← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 30 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 30 Ch. 391-392

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၃၉၁)

"ရှောင်လီ ငါမင်းကို ထောင်ရှီးလမ်းထဲက ယွမ်ကျိုး စားသောက်ဆိုင်မှာ စောင့်နေတယ်"

ပါးလွှာသော ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက တံခါးဝမှာ ဖုန်းဆက်ကာညင်သာစွာ ပြောလိုက်လေသည်။

"သိပြီး ငါတို့ အဲဒီမှာ အမြဲတွေ့ဖြစ်ပေမယ့် တစ်ခါမှ မစားဖူးသေးဘူး" ဖုန်း၏အခြားတစ်ဖက်မှ မိန်းမငယ်တစ်ဦး၏ညည်းညူသံ ထွက်ပေါ်လာသည်။

"နှစ်ကုန်တဲ့အထိပဲ စောင့် ငါနှစ်ကုန်ဘောနပ်စ်ရတာနဲ့ မင်းကို ကြက်ဥထမင်းကြော် ဝယ်ကျွေးမယ်"လူငယ်က ပြတ်သားစွာ ပြောလိုက်သည်။

"တော်ပါပြီး ကြက်ဥထမင်းကြော်တော့ စားချင်စိတ်မရှိဘူး၊ ဒီအတိုင်းပါးစပ်ထဲရှိတာ ပြောလိုက်တာ။ ငါ့ကိုစောင့်ဦး ငါအခုချက်ချင်းလာခဲ့မယ်" မိန်းကလေးလည်း ငြင်းဆန်လိုက်ပြီး ပျော်ရွှင်စွာပြောလိုက်သည်။

"ရပါတယ် ဘာမှအလျင်လိုစရာမလိုဘူး။ အေးဆေးလုပ် ငါ မင်းကို စောင့်နေမယ် " လူငယ်ကလည်း ခေါင်းညိတ်လိုက်ပြီး သူမကို ဂရုတစိုက် ပြန်ဖြေလိုက်သည်။

ထိုသို့သောမြင်ကွင်းမျိုးသည် ယွမ်ကျိုး၏ စားသောက်

ဆိုင်တံခါးဝတွင် မကြာခဏဖြစ်လေ့ရှိပြီး တန်းစီနေကြသောဖောက်သည်များအတွက် ‌ထိုအရာက ထူးဆန်းသည်ဟူ လုံးဝမခံစားရပေ။ မည်သိုပင်ဆိုစေကာမူ ယွမ်ကျိုး၏ စားသောက်ဆိုင် ထိုနေရာအနီးတစ်ဝိုက်တွင် အကျော်ကြားဆုံးနေရာဖြစ်သည် မဟုတ်ပါလော။

သုံးနာရီဟူသည့်အချိန်သည် အလွန်တိုတောင်းလွန်းလှပေသည်။ ဝတ်စုံပြည့်ဝတ်ဆင်ထားသောလူသည် သူ၏အစားအသောက်နှင့် တွဲလျက်ပါလာသော နောက်ဆုံးလက်ကျန်ရေသန့်ကိုသောက်လိုက်သည်။

"အားလုံးပဲ၊ ဒီနေ့အတွက်ဆိုင်ပိတ်ပါပြီ မနက်ဖြန်မှ စောစောလာခဲ့ပါ " ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ ရပ်ပြီး စိတ်ရင်းမှန်နဲ့ ပြောလိုက်သည်။

"ကျိုကျာ မင်းလည်းပြန်လို့ရပြီ။ ဒီဟာတွေ ရှင်းမ‌နေနဲ့တော့" ယွမ်ကျိုးက ခေါင်းကိုလှည့်လိုက်ပြီး ဘေးမှာ သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်နေသော ကျိုကျာကို ပြောလိုက်သည်။

"ဟမ်" ကျိုကျာက သူ့ကို ဇဝေဇဝါနဲ့ ကြည့်လိုက်သည်။

"အိမ်ပြန်တော့" ယွမ်ကျိုးက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပန်းကန်ပြားများနှင့် ပန်းကန်လုံးများကို ဘေစင်သို့ ကိုယ်တိုင် သယ်ဆောင်သွား‌လေသည်။

"သူဌေး၊ ကျွန်တော်ပဲ လုပ်ပါ့မယ်" အခုမှရောက်လာသောရှန်မင်က သူ၏အလုပ်ကိုယွမ်ကျိုးတစ်ယောက် ဝင်လုပ်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ကူ‌ညီရန် ပြေသွားလိုက်သည်။

"ရတယ် မလိုဘူး နောက်ဖေးသွားပြီး ပြင်ဆင်စရာရှိတာပြင်တော့" ယွမ်ကျိုးကလည်းနောက်ဖေးတံခါးကို ညွန်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။

"ဒါပေမယ့်..." ရှန်မင်လည်း ဇဝေဇဝါဖြစ်သွားပြန်သည်။

"သွားမှာသာသွားပါ" ယွမ်ကျိုးက နောက်တစ်ကြိမ် ထပ်မံပြောလိုက်သည်။

"ကျွန်မတို့သူဌေး ဘာဖြစ်နေတာလဲ" ဟု ရှန်မင်လည်းသူမဘေးရှိ ကျိုကျာကို အသံတိုးတိုးဖြင့် မေးလိုက်မိသည်။

"ငါလည်း ဘယ်လိုလုပ်သိမှာတုန်း။ အခုလေးတင်ငါကိုလည်း သန့်ရှင်းရေး မလုပ်နဲ့လို့ပြောထားတာ"ကျိုကျာလည်း အလွန်အံ့သြနေမိသည်။

"ဘယ်သူသိမှာလဲ။ သူစိတ်မဆိုးရင်ပြီးတာပဲ" ဝူဟိုင်းလည်း ထိုင်ခုံတစ်ခုကို ရွေးပြီး ဝင်ထိုင်‌နေလိုက်သည်။

