အခန်း (၃၉၃-၃၉၄)
Vol. 30 Ch. 393-394
ကျင်းကျင်စားဖိုမှူးစနစ် အပိုင်း (၃၉၃)
"သူဌေးယွမ် ဒီဟင်းပွဲအသစ်ကို ဘယ်တော့ ရောင်းမှာလည်းဗျ "ဟူဟိုင်းက သူ့ပါးစပ်ကိုသုတ်ပြီး မေးလိုက်၏။
"အခုတော့မဟုတ်သေးဘူး" ယွမ်ကျိုး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခုရှိနေသည်။
"ဒါဆိုဘာလို့ ဒီဟင်းကို ချက်တာလဲ" စာရေးရေးဆရာက ရိုးသားသူတစ်ယောက်ဖြစ်သောကြောင့် ရိုးရိုးသားသား မေးမြန်းခဲ့သည်။
"ငါစားဖို့ချက်တာ"ဟု ယွမ်ကျိုးက အမှန်အတိုင်း ပြောလိုက်၏။ စာရေးဆရာက ချက်ချင်း စကားမပြောနိုင်ဖြစ်သွားရသည်။
"မီနူးမှာ အဲ့မှိုကြော်ကို မြန်မြန်တင်ပါလား။ အဲ့တာဆိုငါတို့လည်းကျန်းမာရေးနဲ့ ညီညွတ်တာလေးတွေ များများစားရတာပေါ့" လို့ စုမူ က ရိုးသားစွာ အကြံပေး၏။
"ငါလည်း အဲလိုထင်တယ်" ယွမ်ကျိုး က ခေါင်းညိတ်ပြီး သဘောတူကြောင်း ပြလိုက်သည်။
"ဒါဆိုရင် ဒီဟင်းပွဲအသစ်ကိုဘယ်အချိန် စားရမှာလဲ" စုမူ က မျှော်လင့်ချက်များပြည့်နှက်နေသော အကြည့်ဖြင့် မေးလိုက်သည်။
"ဟင်းပွဲအရသာ လုံလောက်အောင်ကောင်းတဲ့အချိန်မှပေါ့" ယွမ်ကျိုးက ဒီတစ်ခါမှာတော့ သူ၏စိတ်တွင်ရှိသည့်အတိုင်း ပြောလိုက်သည်။
"ဒါပေမယ့် အခုအရသာကကို ကောင်းနေပြီလေ တကယ်လည်းအရသာရှိပါတယ်" ဝူဟိုင်းက သူ့၏စကားကို သက်သေပြရန် သန့်ရှင်းနေသော ပန်းကန်ပြားကို လက်ညှိုးထိုးပြ၏။
"အရက်ဆိုင်ဖွင့်ချိန် နာရီဝက်ကုန်သွားပြီ" ယွမ်ကျိုးက အလေးအနက် သတိပေးလိုက်သည်။
"ဟိုက် ငါ့အရက်ပုလင်းကို မေ့သွားတော့မလို့" စာရေးဆရာက စိုးရိမ်တကြီး ဘားသို့ အမြန်ပြေးသွား၏။
"မင်းရဲ့ စကားလမ်းကြောင်းပြောင်းတဲ့စွမ်းရည်က အချိန်တိုင်းတော့ အဆင်မပြေဘူးနော်" ဝူဟိုင်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ဒါနဲ့တင်ကိုတော်တော်အသုံးဝင်နေပြီလို့ ကျွန်တော်ထင်တယ် ပြီးတော့ သုံးလို့ကောင်းတယ်လေ" ယွမ်ကျိုးက အလွန်လေးနက်နေပုံရသော်လည်း အမှန်တကယ်မှာတော့ သူ၏စိတ်ထဲတွင် ရယ်ချင်နေခဲ့သည်။
"ဒါက အမျိုးသမီးသုံး လက်ကိုင်ပါဝါကြော်ငြာဆောင်ပုဒ်လိုပဲ" ဝတ်စုံပြည့်ဝတ်ထားသောလူက ရုတ်တရက်ပြောလိုက်သည်။
"ဟား...ဟား...ဟား။ ဟုတ်တယ် ဒီအတိုင်းပဲ" စုမူက ဦးစွာ ရယ်မောလိုက်၏။
ထို့နောက် အခြားဖောက်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ရယ်မောကြသည်။
အချိန်သည်မစောတော့ပါ။ ပြန်ရမည့်သူများ ပြန်သွားပြီး အရက်သောက်မည့်သူများက အရက်ဆိုင်ကို သွားကြ၏။
ယွမ်ကျိုးက ကျန်ရှိသော ထမင်းကို ကြက်ဥထမင်းကြော် ကြော်လိုက်သည်။ ထို့နောက်မှာ သူ ညစာအဖြစ် စားလိုက်၏။
ထို့နောက် ခွေးကလေးစွပ်ပြုတ်သည် ညစာကို ခေါက်ဆွဲအစား ကြက်ဥထမင်းကြော်ကို စားခဲ့လေသည်။
"ဒီနေ့ ခေါက်ဆွဲမရှိဘူး။ကြက်ဥကြော်ထမင်းပဲရှိတယ်" ယွမ်ကျိုးက ထိုသို့ပြောနေရင်း ထမင်းကို ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
