အခန်း (၃၇၅-၃၇၆)
Vol. 28 Ch. 375-376
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇၅)
အခုလေးတင် ခန်းမထဲသို့ ၀င်လာသော သူများမှာ ဝူဟိုင်းနှင့် လင်းဟုန် အပါအ၀င် လူခြောက်ယောက် ဖြစ်သည်။ ယွမ်ကျိုး လှည့်ကြည့်သည်ကို မြင်သောအခါ တန်ရှီက လက်ယမ်းပြပြီး စိတ်လှုပ်တရှား နှုတ်ဆက်လိုက်သည်။
"ဟိုင်း သူဌေးယွမ်"
ယွမ်ကျိုးကမူ ချူးရှောင်း၏ 'ငါ အတော်ဆုံး' ဟူသော အမူအရာများကြောင့် တံခါးဆီသာ တန်းတန်းမတ်မတ် လျှောက်သွား လိုက်သည်။ ယွမ်ကျိုး မှန်ပေသည်။ချူးရှောင်းမှာ အမှန်ပင် လူတတ်ကြီးလုပ်နေပြီဖြစ်သည်။
"အသေးစိတ်ဆိုရင်တော့ ဒါကို ဇန်သိုဆီလမ် ရှီနီဖိုလီယမ်" လို့ ခေါ်သင့်တာ။ ပြီးတော့ သူတို့ကြားမှာ တကယ်ကို ကွာခြားတာ တွေရှိတယ်"
တခြားသူများ ဝင်ရောက်မပြောဆိုခင်
ချူးရှောင်းက တဲ့တိုး၀င်ပြောလိုက်သည်။
"ဆရာချူး၊ ကျွန်တော် ပြောခဲ့ပါတယ်။ 'ဇန်သိုဆီလမ် ရှီနီဖိုလီယမ်'လို့လည်း ခေါ်တယ်လို့"
မျက်မှန်နှင့်ပြိုင်ပွဲ၀င်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ သူသည် ယှဉ်ပြိုင်ရလွယ်ကူသည့်သူ မဟုတ်ပေ။
"ဒါဆို အဲ့ဒီကွာခြားချက်တွေကို ကျွန်တော် ဆက်ပြောပြပေးမယ်။ ခင်ဗျားလည်း သိရင် ၀င်ပြောလို့ရပါတယ်"
ချူးရှောင်းက လက်ကိုဆန့်ပြီး 'ဆက်လုပ်ပါ' ဟူသောလက်ဟန်ကို ပြလိုက်သည်။ မျက်မှန်နှင့် ပြိုင်ပွဲ၀င်စားဖိုမှူးမှာ စိတ်ရှုပ်နေသောအမူအရာဖြင့် ဒိုင်လူကြီးသုံးဦးကို ကြည့်လိုက်သည်။
"သူပြောပါစေ။ သူ ဘာတွေပြောနိုင်သလဲ ကြည့်ရအောင်။ ဒါပေမဲ့ ဆရာလျူ ခင်ဗျားလည်း မှန်ပါတယ်"
အစားအသောက်ဝေဖန်ရေးသမား ကတ်ပြားရှေ့က သက်လတ်ပိုင်းအမျိုးသားက ချူးရှောင်းကို ရယ်ချင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး မျက်မှန်နှင့် ပြိုင်ပွဲ၀င်အား နူးညံ့စွာ ပြောလိုက်သည်။
"ကောင်းပြီ ဆရာချူးကပဲ။ လမ်းညွှန်ပေးပါဦး"
မျက်မှန်နှင့် ပြိုင်ပွဲ၀င်က အံကြိတ်ပြီး ပြောလိုက်သည်။ ချူးရှောင်းက ခေါင်းညိတ်ပြပြီး 'ကျေးဇူးပါ' ဟု ဆိုရင်း ဆက်ပြော ပြန်သည်။
"ဇန်သိုဆီလမ် ရှီနီဖိုလီယမ် က Rutacea မျိူးနွယ်ဝင် အစိမ်းရောင်ပန်းငရုပ်ကောင်းပင်ပဲ သူတို့က ဆေးဖက်၀င်တယ် အပင်ထိပ်ပိုင်းမှာ ၂တောင့် ၃တောင့် စီ အတူတွဲသီးတတ်တယ်"
"အသီးအရှည်က ၃ပေ၄ပေ လောက် ရှိပြီး အညှာ တိုတယ် "
"အပြင်ဘက်အခွံ က မီးခိုး၊စိမ်းဝါ၊ အညိုရောင် အမျိုးစုံ ရှိတယ်၊ မျက်နှာပြင်က အကွက်လို ပုံစံတွေရှိ ပြီး အဆီအိတ် သေးလေးတွေ ပါတယ်၊အဲဒီအဆီအိတ် အများစု ကလျော့ရဲရဲ ဖြစ်နေ တတ်တယ်၊
အတွင်းသား က ချောပြောင် ပြီး မီးခိုးဖြူရောင် ၊ အဝါရောင် ဖြစ် တတ်တယ်
အတွင်းသား နဲ့ အပြင် ခွံ က
