← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 28 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 28 Ch. 377-378

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇၇)

ရှင်းမင်က အရင်ဆုံးတုံပြန့်လိုက်သည်။ "ကောင်လေး မင်းဘာပြောလိုက်တာလဲ? အဲဒီ့လူအိုကြီးက မင်းရဲ့ဆရာ မဟုတ်ဘူးလား?"

"ခင်ဗျားထင်တာ မှန်ပါတယ်"

ယွမ်ကျိုး က ခေါင်းငြိမ့်လိုက်သည်။

"ငါက သူ့ရဲ့ ဆရာ မဟုတ်ရင်တောင် မင်းလည်းပဲ ဖြစ်လာမှာ မဟုတ်ဘူးလေ"

လီယန်ရိက ရှင်းမင်၏ စကားများကို ကြားဖြတ်ပြောလိုက်သည်။

"မင်း ဘယ်လိုသိမလဲကွ? ဒီလူငယ်လေး က ငါ့ကို ဆရာတင်ချင်နေရင်ရော။မင်းဘာလုပ်နိုင်လို့လဲ?"

ရှင်းမင်က ချက်ချင်း ခွန်းတုံပြန်လိုက်သည်။

"သူ က အရမ်း မာနကြီးတာ ငါ အဲတာကို မတွေးခဲ့ဘူးလို့ မင်း ထင်နေတာလား"

လီယန်ရိက "ငါအားလုံးသိတယ်"ဟူသောပုံစံကိုပြလိုက်သည်။

"တကယ်လား?"ငါကတော့ သူက အရမ်းကို နှိမ့်ချတတ်သူ့ တ‌စ်ယောက်လို့ထင်နေတာ"

ရှင်းမင်က လီယန်ရိနှင့်တွေ့တိုင်း အကြောင်းမရှိဘဲ ငြင်းတတ်သည်။

လီယန်ရိက ဟမ့်ခနဲလုပ်ရင်း "အသက်ကြီး လာလေလေ ၊မင်းက ပိုပြီး စကားနိုင်လုလာလေပဲ"

ယွမ်ကျိုး ကသူတို့ကို ဘေးကနေ ခဏလောက်ကြည့်ပြီးမှ ကူကယ်ရာမဲ့နေသည့် လက်ထောက်နှစ်ယောက်ကို ညင်သာစွာ ပြောလိုက်သည်။

"ကျွန်တော် အရင်သွားတော့မယ် ဘိုင်"

"ဂရုစိုက်ပါ သူဌေးယွမ်"

ယန်ကျားက သူ့နှင့် ပို၍ ရင်းနှီး သည့် အတွက် ခေါင်း ငြိမ့်ပြရင်း နှုတ်ဆက်လိုက်သည်။

ရှင်းမင် ၏ လက်ထောက်မှာ ခေါင်းညိတ်ပေးရုံသာ လုပ်ပြီး သူ့ဆရာဘက်ကို ချက်ချင်း ပြန်သွားလိုက်သည်။

ဟာသပဲ၊

သူတို့ရဲ့ လက်ထောက်တွေကသာ အနားမှာ မရှိလျှင် ယခုအချိန်တွင် သွေးထွက်သံယို ဖြစ်နေလောက်ပြီ ဖြစ်သည်။

ယွမ်ကျိုးက ဖောက်သည်တွေကို အရင်ဆုံး နှုတ်ဆက်ပြီးနောက် ကိုယ်ပိုင်အခန်းထဲကို ပြန်ဝင်ကာ အနားယူလိုက်သည်။

သူ့ဆီ လိုက်လာကြသည့် ဖောက်သည်တွေက မန်မန် တန်ရှီ ဝူဟိုင် လင်းဟုန် နှင့်ကောင်းရွှိုက် တို့ဖြစ်ပြီး ချန်ဝေ တစ်ယောက်သာ ကျန်ခဲ့ လေသည်။

ချန်‌‌‌ဝေက ညနေဘက်မှာ ဖြေရှင်းရမည့် ကိစ္စရှိသည့်အတွက် နောက်နေ့မနက်မှ ပြန်လာမယ်ဟု ‌ပြောသွားသည်။

“အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ၊ မနက်ဖြန်မှာ မတွေ့ဖူးသေးတဲ့ အစားအစာပစ္စည်းတွေ များရှိမလားမသိဘူး”

ယွမ်ကျိူးက အိပ်ရာမဝင်ခင် စိတ်လှုပ်ရှားစွာ တစ်ကိုယ်တည်း ရေရွတ် နေမိသည်။

အေးသည့်နေ့များတွင် ချန်ဒူးမြို့ရဲ့ မနက်ခင်းတွေက များသောအားဖြင့် အခိုးအငွေ့ လေးတွေ ဖုံးလွှမ်းနေတတ်သည်။

တကယ်တမ်းတွင် မီးခိုးမဟုတ်ဘဲ ပိုးပဝါစလို မြူခိုးပါးပါးလေးက မြို့တစ်မြို့လုံးကို ဖုံးလွှမ်းနေခြင်း ဖြစ်သည်။

“နှိုးစက် မပေးထားမိဘူး”