ယွမ်ကျိုး ထွက်သွားပြီးနောက်၊ စွပ်ပြုတ်သည် ပန်းကန်လုံးကို ပါးစပ်နှင့် ကိုက်ကာ ယခင်က သူနေထိုင်ခဲ့သည့် နေရာသို့ သွားခဲ့သည်။
"ကောင်မလေးရသွားတော့ သူငယ်ချင်းကိုတောင်အဖတ်မလုပ်တော့ဘူး" ယွမ်ကျိုးက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
ယွမ်ကျိုးဘက်တွင် အဆင်ပြေနေသော်လည်း ဝူကျိုးသည် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်။
"မာတင်၊ မနက်ဖြန် နေ့လည်စာအတူတူသွားစားကြရအောင် ဘယ်လိုလဲ"
ဝူကျိုးက WeChat မှတစ်ဆင့် တစ်စုံတစ်ဦးနှင့် စကားပြောနေသည်။
"ကောင်းပြီလေ မင်းကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ် " မာတင်သည် ရွှေရောင်ဆံပင်ရှည်နှင့်အမျိုးသားတစ်ဦးဖြစ်၏။သူသည် ဖုန်းကိုကောက်ယူပြီး မက်ဆေ့ချ်ကို အလေးအနက်ထားပြန်ပို့လိုက်သည်။
မက်ဆေ့ချ်ကို အင်္ဂလိပ်ဘာသာဖြင့်ရိုက်လိုက်သော်လည်း ၎င်းတို့သည်ဘာသာပြန်ဆော့ဖ်ဝဲကို အသုံးပြုထားသောကြောင့် ဝူကျိုးထံသို့ရောက်သောအခါ တရုတ်ဘာသာစကားသို့ပြောင်းသွားမည်ဖြစ်သည်။
"အင်တာဗျူးပြီးပြီလား" ကျွမ်းရှင်းမူက ဘေးနားကနေမေးလိုက်သည်။
"အင်း၊ ဒါက ငါ့ချစ်ချစ်ပေးတဲ့ ကံကောင်းမှုတွေ ကြောင့်ပဲ" ထိုသို့ပြောနေစဉ် ဝူကျိုးက သူ၏ရည်းစားကို ပွေ့ဖက်ရန် ကြံလိုက်သည်။
"ဟိုးထား ဆရာသမားရဲ့ ဒီမှာအဝတ်ခေါက်နေတယ်" ကျွမ်းရှင်းမူက ဝူကျိုး၏ လက်မောင်းကို ပုတ်ပြီး အပြစ်ပြောလိုက်၏။
"ချစ်လေး၊ မနက်ဖြန် မာတင်ကို နေ့လည်စာသွားကျွေးဖို့ ယွမ်၂၀၀၀ လောက်ပေးပါလား" ဝူကျိုးကဂရုတစိုက် တောင်းလိုက်သည်။
"ကောင်းပြီ ရှင်သုံးဖို့ခွင့်ပြုတယ် " ကျွမ်းရှင်းမူက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ငါ့ချစ်ချစ်က အရမ်းကောင်းတာပဲ" ဝူကျိုးက ပျော်ရွှင်စွာ ပြုံးလိုက်သည်။
...
နောက်တစ်နေ့ နေ့လည်စာစားချိန်မတိုင်မှီပင် ဝူကျိုးက မာတင်ကို နေ့လည်စာစားကျွေးရန် ပြင်ဆင်လိုက်သည်။
ကံကောင်းထောက်မစွာနှင့် ၎င်းတို့ လတ်တလောတွင် လုပ်စရာအလုပ် သိပ်မရှိသည့်အတွက် စောစော ထွက်လာနိုင်ခဲ့၏။ ထို့အပြင် မာတင်က အလည်လာရန်နှင့် အကြံဉာဏ်များ ဖလှယ်ရန် လာခဲ့သည့်အတွက် သူ့တွင် အချိန်ပိုများစွာရှိနေလေ၏။
"မာတင်၊ ငါတို့ ဒီနားက နာမည်အကြီးဆုံး ယွမ်ကျိုး စားသောက်ဆိုင်ကို အခုသွားကြမယ် အဲဒီက အစားအသောက်တွေ အရမ်းအရသာရှိတယ်တဲ့" ဝူ
ကျိုးက တိုက်ရိုက်ပြောလိုက်သည်။
"အိုး၊ ကောင်းပြီလေ ဒါဆို ငါ မင်းကိုပဲ အနှောင့်အယှက်ပေးရမှာပေါ့၊ ကျိုး" စကားနည်းသော ပရိုဂရမ်မာနှင့် မတူသည်က မာတင်သည် ရိုးသားပွင့်လင်း သူတစ်ယောက်ဖြစ်သည်။
"ဒီကိုလာပြီဆိုမှတော့ ဒီမှာရတဲ့အစားအစာတွေကို ကျေနပ်အောင် ကျွေးရမှာငါ့တာဝန်ပဲလေ မင်းမစားတတ်တာ ဘာရှိလဲ " ဝူကျိုးက ဂရုတစိုက်မေးလိုက်သည်။
"သိပ်ပြီးတော့မရှိပါဘူး။ ဒါပေမယ့် ငါ ဟိုအနံ့မကောင်းတဲ့ ဥတွေကိုတော့ မကြိုက်ဘူး" မာတင်သည် ဥအကြောင်း ပြောနေစဉ် မျက်ခုံးများကို တွန့်ထား၏။
