← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 31 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 31 Ch. 407-408

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၄၀၇)

“ဥက္ကဋ္ဌကျိုး၊ ဒီက စားဖိုမှူးကြီးနဲ့ခင်ဗျား အတော်လေး ရင်းနှီးတယ်ဆိုတာ ကျွန်တော်သိတယ်” ဟု ယွမ်ကျိုးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

“ဟုတ်လား။ မင်း ဘယ်လို သိတာလဲ” ဟု ကျိုးရှီကျဲက ဖုံးကွယ်မနေဘဲ စိတ်ဝင်စားစွာ မေးလိုက်သည်။

“မီရှယ်လင် ကြယ်သုံးပွင့် စားသောက်ဆိုင်မှာ စားချင်ရင် အနည်းဆုံး တစ်လလောက် ကြိုစာရင်းပေးရပါတယ်။ စားဖိုမှူးကြီးနဲ့ သိတယ်ဆိုရင်တောင် ဒီလောက်မြန်မြန် ရမှာမဟုတ်ဘူး” ဟု ယွမ်ကျိုးက မျက်မှောင်အနည်းငယ် ကြုတ်ကာ စဉ်းစားပြီး ပြောလိုက်သည်။

“တကယ်လို့ ကြိုတင် စာရင်းပေးထားပြီးသားဆိုရင်ကော” ဟု ကျိုးရှီကျဲက ပြုံးရွှင်စွာ ပြန်မေးလိုက်သည်။

“ဒါဆို ခင်ဗျား ကျွန်တော့်ကို ကြိုပြောထားမှာ‌ပေါ့ ” ဟု ယွမ်ကျိုးက ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်သည်။

“ဟားဟား၊ မင်းပြောတာ မှန်တယ်။ စားပြီးသွားရင် စားဖိုမှူးကြီး ဘယ်သူလဲဆိုတာ မင်းသိလိမ့်မယ်” ဟု ကျိုးရှီကျဲက မျက်စိတစ်ဖက် မှိတ်ပြကာ အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။

“‌ကောင်းပြီလေ ” ဟု ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။

တစ်ချိန်တည်းမှာပင် မီးဖိုချောင်အတွင်း၌ ဟင်းလျာများကို တစ်ခုပြီးတစ်ခု ပြင်ဆင် နေကြ၏။

“အန်ဒရူး၊ ဒီကိုလာဦး” ဟု ချူးရှောင်က နှာခေါင်းပိတ်တပ်ထားပြီး အသံတိုးတိုးဖြင့်လှမ်းခေါ်လိုက်သည်။အန်ဒရူးကလည်း ထိုအသံကို ချက်ချင်း ကြားပြီး အလျင်အမြန် ရောက်လာခဲ့သည်။

“ဟုတ်ကဲ့ အခု ဆယ်လိုက်ရတော့မှာလား” ဟု အန်ဒရူးက ဂရုတစိုက် မေးလိုက်သည်။

“တစ်မိနစ်လောက် စောင့်လိုက်ဦး။ ပြီးမှ ဒီတူနဲ့ ဆယ်လိုက်” ဟု ချူးရှောင်က တူတစ်စုံကို ယူပြီး အင်ဒရူးထံ ကမ်းပေးလိုက်သည်။

“ပြဿနာမရှိပါဘူး” ဟု အင်ဒရူးက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

တူများမှာ ဆင်စွယ်ရောင်နှင့် ပန်းရောင်ဖျော့ဖျော့ ပေါင်းစပ်ထားပြီး လှပသန့်ရှင်းကာ ပြီးပြည့်စုံသော အသွင်အပြင်ရှိ‌နေလေသည်။ ရေခဲ‌ရေထဲ၌ စိမ်ထားသဖြင့် တောက်ပြောင်နေ‌သေးသည်။

“စားဖိုမှူးကြီး၊ ဒီငန်းအသည်းက အနောက်တောင်ဒေသကဆိုတော့ အရည်အသွေးကတော့ထိပ်တန်းပဲ။ အရသာလည်း အတော်နူးညံ့မှာ” ဟု အန်ဒရူးက ငန်းအသည်းကို ဆယ်ယူပြီးရင်း မထိန်းနိုင်ဘဲ ပြောလိုက်သည်။

“ စထရာ့စ်ဘော့ဂ် ကရလာတာ” ဟု ချူးရှောင်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“ဒါပေမယ့် အနောက်တောင်ပိုင်းက ငန်းအသည်းက ပိုကောင်းတယ်လို့ ကျွန်တော် ထင်နေတုန်းပဲ” ဟု အန်ဒရူးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

