အခန်း (၃၇၉-၃၈၀)
Vol. 28 Ch. 379-380
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇၉)
ယွမ်ကျိုးက ချူးရှောင်းကို မျက်ခုံးပင့်ကြည့်ပြီး လေးနက်စွာ ဖြင့် “ကျွန်တော်က အမှန်တရားကို ပြောနေရုံပါ”
“ဟုတ်လား”
ချူးရှောင်းက ဘာမှ မပြောဘဲ ဟမ့်ခနဲ ရယ်လိုက်သည်။
“လူကြီမင်းတို့ အခု ချက်ချင်း ဆုံးဖြတ်ပေးစေချင်ပါတယ်”
ယွမ်ကျိုးက ချူးရှောင်းကို ဂရုမစိုက် တော့ပဲ ဥက္ကဋ္ဌကို သာ သတိပေးလိုက်သည်။
ဥက္ကဋ္ဌက မုတ်ဆိတ်သပ်ရင်း “ဟားဟားဟား၊ ချူးရှောင်းရေ ဒီတစ်ခါတော့ မင်းမှားသွားပြီ”
သူ အမြင်တွင် ချူးရှောင်းသည် ယုံကြည်မှု့လွန်ကဲလွန်းသူ ဖြစ်သည်။
ထို့ကြောင့် တစ်ခါလောက် ရှုံးနိမ့်သွားခြင်းသည်လည်း မကောင်းတာ မဟုတ်ဟု တွေးပြီး ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာ ကြေညာလိုက်သည်။
“ဘာ ဒါက စန်ယီ နန်းတွင်းသုံးဆန် အစစ်လား”
ချူးရှောင်းက အံ့ဩသွားပြီး မျက်ခုံးပင့်ကာ မေးလာသည်။
ဥက္ကဋ္ဌက ကိုယ့်ကိုယ်ကို ဂုဏ်ယူဟန်ဖြင့်
“ဟုတ်တယ်၊ အီယာရေကန် မူရင်းဒေသကနေ ဒီဆန်ရဖို့ စိုက်ပျိုးရေး သိပ္ပံဌာနက လူအိုကြီးတွေကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ရတာ”
“မူရင်းဒေသကတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဝမ်မူလယ်ကွင်းဘက်က ဆန်ပါ၊ ဒီမှာ အရောင်က မတူပါဘူး”
ယွမ်ကျိုးက အိုးအလယ်ဘက်ရှိ ထမင်းစေ့အချို့ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ဘာ ယုတ်မာတဲ့အဘိုးကြီးတွေကတော့
တွေကတော့”
ဥက္ကဋ္ဌက ဒေါသတကြီးဖြင့် စင်ပေါ်မှ အမြန်ဆင်းလာသည်။
“ဒီကို ကြည့်လိုက်ပါ”
ယွမ်ကျိုးက ထမင်းစေ့များကို သေချာ ပြပြီး ပြောသည်။
ဥက္ကဋ္ဌသည် အသက်ကြီးသော်လည်း မျက်စိ မမှုန်သေးပါ။
သေချာစွာ ကြည့်ပြီးနောက် အရောင် မတူကြောင်း တွေ့သဖြင့် အလွန်ဒေါသထွက်သွားသည်။
ဥက္ကဋ္ဌ က အံ့ကြိတ်ပြီး “နောက်တစ်ခါ ငါ့ဟင်းလျာတွေကို သူတို့စားဖို့ မစဉ်းစားနဲ့တော့”
အကြားအာရုံကောင်းသော ယွမ်ကျိုးက ဘာမှ မပြောဘဲ ဥက္ကဋ္ဌ၏ လက်များကိုသာ ကြည့်နေသည်။
ထိုအခါ ယခင် တော်ဝင်စားဖိုမှူးလို လက်တုန် မနေဘဲ သန်စွမ်းနေကြောင်း သတိထားမိသည်။
'လက်ရှိအခြေအနေမှာ သူ့လက်ရာကို ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ထုတ်ပြနိုင်သေးတယ်'
ယွမ်ကျိုးက စိတ်ထဲတွင် အကဲဖြတ်လိုက်သည်။
ဥက္ကဌကို အကဲဖြတ် နေချိန်တွင် ချူးရှောင်းက ပုခုံးတွန့်ကာ ယွမ်ကျိုးကို လာပြောသည်။
“မင်း လုပ်တာ တကယ်ကောင်းတယ်”
“ကျေးဇူးတင်ပါတယ်”
ယွမ်ကျိုးက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
ချူးရှောင်းက ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။“နောက်အဆင့်တွေမှာတော့ ဒီလို ကံကောင်းမှု မရနိုင်တော့ဘူး"
ယွမ်ကျိုးက ခေါင်းထပ်ညိတ်ကာ “ဟုတ်တယ်၊ ကံကို ဘယ်သူသိနိုင်မလဲ”
ထိုအခိုက်အတန့်တွင် လူနှစ်ဦးကြား၌ မမြင်ရသော်လည်း တင်းမာသည့် လေထုတစ်ခု ပေါ်ပေါက်လာသည်။
