← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 29 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 29 Ch. 383-384

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၃)

အချိန်သုံးရက်မှာ အလျင်အမြန်ကုန်ဆုံးသွားလေသည်။

ယွမ်ကျိုးက အဘယ်တွက်ကြောင့် ည၈နာရီခွဲ၌ စတင်ချက်ပြုတ်ရန် တောင်းဆိုရသနည်း ဟူသည့် အကြောင်းပြချက်မှာ သူက အလွန်စဉ်းစားပေးတတ်ပြီး သူ့ဖောက်သည်များ၏ ညနေစာအချိန်ကို မနှောင့်‌နှေးစေချင်သောကြောင့် ဖြစ်သည်။

ရှန်မင်ရောက်လာသည်နှင့် ယွမ်ကျိုးက သူမကို သူ့ဆီလာရန် ခေါ်လိုက်သည်။

“ရှန်မင်ရေ.. ငါဒီညဆိုင်မှာ ရှိမှာမဟုတ်ဘူး.. အချိန်စေ့ပြီဆိုတာနဲ့ ပြန်သွားလိုက်တော့နော်” ယွမ်ကျိုးက သူ့ထံ လျှောက်လာနေသည့် ရှန်မင်ကို လှမ်းပြောသည်။

“ဟုတ်ကဲ့.. စိတ်မပူပါနဲ့.. သူဌေးယွမ်” ရှန်မင်က ခေါင်းတဆတ်ဆတ်ညိတ် ပြသည်။

“အင်း.. ငါအခုသွားပြီနော်” ထို့နောက် ယွမ်ကျိုးက အပေါ်ထပ်သို့ တက်သွားပြီး အဝတ်အစားများကို အေးအေးဆေး ဆေးလဲနေလေသည်။

“လမ်းမှာဂရုစိုက်ဦးနော် သူဌေးယွမ်” ခဏကြာပြီးနောက် ရှန်မင်က ယွမ်ကျိုးဒုတိယအထပ်သို့ ရောက်ခါနီးတွင် လှမ်းပြောသည်။

“အေးပါ” ယွမ်ကျိုး ခေါင်းညိတ်ပြလိုက်သည်။

“ဟူး... ဘယ်အချိန်ကျမှများ ငါလည်း ဒီအကျင့်ကို ပြင်နိုင်မလဲမသိဘူး” သူမ၏ ဆရာများ အထက်အရာရှိများကို မြင်သည့်အခါတိုင်း စိတ်လှုပ်ရှားတတ်သည့် အကျင့်ကို ရှန်မင်တစ်ယောက် မဖျောက်နိုင်သေးဘဲ ရှိနေသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် .. ယွမ်ကျိုးမှာ ခြေသံတရှပ်ရှပ်ဖြင့် လှေကားမှ ဆင်းလာလေသည်။

“သူဌေးယွမ်.. ချိန်းထားတာရှိလို့လား” သူမ ထိုသို့မေးလိုက်ပြီးမှ ချက်ချင်းဆိုသလို ရှက်သွေးဖြာသွားပြီး ရှက်ရှက်နှင့် ထွက်သွားရန် ဟန်ပြင်လိုက်သည်။

“မဟုတ်ပါဘူး... မချိန်းထားပါဘူး.. ငါ့ဟင်းချက်စွမ်းရည်တွေ တိုးတက်အောင် သွားလုပ်မလို့ပါ” ယွမ်ကျိုးမှာ ထိုသို့ပြောချိန်တွင် အထူးအလေးအနက်ရှိနေပုံပေါက် သည်။

“ဪ.. သိပြီ.. တာ့တာ.. သူဌေးယွမ်” ရှန်မင်က ချက်ချင်းဆိုသလို လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

“အင်း” ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် ယွမ်ကျိုးက လမ်းသွယ်လေးဆီ လျှောက်သွားကာ ဟိုတယ်သို့ တက္ကစီးငှါးသွားရန် ပြင်လိုက်သည်။

တကယ်တမ်းတွင် ရှန်မင်ထိုသို့ မေးသည်မှာ မထူးဆန်းပေ။ ဒီနေ့တွင် ယွမ်ကျိုးက နက်ပြာရောင် လည်ကတုံးဝတ်ရုံ ကို ဝတ်ဆင်ထားရာ သူ့ပုံစံမှာ အတော်လေးခန့်ညားချောမောပြီး ပိန်ပိန်ပါးပါးပုံသဏ္ဍာန်ပေါ်နေသည်။

သူက အပြင်ထွက်လျှင် ရိုးရိုးရှင်းရှင်းသာ ဝတ်စားတတ်ရာ.. ယွမ်ကျိုးက တက္ကစီငှါးလောက်ရုံ အသွားအတွက် ၁၀ယွမ်နှင့် အပြန်တွင်မူ ညနက်လောက်ပြီဖြစ်၍ ဈေးပိုကြီးနိုင်သောကြောင့် အပြန်အတွက် ယွမ်၂၀ ယူလာလေသည်။

ထိုပိုက်ဆံမှလွဲ၍ သူ့တွင် ဖုန်းတစ်လုံးသာပါလာသည်။

“ငါ့ညီ.. မင်းအင်္ကျီတွေက တော်တော်ကြည့်ကောင်းတာပဲ.. လိုက်တယ်” သူတို့မီးစိမ်းအောင် စောင့်နေစဥ် ကားသမားဖြစ်သူ က သူ့အား ပြုံးကာချီးကျူးသည်။

“ကျေးဇူးပါ.. ဒါကလည်ကတုံးဝတ်ရုံလေ” ယွမ်ကျိုးက အရင်ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်ပြီး ပြန်ဖြေသည်။

“ဪ.. သိပြီ.. အဲ့ဟို တီဗီဇာတ်လမ်းတွဲလေ.. နန်းတွင်းစုံစမ်းရေးအရာရှိဒီးရန်ကျဲဆိုတဲ့ ဇာတ်ကားမှာ သခင်ဒီးကလည်း ဒီလိုအဝတ်အစားမျိုးကို ဝတ်တာပဲ” ကားသမားမှာ ဝတ်စားဆင်ယင်မှုအသားပေးသည့် ဇာတ်လမ်း များကြည့်ရသည်ကို အလွန်ကြိုက်နှစ်သက်ကြောင်း သူ့စကားက ဖော်ပြနေသည်။