အမှန်မှာ ငန်းအသည်းဟင်းလျာ၏ မူလအရင်းအမြစ်သည် ပြင်သစ်မှမဟုတ်ဘဲ ရှေးခေတ် အီဂျစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်အန်ဒရူး၏ အမြင်သည် အံ့သြစရာ မဟုတ်ပေ။

ထို့နောက် ရောမသို့ ပျံ့နှံ့လာပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ လူးဝစ် ဆယ့်ခြောက် လက်ထက်တွင် ငန်းအသည်းကို တော်ဝင်နန်းတော်သို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြပြီး ဘုရင်ကလည်း အထူးနှစ်သက်ခဲ့သည်။ ထိုနောက် ပြည်သူများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာပြီး ကဗျာဆရာများ၊ ဂီတပညာရှင်များနှင့် အနုပညာရှင်များစွာကပါ ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ထိုအချိန်မှစ၍ ငန်းအသည်းဟင်းလျာသည် မြင့်မြတ်သည့် စားဖွယ်ဟင်းလျာတစ်ခုဖြစ်လာခဲ့သည်။

အကောင်းဆုံး ငန်းအသည်း ထုတ်လုပ်ရာ ဒေသအဖြစ် လူသိများသည့် နေရာနှစ်ခုမှာ ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းနှင့် စထရာ့စ်ဘော့ဂ် တို့ဖြစ်သည်။ လူအများအပြား မည်သည့်နေရာက ပိုကောင်းသည်ဆိုသည့် အကြောင်းကို အမြဲတမ်း အငြင်းပွားကြသော်လည်း အရည်အသွေးအရတော့ နှစ်ဖက်စလုံး အလွန်ကွာခြားခြင်းမရှိပေ။

“စထရာ့စ်ဘော့ဂ်က ငန်းအသည်းနဲ့ ဝိုင်နီနဲ့တွဲသောက်ရတဲ့ အရသာက ငါ့အကြိုက်ပဲ” ဟု ချူးရှောင်က အင်ဒရူးကို ပြောလိုက်သည်။

“သိပြီ” ဟု အန်ဒရူးက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။

ထို့နောက် ချူးရှောင်သည် ငန်းအသည်းအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကိုယ်တိုင် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ ချူးရှောင်၏ ပြင်ဆင်သည့်ဟင်းလျာတိုင်းအတွက် အန်ဒရူးက အရံဟင်းလျာများကို တာဝန်ယူပြင်ဆင်ရသည်။

“‌ဒေါက် ဒေါက် ဒေါက်” ပေါ့ပါးသည့် ခြေသံနှင့်အတူအညိုရောင်ဆံပင်နှင့် စားပွဲထိုးမလေးက အဓိကဟင်းလျာများကို သယ်ဆောင်လာသည်။

အဓိကဟင်းလျာသည် အနည်းငယ် ထူးခြားနေသည်။ ပုံမှန်ဆိုလျှင် ပြင်သစ်ဟင်းလျာများက အရသာကောင်းမွန်သော်လည်း ပမာဏက အနည်းငယ်သာပါဝင်ပြီး တချို့ဟင်းလျာများတွင် တစ်ကိုက်စာလောက်သာ ပါရှိတတ်သည်။

ထို့ကြောင့် အများအားဖြင့် ပန်းကန်တစ်ချပ်တည်းသာ လိုအပ်၏။ သို့သော် ယနေ့တော့ ကွဲပြား‌နေလေသည်။ အညိုရောင်ဆံပင်နှင့် စားပွဲထိုးမလေးအပါအဝင်ချောမောလှပသည့် မိန်းကလေး လေးဦးက ဗန်းများကို ကိုယ်စီကိုင်ကာ တစ်ပြိုင်နက်တည်း ရောက်လာကြသည်။

“ကျေးဇူးပြုပြီး ဧည့်သည် နှစ်ယောက်ရဲ့ပန်းကန်တွေကို လဲပေးပါရစေ” ဟု စားပွဲထိုးမလေးက ယဉ်ကျေးစွာ ပြောလိုက်သည်။ ယခုအခါ သူမက ပန်းကန်လဲပေးရန် အထူးတာဝန်ယူထားသည့်သူဖြစ်ဟန်တူသည်။

“ကောင်းပါပြီ” ဟု ကျိုးရှီကျဲက ဖြေလိုက်သည်။

ယွမ်ကျိုးကတော့ သူ၏ပုံမှန်အတိုင်း အေးတိ‌အေးဆက်အမူအရာဖြင့် ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသလိုက်သည်။