ယွမ်ကျိုးက အိပ်ရာပေါ်မှာ နိုးလာတော့ မရေမရာ ပြောလိုက်သည်။

ခဏလောက်ကြာပြီးနောက် ဖုန်းကိုယူကြည့်လိုက်တော့ အချိန်က မနက်စောစောပဲ ဖြစ်နေသေးသည်။

ယခုအချိန်သည် သူ့အတွက် အပြေးလေ့ကျင့်ရန် သင့်တော်သော အချိန်ဖြစ်သည်။

“ငါ တကယ် ဉာဏ်ကောင်းတယ်”

ယွမ်ကျိုးက အားကစားအဝတ်အစားကို ဝတ်ရင်း မနေ့ညက အဝတ်အစားဝယ်ပြီးမှ အိပ်ခဲ့၍ ကံကောင်းသည် ဟုတွေးလိုက်သည်။

“ဟူးလား“ အေးမြသည့် ရေအေးက မျက်နှာပေါ် ကျလာသောအခါ ခေါင်းပို၍ ကြည်လင်လာသည်။

“မျက်နှာကို ရေအေးနဲ့ ဆေးရင် ပိုပြီး ခန့်ညားလာတယ်လို့ ပြောကြတယ်” ယွမ်ကျိုးက မျက်နှာကို ပွတ်သပ်နေရင်း မှန်ကြည့်ပြီး ရေရွတ်လိုက်သည်။

ထို့နောက် ယွမ်ကျိုး က အောက်ဆင်းပြီး အပြေးလေ့ကျင့်ရန် ထွက်သွားသည်။

ဟိုတယ်အတွင်းရှိ အားကစားခန်းမထဲတွင် မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ရခြင်းကို မနှစ်သက်၍ ဟိုတယ်ဥယျာဉ်ထဲသို့ တိုက်ရိုက် သွားခဲ့သည်။

နှစ်ခေါက် လောက် အပြေးလေ့ကျင့်ခန်းလုပ်ပြီး မကြာခင်မှာ လူတစ်ယောက်နဲ့ တွေ့ခဲ့သည်။

ထိုသူကတော့ ချူးရှောင်း ဖြစ်သည်။

သူက မီးခိုးရောင် အားကစားအဝတ်အစားကို ဝတ်ဆင်ထားပြီး ဥယျာဉ်ထဲမှာ ပေါ်လာခဲ့သည်။

“တူညီတဲ့ အဝတ်အစား ဝတ်ရတာက ရှက်စရာ မဟုတ်ဘူး၊ ရုပ်ဆိုးတဲ့သူကပဲ အရှက်ရလိမ့်မယ်”

ယွမ်ကျိုးက အသက်တစ်ချက် ရှူလိုက်ပြီး စိတ်ထဲမှာသာ တိုးတိုးလေး ပြောလိုက်သည်။

ချူးရှောင်းကို ကြည့်လိုက်လျှင် ပျင်းဖို့ကောင်းနေသကဲ့သို့ ထင်ရသော်လည်း မျက်နှာအပြင်အဆင်ကတော့ လုံးဝမဆိုးလှပေ။

ယွမ်ကျိုးမှာ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အရပ်မြင့်၍ တည်ငြိမ်သည့် အရွယ်ရောက် အမျိုးသား တစ်ယောက်လို အထင်ကြီးဖွယ်ရှိသည်။

အပြင်အဆင်အရ နှစ်ယောက်လုံး ခံ့ညားပုံပေါ်လွင်သည်။

“ဟေ့… မင်းလည်း မနက်ပိုင်း အပြေးလေ့ကျင့်နေတာလား”

မထင်မှတ်ဘဲ ချူးရှောင်းက ကိုယ်တိုင် လာပြီး ယွမ်ကျိုးကို မေးလိုက်သည်။

“ဟုတ်တယ်”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

“ဒီနေ့ ကျင်းပမယ့် အဖိုးတန် အစားအစာ ပြိုင်ပွဲမှာ မင်းရဲ့ ဗဟုသုတတော့ တိုးလာမှာပါ”

ချူးရှောင်းက တိုတိုတောင်းတောင်း ပြောလိုက်သည်။

သူ့အမြင်မှာ ယွမ်ကျိုးက စားသောက်ဆိုင်ငယ်၏ ပိုင်ရှင်သာ ဖြစ်သည်။ မနေ့က ဟင်းချက်လက်ရာတွေက ထင်ရှားပေမယ့် အသုံးပြုတဲ့ အစားအစာတွေက သာမန်တွေ ဖြစ်ပြီး မကြာခဏ တွေ့ရတဲ့ အရာများဖြစ်သည်။

ဒီနေ့ပြိုင်ပွဲက ယွမ်ကျိုးအတွက် အသိပညာတိုးနိုင်ရုံ လို့သာ ချူးရှောင်းက ယုံကြည်လိုက်သည်။

“အင်း… ဗဟုသုတလိုချင်ရင် ငါ့ရဲ့ စားသောက်ဆိုင်ကို လာလို့ရတယ်”

ယွမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ထူးဆန်းတဲ့ အစားအစာတွေသုံးပြီး ထူးဆန်းတဲ့ ဟင်းလျာတွေ ချက်တာလား”

ချူးရှောင်းက စိတ်ဝင်စားစွာ မေးလိုက်သည်။

ယွမ်ကျိုးက ပြန်ဖြေလိုက်သည်။ “မဟုတ်ဘူး၊ မင်း မကြာခဏ မတွေ့ဖူးတဲ့ အစားအစာနဲ့ လက်ရာတွေပဲ”