ပုံမှန်အားဖြင့် နေ့လယ်ပိုင်းအလုပ်ဆင်းချိန်ရောက်လျှင် ရှန်မင်းက အမြဲတမ်းစောစောလာတတ်ပြီး ကျိုကျာနှင့်အတူ သန့်ရှင်းရေးလုပ်လေ့ရှိသည်။ ထို့နောက် သူမသည် ဘားဖွင့်ရန်အတွက် ပြင်ဆင်လေသည်။ သို့သော် ယွမ်ကျိုးက ယနေ့ သန့်ရှင်းရေးလုပ်ရန် ၎င်းတို့ကို ခွင့်မပြုခဲ့ပေ။ ၎င်းသည် ကြုံတောင်ကြုံခဲဖြစ်ပေ သည်။

ကျန်ရှိနေသေးသော ဖောက်သည်များကလည်း ၎င်းကို ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ညစာစားပြီးနောက် ဖောက်သည်အချို့သည် ချက်ချင်း မပြန်ကြ‌သေးဘဲ အနားယူရန် အချို့က အရက်သောက်ရန်အတွက် ဆိုင်တွင်နေနေကြ‌သေးသည်။ ဥပမာအားဖြင့် မကြာခဏ ထမင်းလာစား လေ့ရှိသော စာရေးဆရာနှင့် ဝူဟိုင်း တို့ပင်ဖြစ်သည်။

ထို့အပြင် ၎င်းတို့အုပ်စုကို ထိုင်ပြီး စိုက်ကြည့်နေသည့် ဝတ်စုံအပြည့်နဲ့လူလည်းရှိနေသေးသည်။

ကျိုကျာလည်း ယွမ်ကျိုး သန်ရှင်းရေးလုပ်၍ပြီးတော့မည့်ကို မြင်သောအခါ လှည့်ထွက်သွားလိုက်သည်။ သို့သော်လည်း ရှန်မင်ကတော့ ဘားအတွင်းသို့ဝင်သွားပြီး စားပွဲအားလုံးကို ဦးစွာသန့်ရှင်း‌အောင်သုတ်ပြီးမှ ပြန်ထွက်လာကာ တံခါးဝတွင်တိတ်ဆိတ်စွာ ရပ်နေ၏။

"ဝေါ... ဝေါ... ဝေါ" ယွမ်ကျိုးက ရေပိုက်ခေါင်းကို ဖွင့်ပြီး လက်ကို အ‌သေအချာဆေးကြောသန့်စင်လိုက်သည်။

"သူဌေးယွမ် ဟင်းထပ်ချက်မလို့လား" ယွမ်ကျိုး၏ ထူးဆန်းသော အပြုအမူကို မြင်သောအခါ စုမူက မေးလိုက်၏။

"ဟုတ်တယ်။ အားလုံးပဲ၊ ဘားမှာပဲ စောင့်နေ" ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ကောင်းပြီ။ ဒါပေမယ့် ဒီမှာ ရှင်ဟင်းချက်တာကိုကြည့်ချင်တာ "စုမူက ပြုံးရွှင်စွာ ပြောလိုက်သည်။

"မင်းကြိုက်သလိုသာလုပ်" ယွမ်ကျိုးက ခေါင်းညိမ့်ပြကာ ထပ်မပြောတော့ပေ။

လက်ဆေးပြီးနောက် ယွမ်ကျိုးသည် လက်များကို လက်ကိုင်ပုဝါအသစ်တစ်ထည်ဖြင့် အသေအချာသုတ်လိုက်၏။ ထို့နောက် ပါးလွှာသောလက်အိတ်ကို အသေအချာ ဝတ်လိုက်သည်။

"ယွမ်ကျိုး ချက်ပြုတ်တာ တစ်ခါမှ မမြင်ဖူး‌တော့ ဟင်းအသစ်တစ်ပွဲလိုခံစားနေရတယ်။ ကျွန်တော်တို့ကော စားလို့ရလား မသိဘူး"

ဝူဟိုင်းက သူ့ဘေးတွင်ရှိသော ယွမ်ကျိုးကို လေးနက်စွာ ကြည့်ရင်းပြောလိုက်သည်။

"ဒါပေမယ့် သူဌေးယွမ် ဒီလိုအချိန်မှာ ချက်ပြုတ်တာ ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။" ထိုအချိန်မှာပဲ စုမူ ထူးဆန်းသည်ခံစားချက်ကို ခံစားလိုက်ရသည်။

"သူ အရင်ကအလုပ်များနေလို့ နေမှာပေါ့။ အခုမှအချိန်ရလို့ချက်တာနေမှာ"

ဝူဟိုင်းက ယွမ်ကျိုး မည်သည့်ဟင်းလျာကိုချက်ပြုတ်မည်ဆိုသည်ကိုသာ ဂရုစိုက်၏။

"ဒါလည်း ဖြစ်နိုင်တာပဲ " စုမူ ခေါင်းညိတ်ကာထောက်ခံလိုက်သည်။

ဝတ်စုံအပြည့်နှင့်လူလည်း ၎င်းတို့ကို ဘေးမှကြည့်နေတော့၏။

"ဟူး...." ယွမ်ကျိုးက သက်ပြင်းချလိုက်ပြီး အစိမ်းရောင်သန်းနေသော ဂေါ်ဖီထုပ်များရှိသည့် ဗီရိုကို ဆွဲဖွင့်လိုက်သည်။

ထို ဂေါ်ဖီထုပ်များသည် မြေတွင်စိုက်ပျိုးထားဆဲဖြစ်၏။ ၎င်းတို့ စိမ်းလန်းစိုပြေပြီး လွန်စွာ လတ်ဆတ်တဲ့ပုံပင်။ နှင်း‌ရေစက်ကလေးများကိုပင် ယောင်ဝါးဝါး မြင်တွေ့နိုင်သေး၏။