"မင်း ကြက်ဥငံပြာရည်စိမ်တွေကို ပြောနေတာလား" နိုင်ငံခြားသားအတော်များများသည် ကြက်ဥငံပြာရည်စိမ် မစားကြသည်ကို ဝူကျိုးသိ၏။
“ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းပြောတဲ့ဟာတွေ။ အဲဒီနာမည်ပါပဲ”မာတင်က မျက်နှာပေါ်မှာ မေ့၍မရသော ကြောက်ရွံ့မှုတစ်ခု ပေါ်လာခဲ့သည်။
“စိတ်မပူပါနဲ့။ အဲလိုဟင်းမျိုး မရှိပါဘူး။ စပ်တာရော စားနိုင်လား”ဝူကျိုးက ပြုံးလျက် မေးလိုက်သည်။
“ပြဿနာမရှိပါဘူး။ စားနိုင်ပါတယ်”မာတင်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါ့နောက်လိုက်ခဲ့”ဝူကျိုးက လက်ကိုဝေ့ယမ်းပြီး မာတင်ကို သူနောက်လိုက်ရန် အချက်ပြလိုက်သည်။
လမ်းမှာ ဝူကျိုးက ချန်ဒူးမြို့အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ကျွမ်းကျင်စွာ မိတ်ဆက်ပြောပြနေခဲ့ပြီး မာတင်ကလည်း စိတ်ဝင်စားစွာ နားထောင်နေခဲ့သည်။
တစ်ခါတစ်ရံ မေးခွန်းအနည်းငယ်ထပ်မေးတတ်ပြီး ၎င်းတို့ကြားရှိ လေထုကလည်း အလွန်သဟဇာတ ဖြစ်လှသည်။
“ဒီမှာ ရောက်ပြီ”ဝူကျိုးက လူတန်းရှည်ကြီးနှင့်လက်မှတ်စောင့်နေကြသော လူအုပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
“ကြည့်ရတာ စားသောက်ဆိုင်က ကောင်းမယ့်ပုံပဲ။ လူတွေ အများကြီး စောင့်နေကြတာ ကြည့်ဦး”မာတင်က လူအုပ်ကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဟုတ်တာပေါ့။ ဒီမှာရှိတဲ့ ဟင်းလျာတွေက တရုတ်ပြည်ထဲက တခြားဘယ်စားသောက်ဆိုင်ထက်မဆို ပိုကောင်းတယ်"ဝူကျိုး ပြောလိုက်သည်။
“မင်းပြောတာဟုတ်တဲ့ပုံပဲ" အချိန်တိုအတွင်းမှာပင် လူဆယ်ယောက်ကျော် ထပ်မံတန်းစီနေကြသည်ကို မြင်လိုက်ရသဖြင့် မာတင်က ခေါင်းညိတ်လိုက်သည်။
“ဟေး… ခဏနေပါဦး။ ဒီစားသောက်ဆိုင်ကို အရင်က မြင်ဖူးသလိုပဲ”ယွမ်ကျိုး၏ စားသောက်ဆိုင် တံခါးကို ကြည့်ရင်း မာတင်က စဉ်းစားပြီးပြောလိုက်သည်။
“အစားအစာလမ်းညွှန်းဆိုဒ်တွေမှာ တွေ့ဖူးတာ ဖြစ်နိုင်တယ်။ ကြည့်ပါလား အဲဒီလူတွေအားလုံးက ခရီးသွားတွေကြီးပဲ”ဝူကျိုးက လူအချို့ကို ညွှန်ပြကာ ပြောသည်။
“ဝဘ်ဆိုဒ်… အိုး၊ ဟုတ်သားပဲ ဝဘ်ဆိုဒ်ကတွေ့တာ"
ထိုစကားလုံးကိုကြားသောအခါ မာတင်က ဖုန်းကိုထုတ်ပြီး စစ်ကြည့်လိုက်သည်။
“ဟုတ်ပြီ၊ တွေ့ပြီ။ ဒီဆိုင်က ‘စိတ်ဓာတ်အောက်တန်းကျပြီး လောဘကြီးတဲ့ ဆိုင်’ လို့ နာမည်ကြီးနေတာပဲ”မာတင်က ဆိုင်တံခါးကို ညွှန်ပြပြ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဟင်”ဝူကျိုးတစ်ယောက် တခဏအတွင်း အင်္ဂလိပ်စကားကို နားမလည် ဖြစ်သွားသည်။
“ကျိုး ကိုယ်တိုင်သာ ကြည့်လိုက်တော့" မာတင်က ဖုန်းကို ဝူကျိုးလက်ထဲ ပေးလိုက်သည်။
ဖုန်းထဲရှိ နိုင်ငံခြားဝဘ်ဆိုဒ်မှ မှတ်ချက်အမျိုးမျိုးကို ဝူကျိုး မြင်လိုက်ရသည်။ တရုတ်စာဖြင့် ရေးထားသော မှတ်ချက်အချို့ရှိသော်လည်း အင်္ဂလိပ်မှတ်ချက်များအောက်တွင်မှာ ဖုံးလွှမ်းသွားခဲ့သည်။
