အခန်း (၃၉၇-၃၉၈)
Vol. 30 Ch. 397-398
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၃၉၇)
ည ၈:၃၀အချိန် ချန်ဒူးမြို့သည် လုံးဝမှောင်မိုက်နေပြီဖြစ်သည်။ ကောင်းကင်ယံတွင် ကြယ်များ ပြန့်ကျဲနေပြီး အနည်းငယ် အေးမြနေသည်။ လမ်းသွားလမ်းလာများက ကုတ်အင်္ကျီများ၊ ပဝါများ ဝတ်ဆင်ထားကြသည်။သို့ရာတွင် အဆင့်မြင့်စားသောက်ဆိုင်အတွင်း၌ နွေဦးရာသီကဲ့သို့ နွေးထွေးနေ၏။
စားသောက်ဆိုင်အတွင်းရှိ အမျိုးသမီး အများစုမှာ လက်ပြတ်အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် ၎င်းတို့၏ ဖြူဖွေးသောလက်မောင်းများကို ပေါ်လွင်စေ၏။ အမျိုးသားများသည်လည်း ပါးလွှာသော ရှပ်အင်္ကျီများကို ကြယ်သီးနှစ်လုံး ဖြုတ်ကာ မိမိတို့၏ မချုပ်တည်းနိုင်သော စိတ်ဆန္ဒများကို ဖော်ပြနေကြသည်။
စားသောက်ဆိုင်အတွင်းရှိ လူတိုင်းသည် ချောမောလှပသူများ မဟုတ်ကြသော်လည်း ၎င်းတို့အားလုံး ကျက်သရေရှိပြီး ကြည့်ကောင်းကြသည်။ သို့သော် ပြတင်းပေါက်နား ဒုတိယစားပွဲတွင် ထိုင်နေသောအမျိုးသမီးတစ်ဦးမှာ လူအများကြားတွင် ပို၍ထင်ရှားနေလေသည်။
ယနေ့ သူမသည် ပန်းရောင်တောက်တောက် လက်ပြတ်ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး လက်မောင်းများက အနည်းငယ် ပေါ်လွင်နေသည်။
ခေါက်ချိုးညီ ခြေထောက်များသည် မည်သည့်အလှဆင်မှု မပါဘဲ သဘာဝကျကျ လှပနေ၏။၊ သူမ၏ အသားအရေမှာ အနီရောင်ဖျော့ဖျော့ သန်းနေသဖြင့် ပန်းရောင်ဂါဝန်နှင့်ဆန့်ကျင်ဘက်ဖြစ်ကာ ထင်ရှားနေသည်။
“မစ္စတာလင်း၊ ရှင့်ရဲ့ ဝါသနာက ဘာလဲ"အမျိုးသမီးက သူမ၏ ရွှန်းလဲ့နေသော မျက်ဝန်းများနှင့် လင်းဟုန်ကို စိုက်ကြည့်နေသည်။
မှန်ပေသည်။ သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ လင်းဟုန်ပင် ဖြစ်သည်။စုမူ ပြောခဲ့သည့်အတိုင်းပင် ယနေ့ လင်းဟုန်က blind date လုပ်ရန်ရောက်လာခြင်းဖြစ်ပြီး၊ ထိုသို့လုပ်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။
ဤချိန်းတွေ့မှုကို သူ၏အမေ ကိုယ်တိုင် စီစဉ်ပေးထားခြင်းဖြစ်သည်။ မလာမိခဲ့ပါက သူ့အမေ၏ ဆူပူကြိမ်းမောင်းမှုကို ရင်ဆိုင်ရမည်မှန်း လင်းဟုန်က ကောင်းကောင်းသိနေသည်။
အမြတ်နှင့် အရှုံးကို ချိန်ဆပြီးနောက် နောက်ဆုံးတော့ လင်းဟုန်က နာခံမှုရှိရှိ ဤသို့ ရောက်လာခဲ့သည်။
“ကျွန်တော့်ရဲ့ ဝါသနာကတော့ အတော်များပါတယ်။ ပြင်းထန်တဲ့အားကစားနည်းတွေကို ကြိုက်တယ်။ ပြီးတော့အရသာရှိတဲ့ အစားအစာတွေကိုလည်း ကြိုက်ပါတယ်”လင်းဟုန်က ရှပ်အင်္ကျီကြယ်သီးတစ်ခုကို ဖြုတ်လိုက်ပြီး သူ့အမူအရာက အခုမှပို၍ နေသာထိုင်သာရှိသွားသကဲ့သို့ ထင်ရသည်။
“အရသာရှိတဲ့ အစားအစာတွေကို ကြိုက်တယ်ဆိုတော့ ရှင် ဘယ်လိုနေရာတွေမှာ စားလေ့ရှိလဲ။ ဘယ်လိုအစားအစာမျိုးတွေကို ပိုပြီး စားလေ့ရှိလဲ”
အမျိုးသမီးက လှည့်ပတ်မပြောဘဲ တိုက်ရိုက် မေးလိုက်သည်။
အမှန်တော့ ဤချိန်းတွေ့မှုကို လာရန် အမျိုးသမီးလည်း တွန့်ဆုတ်နေခဲ့သည်။ လင်းဟုန်သည် အမျိုးသမီးများကြားတွင် နာမည်ကြီး ပလေးဘွိုင်းတစ်ယောက်ဖြစ်ကြောင်း သိနေပြီးသား ဖြစ်သည်။ ဤနေရာတွင် ထိုင်နေရခြင်းမှာ ယဉ်ကျေးမှုအရသာ ဖြစ်သည်။
ငါးမိနစ်ခန့်အကြာတွင် သူမက “အိမ်သာသွားရန်” ဆိုသည့် အကြောင်းပြချက်နှင့် ထိုင်ခုံမှ ထထွက်သွားကာ ဖုန်းဆက်လိုက်သည်။