“ဟားဟားဟား… ငါ မတွေ့ဖူးတဲ့ အရာတွေ ဟုတ်လား”

ချူးရှောင်းက ခေါင်းခါရင်း ရယ်မောလိုက်သည်။

“ဟုတ်တယ်၊ ငါတောင် မမြင်ဖူးသေးတဲ့ အရာတွေတောင် ပါတယ်”

ယွမ်ကျိုးက အမြဲတမ်းလို တည်ငြိမ်ရိုးသားသည့် မျက်နှာထားနဲ့ ပြောလိုက်သည်။

“ဒါက ပုံမှန်ပဲ” ဟုချူးရှောင်းက တွေးလိုက်သည်။

ယွမ်ကျိုး မမြင်ဖူးတာက မထူးဆန်းဘူးလို့ သူထင်ပေမယ့် သူ့အတွက်တော့ အဲဒီစကားက ရယ်စရာ ဟာသတစ်ခုလိုသာ ဖြစ်နေသည်။

ချူးရှောင်းက အသက်၁၂နှစ်အရွယ်ကတည်းက အဆင့်မြင့် ဟိုတယ်တွေမှာ နေထိုင်ခဲ့သူ ဖြစ်သောကြောင့် အဖိုးတန် အစားအစာတွေကို အများကြီး မြင်ဖူးပြီးသား ဖြစ်သည်။

သို့သော် ယွမ်ကျိုးမှာ “စနစ်” ဆိုတဲ့ အရာတစ်ခု ရှိနေတယ်ဆိုတာကိုတော့ သူ မသိခဲ့ပါ။

“ကောင်းပြီ၊ ပြိုင်ပွဲမှာ တွေ့မယ်”

လေ့ကျင့်ခန်းချိန် ပြီးသွားမည်ကို စိုးရိမ်သောကြောင့် ယွမ်ကျိုးက ပြန်မငြင်းဘဲ ခေါင်းသာညိတ်ပြီး

နှုတ်ဆက်လိုက်သည်။

ချူးရှောင်းက အကြီးအကဲတစ်ယောက်လို အမိန့်ပေးသည့် အသံနဲ့“မင်း အချိန် ပေးပြီး ပိုလေ့လာသင့်တယ်”

ပြောပြီးပြန်သွားသည်။

ချူးရှောင်း၏ နောက်ကျောကို ကြည့်ရင်း ယွမ်ကျိုးက ရွဲ့တဲ့တဲ့ ရယ်မောလိုက်ပေမယ့် ပြန်လည်ရှင်းပြဖို့ မကြိုးစားခဲ့ပါ။

ထို့နောက် ဟိုတယ်ကို ပြန်သွားပြီး အဝတ်အစားလဲကာ အစားအသောက်ခန်းမှာ မနက်စာ စားရန် ပြင်ဆင်လိုက်သည်။

…

“မနက်စာက တော်တော် ကောင်းမ့ယ်ပုံပဲ”

ယွမ်ကျိုးက အစားအသောက်ခန်းထဲ ဝင်ရောက်လိုက်ချိန် ဟင်းပွဲတွေကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မနက်စာအဖြစ် ချက်ထားသော အစားအစာများမှာ မနေ့က ခန့်မှန်းခဲ့သော အစားအစာတွေကို အသုံးပြု ထားခြင်း ဖြစ်ပြီး ချက်လို့ရသမျှကို ဒီနေ့ မနက်စာအဖြစ် ပြင်ဆင်ထားခြင်း ဖြစ်သည်။

မနေ့က ညစာကိုလည်း ထို အစားအစာ ၅၀၀ မျိုးနဲ့ ချက်ထားခဲ့တာ ဖြစ်သည်။

ယနေ့ ပြိုင်ပွဲကိုလည်း မနက် ၉ နာရီတိတိမှာ စတင်ကျင်းပမည် ဖြစ်သည်။

ဝူဟိုင်းတို့ အပါအဝင် တခြားသူတွေက ဒီနေ့ မနက်စောစောကတည်းက ရောက်လာပြီး ရှေ့မှာ ထိုင်ကာ ယွမ်ကျိုး ဘယ်လို မိမိမိုက်မိုက်လုပ်ဆောင် ပြမလဲ ဆိုတာကို စောင့်ကြည့်နေကြသည်။

ယနေ့တွင် တံခါးပေါက်မှာ စစ်ဆေးသူ မရှိ၍ ယွမ်ကျိုးက မနေ့ကထက် ငါးမိနစ်စောပြီး ခန်းမထဲ ဝင်ရောက်နိုင်ခဲ့သည်။

အထဲသို့ဝင်သွားသွားချင်း ချက်ချင်းပဲ သူ့ကို အမြဲအားပေးနေတဲ့ ထန်ရှီက အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

“အားပေးနေတယ်နော် သူဌေးယွမ်”

ဝူဟိုင်းနှင့် လင်းဟုန်တို့ကလည်း အားပေးလိုက်သည်။

” ကြိုးစားထား “

စင်မြင့်ပေါ်တွင် တရုတ်စားဖိုမှူးများ မဟာမိတ် အဖွဲ့ချုပ် ဥက္ကဋ္ဌက “အဖိုးတန် အစားအစာ ပါ၀င်ပစွည်း ပြိုင်ပွဲ ကို ယခုအချိန်မှ စတင်ကြောင်း ကြေညာလိုက်ပါတယ်”

