အခန်း (၃၉၅-၃၉၆)
Vol. 30 Ch. 395-396
ကျမ်းကျင်စားဖိုမှူးစနစ်
အပိုင်း(၃၉၅)
“ဆိုင်စဖွင့်ပါပြီ။ စားသုံးဖို့ အထဲဝင်နိုင်ပါတယ်” ဟု ယွမ်ကျိုးက အချိန်ကို ကြည့်ပြီး ဆိုင်ရှေ့တွင် တန်းစီနေသော ဖောက်သည်များကို ပြောလိုက်သည်။
ထို့နောက် သူသည် ကိုယ်ကို လှည့်ကာ ဆိုင်အတွင်းသို့ ဝင်သွားပြီး ဟင်းပွဲများချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
မာစတာချန်က ရှေ့သို့ နှစ်လှမ်းခန့် လှမ်းပြီးနောက် ဆိုင်အပြင်ဘက်တွင် တန်းစီနေသော လူစုလူဝေးကို ကြည့်ကာ ဆိုင်အတွင်းသို့ဝင်လိုက်သည်။ ထိုနောက် ခဏအကြာ တုန့်ဆိုင်းနေပြီး နဂါးနှင့် ခြင်္သေ့အဖွဲ့ဘက်သို့ လှည့်ကာ...
“ဒီနေ့ ဒီလောက်ပဲ။ အားလုံးကို အနှောင့်အယှက်ဖြစ်စေမိရင် ခွင့်လွှတ်ပါ။ ကျေးဇူးတင်ပါတယ်” ဟု ပြောဆိုလိုက်သည်။
စကားပြောပြီးသည်နှင့် မာစတာချန်က ဆိုင်အတွင်းသို့ လှည့်ဝင်သွားပြန်သည်။
သူတုန့်ဆိုင်းနေရသည့်အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ သူသည် ယွမ်ကျိုးချက်ပြုတ်သည့် ဟင်းပွဲများကို စားချင်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် အပြင်တွင် လူအများတန်းစီနေသဖြင့် သူ့အလှည့် ရောက်ချိန်တွင်ဆိုင်ပိတ်ပြီးသား ဖြစ်သွားနိုင်သည်။ထိုအခါမှ စားရန် မဖြစ်နိုင်တော့ပေ။
တချိန်တည်းမှာပင် ယွမ်ကျိုးသည် စနစ်ထံမှ မစ်ရှင်အသစ်တစ်ခုကို လက်ခံရရှိလိုက်သည်။
စနစ် “အချိန်ကန့်သတ်မရှိသော ရက်ရှည် မစ်ရှင်တစ်ခု ရရှိပါတယ်။ လက်ခံမလား”
“လက်ခံမယ်” ဟု ယွမ်ကျိုးက မီးဖိုချောင်သို့ သွားရင်း ခိုင်မာစွာ ဖြေလိုက်သည်။ သို့သော် ဆိုင်ဖွင့်ချိန်ဖြစ်သဖြင့် မစ်ရှင်အကြောင်းကို ဖွင့်မကြည့်သေးဘဲ ချက်ပြုတ်ရေးကိုသာ ဦးစားပေးလိုက်သည်။
“ဒီနေ့ ဘာစားမလဲရှင့်” ဟု ကျိုကျာက အပြုံးနှင့် ဖောက်သည်များကို ကြိုဆိုမေးမြန်းလိုက်သည်။
“ဟင်းရည်နဲ့ခေါက်ဆွဲအလွတ် တစ်ပွဲပေးပါ” ဟု နူးညံ့သည့် မိန်းကလေးတစ်ဦး၏ အသံထွက်လာသည်။
“စုစုပေါင်း ၂၆၈ ယွမ်ကျပါမယ်ရှင့်။ ကျွန်မတို့ဆိုင်မှာ အရင်ငွေပေးချေပြီးမှ ဟင်းပွဲကိုလုပ်ပေးပါတယ်” ဟု ကျိုကျာက နူးညံ့စွာ သတိပေးလိုက်သည်။
“ဒီမှာပါ” ဟု မိန်းကလေးက ပြောကာ ထူးခြားသည့် ပိုက်ဆံအိတ်ထဲမှ ငွေကို ထုတ်ပြီး ကျိုကျာထံ ပေးလိုက်သည်။
“ကောင်းပါပြီ၊ ခဏစောင့်ပါ” ဟု ကျိုကျာက ငွေကို အထူးလုပ် အံခွက်ထဲသို့ထည့်လိုက်ပြီး ဟင်းပွဲကို အော်ဒါတင်လိုက်သည်။
မိန်းကလေး၏ အသံမှာ နားဝင်ချိုသာသော်လည်း သူမ၏ မျက်လုံးများကတော့ ပတ်ဝန်းကျင်ကို တုန့်ဆိုင်းစွာ ကြည့်နေသည်။ သူမကို အခြားသူများ သတိမထားမိကြောင်း သိရသောအခါမှသာ စိတ်ချလက်ချ ထိုင်လိုက်သည်။