ဖုန်းထဲမှနေ၍ စကားပြောသံများ ထွက်ပေါ်လာသည်“ရှောင်ဒင်း စုံစမ်းတာ ဘယ်လိုနေလဲ”
အမျိုးသမီး၏အသံက ပို၍ ပြေပြစ်ကာ နူးညံ့နေပြီး နားထောင်ကောင်းနေသည်။
“သူက ဇိမ်ခံကားတွေကို ကြိုက်တာ သေချာတယ်။ ပြီးတော့ လွန်ခဲ့တဲ့သုံးရက်အတွင်း အရင်ရည်းစားနဲ့ ဒါမှမဟုတ် သူ့ရည်းစားလို့တောင် မခေါ်နိုင်တဲ့ကောင်မလေးနဲ့ ကွဲထားတာ မကြာသေးဘူး” ဖုန်း၏တစ်ဖက်မှ အသံက ယောက်ျားလား မိန်းမလား ခွဲခြားရန် ခက်ခဲနေသည်။
“ဆိုတော့ သူက နောက်ထပ် ပလေးဘွိုင်းတစ်ယောက်ပဲပေါ့”အမျိုးသမီးက မြန်မြန်ဆန်ဆန် နိဂုံးချုပ်လိုက်သည်။
“ဟုတ်တယ်။ သတိထားဦး”ထိုသူက အတိုချုံ့ညွှန်ကြားလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်မ သူ့ကို လက်ခံမှာ မဟုတ်ပါဘူး”
အမျိုးသမီးက တည်ငြိမ်သော လေသံနှင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”ဖုန်းခေါ်ဆိုမှုက ထိုနေရာမှာပဲ ပြီးဆုံးသွားသည်။
“ပလေးဘွိုင်းနဲ့ပဲ ထပ်တွေ့ပြန်ပြီ”အမျိုးသမီးက သက်ပြင်းချကာ ထိုင်ခုံဆီကို ပြန်လျှောက်သွားပြီး စကားဝိုင်းကို နောက်တစ်ကြိမ် စတင်လိုက်သည်။
ခဏလောက် သေချာစဉ်းစားပြီးနောက် လင်းဟုန်က“ဒီနေ့လည်စာကတော့ အသားဖက်ထုပ်၊ ကြက်ဥထမင်းကြော် နဲ့ ပုစွန်ဟင်းတွေနဲ့ စားခဲ့တယ်။ ပြီးတော့ ညစာစားဖို့ ဒီကို လာခဲ့တာပဲ”လို့ ပြောလိုက်သည်။
“ဒီဟင်းလျာတွေက အရမ်းမရှုပ်ထွေးဘူးနော်။ မစ္စတာလင်းက အလုပ် တော်တော်များတဲ့ပုံပဲ”အမျိုးသမီးက ပြုံးရွှင်စွာ ပြောရင်း သူမ၏ဆံပင်ကို လက်ဖြင့် အသာပွတ်သပ်လိုက်သည်။
“သိပ်မများပါဘူး။ ဒီနေ့ဆို ကျွန်တော့်ကုမ္ပဏီမှာ အလုပ် နည်းနည်းပဲ ရှိတာ”လင်းဟုန်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
“ဒါဆို မစ္စတာလင်း၊ ပုံမှန်အချိန်တွေမှာ ဘာစားလေ့ရှိလဲ”အမျိုးသမီးက ဆက်လက် မေးလိုက်သည်။
“ဒီနေ့လိုပဲပါ။ ဒါပေမယ့် ကျွန်တော်က အမဲသားကို
တော့အရမ်းကြိုက်တာ”လင်းဟုန်က ပုခုံးကိုအနည်းငယ် တွန့်ပြရင်း ပြောလိုက်သည်။သူမ၏ မေးခွန်းများအပေါ်ဂရုစိုက်ဟန်မပေါ်ပေ။
“ဒါဆို ကိုဘီအမဲသား၊ မဆုဆာကာအမဲသား၊ ဒါမှမဟုတ် အိုမီအမဲသား ဘယ်အမဲသားကိုကြိုက်လဲ”
အမျိုးသမီးက မေးလိုက်သည်။ သူမ ပြောသည့် အမဲသားများက အရည်အသွေးမြင့် အမဲသားများပင်။
“မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဖောက်ထွင်းမြင်ရတဲ့ အမဲသားလွှာတွေကို ပိုပြီး ကြိုက်တယ်”လင်းဟုန်က ခေါင်းခါလိုက်သည်။
ယွမ်ကျိုး၏စားသောက်ဆိုင်မှ ကျွေးသော ဖောက်ထွင်းမြင်ရသည့် အမဲသားလွှာများကို တွေးမိသွား၍ မသိမသာ တံတွေးပင် မြိုချလိုက်မိသည်။
“မစ္စတာလင်း၊ ဒီလိုဟင်းတွေကို နေ့တိုင်းစားတာလား”အမျိုးသမီးက အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမ အများကြီးမပြောလိုက်ပါ။ သူမ၏ အတွင်းစိတ်ထဲတွင် မသိမသာ လှောင်ပြောင်နေခဲ့သည်။
ဖောက်ထွင်းမြင်ရသော အမဲသားလွှာဆိုသည်မှာ ရေခဲရိုက်ထားသောဟင်းလျာတစ်မျိုးသာ ဖြစ်ပြီး ဈေးလည်း မကြီးပါ။ အသုံးပြုထားသော အမဲသား၏ အရည်အသွေးကလည်း ထူးထူးခြားခြား မရှိနိုင်ဟု သူမက ထင်နေလေသည်။
