← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 31 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 31 Ch. 403-404

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၀၃)

လော်စပီကာနှစ်လုံး၏ သတင်းတင်ဆက်မှုကြောင့် အရသာရှိသော ဟင်းလျာများကို စောင့်ဆိုင်းရသည့်အချိန်ပင် တိုတောင်းသွားခဲ့သည်။

ယွမ်ကျိုးသည်လည်း ထိုလူနှစ်ယောက်အား သဘောကျမိသည်။ ‌အကြောင်းမှာ ထိုလူနှစ်ယောက်သည် သတင်းအတော်များများကို သိကြ‌သောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စကားအလွန်ပြောကြသော်လည်း အခြားသူများအား နှောင့်ယှက်ခြင်းမပြုကြပေ။ အခြားသူများကလည်း ၎င်းတို့နှစ်ဦးကို မုန်းတီးခြင်းမရှိကြပေ။

၎င်းတို့၏ နေ့စဉ်နဲ့အမျှ အသစ်ထွက်သောသတင်းများကို ထပ်ခါတလဲလဲ ပြောဆိုနေခြင်းကပင် ထူးခြားသည့်လက္ခဏာတစ်ခုလိုဖြစ်၍နေလေသည်။

မနက် ၉:၃၀။ ကျုံးလီလီ ‌ခေါ် ရှောင်ကျုံးသည် ဒေါက်မြင့်ဖိနပ်ကိုစီးကာ ယွမ်ကျိုး၏ စားသောက်ဆိုင်ရှိရာ လမ်းအတွင်းဝင်ရောက်လာခဲ့သည်။

"ဒေါက်..ဒေါက်..ဒေါက်" ဆိုသည့် ခေါက်မြင့်ဖိနပ်သံ ညီညာစွာထွက်နေသော်လည်း ကျုံးလီလီ၏ ညည်းတွားသံကိုတော့ မဖုံးအုပ်ထားနိုင်‌ပေ။

"အဘိုးကျိုးက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အဘိုးပဲ။ သူက ငါကို အချိန်မှန်ဖို့ပြောတာထားတော့ တစ်မိနစ် နောက်ကျမခံသလို စောလည်းမရောက်စေနဲ့တဲ့။ဘယ်လောက်တောင်အံဩဖို့ကောင်းလိုက်လဲ။ ပြီးတော့ဘာလို့ အဖိုးကဘာအောင်မြင်မှုမှမရှိတဲ့ သူ့ကိုဒီလောက်အလေးပေးရလဲ နားကိုမလည်တော့ဘူး "

သူမ၏အရည်အချင်းရှိ ရင့်ကျက်သောအမူအရာတို့ ပျောက်ကွယ်သွားပြီး သူမရဲ့ လှပသော မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာက အစားထိုးဝင်ရောက်လာတော့သည်။ သူမက မျက်မှောက် ကြုတ်ကာ တစ်ယောက်တည်း တီးတိုးပြောလိုက်မိသည်။

"ဒီစားသောက်ဆိုင်က ကောင်းကောင်းဖုံးကွယ် ထားနိုင်တာပဲ " ကျုံးလီလီက ပတ်ဝန်းကျင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပြန်သည်။

မကြာခင်မှာပဲ သူမ လမ်းနံပါတ်ကို စစ်‌ဆေးလိုက်ပြီးနောက် တံခါးဝမှာ ထိုင်နေသော ယွမ်ကျိုးကို တွေ့လိုက်ရသည်။

"ဟူး...." အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပြီးနောက်၊ သူမ၏ အတွေ့အကြုံရှိ ရင့်ကျက်သော အမူအရာဖြင့် ယွမ်ကျိုးထံသို့ သွက်လတ်စွာ လျှောက်သွားလိုက်သည်။

ပရော်ဖက်ရှင်နယ်ဆန်စွာ ပြုံးလိုက်ပြီးနောက် တိုက်ရိုက်ပင် မေးလိုက်သည်။ "မင်္ဂလာပါဆရာ၊ ဆရာက ယွမ်ကျိုးလားမသိဘူး "

အမှန်တော့ သူမ ယွမ်ကျိုး၏ ဓာတ်ပုံကို မြင်ဖူးသောကြောင့် သူမှန်း‌အ‌သေအချာ သိနေသော်လည်း ထိုသို့မေးလိုက်ခြင်းဖြင့် ယဉ်ကျေးရာရောက်သော ကြောင့်ဖြစ်သည်။

သို့သော်လည်း ယွမ်ကျိုးက သူ၏ပန်းပုကိုသာ စိတ်ဝင်တစား ထုနေလေသည်။

ယွမ်ကျိုးအနေဖြင့် ထိုအချိန်မန်မန် သူ့ထံချဉ်းကပ်လာလျှင်တောင် ယွမ်ကျိုးသည် သူ့အလုပ်ကို အရင်ပြီးအောင်လုပ်ပြီးမှ အခြားတစ်ခုအကြောင်း ပြောလိမ့်မည်ဖြစ်သည်။ ယခုလို သူမသိသော အမျိုးသမီးတစ်ဦးဆိုလျှင် ပို၍တောင် ဂရုမစိုက်နိုင်ပါ။

ဒါ့ကြောင့် ယွမ်ကျိုးလည်း ခေါင်းကိုပင် မော့မကြည့်ဘဲ

လက်များကို လျှင်မြန်စွာလှုပ်ရှားရင်း ပန်းပုသာဆက်ထုနေတော့သည်။

အချိန်အတော်ကြာသည်အထိ ယွမ်ကျိုး မည်သို့မျှမတုံ့ပြန်သည်ကို မြင်ရာ ကျုံးလီလီက မျက်ခုံးများအား ပင့်ပြီး ထပ်မေးလိုက်ပြန်သည်။

