသော သိသာထင်ရှားနေသည့်စာလုံး၃လုံးကို ရှင်းလင်းစွာ တွေ့လိုက်ရလေသည်။
ထွက်ခွာခွင့်
ကျွန်တော်၏ထူးချွန်မှုကိုပြဖို ခွင့်နှစ်ရက် ယူဖို့လိုနေတယ်။ခင်ဗျားတို့ ကျွန်တော်ကို မယုံရင် ပြိုင်ပွဲကိုလာကြည့် ပေးကြပါ။
(PS. ကျွန်တော် ပျက်ကွက်တဲ့ ဆိုင်ဖွင့်ချိန် အတွက် ပြန်အစားပေးပါ့မယ်)
ချစ်ခင်ရတဲ့ ယွမ်ကျိုး
"ငါ့ မျက်လုံးတွေ ကန်းတော့မယ်"
ဝူဟိုင်းက မျက်လုံးများကို အုပ်ပြီး ယုံကြည်ဖို့ ငြင်းဆန်လိုက်သည်။
"သူ့ထူးချွန်မှု့ကို ပြမယ် ဆိုတာ ဘာကို ဆိုလိုတာလဲ"
ဝူဟိုင်းမှာ မပြောဘဲမနေနိုင်တော့ချေ။
"သူ့ထူးချွန်လား မထူးချွန်လားကို ငါတို့မသိဘူး။ နံနက်စာအတွက် ဘာစားရမလဲ ဆိုတာပဲ သိချင်တယ်"
လင်းဟုန်က မျက်နှာ အေးစက်စက်နှင့်ပြောလိုက်သည်။
"သူဌေးယွမ် က သူ့ထူးချွန်မှု့ကို ပြဖို့ သွားတယ် ဆိုတာကလေ စိတ်၀င်စားစရာ ကောင်းမနေဘူးလား"
ယွမ်ကျိုး၏ အမာခံ ပရိသတ် ဟုခံယူထားသည့် တန်ရှီ ဆိုသည့် မိန်ကလေးက စပ်စုစွာ ပြောလာသည်။
"အင်းနော် ကျွန်မလည်း သိချင်သား ဘယ်လိုထူးချွန်မှုမျိုးကိုများ သူဌေးယွမ်က ပြမှာလဲမသိဘူး"
မန်မန်မှာ ယွမ်ကျိုး ကို ရိုက်သတ်လိုသော စိတ်ဆန္ဒကို ချိုးနှိမ်နိုင်ရန် အာရုံပြောင်းဖို့ ကြိုးစားပြီး ပြောလိုက်သည်။
"သူရဲ့ ရုတ်တရက် ခွင့်တောင်းစာကို ထည့်မတွေးရင်တောင် သူ့ဘယ်လိုမျိုး အစွမ်းပြမလဲဆိုတာကိုတော့ တကယ်သိချင်တယ်"
ဝူဟိုင်းသည် ပြောနေရင်း ဒေါသထွက်ပြီး အံ့ကြိတ်မနေခဲ့ဟု အာမခံနိုင်ပါသည်။
"ရှီရှီ မင်းကငယ်လွန်းသေးတယ်၊ သံလိုက်အိမ်မြှောင်က ဘာလုပ်နိုင်မှာမို့လဲ။ သူက အစွမ်း ပြချင်တာထက် ခပ်မိုက်မိုက်ပုံစံ ပြဖို့ အဲ့နေရာ သွားတာ အသေအချာ ကြီးပဲကိုး"
လင်းဟုန်က ရှီရှီကို "မင်းက ငယ်ရွယ်ပြီးဖြူစင်လွန်းတယ်"ဟူသော အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။
"ဟင့်အင်း ကျွန်မကတော့ သူဌေးယွမ်က အရမ်းကောင်းတယ် လို့ပဲ ထင်တယ်"
တန်ရှီက ပြုံးပြီး ပြောလိုက်သည်
"တကယ့်ကို သစ္စာရှိ ဖန်ပါပဲလား"
မန်မန်က သူမ၏နဖူး ကိုရိုက်ရင်း ပြောလိုက်သည်။
"သူဌေးယွမ်က ကတိတည်ပါတယ်။ သူက စာရွက်မှာ ဒီအချိန် အတွက် ပြန် အစားပေးမယ်လို့ ရေးထားသားပဲ"
နောက်ဆုံးတော့ ဖောက်သည် တစ်ယောက်က ယွမ်ကျိုး၏ထပ်တိုး အသိပေးချက်ကို သတိပြုမိသွားသည်။
"ဒါကတော့ တရားပါတယ်။
ငါတို့တွေ သူဌေးယွမ်ရဲ့ လက်ရာ ကို တစ်နေ့လုံး ပျော်ပျော်ကြီးစားနိုင်မယ့် အချိန် ရလာဦးမှာပါ"
ဖောက်သည်များမှာ အမြဲတမ်း ကျေနပ်ဖို့ရာ လွယ်ကူ လွန်းလှသည်။
"ဒါနဲ့ 'အစားအစာ ပါ၀င်ပစွည်း ဖလှယ်ပွဲ' ဆိုတာ ဘာကိုဆိုလိုတာလဲ"