“တတိယအကြိမ် အဖိုးတန်ရှားပါးအစားအစာပါဝင်ပစ္စည်း စစ်ဆေးမှုကို စတင်ပါပြီ”
အဖိုးတန်ပါဝင်ပစ္စည်း သုတေသီ ဒေါက်တာက ကြေညာလိုက်သည်။
ထိုအချိန်ထိ တရုတ်စားဖိုမှူးများ မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌက ဒေါသမပြေသေးပါ။
စန်ယီ အထူးဆန်၏ အထွက်နှုန်းမှာ အလွန်နည်းပါးကြောင်း လူတိုင်း သိထားကြသည်။
ထို့ကြောင့် စိုက်ပျိုးရေး သိပ္ပံဌာနမှ လူများသည် ရောင်းချခြင်းမပြုဘဲ စိုက်ပျိုးသုတေသနအတွက်သာ အသုံးပြုလေ့ရှိကြသည်။
တချို့လူအနည်းငယ်ကိုသာ ပမာဏ အနည်းငယ် ပေးအပ်လေ့ရှိသည်။
ဥက္ကဋ္ဌသည် မိမိ၏ ဂုဏ်သိက္ခာကို များစွာ အသုံးချခဲ့ရပြီး ကိုယ်တိုင် အစားအစာချက်ပြုတ်ပေးကာမှ ဆန်တစ်အိုးသာ ရရှိခဲ့သည်။
သို့သော် ထိုဆန်သည် လယ်ကွင်းအလယ်ပိုင်းမှ အကောင်းဆုံး ဆန်စေ့များ မဟုတ်ကြောင်းကို မသိခဲ့ သောကြောင့် ဒေါသမထွက်ဘဲ မနေနိုင်ခြင်းက သဘာဝကျပါသည်
“ဒီဘက်ကို လိုက်ခဲ့ပါရှင်၊ ပါဝင်ပစ္စည်း တွေက ဒီဘက်မှာပါ”
ဝန်ထမ်းမိန်းကလေးက ပြောကာ ခန်းမထောင့်ရှိ တိုင်တစ်ခုသို့ သူတို့ကို ခေါ်ဆောင်သွားသည်။
“ဒီတစ်ခါက အသက်ရှိတဲ့ အရာမလို့ နီးနီးကပ်ကပ်မနေကြပါနဲ့၊ လန့်သွားနိုင်လို့ပါ”
မိန်းကလေးက အမြဲတမ်းလိုပင် နွေးထွေးစွာ သတိပေးသည်။
ထိုသို့ မပြောပါက တိုင်အတွင်းတွင် တစ်ခုခု ရှိနေကြောင်းကို ဘယ်သူမှ သတိထားမိမည် မဟုတ်ပါ။
သတိပေးတာကို မစိုးရိမ်ဘဲ ချူးရှောင်းက ပြောလိုက်သည်။“ဖွင့်လိုက်ပါ”
သူသည် အထဲမှာ ဘာရှိမည်ကို အလွန် စိတ်ဝင်စားနေသည်။
ဝန်ထမ်းမိန်းကလေးက “ခဏလေးပါရှင်”ဟု ပြောပြီး အဖုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။
“ဟွာ” ဆို သည့် အသံနှင့်အတူ ဖုံးထားသည့် အနက်ရောင်အထည်က ဖယ်ရှားခံလိုက်ရသည်။
“အို ဘုရားရေ၊ မဆိုးဘူး၊ ဒီငါးကြင်းကို ဘယ်လိုရလာတာလဲ၊ အထူးသဖြင့် ကလေးအရွယ်ပဲ ရှိနေ သေးတယ်၊ ချက်မယ်ဆိုရင် ငါပဲ ချက်ရမယ်”
ချူးရှောင်းက ငါးကို မြင်မြင်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူက ရေအိုးပတ်လည်ကို လှည့်လည်ကြည့်ရှုနေပြီး မျက်နှာမှာစိတ်လှုပ်ရှားမှု့အပြည့် ဖြစ်နေသည်။
“ငါးကြင်းလား”
ယွမ်ကျိုးက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် ငါးကြင်း ဒဏ္ဍာရီ ကို သူ စဉ်းစားမိလိုက်သည်။
ခီယန်လုံးခေတ်အတွင်း ဟယ်ဇဲ့ လူမျိုးတစ်ဦးက အလွန်ထူးဆန်းသည့် ငါးအကြီးကြီးတစ်ကောင်ကို ဖမ်းမိခဲ့သည်ဟု ဆိုကြသည်။
ထိုအချိန်တွင် ထိုမျှကြီးမားသည့် ငါးကို မည်သူမျှ မမြင်ဖူးသဖြင့် လူတိုင်း အလွန်အံ့ဩခဲ့ကြသည်။
အစဉ်အလာအရ ပြည်သူများက အဖိုးတန်အရာများကို တွေ့ရှိပါက မြို့တော်သို့ ပို့ဆောင်ကာ နန်းတွင်းသို့မင်းဘဏ္ဠာ အဖြစ် ဆက်သရမည်ဖြစ်သည်။
ထို့ကြောင့် “မကောင်းဆိုးဝါးကြီး” ဟု ခေါ်သော ထိုငါးကြီးကို ဟေးလုံကျန်းပြည်နယ်မှ ငါးဖမ်းသမားများက ခေတ်မီသယ်ယူပို့ဆောင်ရေး မရှိသေးသည့်အချိန်တွင် အခက်အခဲများစွာ ဖြတ်သန်းကာ မြို့တော်သို့ ပို့ဆောင်ခဲ့ကြသည်။