ယခုတစ်ခေါက် သူမ၏အသံ ပိုကျယ်လာသော်လည်း ငါးမိနစ်ခန့် ကြာသည်အထိ ယွမ်ကျိုး ပြန်လည်တန်ပြန်‌ပြောဆိုလာခြင်းမရှိပေ။

ဇောင်လီလီဟာ ဤတစ်ကြိမ်တော့ သူမ၏လေသံက အရင်လို နူးနူးညံ့ညံ့မရှိတော့ပေ။သူမ၏ သည်းခံနိုင်စွမ်းကုန်ဆုံးသွား၍ဖြစ်ပေလိမ်မည်။ "ရှင် ယွမ်ကျိုး မဟုတ်လား။ ကျွန်မက ဥက္ကဋ္ဌကျိုးရဲ့ လက်ထောက် ကျုံးလီလီပါ "

ဤတစ်ကြိမ်တော့ သူမ ဥက္ကဋ္ဌကျိုးဟူသောစကားလုံးကို အလေးပေး၍‌ပြောလိုက်သည်။

လုံးဝတိတ်ဆိတ်နေဆဲပင်။

"အို....စိတ်ဝင်စားစရာပဲ" ကျုံးလီလီက စိတ်ထဲတွင် သရော်သလို တွေးလိုက်မိသည်။

အမှန်တော့ သူမ ရောက်သည့်အချိန်ကတည်းက ယွမ်ကျိုး ပန်းပုထုနေသည်ကို တွေ့သော်လည်း သူမ၏ အမြင်တွင် ၎င်းသည် သာမာန်မုံလာဥရုပ်တစ်ရုပ်ထက် မပိုပေ။ သူမ၏အလုပ်ထက် မည်သည်ကပိုအရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် သူမက သူ့ထံ တိုက်ရိုက် လျှောက်သွားကာ ပြောလိုက်ခြင်းဖြစ်သည်။

"ဆရာ ကျေးဇူးပြုပြီး ဆရာ့ရဲ့ ပန်းပုရုပ်ကို ခဏ‌ဘေးဖယ်ထားပြီး နောက်မှ ဆက်လုပ်ပါလား။ ပြင်သစ်ကို သွားမဲ့ကိစ္စကို ဆွေးနွေးဖို့ လိုသေးတယ်လေ" ကျုံးလီလီက အသက်ကို ပြင်းပြင်းရှူပြီး လေသံမာမာ ပြောလိုက်သည်။

ကျုံးလီလီက ဤတစ်ကြိမ်တော့ ယွမ်ကျိုးသေချာပေါက် ပြန်လည်တုံ့ပြန်မည် မှတ်ကာ စိုက်ကြည့်နေသော်လည်း ယွမ်ကျိုးက သူ့လက်ထဲရှိ မုံလာဥက သူမထက် ပို၍ဆွဲဆောင်မှုရှိနေသကဲ့သို့ ခေါင်းငုံ့ထားဆဲပင်။

"ဟေ့ ကောင်မ‌လေး " ဇောင်လီလီ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဒေါသ‌အိုးပေါက်ကွဲတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူမအားလှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

ထို့နောက် သူမသည် မသိစိတ်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ သူဌေးတန်ကို အဝတ်လျှော်ဆိုင်ထဲတွင် တွေ့လိုက်ရသည်။

"ကျမကို ခေါ်နေတာလား" ဟု ကျုံးလီလီ က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။ သူဌေးယွမ် ပန်းပုထု‌နေရရင် ပြီးတဲ့အထိ ဘယ်သူ့နဲ့မှ စကားပြော‌လေ့မရှိဘူး " သူဌေးတန်က ရှင်းပြလိုက်သည်။

ကျုံးလီလီ၏ ပိန်ပိန်ပါးပါး မျက်နှာပေါ်မှာ နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာပြီး...

"ဒါပေမယ့် ကျမသူ့ကို အရမ်းအရေးကြီးတဲ့ ပြောစရာတစ်ခုရှိလို့ပါ " ဇောင်လီလီက မျက်ခုံးများကို ကျစ်ကျစ်ပါအောင် တွန့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် အဲ့သူဌေးယွမ်က အခုမင်းပြောလည်း နားမှထောင်မှာမဟုတ်ဘူး။ မင်းစောင့်မယ်ဆိုရင် ဒီမှာ လာထိုင် စောင့်ပေါ့"

"မလိုတော့ပါဘူး။ ကျေးဇူးတင်ပါတယ်" ကျုံးလီလီက ခေါင်းခါပြီး ငြင်းဆန်လိုက်သည်။

"ရပါတယ် မင်းသူနဲ့စကားပြောချင်တယ်ဆို နည်းနည်းတော့စောင့်ရလိမ့်မယ်ထင်တယ်။ အခု‌လောလော ဆယ်တော့ သူဘယ်သူနဲ့မှ စကားပြောမှာမဟုတ်ဘူး"

"ကောင်းပါပြီ၊ ကျမနားလည်ပါပြီ" ကျုံးလီလီက ယွမ်ကျိုးကို စိုက်ကြည့်လိုက်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။

အမှန်တော့ သူမ၏နှလုံးသားထဲတွင် ယွမ်ကျိုးအပေါ် မကျေနပ်ချက်များက အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်သည်။