“ဒီပလေးဘွိုင်းက အတော်လေး သနားစရာကောင်းတဲ့ပုံပဲ။ အံ့သြစရာကောင်းလောက်အောင် ရိုးရိုးဟင်းတွေပဲ စားနေရတယ်။ ရှောင်ဒင်း ပေးထားတဲ့ အချက်အလက်တွေမှာ အမှားတော့မပါလောက်ပါဘူး” အမျိုးသမီးက မျက်နှာအမူအရာမပြောင်းဘဲ အတွင်းစိတ်နှင့် စဉ်းစားလိုက်သည်။
“ဟင်းတွေက ကောင်းပါတယ်။ တစ်ခါတစ်လေ အရမ်းအလုပ်များနေရင် သွားတောင် မစားနိုင်ဘူး။ ဟင်းရည်နဲ့ ခေါက်ဆွဲပြုတ်အချို တစ်ပန်းကန်လောက် စားရရုံနဲ့တင် ကျေနပ်ပြီ” ဟုလင်းဟုန်က မျက်ခုံးအနည်းငယ် ပင့်ရင်းပြောလိုက်သည်။
ခဏလောက် ငြိမ်သက်သွားပြီးနောက် လင်းဟုန်က ထပ်ပြီး ပြောလာသည်။
“တစ်ခါတစ်လေဆို လက်ဖက်ကြက်ဥတစ်လုံးနဲ့ ဖရဲသီးဖျော်ရည်တစ်ခွက်လောက်ပဲစားဖြစ်တာ”
အမှန်တော့ ဖရဲသီးဖျော်ရည်နှင့် လက်ဖက်ကြက်ဥများကို ယွမ်ကျိုး၏စားသောက်ဆိုင်တွင်သာအကန့်အသတ်နှင့် ရရှိနိုင်ခြင်းဖြစ်သည်။ ချမ်းသာသည့်လူများပင် မစားနိုင်သော အရာများဖြစ်၏။
အမျိုးသမီးက လင်းဟုန်ကို အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ လင်းဟုန် လိမ်ညာနေပုံ မပေါ်ကြောင်း သေချာသွားပြီးနောက်
“မစ္စတာလင်း၊ ရှင်က တကယ်ကို ခြိုးခြံချွေတာတဲ့ပုံစံနဲ့ဘဝကို ဖြတ်သန်းနေတာပဲ”လို့ ပြောလိုက်သည်။
ရိုးသားစွာပြောရလျှင် သူမ ခရီးထွက်သည့်အချိန်တိုင်း ပြင်သစ်ဟင်းလျာများကိုသာ စားလေ့ရှိသူဖြစ်သည်။ လင်းဟုန်က သူမထက် ပိုချမ်းသာသော်လည်း ထိုမျှ ရိုးရှင်းစွာ စားသောက်နေမည်ဟု မထင်ခဲ့ပေ။ ပိုဆိုးသည်မှာ ဖရဲသီးဖျော်ရည်တစ်ခွက်နှင့် လက်ဖက်ကြက်ဥတစ်လုံးစားရသည်ကိုပင် ကျေနပ်နေသေးသည်မဟုတ်ပါလော။
အမျိုးသမီးများက လက်ဖက်ကြက်ဥစားရသည်ကို ရှက်စရာဟုသတ်မှတ်ကြောင်း လူတိုင်းသိကြပြီးသား ဖြစ်သည်။
“ရှင်လို ချမ်းသာတဲ့ အခြေအနေမှာတောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တဲ့သူကို ကျွန်မ မတွေ့ဖူးဘူး”
အမျိုးသမီးက လင်းဟုန်ကို ချွေတာသုံးစွဲသူလို့ မဖော်ပြဘဲ “ထိန်းသိမ််းနိုင်တယ်” ဆိုသည့် စကားလုံးကို သုံးခဲ့တယ်။ သူမ၏လေသံထဲတွင် အားကျသည့်သဘောပင် အနည်းငယ် ပါဝင်နေသကဲ့သို့ပင်။ မည်သို့ပင်ဆိုစေကာမူ သူမကိုယ်တိုင်လည်း ထိုသို့ လုပ်ရန် သတ္တိမရှိသည်ကို သိနေ၏။
“ရပါတယ်… အဆင်ပြေပါတယ်”လင်းဟုန်က အစပိုင်းတွင် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်သည်။
တခြားသူများ သူ့ကို အထင်သေးကြသော်လည်း လင်းဟုန်ကတော့ ရှင်းပြရန် မရည်ရွယ်ခဲ့ပေ။ ထိုအစား သူ၏ ပုံမှန်အကျင့်အတိုင်း ကြက်သွန်ဖြူထည့်၍စားသော ဟင်းရည်နှင့်ခေါက်ဆွဲအလွတ်အကြောင်းကိုသာ ပြောလိုက်ပြီး ကြက်သွန်ဖြူမပါရင် ဘယ်တော့မှ မစားနိုင်ဘူးဆိုသည့် အချက်ကိုပါ ဖော်ပြလိုက်သည်။
ထို့ကြောင့် အမျိုးသမီးက စိတ်ထဲမှာ မထင်မှတ်ဘဲ ရေရွတ်မိသည်။“ဒီလူ… ဒေဝါလီခံရမယ့်သူတော့ မဟုတ်ဘူး မလား”
တကယ်တော့ နောက်ဆုံးမှာ သူမက ထိုအတွေးဖြင့် သံသယဝင်မိခဲ့သည်။ လင်းဟုန်ကတော့ သူ မရယ်မိအောင်
ထိန်းထားရန် ကြိုးစားခဲ့သော်လည်း အမျိုးသမီး ထွက်သွားပြီးနောက် မထိန်းနိုင်တော့ပေ။
“ဟား....ဟား.....ဟား......"ဟု မထိန်းနိုင်ဘဲ အော်ရယ်လိုက်မိသည်။
“တခြားသူတွေ ငါ့ကို ချွေတာတတ်ပြီး လုံ့လဝီရိယရှိတဲ့သူလို့ ပြောကြတာ ဒါပထမဆုံးအကြိမ်ပဲ။ တကယ်ကို မကြုံစဖူး စိတ်ဝင်စားစရာပဲ။ အခုတော့ ငါလည်း ချွေတာတတ်သူ တစ်ယောက် ဖြစ်သွားပြီထင်တယ်”