စာပေနှင့် စစ်ရေး အရာရှိများအားလုံးသည် ထိုငါးကြီး၏ အမည်ကို မခေါ်နိုင်ခဲ့ကြပေ။ အကြောင်းမှာ ထိုသို့သော ငါးကို မည်သူမျှ မမြင်ဖူးကြသေး၍ ဖြစ်သည်။
သို့သော် စမ်းသပ်စစ်ဆေးပြီးနောက် အဆိပ်မရှိကြောင်း သတ်မှတ်နိုင်ခဲ့ပြီး အလွန်အရသာရှိသည့် အစားအစာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ကြသည်။
ထို့ကြောင့် တော်ဝင်စားဖိုမှူးများက ချက်ချင်း ငါးသားဟင်းတစ်ပွဲ ချက်ပြုတ်ကာ ခီယန်လုံးဘုရင်ထံ ဆက်သပေးခဲ့သည်။
ခီယန်လုံးဘုရင်က အနည်းငယ် မြည်းကြည့်လိုက်ပြီး အလွန်နှစ်သက်သွားသဖြင့် ချက်ချင်းပင် ကဗျာတစ်ပုဒ် ရေးစပ်လိုက်သည်။
ထိုအချိန်တွင် အမတ်တစ်ဦးက ချီးမွမ်းစကားဆိုကာ ငါး၏အမည်ကို ချမှတ်ပေးရန် တောင်းဆိုခဲ့သည်။
ခဏစဉ်းစားပြီးနောက် ခီယန်လုံးဘုရင်က “ယနေ့အထိ တွေ့ရှိထားသမျှ ရေချို ငါးများထဲတွင် အကြီးဆုံးဖြစ်သောကြောင့် ငါးတို့၏ ဘုရင်ဟု သတ်မှတ်နိုင်သည်။
ယခုမှစ၍ နှစ်စဉ် နန်းတော်သို့ အခွန်အဖြစ် ပို့ဆောင်ရမည် ဖြစ်သည်။
နန်းတော်အတွက် အခွန်ဖြစ်လာသောကြောင့် ( ငါးဘုရင်)ဟု အမည်ပေးလိုက်သည်။
ယွမ်ကျိုး ထိုဒဏ္ဍာရီကို စဉ်းစားနေချိန်တွင် အဖိုးတန်ပါဝင်ပစ္စည်း သုတေသီဒေါက်တာက မျက်မှန်ကို တွန်းတင်ကာ ပြောလိုက်သည်။ “ဒါက ငှားထားတာပါ၊ စားဖို့ မသုံးရပါဘူး”
ငှားထားခြင်းသာ ဖြစ်သော်လည်း စန်ယီ နန်းတွင်းဆန်ကို ပြောစဉ်က တရုတ်စားဖိုမှူးများ မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြသခဲ့သည့် ဂုဏ်ယူသည့် မျက်နှာမျိုးကိုပင် သူ့မျက်နှာတွင် မြင်ရသည်။
“မစားရဘူးလား၊ ဒါဆို ဘာလုပ်ဖို့လဲ၊ ဒီငါးကို တစ်ခါပဲ ချက်ဖူးတယ်၊ တကယ်ကို ရှားပါးတယ်”
ချူးရှောင်းက မျက်ခုံးတွန့်ကာပြောသည်။
“မရပါဘူး၊ ဒါက သဘာဝတောရိုင်းထဲကနေ တွေ့ရှိထားတဲ့ အစစ်အမှန်ပါ”
အဖိုးတန်ပါဝင်ပစ္စည်း သုတေသီ ဒေါက်တာက အလေးအနက် ပြောလာသည်။
“တောရိုင်းထဲကဟာဆို ပိုတောင် အဖိုးတန်တာပေါ့၊ နည်းနည်းလောက်ပဲ အသားယူပြီး ချက်လို့ မရဘူးလား၊ နည်းနည်းလောက်ဆို လုံလောက်ပါပြီ”
ချူးရှောင်းက ရေအိုးအတွင်းရှိ ငါးဘုရင်ကို မျက်လုံးမလွှဲဘဲ ပြောလိုက်သည်။
“လက်ရှိမှာ ငါးဘုရင် မွေးမြူရေး နည်းပညာတွေ တိုးတက်လာနေပြီမို့လို့၊ အသားနည်းနည်းလောက် စားလို့ ရမယ်လို့ ထင်တယ်”
ချူးရှောင်းက မိမိသိရှိထားသည့် နောက်ဆုံးရ သတင်းအချက်အလက်ကို ထုတ်ပြောရင်း ထပ်တောင်းဆိုလိုက်သည်။
“မရပါဘူး၊ လုံးဝမရပါဘူး၊ အဖြေကိုသာ အမြန်ပြောပါ”
အဖိုးတန်ပါဝင်ပစ္စည်း သုသေသီ ဒေါက်တာက တိတိကျကျ ငြင်းဆိုကာ ပြတ်သားစွာပြောလိုက်သည်။
“နားလည်ပါပြီ”
ချူးရှောင်းက ပြောရင်း ရေအိုးအတွင်း အေးအေးဆေးဆေး ရေကူးနေသော ငါးဘုရင်ကို စူးစိုက်ကြည့်နေသည်။
ငါးဘုရင်သည် အလေးချိန် ၁၅ ကီလိုမှ ၂၀ ကီလိုလောက် ရှိပုံရပြီး အမှန်တကယ် သားပေါက်အဆင့်တွင် ရှိနေသည်။
ငါး၏ ကိုယ်ခန္ဓာအပေါ်ယံမှာ အနက်ရောင်ဖြစ်ပြီး ခေါင်းမှာ သုံးထောင့်ပုံစံ ဖြစ်သည်။
ပါးစပ်မှာ ရှည်လျားကျဉ်းမြောင်းကာ ပါးစပ်နှစ်ဖက်ရှိ အသားများက အနည်းငယ် ဖောင်းနေသဖြင့် မထင်မှတ်ဘဲ ချစ်စရာကောင်းသည့် ခံစားချက်ကို ပေးနေသည်။