ယွမ်ကျိုးအတွက်တော့ သူသည် ထုံးစံအတိုင်း ရုပ်တစ်ရုပ်ပြီးအောင်ထုနေခြင်းသာဖြစ်သည်။ ဤတစ်ကြိမ်တွင် ယွမ်ကျိုးသည် ပင်လယ်ပြင်ရှိအင်မော်တယ် ရှစ်ယောက် ရုပ်သံဇာတ်လမ်းတွဲ မှ မြည်းကို နောက်ပြန်စီးသော အင်မော်တယ် ကျန်းကောလောင်

၏ပုံကို ထုလုပ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။

ပန်းပုပြီးဆုံးခါနီးတွင် မြည်း၏ အမွေးများကိုပင် ရှင်းရှင်းလင်းလင်း မြင်‌နေရပြီး မြည်း မျက်နှာပေါ်ရှိခက်ထန်ရိုင်းစိုင်းသော အမူအရာကိုပင် အသေအချာမြင်တွေ့‌နေရသည်။

အင်မော်တယ် ကျန်းကောလောင်၏ အဝတ်အစားများကိုတော့ ထည့်ပြောစရာမလိုတော့ပေ။ ၎င်းတို့သည် အလွန်အသက်ဝင်လှပြီး နှိုင်းယှဉ်နိုင်စရာမရှိ လောက်အောင် အသက်ဝင်လှသည်။

ထိုအတောအတွင်း၊ ကျုံးလီလီသည် ယွမ်ကျိုး၏ စားသောက်ဆိုင်တံခါးဝတွင် နာရီဝက်ခန့် မတ်တပ်ရပ်ပြီး စောင့်ဆိုင်းခဲ့ရသည်။

ထိုအချိန်အတောအတွင်းမှာပဲ သူမသည် ယွမ်ကျိုးကို ခေါ်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။ ကျိုးရှီကျဲ၏မျက်နှာကြောင့်သာ သည်းခံ၍နေခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် ထိုမုန်လာဥကို ဆွဲလုကာဘေးဖယ်ထားလိုက်မည် ဖြစ်သည်။

‌

တရုတ်စားဖိုမှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ လက်ထောက်တစ် ယောက်အနေဖြင့် ကျုံးလီလီ၏မိသားစုသည် ကျိုးရှီးကျဲနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ ထို‌ကြောင့် နာမည်ကြီးစားဖိုမှူးများပင် သူမကို ထိုသို့ လျစ်လျူရှုဝံ့ခြင်းမရှိပေ။

သို့သော် ယွမ်ကျိုးတစ်ယောက်ကတော့ သူမကိုလျစ်လျူရှုထားလေသည်။ ထို့ကြောင့် သူမ အရမ်းဒေါသထွက်နေခဲ့သည်။

ယွမ်ကျိုး ပန်းပုထုပြီးသည်နှင့် ကျုံးလီလီက ချက်ချင်းထရပ်ပြီး "လေးစားအပ်ပါသော မစ္စတာယွမ်၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ မှတ်ပုံတင်၊ ၂ လက်မဆိုဒ် ရောင်စုံဓာတ်ပုံနဲ့ အိမ်ထောင်စုစာရင်း ပေးပါ။ အဲဒါတွေနဲ့ ရှင့်အတွက် ဗီဇာလျှောက်ပေးရပါလိမ့်မယ်" ဟု ပြောလိုက်သည်။

"အဲ့တာတွေအခုမရှိသေးရင်တော့ ဓာတ်ပုံအရင်ရိုက်လိုက်ပါ။ ဗီဇာလျှောက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်သိမှာလဲ မဟုတ်သလို သိဖို့လည်းမလိုပါဘူး။ ရှင့်အတွက်ကျမလုပ်ပေးပါ့မယ်။"

"လေးစားအပ်ပါသော" နဲ့ "ကျေးဇူးပြုပြီး" သည့် စကားလုံးနှစ်လုံးကို သူမသုံးခဲ့သော်လည်း ယွမ်ကျိုးအပေါ် လေးစားမှုတစ်စက်မျှ မရှိပါ။

သို့သော်လည်း ယွမ်ကျိုးက ထိုစကားများကို မကြားသည့်အလား ဟန်ဆောင်ကာ သူ၏ အင်မော်တယ် ကျန်းကောလောင် ရုပ်တုကို သူ့ဘေးရှိ စင်ပေါ်တွင် ဂရုတစိုက် တင်‌လိုက်သည်။

ထို့နောက် ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီး ကျုံးလီလီကို ကြည့်ကာ "တောင်းပန်ပါတယ်။ ကျွန်တော် မကြားလိုက်လို့ ပြန်‌ပြောပေးပါလား" ဟု မေးလိုက်သည်။

ယွမ်ကျိုး၏ အေးတိ‌အေးစက်လေသံကြောင့် ကျုံးလီလီ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားမိလိုက်သည်။

သူမလည်း ပါးစပ်ပိတ်ကာ ဘာမှ မပြောဘဲ ခဏတာ တိတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။

ထိုအချိန်တွင် သူမဘေးရှိ စင်ပေါ်တွင် ယွမ်ကျိုးတင်ထားသော ပန်းပုရုပ်တုကို ကျုံးလီလီ မြင်လိုက်ရသည်။