[တော်တော်လောဘကြီးတဲ့ဆိုင် ဟင်းတွေက သေချာပေါက် ကောင်းမှာမဟုတ်ဘူး] — Radiance of Cilveti
[ဒါပေမယ့် ဟင်းက မဆိုးဘူးလို့ ပြောတဲ့သူတွေလည်း ရှိတယ်] — Abigail
[ကိုယ်တိုင် သွားစားကြည့်ပြီးမှ ဆုံးဖြတ်ရအောင်။ ဒါပေမယ့် စျေးက တော်တော်မြင့်တယ်] — William
“ဒါက…”ဝူကျိုးက မန့်အနည်းငယ် ဖတ်ကြည့်လိုက်သည်။
“နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ ကောက်ပြီးကိုယ်နိုင်ငံသားတွေကိုတော့ ယွမ် နဲ့ ကောက်တယ်လို့ ပြောကြတယ်”မာတင်က ပုခုံးတွန့်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒါက သူဌေးယွမ် ပေးထားတဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”ဝူကျိုးက ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် နိုင်ငံခြားသားတွေအတွက်တော့ မမျှတဘူးလေ”မာတင်က မကျေမနပ် ပြောလိုက်သည်။
“အမှန်ပဲ”ဝူကျိုးကလည်း ထိုအချက်ကို သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် မမျှတမှုဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲ။ ဥပမာ Screen Actors Guild ရဲ့ လူမည်းတွေကို ကာကွယ်ရေး စည်းမျဉ်းတွေလိုပဲ။ ခွဲခြားဆက်ဆံမှု မရှိဘူးဆိုရင် ဘာကို ကာကွယ်မှာလဲ”ဝူကျိုးက ဆက်လက် ပြောလိုက်သည်။
“မင်းပြောတာ မှန်ပါတယ်၊ ကျိုး။ ဒါပေမယ့် ဒီမှာတော့ ငါ မစားတော့ပါဘူး”မာတင်က ခေါင်းညိတ်ပေမယ့် မိမိအမြင်ကိုတော့ ခိုင်မာစွာထိန်းထားဆဲပင်။
“ကောင်းပါတယ်။ မင်းဆုံးဖြတ်ချက်ကို ငါ သဘောတူပါတယ်။ ဒါဆို သူ့ဘေးနားက အနောက်တိုင်းစားသောက်ဆိုင်ကို သွားကြမလား”ဝူကျိုးက ထံမံ သွေးမဆောင်တော့ဘဲ ဘေးနားရှိ စားသောက်ဆိုင်ကို ညွှန်ပြကာ အကြံပြုလိုက်သည်။
“အိုကေ။”မာတင်ကလည်း ခေါင်းညိတ်လိုက်သည်။
ဤကဲ့သို့ကိစ္စမျိုး တစ်ခုတည်း မဟုတ်ပါပေ။ နိုင်ငံခြားခရီးသည် အများအပြား ဤနေရာသို့ ရောက်လာကြသည်။ အချို့က ယွမ်ကျိုး၏ စားသောက်ဆိုင်ကို တကူးတကလာကြပြီး၊ အချို့ကစမ်းသပ်ရန်ကြသည်။
ထို့ကြောင့် ဝူကျိုး ကြုံတွေ့ခဲ့ရသော ဆန့်ကျင်မှုများက ပြင်းထန်မှု မရှိပေ။
ဂျက်လီက “ရှောင်လင်ဘုန်းကြီးကျောင်း”
ရုပ်ရှင်ကြောင့် ကမ္ဘာအနှံ့ နာမည်ကြီးလာသောအခါ၊ ဆောင်ရှန်း ရှောင်လင်ဘုန်းကြီးကျောင်းကလည်း ကမ္ဘာအနှံ့မှ အာရုံစိုက်ခြင်းကိုခံရလေသည်။
ထိုအချိန်ကာလတွင် ကမ္ဘာတဝှမ်းမှ သိုင်းဝါသနာရှင်များ လာရောက် လေ့လာကြသည်။ သင်တန်းဆရာများကလည်း အခမဲ့မသင်ပေးဘဲ နိုင်ငံခြားသားများကို အမေရိကန်ဒေါ်လာနှင့် ကောက်ခံခဲ့ပြီး၊ ဝင်ခွင့်လက်မှတ်မှာလည်း ဒေသခံများထက် ဆယ်ဆခန့်ပိုစျေးကြီး၏။
တစ်လလျှင် ဒေါ်လာ ၁၃၀၀ ထိရှိခဲ့ပြီး အဲဒီစျေးနှုန်းကိုလည်း အာဏာပိုင်များကလည်း ခွင့်ပြုထားခဲ့သည်။
ဒါကြောင့် ယွမ်ကျိုးက နိုင်ငံခြားသားများကို ခွဲခြားဆက်ဆံသည့် ဥပမာများ ရှိနှင့်ပြီးသားဖြစ်ပေသည်။