"အဲဒါ ဂေါ်ဖီထုပ် တွေလား" အသားစားသူတစ်ယောက်အနေနဲ့ ဝူဟိုင်း အနည်းငယ် စိတ်ပျက်သွားသည်။

"အတော်လေးလတ်ဆတ်ပြီး နူးညံ့မယ့်ပုံပဲ" သို့သော်လည်း စုမူ၏ အမြင်မှာသည် အခြားသူများနှင့် ကွဲပြား၏။

"ဟုတ်တယ် သူဌေးယွမ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းက အတော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ" ဝူဟိုင်းက ပုခုံးတွန့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် သူ မြေကြီး‌ပေမှာ ကြောက်လို့ လက်အိတ်စွတ်တာတော့ မဟုတ်ဘူးမလား "စုမူက ယွမ်ကျိုးတစ်ယောက် ဟင်းသီးဟင်းရွက်များကို ထူးဆန်းသည့်ပုံစံနှင့် ဆွဲထုတ်နေသည်ကိုမြင်သောအခါ ဇဝေဇဝါနှင့် မေးလိုက်၏။

"သူ ဟင်းသီးဟင်းရွက်တွေရဲ့ အကောင်းဆုံးအရသာ ကိုထိန်းသိမ်းဖို့ လက်နဲ့မထိတာ " ဝူဟိုင်းသည် ယွမ်ကျိုး၏ စွဲလမ်းမှုကို မြင်တွေ့ပြီးဖြစ်သည်။

ယွမ်ကျိုးက ဟင်းသီးဟင်းရွက်များကို ဟင်းတစ်ပွဲစာ ခန့်မှန်း၍ ယူလိုက်ပြီးနောက် ရပ်တန့်လိုက်သည်။ ထို့နောက် သူ့လက်များကို တဖန်ဆေးကြောပြီး လက်အိတ်ကို လဲလှယ်ကာ အခြားဗီရိုတစ်ခုကို ဖွင့်လိုက်သည်။ အထဲတွင် မှိုများပေါက်နေသော သစ်သားတစ်ခု ရှိနေသည်။

"ဘာလိုတောင်လား။ မှိုတွေက သစ်သားပေါ်မှာပဲ ရှိနေပြီး လတ်ဆတ်နေတယ်ဟ" စုမူ ကဲ့သို့ ရည်မွန်သည့်လူတစ်ယောက်ပင် မကျိန်ဆဲပဲ မ‌နေနိုင်ခဲ့‌ပေ။

"အချို့အရာတွေက မမြင်ဖူးရင် ထူးဆန်းတယ်လို့ ခံစားရစေတယ်လေ" ဝူဟိုင်းက ထိုအရာကို လုံးဝဂရုမစိုက်ခဲ့ပါ။

ယွမ်ကျိုးဟူသည် သာမာန်လူမဟုတ်ပေ။ သူသည် မျိုးသုဉ်းလုနီးပါးဖြစ်နေသော နွား၏ အသားကို ရ‌အောင် ယူနိုင်သူဖြစ်သည်။ ထို့ကြောင့် ဤအရာငယ်လေးက သူ့အတွက် အရေးမပါပေ။

သို့သော် ယွမ်ကျိုးတစ်ယောက် ဤမျှကောင်းမွန်စွာ ချက်ပြုတ်နိုင်လျှင် အခြားစားဖိုမှူးများ မည်သို့ ရှင်သန်နေထိုင်ကြမည်နည်း။ သူကြောင့် ဖောက်သည်များ၏ အရသာခံစားမှု အလွန်အမင်း မြင့်မားလာနိုင်သည် မဟုတ်ပါလော။

" မှိုကိုဟင်းသီးဟင်းရွက်ထဲကအသား လို့ပြောကြတယ်။ဒါဆို သူ အိမ်ချက်ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ မှိုနဲ့ ဂေါ်ဖီထုပ်ကြော် ချက်နေတာနေမှာ" စုမူက "ငါသိပြီးသားပဲ" ဟူသောအမူအရာဖြင့်‌ပြောလိုက် သည်။

‌

"မင်းမပြောလည်း ငါတို့သိပါတယ်။" ဝူဟိုင်းက သူ့မုတ်ဆိတ်တွေကို ပွတ်သပ်လိုက်ပြီး ယွမ်ကျိုး ဟင်းပွဲတွေကို အဆင်သင့်ပြင်ပြီးတဲ့အထိ စောင့်နေလိုက်သည်။ထိုမှသာ သူ့အတွက် ဟင်းအနည်းငယ်ရယူနိုင်မည် မဟုတ်ပါလော။

"ငါပြောချင်တာ ပြောမှာပေါ့" စုမူက ပြန်ပြောလိုက်သည်။

သို့သော်လည်း ထိုအရာက ယွမ်ကျိုးကို လုံးဝမထိခိုက်‌စေခဲ့ပါ။ သူသည် ဝါးဓါးကိုယူပြီး မှိုများကိုဖြတ်လိုက်သည်။

သစ်သားပေါ်ရှိမှိုများ၏ အရွယ်အစားမှာ အနည်းနှင့်အများ တူညီကြသည်။ ဤတွင် 'တူညီမှု' ဆိုသည်မှာ အရွယ်အစားသာဖြစ်ပြီး ပုံသဏ္ဍာန်မတူညီ ကြပေ။

မှိုခြောက်လုံးကို ဖြတ်ပြီးသောအခါ ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီး သစ်သားကို ဗီရိုထဲသို့ ပြန်ထည့်လိုက်သည်။