သူမသည်ချက်ပြုတ်ခြင်းနှင့် ပန်းပုထုလုပ်ခြင်းတို့ကို မကျွမ်းကျင်သော်လည်း ထိုသို့သောအရာမျိုးနဲ့ ရင်းနှီးပေသည်။ ထိုသို့လက်ရာပြောင်မြောက်လှသော ပန်းပုရုပ်တုမျိုးပဲ ကျိုးရှီကျဲရဲ့ အကောင်းဆုံးတပည့်ပင် မထုလုပ်နိုင်ပေ။

၎င်းတို့၏ပန်းပုရုပ်ထုများသည် သူမ၏ရှေ့တွင်ရှိသော ရုပ်ထုကဲ့သို့ ပုံသဏ္ဍာန်နှင့် စိတ်ဝိဉာဉ်တစ်သားထဲကျသည့် အဆင့်သို့ မရောက်သေးပေ။ သူမ၏ရှေ့ရှိ ရုပ်တုမှာ အင်မော်ဒယ်တစ်ပါး၏ သေးငယ်သော ကိုယ်ခွဲ ဟုထင်ရလောက်ပေသည်။

"ရှင့်ရဲ့ ပန်းပုလက်ရာကအရမ်း ပြောင်မြောက်တာပဲ "

ယွမ်ကျိုး၏ ပြီးပြည့်စုံတဲ့ လက်ရာကို မြင်ပြီးတဲ့နောက် ကျုံးလီလီသည် သူမ၏ဒေါသကို မျိုသိပ်လိုက်မိသည်။ သူမ စောင့်ဆိုင်းရသည်မှာ အလကားမဟုတ်ကြောင်း သဘောပေါက်မိလိုက်သည်။ ထို့ကြောင့် သူမက ပိုပြီး နူးညံ့စွာ ပြောလိုက်သည်။

"အင်း" ယွမ်ကျိုးက မရေမရာ ပြန်ဖြေသည်။ ထို့နောက် သူကပြန်ထိုင်လိုက်ပြီး မုန်လာဥကို ထပ်ထွင်းထုရန် ပြင်ဆင်လိုက်သည်။

ထိုအရာက ကျုံးလီလီကို အမှန်တကယ်ကြောက်ရွံ့စေခဲ့သည်။ ယွမ်ကျိုးဆီသို့ သူမစရောက်ခါစတွင် သူ၏ပန်းပု မှာအပြီးသတ်ရန် အနည်းငယ်သာလို့တော့ကြောင်း သူမသိသည်။ သို့သော် ၎င်းကပင်သူမကို မိနစ်၄၀နီးပါး စောင့်ဆိုင်းစေခဲ့သည်။

အကယ်၍ ယွမ်ကျိုးသာ ပန်းပုရုပ်နောက်တရုပ်ကို ဆက်လက်ထုလုပ်မည်ဆိုလျှင် သူမယနေ့အတွက် အလုပ်ပြီးတော့မည်မဟုတ်ပေ။ ထို့အပြင် ဥက္ကဋ္ဌ ကျိုးအား မည်သို့သောပြန်လည်ဖြေကြားရမည်ကို မသိတော့ပေ။

"တောင်းပန်ပါတယ် မစ္စတာယွမ်။ နိုင်ငံခြားသွားဖို့ နိုင်ငံကူးလက်မှတ် လိုအပ်ပါတယ် ကိုယ်တိုင်လျှောက်ရင်တော့ သုံးလ‌လောက် ကြာပါလိမ့်မယ်။ ဥက္ကဋ္ဌကျိုးက စီးပွားရေးခရီးစဉ်တစ်ခု သွားဖို့ ပြောထားလို့ အမြန်ရနိုင်ပါတယ်" ကျုံးလီလီက စိတ်ကိုလျှော့ပြီး အလုပ်ကို ပြီး‌အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

"အခု လုပ်ရင် ဘယ်လောက်ကြာမလဲ" ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"တစ်ရက်ပါ" ကျုံးလီလီက ဘာမှထပ်မပြောဘဲ တိုတိုတုတ်တုတ် ဖြေလိုက်သည်။

"အင်း ဒီနေ့တော့ ဓာတ်ပုံမရှိသေးဘူး။ မနက်ဖြန် လာယူလို့ရတယ်။ အခု လာရင်းကိစ္စပြီးပြီဆိုတော့ မင်းသွားချင်ရင် ထွက်သွားလို့ရပြီး " ယွမ်ကျိုးက ခေါင်းညိတ်ပြကာ သူသိပြီဖြစ်ကြောင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ကျုံးလီလီက သူမ၏ဒေါသကို ထိန်းချုပ်ပြီး အလုပ်သည်သာ အရေးကြီးကြောင့် စိတ်ထဲမှနေ၍ အကြိမ်ကြိမ်သတိပေးလိုက်သည်။သို့မှသာ သူမတည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားနိုင်မည်မဟုတ်ပါလော။

"ကောင်းပါပြီ။အဲ့တာဆို ကျမရှင့်ကို ထပ်မနှောင့်ယှက်တော့ပါဘူး"

ထို့နောက် ယွမ်ကျိုးသည် သူမနှင့် စကားမပြောတော့ဘဲ မုန်လာဥနီကို ယူကာ ပန်းပုထု‌နေတော့သည်။

ဒီတစ်ခါတော့ သူဟာ အင်မော်တယ် ဟန်ဆောင်ဇီ၏ ရုပ်ပုံအား ထွင်းထုရန်ပြင်လိုက်သည်။ မုန်လာဥ၏ အပေါ်ပိုင်းမှ အစိမ်းရောင်အပိုင်းကို ဟန်ဆောင်ဇီ၏ ဝါးပုလွေထွင်းရန် အသုံးပြုလိုက်သည်။