ယနေ့အချိန် ယွမ်ကျိုးစားသောက်ဆိုင်ကို လာသည့် နိုင်ငံခြားသားများမှာ အသစ်အဆန်းကို လာရှာကြပြီး…
အများစုမှာ ၎င်း၏သဘောထားကိုဆန့်ကျင်ရန် လာကြခြင်း ဖြစ်သည်။
အပိုင်း (၃၉၃)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၃၉၄)
ဝူကျိုးက မာတင်ကို အနီးနားရှိ အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ နေ့လယ်စာခေါ်သွားခဲ့သည်။ မာတင်လည်း အလွန်အမင်း ကျေနပ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လီလီ၏ ချက်ပြုတ်စွမ်းရည်မှာ အမှန်ပင် ထူးခြားကောင်းမွန်လှသည်။
“အံ့သြစရာပဲ။ ဒီနေရာမှာ ဒီလောက် ကောင်းတဲ့ အသားကင်ကို စားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အရမ်းကောင်းတယ်။ ကျေးဇူးတင်မိတယ်ကျိုး”မာတင်က စိတ်ကျေနပ်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်”
ဝူကျိုး ပြန်မပြောရသေးခင် ဘေးနားရှိ စားပွဲထိုးက ပြုံးလျက် စကားဝင်ပြောလာ၏။
“တကယ်တော့ ဒီစားသောက်ဆိုင်မှာ ဆွီဒင်အသားလုံး၊ အဖြူရောင်ဝိုင်နဲ့ ချက်ထားတဲ့ ဟင်းလျာအကုန်လုံး အရသာရှိတယ်။ ဝက်သားကင်လည်း အတူတူပဲ။ အားလုံးက နိုင်ငံခြားဟင်းလျာ အမျိုးအစားတွေပဲ”ဝူကျိုးက သာမာန်လေသံဖြင့် ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော်တော့ မယုံနိုင် သေးဘူး”မာတင်က ပုခုံးကို အနည်းငယ် တွန့်ပြလိုက်သည်။
“အိုကေ။ သွားဖို့အချိန်ရောက်ပြီ။ ပြီးပြီလား”ဝူကျိုးက အတင်းအကျပ်မလုပ်ဘဲ လှည့်မေးလိုက်သည်။
“ကောင်းပြီ။ သွားကြစို့”မာတင်က ခေါင်းညိတ်ပြလိုက်သည်။
“ဒီ…ဒီ…ဒါ…ဒါ…”
နှဲမှုတ်သံနှင့် ဗုံသံများ ပေါင်းစည်းထားသည့် အသံကြီးက ရုတ်တရက် သူတို့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“ဒီနေ့ အရမ်းဆူညံနေတယ်နော်။ ကျိုး၊ ဒီနေ့ ပွဲတော်တစ်ခုခု ရှိတာလား”မာတင်က အပြင်ဘက်တွင် စီတန်းရပ်နေသော လူအုပ်ကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
“မရှိဘူးကွ…”ဝူကျိုး အနည်းငယ် မသေချာသကဲ့သို့ ဖြစ်သွားသည်။
အံ့အားသင့်ဖွယ်ကောင်းစွာပင် သူတို့ရှေ့တွင် မြင်တွေ့ရသော စီတန်းလှည့်လည်မှုမှာ နဂါးနှင့် ခြင်္သေ့အကကို ဖျော်ဖြေနေသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ခွန်အားအပြည့်ဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိ၏။
“ကြည့်ရအောင်။ စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ”မာတင်က စိတ်လှုပ်ရှားစွာ ပြောရင်း ဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်ရန် ပြင်လိုက်သည်။
“ကောင်းပြီ”ဝူကျိုးက ယွမ်ကျိုး၏ စားသောက်ဆိုင်တံခါးရှေ့တွင် စုဝေးနေသော လူအများကို စိတ်ဝင်စားစွာ ကြည့်ရင်း ခဏနေရန် သဘောတူလိုက်သည်။