ပတ်ဝန်းကျင်ရှိ အချို့ဖောက်သည်များက မိတ်ဆွေများနှင့် စကားပြောနေကြသည်၊ တချို့က ယွမ်ကျိုးကို ကြည့်နေကြသည်၊ တချို့ကတော့ မိမိရှေ့ရှိ ဟင်းပွဲကို စိတ်တိုင်းကျ အရသာခံစားသောက် နေကြသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ စိတ်ကျေနပ်မှုနှင့် ပျော်ရွင်မှုတို့က ပေါ်လွင်နေသည်။
သူမ ယခုလို ပတ်ဝန်းကျင်ကို ကြည့်နေရခြင်းမှာ အကြောင်းရင်းရှိပေသည်။ သူမ၏ အမည်မှာ ချီလင်းဖြစ်ပြီး ယွမ်ကျိုး၏ဆိုင်တွင် ပထမဆုံး လာရောက်စားသုံးခြင်း ဖြစ်သည်။ အခြားဆိုင်များနှင့် မတူသည့်ဂုဏ်သတင်းကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
ဖိုရမ်တွင်မြင်ခဲ့သော မှတ်ချက်တစ်ခုကြောင့်သာ ဤနေရာသို့လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
[ဘော့စ်ယွမ်ကသာ အဲဒီလို ထူးခြားတဲ့ ဟင်းပွဲတွေ ကိုချက်နိုင်တာ။ အဝေးမှာနေရင်တော့ အနံ့မရပေမယ့် နီးလာရင် အနံ့ပေါ်လာတယ်။ ထူးဆန်းဆုံးကတော့ အစပ်ဟင်း နဲ့ အနံ့ပြင်းတဲ့ဟာတွေ စားတဲ့သူရှိရင်တောင် အနံ့မရဘူး။ တကယ့်ကို အံ့သြစရာပါပဲ]
— စောင့်ကြည့်ရတာကို ကြိုက်တဲ့ ဝက်
ထိုစာသားက ချီလင်းကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ သူမသည် အနံ့ကို အလွန်မုန်းသူ ဖြစ်သည်။ မွှေးသည်ဖြစ်စေ နံသည်ဖြစ်စေ အနံ့အားလုံးကို မကြိုက်ပေ။
အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းပိတ် တပ်ထားရသည်။
အချက်အပြုတ်လည်း မကျွမ်းကျင်သဖြင့် တခါတရံ အအေးစာ သို့မဟုတ် ဆိုင်တွင် သွားစားခြင်းသာလုပ်လေ့ရှိသည်။
ယခုလည်း မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် နှာခေါင်းပိတ် တစ်ခုကို တပ်ထားပြီး မျက်လုံးသာ ဖော်ထားသည်။ အနည်းငယ် အလွန်အကျွံ ဖြစ်နေသည့်ပုံရိပ်ကြောင့် သူမကို လူများ သတိပြုမိမည်ကို စိုးရိမ်နေသည်။
“အံ့သြစရာကောင်းလိုက်တာ… အနံ့လုံးဝ မရဘူးပဲ။ ဒီကလူတွေရဲ့ ကိုယ်နံ့တောင် ပျောက်သွားသလိုပဲ” ဟု ချီလင်းက ကိုယ်ဘာသာကိုယ် ပြောလိုက်မိသည်။
“ခေါက်ဆွဲလည်း အဲ့လိုအနံ့မရရင် ကောင်းမယ်” ဟု မီးဖိုချောင်ကို ကြည့်ကာ စိတ်ထဲတွင် ဆုတောင်းလိုက်သည်။သူမ၏ ဆုတောင်း ပြည့်ခဲ့သည်။ မကြာမှီပင် ဟင်းပွဲလာပို့လိုက်သည်။
“မစ္စ၊ ဟင်းပွဲရပါပြီရှင့်” ဟု ကျိုးကျာက ခေါက်ဆွဲပန်းကန်ကို သေသပ်စွာ ချလိုက်သည်။
“အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်” ဟု နှာခေါင်းပိတ်အောက်မှ နူးညံ့သည့် အသံထွက်လာသည်။
“ရပါတယ် ကိစ္စမရှိပါဘူးရှင်” ဟု ကျိုကျာက ပြန်လည် ပြောဆိုလိုက်သည်။
ခေါက်ဆွဲ၏ အပူငွေ့နှင့်အတူ အနံ့အနည်းငယ်သာ နှခေါင်းပိတ်အတွင်းသို့ ဝင်လာသည်။
“ကွက်တိပဲ… ကံကောင်းလိုက်တာ။ ငါ သည်းခံနိုင်တဲ့ အဆင့်ထဲကပဲ” ဟုပြောကာ ချီလင်းကပြော လိုက်၏။