" သေသင့်တဲ့ကောင် " လမ်းငယ်လေးကနေ ထွက်လာပြီးနောက် ကျုံးလီလီ ဒေါသတကြီး အံပြီး ခြေထောက်ကို အပြင်းအထန် ဆောင့်လိုက်မိသည်။

သို့သော်လည်း ယွမ်ကျိုးက ထိုအရာအားလုံးကို ဂရုမစိုက်ပေ။ သူ့၏အမြင်အရ သတင်းအချက်အလက်များဖလှယ်နိုင်သည့် အခွင့်အရေးမှာရှားပါးသော်လည်း သူတစ်ယောက်တည်းသွားရမည်ဆိုလျှင်ပင် ထိုအကြံသည် အလွန်ဆိုးရွားလွန်သည်တော့ မဟုတ်ပေ။

အပိုင်း (၄၀၃)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၄၀၄)

နောက်တစ်နေ့မနက်အစောပိုင်းအချိန်တွင် ကျောက်လီလီက ကုမ္ပဏီကို သွားခဲ့သည်။ သူမ၏လက်ကိုင်အိတ်ကို ချပြီးသည်နှင့် စားပွဲပေါ်ရှိစာရွက်စာတမ်းများနှင့် ပတ်သတ်၍ စတင်လုပ်ဆောင်လိုက်သည်။

အနည်းငယ်နောက်ကျပြီး ရောက်လာသော သူမ၏လက်ထောက်ချန်ဇီက လက်ထဲမှ မနက်စာကို အမြန်စားသောက်ပြီးသည်နှင့် တစ်နေ့တာအချိန်ဇယားများကို စိတ်ရောကိုယ်ပါနှစ်ပြီး စီစဉ်နေလိုက်သည်။

သို့သော် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ထပ်မံသွားရောက်ရမည့်အချိန်ဇယားကို မြင်လိုက်သောအခါ သူမ၏မသိစိတ်က မျက်ခုံးပင့်မိသွားသည်။

“မနေ့က သူဌေး ပြန်လာတော့ စိတ်ဆိုးနေတယ်။ အလုပ်လည်း မပြီးဘူး။ ဒီစားဖိုမှူး ပြဿနာရှာတာပဲ ဖြစ်ရမယ်။ သေချာတယ်” ဟု ချန်ဇီက တိုးတိုးလေးပြောလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက်အချိန်ဇယားစာရွက်ကို ကိုင်ကာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။

“‌ဒေါက် ဒေါက်”

ချန်ဇီက တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်သည်။

“ဝင်ခဲ့ပါ” ဟု ကျောက်လီလီက ပြောလိုက်သည်။ သူမ၏ရုံးခန်းထဲ၌ရှိနေစဉ် သန်မာပြီး ဆုံးဖြတ်ချက်ပြတ်သား‌သော

အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူမ၏ စကားသံက ရှင်းလင်းပြတ်သားပြီး တိုတိုတုတ်တုတ် ဖြစ်‌နေသည်။

“ဒီနေ့အတွက် အချိန်ဇယားပါ။ ကျွန်တော် စီစဉ်ပြီးပါပြီ။ ပြဿနာရှိ၊မရှိကို စစ်ဆေးပေးပါအုံး” ဟု ချန်ဇီက စာရွက်စာတမ်းကို ဧကရာဇ်သစ်သားအနီရောင်နှင့် ပြုလုပ်ထားသော စားပွဲပေါ်သို့ တင်လိုက်သည်။

“အမ်…ကိစ္စမရှိပါဘူး”

ကျောက်လီလီက အချိန်ဇယားကို အမြန်ကြည့်လိုက်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်သို့ သွားရမည့် အစီအစဉ်ကို မြင်လိုက်ရချိန်တွင် မသိစိတ်က မျက်မှောင်ကြုတ်မိသွားသော်လည်း စကားမပြောဘဲ ဆက်ကြည့်နေခဲ့သည်။

“အချက်အလက်တွေကို စုဆောင်းတာနဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားတာတွေကိုလည်း ကျွန်တော် စီမံနိုင်ပါတယ်။ ဥက္ကဋ္ဌနဲ့အတူ တရုတ်စားဖိုမှူးမဟာမိတ်အဖွဲ့အစည်းအဝေးကို သွားတက်မယ်မလား” ဟု ချန်ဇီက ဂရုတစိုက်အကြံပြုလိုက်သည်။

“မလိုပါဘူး။ ငါတစ်ယောက်တည်း သွားမယ်”

ကျောက်လီလီက ခဏစဉ်းစားပြီးနောက် အဆိုပြုချက်ကို ငြင်းပယ်လိုက်သည်။ သူမက ယွမ်ကျိုးကို မတွေ့ချင်သော်လည်း ကျိုးရှစ်ကျဲမှ စီစဉ်ပေးထားခြင်းဖြစ်၍ လက်မလျှော့နိုင်ပါ။ ထို့အပြင် ယွမ်ကျိုး၏ပန်းပုလက်ရာများအား ကြည့်လျှင် ၎င်းထံ၌ မာနထောင်လွှားနိုင်လောက်သော အကြောင်းပြချက် လုံလုံလောက်လောက်ရှိနေသည်ကိုလည်း သဘောပေါက်ထားသည်။