နောက်တစ်နေ့ ညနေခင်း…
ညနေခင်းရောက်တော့ လင်းဟုန်က စုမူ၏အရက်ကို သောက်ရင်း ယွမ်ကျိုး၏စားသောက်ဆိုင်ကို ဝင်လာခဲ့သည်။
“သူဌေးယွမ်၊ ကျွန်တော် ဇာတ်လမ်းတစ်ပုဒ် ပြောမယ်ဆိုတာ သိလို့ လာနားထောင်တာလား”လင်းဟုန်က ပြုံးရင်း လှောင်ပြောင်သကဲ့သို့ မေးလိုက်သည်။
“မဟုတ်ဘူး”ယွမ်ကျိုးက ခေါင်းကို တည်ငြိမ်စွာ ခါလိုက်သည်။
“တကယ်လား… ဒါဆို ဘာအတွက်လဲ”လင်းဟုန် က စပ်စုစွာ ဆက်မေးလိုက်သည်။
“ဒီနေ့ ဟင်းပွဲအသစ်တစ်ခု လုပ်မလို့။တစ်ယောက်ယောက်ကများ စိတ်ဝင်စားလားဆိုတာ ကြည့်ဖို့ လာတာပဲ”ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးနှင့် ပြန်ဖြေလိုက်သည်။
“ဟေ့… ဒီလောက် ကြီးကျယ်တဲ့ အကြောင်းအရာကို ဒီမှာ တစ်နေ့ကုန်နေတဲ့ ငါ့ကိုကျမပြောပြဘူး။ တပည့်ယွမ်၊ မင်း ငါ့ကို တကယ်ရော အလေးအနက်ထားရဲ့လား” ဝူဟိုင်းက ယွမ်ကျိုးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ဒါဆိုရင်… တပည့်ဝူ၊ မင်းက ငါ့ကို ဆရာလို့ မခေါ်သေးဘူးဆိုတာရော ထည့်မတွက်ဘူးလား”ယွမ်ကျိုးက တွန့်ဆုတ်မှုမရှိဘဲ ပြန်ပြောလိုက်သည်။
“မဟုတ်သေးပါဘူး မင်းက ငါ့တပည့်မှ မဟုတ်တာ”
ယွမ်ကျိုး၏မျက်နှာပေါ်တွင် အထင်သေးသည့် အမူအရာတစ်ခု ပေါ်လွင်နေသည်။
“ဘာလဲ။ ဒီလောက် နာမည်ကြီး လူငယ်အနုပညာရှင်ကို မင်းရဲ့ တပည့်အဖြစ် လက်ခံထားတာကို မင်းနစ်နာတယ်လို့ ခံစားနေတာလား”ဝူဟိုင်းက ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။
“မင်းပြောတာမှန်တယ်”ယွမ်ကျိုးက သူပြောသည်ကို ဂရုမစိုက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ဒေါသတွေကို မထိန်းနိုင်တော့ဘူးကွာ”ဝူဟိုင်းက ချက်ချင်း ထရပ်ကာ ယွမ်ကျိုးကို အနိုင်ယူရန် ကြံစည် လိုက်သည်။
“မျက်နှာနဲ့ လက်တွေကို မထိနဲ့နော်”လင်းဟုန်က ထပ်မံ သတိပေးလိုက်သည်။
"ဟင်းအသစ် ချက်ပြီးမှ လုပ်ရင်ကော ဘယ်လိုလဲ”ဖန်ဟွမ်က ဝူဟိုင်းကို တားနေဟန်ဖြင့် အကြံပေးလိုက်သည်။
“မင်း ငါ့ကို မနိုင်ပါဘူး။ ငါ့မှာ six packs ရှိတယ်”
ယွမ်ကျိုးက နောက်သို့လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ဟိုး… ဟိုး…”ဝူဟိုင်းက ယွမ်ကျိုး၏သန်မာသည်ဟု မထင်ရသောခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
“ဒီနေ့ ဟင်းလျာအသစ်က ငရုတ်သီးဆီကြော် ပဲ”
ယွမ်ကျိုးက စကားလမ်းကြောင်းပြောင်း ပြောလိုက်သည်။
“နာမည်ကတော့အလန်းစားပဲ ဘယ်လိုဟင်းမျိုးလဲ ”
စုမူက မျက်လုံးထောင့်ကို ပွတ်သပ်ရင်း မေးလိုက်သည်။
“မင်းဒါတောင် မသိဘူးလား။ ငရုတ်သီးဆိုတာနဲ့တင်လုံလောက်နေပြီ။ ငါတို့အတွက် တစ်ပွဲ ယူလာပေးပါဦး”ဝူဟိုင်းက ငရုတ်သီးဟု ကြားသွားသည်နှင့် အရင်က ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“နောက်ပြီး ငါတို့အတွက်လည်း တစ်ပွဲပေးပါ”ဖန်ဟွမ်က နောက်ကျကျန်နေမည့်အမျိုးအစား မဟုတ်ပေ။
“ကျွန်တော်တို့အတွက်လည်း တစ်ပွဲပါနော်”နောက်ဆုံးစားပွဲမှ ဖောက်သည်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။
“ကောင်းပြီ။ ခဏလေး စောင့်ပါ”ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