မန်မန်က ခွင့်တောင်းစာကို ညွှန်ပြရင်း မေးလိုက်သည်။
"အစားအစာအမျိုးမျိုးကို ခွဲခြားသိမြင်ဖို့ ပြိုင်ပွဲတစ်ခုပဲ"
လင်းဟုန်က ပြန်ဖြေသည်။
"ဒါက ပြိုင်ပွဲဝင်တွေ အစားအစာ အမျိုးမျိုးကို ပြည့်ပြည့်စုံစုံ ခွဲခြားသိမြင်ရမယ့် ပြိုင်ပွဲ တစ် ခု လို့ ပြောကြတယ်"
ဝူဟိုင်းနှင့် လင်းဟုန် တို့က အစားအစာအကြောင်းကို အကောင်းဆုံးသိကြ၍ သူတို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။
"ဒါက အံ့ဩ စရာ ကောင်းတဲ့ ပြိုင်ပွဲ တစ်ခုပဲ။ နောက်ဆုံး ပြိုင်ပွဲတုန်းက သူဌေးယွမ်က အဲ့ဒီစားဖိုမှူးကို အနိုင်ရခဲ့တာ။ ဒီတစ်ကြိမ်မှာရော ဘယ်သူ့ကို အနိုင်ယူမလဲမသိဘူး"
ဖောက်သည်များက အဲဒီအကြောင်းကို စဉ်းစားရင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။
"တကယ်ပါပဲဗျာ သူဌေး ယွမ်ရဲ့ လက်ရာ နှင့် ပတ်သက် ရင် ကျုပ် တို့ ပြောစရာ မ ရှိ ပါဘူး
ဒါပေမဲ့ ဒီတကြိမ် ပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်မှု ရှိလောက်သလား "
ဖောက်သည်တစ်ယောက်က ဂရုစိုက်တဲ့လေသံနဲ့ မေးလာသည်။
"တံခါး ပိတ် ပြိုင်ပွဲ လို့တော့ ကျွန်တော် ကြားခဲ့ရတယ် ။ ဒါပေမဲ့ သေချာတော့ မသိပါဘူး "
ဝူဟိုင်းက ပုခုံးတွန့်ပြီး ပြောလိုက်သည်။
"ဒီကိစွကို ကျွန်တော် မေးလိုက်ပါ့မယ်"
လင်းဟုန်သည် ချစ်စရာကောင်းသည့်
သူဌေးသားလေး ဖြစ်ရာ သူ့အတွက် Wechat အကောင့်ရှိတာက သာမန်ဖြစ်တယ်လို့ ယူဆ၍ရသည်။
ထိုနောက် ဖုန်းကိုထုတ်ပြီး မေးလိုက်သည်။
သို့သော်လည်း မန်မန်သည် မကြာသေးမီက ထရိန်နင် လေ့ကျင့်မှု တစ်ခုကို တက်ရောက် ခဲ့သည်။
ထို့ကြောင့် သူမကိုတခုခု မေးမိလိုက်သည်နှင့် မျက်တောင် ပုတ်ခက် ပုတ်ခက်ဖြင့် ဘာမှမသိဘူးဆိုတာ သိသာလွန်းလှသည်။
ယင်းအစား သူမသည် လင်းဟုန်အား မေးခွန်းများစွာ မေးခဲ့သည်။
"ပြိုင်ပွဲကို သူလျှို့ဝှက်ပြီး သွားခဲ့ပုံရတယ်"
လင်းဟုန်သည် မနက်က မစားရသည့်သူ၏နံနက်ခင်းကို စဉ်းစားလိုက်တိုင်း အနည်းငယ် ဝမ်းနည်း ကြေကွဲနေဆဲ ဖြစ်သည်။
လင်းဟုန် ဖုန်းဆက် သောအခါ ဝူဟိုင်းကလည်း ကျန်းကျာဝေကို ဖုန်းဆက်လိုက်သည်။ အတိုင်းအဆမဲ့ တန်ခိုးရှင်သည် မမျှော်လင့်ဘဲ ဝင်ခွင့်လက်မှတ် ရရှိခဲ့သော်လည်း လက်မှတ်ငါးခုသာရရှိခဲ့သည်။
"လူငါးယောက်က ကျွန်တော်နဲ့ အတူ သွားလို့ရတယ်။ ဘယ်သူသွားချင်လဲ"
ယွမ်ကျိုး၏ စားသောက်ဆိုင် ရှေ့တံခါးရှိ အခြား ဖောက်သည်များကို ကြည့်ပြီး
ဝူဟိုင်းသည် သူတို့ကို ဘာမျှမပြောဘဲ စကားပြော အုပ်စုထဲတွင် ဤသတင်းကို ပို့လိုက်သည်။
ရယ်စရာပါပဲ! လူတိုင်းသည် စူးစမ်းလိုစိတ်ရှိကြသည်။