ယနေ့ သူက အပြာရောင် ဝတ်စုံ ဝတ်ထားသောကြောင့် ပိုမို ငယ်ရွယ်သလို မြင်ရသည်။

ထို့နောက် အဖိုးတန် အစားအစာ သုတေသီ က ချက်ချင်း ထရပ်ပြီး

“ပြိုင်ပွဲ ပြီးတဲ့နောက် အစားအစာ တွေကို ချက်ပြုတ်ဖို့ အသုံးမပြုရပါဘူး စည်းမျဉ်းများကို လိုက်နာပေးပါ”ဟုပြောလိုက်သည်။

“မှန်ပါတယ် ပြိုင်ပွဲဝင် နံပါတ်တစ်၊ ယခု စတင်နိုင်ပါပြီ” ဥက္ကဋ္ဌက အပြုံးနဲ့ ပြောလိုက်သည်။

“ခဏလောက်ပါ”

တတိယနေရာမှာ ရှိနေသော ဖန်ထန်က ရုတ်တရက်ပြောလိုက်သည်။

ဥက္ကဋ္ဌက ဖန်ထန်ကို နူးညံ့စွာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ ဆရာ ဖန်ထန်”

ဖန်ထန်က ခန္ဓာကိုယ်ပိန်ပါးပြီး အသက် သုံးဆယ့်ငါးလောက် ရှိသူဖြစ်သည်။ အပြောအဆို ယဉ်ကျေးပြီး အသံလည်း နူးညံ့သဖြင့် စားဖိုမှူးလိုတောင် မထင်ရပါ။

“ကျွန်တော် ပြိုင်ပွဲတစ်ခုလုံး အနီးကပ် စောင့်ကြည့်ချင်ပေမယ့် ပြိုင်ပွဲမှာတော့ မပါဝင်တော့ချင်ပါဘူး ခွင့်ပြုပေးစေချင်ပါတယ်” ဖန်ထန်က တိုက်ရိုက်တောင်းဆိုလိုက်သည်။

“ဘာကြောင့်လဲ”

“ဒီနှစ်ယောက်စလုံးက အရည်အချင်းရှိတဲ့ လူငယ်တွေ ဖြစ်ပါတယ်။

စီနီယာ တစ်ယောက်အနေနဲ့ သူတို့နဲ့ ယှဉ်ပြိုင်ရတာ မသင့်တော်ဘူးလို့ ထင်ပါတယ်” ဖန်ထန်ကဥက္ကဋ္ဌရဲ့အမေးကို ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

"နည်းနည်း ဆွေးနွေးလိုက်ပါမယ်” ဥက္ကဋ္ဌက ချက်ချင်း သဘောမတူသေးပါ။

“ကောင်းပါပြီ။ ကျွန်တော့်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးစေချင်ပါတယ်”

ဖန်ထန်က အနည်းငယ် ဦးညွှတ်လိုက်သည်။

“ခဏလောက်ပါ”

ဥက္ကဋ္ဌက မိုက်ခရိုဖုန်း ပိတ်ရန် လက်ပြလိုက်ပြီး ဆွေးနွေးမှု စတင်လိုက်သည်။

ခန်းမတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားသည်။ မနေ့က ရှုံးနိမ့်ခဲ့သော စားဖိုမှုးအချို့က နားမလည်ကြသလို အချို့ကတော့ ခေါင်းညိတ်သဘောတူကြသည်။

မနေ့က ရှုံးနိမ့်ခဲ့သူတွေကလည်း စောင့်ကြည့်ခွင့် ရှိသည်။

အဖိုးတန် အစားအစာတွေက အလွန်ရှားပါးလွန်းသဖြင့် စားဖိုမှူးတွေတောင် မမြင်ဖူးသည့် အမျိုးအစား များစွာ ရှိနေခြင်းကြောင့် ဖြစ်သည်။

သို့သော် သူတို့က စင်ပေါ်မတက်ဘဲ အောက်ကနေသာ ကြည့်ရှုနိုင်သည်။

စဥ်းစားကြည့်လျှင် ဖန်ထန်ရဲ့ တောင်းဆိုမှုက သင့်တော်နေသည်။

ငါးမိနစ်ခန့် ကြာပြီးနောက်

“ကျွန်တော်တို့ ဆွေးနွေးပြီးနောက် ဖန်ထန်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုရန် ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် ထိတွေ့ခွင့်မရှိဘဲ အနီးကပ် စောင့်ကြည့်ခွင့်ကိုလည်း အထူး ခွင့်ပြုပါမယ်”

ဟု ဥက္ကဋ္ဌက ကြေညာလိုက်သည်။

ထိုသို့နှင့် ပြိုင်ပွဲမှာ ယွမ်ကျိုးနဲ့ ချူးရှောင်း နှစ်ယောက်ပဲ ကျန်တော့သည်။

ယခု ပြိုင်ပွဲက သူတို့နှစ်ယောက်အကြား ယှဉ်ပြိုင်မှု ဖြစ်လာသည်။

နောက်ဆုံးမှာအနိုင်ရသူက ဘယ်သူ ဖြစ်မလဲ ဆိုတာသာ ကျန်တော့သည်။

အပိုင်း(၃၇၇)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇၈)