“ရှန်မင် ငရုတ်သီးဆီကြော် သုံးပွဲ ယူလာခဲ့”ယွမ်ကျိုးက စားပွဲခုံများကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ကောင်းပါပြီ၊ သူဌေး”ရှန်မင်က ခေါင်းညိတ်ပြီး မီးဖိုဘက်ကို အမြန်ဝင်သွားသည်။
မျှော်လင့်ထားသကဲ့သို့ပင် ဟင်းများကို အထဲတွင်သပ်သပ်ရပ်ရပ် စီစဉ်ထားပြီးသား ဖြစ်နေသည်။ရှန်မင်းက ပန်းကန်များကို ဗန်းထဲသို့ ဂရုတစိုက် ထည့်ကာ သယ်ယူလာခဲ့သည်။
“ဟင်းတွေက တကယ်ကို လှတယ်နော်”ကျန်းချန်ရှီးက ကြည့်ရင်း ကျေနပ်အားရစွာ ပြောလိုက်သည်။
“ဟုတ်တယ်”စုမူလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ယွမ်ကျိုး အသုံးပြုသော ပန်းကန်တွေက အမြဲတမ်းလိုလို ကြည့်ကောင်းနေသည်။
အကျဉ်းချုပ်ပြောရရင် ပန်းကန်ငယ်ဟာ အနားသတ်များ ကွေးကောက်နေပြီး အစိမ်းရောင်ဖြစ်သည်။အစွန်းမှာ အစိမ်းရောင်အရင့်ဆုံး ဖြစ်ပြီး အလယ်ဘက်သို့ သွားလေ ဖျော့သွားလေဖြစ်သည်။ ပန်းကန်အလယ်တွင် တောက်ပနေသော အနီရောင်ငရုတ်သီးများ တင်ထားပြီး အရောင်ပေါင်းစပ်မှုက သဟဇာတဖြစ်ကာ မျက်စိပသာဒ ဖြစ်စေသည်။
“အရင်က စည်းမျဉ်းအတိုင်းပဲ။ငွေအရင်ပေးချေပါ”
ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ သိပါတယ်။ မင်းက တကယ်ကို သံလိုက်အိမ်မြှောင်ပဲ"ဖန်ဟမ်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့ဖုန်းကို ထုတ်ကာ ဘဏ်မှငွေလွှဲရန် စတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
ငွေအားလုံး လက်ခံရရှိပြီးနောက် ယွမ်ကျိုးက ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
အပိုင်း (၃၉၇)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၃၉၈)
"ရပါတယ်။ ဟင်းတွေ ကျွန်တော့်ကို ပေးလိုက်ပါ" ဖန်းဟွမ်က ရှန်မင်ဆီမှဗန်းကို ပြုံးပြီး လက်ညှိုးထိုးပြလိုက်သည်။
"ရှန်မင်၊ အခု ဟင်းတွေကို ချပေးလိုက်တော့" ယွမ်ကျိုးက ခေါင်းလှည့်ပြီး ရှန်မင်ကို ပြောလိုက်သည်။
"ကောင်းပြီ၊ သူဌေး" ရှန်မင်က ယဉ်ကျေးစွာ ခေါင်း ညိတ်ပြလိုက်သည်။
ရှန်မင်က စားပွဲများဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး ဆီကြော်ငရုတ်သီးဟင်းအသစ်ကို စားပွဲတစ်ခုချင်းစီပေါ်တွင် အလှည့်ကျ တင်လိုက်သည်။
"သူ့ပုံစံက အတော်လေး ထူးခြားတာပဲ" ဖန်းဟွမ်က လက်ထဲရှိ ပန်းကန်ကို လှည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ဘာ။ မင်းရဲ့ဟင်းကို ဖန်တီးတဲ့အခါ ဒါကို ဥပမာအနေနဲ့ ထပ်သုံးဦးမလို့လား" လင်းဟုန်က ခေါင်းလှည့်ပြီး
ဖန်းဟွမ်ကို သရော်သလို ပြောလိုက်သည်။
"မဟုတ်ဘူး၊ ဖြစ်လာမှာမဟုတ်ဘူး။ ငါ သင်ယူနေတုန်းပဲ" ဖန်းဟွမ်က ရှက်ရွံ့မှု လုံးဝ မခံစားဘဲ ပြောလိုက်သည်။
"အထူးသဖြင့် သူဌေးယွမ်က အရက်ပြင်းတွေ မချပေးတဲ့အခါ ဝိုင်ကိုပဲ အာရုံစိုက်သင့်တယ်"လင်းဟုန်၏ စကားများကအမှန်ဟု မထင်ရသော် အမှန်တကယ်တော့ ကျိုးကြောင်းဆီလျော်နေသည်။
ဖန်းဟွမ်က ဤတွင်ရှိသော အရက်ကို စိတ်မ၀င်စားသည့်အတွက် သူ့ကိုယ်ပိုင် ဘားမှ ဝိုင်ကို ပိုမိုကောင်းအောင် လုပ်နေခဲ့သည်။
ဝိုင်တစ်ခွက်၏ အရသာကို အချိန်တိုအတွင်း ပိုမိုကောင်းမွန်အောင် လုပ်ရန်မှာ လက်တွေ့မကျပေ။ သို့သော်လည်း ဖန်းဟွမ်က ထက်မြက်သူတစ်ယောက်ဖြစ်၏။ သူသည် ယွမ်ကျိုးကဲ့သို့ ရိုးသားဖြောင့်မတ်ပြီး အလုပ်သမားများကို ချောမောလှပသော မိန်းကလေးများနှင့် အစားထိုးရန် သင်ယူနိုင်ခဲ့သည်။