ကွာထွက် နေတာမျိုး ရှိပြီး တခါတလေ တွန့်လိမ်နေတယ် ၊အစေ့ တွေက အနက်ရောင် အလုံးလေးတွေ ၊အနံ့က မွှေး ပြီး အရသာက အစမှာ ချိုသလိုနဲ့ နောက်ဆုံးမှာ ပူစပ်စပ်ပဲ ခံစားရတယ်၊ဒါတွေက ဇန်သိုဆီလမ် ရှီနီဖိုလီယမ်ရဲ့ အခြေခံအချက် တွေပါ"
"အနီရောင် တောငရုတ်သီး က Rutacea မျိုးနွယ်ပန်းငရုပ်ပင်အနီက ရတာဖြစ်ပြီး အစားအစာနဲ့ ဆေးအဖြစ် သုံးကြတယ်။ အသီးက လုံးဝိုင်းပြီး သေးသေးလေး ဖြစ်နေတယ် ၊
အရွယ်အစားက ၄-၅မီလီမီတာ
လောာက် ရှိတယ် ၊အောက်ခြေမှာ အညှာတံလေးနဲ့ မဖွံဖြိုးသေးတဲ့ အရွက် တစ်ရွက်နှစ်ရွက် ရှိတတ်တယ်။
အပြင်အခွံက အနီညိုရောင် ၊ ခရမ်းနီရောင် ဖြစ်ပြီး ခြောက်ရင် ရှုံ့သွားတယ်၊
အခွံက အဖုလေးတွေနဲ့ အဆီအိတ်
တွေ ပါတယ်"
"အတွင်းသားက ပါးပြီး ၀ါဖျော့ဖျော့ အရောင်နဲ့ပြောင်ချောနေတယ်၊
အစေ့တွေက အနက်ရောင် ဖြစ်ပြီး ထူးခြားတဲ့ ရနံ့ရှိတယ် ပူစပ်စပ် အရသာက အချိန်ကြာကြာ စွဲနေတတ်တယ်"
"ဒါကြောင့် ဒီ ငရုတ်ကောင်း နှစ်မျိုး ရဲ့ ပုံစံနဲ့ ထိတွေ့ရတဲ့ကဏ္ဍမှာ ကြီးမားတဲ့ မတူညီ မှု့တွေ့ရှိကြတယ်"
ချူးရှောင်းက ကောက်ချက်ချရင်း စကားကို အဆုံးသတ် လိုက်သည်။
"ဒီလိုဆိုရင်တောင် ကျွန်တော် မမှားခဲ့ ဘူးလေ"
မျက်မှန်နှင့် စားဖိုမှူးက သူသည် ရိုးရှင်းစွာ ဖြေခဲ့မိ၍ အမှားမရှိ ဟုသာ တွေးလိုက်သည်။
"အခု ခင်ဗျားရဲ့အကြီးမားဆုံး အမှား ကတော့ ခင်ဗျား မမှားဘူးလို့ ငြင်းနေတာပဲ"
ချူးရှောင်းက မျက်မှန်နှင့် စားဖိုမှူးကိုလှည့်ပြီး ပြောလိုက်သည်။
"ဒီလိုမျိုးတွေ ကွာ ခြားနေလို့ ဒီငရုတ်သီးရိုင်း နှစ်မျိုးက မတူညီတဲ့ ဟင်းလျာတွေမှာ ထဲ့သုံး ကြတာလေ"
"ငရုတ်သီးအနီက အရသာပြင်းထန်လို့
ပူစပ်စပ်နဲ့ ခပ်လေးလေး အရသာရှိတဲ့ ဟင်းလျာချက်ပြုတ်ဖို့ ပဲ သင့်တော်တယ်။ ဥပမာ၊ ကြက်အစပ် ကြော်လိုမျိုး။ ဒါနဲ့ ဆန့်ကျင့်ဘက်ကတော့
ဇန်သိုဆီလမ် ရှီနီဖိုလီယမ်ပဲ။ သူက အထုံအရသာပါတဲ့ ဟင်းပွဲတွေမှာ ရော၊လတ်ဆတ်ပြီး မွှေးကြိုင်တဲ့ ရနံ့ရ ဖို့ ကော သုံးလို့ရတယ်။ ငရုတ်သီး မြေအိုး၀က်သားကြော်လိုပေါ့"
ချူးရှောင်းက တလုံးချင်း အေးဆေးစွာ ပြောလိုက်သည်။
"ဆရာချူး ခင်ဗျားမှာ တကယ့်ကို ထူးခြားတဲ့ဝါသနာ ရှိတာပဲ"
မျက်မှန်နှင့် ပြိုင်ပွဲ၀င်က အံ့ကြိတ်ပြီး ပြောလိုက်သည်။
ထိုလူပြောသော ဝါသနာမှာ စကားဖြင့်
ကဖျက်ကယက် လုပ်တတ်သည့်အကျင့်ကို ပြောခြင်းဖြစ်သည်။
ထိုလူက ပြောပြီးနောက် လှည့်မကြည့်ဘဲ တံခါးဖွင့် ထွက်သွားတော့သည်။
"ဆရာရှင့် နားနေခန်းက အရှေ့မှာပါ "
၀န်ထမ်းမိန်းကလေးက လှမ်းပြောလိုက်သည်။
"မလိုဘူး ကားယူပြီး သွားတော့မယ်"
မျက်မှန်နှင့်လူ က အရှက်ရသလို
ခံစားရသဖြင့် ဆက်မနေချင်တော့ပေ။
သူက ပထမဆုံးအကြိမ်တွင် အဖြေမှားပြီး အကြောင်းရင်းမရှိပဲ စကားဖြင့်လည်း စော်ကားခံရသည်။