“ကောင်းပြီ။ ဒါဆို ကျွန်တော် သွားပါတော့မယ်” ဟု ချန်ဇီက တခြားစကားမပြောဘဲ နာခံစွာဖြင့် ထွက်သွားလိုက်သည်။

“ဘယ်လိုတောင် စိတ်ဒုက္ခပေးလိုက်တဲ့‌လူလဲ…”

ကျောက်လီလီက နဖူးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ အချိန်ကို ကြည့်ပြီးနောက် ကုတ်အင်္ကျီကို ယူကာ ချက်ချင်း ထွက်သွားလိုက်သည်။ ဤတစ်ကြိမ်လည်း အချိန်အတော်ကြာလိုမည်ဟု ထင်ထားသောကြောင့် စောင့်ဆိုင်းနေရမည်ကိုကြိုတင်ပြင်ဆင်ထားခဲ့သည်။ ရိုးရိုးဖိနပ်ကိုပင် သီးသန့်စီးထားခဲ့သည်။ သို့သော် ယွမ်ကျိုးက သူမကို ထပ်မံပြီး အံ့အားသင့်သွားစေခဲ့သည်။

“လိုအပ်တဲ့အချက်အလက်အားလုံးက ဒီမှာပါ။ အားလုံးပြီးသွားရင် ကျွန်တော့်ဆီကို ပြန်ပို့ပေးပါ။ ကျေးဇူးတင်ပါတယ်"

ယနေ့တော့ ယွမ်ကျိုးက ပန်းပုမထုဘဲ သာမန်သံဓားတစ်ချောင်းကို တိတ်တဆိတ် သွေးနေခဲ့သည်။ ကျောက်လီလီ ဝင်လာသည်ကို မြင်လိုက်သောအခါ စားပွဲကို လက်ညှိုးထိုးပြလိုက်သည်။

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်၊ မစ္စတာယွမ်”

ကျောက်လီလီက ခဏတာ မှင်သက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ၍ စကားမပြောတော့ပေ။ လိုအပ်သည့် အချက်အလက်အားလုံးကို ရရှိပြီးချိန်မှသာ ကျောက်လီလီတစ်ယောက် စိတ်သက်သာရာရသွားသည်။

“ဟူး…ကံကောင်းလိုက်တာ။ နောက်တခါ ထပ်မလာရတော့ဘူး” ဟု သူမ၏အတွေးထဲမှာတွေးမိရင်း စိတ်ထဲ အမှန်တကယ် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

.....

ပြင်သစ်ခရီးစဉ်သည် မကြာမီအချိန်အတွင်း ရောက်ရှိလာခဲ့သည်။ ယွမ်ကျိုးသည် လေယာဉ်ပေါ်တွင် ထိုင်နေသော်လည်း စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေဆဲပင်။

"ကျွတ်...ကျွတ်။ မကောင်းဆိုးဝါးအရင်းရှင်စနစ်ပဲ"

ကျယ်ဝန်းလှသောလေယာဉ်ကြီးကို ကြည့်ရင်း ယွမ်ကျိုးက အမူအရာမဲ့စွာဖြင့် လှောင်ပြောင်လိုက်သည်။ အမှန်တကယ်အားဖြင့် ယွမ်ကျိုးသည် ပထမတန်းထိုင်ခုံ၌ ပထမဆုံးအကြိမ် ထိုင်ဖူးခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ်လေယာဉ်အမှုထမ်းများသည် လှပယဉ်ကျေးကြပြီး အသံများမှာလည်း ပေါ့ပါးညင်သာလှသည်။

"မစ္စတာယွမ်၊ ဒီမှာ လူကြီးမင်းရဲ့ထိုင်ခုံပါ"

လေယာဉ်မယ်တစ်ယောက်က ယွမ်ကျိုးအား ထိုင်ခုံဆီသို့ ယဉ်ကျေးစွာ ညွှန်ပြလိုက်သည်။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးသည် သူမ၏ညွှန်ကြားချက်အတိုင်း လိုက်နာကာ ထိုင်ချလိုက်သည်။

"ဘာသောက်ချင်ပါသလဲရှင့်"

လှပသောလေယာဉ်မယ်လေးက ခါးကို ညွှတ်၍ ယဉ်ကျေးစွာ မေးလိုက်သည်။

"ရိုးရိုးရေတစ်ခွက်‌ပဲပေးပါ"

ယွမ်ကျိုးက တည်ငြိမ်သည့်အသံဖြင့် ပြန်ဖြေလိုက်သည်။ ယွမ်ကျိုးအတွက် လေယာဉ်၏ပထမတန်းထိုင်ခုံတွင် ထိုင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ကို ဘယ်သူမှ မသိခဲ့ကြ‌ပေ။ သူ၏ဘေးတွင် ထိုင်နေသည့် ကျိုးရှစ်ကျဲသည်ပင် ထိုအချက်ကို သတိမထားမိခဲ့ပါ။

သို့သော် ယွမ်ကျိုး၏စိတ်ထဲတွင်တော့

"ဒါက တကယ့်ကို အရင်းရှင်လူ့အဖွဲ့အစည်းပဲ။ ကံကောင်းထောက်မစွာ နဲ့ ငါကတော့ ဘာမှထိခိုက်မှာမဟုတ်ဘူး" ဟူ၍ လှောင်ပြောင်ကာ စဉ်းစားနေခဲ့သည်။ ပထမတန်း(First Class)၏ဝန်ဆောင်မှုများသည် စီးပွားရေးအဆင့်(Business Class)ထက် များစွာ ပိုမိုကောင်းမွန်ပြီး အဖျော်ယမကာများ၊ ဟင်းလျာများကလည်း ထိုနည်းတူ ဖြစ်နေသည်။