ထို့အပြင် ၎င်းတို့သည် မွှေးရနံ့များ လိမ်းခွင့်မရှိသလို ဝိုင်ကို တစ်ယောက်တည်းသာ ကိုင်တွယ်စေသည်။
လင်းဟုန်၏ အဆိုအရ ဖန်းဟွမ်သည် ယွမ်ကျိုးထံမှ ပန်းကန်ပြင်ဆင်ပုံကိုလည်း လေ့လာသင့်ပြီး အသင့်စားဟင်းလျာများကို ပိုမိုအာရုံစိုက်သင့်သည်။
သို့သော် အရသာကတော့ ယွမ်ကျိုး၏ အရက်လောက် မကောင်းသေးပေ။ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ ဟင်းလျာများ ပို၍ အရသာရှိပုံပေါ်လာသည်။ ဖန်းဟွမ်၏ တိုးတက်မှုကြောင့် သူ၏ ပုံမှန်ဖောက်သည်များထံမှ ချီးကျူးဂုဏ်ပြုမှုများစွာကိုလည်း ရရှိခဲ့သည်။
လင်းဟုန် ပြောသည်ကို ဖန်းဟွမ်က သဘာဝအတိုင်း နားလည်ပေသည်။ သူ၏ ဖန်းမိသားစုက ဝိုင်ကို အဓိကထားရောင်းချပြီး အသင့်ဟင်းလျာများမှာ အရန်ပစ္စည်းတစ်ခုသာ ဖြစ်သည်။ သူသည် ထိုအရာကို နားလည်ထားပြီးဖြစ်သော်လည်း လင်းဟုန်၏ စကားနားထိုးသော အပြုအမူကို သူဂရုမစိုက်ပါ။ ဖိအားရှိမှသာ တိုးတက်မှု ရှိမည်မဟုတ်ပါလော။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်" ဖန်းဟွမ်က ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
"အမ် မင်းသိတယ်ဆို ဝမ်းသာပါတယ်" လင်းဟုန်က ထိုသို့ ပြောရင်း ကိုယ်ဟန်အနေအထား ထိန်းလိုက်သည်။
"မင်း ဘာလို့ အဲ့လောက် ရှက်နေရတာလဲ" ဝူဟိုင်းက လင်းဟုန်ကို စလိုက်သည်။
"မင်းလို အနုပညာရှင်တစ်ယောက်က ကုမ္ပဏီတစ်ခုကို ဘယ်လိုလည်ပတ်ရမလဲဆိုတာ လုံးဝမသိပါဘူး" လင်းဟုန်က တိုက်ရိုက် ပြန်ပြောလိုက်သည်။
"ငါ ဒါကို သိစရာမလိုဘူး" ဝူဟိုင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လူအတော်များများ အပြင်းအထန်ပြောဆိုနေကြစဉ်မှာပဲ ကျန်းချန်ရှီးက စုမူနှင့်အတူ ဟင်းအသစ်ကို စားနေသည်။ အရက်သမားက မြေပဲကို မည်သည့်အခါမှ ပစ်ပယ်၍မရပေ။
"အနီးကပ်ကြည့်ရင် ကြာပန်းလိုပဲ" ကျန်းချန်ရှီက ဖုန်းထုတ်ပြီး ဟင်းအသစ်ကို ဓာတ်ပုံရိုက်လိုက်သည်။
"ဟုတ်တယ် ဒါက ကြာရွက်ဖြစ်ပြီး ငရုတ်သီးနီက ကြာပွင့်ချပ်တွေလိုပဲ" စုမူက သူ့ လက်ချောင်းများကို ဆန့်ထုတ်ပြီး ပန်းကန်ကို လက်ညှိုးထိုး ပြောလိုက်သည်။
"ဟုတ်တယ်၊ အခုပဲ ညီမ စားကြည့်တော့မယ်" ကျန်းချန်ရှီးက တူကို ကောက်ယူပြီး စားလိုက်သည်။
"အရမ်းစပ်တယ်၊ သတိထား" စုမူက ဂရုစိုက်စွာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး" ကျန်းချန်ရှီးသည် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။
ငရုတ်သီးဆီကြော် သူမ၏ ပါးစပ်ထဲ ဝင်သွားသည်နှင့် မုန့်ညက်ထဲရှိ ငရုတ်သီးများက ချက်ချင်း နူးညံ့သွားပြီး အညိုရောင်နှင့် ကြွပ်ရွသော အနားစပ်များ ပေါ်လာသည်။ ကျန်းချန်ရှီးက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ကိုက်လိုက်သည်။
"ကလွပ်" ဆိုသော ပေါ့ပါးအသံနှင့်အတူ ငရုတ်သီးကို နှစ်ပိုင်းကိုက်လိုက်သည်။ မြေပဲမှုန့်၊ ငရုတ်ကောင်းနှင့် ကြော်ထားသော ဆီ၏ရနံ့က သူမ၏ပါးစပ်ထဲ တည့်တည့်ဝင်လာပြီး အလွန်စပ်သော အရသာကို ခံစားရစေသည်။
"ဟူး… ဘယ်လောက် စပ်လိုက်လဲ" ကျန်းချန်ရှီးက ညင်သာစွာ ပြောလိုက်သည်။ သို့သော် ပါးစပ်က မရပ်သေး၊ အဆက်မပြတ် စားနေဆဲ ဖြစ်သည်။