"ဝေါ..ဝေါ...ဝေါ" ဟု ရေပိုက်ခေါင်းအောက်တွင် ဂေါ်ဖီထုပ်များကို ဆေးကြောလိုက်သည်။ ဆေးကြောပြီးနောက် ရေထဲတွင် စိမ်လိုက်ပြီး ဆားအနည်းငယ်ကိုလည်း ထည့်လိုက်သည်။

မှိုများကို ဆေးကြောသည့်နည်းလမ်းမှာ အနည်းငယ် ပို၍ရှုပ်ထွေးသည်။

ယွမ်ကျိုးသည် မှိုများကို ကြီးမားသော ကြွေပန်းကန် လုံးထဲသို့ ထည့်ပြီး ရေဖြည့်လိုက်သည်။ ထို့နောက်ကြက်ဥကိုမွှေသကဲ့သို့ ဝါးတူဖြင့် ရေကို ထပ်ခါတလဲလဲ မွှေလိုက်သည်။ သို့သော်လည်း သူက မှိုများကို မပျက်စီးစေခဲ့ပါ။ ထို့အချိန်တွင် မှိုအတွင်းရှိ သဲများသည် ပန်းကန်လုံးအောက်သို့ ဖြည်းညှင်းစွာ စတင်ကျဆင်းလာသည်။

အညိုရောင်သဲများသည် ပန်းကန်လုံး၏ အောက်ခြေသို့ နှင်းဖုံးသကဲ့သို့ ကျဆင်းသွားသည်။ ယွမ်ကျိုးက မှိုများကို ဝါးတူဖြင့် ကောက်ယူပြီး ရေသန့် တစ်ပန်းကန်ထဲ အစားထိုးထည့်လိုက်၏။ ထိုနည်းဖြင့် ရေကို လေးကြိမ်ခန့်ပြောင်းပြီး မှိုများကို အကြိမ်တစ်ထောင်ခန့် မွှေလိုက်သည်။

ထို့နောက် သူသည် မှိုများကို အဆင်သင့် အသုံးပြုရန် ထုတ်ယူလိုက်၏။ အစိမ်းရောင်‌ဂေါ်ဖီ ထုပ်များကိုလည်း ဆေးကြောသန့်စင်ထားပြီးဖြစ်သည်။ ဤလုပ်ငန်းစဉ်အတွင်း သံထည်ပစ္စည်းများကို အသုံးမပြုဘဲ အရွက်များကို လက်ဖြင့်သာ ချိုးဖြဲလိုက်သည်။

"တုတ် တုတ် တုတ်" ဟူသည့် စဉ့်နီတုံးပေါ်တွင် ဝါးဓါးဖြင့် လှီးဖြတ်‌နေသည့်အသံထွက်ပေါ်လာသည်။ ယွမ်ကျိုးက မှိုများကို စဉ့်နီတုံးပေါ်တင်ကာ တစ်ပြေးညီ အပိုင်းပိုင်းလှီးလိုက်၏။

ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးနောက် ယွမ်ကျိုးက မီးမွေးကာချက်ပြုတ်တော့သည်။

"မှိုတစ်ခုလုံးကို သုံးရင် ပိုကြည့်ကောင်းမယ်ထင်တယ်" စုမူ က ခေါင်းလှည့်ပြီး ဝူဟိုင်း ကိုကြည့်ကာ ပြောလိုက်သည်။

"မှိုတစ်ပွင့်လုံးကို တခြားစားသောက်ဆိုင်တွေမှာ ပန်းကန်ပြားနဲ့ အလှဆင်ပြီး ပိုကြည့်ကောင်းအောင် မကြာခဏသုံး‌လေ့ရှိကြတယ်" စားသောက်ဆိုင်အများအပြားတွင် စားသုံးခဲ့ဖူးသူတစ်ဦးဖြစ်သည့်အလျောက်

ဝူဟိုင်းက သေချာစွာပြောလိုက်၏။

"ဒီလိုလုပ်ရင် ကြည့်ရဆိုးသွားမှာပေါ့" ဝတ်စုံအပြည့်ဝတ်ထားသော အမျိုးသားက ထိုသို့ ပြောလိုက်သည်။

"ဒါပေမယ့် သူဌေးယွမ်က ဒီလိုလုပ်မှတော့ သူ့မှာ တခြားရည်ရွယ်ချက်ရှိမှာပေါ့" အခြားသူများအတွက် မတင့်တယ်သော အပြုအမူများသည် ယွမ်ကျိုး၏ လက်ထဲတွင် တင့်တယ်လာ၏။

"ရှဲ... ရှဲ..." ဟူသည့် လှပသော အသံသည် အလွန်ပူသော ဆီများ ပန်းဂေါ်ဖီနှင့် မှိုတို့ ထိတွေ့သောအခါ ထွက်ပေါ်လာကြသည်။

၎င်းဟင်းပွဲသည် မူလကပင် အလွယ်တကူချက်ပြုတ်နိုင်သည့် ဟင်းပွဲဖြစ်ရာ ခဏအကြာတွင် ယွမ်ကျိုးက ၎င်းကို ပန်းကန်ပြားထဲသို့ ခပ်၍ ဘေးတွင် ထားလိုက်သည်။

"တုန် တုန် တုန်"ယွမ်ကျိုးက လှေကားဘေးမှ ခေါက်စားပွဲတစ်ခုကို ဆွဲထုတ်ကာ ချလိုက်သည်။

စားပွဲက အနည်းငယ် ဟောင်းနေပြီဖြစ်သော်လည်း သန့်ရှင်း‌နေသေး၏။ အချိန်ကြာမြင့်စွာ ဆီစိမ်ထား‌ခဲ့သောကြောင့် သစ်သားထံမှ တောက်ပမှုကို ထုတ်လွှတ်နေသည်။