"စိတ်၀င်စားစရာ‌တော့ ကောင်းလာပြီပဲ“

ချူးရှောင်းက အဓိပ္ပာယ်ပါတဲ့ အပြုံးနဲ့ ပြောလိုက်သည်။

“အမှန်ပဲ စိတ်ဝင်စားစရာကောင်းနေပြီ”

ယွမ်ကျိုးကလည်း ပြန်ဖြေလိုက်သည်။

ချူးရှောင်းရဲ့ အမူအရာကို ကြာကြာကြည့်လေ ထိုးချင်စရာကောင်းတယ်လို့ သူ အမြဲတမ်း ခံစားနေရပြီး အခုတော့ အခွင့်အရေးက ရောက်လာပြီ ဖြစ်သည်။

ဥက္ကဋ္ဌက ချူးရှောင်းနဲ့ ယွမ်ကျိုးကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“မင်းတို့ နှစ်ယောက်မှာ ပြောစရာရှိသေးလား”

သူတို့ နှစ်ယောက်က ခဏလောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး တစ်ပြိုင်နက်တည်း ခေါင်းယမ်းလိုက်ကြသည်။

“ပြဿနာ မရှိပါဘူး”

“ဒါဆို တစ်ယောက် ထွက်သွားပြီ ဆိုတော့ စည်းမျဉ်းလည်း ပြောင်းရမယ် မင်းတို့မှာ ကန့်ကွက်ချက် မရှိဘူးလို့ ထင်ပါတယ်နော်”

ဥက္ကဋ္ဌက လှည့်စားချင်သလို အပြုံးနဲ့ သူတို့မဖြေရသေးခင် ဆက်ပြီး ပြောလိုက်သည်။

“စည်းမျဉ်းအသစ်ကို ကြေညာပါမယ် မင်းတို့ နှစ်ယောက်လုံး စင်ပေါ် အတူတူ တက်ပြီး ပါ၀င်ပစ္စည်းကို ကြည့်ရမယ် အဲဒီအစားအစာရဲ့ မူလအရင်းအမြစ်၊ အကျိုးသက်ရောက်မှု၊ စားသုံးနည်း ဒါမှမဟုတ် ချက်ပြုတ်နည်းကို ဘယ်သူက ပိုမြန်မြန် ပြောနိုင်မလဲ ဆိုတာကို ယှဉ်ပြိုင်ရမယ်”

“ကောင်းပါတယ်”

ဒီတစ်ကြိမ်မှာတော့ သူတို့ နှစ်ယောက် တပြိုင်နက်တည်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဒါဆို စတင်ကြရအောင်”

ဥက္ကဋ္ဌက လက်ဟန်ပြပြီး စတင်နိုင်ကြောင်း အချက်ပြလိုက်သည်။

“ဒီဘက်ကို လာပါ”

မိန်းကလေးတစ်ယောက်က သူတို့ကို ခေါ်ပြီး ရှေ့ကို ဦးဆောင်သွားသည်။

ဒီတစ်ကြိမ်မှာ အစားအစာကို ပန်းကန်ပေါ် မတင်ထားဘဲ အပြည့်အဝ ဖုံးပိတ်ထားပြီး ထိခိုက်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ထားသည်။

“ဒီဟင်းသီးဟင်းရွက်က လူ့အသက်ရှူသံနဲ့တောင် ထိခိုက်လွယ်ပါတယ်။ သတိထားပေးပါ”

မိန်းကလေးက ပြုံးပြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ဖုံးထားတာကို ဖယ်လိုက်ပါ"

ချူးရှောင်းက ဝန်ထမ်း မိန်းကလေးကို ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပါပြီ၊ သေချာကြည့်ပေးကြပါ”

မိန်းကလေးက ခေါင်းညိတ်ပြီး ချက်ချင်း အဖုံးအုပ်ကို ဖယ်လိုက်သည်။

အဖုံးအုပ်ကို ဖယ်လိုက်ချိန်တွင် မှန်လိုကြည်နေသော အောက်ခြေဝိုင်းသဏ္ဍန် ပုလင်းပြားတစ်လုံး ပေါ်လာသည်။

အပေါက်ပေါ်မှာ အဖုံးတစ်ခုရှိပြီး ဘေးဘက်မှာ အောက်စီဂျင် ပိုက်တစ်ချောင်း တပ်ထားကာ “ဂူလူ ဂူလူ” ဆိုတဲ့ အသံနဲ့ အောက်စီဂျင် ထည့်ထားသည်။

ဖန်ထန်က စိတ်ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ခန့်မှန်းနေသေးချိန်မှာပဲ ယွမ်ကျိုးနဲ့ ချူးရှောင်းက တပြိုင်နက်တည်း

“Ottelia acuminata” ဟု ပြောလိုက်ကြသည်

ဥက္ကဋ္ဌက မုတ်ဆိတ်သပ်ရင်း အပြုံးနဲ့“နှစ်ယောက်လုံး သိနေတဲ့ပုံပဲ။ ဘယ်သူက အရင် ပြောချင်လဲ”

မေးလိုက်သည်။

“ဆရာချူး အရင် ပြောပါ” ချူးရှောင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