“ဟွာလာ” ဟု ရေခတ်သံထွက်ကာ ငါးဘုရင်သည် ဘေးသို့ ကူးသွားပြီး အဝါရောင် ကိုယ်ခန္ဓာဘက်ခြမ်းနှင့် မီးခိုးရောင် အဆီပြည့် ဝမ်းဗိုက်ကို ဖော်ပြလိုက်သည်။
အစားကို အများကြီး စားထားသလို မြင်ရသည်။
“ဒီငါးက ရေလှိုင်းနှေးတဲ့ နေရာတွေကို နှစ်သက်တယ်၊ မြစ်အလယ် နေရာ၊ မြစ်ဆုံနေရာတွေ၊ ဒါမှမဟုတ် ရေလှိုင်းမြန်ပြီး လှိုင်းထတတ်တဲ့ ကျောက်ခဲ ကျောက်ဆောင် အောက်ဘက်တွေမှာ နေတတ်တယ်။
"ဒါကြောင့် အသားက မယှဉ်နိုင်အောင် အရသာကောင်းပြီး ငါးရဲ့ သန့်ရှင်းမွှေးကြိုင်တဲ့ အနံ့လည်း မပျောက်ဘူး၊
အမျိုးမျိုးသော ချက်နည်းတွေအတွက်လဲ အရမ်းသင့်တော်ပါတယ်”
ချူးရှောင်းက ချက်ပြုတ်နည်းအကြောင်း ပြောသည့်အချိန်တွင်ပင် ငါးဘုရင်ကို ချက်ချင်း ဆယ်ယူပြီး ချက်ပြုတ်ချင်နေသည့်ပုံ ပေါ်နေသည်။
ဒီတစ် ခေါက် ယွမ်ကျိုးက ဘာမှ မပြောပါ။
သူသည် ဒီငါးအမျိုးအစားနှင့် အမှန်တကယ် မရင်းနှီးသေး၍ စနစ်က အသေးစိတ် အချက်အလက်များ ထည့်ပေးထားသော်လည်း သူက ထုတ်မပြောခဲ့ချေ။
သူ၏ လက်ရာတိုးတက်လာမှုနှင့်အတူ ယုံကြည်မှုလည်း မြင့်တက်လာသဖြင့် ယွမ်ကျိုးသည် မိမိ ရှုံးမည်လိုတော့ မထင်ပါ။
“ဟုတ်ပါတယ်၊ မင်းပြောတာ မှန်ပါတယ်”
ဒိုင်လူကြီး သုံးဦးက တစ်ပြိုင်နက် ခေါင်းညိတ်ကာ ချူးရှောင်း၏ ရှင်းလင်းချက်ကို အတည်ပြုလိုက်သည်။
“ဒါဆို ဆက်လုပ်ကြရအောင်”
ဟူသော အသံထွက်ပေါ်လာသည်။
အဖိုးတန် အစားအစာပါဝင်ပစ္စည်း ပြိုင်ပွဲသည် တစ်ရက်တည်းသာ ကျင်းပရမည် ဖြစ်သည်။
ထို့ကြောင့် နေ့လယ်စာအချိန်မှ လွဲ၍ အနားယူချိန် မရှိ၍ ပြိုင်ပွဲကို ချက်ချင်းပင် ပြန်စတင်လိုက်သည်။
ဖန်ဆရာကြီးက ဘေးတွင် ထိုင်ကာ ပါဝင်ပစ္စည်းများကို ကြည့်ရင်း မှတ်စုရေးနေသည်။
အမျိုးမျိုးသော အဖိုးတန်ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု စင်ပေါ်သို့ တင်လာကြသည်။
ထိုအချိန်အတွင်း ယွမ်ကျိုးနှင့် ချူးရှောင်းတို့သည် ပြင်းထန်စွာ ယှဉ်ပြိုင်ကြပြီး စင်အောက်ရှိ ဆရာကြီးများနှင့် ပရိသတ်များကလည်း ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။
ဒါသည် ပျော်ရွှင်မှုသာမက စမ်းသပ်မှုတစ်ရပ်လည်း ဖြစ်သည်။
ပါဝင်ပစ္စည်းတစ်ခုတိုင်း ရောက်လာသည့်အခါ စားဖိုမှူးကြီး နှစ်ဦးသည် အရသာနှင့် သင့်လျော်သည့် ချက်နည်းများကို ဖော်ပြကြသဖြင့် စင်အောက်ရှိ လူတိုင်း ဗိုက်ဆာလာကြသည်။
ကံကောင်းစွာဖြင့် ပြိုင်ပွဲသည် နောက်ဆုံးတွင် အဆုံးသတ်သွားသည်။
တရုတ်စားဖိုမှူးများ မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌက လက်ထဲတွင် စာရွက်တစ်ရွက်မှ မရှိဘဲ ထရပ်ကာ
“အခု ရလဒ်ကို ကြေညာပါမယ်၊ ခဏအကြာမှာ အနိုင်ရသူက စားဖို့ခွင့်ပြုထားတဲ့ အဖိုးတန်ပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ရမှာပါ”
“ဒီတစ်ခါ ပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ရမယ့်သူက ယွမ်ကျိုးပါ”
ဟု ရလဒ်ကို တိုက်ရိုက်ကြော်ငြာလိုက်သည်။