“အင်း.. အဲ့ဒါနဲ့ တော်တော်တူတယ်” ယွမ်ကျိုးက ခဏလောက်စဉ်းစားပြီးနောက် သူတို့ဝတ်ဆင်သည့် ပုံစံချင်းမှာ အတော်တူသည်ကို သတိထားမိသွားသည်။

“အဲ့ဒါဆို မင်းလည်း ပိုက်ဆံတွေကို အင်္ကျီလက်ထဲ ထည့်တာလား” ကားသမားက ယွမ်ကျိုး၏ အင်္ကျီလက်ကို မကြာခဏလှမ်းကြည့် နေသည်။

“အင်း.. အထဲမှာ အိတ်ကပ်လုပ်လို့တော့ ရတယ်” ယွမ်ကျိုးခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို အမှန်ပဲပေါ့ စိတ်ဝင်စားစရာပဲ” ကားသမားက စပ်စပ်စုစုမေးမြန်းပြီးနောက် စိတ်ကျေနပ်သွားကာ ကားကိုသာ ဂရုတစိုက်မောင်းလေတော့သည်။

ဆယ်မိနစ်တောင် မကြာလိုက်ဘဲ.. ကားသမားက ဟိုတယ်အဝင်ပေါက်၌ “ကျွီ”ဟူသော အသံမြည်အောင် ကားကိုသေချာ လှလှပပ ဝိုက်ကာ ရပ်ပေးလိုက်သည်။

“ဒီလိုကားမောင်းကျွမ်းပုံမျိုးနဲ့ ခင်ဗျားပြိုင်ပွဲ‌တောင် ဝင်ပြိုင်လို့ရတယ်” ယွမ်ကျိုးက မျက်နှာအမူအရာမပြောင်းလဲ‌ သော်လည်း လှိုက်လှိုက်လှဲလှဲ ရေရွတ်ပြောဆိုပြီးနောက် ယွမ်၁၀တန်တစ်ရွက်ကို ယူကာ ကားသမားကို ပေးလိုက်သည်။

“ကွက်တိပဲငါ့ညီပဲ.. သွားပြီနော်” ကားသမားက ခေါင်းညိတ်ပြကာ ယွမ်ကျိုးကို နှုတ်ဆက်သွားသည်။

“တာ့တာ” ယွမ်ကျိုးကလည်း ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ဟလို.. ကျေးဇူးပြုပြီး အထဲကို ကြွပါဗျာ” တံခါးစောင့်က သူ့ကို လမ်းပြခေါ်သွားသည်။

“လေးလွှာမြောက်က ဂွမ်ကျူခန်းမကို ပို့ပေးပါဗျ” ယွမ်ကျိုးက သွားရမည့်နေရာကို ချက်ချင်းပြောလိုက်သည်။

“ဟုတ်ကဲ့ နောက်ကလိုက်ခဲ့ပါခင်ဗျာ” တံခါးစောင့်က ပြုံးကာဖြေသည်။

ယွမ်ကျိုးက တရုတ်ဟန်လူမျိုးဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ့ကို ဘယ်သူမှ တခုတ်တရငေးကြည့်နေခြင်း မရှိသည့် အတွက် လေးလွှာသို့ တိတ်တိတ်ဆိတ်ဆိတ် ရောက်သွားသည်။

“အချိန်ကျတော့မှာကို အဲ့လူက ဘာလို့မရောက်လာသေးတာလဲ” ဆရာချန်က ဝင်ပေါက်ကို လှမ်းကြည့်ရင်း အထွန့်တက်ပြောဆိုနေသည်။

ထိုအခိုက် ယွမ်ကျိုးရောက်လာပြီး ထိုစကားကို ကြားသွားလေသည်။

ခန်းမတစ်ခုလုံးကို နေ့ခင်းပိုင်းတွင် သေချာပြင်ဆင်ထားပြီး ဖြစ်သည်။ ယွမ်ကျိုးအစားအသောက်ပြင်ဆင်ချက်ပြုတ် မည့်နေရာတွင် အရိပ်မကျစေသည့် မီးလုံးများကိုပင် ထွန်းထားပေသည်။

ရှည်လျားလှသော ကောင်တာကြီးတွင် ပေါင်းရန်၊ ဆီကြော်,ကြော်ရန်၊ မွှေကြော်ရန်၊ ပြုတ်ရန် စသည်တို့အတွက် လိုအပ်သော ပစ္စည်းကိရိယာအမျိုးမျိုးကို အပြည့် အစုံတင်ထားပြီး အိုးသုံးလုံး၊ ပန်းကန်လုံး၊ သစ်သားဆော့စ်ခွက် စသည်တို့ကို ဘေးဘက်တွင် အစီအရီချပေးထားသည်။

သူ့အနောက်ဘက်တွင်မူ ဟင်းပွဲများထည့်ရန် သုံးသည့် ပန်းကန်ပြား၊ ပန်းကန်လုံးများ ရှိနေသည်။

ပန်းကန်လုံး၊ ပန်းကန်ပြားများမှာ မီးဖိုချောင်ကောင်တာတစ်လျှောက် ရှိနေပြီး ပုံစံအမျိုးမျိုး စတိုင်လ်အမျိုးမျိုးဖြင့် အသီးသီး ခွဲခြား သတ်မှတ်ပေးထားလေသည်။

ဘယ်ဘက်တွင်မူ ဟင်းသီးဟင်းရွက်များ ဆေးကြောရန် ဘေစင်အကြီးကြီး ခြောက်ခုရှိနေပြီး ထိုဘေစင်များဘေးတွင် ပါဝင်ပစ္စည်းများကို ကိုင်တွယ်လှီးဖြတ်ရန် မိုးပြာရောင်ကျောက်သားကောင်တာ တစ်ခုရှိသည်။

“ကောင်းတယ်.. လက်သင့်ခံနိုင်စရာပဲ” ယွမ်ကျိုးက တခြားတစ်ဘက်နံရံတစ်လျှောက်တွင် ရှိသော ပါဝင်ပစ္စည်းများကို မြင်သောအခါ ခေါင်းကို အားပါးတရညိတ်နေတော့သည်။