ဟင်းလျာအဖြစ်ချက်ပြုတ်ပြီးပြီ ဖြစ်သော ဂေါ်ဖီထုပ်နှင့်မှိုကို ယွမ်ကျိုးက စားပွဲအလယ်တည့်တည့်တွင် ချလိုက်သည်။

"ဘားဖွင့်ချိန်နီးပြီ။ ရှန်မင် အဆင်သင့်ပြင်ထားတော့" ယွမ်ကျိုးက မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့ဘေးတွင်ရှိနေသောရှန်မင်ကို ပြောလိုက်သည်။

"ကောင်းပါပြီ၊ သူဌေး" ဟု ရှန်မင်လည်း ခေါင်းညိတ်လိုက်သည်။

အပိုင်း (၃၉၁)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၃၉၂)

"အားလုံးပဲ၊ အရက်ဘားဖွင့်ဖို့အချိန်ကျပြီ။ဆိုင်ထဲဝင်ပေးကြပါ" ရှန်မင်က စားသောက်ဆိုင်မှာ စောင့်နေသည့် ဖောက်သည်များအား ပြောလိုက်သည်။

"နေပါဦး ငါတို့ အလျင်လိုနေတာ မှမဟုတ်တာ ယွမ်ကျိုး ထမင်းစားပြီးတဲ့အထိ ငါတို့‌စောင့်ကြရအောင်" ဝူဟိုင်းက အပြုံးနှင့်ငြင်းဆိုလိုက်သည်။

"အမ်... သူဌေးယွမ်စားတာ ကျွန်တော်လည်းတစ်ခါမှ မမြင်ဖူးဘူး" စာရေးဆရာက စိတ်ဝင်စားစွာ ပြောလိုက်သည်။

"ဝိုင်က ထွက်မပြေးပါဘူး" စုမူက ရှန်မင်ကို နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"ဟုတ်ပါပြီ " ရှန်မင် စုမူ၏အပြုံးကြောင့် ရှက်သွား ခေါင်းငုံ့သွား၏။

"ကျစ်..ကျစ်.. ငါလည်း ချောပါတယ်ကွ" ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ ဝူဟိုင်းကလည်း အားကျမခံ သူ့မျက်နှာကို ပွတ်သပ်ပြီး တီးတိုးပြောလိုက်သည်။

"ကျွန်မလောက်တော့ မချောဘူးလေ" နားပါးသော စုမူက ချက်ချင်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

ယွမ်ကျိုး ၎င်းတို့၏စကားဝိုင်းကို လျစ်လျူရှုပြီး မီးဖိုချောင်ထဲတွင် စားပွဲခင်းလိုက်ပြီး ပန်းကန်လုံးထဲသို့ ထမင်းဖြူများ ဖြည့်နေလိုက်သည်။

လျှပ်စစ်ထမင်းပေါင်းအိုးသည် နည်းနည်းဟောင်းနေပုံရသည်။ မျက်နှာပြင်ပေါ်တွင် ပအိုနီပန်းပုံစံတစ်ခုရှိနေလေ၏။ ယွမ်ကျိုး အဖုံးဖွင့်လိုက်သောအခါ အထဲမှနေ၍ အဖြူရောင်မီးခိုးငွေ့များ ထွက်လာသည်။

ယွမ်ကျိုးယူသွားသော ပန်းကန်လုံးများသည် ပုံမှန်သုံးနေကျ ပန်းကန်လုံးများ မဟုတ်ပေ။ ထိုအစား ကြွေပန်းကန်လုံးအသေးနှစ်လုံးနှင့် အကြီးတစ်လုံးတို့ဖြစ်သည်။

"ဒါက..." စုမူ တွန့်ဆုတ်နေပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ထို့ကြောင့် သူ စကားပြောသည်ကို ရပ်လိုက်ရုံသာ တတ်နိုင်‌တော့သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသော လူများသည်လည်း ဖြစ်ပျက်နေသည်များကို အလျင်အမြန်ပင်နားလည် သွာကြ၏။

ယွမ်ကျိုးသည် ရိုးရိုးထမင်းကို ပန်းကန်လုံးသုံးလုံးထဲ အသေချာခွဲထည့်ပြီး လေးထောင့်စားပွဲခုံ၏နေရာ သုံးနေရာတွင်ဖြန့်၍ အသီးသီးချထားလိုက်၏။ သူသည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်အရိပ်အရောင်တချို့ ပေါ်လွင်နေသဖြင့် ဘေးနားရှိ ဖောက်သည်များက ရှက်ရွံ့ကာ ထွက်သွားချင်ကြသည်။

ယွမ်ကျိုးက ဝါတူသုံးစုံကို ယူကာ ပန်းကန်လုံးများဘေး၌ တစ်စုံစီချထားလိုက်သည်။

"စားဖို့အချိန်ရောက်ပြီ" ယွမ်ကျိုးက တိုးတိုးလေးပြောလိုက်သော်လည်း ဖောက်သည်များကတော့ ကြားနေရဆဲပင်။

သူက ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး မှိုနှင့် ဂေါ်ဖီထုပ်အချို့ကို ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။

"ကျလိ...ကျလိ..."ယွမ်ကျိုး စတင်ဝါးလိုက်သည်။

ဟင်းလျာများ ပါးစပ်အတွင်းသို့ ဝင်သွားသည့်အခါ နူးညံ့သော အသားအပြင် အနည်းငယ် ကြွပ်ရွသော အရသာကိုလည်းခံစားရ၏။ အရသာမှာ အလွန်ကောင်းမွန်လှပေသည်။