သူမသည် တူကို ကိုင်ကာ စားရန် ပြင်လိုက်သော်လည်း နှာခေါင်းပိတ်ကို မချွတ်ဘဲ အနည်းငယ် မြှောက်ကာ နှုတ်ခမ်းလှလှကိုသာ ဖော်လိုက်ပြီး“ရှလွပ်” ဆိုသည့် အသံနှင့်အတူ စားသောက်လိုက်သည်။
အမှန်တကယ်တော့ ချီလင်းသည် အနံ့ကို မုန်းလွန်းသဖြင့် အစာစားနေစဉ်တွင်ပင် နှာခေါင်းပိတ်ကို မချွတ်ခဲ့ပေ။ ထို့ကြောင့် အစာစားနေချိန် လူများ ဝိုင်းကြည့်မည်ကိုလည်း အလွန်စိုးရိမ်နေခဲ့သည်။
ယခုလိုအဖြစ်အပျက်က တစ်ခါတစ်ရံ ဖြစ်တတ်၏။ နှာခေါင်းပိတ်ကြီးကြီးတစ်ခု ဝတ်ထားပြီး စားသောက်နေသူကို မြင်လျှင် လူအများ၏စိတ်ဝင်စားမှုကို သဘာဝကျစွာ ဆွဲဆောင်နိုင်သည်။
သာမာန်လူများ၏ အမြင်တွင် “ဒီလူ ဖျားနေတာပဲ”ဟုထင် လေ့ရှိသည်။
ချီလင်းသည်လည်း ထိုသို့မကောင်းသည့် ခန့်မှန်းချက်များကို ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။ ဆောင်းရာသီတွင် နှာခေါင်းပိတ်ဝတ်ထားပါက သာမန်ဖြစ်သော်လည်း နွေရာသီရောက်လျှင် ၎င်းအပြုအမူမှာ လူအများကြားထင်ပေါ်လွန်းလှ၏။ ထို့အပြင် သူမ ဝတ်ထားသည်က လေမဝင်အောင် တင်းကျပ်သည့် နှာခေါင်းပိတ်မျိုး ဖြစ်သည်။
ဆိုင်ငယ်လေးများတွင် ဆိုင်ရှင်က မေးမြန်းလာသည်မှာ ဖြစ်လေ့ရှိသည်။ အကြောင်းမှာ ရှင်း၏။စားသုံးသူ ဖျားနာနေမည်ဆိုလျှင် ထို့အပြင် သူ သို့မဟုတ် သူမသည် အလွန်သိသာနေမည်ဆိုပါက ဆိုင်၏စီးပွားရေး အပေါ် သက်ရောက်မှု ရှိနိုင်သော ကြောင့် ဖြစ်သည်။
ထိုအဖြစ်မျိုးကို သုံးနှစ်ခန့် နှာခေါင်းပိတ်ဝတ်ထားသသည့်အချိန်အတွင်း ချီလင်းကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။
ခေါက်ဆွဲ၏အရသာမှာ ထူးထူးခြားခြား ပြောစရာ မလိုတော့ပေ။
“ရှလွပ်… ရှလွပ်…”
ချီလင်းက တစ်ဝက်ခန့်ကုန်အောင် စားပြီးမှသာ ပတ်ဝန်းကျင်ကို ကြည့်မိ၏။ ထိုအကျင့်သည်လည်း သူမ၏ထူးခြားသောအပြုအမူ၏ အကျိုးဆက်တစ်ခု ဖြစ်သည်။
သို့သော် စတင်စားသုံးချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင်အပြောင်းအလဲ မရှိသလောက်ပင်။ အနည်းငယ်ပြေင်းလဲမှုတော့ရှိ၏။ သူမဘေးတွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက မရှိတော့ဘဲ ယင်းစား သူ့နေရာတွင် လှပသော မိန်းကလေးတစ်ဦး ထိုင်နေ လေသည်။
ချီလင်းက သူမကို ကြည့်လိုက်သည့်အချိန်တွင်ထိုမိန်းကလေးကလည်း ချီလင်းဘက်ကို လှည့်ကြည့်ပြီး ပြုံးပြလာသည်။
ချီလင်းကလည်း သဘာဝကျစွာ ပြန်ပြုံးပြလိုက်၏။ ပြုံးပြီးမှသာ မျက်နှာဖုံး မချွတ်ရသေးကြောင်း သတိရသွားပြီး အနည်းငယ် ရှက်သွားကာ မျက်နှာဖုံးကို လက်နှင့် ထိလိုက်သည်။
“ခေါက်ဆွဲက အေးသွားတော့မယ်” ဟု ထိုလှပသောမိန်းကလေးက ရုတ်တရက် သတိပေးလိုက်သည်။
“အိုး… ဟုတ်သားပဲ။ သတိပေးပေးတဲ့အတွက် ကျေးဇူးတင်ပါ” ဟု ချီလင်းက ပြန်ပြောပြီး ခေါက်ဆွဲကို ဆက်လက် စားသုံးလိုက်သည်။