"ငါတို့ပေကျင်းမှာ လေယာဉ်ပြောင်းစီးရမယ်။ အဲ့ဒီလိုဆိုရင် စောစောရောက်နိုင်

လိမ့်မယ်"

ကျိုးရှစ်ကျဲက ခေါင်းလှည့်ပြီး ယွမ်ကျိုးကို ပြောလိုက်သည်။

"အိုကေ"

ယွမ်ကျိုးသည် သူထိုင်နေသည့်နေရာကို ပြန်ညှိကာ အလေးအနက်ထားပြီး နားထောင်နေသည်။

"စိတ်အေးအေးထားပါ။ ငါတို့ အဲဒီကို သွားတာက စားဖိုမှူးတွေရဲ့ချက်ပြုတ်စွမ်းရည်ကို ကြည့်ဖို့ပဲ။ သေချာကြည့်ပြီး အပျော်ခရီးတစ်ခုလို သဘောထားလိုက်စမ်းပါ"

ကျိုးရှစ်ကျဲက မုတ်ဆိတ်ကို ပွတ်သပ်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

"ကောင်းပြီ"

ယွမ်ကျိုးက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ငါ့ကို ယုံ။ အဲ့ဒီပြင်သစ်မိန်းကလေးတွေက အရမ်းနွေးထွေးတယ်။ မင်းလို ရေခဲတောင်ကြီးတောင် သူတို့ရဲ့စိတ်အားထက်သန်မှုကြောင့် အရည်ပျော်သွားနိုင်တာပဲ"

ကျိုးရှစ်ကျဲက မျက်စိတစ်ဖက်မှိတ်ပြီး စနောက်သံဖြင့် ပြောလိုက်သည်။ သူက ယွမ်ကျိုးကို နှစ်သိမ့်ပေးနေခြင်းပင်။

"အမ်…သူတို့ရဲ့ယဉ်ကျေးမှုကိုပဲ ကြည့်ချင်တာပါ"

ယွမ်ကျိုးသည် မကြာသေးခင် ရက်များအတွင်း သင်ယူခဲ့သောယဉ်ကျေးမှုများကို စဉ်းစားရင်း လေးနက်စွာ ပြောလိုက်သည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ယွမ်ကျိုးသည် စနစ်က ပေးထားသောCDကို ညတိုင်းကြည့်ရှုလေ့လာခဲ့ပြီး စာအုပ်များကိုပါ ဖတ်ထားခဲ့လေသည်။ ယခုခရီးအတွက်လည်း ဖတ်ရန် စာအုပ်သုံးအုပ်ကို ယူဆောင်လာခဲ့သည်။

"ကောင်းပြီ။ အနားယူကြရအောင်။ ဒီလေယာဉ်ပြီးရင် နောက်ထပ်ခရီးရှည်တစ်ခု ပျံသန်းရဦးမယ်"

ကျိုးရှစ်ကျဲက ထိုသို့ပြောပြီးနောက် မျက်လုံးပိတ်ကာ အိပ်စက်သွားသည်။ လေယာဉ်၏မြန်ဆန်သောပျံသန်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံအသီးသီးအကြားအကွာအဝေးသည် သိသိသာသာ ကျဉ်းမြောင်းသွားခဲ့သည်။ ချန်ဒူးမှ ထွက်ခွာကာ လေယာဉ်ပြောင်းစီးရန် ဆယ်နာရီကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ ရောက်ရှိရန် စုစုပေါင်း ၂၅ နာရီ ကြာမြင့်ခဲ့သည်။

နေ့လည် ၂ နာရီခွဲသာ ရှိသေးပြီး ရာသီဥတုမှာ ကောင်းမွန်နေသည်။ အနည်းငယ် အေးမြသော်လည်း နေကတော့ ပူပြင်းနေဆဲပင်။

"ဟမ်…ဒီမှာ နည်းနည်းအေးတယ်"

ကျိုးရှစ်ကျဲက ပြောရင်း ကုတ်အင်္ကျီကို ထုတ်ယူပြီး ဝတ်ဆင်လိုက်သည်။

"ငါ့မှာ အပူခံအတွင်းဝတ်အသစ်တွေ ရှိတယ်"

ယွမ်ကျိုးက ဘေးကနေ ထုံးစံအတိုင်း ပြောလိုက်သည်။

"ဟားဟား…ကိစ္စမရှိပါဘူး။ ငါ့ ခရီးဆောင်အိတ်ထဲမှာလည်း ပါပါတယ်။ ကုတ်အင်္ကျီဝတ်လိုက်တော့ မအေးတော့ဘူး" အသက်အရွယ်ကြီးရင့်လာသော်လည်း ကျိုးရှစ်ကျဲက ရင်ဘတ်ကို ပုတ်ကာ သူ၏ သန်မာမှုကို ပြသလိုက်သည်။

"ပါရီမှာ အမြင့်ဆုံးအပူချိန်က ၁၀ ဒီဂရီ၊ အနိမ့်ဆုံးက ၅ ဒီဂရီပဲ"

ယွမ်ကျိုးက မိုးလေဝသသတင်းကို ကြည့်ပြီး ပြောလိုက်သည်။

"ကောင်းပြီ။ နောက်မှ နောက်ထပ်တစ်ထပ် ဝတ်လိုက်မယ်"