သဘာ၀ကျစွာ သူကဒီနေရာမှာ ဆက်နေစရာ အကြောင်း မရှိ တော့ဟု ခံစားလိုက်ရသည်။
မျက်မှန်နှင့်တစ်ယောက် ထွက်သွားသော အခါ လီယန်ရိက အတွေးနက်သည့် ပုံစံဖြင့် ပြောလိုက်သည်။ "မာကျောတဲ့ အရာတွေက ကျိုးပဲ့ဖို့
လွယ်တယ်ကွ"
အထိန်းအကွပ်မဲ့ ပြုမှု တတ်သော ချူရှောင်းကိုလား ၊ ထွက်သွားသော လူ ကို ပြောနေသည်လား တော့ မည်သူမှ မသိကြပေ။
"ဒုတိယတစ်ခုက ကျွန်တော်အလှည့်ပဲ"
ချူးရှောင်းက မျက်မှန်နှင့်လူ ကိစ္စကို
ဂရုမထားပဲ ၀န်ထမ်းမိန်းကလေး ကို ပြောလိုက်သည်။
ဒုတိယမြောက် ပါ၀င်ပစွည်းမှာ ပုံမှန်ထက် အနည်းငယ် ထူးခြား သည့် အ ညောင့်ပေါက်နေသည့်ပဲများ ဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် ယွမ်ကျိုးအတွက် အဖွင့် ခေါင်းစဉ်မှာ တို့ဖူးဖြစ်ပြီး ချူးရှောင်းကမူ ပဲညွန့်များ ဖြစ်သည်။
"သူဌေးယွမ် ဒီလူက မောက်မာလွန်းတယ်"
ပြိုင်ပွဲတစ်ခုလုံးကို ကြည့်နေခဲ့သည့် တန်ရှီက ဘေးကနေ အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"အင်း သူက ယုံကြည်မှု့ လွန်ကဲနေတာ"
ယွမ်ကျိုးက ခေါင်းငြိမ့်လိုက်သည်။
လင်းဟုန်က ရုတ်တရက် ၀င်ပြောလိုက်သည်။ "ဒီလူက ချူးရှောင်း ပဲ ဖြစ်ရမယ် သူဘယ်တုန်းက နိုင်ငံခြားက ပြန်လာတာလဲ"
“သူ့ကို သိလား”
ယွမ်ကျိုးက ချုးရှောင်ကို တကယ် မသိ၍ သူ့အတွက် ဤလူက ဘာမှမဟုတ်ပေ။
အကယ်၍ သိခဲ့ရင်တောင်…ဘာမှထူးခြားနေမည် မဟုတ်ပါ။
ဟာသပဲ!
ချုးရှောင် မည်မျှ နာမည်ကြီးဖြစ်ပါစေ
…
ဝူကျီ တောင်က ရှန်းဝက်ကို မြင်ဖူးပါလား။
မန်ဂလီကာ ဝက်ကို စားဖူးလား?
မျိုးတုန်းသွားပြီဖြစ်သည့် လတ်ဆတ်သော အရသာနှင့် အမဲသားကို သိပါသနည်း။
ဟင်းရွက်များကို ဆေးကြောရန်
သက်သက်အတွက် တောင်ထိပ်က နွေဦး သန့်စင်ရေ သုံးဖူးပါရဲ့လား။
ထို့အပြင် ယွမ်ကျိုး၏ ဟင်းချက်လက်ရာကလည်း အလွန် ကောင်းသည်။
ယောကျာ်းတစ်ဦးအတွက် အသက်ရှင်မလား သေမလားက
အရေးမကြီးပါ။
တစ်စုံတယောက်က စိန်ခေါ်လာရင်… လက်ခံရမှာပဲဖြစ်သည်။
ထို့ကြောင့် ချုးရှောင်က နာမည်ကျော်ကြားရင်တောင် ယွမ်ကျိုး ကတော့ ကြောက်မနေပေ။
စနစ်က ပေးထားတဲ့ အခွင့်အရေးများနှင့် ကိုယ်တိုင် ကြိုးစားအားထုတ်ထားမှုများကြောင့် သူ့က ပိုတော်သည်လို့ ယုံကြည်ထားတာ ဖြစ်သည်။
လင်းဟုန်က ဝူဟိုင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ဒီကောင်က ပန်းချီဆွဲရင်
သူ့အရွယ်တူတွေထဲမှာ အကောင်းဆုံးပဲ။ ဟင်းချက်ရင်တော့…ဆရာချုးရှောင်က အတော်ဆုံးပဲ သူက အရမ်း နာမည်ကြီးလွန်းတယ်”
ဝူဟိုင်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“မင်း သွားစားဖူးလား”
လင်းဟုန် ခေါင်းညိတ်လိုက်သည်။
“အရင်တစ်ခါ သွားစားတုန်းက ၈လ စောင့်ပြီးမှ အလှည့်ရခဲ့တာ”
ဝူဟိုင်းက အဓိက အချက်ကို မေးလိုက်သည်။
“အရသာဘယ်လိုလဲ?”