“ဒီနေရာက တကယ် အဆင်ပြေတယ်” ဟု အရသာရှိသော ခေါက်ဆွဲကို စားရင်း ချီလင်းက စိတ်ထဲတွင်တွေးမိလိုက်သည်။
တကယ်တော့ ဖောက်သည်များက ချီလင်း၏ စိုးရိမ်ပူပန်မှုကို သိလျှင်“စိတ်မပူပါနဲ့။ ဒီမှာ ဘယ်သူမှ အဲ့ဒါကို ထူးဆန်းတယ်လို့ မထင်ကြပါဘူး။ တစ်ခါကဆိုရင်မျက်နှာမှာ သွေးတွေနဲ့ လာစားတဲ့ ဖောက်သည်တစ်ဦးတောင် ရှိသေးတယ်”ဟု ပြောလိမ့်မည်။
ထိုလူ လာသည့်အခါတိုင်း ယွမ်ကျိုးက ကိုယ်တိုင် လက်သုတ်ပဝါတစ်ထည် ပေးပြီး သန့်ရှင်းအောင် သုတ်ပြီးမှ စားခိုင်းလေ့ရှိသည်။
ထိုအကြောင်းကြောင့် လင်းဟုန်ကတောင် ယွမ်ကျိုး ဂရုစိုက်သည်မှာ သွေးများ ပန်းကန်ထဲသို့ ကျကာ အရသာကို ပျက်သွားမည်ကို မလိုလား၍ ဖြစ်မယ်ဟု ထင်ခဲ့ဖူးသည်။
သို့သော် ချီလင်းက ထိုအရာများကို မသိပါ။ သူမ သိသည်က ယခုအချိန်တွင် သူမ၏စားသောက်ပုံစံကို မည်သူမျှ ထူးဆန်းသည်ဟု မထင်ခြင်း ဆိုသည့် အချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူမ စိတ်အေးသွား၏။
“တော်တော်ထူးဆန်းတဲ့ နေရာပဲ… ပုံမှန်လို့ လူတွေ ခံစားရတဲ့ဟာ ကိုကျထူးဆန်းတယ်လို့ခံစားရအောင် လုပ်ပြီးထူးဆန်းတယ်လို့လူတွေ ခံစားရတဲ့ဟာကိုကျတော့ပုံမှန်လိုဖြစ်အောင် လုပ်နိုင်တယ်”ဟု ချီလင်းက တိတ်တိတ်လေး တွေးမိလိုက်သည်။
နေ့လယ် ဆိုင်ဖွင့်ချိန် နှစ်နာရီမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားသည်။ ချီလင်း၏ တည်ရှိမှုကို သတိထားမိခဲ့သူမှာ ကျိုကျာတစ်ဦးတည်းသာ ဖြစ်သည်။
နေ့စဉ် အသစ်ရောက်လာသော ဖောက်သည်များကို မှတ်တမ်းတင်ခြင်းက ကျိုကျား၏ အကျင့်တစ်ခုလိုဖြစ်နေတော့၏။
“ညနေမှာ ပြန်တွေ့ကြမယ်နော် ဘော့စ်ယွမ်” ဟု ကျိုကျာက လက်ဝေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
“အင်း” ယွမ်ကျိုးကလည်း ခေါင်းညိတ်လိုက်၏။ ကျိုကျာဆိုင်မှထွက်သွားပြီး မျက်ကွယ်သို့ရောက်သွားသည်ကို ကြည့်ပြီးနောက် ယွမ်ကျိုးက အပြာရောင် ကျောက်စားပွဲကို စတင် သန့်ရှင်းရေးလုပ်၏။
ခဏအကြာတွင် ဆိုင်အတွင်းတွင် ပန်းကန်ဆေးသံများသာ ကြားရတော့သည်။သို့သော် မကြာခင်မှာပင် ယွမ်ကျိုးက တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။
“အနောက်တိုင်းအစားအစာ မစ်ရှင်က ပြီးသွားပြီလား” ဟု ယွမ်ကျိုးက နိုင်ငံခြားသား တစ်ထောင်နှင့် ပတ်သက်သည့် ကိစ္စကို သတိရကာ မေးလိုက်သည်။
စနစ် “မပြီးသေးပါဘူး၊ ဆိုင်ရှင်”
[မစ်ရှင် ပြီးဆုံးမှု အခြေအနေ]
1000 / 799
“မကြာသေးခင်က နိုင်ငံခြားသားတွေ လာစားတာ မကြာခဏတွေ့နေလို့ မကြာခင် ပြီးတော့မယ်ထင်တာ” ဟု ယွမ်ကျိုးက ပခုံးတွန့်လိုက်သည်။
“မစ်ရှင်အသစ်ကို ပြပါဦး” ဟု ယွမ်ကျိုးက သန့်ရှင်းရေးလုပ်ရင်း စိတ်ဝင်စားစွာ မေးလိုက်သည်။