“ဒီနေ့အတွက် ကျွန်မတို့ရဲ့ စားဖိုမှူးကြီး ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အဓိကဟင်းလျာက အနည်းငယ် ထူးခြားပါတယ်။ ဒါကတော့ ကျွန်မတို့ရဲ့ အထူးငန်းအသည်းပါ။ သုံးဆောင်နိုင်ပါပြီ ရှင်” ဟု အညိုရောင်ဆံပင်နှင့် စားပွဲထိုးမလေးက ပြောပြီး ဒယ်အိုးအဖုံး

ကို ဖွင့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ဒယ်အိုးအထဲမှ “ရှဲ ရှဲ” ဟုသော အသံ ထွက်ပေါ်လာ၏။ သို့သော် ငန်းအသည်း၏ အနံ့က လူနှစ်ယောက်၏ နှာခေါင်းထဲသို့ အသံထက်ဦးစွာဝင်‌ရောက်လာသည်။

အဆီအနည်းငယ် ချိုမြိန်သော အနံ့ကကြော်ထားသော ငန်းအသည်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဟမ်… ဒီလောက် မွှေးကြိုင်‌နေတာ အဆင့်မြင့် ငန်းအသည်းပဲ ဖြစ်ရမယ်။ တကယ်ကို အံ့သြစရာပဲ” ဟု ကျိုးရှီကျဲက အရင်ဆုံး မှတ်ချက်ပေးလိုက်သည်။

“ပန်းသီးပါတယ်။ ဒါပေမယ့် အရမ်းမများဘူး” ဟု ယွမ်ကျိုးက ပန်းသီးထံမှ ချိုမြိန်သည့် အနံ့ကို ချက်ချင်းသိရှိကာ ပြောလိုက်သည်။

ဟင်းလျာပေါ်တွင် ပန်းသီးကို အရိပ်အယောင်ပင် မတွေ့ရပေ။

“မင်း အရင်စားကြည့်လိုက်” ဟု ကျိုးရှီကျဲက စကား

နှင့်မပြောဘဲ ယွမ်ကျိုးကို လက်ညှိုးထိုးကာ အချက်ပြလိုက်သည်။

“ပန်းကန်ဒီဇိုင်းက အတော်လေးစိတ်ဝင်စားဖို့ ကောင်းတာပဲ ” ဟု ယွမ်ကျိုးက ပန်းကန်များကို ကြည့်ရင်း ပြောလိုက်သည်။ လှပ‌နေ၍တော့ မဟုတ်ပေ။

စနစ်မှ ပေးထားသော ပန်းကန်ပြားထက် ပိုမလှ‌ သော်လည်း ထူးခြားချက်တစ်ခု ရှိ‌နေသည်။၎င်းမှာ ပန်းကန်ပြားပေါ်တွင် ငန်းအသည်း၏ အပူချိန်ကို ပြသနေသည့် သာမိုမီတာတစ်ခု ပါရှိနေခြင်းပင်။

“လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်က ၃၅.၅ ဒီဂရီလောက်ပဲ ရှိတာ။ ဒီအပူချိန်နဲ့ဆို ငန်းအသည်းထဲက အဆီတွေက အရည်ပျော်စပြု‌နေပြီ” ဟု ယွမ်ကျိုးက စိတ်အေးလက်အေး ရှင်းပြလိုက်သည်။

ဒီကို မလာခင်ကတည်းက သူ ပြင်သစ်ဟင်းလျာများနှင့်ပတ်သက်၍ သေချာလေ့လာပြီး ဖြစ်သည်။ ထို့ကြောင့် ပြင်သစ်ဟင်းလျာများအနက် အကျော်ကြားဆုံးဖြစ်သော ငန်းအသည်းနှင့်လည်း အတော်လေး ရင်းနှီးနေသည်။

“ဟုတ်တယ်။ အပူချိန်ကို အသေအချာထိန်းထားတာပဲ” ဟု ကျိုးရှီကျဲက ပန်းကန်ပြားပေါ်ရှိ သာမိုမီတာကို ကြည့်ပြီး သဘောတူလိုက်သည်။

ချက်ပြုတ်ပြီးနောက် ဟင်းလျာကို စားသုံးသူထံသို့ ယူဆောင်သွားမယ်ဆိုပါက စားသုံးသည့်အချိန်တွင်