“ဒီနေရာက တကယ်ကိုကောင်းတာ” ကျိုးရှီကျဲက အပြုံးတစ်ခုဖြင့် ဂုဏ်ယူစွာပြောသည်။

“ဆရာက အများကြီးလုပ်ပေးထားတာပဲ.. ကျေးဇူးတင်ပါတယ်ဗျာ” ယွမ်ကျိုးက လောကဝတ်ပြုရန် ဘယ်သောအခါမှ မမေ့ချေ။

“အင်း.. အခုမင်းရှင်းပြရမယ့်အလှည့်ရောက်ပြီ” ကျိုးရှီကျဲက ထရပ်ကာ ထိုသို့ပြောလိုက်သည်။

“ဟုတ်ကဲ့” ယွမ်ကျိုးခေါင်းညိတ်ပြသည်။

“ဒီနေ့ရဲ့ အဓိကပုဂ္ဂိုလ်ကတော့ အခုရောက်လာပြီ.. ဒီအဘိုးကြီးက တစ်နေ့လုံးအဆာခံပြီး ဟင်းပွဲမြည်းဖို့ စောင့်ရနေခဲ့တာ.. ကျုပ်ထင်တယ် ဒီမှာရှိတဲ့ လူတိုင်းလည်း အလားတူပဲဖြစ်လိမ့်မယ်” ကျိုးရှီကျဲက ပြိုင်ပွဲတစ်လျှောက် ပါဝင်ဆောင် ရွက်ခဲ့သူဖြစ်ရာ ဟိတ်ကြီးဟန်ကြီးလုံးဝ မရှိပေ။

သူက စားဖိုမှူးများဆီသို့ ထသွား ပြီး ဟာသနှောကာ ပြောလိုက်သည်။

“ဟဲ..ဟဲ.. ကျုပ်တို့အားလုံးလည်း သူဌေးယွမ်က သူ့အရည်အချင်းတွေပြမှာကို စောင့်နေခဲ့ကြတာပါ” ထိုစားဖိုမှူးများ က ယွမ်ကျိုးသူတို့ကို ဖြေရှင်းချက်ပေးမည်ကို စောင့်နေကြဆဲပင်။

“ဟုတ်ပါ့.. သူဌေးယွမ် ကျုပ်တို့အားလုံးအတွက် ခင်ဗျားဘာသာပဲ စီမံပေးရတော့မယ်” ထသွားထလာ အဝတ်အစားနှင့် စကားပြောနေသော စားဖိုမှူးက လက်ပိုက်လိုက်ပြီး သူ့ကို ပြုံးရင်းကြည့်နေသည်။

“ဟုတ်တယ်.. သူဌေးယွမ်ကပဲ ကျုပ်တို့အတွက် ဒုက္ခခံပေးပါဦး” နောက်စားဖိုမှူးတစ်ဦးက ချက်ချင်း ဝင်ကာ ထောက်ခံလိုက်သည်။

ချူးရှောင်က ဘေးဘက်တွင် ထိုင်နေပြီး သူတို့ပြောနေသည်ကို မည်သည့်စကတစ်ခွန်းမျှ ဝင်မပြောဘဲ ကြည့်နေသည်။ သူ့မျက်နှာတွင်တော့ လုံးဝမယုံကြည်ကြောင်း ပေါ်လွင်နေသည်။

“ဟေ့.. မင်းဘာလို့ သူ့ကိုစည်းရုံးဖို့ တစ်ခုခုဝင်မပြောလဲ” ရှင်းမင်က ထိုအရာကို မြင်သောအခါ အနည်းငယ်စိတ်ပူသွားပေမယ့် သူ့အနေနဲ့ ဘာမှဝင်ပြောရန် မသင့်လျော်သဖြင့် ဘေးတွင်ထိုင်နေသော လီယန်ရီကိုသာ မေးလိုက်သည်။

“ကျုပ်နဲ့မှ မဆိုင်ဘဲ” လီယန်ရီက ဝေခွဲမရဖြစ်နေသည့် ပုံပေါ်နေသည်။

“ခေါင်းမာလိုက်တဲ့ အဘိုးကြီး.. သနားစရာပဲ.. သနားလိုက်တာ” ရှင်းမင်က ဒေါသထွက်ကာ ပျာယာခတ်သွားသည်။ သူ့ပေါင်ကို တဖတ်ဖတ်ရိုက်ကာ လီယန်ရီအား ကျိန်ဆဲသည့် စကားများကို ဝိုးတိုးဝါးတားရေရွတ်နေသည်။

မည်သို့ပင်ဖြစ်စေ လီယန်ရီက တိတ်ဆိတ်၍သာနေပြီး စားရန်စောင့်နေသည်။

ယွမ်ကျိုးမှာ သူတို့၏ စောင်းချိတ်ပြောဆိုသည့် စကားများကို သဘောပေါက်သော် လည်း အမူအရာမပျက်သာ နေလိုက်သည်။ ထိုစားဖိုမှူးများ ပြောပြီးသွားသည့် အခါမှ ပြန်ပြောလေသည်။

“ခင်များတို့ဆီမှာ သလင်းကျောက်တုတ်ချောင်း ရှိလား” ယွမ်ကျိုးက သူ့ဘေးရှိ စားပွဲထိုးကို မေးလိုက်သည်။

“ဟုတ်ကဲ့.. ရှိပါတယ်ဗျ” စားပွဲထိုးက သူ့အား ယွမ်ကျိုးစကားပြောလာမည်ဟု မထင်ထားရာ အနည်းငယ် ကြောင်သွားပြီးမှ ပြန်ဖြေသည်။

“ကျွန်တော့်ကို အဲ့ဒါလေးပေးပါ” ယွမ်ကျိုးက မျက်နှာအမူအရာမပြောင်းလဲဘဲ ပြောသည်။

“ဟော..ဟော.. မင်းနောက်မှ ဘယ်လိုသရုပ်ပြမလဲ စောင့်ကြည့်ဦးမယ်” ဆရာချန်၏ မျက်နှာတွင် အထင်သေး သည့်အမူအရာမှာ ဘွားကနဲပေါ်လာသည်။