"ဝါးလေ မွှေးလေပဲ" ကျန်းချန်ရှီက ငရုတ်သီးကို ဝါးပြီး ဂရုတစိုက် စားလိုက်သည်။
"ဘယ်လိုနေလဲ၊ စပ်လား" စုမူက အလျင်စလို မေးလိုက်သည်။
"တော်တော်ကောင်းတယ်။ အရသာ စပ်ပေမယ့် တကယ်တော့ စပ်ရုံတင်မကဘူး၊ မွှေးလည်း မွှေးတယ်။ ငရုတ်ကောင်းက လျှာကို လှုံ့ဆော်ပေးပြီး ထုံသွားလို့ သိပ်မစပ်ဘူး။ အရေးကြီးဆုံးကတော့ အရမ်းမွှေးတာပဲ" ကျန်းချန်ရှီ ပြောပြီးနောက် ဝိုင်နောက်ထပ်တစ်ခွက်ကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်ရန် မစောင့်နိုင်တော့ပါ။
"စပ်တဲ့ဟင်းတွေစားရတာကို အဲ့လောက် ပျော်နေရလား၊ ဝက်ခြံ ထွက်လာဦးမယ် သတိထားဦး" စုမူက သူမကို တစ်ချက်စလိုက်သည်။
"ဒါဆို မင်း မစားနဲ့တော့။ မင်းရဲ့ ချောမွတ်နေတဲ့ မျက်နှာလေးကို ကြည့်ပါဦး။ မင်းက အဲ့မျက်နှာလေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ရဦးမှာမလား" ကျန်းချန်ရှီးက ချက်ချင်း ဟာသဉာဏ်နှင့် ပြောလိုက်သည်။
"မဟုတ်ဘူး။ ငါလည်းစပ်တာတွေကို အရမ်းစားနိုင်တယ်။ ဝက်ခြံပေါက်နေရင်တောင် ငါ့ရဲ့ အလှအပကို မထိခိုက်ဘူး၊ ငါ့မှာ ငါ့အရည်အချင်းတွေ ရှိနေသေးတယ်" စုမူ မျက်ခုံးပင့်ပြီး တန်ပြန် ပြောလိုက်သည်။
လူတိုင်း နီးပါး ငရုတ်သီးဆီကြော်ကို စားပြီးကြပြီဆိုသည်ကို တွေ့တော့မှ ယွမ်ကျိုး တစ်ခုခု ပြောလိုက်သည်။
"အရက်ပြင်းသောက်ချင်တဲ့သူ အခုသောက်လို့ရပြီ" ယွမ်ကျိုးက စားပွဲပေါ်ရှိ အရက်ကိုကြည့်ရင်း ဖောက်သည်များကို အချက်ပြလိုက်သည်။
"အိုး ဒီလိုလည်းရတာပဲလား " လင်းဟုန်၏ မျက်လုံးထဲတွင် တောက်ပသွားပြီး အရင်ဆုံး အရသာခံလိုက်သည်။
"ဟူးးးး…" အရသာ မပြင်းမှာစိုး၍ အရက် တစ်ဝက်ကို တစ်ချက်တည်း သောက်လိုက်သည်။ ချက်ချင်းပဲ သူ၏မျက်နှာ နီရဲသွားပြီး မျက်ခုံးများ ကျုံ့သွားသည်။
"ပါးစပ် မဟနဲ့၊ မျိုချလိုက်" ယွမ်ကျိုးက ချက်ချင်းပြောလိုက်သည်။
"ဂလု" လင်းဟုန်က သူ၏ညွှန်ကြားချက်ကို လိုက်နာပြီး တကယ် မျိုချလိုက်သည်။ခဏအကြာတော့ လင်းဟုန်က အသက်ရှူထုတ်လိုက်သည်။
"ဟူး… အရမ်းမိုက်တာပဲ! စပ်တဲ့အရသာက ငါ့လည်ချောင်းထဲ ရောက်သွားတယ်၊ ပြီးတော့ အဆုတ်ထဲရောက်သွားတယ်၊ နောက်ဆုံးမှာ ငါ့နှလုံးသားလေးဆီကိုရောက်သွားတယ်" လင်းဟုန်က ပြောပြီး ယွမ်ကျိုးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ပြင်းလား" စုမူက သစ်သီးဖျော်ရည်လိုအရက်ကို ကြည့်ပြီး ၎င်း၏ ချိုမြိန်သော အရသာကို တွေးမိကာအနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"အရသာကို စမ်းကြည့်မှ သိလိမ့်မယ်" လင်းဟုန်က နှစ်ခါဆက်တိုက် အသက်ကို ပြင်းပြင်းရှူပြီးနောက် စုမူကို ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ… ရုတ်တရက် အရက်ပြင်းဖြစ်သွားတာလား" ဖန်းဟွမ်က ဝိုင်ခွက်ကို စိတ်ဝင်စားစွာ ကိုင်လိုက်သည်။
"အရက်ပြင်းသောက်တတ်တဲ့သူတိုင်း စမ်းကြည့်လို့ရတယ်" ယွမ်ကျိုး၏မျက်နှာတွင် သေချာနေသောအမူအရာ မရှိ သူ့ရင်ထဲမှာတွင်တော့ လွန်စွာကျေနပ်နေသည်။
"ကျွန်တော် အခု စမ်းကြည့်မယ်" ဖန်းဟွမ်က အရက်ကို စမ်းကြည့်ရန် ပြင်ဆင်လိုက်သည်။
"မသောက်ခင် ငရုတ်သီးဆီကြော် စားလိုက်ဦး" ယွမ်ကျိုးက ဂရုတစိုက် ပြောလိုက်သည်။