စနစ် “ကောင်းပါပြီ”
[စားဖိုမှူး၏ စမ်းသပ်မှု] …
အပိုင်း (၃၉၅)
(ပြီးပါပြီ)
၃၉၆ မှ ၄၀၀
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၃၉၆)
"ဤမစ်ရှင်တွင် ဆိုင်ရှင်သည် ဟင်းခတ်ပစ္စည်းများကိုသာ အသုံးပြုပြီး ဟင်းလျာတစ်ခုကို ချက်ပြုတ်ရမည် ဖြစ်သည်။"
(မစ်ရှင်အညွှန်း) – ဟင်းခတ်များကို ကန့်သတ်ထားခြင်း မရှိပါ။ ဟင်းခတ်အမျိုးမျိုးကို လွတ်လပ်စွာ အသုံးပြုနိုင်သည်။ သင်၏ စိတ်ကူးဉာဏ်ကို အပြည့်အဝ အသုံးချပါ၊ လူငယ်လေး
[မစ်ရှင်ဆုလာဘ်]- ဟင်းလျာအတွက် ပါဝင်ပစ္စည်းများကို ကိုယ်တိုင် ရွေးချယ်နိုင်ပြီး ဈေးနှုန်းကိုလည်း ကိုယ်နှစ်သက်သလို သတ်မှတ်နိုင်ပါသည်။
(ဆုလာဘ်အညွန်း) – ဤအခွင့်အရေးမှာ အလွန်ရှားပါးသည်။ သင်၏ စိတ်ကူးဉာဏ်ကို ကောင်းစွာ အသုံးချပါ။
“ဒီမစ်ရှင်က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ”
ယွမ်ကျိုးက စိုစွတ်နေသေးသော မျက်နှာသုတ်ပုဝါကို ချိတ်ဆွဲလိုက်ရင်း စိတ်ဝင်စားစွာ ပြောလိုက်သည်။
စနစ် “စားဖိုမှူးစမ်းသပ်မှုရဲ့ မစ်ရှင်များကို ကျပန်း ထုတ်ပေးမည်ဖြစ်သည်။ ဤမစ်ရှင်တွင် အချိန်ကန့်သတ်ချက် မရှိပါ”
“ဆိုတော့က… ငါဒီမစ်ရှင်ကိုအောင်မြင်သွားရင် ဟင်းလျာအတွက် ပါဝင်ပစ္စည်းတွေကို မင်းက အခြားဟင်းတွေလိုပဲ ထောက်ပံ့ပေးမယ်လို့ ဆိုလိုတာလား”
ယွမ်ကျိုးက ဂရုတစိုက် မေးလိုက်သည်။
စနစ် “ဟုတ်ပါတယ်”
“ဒါဆို အကျိုးအမြတ် ခွဲဝေမှုကရော”အရေးကြီးဆုံး မေးခွန်းကို ယွမ်ကျိုးက နောက်ဆုံးမှမေးလိုက်၏။
စနစ် “အခြားဟင်းများနှင့် အတူတူပင် ဖြစ်သည်”
“……"
ယွမ်ကျိုးက စနစ်က ပျားရည်ထရီမယ်လာ ဟင်းလျာလိုပဲ ဒီတစ်ခါမှာလည်း အခကြေးငွေ မကောက်ယူဘူးလို့ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
ထိုဟင်းလျာကို နံပါတ် (၁) ရရန် အချိန်အများကြီး ပေးခဲ့ရသည်ဆိုတာကို လူတိုင်းသိကြတယ်။ မည်သို့ပင်ဆိုစေကာမူ မောင်နှမ နှစ်ယောက်စလုံး ထိုဟင်းကို အလွန်ကြိုက်ကြသည်တော့ အမှန်ပင်။
“ဒီကျပန်းဖြစ်ရပ်က ဘယ်လောက်ကြာမှာလဲ”
ယွမ်ကျိုးက ဤစမ်းသပ်မှုသည် ခက်ခဲသည်ထက် သူ့၏ချက်ပြုတ်စွမ်းရည်ကို တိုးတက်စေမည့် ကစားစရာလေးတစ်ခုကဲ့သို့ ပိုခံစားလာရသည်။
စနစ် “သေချာမသိပါ”
“တစ်ခါတလေ မင်းရဲ့ မိတ်ဆက်စကားတွေက မင်းမဟုတ်ဘဲ တခြားတစ်ယောက် ပြောနေတာလိုပဲ ခံစားရတယ်။ လေသံတောင် လုံးဝမတူဘူး”ယွမ်ကျိုးက လှောင်ပြောင်သကဲ့သို့ ထပ်ပြောလိုက်သည်။
စနစ် “ဤစနစ်သည် ဉာဏ်ရည်မမီသောသူများကို အလွန် သည်းခံပေးတတ်သည်”
“ကျေးဇူးတင်တယ်နော် ”ယွမ်ကျိုးက ထုံးစံအတိုင်း ပြန်ဖြေလိုက်သည်။
အချိန်အနည်းငယ်ကြာမှသာ စနစ်၏ စာကြောင်းကို အပြည့်အဝ နားလည်သွားသည်။