“ဒါကဒီလိုရှိပါတယ်ဗျ.. ကျွန်တော့်ရဲ့ အသန့်အလွန်ကြိုက်တဲ့ရောဂါကြောင့် ကျွန်တော့်ရဲ့ ဟင်းပွဲခင်းကျင်းပြသမှု ပုံစံက သူများတွေလုပ်ပေးတာနဲ့ မတူနိုင်တာကြောင့်ပါ” ယွမ်ကျိုးက အကူကောင်မလေးအား ပြောရင်း လက်ဆေး လိုက်သည်။

အကျင့်ပါနေသဖြင့် ယွမ်ကျိုးက လက်ကို သုံးခါပြန်ဆေးလိုက်သည်။ ယွမ်ကျိုးလက်ဆေးသည့်ပုံစံနှင့် နှာခေါင်းစည်း ဝတ်လိုက်သည်ကို မြင်လိုက်ရာ ထိုစားဖိုမှူးများက စကားပြောခြင်းကို ရပ်လိုက်ကြသည်။

ယွမ်ကျိုးအားလုံးလုပ်ပြီး သွားသောအခါ ဂျပန်မုန်လာဥဖြူကို ယူလိုက်ပြီး ချက်ချင်းဆိုသလို စတင်ပုံဖော်တော့သည်။

“ရွှပ်ရွှပ်ရွှပ်” မီးဖိုချောင်သုံးဓါးမှာ လေထဲတွင် ဝဲပျံနေပြီး မုန်လာဥဖြူအလွှာပါးလေးများမှာ လရောင်ခြည်တန်း ကဲ့သို့ ကျလာသည်။ ခဏအတွင်းမှာပင် ယွမ်ကျိုးက သူ့လက်ထဲရှိ မုန်လာဥဖြူကို လှပသော ရှေးခေတ်နန်းတွင်းသူတစ်ဦး အဖြစ် ပုံဖော်ပြီးဖြစ်သည်။

နောက်တွဲဆံထုံးလေးနှင့် နန်းတွင်းသူမှာ အလွှာအထပ်ထပ်ပါသည့် ဝတ်စုံကို ဝတ်ဆင်ထားဟန် ပြင်ဆင်ထားသည်။

စကပ်ထောင့်မှာ အထက်သို့ ကော့တက်နေပြီး ပုဝါမှာ လေနှင့်လွင့်နေသည့်ဟန်ရှိသည်။

သူမ၏မျက်နှာပေါ်တွင် သိမ်မွေ့သည့် အပြုံးတစ်ပွင့်ဆင်မြန်းထားပြီး သဘောထားပြည့်ဝပုံပေါ်ကာ ဖြူဖွေးချောမွေ့‌သော အသားအ‌ရေနှင့် ချစ်စဖွယ်ဆွဲဆောင်မှုအားလုံးတို့က ယွမ်ကျိုး၏ အလွန်ပြောင်မြောက်သော ဟင်းချက်စွမ်းရည်ကို ပြသနေလေသည်။

“သေစမ်း” ဆရာတစ်ဦးအဖြစ် အချိန်အတော်ကြာအောင် ကျော်ကြားနေခဲ့သော ဆရာချန်ပင်လျှင် သူ့မျက်လုံးများ ကို မနေနိုင်ဘဲ ပွတ်ကြည့်လိုက်ရသည်။

“အရမ်းမြန်တာပဲ” ဆရာဖန်မှာ တော်တော်အံ့သြသွားသည်။

“ချီးပဲ.. ငါလည်းဒီလိုမျိုး ဟင်းပွဲခင်းကျင်းပြချင်တယ်”

“သူ့အတွက် ဟင်းသီးဟင်းရွက်ဆေးပေးမယ့်သူ မလိုချင်တာ မထူးဆန်းတော့ပါဘူး”

“...” အခြားစားဖိုမှူးများမှာ သူတို့အငြင်းခံလိုက်ရသည်ကို စိတ်ထဲမှာ ခံပြင်းစွာတွေးမိကြသည်။

“သူအဲ့လောက်တော်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ချူးရှောင်လည်း အနည်းငယ်အံ့သြသွားသည်။

ပထမဆုံးအနေဖြင့် ယွမ်ကျိုးအသုံးပြုခဲ့သည်မှာ မီးဖိုချောင်သုံးဓါးဖြစ်ပြီး ဒုတိယအချက်အနေဖြင့် အချိန်မှာ အလွန်တို တောင်းခြင်းဖြစ်ကာ တတိယအချက်မှာ ဟင်းပွဲခင်းကျင်းပြသခြင်းဆိုသည်ထက် အနုပညာလက်ရာတစ်ခု နှင့် တူနေခြင်းပေ။

ယွမ်ကျိုး၏ ဓါးကိုင်စွမ်းရည်မှာ သူ့ထက်သာကြောင်း ချူးရှောင်ဝန်ခံရပေသည်။

“ဒီအခင်းအကျင်းပုံစံကို သဘောကျတယ်.. တမူထူးခြားပြီး အနည်းစုသာတွေ့နိုင်တာမျိုးပဲ” ဤတစ်ကြိမ်တွင် ယွမ်ကျိုး၏ မျက်နှာ၌ အလွန်ရှားပါးသောအပြုံးတစ်ခုပေါ်လာပြီး သူ့ကို အထူးရိုးသားပုံပေါ်စေသည်။

တမူထူးခြားသည် ဆိုပါပကော။

တမူထူးခြားရုံသာ‌လော။

လူနည်းစုသာလုပ်နိုင်သည် ဆိုသော်လည်း အမှန်စင်စစ်တွင် နေရာရှိစားဖိုမှူးများထဲမှ တစ်ဦးတစ်ယောက်မျှ ထိုအဆင့်သို့ မရောက်နိုင်ပေ။

ထို့နောက် ဘေးတွင်ကြည့်နေသော စားဖိုမှူးများမှာ စိတ်ထဲက ကျိတ်၍ ပြောကုန်ကြသည် “ဘာပြောရမယ်မသိဘူး ဒါပေမယ့် ဒီအခင်းအကျင်းပုံစံမျိုးကို ငါတို့အကုန်လုံးသဘောကျတယ်.. ပွဲတစ်ဒါဇင်လောက်.. မဟုတ်သေးဘူး.. ဆယ်ဒါဇင်လောက် ပြင်ပေးပါကွာ”