လူအများရှေ့မှာ ပြောလိုက်လျှင် ဝူဟိုင်းသည် တခြားသူတွေ၏ အတင်းအကျပ်လုပ်မှုကြောင့် သူ့၏ နှုတ်ခမ်းမွှေး နှစ်ချောင်းပင် ဆုံးရှုံးနိုင်ချေရှိသည်။
သူ့ကို ဦးဆုံးဖြေဆိုသူမှာ လင်းဟုန်ဖြစ်သည်။ သူ၏တုံ့ပြန် ချက်သည် စိတ်ဝင်စားဖွယ် အကောင်းဆုံးတစ်ခု ဖြစ်ခဲ့သည်။
"ဒီသူဌေးလင်းက အခြားသူနဲ့ သွားဖို့ မ လိုပါဘူး။ကိုယ့်ဘာသာသွားနိုင်ပါတယ်"
ဝူဟိုင်းက စိတ် အနှောင့်အယှက် ဖြစ်စွာ မျက်လုံး လှိမ့်ပြီး သူ့ကို လုံးဝ လျစ်လျူရှုလိုက်သည်။
အဲဒီနောက် တခြားသူတွေထက် စောစော သူ့ကိုဖြေဆိုတဲ့ လူငါးယောက်ကို ရွေးချယ်လိုက်သည်။
"တိတ်တဆိတ်သွားကြစို့နော်။
ဘာအသံမှမထွက်ကြပါနဲ့"
ဝူဟိုင်းက ရှားရှားပါးပါး ဟာသ ပြောလာသည်။
လူငါးယောက်က တိတ်ဆိတ်စွာ ထွက်လာပြီး ယွမ်ကျိုး အနေအထားကို သွားကြည့်ဖို့ ပြင်ဆင်ထားသည်။
ဖောက်သည်များနှင့် ယန်ကျားတွင် သဘောထား နှစ်မျိုး ရှိသည်။
ယွမ်ကျိုးသည် ခပ်မိုက်မိုက် သရုပ်ဆောင်ပြဖို့ ထိုနေရာသို့ သွားခဲ့သည်။ သူကပဲ အပြတ်အသတ် အနိုင်ရလိမ့်မည်ဟု ဖောက်သည်များက ယုံကြည် ထားကြသည်။
ယန်ကျားကမူ ယွမ်ကျိုး ရရှိနိုင်သည့်
အကောင်းဆုံး ရမှတ်က ကံပေါ်တွင်သာ မူတည်နေသည်ဟု ယုံကြည်ခဲ့သည်။
သို့သော် သရုပ်ဆောင် နေရုံဟု အထင်ခံထားရသော ယွမ်ကျိုးမှာမူ အမှန်အကန် ပြိုင်ဆိုင်နေရတာ ဖြစ်သည်။
ယွမ်ကျိုးက တို့ဖူး၏ ပထမအပိုင်းကို လက်ညှိုးထိုးပြီးနောက်
"လုပ်ပြီးတဲ့ အချိန်ကစပြီး အခုထိ ၃ နာရီ မိနစ် ၂၀ ပဲ"
လို့ပြောလိုက်သည်။
" ဒုတိယ တစ်ခုက ငါးနာရီ ၊ တတိယ တစ်ခုက နှစ်နာရီ ၊ နောက်ဆုံး အပိုင်းကတော့ အချိန် ပို ကြာတယ်"
ယွမ်ကျိုးက သူ့ဖုန်းထဲက အချိန်ကို စစ်ဆေးပြီး "၇ နာရီရှိပြီ"
ဟုဆက်ပြောခဲ့သည်။
"ဂုဏ်ယူပါတယ်၊ သူဌေးယွမ် ကျေးဇူးပြုပြီးဝင်လာလို့ ရပါပြီ"
မိန်းကလေးက သူမ၏ ဖြူဖွေး နူးညံ့သောလက်ကို ဆန့်ထုတ် လိုက်ပြီး ယွမ်ကျိုး အထဲကို ဝင်လို့ရပြီ ဖြစ်ကြောင်း ညွှန်ပြလိုက်သည်။
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့သို့သွားပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ပြောရရင် စတုတ္ထမြောက် တို့ဖူးအတွက် နွေဦးပဲကို အသုံးပြုထားတယ်။ ကျွန်တော့် ထင်မြင် ချက် အရတော့၊ နွေဦး ပဲစေ့က တိုဖူးပြုလုပ်ဖို့ မ သင့်တော်ပါဘူး "
"ရှင်"
မိန်းကလေးက ချက်ချင်း ထိတ်လန့်သွားသည်။
သူမ မတုံ့ပြန်နိုင်ခင်မှာပင် ယွမ်ကျိုးဟာ ခန်းမထဲ ဝင်သွားပြီဖြစ်သည်။
ထိုဖြစ်စဉ်အတွင်း သူသည် တံခါးဝတွင် ယန်ကျားကိုလည်း နှုတ်ဆက်ခဲ့သည်။
ယွမ်ကျိုးက သူ့ကို နှုတ်ဆက် ပြီးတဲ့အထိ ယန်ကျားက သဘော မပေါက်နိုင်ခဲ့ပေ။