“မာစတာယွမ်… ခဏလောက် ထွက်လာပေးနိုင်မလား”စီတန်းလှည့်လည်မှု၏ ရှေ့ဆုံးတွင် ရပ်နေသူမှာ လွန်ခဲ့သော ခြောက်လခန့်က ငြင်းပယ်ခံခဲ့ရသူ — မာစတာချန် ဖြစ်သည်။
ထိုအချိန်တုန်းက မာစတာချန် အထူးလာရောက်လည်ပတ်ခဲ့သော်လည်း ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ ထမင်းစားလိုပါက တန်းစီရမည်ဟုသာ ပြောခဲ့ပြီး မာစတာချန်သည် အကူအညီမဲ့စွာ တန်းစီစားသောက်ခဲ့ရသည်။ သို့ရာတွင် ထိုဟင်းလျာများ၏ အရသာကြောင့် ထပ်မံကြိုးစားရန် ဆုံးဖြတ်ခဲ့သည်။
ထိုဟင်းလျာများသည် ဟာသတစ်ခုအနေဖြင့်ပင် မစနောက်သင့်ပေ။ ယွမ်ကျိုး၏ စားသောက်ဆိုင်မှ ဟင်းလျာများသည် ပြိုင်ပွဲတွင် ချက်ပြုတ်ထားသည့် ဟင်းလျာများထက်ပင် ပိုမိုအရသာရှိသည်။ လက်ရာမြောက်မှုနှင့် ပါဝင်ပစ္စည်း အရည်အသွေးတို့မှာ စားဖိုမှူးတိုင်း မျှော်လင့်တောင့်တနေသည့် အဆင့်အတန်းဖြစ်သည်။
“တကယ့်ကို အံ့သြစရာပါပဲ။ ငါရဲ့ အဆင့်နိမ့်ပစ္စည်းတွေနဲ့ မဟုတ်ဘဲ သူဌေးယွမ်ရဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး လေ့ကျင့်နိုင်မယ်ဆိုရင်....”မာစတာချန်က အတွင်းစိတ်ထဲတွင် တိုးတိုးလေး ပြောနေမိသည်။ ထို့ကြောင့်ပင် သူသည် ဆုံးဖြတ်ချက်ချပြီး ယနေ့ ဤနေရာသို့ တိုက်ရိုက် လာရောက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် စားသောက်ဆိုင်ကို ငါးမိနစ်အတွင်း ဖွင့်ပါမယ်။ စားသုံးသူများ ဝင်နိုင်အောင် နေရာဖယ်ပေးပါ”
ယွမ်ကျိုးက ဆူညံသံကြောင့် ထွက်လာခြင်းမဟုတ်သော်လည်း မာစတာချန်၏ စကားကြောင့် တံခါးအပြင်သို့ ထွက်လာခဲ့သည်။
“မာစတာယွမ် ကျွန်တော်ပြောတာ နားထောင်ပါဦး။ အားလုံး ဘေးဖယ်”မာစတာချန်က လူအုပ်ဘက်သို့ လှည့်ပြောလိုက်သည်။
“ထမင်းစားဖို့ လာရင် ကြိုဆိုပါတယ်။ တခြားကိစ္စဆိုရင်တော့ ပြောစရာမလိုပါဘူးနော် ”ယွမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“မာစတာယွမ်၊ ဒီစာကို တစ်ချက်ကြည့်ပါဦး” ဟု မာစတာချန်က ဖတ်ရလွယ်ရန် စီစဉ်ထားသည့် စာရွက်ကို ယွမ်ကျိုး၏ လက်ထဲသို့ လေးနက်စွာ ပေးအပ်လိုက်သည်။
မာစတာချန်သည် ယွမ်ကျိုးထက် အသက်သုံးဆယ်ခန့် ပိုကြီးသော်လည်း ယွမ်ကျိုးအပေါ်ထားသည့် လေးစားမှုမှာ အလွန်ထင်ရှားလှသည်။
“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အရင်တစ်ခါ ပြောခဲ့တဲ့အတိုင်းပဲ၊ ဒီအကြောင်းကို နောက်ထပ် မပြောတော့ဘူး” ဟု ယွမ်ကျိုးက မည်သည် ခံစားမဖော်ပြဘဲ ပြောဆိုလိုက်သည်။
သို့ရာတွင် သူ၏ အတွင်းစိတ်ထဲတွင်တော့ ပျော်ရွှင်နေ၏။ ထိုလေးစားမှုသည် သူ၏ ကိုယ်ရည်ကိုယ်သွေး သာမက ချက်ပြုတ်မှု အရည်အချင်းကိုပါ အသိအမှတ်ပြုခြင်းဖြစ်ကြောင်း သူသိနေသည်။
သို့သော် ယွမ်ကျိုးအနေဖြင့် မိမိ၏ လက်ရာသည် တပည့်အဖြစ် လက်ခံရမည့်အဆင့်အထိ ရောက်ရှိနေပြီဟု အပြည့်အဝ မယုံကြည်သေးပေ။
ထို့အပြင် သူသည် ယောက်ျားတစ်ဦးထက် မိန်းကလေးတစ်ဦးကိုသာ တပည့်အဖြစ် လက်ခံလိုသော ဆန္ဒရှိသည်။ ရှေးဟောင်းစကားပုံတစ်ခုအရ ယောက်ျားနှင့် မိန်းမ အတူအလုပ်လုပ်ပါက မပင်ပန်းဟု ဆိုကြသကဲ့သို့ ဖြစ်သည်။