တခြားသူ၏ အကူအညီကို သူမလိုချင်သည်မှာ မထူးဆန်းတော့ပေ။

“သူဌေးယွမ်က တော်တော်ခေါင်းမာတဲ့ လူနဲ့တူတယ်” ကျိုးရှီကျဲမှာ မုတ်ဆိတ်ကို သပ်ရင်း သူ့ဘေးရှိ လူနှစ်ဦးအား ထိုသို့ပြောလိုက်သည်။

သို့သော် ပုံဖော်မှုမှာ ကနဦးအဆင့်သာ ရှိသေးသည်။ ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ပြပွဲမှာ စသည်ဆိုရုံလေး ရှိသေးသည်။

အပိုင်း(၃၈၃)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၄)

အခြားစားဖိုမှူးများက ရှေးခေတ်နန်းတွင်းသူနှင့်ပတ်သက်၍ စိတ်ဝင်တစားဖြစ်နေပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေကြ ချိန်တွင် စားပွဲထိုးလေးပြန်ရောက်လာသည်။

“ဒီမှာ ဆရာမှာထားတဲ့ သလင်းကျောက်တုတ်ပါ” စားပွဲထိုးလေးက လင်ဗန်းကို သူ့ဆီ လှမ်းပေးသည်။

“အင်း.. ရပြီ.. ကျေးဇူး” ယွမ်ကျိုးက သလင်းကျောက်တုတ်ကို ယူပြီး စားပွဲထိုးလေးကို ကျေးဇူးတင်စကားဆိုလိုက်သည်။

“ရပါတယ်” စားပွဲထိုးလေးက ပြုံးကာပြောသည်။

“ဆရာယွမ်.. ခင်ဗျား ပုံဖော်ဖို့ ကျုပ်တို့လို လက်ထောက်တွေ မလိုရင်တောင် ဟင်းသီး ဟင်းရွက်ဆေးဖို့တော့ လူလိုမှာပဲ မဟုတ်လား” ထိုစကားကို ပြောသည့်သူမှာ ဆရာချန်ဖြစ်သည်။

“ဟုတ်တယ်.. ဟင်းသီးဟင်းရွက်တွေကို ခင်ဗျားတစ်ယောက်တည်းတော့ ဘယ်ဆေးနိုင်မလဲ” အခြားစားဖိုမှူးများ ကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပြောကြသည်။

“တခြားကိစ္စတွေမပြောလိုပေမယ့်.. ဟင်းရွက်ဆေးတာကတော့ ကျုပ်ကိုကျုပ် ယုံကြည်မှုရှိတယ်” ဆရာချန်က သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ယုံကြည်ချက်ရှိရှိ ပြောလေသည်။

ပြိုင်ပွဲတွင် ထုတ်ဖော်ပြသခဲ့သော နက်နဲသည့် အသိပညာနှင့် လက်ရှိပြသနေသော နတ်ဘုရားအဆင့် ပုံဖော်စွမ်းရည်အရ ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်မှာ သေချာ ပေါက် ဆရာ့ဆရာကြီးအဆင့်တွင် ရှိနေသည်။

ယွမ်ကျိုးအတွက် တောက်တိုမယ်ရလေးများ လုပ်ပေးနိုင်လျှင်ပင် သူတို့၏ ဟင်းချက်စွမ်းရည်ကို သေချာပေါက် တိုးတက်စေနိုင်သည်။

ဤသည်မှာ စားဖိုမှူးအားလုံး၏ အတွေးဖြစ်သော်လည်း ဉာဏ်များသည့် ဆရာချန်က ထိုစကားကို အရင်ဆုံး ထုတ်ပြောလာသူဖြစ်သည်။

“တကယ်တော့ ငါလည်းမဆိုးပါဘူး” ယွမ်ကျိုးပြန်မဖြေပေးနိုင်မီတွင် ဘေးဘက်ရှိ အခြားစားဖိုမှူးတစ်ဦးက သူ့ကိုယ်သူ ထောက် ခံလာပြန်သည်။

“ဟင်းသီးဟင်းရွက်တွေ ဒီလောက်များတာ ကျွန်တော်တို့အတူတူ ဆေးပေးလို့ရမယ် ထင်တယ်” ငယ်ရွယ်သည့် စားဖိုမှူးလေးတစ်ဦးက လိမ္မာပါးနပ်စွာ အကြံပြုလိုက်သည်။

“ငါလည်း အဲ့အကြံကောင်းတယ်ထင်တယ်” ထိုသို့ အကြံပြုလိုက်သည်နှင့် စားဖိုမှူးများအားလုံးက တညီတညွတ် တည်း လက်ခံကြလေသည်။

သာမန်အချိန်၌ ထိုအခြင်းအရာကို မြင်တွေ့ရန် ခက်ခဲပေသည်။ အဆင့်အတန်းအမျိုးမျိုးရှိသည့် စားဖိုမှူးများ အားလုံးက အံ့သြစရာကောင်းလောက်အောင် ဟင်းသီးဟင်း ရွက်များဆေးပေးရန် စိတ်အားထက်သန်နေကြသည်။ ရယ်စရာကောင်းလောက်သည့် မြင်ကွင်းပါတကား။

“သူက တကယ် စွမ်းဆောင်ရည်ရှိတဲ့ စားဖိုမှူးပဲ” ဘေးဘက်ရှိ ရှင်းမင်လည်း စိတ်သက်သာရာရသွားကာ ပြုံးရင်း ပြော သည်။

“ပန်းတိုင်မရောက်မချင်း လက်မလျှော့နိုင်ကြသေးဘူး” လီယန်ရီက နှာခေါင်းရှုံ့သည်။ သူက ဟင်းပွဲတွေ မစားရသေး သည့်အတွက် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။