"ကျွန်တော့်ဆရာက သူဌေးယွမ်ကို အရမ်းကြိုက်တာက အံ့ဩစရာမဟုတ်ဘူး။ မင်းက တကယ့်ကို မိုက်တယ်"
ယန်ကျားသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက် ပြီးမှသာ ခန်းမထဲသို့ ဝင်သွားခဲ့သည်။
တကယ်တမ်း ယွမ်ကျိုးအတွက်
ချူရှောင်းကို အနိုင်ယူဖို့က မဖြစ်နိုင်ဟု သူ့နှလုံးသားထဲတွင် စွဲမြဲနေဆဲ ဖြစ်သည်။
အ ငယ် ဆုံးသော ကြယ် သုံး ပွင့် မီရှယ်လင် အဆင့် စားဖိုမှူး ကို တကယ်တမ်းတွင် အနိုင်ရ ရန် အလွန် လွယ်ကူ ခြင်း မ ရှိ ခဲ့ ပါ ။
တံခါးဝမှာရှိတဲ့ မိန်းကလေးက
" ဒီလူက အကြည့်တချက်နဲ့ ပါ၀င်ပစွည်း စလုပ်တဲ့ အချိန်ကို ဘယ်လို တောင် ခွဲခြားသိနိုင်တာလဲ"
ဟု မယုံနိုင်စွာ တီးတိုးပြောခဲ့သည်။
" သူ မှန်ပါတယ် ။ အထူးသဖြင့် နွေဦးပဲကို သုံးခဲ့ပေမဲ့ တစ်စုံတစ်ယောက်က တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနိုင်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး"
ထိုမိန်းကလေး ဘေးမှာရှိတဲ့ ရိုးရှင်းပုံရတဲ့ လူလတ်ပိုင်း အမျိုးသား တစ်ယောက်က ပြုံးပြုံးနဲ့ ပြောလိုက်သည်။
"တကယ်လား"
မိန်းကလေးက အံ့သြတကြီးနှင့် ပါးစပ် ဟမိပြီး မေး လိုက်သည်။
"အခုခေတ် လူငယ်တွေက ပိုပိုပြီး အထင်ကြီးစရာ ကောင်းလာ တာပဲ"
လူလတ်ပိုင်းအမျိုးသားက သူ့မကိုမဖြေဘဲ ပြိုင်ပွဲ ခန်းမအတွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချ လိုက်သည်။
အပိုင်း(၃၇၃)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၃၇၄)
ယွမ်ကျိုးက ခန်းမအတွင်းသို့ ၀င်လိုက်သည်။ ခန်းမ၏အတွင်းဘက်တွင် တောက်ပနေသည့်မီးအလင်းများဖြင့် အရာရာကို စနစ်တကျ ပြင်ဆင် ထားသည်။ အလယ်တွင် နေရာလွတ်နေသောစားပွဲရှည်ကြီးတစ်လုံး ရှိနေသည်။ ခန်းမကြီး၏ထောင့်တိုင်းတွင် အနက်ရောင်၀န်ထမ်း၀တ်စုံနှင့် လှပသော မိန်းကလေးတစ်ဦးစီ ရပ်နေကြသည်။
စားပွဲ၏ရှေ့ဘက်တွင် ဒိုင်လူကြီး(၃)ဦး ထိုင်နေကြပြီး သူတို့၏နာမည်ကတ်ပြားများတွင် တရုတ်စားဖိုမှူးမဟာမိတ်ဥက္ကဋ္ဌ၊
အဖိုးတန်အစားအစာပစ္စည်းများ သုတေသနပါရဂူနှင့် အစားအစာဝေဖန်ရေးသမား ဟူ၍ အသီးသီး ရေးထိုးထားသည်။
သူတို့တစ်ဦးစီတိုင်းသည် အလွန် ကျော်ကြားပုံရသည်။ သို့သော် ပထမဥက္ကဋ္ဌမှလွဲ၍ အခြားနှစ်ဦးသည် အသက်(၄၀)ကျော်မည့် ပုံမပေါက်ပေ။
"စားဖိုမှူးတွေမှာ အသက်အရွယ်ပေါ်မူတည်ပြီး လိုအပ်ချက်ရှိတယ်ဆိုတာ မှန်တဲ့ပုံပဲ"
ယွမ်ကျိုးသည် အငြိမ်းစားယူသွားသော တော်ဝင်စားဖိုမှူးကို ရုတ်တရက် စဉ်းစားမိသွားသည်။ သူ လှည့်ကြည့်လိုက်သည့် အချိန်မှာ တခြားပြိုင်ပွဲ၀င်စားဖိုမှူးများကို တွေ့လိုက်ရသည်။ သူတို့၏လက်ကောက်၀တ်တွင် ဖဲကြိုးပြာများကို အလှဆင်ချည်ထားကြသဖြင့် အတော်လေး သိသာထင်ရှားသည်။