သာမန်အားဖြင့် ဒီလို စကားတွေက ယဉ်ကျေးမှူ့အတွက်သာ ဖြစ်ပြီး နောက်တစ်ဖက်ကလည်း အလားတူ ပြန်ပြောလေ့ရှိသည်။ ဒါက ပုံမှန်ပင်။

“ကောင်းပြီ” ယွမ်ကျိုးက မတွန့်ဆုတ်ဘဲ ခေါင်းညိတ်လိုက်သည်။

ချူးရှောင်းက အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသည်။

ဒါက သူလောက၀တ်ပြုသည့် ရှားရှားပါးပါးအကြိမ် ဖြစ်သော်လည်း ရလဒ်က ဒီလို ဖြစ်လာမည်လို့ မထင်ခဲ့ပါ။

"Ottelia acuminata က မျိုးတုန်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိတဲ့ အပင်တစ်မျိုးပါ”

ယွမ်ကျိုးက ပြောရင်း၊ သူ့မျက်လုံးက မှတ်ချက်တွေကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ယွမ်ကျိုးရဲ့ အမြင်အရတော့ မျိုးတုန်းဖို့ အန္တရာယ်ရှိနေတဲ့ အပင်တစ်မျိုးကို အဖိုးတန် အစားအစာလို့ သတ်မှတ်တာ မသင့်တော်ဘူးလို့ ထင်မိသည်။

ယွမ်ကျိုးက ဆက်ပြောပြန်သည်။

“Ottelia acuminata က ရေအောက်အပင်တစ်မျိုးဖြစ်ပြီး ရေအနက် အများဆုံး လေးမီတာအထိ နေထိုင်ကြီးထွားနိုင်ပါတယ်"

"ရေရဲ့ အရည်အသွေးကို မြင့်မားတဲ့ လိုအပ်မှု့တွေရှိတတ်ပြီး ရေက သန့်ရှင်းကြည်လင်ရမယ်၊ သတ္တုဓာတ်နဲ့ ကြီးထွားမှု အာဟာရတွေပါ ကြွယ်ဝရပါမယ်"

"အဲဒီလို အခြေအနေတွေ ရှိမှသာ ကြီးထွားနိုင်ပါတယ်”

ယွမ်ကျိုးက ရေအောက်ရှိ အမြစ်ကို ညွှန်ပြရင်း ဆက်ပြောလိုက်သည်။

“Ottelia acuminata က နည်းနည်းထူးဆန်းပါတယ်။ အပင်တစ်ပင်တည်းမှာတောင် ရေအနက်နဲ့ ရေစီးနှုန်းအလိုက် အရွက်ပုံသဏ္ဍာန်၊ အရွက်အရွယ်အစားတွေရဲ့ ကွဲပြားမှုက ထင်ရှားပါတယ်။ ပန်းပွင့်ချိန်က ပုံမှန်အားဖြင့် မေလကနေ အောက်တိုဘာလအထိ ပွင့်ပြီး အပူပိုင်းဒေသတွေမှာတော့ တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်ပါတယ်"

"ဒီလိုဟင်းသီးဟင်းရွက်က တရုတ်နိုင်ငံမှာပဲ တွေ့ရတဲ့ မျိုးစိတ်တစ်မျိုးပါ”

ပြောပြီးနောက် ယွမ်ကျိုးက ချူးရှောင်းကို တစ်ချက် ကြည့်လိုက်သည်။

တရုတ်နိုင်ငံမှာပဲ တွေ့ရတဲ့ မျိုးစိတ် တစ်မျိုးမို့ ထိုလူက ထိုအချက်ကို ကောင်းကောင်း သိနေမှာ သေချာ သည်။

ချူးရှောင်းက ပုခုံးတွန့်ပြီး ပြောလိုက်သည်။

“အမှန်ပဲ။ ဒါပေမယ့် နိုင်ငံခြားမှာ‌ တော့ ရာသီဥတုကြောင့် စိုက်ပျိုးဖို့ ခက်ခဲလွန်းလို့ အစိမ်းရောင် ကျန်းမာရေး ဟင်းလျာအဖြစ် သတ်မှတ်ကြတယ် ငါ့စားသောက်ဆိုင်မှာတော့ တခါတလေ ရတတ်တယ်”

အဖိုးတန် အစားအစာ သုတေသီ ဒေါက်တာက မျက်မှန်ကို ညှိရင်း ပြောလာသည်။

“ဟုတ်ပါပြီ မင်းတို့ နှစ်ယောက်လုံးက ထူးချွန်တဲ့ လူတော်တွေပါပဲ။

ဒါပေမယ့် စင်အောက်မှာ ရှိနေတဲ့ စားဖိုမှူးအများစုအတွက်တော့ ဒီလို အဖိုးတန် ဟင်းသီးဟင်းရွက်ကို ပထမဆုံး မြင်ဖူးတာ ဖြစ်မှာပါ။

ရှားပါးပြီး နူးညံ့လွန်းလို့ လွယ်လွယ်ကူကူ ပျက်စီးသွားနိုင်တယ်”

အစားအစာ ဝေဖန်ရေး ပညာရှင်ကလည်း ခေါင်းညိတ်ပြီး အားဖြည့်ပြောလိုက်သည်။

“ပတ်ဝန်းကျင် ညစ်ညမ်းမှုက ပိုပိုဆိုးလာတယ် ဒီလို ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ နေရာတွေမှာ လေထုက ကြည်လင်ကောင်းမွန်မှ ရမှာဆိုတော့ အနာဂတ်မှာ မြင်ရတော့မှာ မဟုတ်လောက်ပါဘူး”