အပူချိန်ကို တိကျအောင်ပြုလုပ်ရန် ခက်ခဲတတ်သည်။ လမ်းမှာပင် ဟင်းလျာ၏အပူချိန် ပြောင်းလဲသွားနိုင်သည်။ ဟင်းလျာကို ကောင်းမွန်စွာချက်ပြုတ်ထားသော်လည်း စားသုံးချိန်တွင် အကောင်းဆုံးအခြေအနေဖြင့် ထိန်းထားရန်မလွယ်လှ‌ပေ။

ဒါကြောင့်ပဲ ငန်းအသည်းကို စားပွဲပေါ်မှ တိုက်ရိုက် စားသုံးနိုင်ရန် ပြင်ဆင်ထားခြင်းက အလွန်သင့်‌လျော်ပေသည်။လုပ်ငန်းစဉ်တစ်ခုလုံးကို လျင်မြန်စွာလုပ်ရခြင်းက မလွယ်‌သောအလုပ်ပင်။ ထို့ကြောင့်လည်း ကျိုးရှီကျဲ အံ့အားသ‌င့်သွားခဲ့တာပါ။

“အ‌တော်ကောင်းတာပဲ”ယွမ်ကျိုးက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုသို့ပြောပြီးနောက် ယွမ်ကျိုးက ဟင်းလျာကို စတင်သုံးဆောင်တော့သည်။

ယခုအချိန်ကျမှ အနောက်တိုင်းစတိုင်ဟင်းလျာယဉ်ကျေးမှု၏အရေးပါပုံ ကို သူ ခံစားမိလာသည်မဟုတ်ပါ‌လော။

ယခင်က ယွမ်ကျိုးသည် ဓားနှင့်ခက်ရင်းကို သာမန်အတိုင်း အသုံးပြုပြီး အလှအပနှင့် အရသာကိုတော့ အထူးမဂရုစိုက်ခဲ့ပေ။

သို့သော် အခုကား မတူတော့ချေ။ ယွမ်ကျိုးက ဓားကို ညင်သာစွာကိုင်လိုက်ပြီး နူးညံ့သော ငန်းအသည်းပေါ်ကို ဖိချလိုက်သည်။

အားသိပ်မစိုက်ရဘဲ ဓားက အလွယ်တကူ ထိုးဖောက်သွားပြီး သူက အပိုင်းအစငယ်တစ်ခုကို လှီးဖြတ်ကာပါးစပ်ထဲသို့ ထည့်လိုက်၏။

ချက်ချင်းပင် ငန်းအသည်း၏ချိုမြိန်သော အနံ့၊ လတ်ဆတ်သော သစ်ကြားသီးအနံ့တို့ ပေါင်းစပ်မှုက

ရီ‌ဝေဝေဖြစ်စေသော ဝိုင်နီ၏ အရသာနှင့်အတူ သူ့ပါးစပ်ထဲကို စီးဝင်သွားခဲ့သည်။

အရသာများသည် ပါးစပ်ထဲမှာ ကခုန်နေကြသလိုပင်။ စားသုံးချိန်တွင် အပူချိန်က ခန္ဓာကိုယ်၏အပူချိန်နှင့်နီးစပ်နေ‌သောကြောင့် ရုတ်တရက် မပြောင်းလဲပေ။ ငန်းအသည်းက ပါးစပ်ထဲဝင်ရောက်လာသည်နှင့် ဝါးစရာမလိုအောင်ပင် ချက်ချင်း အရည်ပျော်ကျသွားခဲ့သည်။

အနည်းငယ်သာ စားလိုက်ရသော်လည်း ငန်းအသည်း၏နူးညံ့သော အသားနှင့် အနံ့တို့က သူ့ပါးစပ်ထဲတွင် စွဲနေပြီး အရသာအမျိုးမျိုးကိုလည်း ဆက်တိုက် ထုတ်လွှတ်နေဆဲပင်။

ထိပ်တန်းအနံ့များနှင့် ပေါင်းစပ်ထားသော နူးညံ့သည့်အသားက ယွမ်ကျိုးကို ငြင်းဆန်ရန်ပင် ခက်ခဲစေခဲ့၏။

“ဒီငန်းအသည်းက မျှော်လင့်ထားသလိုပဲ တော်တော်လေးကောင်းတာပဲ”ယွမ်ကျိုး၏မျက်နှာပေါ်တွင် အပြုံးလေး တစ်ခု ပေါ်လာခဲ့သည်။

“ဟုတ်တယ်။ အဲဒါ စားဖိုမှူးကြီးရဲ့ အတတ်ပညာနဲ့ ဉာဏ်ပညာကြောင့်ပဲ ဖြစ်ရမယ်”ကျိုးရှီကျဲလည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