ပွဲကြည့်ပရိသတ်များက ဖဲကြိုးနီများ ချည်ထားကြသဖြင့် လူတိုင်းက မှန်ကန်စွာခွဲခြားဖို့ လွယ်ကူကြပေသည်။ ပြိုင်ပွဲ၀င်စားဖိုမှူးများအားလုံးမှာ မာစတာအဆင့်များဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး သိကျွမ်းကြလေသည်။ နှစ်ဦး၊ သုံးဦးစီစု၍ အေးဆေးစွာ စကားပြောနေကြသည်။
သို့သော် ထူးခြားပြီး လွတ်လပ်သည့် အကျင့်စရိုက်များနှင့် သူများက ခြောက်ယောက်ရှိသည်။ တစ်ကိုယ်တည်း ဖြစ်နေသည့်ပုဂ္ဂိုလ်ကတော့ ယွမ်ကျိုး ဖြစ်ပြီး မည်သူနှင့်မှ မသိပေ။
သူက မိမိ၏ ချက်ပြုတ်မှုအရည်အချင်းကို စစ်ဆေးချင်သော်လည်း အခြားမသိသည့်စားဖိုမှူးများကိုတော့ အလျင်စလို မနှုတ်ဆက်လိုပေ။ သူက ရေတစ်ခွက်သာ ယူပြီး ဘေးဘက်တွင် တိတ်တဆိတ်သာ ရပ်နေလိုက်သည်။
မာနကြီးဟန်ပေါက်သည့် ချူးရှောင်းမှာမူ
လွှမ်းမိုးနိုင်သည့်အရှိန်အဝါ ဖြင့် ရှေ့ဆုံးတွင် ရပ်နေသည်။ သူ့ခန္ဓာကိုယ်၏တစ်လက်မတိုင်းစီမှာ "မင်းတို့က ဘာမှမဟုတ်ဘူး" ဟူသော အမူအရာကြောင့် လူများကို ရင်းနှီးရန် မဝံ့မရဲဖြစ်စေပြီး သိကျွမ်းချင်သောသူအများအပြားကိုလည်း ရပ်တန့် သွားစေသည်။
အမှန်ဆိုသော် အကြီးတန်းစားဖိုမှူးများမှာ ကိုယ်ပိုင်မာန ရှိလေသည်။မည်သူမှ သွားပြီး အရှက်ကွဲမခံနိုင်ပေ။ လီယန်ရိ နှင့် ရှင်းမင်မှာမူ တွေ့ဆုံလိုက်သည်နှင့် အငြင်းပွားကြသည့် လူနှစ်ယောက် ဖြစ်သည်။ယခုလည်း ပတ်၀န်းကျင်လေထုက အတော်လေးတင်းမာလျက် ရှိနေသည်။ထို့ကြောင့် သူတို့၏တပည့်များမှ စိတ်ငြိမ်စေရန် ထိန်းပေးနေကြသည်။ ရှင်းမင်က ထပ်ပြောလိုက်သည်။
"အဘိုးကြီး၊ မင်းမှာသာ လုပ်နိုင်စွမ်းရှိရင် ယောက်ျားဆန်ဆန် ပြိုင်စမ်းပါ"
"လူအိုကြီးတစ်ယောက်ကလည်း သူ့ကိုယ်သူ မရင့်ကျက်တဲ့လူငယ်လေးလို ပြုမူနေတုန်းပဲ"
လီယန်ရီက ရှင်းမင်ကို အေးစက်စက် ကြည့်ပြီး ပြောလိုက်သည်။ ရှင်းမင်မှာ ပို၍ ဒေါသထွက်လာသဖြင့် သူတို့၏တပည့်များက ထပ်၍ ဖျန်ဖြေနေရပြန်သည်။သို့သော် အမှန်တကယ် ပူပန်နေရသည့် တစ်ယောက်မှာမူ ရှင်းမင်၏ လက်ထောက်ဖြစ်သည်။ လီယန်ရိက စိတ်ဆိုးလာသည့် အခါတိုင်း သူက ဂရုမစိုက်ဘဲ သေစေလောက်သည့်အဖြေများကို ထပ်ခါ၊ ထပ်ခါဖြေတတ်သဖြင့် ရှင်းမင်ကို ပိုပိုပြီး ဒေါသများလာစေသည်။
၉ နာရီ ၅ မိနစ်တွင် "တရုတ်မဟာမိတ်စားဖိုမှူးများ၏ဥက္ကဋ္ဌ" နာမည်ကတ်ရှေ့မှာ ရှိနေသည့် လူအိုကြီးတစ်ယောက်က မတ်တပ်ရပ်လာသည်။
"အားလုံးပဲ...ဒီအစားအစာပါဝင်ပစွည်းတွေကို လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ပြိုင်ပွဲထက် ချစ်ခင်ရင်းနှီးဖို့က အရင်ပါ"
သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲ၀င်များက ဂရုတစိုက် နားထောင်လာကြသည်။
"မှန်တယ်၊ မှန်တယ်။ ခင်မင်ရင်းနှီးမှုက အရင်လာတာ"
အဓိကစားဖိုမှူးတစ်ယောက်ချင်းစီက ထောက်ခံလာကြသည်။
"အင်း...ဘာပဲဖြစ်ဖြစ်လေ။ ကျွန်တော်ကပဲ အနိုင်ရမှာပဲ။ သံသယဖြစ်စရာမရှိဘူးရယ်"
ချူးရှောင်း ထုတ်ပြောလိုက်သော စကားလုံးများ ကြောင့် လူတိုင်းက ဆွံ့အကုန်ကြသည်။
"ဒီလူငယ်လေးက ငယ်ရွယ်ပြီး မောက်မာလွန်းတယ်။ အရင်နှစ်တွေတုန်းက မင်း အနိုင်ရခဲ့တာ ဖြစ်ကောင်းဖြစ်မှာပေါ့။ အခုတော့ ဒါက မသေချာဘူး"
လီယန်ရိက ဟမ့်ခနဲလုပ်ပြီး တဲ့တိုးပြောလိုက်သည်။
"အိုး ခင်ဗျား ဆိုလိုတာ သူလား"
ချူးရှောင်းက ယွမ်ကျိုးကို လက်ညှိုးထိုးပြီး လီယန်ရိကို စိတ်အားထက်သန်စွာ ကြည့်ရင်း ပြောလိုက်သည်။
ဥက္ကဋ္ဌမိုက တစ်ခါက ပြောခဲ့ဖူးသည်။
"မင်းက ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ရင်တောင် ဘယ်တော့မှ အထင်မသေးနဲ့" ဟူ၍ပင်။
ချူရှောင်းက ယွမ်ကျိုးအပေါ် အငြိုးမရှိသော်လည်း အလေးအနက်မထားပဲ အနည်းငယ်စိတ်၀င်စားမှုသာ ပြခဲ့သည်။
"ဟုတ်တယ်"
လီယန်ရိက ခေါင်းညိတ်လိုက်သည်။မည်သို့ပင် ဖြစ်စေ၊ ချူးရှောင်းက အပြုံးတုနှင့်သာ တုံပြန့်ခဲ့သည်။
"စိတ်တော့မရှိပါနဲ့။ ကျွန်တော့်ကို တခြားသူတွေ လက်ညှိုးထိုးတာ မကြိုက်ဘူး။
ခင်ဗျားရဲ့လက်ကို အောက်ချလိုက်ပါ။ ခင်ဗျားရဲ့အင်အားလာပြနေတာက ခင်ဗျားကို အထင်သေးမိအောင် လုပ်နေတာပဲ။ ပြီးတော့ ဟင်းပွဲတွေနဲ့မဆိုင်ရင် ခင်ဗျားရဲ့လက်တွေကို မသုံးသင့်ဘူး"
ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"အိုး....."
ဒါကို ကြားလိုက်ရသည့် ချူးရှောင်းက ယွမ်ကျိုးကို အံ့ဩသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"ကျွန်တော်တို့ အခု စလို့ရပြီလို့ ထင်ပါ တယ်။ ကျွန်တော်က နံပါတ် ၄ ပါ။ ခင်ဗျားကရော"
ယွမ်ကျိုးသည် အနည်းငယ်စိတ်ဝင်စားမှုပြနေသော ချူးရှောင်း၏အကြည့်ကို အမှန်တကယ် ဂရုမစိုက်ဘဲ ချက်ချင်းမေးလိုက်သည်။
"မင်းက ငါနဲ့ယှဉ်ချင်တာလား"
ချူးရှောင်းက အနည်းငယ်ရယ်ပြီးပြောလိုက်သည်။ သူ၏အနံ့ခံအာရုံသည် သာမန်လူများထက် ငါးဆပိုအာရုံခံနိုင်သောကြောင့် ဤပြိုင်ပွဲတွင် မည်သူမျှ သူ့ကို ယှဉ်ပြိုင်ဝံ့မည်မဟုတ်ချေ။ သူ၏ အဆက်မပြတ်လေ့ကျင့်မှုများပြီးနောက်၊ သူသည် အစားအစာတစ်ခုချင်းစီ၏ မူလစလုပ်ချိန်၊ ရင့်မှည့်မှုအဆင့်နှင့် လတ်ဆတ် မှုကို ခွဲခြားသိမြင်နိုင်ခဲ့သည်။ ထိုကဏ္ဍ တွင် မည်သူမျှ သူ့ကို ယှဉ်နိုင်ခြင်းမရှိပေ။
"ခင်ဗျား မှားနေပြီ။ ဒါကသာ ပြိုင်ပွဲရဲ့ အဓိကအချက်ပဲလေ "