“ဟုတ်တယ်”

ဥက္ကဋ္ဌကလည်း ခေါင်းညိတ်လိုက်ပြီး နောက်မှာတော့

“ကောင်းပြီ၊ ဒီအရာက မင်းတို့ နှစ်ယောက်အတွက် သိပ်မခက်ခဲဘူးဆိုတာ သိပြီ။ နောက်တစ်မျိုး ပြောင်းကြရအောင်။ ‌ဟေ့ သေချာသယ်ကြ၊ မဟုတ်ရင် နောက်တခု ထပ်လုပ်လို့ မရတော့ဘူး”ဟုပြောပြီးနောက် ဥက္ကဌက ကျီစယ်ဟန် ဖြင့် မျက်လုံး တဖက်မှိတ်ပြလိုက်သည်။

ယွမ်ကျိုးက စိတ်ထဲမှာတော့ “ဒါက သွေးပူအောင်လုပ်ရုံပဲ ဖြစ်ရမယ်”

“ဒီတစ်ခါတော့ တကယ်စတော့မှာပါ”

ဥက္ကဋ္ဌက အပြုံးနဲ့ သူတို့ နောက်ဘက်က သယ်လာသည့် လင်ဗန်းကို ပြရင်း ပြောလိုက်သည်။

ဒီတစ်ကြိမ်မှာ ဝန်ထမ်းမိန်းကလေးက ပိုပြီး သက်သောင့်သက်သာ ဖြစ်နေသည်။

ဗန်းအဝိုင်းတစ်လုံးပေါ်မှာ သေချာပိတ်ထားသော မှန်ပေါင်းအိုးတစ်လုံး တင်ထားပြီး အောက်ခြေကို ကြည့်မှသာ မှန်အိုးဆိုတာ သိနိုင်သည်။

“ကြည့်လို့ရပါပြီ”

မိန်းကလေးက ဗန်းကို စားပွဲပေါ် ပေါ့ပေါ့ပါးပါး ချပြီး မှန်အိုးကို ဖွင့်လိုက်သည်။

အိုးထဲမှာတော့ သန့်ရှင်းမွှေးပျံသည့် ထမင်းတွေ ရှိနေသည်။

ဟုတ်ပါတယ်၊ လူတွေ နေ့စဉ် စားနေကျ ထမင်းနဲ့ အလွန် ဆင်တူပြီး ပုံမှန်ဆန်ထက် နည်းနည်းသေးပြီး ဆန်လုံးရှည်သည်။

“ထမင်းလား” ချူးရှောင်းက သေချာကြည့်ရင်း မေးလိုက်သည်။

သို့သော် ယွမ်ကျိုးကတော့ ဘေးမှာ တိတ်တိတ်လေး စောင့်ကြည့်နေပြီး ဘာမှ မပြောသေးပါ။

“ဟုတ်ပါတယ် ဆရာ ချူးရှောင်း ၊ ထမင်းပါပဲ”

ဥက္ကဋ္ဌက မုတ်ဆိတ်ပွတ်သပ်ရင်း အတည်ပြုလိုက်သည်။

ချူးရှောင်းက ဆက်ပြီး ပြောလိုက်သည်။

အရောင်က စိုပြေပြီး အနံ့မွှေးတာ ဒါက "တော်ဝင်နန်းတွင်းသုံးဆန်"အမျိုးအစားမဟုတ်လား"

သို့သော် ယခုလို မသေချာသည့် အသံနဲ့ ခန့်မှန်းပြောရတာက သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

အရိပ်အမြွက် မရှိဘဲ သူ့ရှေ့ကို တိုက်ရိုက် သယ်လာပေးထားတာကြောင့် ဘာဖြစ်မလဲ ဆိုတာ ခန့်မှန်းရတာ အလွန်ခက်ခဲသည်။

ချူးရှောင်းက ကိုယ့်ကိုယ်ကို အသိပညာ နှံစပ်သူဟု ယုံကြည်ထားသော်လည်း နန်းတွင်းသုံးဆန် တွေအကြောင်း တော့ သိပ်မသိပါ။

တရုတ်နိုင်ငံက အခြားနိုင်ငံများကဲ့သို့

မဟုတ်ဘဲ အကောင်းဆုံးအရာတွေ ရှိရင်တောင် ဖုံးကွယ်ထားပြီး များများ မပြောချင်ကြပေ။

“ဆက်ပြောပါ”

အကဲဖြတ်ဒိုင် သုံးယောက်က ဘာမှအတည်မပြုပဲ ဆက်ပြောရန်သာ အချက်ပြလိုက်သည်။

သို့သော် ဒိုင်သုံးယောက်လုံး စိတ်ထဲမှာတော့ အနည်းငယ် ဂုဏ်ယူနေကြသည်။

ယခုလို စစ်မှန်တဲ့ ဆန်ကို တစ်အိုးရဖို့က လွယ်ကူတဲ့ အလုပ် မဟုတ်သလို မှားခန့်မှန်းမိတာက ပုံမှန်ကိစ္စ ဖြစ်သည်။

“ရှန်ရှု နန်းတွင်းသုံးဆန်နဲ့ တူပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ဇယ်ဖန်းဆန် လို့ထင်ပါတယ်။