"ကျွန်တော် ဘယ်လောက်ထိစားသင့်လဲ" ဖန်းဟွမ်က စပ်စုပြီး မေးလိုက်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်မှ ပေးထားသော အရက်သမားမြေပဲမှာ စပ်ပြီး အနံ့သင်းသင်းရှိသည်။ သို့ပေမယ့် အရက်နှင့် တွဲသောက်သည့်အခါ ထိုအာနိသင် မျိုးမရှိပေ။ ဒါကြောင့် ဖန်းဟွမ်က စပ်စုပြီး မေးလိုက်ခြင်း ဖြစ်သည်။
"အနည်းဆုံး သုံးပိုင်းလောက်ပေါ့" ယွမ်ကျိုးက အတည်ပြုပြောလိုက်သည်။
ဤနေရာရှိ အဖြစ်အပျက်က သူမ၏ အိမ်စာကို စိတ်ရော ကိုယ်ပါ လုပ်ဆောင်နေသော ရှန်မင်ကိုလည်း ဆွဲဆောင်ခဲ့သည်။
"ဒါဆို ကျွန်တော် သုံးပိုင်းအရင်စားပြီးမှ တဖြည်းဖြည်းတိုးစားမယ်" ဖန်းဟွမ်က ဒီတစ်ခါ တစ်ယောက်တည်းဖြစ်နေသောကြောင့် တခြားသူများနှင့် မျှဝေစရာမလို၍ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
"ကလွပ် ကလွပ်" ဖန်းဟွမ်က ငရုတ်သီးဆီကြော်သုံးပိုင်းကို အကြိမ်ပေါင်းများစွာဝါးကာ မျိုချလိုက်သည်။
ပါးစပ်ထဲတွင် ငရုတ်သီး၏စပ်သော
အရသာ ကျန်မနေသော်လည်း အနံ့က စွဲထင်နေခဲ့သည်။ ဖန်းဟွမ်က အရက်ကို သတိထားပြီး တစ်ငုံချင်းသောက်လိုက်သည်။
မူလက မပြင်းသော အရက်သည် သူ့ပါးစပ်ထဲ ဝင်သည်နှင့် ချက်ချင်း မသိသာသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
ချက်ချင်းပင် စပ်သည့်အရသာက သူ့နှာခေါင်းထဲကို တည့်တည့်ဝင်လာသည်။ ကံကောင်းထောက်မစွာပင် ဖန်းဟွမ်လို အရက်သမားအိုကြီး တစ်ယောက် သည်းခံနိုင်သော အတိုင်းအတာအတွင်း ရှိ
နေသေးသည်။ သို့သော်လည်း စပ်သည့်အရသာကို လျှော့ချရန် မကြိုးစားဘဲ မနေနိုင်။
"ပါးစပ်ပိတ်ထား… မဖွင့်နဲ့" ယွမ်ကျိုး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
ဖန်းဟွမ်က မသိစိတ်အရ ပါးစပ်ပိတ်ပြီး အရက်ကို တိုက်ရိုက် မျိုချလိုက်သည်။သူ့ရင်ထဲကို တည့်တည့်ဝင်သွားသော စပ်သည့်အရသာသည် အငွေ့တထောင်းထောင်းထနေသော ဟင်းရည်ကို မျိုချလိုက်မိသည်နှင့်တူသည်။
ချက်ချင်းပင်အစပ်အရသာက ရုတ်တရက် ပေါ့သွားပြီး အရက်၏နူးညံ့မှုနှင့် ချိုမြိန်မှုက ပေါက်ကွဲထွက်လာသည်။ ခြောက်သွေ့သော သဲကန္တာရထဲ မိုးရွာချလိုက်သကဲ့သို့ပင် ခန္ဓာကိုယ်ပေါ်က ချွေးပေါက်များအားလုံးကို ပွင့်သွားစေသည်။
"အံ့သြစရာပဲ!" ဖန်ဟမ်း အော်လိုက်သည်။
"ဒီအရက်က အရမ်းအထင်ကြီးစရာကောင်းတယ်… အစပိုင်းမှာ ကိုယ်ခံပညာဝတ္ထုထဲက အရမ်းပြင်းတဲ့ အရက်တစ်မျိုးလိုပဲ၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူဌေးယွမ်ရဲ့ ဝါးအရက်လို နူးညံ့ပြီး ချောမွေ့တဲ့ အရသာရှိနေတုန်းပဲ… အံ့သြစရာ အထင်ကြီးစရာပဲ"
ပုံမှန် နူးညံ့သိမ်မွေ့သော စိတ်နေစိတ်ထားရှိသော်လည်း ဖန်ဟမ်းက ရုတ်တရက် ရဲရင့်ပြီး ထိန်းထိန်းသိမ်းသိမ်း မနေနိုင်တော့ပေ။
"ခဏလောက်အချိန်ယူပြီး ပျော်ရွှင်လိုက်ပါ" ယွမ်ကျိုးက သူ့နှုတ်ခမ်းထောင့်မှာ အပြုံးလေး တစ်ခု ပြုံးလိုက်သည်။
ဘေးမှ ၎င်းတို့ပြောနေသည်ကို နားထောင်နေသော တခြားအရက်သမားများလည်း မထိန်းနိုင်ကြတော့ပေ။ သူတို့လည်း ငရုတ်သီးဆီကြော်ကို တကိုက်ပြီးတကိုက် စားကြပြီး တစ်ခါတစ်ရံ အရက်ကို တစ်ငုံပြီးတစ်ငုံ သောက်ကြသည်။
ထို့နောက် အရက်၏ ရနံ့သည် ပျံ့နှံ့သွားပြီး လေထု ပိုမိုမြင့်မားလာသည်။ အရက်နှင့် လိုက်ဖက်သော ဟင်းကောင်းတစ်ခုသည်လည်း အရက်သောက်ရာတွင် အလွန်အရေးကြီးသည်။
အပိုင်း (၃၉၈)
ပြီးပါပြီ။