ယွမ်ကျိုးက ချုးရှောင်ကို စိုးရိမ်စိတ် မရှိသည့် မျက်နှာဖြင့်အေးအေးဆေးဆေး ကြည့်နေသည်။
ထိုပုံစံကြောင့် ဇာတ်လမ်းရှည်ရှည် ပြောချင်နေသည့် လင်းဟုန်တောင် အသံတိတ်သွားရသည်။
ဘေးမှာရပ်နေတဲ့ မန်မန်က မနေနိုင်တော့ပဲ မေးလိုက်သည်။
“ပြောလေ… ဘယ်လိုလဲ”
တန်ရှီက နှုတ်ခမ်း တွေကို စုဖောင်းပြီး "ယွမ်ကျိုးက အကောင်းဆုံး" ဟူသောအမူအရာဖြင့် “Boss ယွမ်ရဲ့ ဟင်းပွဲထက် မကောင်းဘူးဆိုတာ သေချာတယ်”
လင်းဟုန်က သက်ပြင်းချပြီးပြန်ပြောသည်။
“ဟုတ်တယ်… အရသာက သူဌေးယွမ်လောက် မကောင်းဘူး။
ဒါပေမယ့် ဖန်တီးမှု့ လက်ရာပိုင်းမှာတော့ သူဌေးယွမ်ထက် မညံဘူး"
တန်ရှီ က ချက်ချင်း ပြန်ငြင်းလိုက်သည်။
“အရသာမကောင်းရင် လက်ရာလည်း မကောင်းတာပဲ”
လင်းဟုန်က ခေါင်းရမ်းလိုက်သည်။
“မဟုတ်ဘူးကွာ…သူဌေးယွမ်ရဲ့ဟင်းက အရသာကောင်းတာဟာ လက်ရာ ကြောင့်ပဲ မဟုတ်ဘူးလို့ ခံစားရတယ်”
ယွမ်ကျိုးက အချိန်မီ ၀င်ပြောလိုက်သည်။
“ချီးကျူးပေးလို့ ကျေးဇူးပါပဲ။”
တန်ရှီက တိုးတိုးလေး အော်လိုက်သည်။
“ဟေ့၊ အဲ့ဒီလူ ဟင်းစချက်တော့မယ်။ သူဌေးယွမ် သွားကြည့်ပါဦး တကယ်ကောင်းလား မကောင်းလားကိုး”
မန်မန်က သွားဖို့ တိုက်တွန်းသည့် ဟန်ဖြင့် “သွားပါ! ရန်သူကို သိပြီး ကိုယ့်ကိုယ်ကို သိရင် တိုက်ပွဲတစ်ရာဆိုရင်တောင် မရှုံးဘူး”
သူ့ ဖောက်သည် အားလုံးက
“သွားပါ” လို့ တစ်ပြိုင်နက် ပြောလိုက် ကြသည်။
ယွမ်ကျိုး၏ စိတ်ထဲမှာတော့ "ပီကာချူ သွား သွား"ဟူသော မြင်ကွင်း နှင့် တူသည် ဟု ခံစား လိုက်ရသည်။
သူသာ သွားလိုက်လျှင် လျှပ်စစ်ထုတ် နိုင်သည့် ချစ်ဖို့ကောင်းသည့် အကောင်ပေါက်လေး ဖြစ်လာတော့ မလိုပင်။
ယွမ်ကျိုးက အတွေးတွေကို ဖယ်ရှားပြီးနောက် တည်ငြိမ်စွာ သွားလိုက်သည်။
မျက်မှန်နှင့် စားဖိုမှူးက ကြည့်ခြင်း၊ အနံ့ရှူခြင်း၊ ထိတွေ့ခြင်း စသည့် ပုံမှန်နည်းလမ်းဖြင့် တရုတ်ဆေးပညာနဲ့ သွေးကြောစမ်း နေသလိုမျိုး လုပ်ပြီး အကဲဖြတ်ခဲ့တာ ဖြစ်သည်။
သို့သော် ချုးရှောင်ကတော့
နေရာကို ရောက်ပြီးနောက် ၂၀ စက္ကန့်လောက်ပဲ ကြာပြီး ဖြေလိုက်သည်။
“ဒီပဲတွေက နွေဦးပဲနဲ့ စလုပ်ထားတာ ၆ ရက်ကြာမှ ပေါက်လာတယ်။
မျိုးဖောက်ချိန်မှာ ဖျင်ကြမ်းအစ နဲ့
ဖုံးထားတယ်။ ဒါပေမဲ့ အနံ့ပြင်းလွန်းတယ်။ အနံ့မရှိတဲ့ ချည်ထည်ကို သုံးရင် ပိုကောင်းမယ်”
စကားနည်းနည်းပဲဆိုသော်လည်း…လူတိုင်းကို တိတ်သွား စေခဲ့သည်။
သူကတကယ်ပင် တော်လွန်းသည်။
ပဲပင်ပေါက်မှ ပဲစေ့ ကအနံ့ပြင်းပြီး ကစော် အရသာ ထွက်လာမည်ဖြစ်သည်။
ထို့ကြောင့် အနံ့ဖုံးရန် ဖျင်ကြမ်းထည် သုံးခဲ့ခြင်း ဖြစ်သည်။
မည်သည့်အနံ့မှ မထွက်စေရန် ပင်။
ယခုလို အခြေအနေအောက်မှာ
နွေဦးပဲပင်ပေါက် နှင့် ဖျင်ကြမ်းထည် သုံးထားကြောင်းကို အသေးစိတ် ခွဲခြားနိုင်သော ချုးရှောင်က ဘယ်လောက်တော်လဲဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်နေပြီဖြစ်သည်။
သို့သော် ယွမ်ကျိုးက တစ်ခါတစ်လေ
အနည်းငယ် ဆိုးသွမ်းသည့် စိတ်ဝင်စားမှု ရှိတတ်သည်။