“ဒီလူ့ဂွစာကြီးကတော့.. ခင်ဗျားက အဲ့ကောင် ဟင်းသီးဟင်းရွက်ဆေးဖို့ လက်ထောက်တောင် မလိုဘူးလို့ ပြောချင်တာလား” ရှင်းမင်က လီယန်ရီ၏ ရန်သူတော်ကြီးဖြစ်သည်မှာ မထူးဆန်းပေ။

လီယန်ရီ၏ စကားအဓိပ္ပါယ်ကို ချက်ချင်းနားလည်ပြီး အံ့သြတကြီးမေးလိုက်သည်။

“အဲ့ကောင်လေးက အရမ်းမာနကြီးတာ.. အချိန်ဖြုန်းနေတာပဲ ရှိမယ်” လီယန်ရီက မငြင်းပေမယ့် ဝိုင်းအုံနေကြသော စားဖိုမှူးများကို မကျေမနပ်ကြည့်လိုက်သည်။

“ခင်ဗျားရော ဘာထူးလဲ.. ရှေ့နောက်မကြည့် ခေါင်းမာတဲ့ မြည်းကြီး” ထိုအခိုက်အတန့်တွင်တောင် ရှင်းမင်က လီယန်ရီကို လှောင်ပြောင်ရန် မမေ့ပေ။

“ဟမ့်” လီယန်ရီက နှာခေါင်းရှုံ့၍သာ တုံ့ပြန်လိုက်သည်။

ယွမ်ကျိုးက လူအယောက်ချင်းစီတိုင်း ရေရွတ်ပြောဆိုနေသည်ကို ကြားပြီးနောက် ပြန်ဖြေလေသည် “စိတ်မရှိပါနဲ့ ဗျာ.. ကျွန်တော်က တော်တော်ဇီဇာကြောင်တဲ့လူမို့ ဟင်းသီးဟင်းရွက်ကို ဒီအတိုင်းဆေးတာပဲ သဘောကျတယ်”

သူစကားပြောလိုက်လျှင် အတော်ရိုးသားပုံပေါ်သည်။ သို့ရာတွင် စားဖိုမှူးများ အားလုံး၏ နှလုံးသားများမှာ တစ်ခုခုမှားယွင်းသွားသလို ခံစားလိုက်ရပြီး ရင်ခုန်သံတစ်ချက် လွဲချော်သွားလေပြီ။

ထိုအရာအားလုံးကို လျစ်လျူရှုရင်း ယွမ်ကျိုးက အခုလေးတင် ဆေးကြောသန့်စင်လိုက်သည့် ကျင်းလင်မြက်ကို ယူကာ ခင်းကျင်းပြသရန် ပြင်လိုက်သည်။

ကျင်းလင်မြက် လက်တစ်ဆုပ်စာမှာ စနစ်က ထောက်ပံ့ပေးသည်လောက် မကောင်းသော်လည်း အတော်လတ်ဆတ်ပြီး နူးညံ့လေသည်။

“နည်းနည်းလောက် ဆေးလိုက်ပြီးရင် အရွက်တွေက အဆင်ပြေတယ်မဟုတ်လား” အခြားစားဖိုမှူးများကလည်း ဒီအရွက်၏ လတ်ဆတ်မှုနှင့် ကြွပ်ရွမှုကို သိပြီးသားဖြစ်သည်။

ထို့နောက် ယွမ်ကျိုးက သူ၏ သူမတူသည့် အရည်အချင်းများကို စတင်ပြသတော့သည်။

ယွမ်ကျိုးက ပေးထားသည့် ဝါးဓါးကို သုံးကာ အမြစ်ဟောင်းများကို အရင်လှီးဖြတ်လိုက်ပြီး တစ်လက်မစီခန့် အရှည်ထားကာ အပိုင်းပိုင်းဖြတ်လိုက်သည်။

ဝါးဓါးကိုလည်း အသုံးမပြုမီကပင် ယွမ်ကျိုးက ဆေးထားပြီးဖြစ်သည်။

သူက ဝါးဓါးကို အပေါ်သို့ အနည်းငယ်သာ မပြီး မြန်မြန်လှီးလိုက်သည်။

ထို့နောက် စဉ်းတီတုံးပေါ်ရှိ ကျင်းလင်မြက် များမှာ သူကြိုတင်ပြင်ဆင်ထားသည့် ကျောက်စိမ်းပြာရောင် သလင်းကျောက်ဇလုံထဲသို့ ကျသွားတော့သည်။ ရေထဲသို့ ကျင်းလင်မြက်ဖက်များ ကျသံ တဖတ်ဖတ် ထွက်ပေါ်လာသည်။

ယွမ်ကျိုးက စားပွဲထိုးလေး ယခုတင်ပေးထားသည့် သလင်းကျောက်တုတ်ကို အလွန်လျင်မြန်သော အရှိန်ဖြင့် ကောက်ယူလိုက်သည်။

ဇလုံကို လက်တစ်ဖက်ဖြင့် နာရီလက်တံအတိုင်း လှုပ်ပေးကာ ရေဝဲတစ်ခုဖြစ်ပေါ်စေပြီး ကျန်လက်တစ်ဖက်ဖြင့် သလင်းကျောက်တုတ်ကို ကိုင်ကာ ကျင်းလင်မြက်များကို အသာမွှေပေးနေသည်။

သူ့လှုပ်ရှားမှုများမှာ ပေါ့ပါးသော်လည်း ကျင်းလင်မြက်တစ်စချင်းစီကို သေချာစွာဆေးကြောပေး နိုင်သည်။

အဆုံးတွင် ယွမ်ကျိုးက ကျင်းလင်မြက်များကို သလင်းကျောက်တုတ်ကို သုံး၍ ပြန်ထုတ်လိုက်သည်။ မြက်များမှာ ရေလွှာလေးတစ်လွှာ ဖုံးနေလေသည်။

“ပြီးပြီ” ၃မိနစ်ပင် မကြာသည့် အချိန်အတွင်း ယွမ်ကျိုးက ပြောလိုက်သည်။

သူက လူအုပ်ကြီးကို ကြည့်လိုက်ရာ ခန်းမတစ်ခုလုံး အပ်ကျသံကြားရမတတ် ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။