“ဟေ့… မင်း ငါ့ကို အရူးလို့ ပြောနေတာလား”ယွမ်ကျိုးက မျက်လုံးပြူးကြီးနှင့် မယုံနိုင်စွာ မေးလိုက်သည်။
သို့သော် စနစ်က ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
“ရှက်လိုက်တာ… ငါ့ကို မထီမဲ့မြင်လုပ်သွားတယ်”ယွမ်ကျိုး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။
“ထားလိုက်တော့… ငါက သဘောထားကြီးတဲ့လူပဲ။ အခု ဟင်းအကြောင်း စဉ်းစားတာ ပိုကောင်းမယ်”
ယွမ်ကျိုးက ထိုနေ့က ချက်ခဲ့သော ဟင်းသီးဟင်းရွက်နှင့် မှိုကြော်ကို သတိရသွားပြီး ဖောက်သည်များအတွက် ဟင်းအသစ်တစ်ခု ချက်ရမည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။
သူ မာစတာစားဖိုမှူး ဖြစ်မချင်း ဒီဟင်းကို ချက်ဖို့ မရည်ရွယ်ထားခဲ့ဘူးဆိုသည်မှာလည်း အမှန်ပင်။
…
လူတစ်ယောက် စိတ်နှလုံးအပြည့်နှင့် အလုပ်တစ်ခုကို လုပ်နေသည့်အချိန်သည် အမြဲ မြန်မြန်ကုန်သွားတတ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ညဘက် ဘားဖွင့်ချိန် ရောက်လာခဲ့သည်။
ယနေ့ ယွမ်ကျိုး ဘားထဲတွင် ရှိနေသည်မှာ အလွန်ရှားပါးသော အရာတစ်ခုပါ။
“သူဌေးယွမ်၊ ကျွန်တော် ဒီကိုလာကတည်းက ခင်ဗျားကို ဘားမှာတွေ့တာ ဒါပထမဆုံးအကြိမ်ပဲ”ခေါင်းတုံးပြောင်ပြောင်နှင့် လူတစ်ယောက်က သွားဖြူဖြူများဖြင် ပြုံးပြလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
“အမ်… မင်္ဂလာပါ”ယွမ်ကျိုးက ထုံးစံအတိုင်းသာ ပြန်နှုတ်ဆက်လိုက်သည်။
“ဟေးဟေး… ကျွန်တော့်နာမည်က မန်မိန်မိန်ပါ။ ခင်ဗျားက ယွမ်ကျိုးဆိုတာလည်း ကျွန်တော် သိပြီးသားပါ။ ဒါဆို အခု ကျွန်တော်တို့ တစ်ယောက်ကိုတစ် ယောက် သိကြပြီနော်”
မန်မိန်မိန်က ခေါင်းပေါ်က ပြတ်ရှဒဏ်ရာကို ကိုင်ပြီး ရင်းနှီသကဲ့သို့ ပြောလိုက်သည်။
စုမူက ဘေးကို လှည့်ကြည့်ပြီး သရော်ကာ ရယ်ကာ
“ဒီကောင်က လူတွေကို ထပ်လိမ်တော့မယ်” ဟု ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ အစ်ကိုကြီး”စုယွဲ့ရှန်းက စပ်စုစွာ မေးလိုက်သည်။
“အခု မြင်ရသလောက် ဖော်ရွေတယ်လို့ ထင်ရပေမယ့် သူနဲ့ အကြိမ်အနည်းငယ် သောက်ပြီးရင် ကပ်စေးနဲတဲ့လူဆိုတာ သိလာလိမ့်မယ်”စုမူက မန်မိန်မိန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သူ့နာမည်ကတော့ အသံထွက်ကောင်းပါတယ်”စုယွဲ့ရှန်းက တိုးတိုးလေး ပြောလိုက်သည်။
“သူ့နာမည်က အက္ခရာနှစ်လုံး ကို သိရင် ဒီလိုပြောမှာ မဟုတ်ဘူး”စုမူက ပုခုံးကို အနည်းငယ်တွန့်ပြလိုက်သည်။
“ဘယ်စာလုံး နှစ်လုံးလဲ”စုယွဲ့ရှင်းက စပ်စုစွာ မျက်လုံးပြူးပြူးနှင့် မေးလိုက်သည်။
“ဒိုင်—လေရူးလို့ အဓိပ္ပာယ်ရတဲ့ အက္ခရာကို ပေါင်းပြီး မိန်အက္ခရာကို ဖန်တီးထားတာပါ။”စုမူက ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။