ယခု သူ့အလှည့် ရောက်သည့်အခါမှာ သူသည်လည်း ခပ်မိုက်မိုက်လုပ်ပြရန် ဆုံးဖြတ်လိုက်လေသည်။
ယွမ်ကျိုး
“…”
အပိုင်း(၃၇၅)
ပြီးပါပြီ။
၃၇၆ မှ ၃၈၀
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇၆)
"ဒီပဲက နွေဦး ရာသီနဲ့ ဆောင်းကူး နွေပြောင်းတဲ့အချိန်ကြားမှာ ဖောက်ထားတဲ့ ဟာပဲ ၊ သုံးပုံတစ်ပုံက အဲဒီကာလ လောက်ပဲ "
ယွမ်ကျိုးက တည်ငြိမ်စွာ သူ့ အကဲဖြတ်မှု့ကို ထုတ်ပြောလိုက်သည်။
"မင်းပြောတာ မှန်လောက်မှာပါ ၊ ဒါပေမယ့် ငါ ပြောလို့မပြီးသေးဘူး"
ချူးရှောင်းက လှည့်ပြီး ယွမ်ကျိုးကို တစ်ချက်ငဲ့ ကြည့်ကာ ဆက်လက် ပြောဆိုလိုက်သည်။
"ဒီဆရာပြောပြီးသားကိုတော့ ထပ်မပြောတော့ပါဘူး"
"ဒီပဲအိုးကို ထိခဲ့တဲ့ လူသုံးယောက် က အားလုံး မိန်းကလေးတွေပါပဲ၊ အစားအသောက်ကို ထိတွေ့တဲ့ မိန်းကလေးတွေက ရေမွှေး မသုံးသင့်ဘူးလို့ အကြံပြုချင်ပါတယ်"
ချူးရှောင်းက ပခုံး တွန့် ကာ ဆက်လက် ပြောလိုက်သည်။
ယွမ်ကျိုးက ကြားဖြတ် ပြောဆိုခဲ့သော်လည်း ချူးရှောင်းအနေဖြင့် အဆင်မပြေတာ မရှိဟု ခံစားရသည်။
အခြားသူတွေ မှားယွင်းတဲ့ အချက်အလက် ပြောနေလျှင်တောင် ကိုယ်တိုင်က အမှန် ပြင်ပြောနိုင်သူ ဖြစ်သောကြောင့် ဖြစ်သည်။
"ကျွန်တော် ပြောလို့ပြီးပါပြီ၊ ဒါပါပဲ "
ချူးရှောင်းက ပြောပြီးသည်နှင့် ချက်ချင်း သူ့နေရာသို့ လှည့် ပြန်သွားသည်။
သူသည် အမှားအယွင်းများကို မည်သည့်အခါမှ လက်ခံမည့်သူ မဟုတ်ပေ။
သို့သော် ယွမ်ကျိုးကမူ ထွက်ပေါ်လာသည့် ရေမွှေး ရဲ့ မတူညီတဲ့ အနံ့တွေကို တစ်ယောက်တည်း စဉ်းစားနေမိသည်။
"ပြောရရင် ဒီ ရေမွှေးတွေမှာ တစ်ခုချင်းစီ နာမည်ရှိကြမှာပဲ၊ ငါ ဒီဘက်မှာ သိတာ နည်းနည်းလေးပဲ ရှိနေသေးတယ်"
ယွမ်ကျိုးက ရနံ့ကို သိသော်လည်း နာမည်တွေကို ချက်ချင်း ထုတ်မပြော နိုင်ခဲ့ပေ။
ထို့ကြောင့် ပြန်ရောက်သွားလျှင် မိမိ၏ အသိပညာ နယ်ပယ်ကို ပိုမို ချဲ့ထွင်ရန် စိတ်ထဲမှာ ဆုံးဖြတ်လိုက်သည်။
အသိပညာ ကျယ်ပြန့်လာတာက အမြဲတမ်း ကောင်းသည့်အရာ ဖြစ်သည်။
ယွမ် ကျိုးက စတုတ္ထမြောက် ပြိုင်ပွဲဝင် ဖြစ်သည့်အတွက် အကြာကြီး မစောင့်ရပေ။
"ဒီနေ့ ငါ့ကံက အံ့ဩစရာ ကောင်းလောက်အောင် ကောင်းနေတာပဲ"
ယွမ်ကျိုးက တိတ်တိတ်လေး သက်ပြင်းချကာ ပန်းကန်ပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်မိသည်။
ပန်းကန်ပေါ်မှာ ပန်းတစ်ပွင့်နဲ့ အောက်ခံအဖြစ် အရွက်နှစ်ရွက် တင်ထားပြီး ကြည့်ရသည်မှာ တော်တော်ကလေး လှပနေသည်။
“လူးစထရိုက်ဖ်ပဲ”
ယွမ်ကျိုးက ယုံကြည်ချက်ပြည့်ဝစွာဖြင့် အမည်ကို ပြောလိုက်သည်။
“ဒီဟင်းသီးဟင်းရွက်ကို မြင်ရတာ ကြုံတောင့်ကြုံခဲပဲ၊ အခုတော့ လူနည်းနည်းပဲစားကြတယ်”
တရုတ်စားဖိုမှူးများ၏မဟာမိတ်ဥက္ကဋ္ဌ က မုတ်ဆိတ်ကို သာသာလေး ပွတ်သပ်ရင်း ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။
အဖိုးတန် အစားအစာ ပစ္စည်းများ သုတေသီက မျက်မှန်ကို အပေါ်သို့ တင်ရင်း တည်တည် ငြိမ်ငြိမ် ပြောလိုက်သည်။