မှို၏ရနံ့က သူ့၏ပါးစပ်တစ်ခုလုံးမှာ ပျံ့နှံ့သွား၏။ ဂေါ်ဖီထုပ်၏ ပျော့ပျောင်းပြီး လတ်ဆက်အရသာနှင့်အတူ ပါဝင်ပစ္စည်းနှစ်မျိုးက တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေလေ၏။ အံ့အားသင့်ဖွယ်အကောင်းဆုံမှာ လက်ဖက်ဆီ၏နူးညံ့‌သောအရသာကိုပါ ရရှိသောကြောင့် မှို၏ လတ်ဆတ်မှုနှင့် အရသာတို့ကို လှုံ့ဆော်ပေးနေလေသည်။ ထို့အရာအားလုံးပေါင်းလိုက်သောအခါ ဖော်ပြ၍မရသော အရသာတစ်ခုချက်ချင်းပျံ့နှံ့သွားသည်။

"အရမ်းကောင်းတဲ့ပုံပဲ" ဝူဟိုင်း မနေနိုင်ဘဲ ပြောလိုက်မိသည်။

"မင်းအတိတ်ဘဝတုန်းက ငတ်သေခဲ့တာနေမယ်" စာရေးဆရာက ဝူဟိုင်းကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ကျွန်မလည်း သဘောတူပါတယ်" စုမူက တိုးတိုးလေးပြောလိုက်သည်။

ဝတ်စုံပြည့်ဝတ်ထား‌သောလူကသာ ယွမ်ကျိုးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ‌လေသည်။

ယွမ်ကျိုးက ထမင်းနှစ်လုတ်စားပြီး မှိုနှင့်‌ ဂေါ်ဖီထုတ်ကို ထပ်စားလိုက်ပြန်သည်။

ဤတစ်ကြိမ်တော့ သူက မျက်ခုံးများကိုတွန့်ပြီး စားလိုက်သည်။

ထို့နောက် တူများကို ချပြီး စားပွဲပေါ်ရှိ ပန်းကန်နှင့် လစ်လပ်နေသော ထိုင်ခုံနှစ်ခုကို မှင်သက်စွာ ကြည့်လိုက်သည်။

"နောက်ဆုံးအကြိမ်လောက် အရသာရှိမရှိဘူးပဲ " ယွမ်ကျိုး မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ ဘာကြောင့် ထိုကဲ့သို့ဖြစ်ရသည်ကို သူတကယ်နားမလည်နိုင်ပေ။

"စနစ်၊ မင်းပေးထားတဲ့ ပါဝင်ပစ္စည်းတွေက အဆင့်မြင့်‌ တွေလား" ယွမ်ကျိုးက ရုတ်တရက် မေးလိုက်သည်။

စနစ် "စနစ်က အသုံးပြုတဲ့ အစိမ်းရောင် ဂေါ်ဖီထုပ်က တရုတ်နိုင်ငံတောင်ပိုင်းက ထိပ်တန်းမျိုးစိတ်တစ်ခုပါ။အရွက်က ပါးလွှာ ကြွပ်ရွပြီးတော့ ခရင်မ်အရသာရှိပါတယ်။ ရေနဲ့ဆေးလိုက်ရင် နူးညံ့သွားပြီး ချိုမြိန်တဲ့ အရသာအနည်းငယ် ပါရှိကာ အရွက်တွေက စားသုံးသူကို လန်းဆန်းစေပါတယ်။ ရိတ်သိမ်းရန် အကောင်းဆုံးအချိန်မှာ ဆိုင်ရှင်ဆီ ပို့ထားတာပါ" လို့ပြန်ဖြေ၏။

"မှိုကတော့ လတ်ဆက်ပြီး အရသာရှိတဲ့ တောတွင်းဆောင်းရာသီမှိုပါ။‌တောတွင်းဆောင်းရာသီမှိုမျိုးက သေးငယ်တဲ့ အမျှင်များစွာပါဝင်ပြီး အရသာကတော့ ပြင်းပါတယ်။ လတ်ဆတ်တယ်၊ အသား ထူတယ်။ အသက် ၁၅ နှစ်ကနေ ၂၀ နှစ်အတွင်း Hamamelidaceae မျိုးစိတ်တွေရဲ့ ရွက်ကြွေတောတွေမှာ ပေါက်ရောက်ပါတယ်။"

"မှိုမျိုးစေ့က ကျင်းကျင်း၊ ချင်းယွမ်နှင့် ဆန်ရှီ ခရိုင်သုံးခုရဲ့နယ်စပ် လောင်ကွမ်းဒေသ သမိုင်းမှာ ပထမဆုံးမှိုစိုက်ပျိုးမှုကို စတင်တဲ့ဒေသကပါ "

"ဒီတစ်ခါအသုံးပြုထားတဲ့ လက်ဖက်ဆီက ကျန်းရှီးပြည်နယ်၊ ယွမ်ရှီးရွာက သက်တမ်းတစ်ထောင်‌ကျော် ရှိတဲ့ လက်ဖက်ဆီပင်ကအသီးကနေ ထုတ်လုပ်ထားတာပါ။ ဆီအရောင်က ရွှေဝါရောင်ဖြစ်ပြီး ကြည်လင်ပြီး သန့်စင်ပါတယ်။ အရသာ အလွန်ကောင်းမွန်ပြီး သန့်စင်ပါတယ်။"

"အဲ့ရွာကထုတ်တဲ့ လက်ဖက်ဆီဟာ မင်မင်းဆက်ကတည်းက ဂုဏ်ယူဖွယ်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။"

"ကောင်းပြီ... ထင်ထားတဲ့အတိုင်းပါပဲ။" ယွမ်ကျိုးက စနစ်၏အဖြေကို ကြားပြီးနောက် သူ့၏အဖြေကို အတည်ပြုလိုက်သည်။