“ဟားဟား။ အဲအက္ခရာနှစ်ခုပေါင်းထားတာလား။ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ”မန်မိန်မိန်ကို ကြည့်ရင်း စုယွဲ့ရှန်းက သူ့နာမည်ကို သတိရသွားပြီး နည်းနည်းတော့ ရယ်စရာကောင်းသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းအစ်ကိုရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့။ ငါက ကပ်စေးနဲတာ မဟုတ်ဘူး၊ ချွေတာတာ”
မန်မိုင်မိုင်က ခေါင်းလှည့်ကာ ပြုံးရွှင်စွာ စုယွဲ့ရှန်းကို ရှင်းပြလိုက်သည်။
“အိုး…”စုယွဲ့ရှန်းက ပါးစပ်ပိတ်ပြီး ရယ်လိုက်ကာ ခေါင်းလည်း ညိတ်ပြလိုက်သည်။
ယွမ်ကျိုးက ထိုကဲ့သို့လူမျိုးများကို ဘယ်လိုတုံ့ပြန်ရမည် မသိသေးသည့်အတွက် တိတ်ဆိတ်နေခဲ့သည်။
“ဘော့စ်ယွမ် စကားမပြောတာဆိုတော့ ကျွန်တော်နဲ့ သဘောတူတယ်လို့ ကျတော်ယူဆလိုက်မယ်။ ခင်ဗျားက စကားနည်းတဲ့သူဆိုတာ ကျွန်တော် သိပါတယ်”
မန်မိန်မိန်က ဂရုတစိုက် ပြောလိုက်သည်။
“အမ်…”
ယွမ်ကျိုးက အဓိပ္ပာယ်မဖော်ပြသော အသံဖြင့် ရိုးရိုးပြန်ဖြေလိုက်သည်။
“သူဌေးယွမ်၊ အခု ကျွန်တော်တို့လည်း တော်တော်ရင်းနှီးနေပြီဆိုတော့ အရက်အသစ်တစ်မျိုး—အရက်ပြင်းတစ်ခွက်—ဘယ်တော့ တိုက်မလဲ ပြောပြလို့ရမလား။ ဒါဆို အရမ်းပျော်စရာကောင်းမှာပဲ”မန်မိန်မိန် ယွမ်ကျိုးဆီ ပြုံးရွှင်စွာ လျှောက်လာလိုက်သည်။
“အချိန်တန်ရင် သိမှာပေါ့။”ယွမ်ကျိုးက အမြဲတမ်းလိုပဲ ထိုစကားနှင့်ဖြေလိုက်သည်။
ချန်ဝေက ဒီမေးခွန်းကို တစ်ကြိမ်မက မေးဖူးထားပြီးသားမို့ ယွမ်ကျိုး၏ အပြုအမူကို ကျင့်သားရနေပြီသား ဖြစ်နေခဲ့သည်။
“ဘော့စ်ယွမ်၊ အရက်တော့ သောက်တယ်မလား?”
မန်မိန်မိန်က စိတ်ဓာတ်မကျဘဲ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
“တစ်ခါတစ်လေမှပေါ့”ယွမ်ကျိုးက မျက်နှာတည်တည်နှင့် တိတိကျကျ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ယွမ်ကျိုးဟာ ဘယ်လိုအမူအရာ ပြသရမည်ကို တကယ်မသိခဲ့ဘူး။ ဒီလူကို မရင်းနှီးသေးသည့်အတွက် သူ့၏တည်ငြိမ်သော မျက်နှာထားနှင့်သာ ဆက်ဆံနိုင်ခဲ့သည်။
“ ဖျောက်”မန်မိန်မိန်က လက်ခုပ်တီးပြီး ချက်ချင်းပြောလိုက်သည်။
“အဲဒီလိုဆိုရင်တော့ ဘော့စ်ယွမ်က အရက်ပြင်းတစ်ငုံသောက်ပြီး အမဲသားစပ်တစ်ငုံစားရတဲ့ အရသာကို နားလည်ရမယ်။ တကယ်ကို အံ့သြစရာကောင်းပါတယ်”
“ငရုတ်သီး”ယွမ်ကျိုးက ရုတ်တရက် တစ်ခုခု တွေးမိသွားသကဲ့သို့ စိတ်လှုပ်ရှားသွားသည်။
ဒါပေမယ့် မန်မိန်မိန်ကတော့ စကားကို မရပ်သေးပေ။
“ခဏနေဦး… ခဏနေဦး။ ဟင်းပွဲအသစ်တစ်ခုကို ရုတ်တရက် တွေးမိသွားလို့ သုတေသနလုပ်ရမယ်”
ထိုသို့ပြောပြီး ယွမ်ကျိုးက မတွန့်ဆုတ်ဘဲ လှည့်ထွက်ကာ အောက်ထပ်ကို ချက်ချင်း ဆင်းသွားသည်။