“ဟုတ်တယ်၊ လွန်ခဲ့တဲ့ ရက်နည်းနည်းကပဲ တစ်ခါ စမ်းစားဖူးတယ်၊ အရသာကို အခုထိ မှတ်မိနေသေးပါတယ်
ဥက္ကဋ္ဌက ပြုံးလျက်“ဒေါင်လေး ၊ မင်းက အသက်ငယ်သေးတယ်၊ စားချင်တိုင်း သတ္တိရှိရှိနဲ့ စားရဲတာလား”
“ဟုတ်တယ် ကျွန်တော်ဆို ပြုပြင်ထားပြီးသား ဒါမှမဟုတ် အရမ်းလတ်ဆတ် နေတာကို ပို ကြိုက်တယ်”
စကားများကို အကဲဖြတ်ကြည့်လျှင် အစားအစာ ဝေဖန်ရေးပညာရှင် သည် အစားအသောက်ကို ရွေးချယ်တတ်သူ တစ်ယောက်ဖြစ်ကြောင်း သိသာ သည်။
“ဒီဟင်းသီးဟင်းရွက်က ရှင်အန်းဒေသက ထွက်တာပါ၊ ရှင်အန်းမြစ် အပေါ်ပိုင်းက ထွက်တာတွေက ပိုပြီး နူးညံ့ပြီး အရသာရှိပါတယ်၊ အပူချိန် နွေးထွေးတာကို ကြိုက်တဲ့ ဆေးဖက်၀င် Asteraceae နှစ်ရှည်ပင် မျိုးစိတ်ပါ၊
အရွက်တွေက chrysanthemum အမပင် နဲ့ ဆင်တူလို့ " စတယ်ပ်နိုလက်ပစ္စတန်တီဖလိုရာ" လို့လည်းခေါ် ပါတယ်၊
ပန်းပွင့်ချိန်မှာတော့ ပုလဲလို အဖြူရောင် ဖြစ်လို့“လူးစထရိုက်ဖ် "လို့ ခေါ်တာပါ”
ယွမ်ကျိုးက စနစ်မှပေးထားသည့်အချက်အလက်များ အတိုင်း အေးအေးဆေးဆေး ပြောလိုက်သည်။
“ဒီလူက ဘာဖြစ်နေတာလဲ၊ စားဖိုမှူး
မဟုတ်ဘူးလား၊ အပင်ပညာရှင် ကျနေ တာပဲ”
တခြား စားဖိုမှူးတို့က စင်အောက်တွင် အသံနိမ့်နိမ့်ဖြင့် ဆွေးနွေးပြောဆိုနေကြသည်။
"အေးလေ သူ့က ချူးရှောင်းလဲ မဟုတ်ပဲနဲ့ ဟင်းရွက်ရဲ့ သိပ္ပံနာမည် ကိုတောင် ထုတ်ပြောစရာ လိုအပ်လို့လား"
စားဖိုမှူးတစ်ယောက်က မျက်မှောင်ကြတ်ပြီး စောဒက တက်လိုက်သည်။
သူ မကျေနပ်ဖြစ်ရခြင်းမှာ သင့်တော်သည့် အကြောင်းပြချက် ရှိနေသည်။
ချူးရှောင်းကသာ ထိုသို့ ပြောလာလျှင် သူ့အလေ့အကျင့်ကို သိပြီးသား ဖြစ်၍ လက်ခံနိုင်ကြသည်။
သို့သော် ယခုလို ရုတ်တရက် ပေါ်လာသည့် လူတစ်ယောက်က ကြိုတင်ပြင်ဆင်မှု မရှိဘဲ ယခုလိုမျိုးအသေးစိတ်ကျကျ ဖြေဆိုနိုင်ခြင်းက သူတို့မျက်နှာ ဖြတ်ရိုက်လိုက်သလိုပင်။
ဒါက သူတို့ကို အရည်အချင်းမရှိ ဟု ထောက်ပြသလို ဖြစ်မနေဘူးလား။
သူတို့ ညည်းညူခြင်း အဆုံးမသတ်ခင် ယွမ်ကျိုးက ဆက်ပြီး ပြောလိုက်သည်။
“အခု မျက်စိရှေ့မှာ မြင်နေရတဲ့ ဟင်းသီးဟင်းရွက်တွေက ကြည့်ရတာ စိမ်းစိုပြီး သန်စွမ်းပေမယ့် တောထဲမှာ သဘာဝအတိုင်း ပေါက်လာတာ မဟုတ်ပါဘူး၊ ဒီရာသီမှာတော့ ကွမ်တုန်ဒေသက တောထဲမှာ ပေါက်တာတွေ ရှိပါတယ်၊ အဲဒီကနေ သယ်လာရင်လည်း ဒီလောက် လတ်ဆတ်နေမှာ မဟုတ်ပါဘူး၊ ဒါကြောင့် မြို့ပြင်ဘက်က အပူအိမ်မှာ စိုက်ထားတာ ဖြစ်နိုင်ပါတယ်၊ ဒီလူးစထရိုက်ဖ် အပင်တွေက တော့ အနံ့ပိုပြင်းလို့ အလယ်မှာ စိုက်ထားတာပဲဖြစ်ရမယ် ”
“ဒီဟင်းသီးဟင်းရွက်ကို ချုံကျိုး အစားအစာတွေမှာ အများဆုံး သုံးကြပါတယ်၊ ဒါပေမယ့် နောက်တစ်ခါဆို ရေထဲမှာ မစိုက်သင့်ပါဘူး၊ မြေဓာတ် အရသာ ပျောက်သွားလိမ့်မယ်”
“မယုံနိုင်ဘူး၊ ဒီနှစ်ယောက်က ခွေးတွေလိုပဲ၊ မဟုတ်ဘူး ခွေးတောင် ဒီလောက် အနံ့မခံနိုင်ဘူး၊ သူတို့ နှာခေါင်းတွေက လူသား နှာခေါင်း မဟုတ်ဘူး ထင်တယ်”