“သူဌေးယွမ်၊ ကျေးဇူးပြု၍ တစ်ချက်တော့ စစ်ဆေးပေးပါဦး” ဟု မာစတာချန်က ယခုအခါ ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီးဖြစ်သဖြင့် စာရွက်ကို ထပ်မံ ပေးအပ်လိုက်သည်။
“ငါ စစ်ကြည့်ပြီးလည်း ရလဒ်က မပြောင်းလဲဘူး။ အပြင်မှာလည်း ငါတို့အားလုံး စားဖိုမှူးတွေပါပဲ” ဟု ယွမ်ကျိုးက စာကို လက်ခံယူလိုက်သည်။
“မင်းရဲ့ အရည်အချင်းက ငါ့ထက် မြင့်တယ်။ ငါ စားဖိုမှူးအဖြစ် အချိန်ကြာကြာ လုပ်လာခဲ့ပေမယ့် မင်းကိုတော့ ဆရာအဖြစ် လေးစားပါတယ်” ဟု မာစတာချန်က စိတ်ရင်းဖြင့် ပြောဆိုလိုက်သည်။
ယွမ်ကျိုးက အဖြေမပြန်ဘဲ လူအများရှေ့တွင် စာရွက်ကို ဖြည်းညင်းစွာ ဖွင့်ဖတ်လိုက်သည်။
“စားဖိုမှူးကြီး၊ သူ သဘောတူပါ့မလား” ဟု စားဖိုမှူးတစ်ယောက်က စိတ်ဝင်စားစွာ မေးလိုက်သည်။
“သဘောမတူလောက်ဘူး အဲဒီလူက မာနကြီးလွန်းတယ်” ဟု လီလီက ခိုင်မာစွာ ပြောလိုက်သည်။
“အမှန်ပဲ၊ အရမ်းမာနကြီးတယ်။ ငါတို့ကိုတောင် လေးစားမှု မပြဘူး” ဟု စားဖိုမှူးနောက်တစ်ယောက် က မျက်ခုံးတွန့်ကာ သဘောတူလိုက်သည်။
သို့သော် လီလီ၏ စိတ်ထဲတွင် ထင်မြင်ထားသည့် “မာနကြီးခြင်း” သည် စားဖိုမှူးများ၏ အမြင်နှင့် မတူညီပေ။
“သူဌေးယွမ်က တကယ့်ကို ထူးချွန်တယ်။ ဆရာအဖြစ် လာပြီး ဂါရဝပြုချင်တဲ့ လူတောင် ရှိနေပြီ” ဟု ဖောက်သည်တစ်ဦးက ပတ်ဝန်းကျင်ကို ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ သူ့လက်ရာကတော့ ပြောစရာတောင် မလိုတော့ဘူး” ဟု အခြားဖောက်သည်များကလည်း ထောက်ခံချီးကျူးကြသည်။
“ဒီလူက အရင်တစ်ခါလည်း ဒီကို လာဖူးတယ်။ ဒါပေမယ့် သူဌေးယွမ်က ငြင်းပယ်ခဲ့တယ်” ဟုဖောက်သည်တစ်ဦးက စိတ်ဝင်စားဖွယ် ပြောဆိုလိုက်သည်။
“အဲ့ဒီလိုလား။ ငါတို့ ဘာကြောင့် မသိတာလဲ” ဟု အခြားဖောက်သည်များက ပိုသိနေသူကို ဝိုင်းမေးကြသည်။
“လွန်ခဲ့တဲ့၁၀ရက်လောက်က အဲဒီလူက အသိအမှတ်ပြုခံရတဲ့ စားဖိုမှူးပဲလို့ သတင်း ကြားထားတယ်” ဟု ပြောရင်း မာစတာချန်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ဒါပေမယ့် ဘော့စ်ယွမ်လောက်တော့ မတော်သေးဘူး” ဟု ဖောက်သည်အချို့က ဆက်လက် ပြောဆိုကြသည်။
“အဲ့ဒါတော့ သေချာတယ်။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ယွမ်ကျိုးကို ဆရာအဖြစ် လာပြီးဂါရဝပြုမှာလဲ” ဟု ပထမဖောက်သည်က ပြောဆိုလိုက်သည်။
“ပြောပြမယ်…” ဟု ဖောက်သည်တစ်ဦးက ပြီးခဲ့တဲ့အကြိမ် ယွမ်ကျိုးကို မာစတာချန် ဆရာတင်ခြင်းနေသည့်အကြောင်းကို ရှင်းပြလေသည်။
“အဲဒါက ဘာကိုဆိုလိုတာလဲ” ဟု မာတင်က မာစတာချန် ကိုင်ဆောင်ထားသော စာကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
“အဲဒီလူက သူဌေးယွမ်ကို သူ့ရဲ့ ဆရာအဖြစ် ဂါရဝပြုချင်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသည်” ဟု ဝူကျိုးက ပြောလိုက်သည်။သူ့လေသံထဲမှာ မာနထောင်လွှားနေသည့် ခံစားချက်တစ်ခုပါ ပေါ်လွင်နေသည်။