“အာ… ဟင်းပွဲအသစ်ကို အဲ့လောက်မြန်မြန်တောင် တွေးမိသွားတာလား”မန်မိန်မိန်က အံ့အားသင့်သွားပြီး ယွမ်ကျိုးဘက်ကို လက်ဆန့်လိုက်သည်။
“ဟားဟားဟား။ တွေ့လား။ မင်းကို ငြင်းပယ်လိုက်ပြီ။ ဒီလိုမေးရင် ဘာအဖြေရမယ်ဆိုတာ ငါကြိုတင် သိပြီးသား”စုမူက ရယ်မိသည်။
“အနည်းဆုံးတော့ မင်းထက် ပိုကောင်းတယ်”မန်မိန်မိန်က လက်ကိုချပြီး မပျော်မရွှင် ပြန်ပြောလိုက်သည်။
“ကဲ၊ ငြင်းခုံတာ ရပ်ကြတော့ ။ ငါ အရက်သောက်ချင်ပြီ။ ဒီနေ့ အရက်တစ်ဝက်လောက်တော့ သောက်လို့ရ သေးတယ်”စုမူက သူ့ဘေးနားတွင် တည်တည်ငြိမ်ငြိမ် ထိုင်နေသော ညီမ စုယွဲ့ရှန်းကို ပြောလိုက်သည်။
“အိုကေ… အိုကေ… နားလည်ပါပြီ”
စုယွဲ့ရှန်းရဲ့ မက်မွန်ပွင့်ရောင် မျက်လုံးထဲတွင် စုမူနှင့် ဆင်တူသည့် စိတ်မရှည်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ငါ့စကားကို နားထောင်ရင် မင်းကိုနောက်တခါလည်း ဒီကို ခေါ်လာမယ်”စုမူက စုယွဲ့ရှန်း၏ ဆံနွယ်ကို လက်နှင့် ပွတ်သပ်လိုက်သည်။
“အစ်ကိုကြီး၊ ဘာလို့ လင်းဟုန်က ဒီမှာ မရှိတာလဲ”
စုယွဲ့ရှန်းက စပ်စုစွာ မေးလိုက်သည်။
အမှန်တော့ ထမင်းစားပွဲ သုံးပွဲရှိနေပြီး—ပထမတစ်ပွဲမှာ စုယွဲ့ရှန်းတို့မောင်နှမ။။ ဒုတိယစားပွဲမှာ မန်မိန်မိန်နှင့် သူ့သူငယ်ချင်းတွေ၊ နောက်ဆုံးတစ်ပွဲမှာတော့ ဖြောင့်မတ်စွာ ထိုင်နေတဲ့ ကြမ်းတမ်းသည့်သဘောရှိ အမျိုးသားနှစ်ဦးသာ ဖြစ်သည်။
လင်းဟုန်၊ ဝူဟိုင်း နှင့် ချန်ဝေတို့ကတော့ ဒီနေရာမှာ မရှိကြပါဘူး။
“အဲဒီကောင်က လှတဲ့ မိန်းကလေးတွေနဲ့ ပျော်ပါးနေတာ ဖြစ်နိုင်တယ်”စုမူက မကောင်းဆိုးဝါးဆန်ဆန် အပြုံးနှင့် ပြောလိုက်သည်။
“အစ်ကိုလင်းဟုန်က မိန်းကလေးတွေနဲ့ ထပ်ပြီး ဇယားရှုပ်ဖို့ ထွက်သွားပြန်ပြီလား…”
စုယွဲ့ရှန်းက ပါးစပ်တွန့်ကာ မပျော်မရွှင် ပြောလိုက်သည်။
“ဟားဟား။ ဒီတစ်ခါတော့ မဟုတ်ဘူးဘူး။ သူက bline date သွားတာပါ”စုမူက ပြောပြီး မရယ်မိဘဲ မနေနိုင်ခဲ့ပေ။ရင်းနှီးသူတစ်ယောက် မရှိသော်လည်း ဘားရဲ့ လေထုကတော့ ဆူညံသော်လည်း သက်တောင့်သက်သာ ဖြစ်နေဆဲဖြစ်သည်။
ဒါပေမယ့် ယွမ်ကျိုးကတော့ မန်မိန်မိန် ပြောခဲ့သော စကားကို စဉ်းစားနေမိပြီး စမ်းသပ်ရန် စိတ်ကူးအချို့ ရရှိနေခဲ့သည်။
“ဒီစမ်းသပ်ဟင်းလျာကို ရောင်းတဲ့အခါ အချိန်ကန့်သတ်ချက် ရှိလား”ပါဝင်ပစ္စည်းများကို မပြော ခင် ယွမ်ကျိုးက အရင်မေးလိုက်သည်။
စနစ်က "ဆိုင်ရှင် အရာအားလုံးကို သင်ကိုယ်တိုင် စီစဉ်နိုင်ပါတယ်”
“ကောင်းပြီ။ ဒါဆို ပါဝင်ပစ္စည်းတွေ ပေးတော့”
ယွမ်ကျိုးက ပြုံးကာပြောပြီး ယခုညမှာပင် ဟင်းလျာအသစ်ကို စမ်းသပ်ရန်ပြင်ဆင်လိုက်သည်။
ယွမ်ကျိုး ဟင်းလျာအသစ် တီထွင်နေချိန်မှာ လင်းဟုန်ကလည်း ယွမ်ကျိုး၏ စားသောက်ဆိုင်အကြောင်းကို လူတစ်ယောက်ကို ပြောပြနေသည်။
အပိုင်း (၃၉၆)
(ပြီးပါပြီ)