စားဖိုမှူးတစ်ယောက်က လူးစထရိုက်ဖ် အမြစ်မှာ ကပ်နေတဲ့ မြေကြီးကို ကြည့်ရင်း အံဩစွာ ပြောနေသည်။
အမြစ်တွေမှာ မြေကြီးတွေ အပြည့်ကပ်နေသည်။ ဒါကို မြေမဲ့စိုက်ပျိုးနည်းဖြင့်စိုက်ပျိုးထားသည်ကို ဘုရားပဲသိလိမ့်မည်။
စင်အောက်မှာရှိနေသည့် စားဖိုမှူးအားလုံးက အံ့အားသင့်ကာ မျက်လုံးပြူးနေကြသည်။
“ဟေ့လူ၊ ဒီတစ်ခါတော့ မင်းရဲ့ အမြင်အာရုံက စူးရှလာပြီပဲ၊ ဒီလောက် သိသာအောင်ပြထားတဲ့ ထောက်ချောက် ကို ကောင်းကောင်း ရှောင်နိုင်တာ
မဆိုးဘူး”
ရှင်းမင်က လှောင်ပြောင်သည့် ပုံစံနဲ့ ပြောလိုက်သည်။
“မင်းလည်း သတိထားမိတာလား”
လီယန်ယိက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“သတိထားမိတာပေါ့၊ ဒီလူအိုကြီးလည်း မျက်လုံးကောင်းပါ သေးတယ်”
ရှင်းမင်က မျက်နှာနီလာကာ ပြန်ပြော
လိုက်သည်။
“ဟဲဟဲ”
လီယန်ရိက စကားထပ် မပြောဘဲ အထေ့အငေါ့ ရယ်သံလေးနဲ့သာ တုံ့ပြန်လိုက်သည်။
ရှင်းမင်က ဒေါသထွက်သွားပြီးအကျီလက်တွေကို ပင့်တင့်ရင်း
“လူအိုကြီး၊ မင်း ဘာကို ဆိုလိုချင်တာလဲ၊ မင်း သဘောတူရင် ဒီနေ့ပဲ နှစ်ယောက်ချင်း ပြိုင်ကြရအောင်၊ အရင်တစ်ခါ ငါ ရှုံးသွားတာက မတော်တဆပဲ ဆိုတာ မင်းကိုပေးသိပေးမယ်”
သို့သော် လီယန်ရိကတော့ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ထိုင်နေ သည်။ သူက တစ်ခါတလေ စင်မြင့်ဘက်ကို ကြည့်ပြီး တစ်ခါတလေ ယွမ်ကျိုးကို ကြည့်သော်လည်း ရှင်းမင်ဘက်ကိုတော့ လုံးဝ မလှည့်ကြည့်ခဲ့ပါ။
ထိုကဲ့သို့ အပြုအမူကြောင့် ရှင်းမင်က ပိုပြီး ဒေါသထွက်လာသည်။ သူ ချက်ချင်း ခုန်ထလာပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။
“အမလေး၊ မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့၊ အဘိုးကြီး ထလာစမ်း၊ အခုချက်ချင်း ပြိုင်ကြမယ်”
လီယန်ရိက သူ့ကိုကြည့် မနေသည် ကိုမြင်သော် ရှင်းမင်က အရှေ့ကို
ခြေလှမ်း အနည်းငယ် တိုးကာ ရန်ဖြစ်ဖို့ ပြင်ဆင်လိုက်သည်။
“ဆရာ၊ ကြည့်ပါဦး၊ ရလဒ်တွေ ထွက်လာပါပြီ”
သူ့လက်ထောက်က ကူကယ်ရာမဲ့နေဟန် မျက်နှာထားဖြင့် ရှေ့ဘက်ကို ညွှန်ပြပြီး အာရုံပြောင်းစေလိုက်သည်။
အမှန်တကယ်တော့ ထိုအချိန်မှာပဲ ပထမအဆင့် ပြိုင်ပွဲက ပြီးဆုံးသွားပြီး ဖြစ်သည်။
ဥက္ကဋ္ဌက နောက်တစ်နေ့မှာ ဆက်လက်
ယှဉ်ပြိုင်မည့် လူစာရင်းကို ကြေညာနေပြီဖြစ်သည်။
“ရလဒ်ကို ကြည့်စရာ မလိုဘူး၊ အကောင်းဆုံးက ချူးရှောင်းပဲ ဖြစ်မှာ သေချာတယ်”
ရှင်းမင်က နောက်မလှည့်ဘဲ လီယန်ရိနှင့် ရန်ဖြစ်ရန်သာ ပြင်ဆင်နေသည်။
“မျက်စိကန်းနေတဲ့ အိုကြီးအိုမပဲ”
လီယန်ရိက သဘောမကျသည့် မျက်လုံးဖြင့် ရှင်းမင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုအပြုအမူက လုံးဝကို မထီမဲ့မြင်ပြုနေသည့် အနေအထား ဖြစ်သောကြောင့် ရှင်းမင်က ဒေါသထွက်၍ ဣန္ဒြေသိက္ခာပင် မထိန်းနိုင် တော့ပေ။
“အဘိုးကြီး မင်း စကားကို သေချာပြောစမ်း၊ မျက်စိကန်းတာ ဘယ်သူလဲ”
"မင်းကိုယ်တိုင် သွားကြည့်လိုက်”