ပါဝင်ပစ္စည်းများသည် အကောင်းဆုံးအရာများဖြစ်ပြီး ကြော်ရန်သုံးသော လက်ဖက်ဆီကပင် ထင်ရှားသည့် နောက်ခံ ရှိနေလေသည်။ သို့သော်လည်း ယွမ်ကျိုးကတော့ နောက်ဆုံးရလဒ်အနေနှင့် အရသာမရှိသေးဟု ခံစားခဲ့ရသည်။

အနည်းဆုံးတော့ သူစိတ်ကူးထားသလောက်ပင် မကောင်းပေ။

ယွမ်ကျိုး အနည်းငယ် အံ့အားသင့်သွားပြီး တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။

"ဘော့စ်၊ စိတ်မဆိုးဘူးဆိုရင် ကျွန်တော်လေ ခင်ဗျားရဲ့ဟင်းကို စမ်းစားကြည့်ချင်တယ်" ဝတ်စုံပြည့်ဝတ်ထား‌သောလူက ရုတ်တရက် ပြောလိုက်တယ်။

တိတ်ဆိတ်နေသော စားသောက်ဆိုင်အတွင်း သူ့၏အသံက အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

"ဟေး၊ ရပ်စမ်း" စုမူက အနည်းငယ် ဒေါသထွက်သွားသော်လည်း သူမ တစ်စုံတစ်ရာ ပြောရန် မသင့်တော်ပေ။

ယွမ်ကျိုးသည် ကွယ်လွန်သွားပြီဖြစ်သော သူ့၏မိဘများနှင့်အတူ ညစာစားနေသည်မှာ ထင်ရှားပါပေသည်။ ဒါ့အပြင် ဝတ်စုံပြည့်ဝတ်ထား‌သောလူ၏ အပြုအမူမှာ မသင့်တော်လှပေ။

"ကောင်စုတ်လေး မင်းက ငါ့ထက်တောင် သတ္တိရှိနေ ပါ့လား " ဝူဟိုင်းက သူ၏ သေးငယ်သော မုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"မင်းဘယ်လိုသဘောရလဲ" ဝတ်စုံဝတ်ထားသောလူက ယွမ်ကျိုးကိုကြည့်ပြီး မေးလိုက်သည်။ သူ အခြားသူများ၏စကားကိုလုံးဝ ဂရုမစိုက်ပေ။

"စားချင်လို့လား" ယွမ်ကျိုးက ခေါင်းမော့ပြီး ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ယွမ်ကျိုးက ထိုသူသည်အရသာခံနိုင်ခြင်းမရှိသည်ကို သိသောကြောင့် စားခြင်းမှ မည်သည့်အရသာကိုမျှ မခံစားနိုင်မည်မဟုတ်ပေ။ ၎င်းကို "ဖယောင်းစားသကဲ့သလို အရသာမရှိဘူး" ဟုသာ ဖော်ပြနိုင်သည်။ ထိုနည်းဖြင့် အရသာရှိသော အစားအစာများကို စားခြင်းသည် သူ့အတွက် နှစ်သက်ဖွယ်မကောင်းပေ။

ထို့ကြောင့် ယွမ်ကျိုးသည် မိမိဆန္ဒအလျောက် စားလိုကြောင်းကြားရသောအခါ အလွန်အံ့အားသင့်မိသည်။ လင်းဟုန် သို့မဟုတ် ဝူဟိုင်းကဲ့သို့ အရှက်မရှိသူများ ထိုသို့တောင်းဆိုပါက ထူးဆန်းမည်မဟုတ်။

"သူဌေး စိတ်ထဲမထားဘူးဆိုရင်ပေါ့" ဝတ်စုံပြည့်ဝတ်ထား‌သောလူက ခေါင်းကို ညင်သာစွာညိတ်ပြလိုက်၏။

"ငါကတော့ စိတ်ထဲမထားဘူး သူတို့လည်းအတူတူပဲလို့ ငါထင်တယ်" ယွမ်ကျိုး ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်" ဝတ်စုံပြည့်ဝတ်ထားသောလူသည် ထရပ်ပြီး ပန်းကန်ကို ဂရုတစိုက်လက်ခံရန် ပြင်ဆင်လိုက်သည်။

"ကျေးဇူးပြုပြီး" ယွမ်ကျိုးက သူ့ကို တူများပေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ။ ဒီကောင်တော်တော် အံ့သြစရာကောင်းလောက်အောင် အဲဒီ စားပွဲပေါ်ကနေ ပန်းကန်ကို ဆွဲယူလိုက်တာ ကျားတစ်ကောင်ရဲ့ မေးရိုးကနေ အစားအစာကို ဆွဲယူနေတာနဲ့အတူတူပဲ ဆိုတာမသိဘူးလား" စုမူ အတော်လေး အံ့သြသွားသည်။

"တူတစ်စုံကို ဘယ်မှာရနိုင်မလဲဆိုတာ စဉ်းစားနေတာ။ ငါလည်း စိတ်ထဲမထားဘူး" ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးများကို လက်တစ်ဖက်နှင့် ပွတ်သပ်ရင်း တူတစ်စုံကို ယူရန် ပြင်ဆင်လိုက်တယ်။

"တိုက်ဆိုင်လိုက်တာ ကျွန်တော့်မှာလည်း တူတစ်စုံရှိတယ်" စာရေးဆရာက ကောင်းစွာချက်ပြုတ်ထားသော အစားအစာအချို့ကို ယူပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"အတူတူ မျှသုံးရအောင်" ဝူဟိုင်းက စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။

ဝူဟိုင်း စုမူနှင့် စာရေးဆရာတို့ တူကို လုနေစဉ် ဝတ်စုံပြည့်ဝတ်ထားသောလူကတော့ စားနေပြီဖြစ်သည်။