ကျိုးရှစ်ကျဲက နာခံစွာ ခေါင်းညိတ်လိုက်သည်။ ထိုအခါမှသာ ယွမ်ကျိုးသည် လေကာအင်္ကျီ၏ကြယ်သီးများကို တပ်ဆင်ပြီး ခရီးဆောင်အိတ်နှစ်လုံးကို ယူကာ ထွက်ခွာသွားသည်။

နှီးနှောဖလှယ်ရန် ဖိတ်ကြားခံရသော်လည်း လာရောက်ကြိုဆိုသူမှာ ကျိုးရှစ်ကျဲ၏ပြင်သစ်တပည့် ဖြစ်နေသည်။ သူ၏မန်ဒရင်းဘာသာစကားမှာ သိပ်မကောင်းလှသဖြင့် ယွမ်ကျိုးသည် အနည်းငယ်မသက်မသာ ခံစားရလေသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဟိုတယ်သို့ အဆင်ပြေစွာ ရောက်ရှိသွားခဲ့ကြသည်။ ဟိုတယ်မှာ ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သည်။

"အဆောက်အအုံအမြင့်ကြီးတွေမှာ နေရတာ တကယ်ကောင်းတယ်။ ရှုခင်းတွေကလည်း အံ့မခန်းပဲ။ နိုင်ငံခြားက လူတွေကလည်း သိပ်မဆိုးဘူးထင်တယ်"

ယွမ်ကျိုးသည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဒင် ဒုံ "တံခါးခေါင်းလောင်းသံ မြည်လာသဖြင့် ယွမ်ကျိုးသည် ထရပ်ကာ တံခါးကို ဖွင့်လိုက်သည်။

"မင်္ဂလာပါ မစ္စတာယွမ်။ မနက်ဖြန် အကြံပြုချက်ဖလှယ်ပွဲရဲ့ အချိန်ဇယားပါ"မျက်လုံးကြီးကြီးနှင့် ချောမောလှပသော မိန်းကလေးတစ်ယောက်က တံခါးဝတွင် ရပ်နေပြီး သူ့ထံ စာရွက်တစ်ရွက် ပေးလိုက်သည်။

"ကောင်းပြီ။ ကျေးဇူးတင်ပါတယ်"ဟု ပြောပြီး ယွမ်ကျိုးက ယဉ်ကျေးစွာ လက်ခံလိုက်သည်။

"နှုတ်ဆက်ပါတယ် မစ္စတာယွမ်"မိန်းကလေးက ထိုသို့ ပြောပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။

…

နောက်တစ်နေ့

"ပထမဆုံးအကြိမ်ဖြစ်လို့ စိတ်မပူနဲ့။ စားပြီးရင် အရသာကို စဉ်းစားကြည့်ဖို့ပဲ တာဝန်ရှိတာ"ကျိုးရှီကျဲက ခန်းမအတွင်း ယွမ်ကျိုးကို လိုက်ပို့နေစဉ် တည်ကြည်သည့် လေသံဖြင့် ပြောလိုက်သည်။

အခမ်းအနားကျင်းပရာနေရာကို အဖြူရောင်ဖြင့် အဓိကထား အလှဆင်ထားသည်။ အလယ်ဗဟိုတွင် စားပွဲရှည်ကြီးတစ်ခုရှိပြီး ဟင်းလျာများကို စနစ်တကျ ခင်းကျင်းထားသည်။ ဟင်းလျာအမည်များကို စားပွဲရှေ့တွင် ပြင်သစ်ဘာသာဖြင့် ရေးသားထားသည်။

ညီလာခံတစ်ခုလုံးမှာ သန့်ရှင်းသပ်ရပ်လှသည်။ ပန်းများကို နေရာအနှံ့ ထားရှိထားသဖြင့် မျက်စိပသာဒဖြစ်စေပြီး သက်ဝင်လှုပ်ရှားသော လေထုကို ဖန်တီးပေးနေသည်။

"သစ်ကြံပိုးခေါက်နဲ့ ဝိုင်နီပြုတ်ပန်းသီးလား"သူ့ရှေ့ရှိ ပန်းကန်ကို ကြည့်ကာ ရိုးရှင်းစွာ ပြောလိုက်သည်။ သို့သော် သူ့ရင်ထဲတွင်တော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။

"တကယ်ကို ရိုးရိုးရှင်းရှင်း နာမည်ပေးထားတာပဲ"

သူက စိတ်မဝင်စားသည့်သဘောဖြင့် ဆက်ပြောလိုက်သည်။

"ဟုတ်တယ်။ လူတွေက နိုင်ငံခြားသားတွေပေးထားတဲ့ နာမည်တွေကနေ ဟင်းလျာထဲမှာ အသုံးပြုထားတဲ့ အဓိကပါဝင်ပစ္စည်းတွေကို အလွယ်တကူ မှတ်မိနိုင်တယ်လေ"ကျိုးရှီကျဲက ယွမ်ကျိုးကို စိတ်ရင်းမှန်ဖြင့် ရှင်းပြကာ ပြန်ဖြေလိုက်သည်။

ယွမ်ကျိုးက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သို့သော် ကျိုးရှီကျဲ၏ စကားကြောင့် သူ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး ချက်ချင်းပင် ကြောင်အသွားသည်။

ကျိုးရှီကျဲ၊ "ယွမ်လေး၊ မင်းရဲ့ ပြင်သစ်စကားက အတော် ကောင်းတာပဲ"

"ပြင်သစ်စကား အဲဒါ ဘာလဲ"

အပိုင်း(၄၀၄)

ပြီးပါပြီ။

All Chapters