ဒီတစ်ခါမှာတော့ လီယန်ရိက ရှင်းမင်ကို သနားသည့် မျက်နှာထားနှင့်ပြန်ပြောကာ ရလဒ်ကိုပြရန် ရှေ့ဘက်ကို လက်ညွှန်ပြလိုက်သည်။
ရှင်းမင်က“ကြည့်နေပါတယ်၊ သေချာပါတယ်၊ ငါ့ တပည့်က အကောင်းဆုံးပဲ”
“အသက်ကြီးမှ လက်ခံထားတဲ့ တပည့်တစ်ယောက်ပဲကို”
လီယန်ရိက မညှာမတာ ထပ်ဖြည့်ပြောလိုက်သည်။
“ဒါပေမယ့်လည်း ထူးချွန်တဲ့ အသက်ကြီးမှ လက်ခံထားတဲ့ တပည့်ပဲ”
ရှင်းမင်က ထိုအချက်ကို ဂရုမစိုက်ဘဲ အမှန်အတိုင်း ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
လီယန်ရိက ဟမ့်ခနဲလုပ်ရင်း “ရလဒ်ကို သေချာကြည့်ပြီးမှ ငါနဲ့ စကားပြော”
ပွဲခန်းမအတွင်းရှိ ပရိုဂျက်တာပေါ်မှာတော့ ရလဒ်တွေ ပြသထားပြီး ဖြစ်သည်။
နောက်တစ်နေ့မှာ ပြုလုပ်မယ့် ရှားပါးပါဝင်ပစ္စည်း ခွဲခြားနိုင်မှု ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မီသူ အနေဖြင့် စားဖိုမှူး သုံးယောက်သာ ရွေးချယ်ခံခဲ့ရပြီး အခြားသူများနဲ့ အဆင့်ကွာဟမှု အလွန်ကြီးမားနေကြောင်း ထင်ရှားနေသည်။
ချူးရှောင်း ၁၄၈မှတ်
ယွမ်ကျိုး ၁၄၈မှတ်
ဖန်ထျန်း ၆၃မှတ်
ကျန်နေသေးသည့် ပြိုင်ပွဲဝင်များက အများအားဖြင့် ဟင်းပစ္စည်း အမျိုးအစား နှစ်ဆယ် သုံးဆယ်လောက်သာ ခွဲခြားနိုင်ကြသည်။
ကွာဟချက်က ကြီးမားလွန်းသဖြင့် အကဲဖြတ်ဒိုင်များက လူ သုံးယောက်ကိုသာ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။
သို့သော် ထိုသုံးယောက်အတွင်းမှာတောင် ကွာခြားချက်က မသေးလှပေ။
“ယွမ်ကျိုးဆိုတဲ့ လူငယ်ကို မင်းပဲ အကြံပြုပေးခဲ့တာလား"
ရှင်းမင်က လီယန်ရိကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ်၊ ဒီနေ့ သူပြတာက သူ့ရဲ့ တော်ရိလျော်ရိ စွမ်းဆောင်ရည်ပဲ ရှိ သေးတာ”
လီယန်ရိက တည်ငြိမ်တဲ့ မျက်နှာပေါ်မှာ ရှားရှားပါးပါး အပြုံး ပေါ်လာကာ ရန်စသည့် လေသံနဲ့ ပြန်ပြောလိုက်သည်။
“မင်းတော့ ဒီလိုပဲ ဂုဏ်ယူပြနေလိုက်၊ မနက်ဖြန် အဖိုးတန် ရှားပါးဟင်းပစ္စည်းတွေကို သူ နည်းနည်းတောင် ခွဲခြားနိုင်မှာ မဟုတ်ဘူး"
ရှင်းမင်က နှာခေါင်းရှုံသံနဲ့ ပြန်ပြောလိုက်သည်။
“နာမည်ကြီးတစ်ယောက် ဖြစ်လာနိုင်မယ့် လူတစ်ယောက် မင်းနောက်ကို လိုက်နေရတာက တကယ် သနားစရာပဲ၊ ငါ့ဆီမှာ နည်းနည်းလောက် လေ့လာခဲ့ရင် နောက်ထပ် ချူးရှောင်းတစ်ယောက် ဖြစ်လာမယ်လို့ ငါ အာမခံတယ်”
“ခွင့်ပြုပါ၊ ကျွန်တော် ဘယ်သူ့ဆီကမှ မလေ့လာခဲ့ဖူးပါဘူး”
အနားက ဖြတ်သွားသော ယွမ်ကျိုးက ရုတ်တရက် ဝင်ပြောလိုက်သည်။
ထိုစကားကြောင့် အသက်ကြီးသူ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြသည်။
ယခုလို မြင့်မားသည့်လက်ရာ စွမ်းရည် ရှိနေသည့် လူတစ်ယောက်မှာ ဆရာတစ်ယောက်မျှ မရှိသည့်ကားဆို ယုံနိုင်စရာ မရှိချေ။
သူက ချူးရှောင်းထက်ပင် ပိုပြီး ထူးချွန်နေခြင်း ဖြစ်နိုင်မလားဆိုသည့် အတွေးက သူတို့ရဲ့ စိတ်ထဲမှာ တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်။
အပိုင်း(၃၇၆)
ပြီးပါပြီ။