သူတို့မှာ မည်သို့မျှ ပြန်မတုံ့ပြန်နိုင် ကြသေးပေ။

“ကျွန်တော်က ဟင်းသီးဟင်းရွက်တွေကို ဒီနည်းနဲ့ပဲ ဆေးချင်လို့ပါ.. အဲ့လိုဆေးတာ တော်တော်တော့ ရှားတယ်” ယွမ်ကျိုးက အနည်းငယ်ရှက်ရွံ့နေပုံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားချိန်တွင် နေရာတွင်ရှိသည့် စားဖိုမှူးများမှာ မည်သို့မျှမပြောလိုဘဲ “ဪ..ဪ” ဟုသာ ပြောနိုင်ကြ ရှာသည်။

“ဟင်းသီးဟင်းရွက်တွေကို ဒီနည်းနဲ့လည်း ဆေးလို့ရတာပဲ.. အဲ့ဒါဆို အရင်က ငါတို့ဆေးနေတဲ့ နည်းကရော” စားဖိုမှူးတစ်ယောက်က မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

“ဖြုန်းတီးတာပဲ” ဆရာချန်က ပီပီသသကြီး ပြောလိုက်သည်။

“ငါတော့ သူဌေးယွမ်ကို ဘာမှတောင် ထပ်မပြောချင်တော့ဘူး”

“အဲ့ဒါကို ရှားတယ်လို့ ခေါ်လို့ရလို့လား”

“အာ..”

ချူးရှောင်က ဆေးထားသော ကျင်းလင်မြက်များကို သွားယူပြီး သေချာကြည့်လိုက်သည်။

“တကယ်ကောင်းတယ်” အတန်ကြာပြီးနောက် ချူးရှောင်က မှတ်ချက်ပြုသည်။

“ကျွတ်စ် ကျွတ်စ် ဟင်းသီးဟင်းရွက်ကို ဘယ်လိုဆေးရမှန်းတောင် ငါမသိဘူးဆိုတာ အခုမှသိလိုက်ရတယ်” သေချာ ကြည့်ရန်အတွက် စားဖိုမှူးတစ်ဦးက ဝိုင်းအုံနေသော လူအုပ်ကြီးဆီ တိုးဝင်လိုက်သည်။

“ကံကောင်းလို့ ငါဆေးပေးချင်တယ် မပြောမိတာ” အခြားလူများ အပြိုင်အဆိုင် ဟင်းရွက်ဆေးပေးရန် ပြောနေကြစဉ် တိတ်ဆိတ်နေခဲ့သော စားဖိုမှူးတစ်ဦးက ပြောသည်။

“တကယ်.. ကံကောင်းတာဟေ့.. အဲ့လိုပြောဖို့ အချိန်မရလိုက်လို့.. မဟုတ်ရင် စိတ်ဝင် စားဖို့ မကောင်းတော့ဘူး” ပြောနေသည့် စားဖိုမှူးက ဆရာချန်အပါအဝင် စိတ်အားထက်သန်စွာ ဟင်းရွက်ဆေးပေးချင်ကြသော လူများကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်သည်။

“ဟုတ်တယ်.. ‌‌တော်သေးလို့.. ငါတို့အဲ့လိုမပြောမိတာ” ဝင်မပြောမိသော လူအနည်းငယ်က ကံကောင်းသလို ခံစားလိုက်ကြရသည်။

မည်သို့ပင်ဖြစ်စေ ကိုယ့်သဘောနှင့်ကိုယ် ဟင်းရွက်ဝင်ဆေးပေးချင်ကြသော လူများမှာ ယခုတော့ တိတ်ဆိတ်ကုန် ကြသည်။သူတို့အခု ရယ်ပင်မရယ်နိုင်တော့။

မည်သို့ပင်ဖြစ်စေ.. သူတို့အားလုံးက ကျင်းလင်မြက်ကို ထိုသို့ဆေးပေးဖို့ လိုအပ်ကြောင်း သိကြပြီးဖြစ်သည်။

သူတို့နားလည်သဖြင့် ယွမ်ကျိုးယခုလုပ်ပြသွားသည့် နည်းမှာ အလွန်ပြောင်မြောက်ပြီး မည်သူမျှ သူနှင့်ဖက်မပြိုင်နိုင် အောင်ရှိရာ ထိုအကြောင်းကြောင့် စိတ်မသက်မသာဖြစ်ကုန်ကြသည်။

သူတို့မှာ ယွမ်ကျိုး၏ ဟင်းပွဲပုံဖော်သည့် အရည်အချင်းတွင် လိုက်မမီနိုင်မှန်း သေချာပြီးဖြစ်ကာ ယခုထပ်၍ ယွမ်ကျိုး၏ ဟင်းရွက်ဆေးသည့် နည်းလမ်းက တစ်မျိုးလာပြန်သည်။

“ချီး.. ဟင်းသီးဟင်းရွက်တွေက အဲ့လို ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဆေးပေးဖို့ တကယ်လိုလို့လားကွာ” ဆရာချန်မှာ စိတ်ထဲမှသာ လှောင်ပြောင်နိုင်သည်။

“ဟဲ.. ဟဲ.. ဒီကောင်စုတ်လေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ” ကျိုးရှီကျဲ၏ မျက်နှာတွင် အားရကျေနပ်သော အမူအရာတစ်ခုရှိနေသည်။

အားလုံးတိတ်ဆိတ်ကုန်ကြသည်ကို ကြည့်ရင်း ယွမ်ကျိုးက သူ၏ ဟင်းပွဲအခင်းအကျင်းကို ဆက်ပြင်မည်ဖြစ်ရာ ချက်ချင်းပြောလိုက်သည်။

သူစကားပြောသည့် လေသံမှာလည်း အမြဲတမ်း ကြားနေကြအတိုင်းသာ ဖြစ် သည် “အမဲသားကို ကိုင်ဖို့အတွက်လည်း ကျွန်တော်မှာ ဇီဇာကြောင်တဲ့ နည်းတစ်ခုရှိပါတယ်”

နေရာရှိ စားဖိုမှူးအားလုံးမှာ “ဇီဇာကြောင်” ဟူသည့် စကားကို ကြားလိုက်သည်နှင့် ခေါင်းအနည်းငယ်ကိုက်လာသလို ခံစားလိုက်ရသည်။