စင်အောက်မှ ပြိုင်ပွဲကို ကြည့်နေသည့် တန်ရှီက လက်ခုပ်တီးဖို့တောင် မစတင်ခင်မှာပင် ချူးရှောင်းက ခြေတစ်လှမ်း တိုးကာ တင်းမာစွာ မေးလိုက်သည်။
“တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အမှတ်က တူတူပါပဲ၊ သူက ဘာကြောင့် အနိုင်ရတာလဲ”
ချူးရှောင်းက ပြောရင်း ယွမ်ကျိုးကို မလေးမစား လက်ညှိုးထိုးပြလိုက်သည်။
သို့သော် ယွမ်ကျိုးက ချူးရှောင်းကို တည်ငြိမ်စွာ ကြည့်ကာ
“ကျေးဇူးပြုပြီး ရှုံးနိမ့်တာကို ရိုးရိုးသားသား လက်ခံလိုက်ပါ”
ထိုစကားကြောင့် အခန်းအတွင်း လေထုသည် ချက်ချင်း အေးခဲသွားသည်။
ချူးရှောင်းသည် ရှုံးနိမ့်ခြင်းကို လုံးဝ လက်မခံချင်သေးကြောင်း ထင်ရှားနေသည်။
အပိုင်း(၃၇၉)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၀)
ယွမ်ကျိူး၏ ထိုကဲ့သို့ သဘောထား က ချူးရှောင်းကို ချက်ချင်း ဒေါသထွက်စေသည်။
"သူဌေးယွမ် မင်းအတွေးလွန်နေတယ်လို့ မထင်ဘူးလား။ တကယ်က ကျွန်တော်တို့ အဖြေတွေက တူတူပဲလေ"
ချူးရှောင်းက လှောင်ပြောင်ပြီး ပြောလိုက်သည်။
"မာစတာကြီး တယောက် အနေနဲ့၊ ဘာကြောင့် ရှုံးခဲ့တယ်ဆိုတာကို ကိုယ်ဘာသာ သိထားသင့်တယ်”
ယွမ်ကျိုးက တည်ငြိမ်စွာ ပြောခဲ့သည်။
“ဟိုဟို”
ချူးရှောင်းက ပြန်လည်ပြောဆိုရာ၌ သူ၏ သဘောထားကို ပြသလိုက်ခြင်း ဖြစ်သည်။
စင်အောက်ရှိ စားဖိုမှူးအချို့ကလည်း နားမလည်ကြသေးချေ။
"သူတို့ အမှတ်တွေ တူတူပဲလို့ ထင်တယ်။ သူဌေးယွမ်က ဘာကြောင့် အနိုင်ရမယ်လို့ ဒီလောက် သေချာနေတာလဲ”
ဟု ပြောကြသည်။
အခြားသူတစ်ယောက်က “ဒီနှစ်မှာ မထင်မှတ်ထားတဲ့ လူတစ်ယောက် ထွက်လာတယ်။ သူပြောခဲ့တဲ့ ချက်ပြုတ်နည်းတွေကလည်း စိတ်ဝင်စားစရာကောင်းတယ်”ဟု ဟင်းချက်ပညာအရည်အချင်း ဘက်ကို ပိုစိတ်ဝင်စားစွာ ပြောသည်။
“ကျွန်တော်တော့ သရေဖြစ်မယ်လို့ပဲ ထင်တယ်”
စားဖိုမှူးများက ထိုရလဒ်ကို ပိုနှစ်သက်ကြသည်။
ဟာသပဲ
ချူးရှောင်း ပါဝင်ခဲ့သည့် ပြိုင်ပွဲတိုင်းတွင် သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြရသည်။
ဒီတစ်ကြိမ်တွင် သူကို တစ်ယောက်ယောက်က အနိုင်ယူနိုင်သည်ဟု ပြောလာလျှင် သူတို့အတွက် အလွန်အရှက်ရစရာ ဖြစ်မည်ဖြစ်သည်။
ထို့ကြောင့် စားဖိုမှူးအများစုက မိမိအမြင်ကိုသီးသန့် ပြောဆိုနေကြသည်။
“ဟွန်း၊ အဲ့ဒီ ချူး က တကယ်ကို သဘောမကျစရာပဲ။
အမှန်တကယ်တော့ သူ ရှုံးပြီးသားပဲကို” ဟု တန်ရှီက နှုတ်ခမ်းလှုပ်ပြီး ပြောသည်။
“ကျွန်တော်တော့ သူဌေးယွမ်က ပိုသိတာများလို့ အနိုင်ရမယ်လို့ ထင်တယ်” ဟု လီယန်ရိက မျှတစွာ ပြောသည်။
“အဲဒါပဲ ဖြစ်ရမယ် ချူးရှောင်းက သူဌေးယွမ်လောက် မတော်ဘူး ထင်တယ်” လင်းဟုန်က သူ့မေးကိုပွတ်ရင်း ပြုံးရယ်ကာ ပြောသည်။
“ကျွန်တော်မြင်တာတော့ သူဌေးယွမ်က သေချာပေါက် အရမ်းတော်တဲ့သူပဲ”
ဟု ဝူဟိုင်က မုတ်ဆိတ်မွေးကို ဆွဲရင်း ကျေနပ်စွာ ပြောသည်။
“အစကတည်းက သူဌေးယွမ်က ရှုံးနိုင်မယ့်သူ မဟုတ်ဘူး။
အသိအမှတ်ပြု လက်မှတ်သာ မရှိသေးတာ"
မန်မန်ကလည်း ယွမ်ကျိုး အနိုင်ရမည်ဟု ယုံကြည်ထားသည်။