ယွမ်ကျိုးက အနိုင်ရရန် ဆန္ဒမရှိသလိုမျိုး အေးအေးဆေးဆေးပြောခဲ့သည်။
"မင်းက အတော်လေး ယုံကြည်စိတ်ချနေပုံပဲ။ ဒီတော့ တံခါးဝမှာတုန်းက ခက်ခဲတဲ့မေးခွန်းက မင်းကို ယုံကြည်မှုတွေ ပေးလိုက်တာလား"
အကြိုပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ယွမ်ကျိုး၏ယုံကြည်စိတ်ချမှုကို ချူးရှောင်းက အသိအမှတ်ပြုသည်။ ထို့ကြောင့် သူက ဟာသလုပ်ကာ ပြောလိုက်ခြင်းဖြစ်သည်။
"အခု ပြိုင်ပွဲကို စတင်သင့်ပြီလို့ ကျွန်တော် ထင်တယ်။ တကယ်တော့ အချိန်ဖြုန်းတာက မကောင်းဘူး"
ယွမ်ကျိုးသည် ချူးရှောင်းကို ဂရုမစိုက်တော့ချေ။ ထိုအစား သူ့ဖုန်းထဲက အချိန်ကို စစ်ဆေးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ချူးရှောင်းက ယွမ်ကျိုး၏တိတ်ဆိတ် သွားမှုကို ဂရုစိုက်မနေချေ။ စိတ်၀င်တစား အကြည့်ဖြင့် သူက ခေါင်းငုံ့ပြီး အင်္ကျီကို ပြင်လိုက်သည်။
"ဟုတ်တယ်။ ဒီမာစတာ ပြောတာမှန်တယ်။ ကျွန်တော်တို့ အခုပြိုင်ပွဲကို စတင် သင့်နေပြီ"
လူတိုင်းက တစ်ဦးနှင့်တစ်ဦး ဓားသွားတွေလိုဖြစ်လာသည်ကို မြင်သောအခါ တရုတ်စားဖိုမှူးမဟာမိတ်ဥက္ကဋ္ဌက သူတို့ကို မတားဆီးခဲ့ပေ။ ယွမ်ကျိုးက သူ့ကို သတိပေးသည့်အခါမှ ဖျန်ဖြေဖို့ ထွက်လာခဲ့သည်။ ၎င်းက သူသည် ဤပြိုင်ပွဲကို အရေးမစိုက်သောကြောင့် မဟုတ်ဘဲ၊
လူငယ်စားဖိုမှူးများသည် သူတို့၏ ကိုယ်ပိုင်မာနထောင်လွှားမှုနှင့် ဂုဏ်ယူမှုရှိ သင့်သည်ဟု သူ ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ စီနီယာများသည် ဤနေရာတွင် ရှိနေဆဲ ဖြစ်သောကြောင့် သူတို့ ဘယ်တော့မျှ အလွန်အကျွံ လုပ်မည်မဟုတ်ပေ။
သူတို့ ဤအရာများကို လုံးဝဂရုမစိုက်ခဲ့ လျှင်တောင် ထိုလူအများစုက ဆိုးဆိုးဝါးဝါးတော့ လုပ်ကြမည်မဟုတ်ပါ။
အမှန်မှာ အခြားသူများထက် ထူးချွန်လိုစိတ်ရှိသည့်ဆန္ဒကသာ အကျိုးသင့်အကြောင်းသင့်စွာ လူတို့ကို တိုးတက်စေမည် ဖြစ်သည်။
"ပထမအကြိမ်က ဒီပစွည်းတွေနဲ့ စတင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲ၀င်နံပါတ် ၁။ ကျေးဇူးပြုပြီး၊ ဒီကိုလာပြီး အဖြေများကို ပြောပြပါ"
သဘာပတိက ပြိုင်ပွဲစတင်တော့မည်
ဟု တိုက်ရိုက်အချက်ပြပြီး ပြောလိုက်သည်။ ဤပြိုင်ပွဲတွင် ထူးဆန်းသော စည်းကမ်းတစ်ခု ရှိသည်။ ပြိုင်ပွဲ၏ ဖွဲ့စည်းပုံကော်မတီ သည် အစားအစာ ပါ၀င်ပစ္စည်း(၅၀၀)ကို ဦးဆုံးရွေးချယ် လိမ့်မည်။ ထို့နောက် နံပါတ် ၁ မှ ၁၂ ထိ ပြိုင်ပွဲဝင်သူများသည် ဟင်းလျာတစ်ခုအဖြစ် ပြုလုပ်ရန် အစားအစာအတွက် အသင့်တော်ဆုံးအချိန်နှင့် မူလအစ၊ ရင့်ကျက်မှုနှင့် အသင့်တော်ဆုံးအချိန်ကို ခွဲခြားတတ်ရန် လိုအပ်သည် ။