“မင်းရဲ့ ခပ်ကြောင်ကြောင်နည်းတွေ ငရဲကိုပဲသွားလိုက်တော့” ဤသည်မှာ စားဖိုမှူးအားလုံး၏ အတွေးဖြစ်သည်။

နောက်အဓိပ္ပါယ်တစ်ခုအနေဖြင့် ဆိုရသော် “မင်းရဲ့ ခပ်ကြောင်ကြောင်နည်းတော့ နေပါစေ.. ငါ့အတွက် ဟင်းပွဲတစ်ဒါဇင်လောက်ပဲပေး”

သို့သော် စားဖိုမှူးတစ်ဦးက သင့်တင့်လျောက်ပတ်သည့် ယဉ်ကျေးမှုရှိနေခြင်းကြောင့်သာ စားဖိုမှူးတစ်ဦးအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ယွမ်ကျိုးကို စိတ်ထဲကသာ လှောင်နိုင်လေသည်။

အပေါ်ယံတွင်မူ သူတို့ပုံစံက “မင်းဆက်ပြီး သရုပ်ပြ.. ငါတို့ငြိမ်ငြိမ်လေး ကြည့်နေမယ်” ဟူသည့် ပုံပေါ်သည်။

“ကျွန်တော်ခင်းကျင်းပြသမယ့် ပြကွက်အတွက် အမဲသားကို သုံးပါမယ်.. ကျွန်တော့်ရဲ့ မပြည့်ဝသေးတဲ့ ပညာလေးကို ထုတ်ပြပါရစေခင်ဗျ” ယွမ်ကျိုးက ယဉ်ကျေးစွာပြောပြီးနောက် အမဲသားကို ထုတ်လာသည်။

အမဲသားကို ထုတ်ချိန်မှ စဉ်းတီတုံးပေါ်တင်ချိန်အထိ အမဲသားကို မထိခဲ့ချေ။

“ပါးပါးလှီးမှာ ဖြစ်ပါတယ်ဗျ” ယွမ်ကျိုးက ခေါင်းမော့ကာ ထိုသို့ပြောလိုက်သည်။

ထို့နောက် သူက သေသပ်ပြီး ဘေးနှုတ်ခမ်းသားများ မပါသည့် ထောင့်မှန် စတုဂံပုံ ပန်းကန်ပြားတစ်ချပ်ကို သူ့အနောက်မှ ယူလိုက်သည်။

ပန်းကန်ပြားကို ရေနွေးပွက်ပွက်ဆူဖြင့် ဆေးပြီးနောက် အမဲသားကို ထိုပန်းကန်ပြားပေါ်သို့ ချက်ချင်းတင်လိုက်သည်။

ဒီတစ်ကြိမ်တွင် ယွမ်ကျိုးက ခန်းမမှ စီစဉ်ပေးထားသည့် မီးဖိုချောင်သုံးဓါးကို မသုံးခဲ့ဘဲ သူ့အင်္ကျီလက်မှ ဓါးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ထိုဓါးမှာ သူ့စားသောက်ဆိုင်တွင် သုံးသည့် အံ့ဖွယ်မီးဖိုချောင်သုံးဓါးဖြစ်လေသည်။

ဤနေရာသို့ မလာခင် ယွမ်ကျိုးက ထိုကိစ္စနှင့် ပတ်သက်ပြီး စနစ်ကို သေချာမေးမြန်းခဲ့သည်။

ယွမ်ကျိုးမျှော်လင့်ထားသည့်အတိုင်းပင် အရသာမဲ့တူနှင့် ဇွန်းများကို အပြင်သို့ ယူဆောင်ခွင့်ရှိရာ အံ့ဖွယ်ဓါးကိုလည်း ယူခွင့်ရှိလေသည်။

စနစ်၏ သတ်မှတ်ချက်အရ အစားအစာပါဝင်ပစ္စည်းများကိုသာ ဆိုင်အပြင်ဘက်သို့ ယူခွင့်မရှိခြင်း ဖြစ်သည်။

“ဖပ်” သူက ပန်းကန်ပြားကို ဖိချလိုက်ပြီးနောက် လက်တစ်ဖက်နှင့် အသာမကာ ကျန်လက်တစ်ဖက်က မီးဖိုချောင်သုံး ဓါးကိုယူပြီး စတင်လှီးဖြတ်တော့သည်။

“သေစမ်း.. တိုင်းတောင် မတိုင်းဘဲ ဖြတ်တာဟ” စားဖိုမှူးတစ်ဦးက အံ့သြတကြီးဖြစ်နေသည်။

“မတိုင်းဘဲ ဖြတ်တာက ပုံမှန်ပါပဲ.. သူ့လိုတော့ မဟုတ်ဘူးပေါ့” ဆရာချန်က အလေးအနက်ပြောသည်။

အခြားစားဖိုမှူးများကလည်း ဆရာချန်၏ စကားကို ထောက်ခံကာ ခေါင်းညိတ်လိုက်ကြသည်။

သူတို့တွေလည်း မတိုင်းတာဘဲ လှီးနိုင်သော်လည်း ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ပေ။

ထို့အပြင် ပြိုင်ဖက်ကင်းသည့် ဟင်းချက်စွမ်းရည်ကို အခြားလူအားလုံးအား ပြပြီးကာမှ မတိုင်းဘဲ လှီးခြင်းက ဉာဏ်ရှိရှိပြုမူခြင်း တော့မဟုတ်ပါ။

ချူးရှောင်တစ်‌ယောက်ကသာ ရုတ်တရက်ပြောလာသည် “သူ့အတွက် မတိုင်းဘဲ လှီးတာက ပုံမှန်ပါပဲ”စကားကို အခိုင်အမာ ဆိုခြင်း ဖြစ်သည်။

ဘေးဘက်ရှိ အခြားစားဖိုမှူးများက ချူးရှောင်အား ဇဝေဇဝါဖြင့် လှမ်းကြည့်ကြသည်။

မျက်မှောင်ကြုတ်ထားသော်လည်း ချူးရှောင်က ရှင်းပြလိုက်သည်။

အပိုင်း(၃၈၄)

ပြီးပါပြီ။

All Chapters