ယွမ်ကျိုး၏ ဟင်းလျာကို စားဖူးသူတိုင်းမှာလည်း အလားတူ ခံစားချက်မျိုးပင် ရှိကြသည်။
“အားလုံး စိတ်အေးအေးထားပါ”
ဥက္ကဋ္ဌက ပြောလိုက်သည်နှင့် ဆူညံနေသည့် အခြေအနေကို ချက်ချင်း အသံတိတ်စေခဲ့ပြီး ဧည့်ခံခန်းတစ်ခုလုံးမှာ လုံးဝ အသံတိတ်သွားခဲ့သည်။
“ရလဒ်က ဘာကြောင့် ဒီလို ဖြစ်လာတာလဲ ဆိုတဲ့ အကြောင်းအရင်းကို ရှင်းပြပါမယ်”
ဥက္ကဋ္ဌက ချူးရှောင်းနဲ့ ယွမ်ကျိုးတို့ ဖြေဆိုခဲ့သည့် မေးခွန်းများကို မှတ်တမ်းတင်ထားသော ဇယားကို ထုတ်ပြလိုက်သည်။
“ဒီနေရာကို ကြည့်ပါ။
Beluga ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ မေးခွန်းမှာ သူဌေးယွမ်က အဆင့်မြင့် အစားအစာကို
ကိုင်တွယ်နည်းတစ်ခုသာမက အသုံးချနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကိုပါ ထည့်သွင်းပြောပြခဲ့တာပါ။
ဒါပေမဲ့ ဆရာချူးရှောင်းကတော့ ဒီအဆင့်မြင့် အစားအစာကို ကိုင်တွယ်နည်းတစ်ခုကိုပဲ ဖြေခဲ့တာပါ”
ဟု အသက်ကြီးသော ဥက္ကဋ္ဌက စနစ်တကျ ရှင်းပြသည်။
“ဒီနေရာမှာပဲ အမှတ်တစ်မှတ် ကွာခြားသွားတာပဲ”
ဥက္ကဋ္ဌက မုတ်ဆိတ်ကို လက်ဖြင့် သပ်ရင်း အလေးထားပြောသည်။
“အဲ့ဒီလို ဖြစ်တာကိုး”
ဒါက လူအများစု၏ စိတ်ထဲတွင် တပြိုင်နက် ပေါ်လာသောအတွေး ဖြစ်သည်။
ထို့ကြောင့် ယွမ်ကျိုးက မထင်မှတ်ဘဲ ချူးရှောင်းထက် ပို တော်သည် ဆိုတာ
ပိုပြီး သေချာသွားသည်။
ချူးရှောင်းက ထို အသုံးချနိုင်မည့် နည်းလမ်းဆိုတာ မည်သည် အရာလဲဟု ဆက်မေးချင်ခဲ့သော်လည်း ဒါက သိက္ခာကျစေသည်ဟု တွေးမိသည်။
ထို့ကြောင့် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
“နောက်နှစ် ပြိုင်ပွဲဝင်ရင် ဒီလို ကံကောင်းမနေတော့ဘူး”
ဟု ချူးရှောင်းက ယွမ်ကျိုးကို ပြောပြီး လူတွေ မတုံ့ပြန်နိုင်ခင်မှာပဲ ချက်ချင်းလှည့်ပြီး ထွက်ခွာသွားသည်။
ချူးရှောင်းက ရှုံးနိမ့်ခြင်းကို လက်မခံချင်ရုံသာ ဖြစ်ပြီး ရှုံးနိမ့်မှု့ကို ခံနိုင်သည့် သတ္တိတော့ ရှိသူ ဖြစ်သည်။
“လူငယ်ဖြစ်တာ ကောင်းလိုက်တာ
သူတို့က ဆက်ပြီး ယှဉ်ပြိုင်နိုင်သေးတယ်။
ကျွန်တော်တို့ လို လူအိုတွေကတော့ နောက်နှစ်မှာ ယောက်မ ကိုင်နိုင်ပါ့မလား မသေချာတော့ဘူး”
ဟု အသက်ကြီးသော ဥက္ကဋ္ဌက ပြုံးရယ်ရင်း သက်ပြင်းချပြီးပြောသည်။
“အရေးမကြီးပါဘူး။ ကျွန်တော်ကတော့ဘောပင်ကို ကိုင်နိုင်သေးတယ်”
အဖိုးတန် အစားအစာများဆိုင်ရာ သုတေသန ပါရဂူက တိတ်တိတ်လေး ပြောသည်။
“ဒါလည်း မဆိုးပါဘူး။ ကျွန်တော်က နှုတ်ခမ်း တော့ လှုပ်နိုင်သေးတယ်”
အစားအစာ ဝေဖန်ရေးပညာရှင်က မသဲမကွဲ ပြောလိုက်သည်။
ထိုအချိန်တွင် ယွမ်ကျိုးက ချူးရှောင်း ခန်းမထဲမှ ထွက်သွားတာကို မြင်လိုက်ရပြီး စင်အောက်ရှိ စားဖိုမှူးတွေကလည်း ချက်ပြုတ်ခြင်းနည်းလမ်း အကြောင်း တွေကို အလေးထား ဆွေးနွေးနေကြသည်။
“အခု ထွက်သွားဖို့ အကောင်းဆုံး အချိန်ပဲ”
ဟု ယွမ်ကျိုး၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ယွမ်ကျိုးက လူမှု့ဆက်ဆံရေးသိပ်မကောင်း၍ ဝူဟိုင်နဲ့ သူ့အဖော်တွေ ရောက်လာသည့်အချိန်တွင် ယွမ်ကျိုးက ထွက်ခွာသွားနှင့်ပြီးသား