အရောင်နဲ့ အနံ့က နာမည်နဲ့ တကယ်ကို ကိုက်ညီပါတယ်”

ချူးရှောင်းက ဒီတစ်ခါတော့ သေချာသည့် အသံနဲ့ ပြောလိုက်သည်။

“ဟားဟား”

ဥက္ကဋ္ဌက ရယ်မောလိုက်သည်။ စကားပြောဖို့ ပြင်နေချိန်မှာပဲ ယွမ်ကျိုးရဲ့ အသံက ကြားဖြတ်ဝင်လာသည်။

“ဇယ်ဖန်းဆန်ရဲ့ အရောင်က ကျောက်စိမ်းလို ဖြူနုပြီး ပုံမှန်ထမင်းချက်ရင် အရသာကမွှေးကြိုင်နူးညံ့ပြီး ကိုင်လိုက်ရင် စေးကပ်မနေပါဘူး။ ဆန်ပြုတ်လုပ်ရင်တော့ ကပ်ကပ်လေး ဖြစ်ပေမယ့် ချောကျိကျိမဖြစ်ဘူး”

ယွမ်ကျိုးက ဇယ်ဖန်းဆန်ရဲ့ လက္ခဏာတွေကို အရင်ဆုံး ပြောလိုက်သည်။

“ဒါပေမယ့် အခုရှေ့မှာ ရှိနေတဲ့ ဆန်က အပြာရောင်သန်းတဲ့ အဖြူရောင် ဖြစ်ပြီး ကျောက်စိမ်းလို တောက်ပပါတယ်။

သဲလို သိပ်သည်းနေပြီး ရိုးရိုးထမင်းချက်ရင် ထမင်းရည်က မိခင်နို့လို နူးညံ့ချောမွေ့လာလိမ့်မယ်။

ချက်ပြီးရင် ထမင်း ကတောက်ပစိုလက်နေပြီး မွှေးရနံ့ ကတခန်းလုံး ပြည့် လာမှာပါ။ ထမင်းစေ့တွေက ကြည်လင်နေပြီး အရသာက နူးညံ့ချိုသာ ပါလိမ့်မယ်။ ဒီလို ဆန်မျိုးက စားချင်စိတ်ကို မြှင့်တင်ပေးပြီး အစာအိမ်နဲ့ အူအတွက်လည်း ကောင်းပါတယ်”

ယွမ်ကျိုးက ဆန်ကို ညွှန်ပြရင်း စနစ်တကျ ရှင်းပြလိုက်သည်။

“ဒါဆို မင်းအမြင်အရ ဘာဆန်လဲ”

ချူးရှောင်းက အလေးအနက် မထားပဲ ထစ်ငေါ့သည့် လေသံဖြင့် မေးလိုက်သည်။

သူ့အတွက်တော့ ယခုအခြေအနေက ရယ်စရာလို ဖြစ်နေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူက ဒေါင်းယုတိုင် ဒေသက နိုင်ငံတော်ဧည့်ရိပ်သာကို သွားဖူးပြီးသား ဖြစ်သော်လည်း ယွမ်ကျိုးကတော့ စားသောက်ဆိုင်အသေးလေးမှာ အလုပ်လုပ်နေတဲ့ စားဖိုမှူးသာ ဖြစ်သည်။

ဒီလိုလူက ဗသုသုတ များစွာရှိနေရင်တောင် ယခုကဲ့သို့ နန်တွင်းသုံး ဆန် အစစ်အမှန်ကို မမြင်ဖူးနိုင်ဘူးလို့ သူယုံကြည်နေသည်။

အနည်းဆုံး သူကတော့ တစ်ခါ စားဖူးသည့် အခွင့်အရေး ရခဲ့ဖူးသည်။

“မင်းက အခုထိ မသိသေးဘူးလား” ယွမ်ကျိုးက သဘာဝကျစွာ ပြန်မေးလိုက်သည်။

ဒါက ချူးရှောင်းကို အရမ်းဒေါသထွက် စေသည်။

ချူးရှောင်းက နားမလည်ဖြစ်နေသေးသည်ကိုမြင်သည့်အခါ ယွမ်ကျိုးကခေါင်းခါရင်း ဖြေလိုက်သည်။

"ဒီဟာက စန်ယိ နန်းတွင်းသုံးဆန်ပဲ ၊

ချင်မင်းဆက်ရဲ့ ပထမဆုံး အင်ပါယာခေတ်ကတည်းက တော်၀င်မိသားစု အတွက် ဆက်သဖို့ သတ်မှတ်ခဲ့တာ"

ချူးရှောင်း က ယွမ်ကျိုးကို အထင်သေးစွာ ကြည့်ရင်း" မင်းက သိပ်ရိုင်းစိုင်းပြီး မောက်မာလွန်းတာပဲ"

ဘယ်သူကများ တချက်လောက် ကြည့်ရုံနဲ့ ဒီဆန် ရဲ့ လာရာ ‌‌နေရာ ကို ချက်ချင်း ပြောနိုင်မှာလဲ။

ထို့ကြောင့် ချူးရှောင်း ကယွမ်ကျိူး ကို

အရှုပ်ထုပ် ဟုသာ တွေးလိုက်သည်။

အပိုင်း(၃၇၈)

ပြီးပါပြီ။

All Chapters