တစ်လုတ်စားပြီးသည့်နောက် သူက "ဒီဟင်းက အရမ်းအရသာရှိတာပဲ" လို့ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ယဉ်ကျေးစွာ ခေါင်းညိတ်ပြီး တကယ်အလေးအနက်မထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဝတ်စုံပြည့်ဝတ်ထား‌သောလူသည် အရသာကို မပြောပြနိုင်သကဲ့သို့ ယွမ်ကျိုးအတွက်လည်း အရသာရှိသည်ဟု လုံးဝမခံစားရပေ။

"နေစမ်းပါ အရသာကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် သိနိုင်မှာလဲ။ ငါတို့လည်း ကူပြီးအကဲဖြတ်ပေးမယ်လေ" ဝူဟိုင်းကပြောလိုက်သည်။

"စားကြည့်ပါ" ဝတ်စုံပြည့်ဝတ်ထား‌သောလူက တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့အတွက် နေရာတချို့ ဖန်တီးပေးလိုက်သည်။

ထိုလူသုံးယောက်သည် ချက်ချင်းပဲ ရောက်လာကြပြီး ၎င်းတို့စားသောက်ပုံကိုလည်းဂရုမစိုက်တော့ပေ။ ယွမ်ကျိုး၏စားသောက်ဆိုင်တွင် လာရောက်သုံးဆောင်စဉ်ကတည်းက တခြားသူများ၏အစားအစာကို အကြိမ်ပေါင်းများစွာ ယူစားနိုင်ခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် ယွမ်ကျိုး၏ ပန်းကန်ဖြစ်‌နေလေသည်။ ဒါကြောင့် ထို့လူသုံးယောက်က ပိုပြီးစိတ်အားထက်သန်လာကြသည်။

လူသုံးယောက်သည် ပန်းကန်အတွင်းရှိ ဟင်းများကို တစ်လုပ်ပြီးတစ်လုပ် ပါးစပ်ထဲ ထည့်လိုက်ကြတော့သည်။

"ဝါး၊ အရမ်းအရသာရှိတာပဲ။မှိုက မွှေးကြိုင်ပြီးအရသာအရဆိုရင် ဒါက ဆောင်းရာသီမှိုပဲ ဖြစ်ရမယ်" စာရေးဆရာက အရင်ဆုံးပြောလိုက်၏။

"ငါ မှိုနဲ့‌ဂေါ်ဖီထုပ်ကြော်အတုကို အရင်က စားနေရ‌တဲ့ ပုံပဲ။ အဲဒီလောက်မိုက်မဲတဲ့ ငါ့ကိုယ်ငါ နည်းနည်းတော့ စာနာမိသား" ပန်းကန် တစ်လုံးလုံးကုန်သွားပြီးနောက် စုမူက သူမ၏နှလုံးသားကို လက်နှစ်ဖက်နှင့် ကိုင်ထားသကဲ့သို့ အမူအရာ လုပ်ပြလိုက်ပြီး သူမ၏ မက်မွန်ပွင့်မျက်လုံးများတွင် စာနာသနားနေသောပုံရိပ်များ ပေါ်လာသည်။

"..." ဝူဟိုင်းကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာပဲ စားနေလိုက်သည်။

"သူဌေးရဲ့ လက်ရာက တကယ်ကို ကောင်းတာပဲ" ဝတ်စုံပြည့်ဝတ်ထားသောလူက ရုတ်တရက် ထပ်ပြောလိုက်သည်။

"မဟုတ်ဘူး၊ အရင်ကလောက် မကောင်းတော့ဘူး" ယွမ်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

"အရင်က " ထိုအခါမှသာ ဝူဟိုင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူ့၏အမြင်အရ 'အရင်' ဟူသော စကားလုံးသည် လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်ကဟု အဓိပ္ပာယ်ရသည်။

"ဒါက ငါ့အမေရဲ့အကြိုက်ဆုံး ဟင်းလေ သူမက ချက်ပြုတ်ရာမှာလည်း တော်တယ်။ ငါက သူ့လောက် ကောင်းကောင်း မချက်တတ်ဘူး" ယွမ်ကျိုးက စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။

"တစ်ချိန်မှာ မင်းရဲ့အ‌မေ လက်ရာကို ကျော်နိုင်မှာပါ" ဝူဟိုင်းက တိုးတိုးလေးပြောလိုက်၏။ သို့သော်လည်း သူထိုကဲ့သို့ပြောလိုက်သည်နှင့် သူ့ကိုယ်သူ နည်းနည်းမိုက်မဲသည်ဟု ခံစားလိုက်ရသည်။

"ကျွန်တော် ကျွမ်းကျင်စားဖိုမှူး ဖြစ်လာမှပဲ ဖြစ်နိုင်မယ် ထင်တယ်" ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြောပေမယ့် မျက်နှာမှာတော့ ဆုံးဖြတ်ချက်ချသည့် အမူအရာတစ်ခု ပေါ်လွင်နေတယ်။

မှတ်ဉာဏ်ဟုခေါ်‌သော အရာတစ်ခုရှိ၏။ အလွန်ကြောက်စရာကောင်းသည်။ အရောင်၊ ရနံ့၊ အရသာ နှင့် ပါဝင်ပစ္စည်းများ အပါအဝင် ထောင့်‌ပေါင်းစုံတွင် သူသည် တခြားသူများထက် သာလွန်နေလျှင်ပင်သူ့မှတ်ဉာဏ်ထဲရှိ အရသာကြောင့် ရှုံးနိမ့်သွားနိုင်သည်။

သူ့မှတ်ဉာဏ်ထဲမှ အရသာကို ကျော်လွန်နိုင်သော အရသာဟူသည် အနာဂတ်မှာ သူ ကျွမ်းကျင်စားဖိုမှူး ဖြစ်လာပြီးမှသာ ဖြစ်နိုင်လေသည်။

အပိုင်း (၃၉၂)

ပြီးပါပြီ။

All Chapters