ဖြစ် နေသည်။
သို့သော် ယွမ်ကျိုးက ဝန်ထမ်းမိန်းကလေးကို အထူးသဖြင့် သူ့ကို လာအားပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း စကားပို့ခိုင်းထားခဲ့သည်။
တစ်နေ့ပြီး တစ်နေ့ ပိုပိုအေးလာသောကြောင့် ညအချိန်လည်း အရင်ထက် စောစော ပြန်ချင်လာသည်။
“တက္ကစီ တစ်စီး ခေါ်ပေးပါ”
ဟု ယွမ်ကျိုးက သူ့အနားက ဖြတ်သန်းသွားသော ဝန်ထမ်းကို ယဉ်ကျေးစွာ ပြောသည်။
"ရပါတယ် ဆရာ"
၀န်ထမ်းက ခေါင်းငြိမ့်ပြီး ဧည့်သည့်တွေအတွက် ကားခေါ်ပေးသော လူကို အသိပေးလိုက်သည်။
ယွမ်ကျိုးက တစ်ညလုံး မနားဘဲ သူ့စားသောက်ဆိုင်ကို ပြန်လာခဲ့ပြီး ဘေးလမ်းဝင်ပေါက်အနား ရောက်တဲ့အချိန်မှာ ခွေးလေးစွပ်ပြုတ်ကို တွေ့လိုက်သည်။
ခွေးလေးစွပ်ပြုတ်က အသံမထွက်ဘဲ ခြေဖျားထောက်ပြီး ယွမ်ကျိုးဆီကို မြန်မြန် ပြေးလာသည်။
“ဟေ့၊ ငါ မသွားခင် ခေါက်ဆွဲပြုတ်ရည်ကို နှစ်ရက်စား လုံလောက်အောင် ပေးထားခဲ့တယ်နော်၊ မလျော့ဘူး”
ဟု ယွမ်ကျိုးက သူ့ရှေ့မှာ ထိုင်နေတဲ့ ခွေးလေးစွပ်ပြုတ်ကို ကြည့်ရင်း ချက်ချင်း ပြောသည်။
သို့သော် ကြက်ပြုတ်ရည်က ထိုင်ပြီး ယွမ်ကျိုးကို အေးအေးဆေးဆေး ကြည့်နေခဲ့သည်။
ထို့နောက် ထရပ်ပြီး စားသောက်ဆိုင်ရှေ့တံခါးဘက်ကို ပြန်သွားကာ တာဝန်ရှိသလို စောင့်ကြပ်နေသည်။
“ကောင်းပြီ၊ မနက်ဖြန် သူ့ကို အစားကောင်းကောင်း တစ်ခု လုပ်ပေးရမယ်ထင်တယ်”
ယွမ်ကျိုးက ခွေးလေးစွပ်ပြုတ်ကို ကြည့်ရင်း ဖောက်သည်တွေကို စဉ်းစားကာ ကိုယ့်ဘာသာ တိတ်တိတ် လေး ပြောမိသည်။
ထိုညတွင် ယွမ်ကျိုးက အလွန်ကောင်းတဲ့ အိပ်စက်မှုကို ရရှိခဲ့သည်။
သူ၏ အလေ့အကျင့်အတိုင်း မနက်စောစော ထပြီး အပြေးလေ့ကျင့်၊ ကိုယ်လက်လှုပ်ရှားပြီးမှ ရေချိုးကာ မနက်စာ ချက်ပြုတ်ရန် ပြင်ဆင်သည်။
…
ဂျုံမှုန့်ကို ယူပြီး မနက်စာ ချက်ရန် ပြင်ဆင်နေချိန်မှာ ယွမ်ကျိုးက စနစ်၏ ဆုနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခု ရှိနေတာကို ရုတ်တရက် သတိထားမိသည်။
“စနစ်၊ မန်ထို အမျိုးအစား ၁၀၀ ဆိုတာ အမှန်တကယ် ချက်နည်း ၁၀၀ မရှိဘူးလို့ ထင်တယ်နော်”
ဟု ယွမ်ကျိုးက စိတ်ဝင်စားစွာ မေးသည်။
စနစ် က
“ဒါက ဆုလာဘ်ရဲ့ နာမည်သက်သက်ပါ”
ဟု ပြသသည်။
“ဟာ”
ယွမ်ကျိုးက ယုံမရအောင် ဖြစ်သွားသည်။
“ဆိုလိုတာက နာမည်ပဲ ရှိပြီး အမှန်တကယ် ချက်နည်း ၁၀၀ မရှိဘူးလား”
ဟု ယွမ်ကျိုးက ထပ်မံ အတည်ပြုမေးသည်။
System က “ဟုတ်ပါတယ်” ဟု ပြသသည်။
“မင်းကို လိမ်လည်တတ်အောင် ဘယ်သူ သင်ပေးတာလဲ၊ အရင်က ရိုးသားတဲ့ စနစ်က ဘယ် ရောက်သွားတာလဲ”
ယွမ်ကျိုးက မနေနိုင်ပဲ ပြောမိသည်။
“ငါက မင်းကိုဆုလိုချင်လို့ လှည့်စားခဲ့တာလေ "
ယွမ်ကျိုးက စိတ်ထဲမှာ ကြေကွဲသွားသလို ခံစားမိသည်။
သို့သော် စနစ် က တစ်စုံတစ်ရာ မဖြေ၍ ယွမ်ကျိုးက တိတ်ဆိတ်နေရုံသာ လုပ်နိုင်သည်။
အချိန်တစ်ခဏကြာသော်လည်း စနစ် က မတုံ့ပြန်သေးသဖြင့်
“ငါက ဉာဏ်ကောင်းလို့ ဆုရထားတာပဲ၊ ဘာလို့များ စနစ်က အပြည့်မပေးတာလဲ”