ပထမဆုံးပါ၀င်ပစွည်းကို နံပါတ် ၁ ပြိုင်ပွဲ၀င်က အရင် ခွဲခြားရမည်ဖြစ်သည်။
သူသာ ခွဲခြားနိုင်ပါက နောက်တစ်ယောက်က နောက်ထပ်ပါ၀င်ပစွည်းကို ခွဲခြားရမည် ဖြစ်သည်။ အကယ်၍ သူ မလုပ်နိုင်ခဲ့လျှင် တခြားတစ်ယောက်က ထပ်၍ ခွဲခြား ပြရမည် ဖြစ်သည်။
သုံးကြိမ်ဆက်တိုက်မအောင်မြင်ခဲ့လျှင်၊ ထိုသူသည် ဖယ်ရှားခံရလိမ့်မည်။ အစားအစာပါ၀င်ပစွည်းများအားလုံး ခွဲခြားပြီးသောအခါ ကျန်ခဲ့သောပြိုင်ပွဲဝင်များသည် နောက်နေ့တွင် ပြိုင်ပွဲကို ထပ်လာကြရမည်ဖြစ်သည်။ ထိုသို့သောနည်းလမ်းသည် အမှန်တကယ် တရားမျှတမှုမရှိသော်လည်း သဘာပတိက ကံကောင်းမှုသည်လည်း လူတစ်ဦး၏စွမ်းရည်ပင်ဖြစ်သည်ဟု ယုံကြည်ခဲ့သောကြောင့် ယွမ်ကျိုးရရှိခဲ့သော နံပါတ် ၄ သည် ကောင်းသောနံပါတ် ဖြစ်သည်။
သို့သော် ချူးရှောင်း၏ နံပါတ်မှာ ယွမ်ကျိုးထက်ပို၍ ရှေ့ရောက် ပြီး နံပါတ် ၂ ဖြစ်နေသည်။ ဦးဆုံးတွေ့ရသည့်အရာမှာ အစိမ်းရောင်ငရုတ်သီးရိုင်း အတော်များများဖြစ်ပြီး ယင်းတို့သည် ခွဲခြားသိမြင်နိုင်ရန် အလွယ်ကူဆုံး ဖြစ်သည်။
ယှဉ်ပြိုင်သူ နံပါတ်(၁)သည် မျက်မှန် ထူထူတစ်လက်တပ်ထားပြီး အတော်လေး သာမန်ပုံပေါက်သော အရပ်မြင့်မြင့် လူငယ်တစ်ဦးဖြစ်သည်။ သူက အေးအေး ဆေးဆေးတက်သွားပြီး အသေအချာ ကြည့်လိုက်သည်။
စည်းမျဉ်းများအရ သူသည် ၎င်းကို ထိ ခြင်းမရှိသလို အနံ့ကိုလည်း မရှူနိုင်ခဲ့ပေ။(၁)မိနစ်လောက် ကြာသောအခါ သူက ဆက်တိုက် ပြောလာသည်။
"ဒါကို ငရုတ်သီးရိုင်း၊ ငရုတ်သီးမှုန့်နဲ့ ငရုတ်ကောင်းစေ့အနီလို့လည်း ခေါ်တယ်။
ရှေးကဗျာတွေထဲမှာတောင် ပါတယ်။မွှေးကြိုင်တဲ့ ပူစပ်စပ်ဟင်းလျာတွေကို ချက်ပြုတ်တဲ့နေရာမှာ အကောင်းဆုံးအသုံးပြုကြတယ်။ အနီရောင် မဟုတ်ရင် အစိမ်းရောင်ငရုတ်သီးရိုင်း နှစ်မျိုးစလုံးအသုံးပြုလို့ရတယ်။ ရင့်မှည့်တဲ့ရာသီက ဇူလိုင်လ မှ စက်တင်ဘာလအထိ ဖြစ်ပါတယ်"
"ဒီငရုတ်သီးရိုင်းရဲ့ မူလအရင်းအမြစ်ကတော့ သူ့ရဲ့ပြင်းထန်သောရနံ့ကို ကြည့်ရင် ချန်ဒူဒေသမှ ထုတ်လုပ်တာလို့ ယူဆရပါတယ်။ အဲ့ဒီမှာရှိတဲ့ ငရုတ်သီးရိုင်း အရသာက အစစ်အမှန်ဆုံးပါပဲ"
မျက်မှန်တပ်ထားတဲ့လူငယ်က ယုံကြည်စိတ်ချစွာ ပြောပြီးတဲ့နောက် နောက်ဆုတ်ဖို့ ပြင်ဆင်လိုက်သည်။
"တောင်းပန်ပါတယ်။ ဒါပေမဲ့ သဘောမတူဘူး"
ချူးရှောင်းက ရှေ့ထွက်လာပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။သို့သော်လည်း ယွမ်ကျိုးမှာမူ တိတ်ဆိတ်စွာရပ်နေပြီး တုံ့ပြန်မှုမရှိခဲ့ပေ။
ယင်းအစား သူသည် ရုတ်တရက် ပြိုင်ပွဲအတွင်းသို့ ၀င်လာသောသူများကို စိတ်ဝင်တစားကြည့်လာခဲ့သည်။
...
ယွမ်ကျိုး အပိုင်း(၃၇၄)
ပြီးပါပြီ။