ထိုဖောက်သည်များကဲ့သို့ပင်၊ မိမိအကြိုက်ဆုံးအရာကို အခြားသူများလည်း နှစ်သက်သည့်အခါ ၎င်းသည် အသိအမှတ်ပြုခြင်းတစ်မျိုးဖြစ်သည်။
“သူက ဘာလို့ အဲဒီလူကို ငြင်းပယ်တာလဲ” ဟု မာတင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ သူဌေးယွမ်က နှိမ့်ချတတ်သူတစ် ယောက်ဖြစ်လို့” ဟု ဝူကျိုးက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
“ဖြစ်နိုင်တယ်” ဟု မာတင်က ပခုံးတွန့်ပြလိုက်သည်။ ယွမ်ကျိုးကို မာတင်က အထင်မကြီးပေ။သို့သော် သူက ထိုအခြေအနေအား ကြည့်နေရသည်ကို အလွန်နှစ်သက်သည်။
စာရေးကို စုတ်တံဖြင့်ရေးထားပြီး တပည့်အဖြစ် လက်ခံလိုသော သူ့ဆန္ဒကို သဘာဝအတိုင်းဖော်ပြထားသည်။ သို့သော် လက်မှတ်ကိုတော့ တရုတ်စားဖိုမှူးများ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ကျိုးရှီကျဲက ပေးထားသည်။
“ငါ မင်းကို သင်ပေးစရာ ဘာမှ မရှိဘူး” ဟု ယွမ်ကျိုးက စာကို လက်ခံပြီး မာစတာချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
မာစတာချန်က လက်မလျှော့ဘဲ နောက်တစ်ခါ စဉ်းစားပြီး “ကျွန်တော် ခင်ဗျားနောက်ကို လိုက်နိုင်ပြီး အိမ်မှုကိစ္စတွေတောင် လုပ်နိုင်ပါတယ်” ဟု ရိုးရိုးသားသား ပြောလိုက်သည်။
“မင်း ငါ့နောက်ကို လိုက်နိုင်ပေမယ့် ငါ့မီးဖိုချောင်ထဲကို ဝင်လို့မရဘူး” ဟု ယွမ်ကျိုးက တိုက်ရိုက်ပြောလိုက်သည်။
“ကျွန်တော် သူဌေးယွမ်လောက် မချက်ပြုတ်တတ်မဟုတ်ပေမယ့် ပြင်ဆင်မှုအလုပ်ကတော့… အိုကေ၊ ပြဿနာမရှိပါဘူး” ဟု မာစတာချန်က ပြင်ဆင်မှုအလုပ်ကို လုပ်နိုင်မယ်ဟု ပြောချင်သော်လည်း ရိုးသားစွာ အဆုံးသတ်လိုက်သည်။
“ဒီလိုဆိုရင် ငါက မင်းရဲ့ ဆရာ မဟုတ်ဘူး၊ ဒါကြောင့် မင်းလည်း ငါ့ကို ဆရာလို့ ခေါ်စရာမလိုဘူး။ ဒီမှာ စားချင်ရင်လည်း တန်းစီရမယ်” ဟု ယွမ်ကျိုးက ဟိုဘက်တန်းစီထားသော လူများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကောင်းပါပြီ။ စိတ်မပူပါနဲ့ မာစတာယွမ်” ဟု မာစတာချန်က အချိန်မရွေး သူ့နောက်သို့ လိုက်နိုင်သော ကြောင့် ကျေနပ်နေခဲ့သည်။
မဟုတ်လျှင် ယွမ်ကျိုးချက်ပြုတ်သည်ကို နေ့တိုင်း ကြည့်ရန် အကြောင်းပြချက်မရှိဘူး၊ ၎င်းက သူတစ်ခုခုကို ခိုးယူရန်ကြိုးစားနေသကဲ့သို့ပင်။ မာစတာချန်ကသည် မာနကြီးသော ဆရာတစ်ဦး ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။
တစ်ခါတစ်ရံတွင် ယွမ်ကျိုးသည် သူနှင့် စနစ် အကြားတူညီသည့် အတွေး ရှိမရှိကို သံသယဝင်မိသည်။ ဥပမာအားဖြင့် ယခုအခြေအနေတွင် ယွမ်ကျိုးသည် မှိုနှင့် ဂေါ်ဖီထုပ်ကြော်ကို ချက်ပြုတ်ပြီးနောက် သူ၏ လက်ရှိ ချက်ပြုတ်စွမ်းရည်နှင့် မကျေနပ်နိုင်သေးပေ။ သို့သော် ယခုပင်စနစ်မှ သူ့ကို စိတ်ဝင်စားဖွယ် မစ်ရှင်အသစ်တစ်ခု ထပ်မံပေးအပ်ခဲ့သည်။
အပိုင်း (၃၉၄)
(ပြီးပါပြီ)