ဟု ယွမ်ကျိုးက စိတ်ထဲမှာ မေးမိသည်။
“ထားလိုက်တော့၊ ချက်ပြုတ်မယ်”
ယွမ်ကျိုးက လက်ဆေးပြီး အလေးအနက် စတင်ချက်ပြုတ်သည်။
ယနေ့ မနက်စာမှာ မန်ထို အမျိုးအစား ၁၀၀ ထဲက အသစ်တစ်မျိုးဖြစ်တဲ့ နွေဦးစမ်းရေ မန်ထို ဖြစ်သည်။
နားထောင်လိုက်လျှင် လွယ်ကူသလို ထင်ရသော်လည်းထူးခြားချက် ပါဝင်သည့် မနက်စာတစ်မျိုး ဖြစ်သည်။
ဂျုံမှုန့်ကတော့ စနစ်က ပေးတဲ့ အကောင်းဆုံး ဂျုံမှုန့် ဖြစ်ပြီး ယနေ့ အဓိက အခန်းကဏ္ဍမှာ နွေဦးစမ်းရေ ဖြစ်သည်။
“စနစ်၊ မင်းပြောတဲ့ နွေဦးစမ်းရေဆိုတာ ဘာလဲ”
ယွမ်ကျိုးမှာ ကိုယ်တိုင်တောင် စနစ်အတုကို တွေ့နေရသလားလို့ သံသယဖြစ်လာသည်။
နွေဦးစမ်းရေ ဆိုတဲ့ နာမည်ကိုက အတု ထင်ရသောကြောင့် ဖြစ်သည်။
စနစ်က ပြသခဲ့သည်
"နွေဦးစမ်းရေကို လူယာဒဲ စမ်းရေ လို့ခေါ်ပြီး လောင်ရှီ စမ်းရေ လို့လည်း သိကြပါတယ်။ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပြီး အရောင်ပြောင်းလဲမှုလည်း ရှိပါတယ်၊ အရသာက ချိုပြီး အေးမြပါတယ်"
"လောင်ရှီ စမ်းရေက ရောဂါ ပျောက်တာလား။ရေပူစမ်းနဲ့ တူသလိုပဲ"
နွေဦးစမ်းရေ နှင့် ဂျုံမှုန့်ကို ကြည့်ရင်းဖြင့် ယွမ်ကျိုးက အနည်းငယ် တွေဝေနေသည်။
စမ်းရေ က အရောင်ပြောင်းနိုင်သည်ဟု စနစ်က အခုလေးတင်ပြောခဲ့သည်ပင်။
"ဘာအရောင်ပြောင်းမှာလဲ"
ယွမ်ကျိုးက ထိုအရာကိုသာ ဂရုစိုက်သည်။
"အသွင်အပြင် လှတာကလည်း ဟင်းပွဲတွေရဲ့ အရေးပါတဲ့အချက်ပဲ"
စနစ်က ပြလာသည်။
"ကျပန်းအရောင်ပေါ့"
"ဒါဆိုရပြီ"
ယွမ်ကျိုး ကြားသည့်အခါမှာ သက်ပြင်းချလိုက်သည်။
သူသည် အတော်လေး ရှုပ်ထွေးနေပြီး ဘာက ကောင်းသည့်ကို မသိဟု စနစ်က ဝေဖန်ခဲ့သည်။
ထို့နောက်မှာတော့ ယွမ်ကျိုးက
"ဘယ်အချိန် အရောင်ပြောင်းမလဲ"
ဟုမေးလိုက်သည်။
စနစ်က ပြောသည်။
"မုန့်တွေကို ပေါင်းထားတဲ့အချိန်မှာပေါ့"
"Ok" ယွမ်ကျိုးက ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ယွမ်ကျိုး က စိတ်ချစွာဖြင့် ရုပ်ဆိုးသည့်အရောင် ဖြစ်လာမှာကို စိတ်မပူပဲ စတင်ချက်ပြုတ်တော့သည်။
အတော်လေးကြာသည့် အခါ ယွမ်ကျိုး က ပေါင်းအိုးထဲတွင် မန်ထိုကို ထည့်လိုက်ပြီး ပေါင်းဖို့ ပြင်ဆင်လိုက်သည်။
လက်တွေကိုဆေးပြီးနောက် ထွက်သွားဖို့ ပြင်နေချိန်တွင် စနစ် ကပြောလာသည်။
"ဆိုင်ရှင် ကျေးဇူးပြုပြီး ဖြေပေးပါ။
ကျပန်းအ ရောင် ကကောင်းတယ်လို့ ထင်ရတဲ့ အကြောင်းအရင်းကို ပြောပြပါ"
စနစ်သည် သူ၏ လက်အောက်ခံဆီကနေ သင်ယူဖို့ မရှက်ရွံသည့်ပုံ ပေါက်နေသည်။
"ငါက လူကောင်းတယောက်မို့လို့ အရောင်လှလှလေး ရလာမှာပါကွာ" ယွမ်ကျိုးမှာ မှန်ကန်သည့်ပုံစံဖြင့်ပြောရင်း တံခါးကိုဆွဲဖွင့်လိုက်တော့သည်။
စနစ်သာ သူ့ကိုလှောင်ပြောင်နိုင်လျှင်
"ဒီလို နာဇီ ဝါဒနဲ့ များ မင်းက တကယ့်ကို လူမှု့ဆက်ဆံရေးအခက်အခဲရှိနေတဲ့ ဆိုင်ရှင်ပဲ ငါလည်းပဲ မှားယွင်းနေတဲ့ ပိုင်ရှင် နဲ့တွေ့ခဲ့ရတာပဲ"
ဟုပြောမှာအသေအချာပင်။
စနစ်နှင့်ယွမ်ကျိုး၏ နေ့စဉ် ပြောဆိူဆက်ဆံရေးမှာ အတော်လေး ရယ်စရာကောင်း နေသည်။
အပိုင်း(၃၈၀)
ပြီးပါပြီ။