“မှန်တယ်။ ထောပတ်ထဲကို ပန်းသီးရည် ရောပြီး အဲ့ဒီထောပတ်နဲ့ ငန်းအသည်းကို ကြော်တာက တကယ်ကို ထူးခြားတဲ့ လက်ရာပါပဲ”တစ်လုတ်စားပြီးနောက် ယွမ်ကျိုးက ပါဝင်ပစ္စည်းတွေကို သေချာစဉ်းစားပြီး ပြောလိုက်သည်။

“အစပိုင်းမှာ ထောပတ်အသုံးပြုထားတာတော့ သတိထားမိတယ်။ ဒါပေမယ့် ထောပတ်ကို နည်းနည်းပဲ သုံးထားတယ်လို့ ထင်နေတာ ဒီလိုသက်ရောက်မှုမျိုး ဖြစ်လာမယ်လို့ မထင်ခဲ့ဘူး”

ကျိုးရှီကျဲက ခေါင်းကို ပုတ်ရင်း ခဏစဉ်းစားပြီးမှ နောက်ဆုံးတော့ အကြောင်းအရာကို နားလည်သဘောပေါက်သွားခဲ့သည်။

“ပြီးတော့ ငန်းအသည်းကို တိုက်ရိုက်ကြော်လိုက်တာ မဟုတ်ဘဲ သံပြားပေါ်မှာ ကင်လိုက်တဲ့အတွက် စားတဲ့အခါ အပူချိန်ကို ၃၅.၅ ဒီဂရီအထိ တိတိကျကျ ထိန်းထားနိုင်တာ”

ယွမ်ကျိုးက ငန်းအသည်း နှစ်ပွဲအတွက် စားပွဲထိုး လေးယောက် လိုအပ်ရသည့် အကြောင်းရင်းကို အသေအချာ ရှင်းပြလိုက်သည်။

ထိုအချိန်မှာပဲ ကျန်ရှိနေသော စားပွဲထိုးမလေး နှစ်ယောက်က ပန်းကန်များကို ယူ‌ဆောင်ရန်ချဉ်းကပ်လာကြပါသည်။

“စားဖိုမှူးကြီး ချူး… မဟုတ်လား”

ထိုသို့ပြောပြီးနောက် ယွမ်ကျိုးက ခေါင်းကို လှည့်ကာ တစ်ခုခုကို သတိထားမိသလို အသံတိတ်တိတ် ပြောလိုက်သည်။

အပိုင်း(၄၀၇)

(ပြီးပါပြီ)

ကျွမ်းကျင်စားဖိုမှူးစနစ်

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၀၈)

"ဟုတ်တယ်မဟုတ်လား၊ စားဖိုမှူး ချူး"

ယွမ်ကျိုးသည် နေရာမှ ခေါင်းကိုလှည့်ကြည့်ရင်း ပြောလိုက်၏။ ချူးရှောင်သည် ဖြူစင်သန့်ရှင်းသော စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ဦးထုပ်တို့ကိုဝတ်ဆင်ထားရာ စားဖိုမှူးတစ်ဦး၏ ဂုဏ်ဒြပ်ကို ဖော်ပြလျက် ရှိနေသည်။ သူ၏ဝတ်စုံတွင် အညစ်အကြေး တစ်ခုမျှမရှိဘဲ သပ်ရပ်လွန်းလှသည်။ ချောမောသော မျက်နှာနှင့်လည်း လိုက်ဖက်ညီလှသဖြင့် လူတကာ၏ အကြည့်ကို ဖမ်းစားနိုင်သော အလှအပမျိုး ရှိ‌နေလေသည်။

ယွမ်ကျိုးမူ ဝတ်စုံအပြည့် အထူးသဖြင့် နက်ပြာရောင် အစင်းကြောင်းပါ ဝတ်စုံမျိုးကို ဝတ်ဆင်လေ့ရှိသူ မဟုတ်ချေ။ သူသည် ခန္ဓာကိုယ် ဝဖြိုးသူမဟုတ်သော်လည်း နေ့စဉ်ပြုလုပ်သော လေ့ကျင့်ခန်းများကြောင့် ပခုံးမှာ ကျယ်ပြန့်ကာ ကြည့်ကောင်းလှ၏။ ထိုင်နေသည့် အနေအထားမှာပင် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ထိုအရှိန်အဝါမှာ သူ၏ ကျွမ်းကျင်လှသော ချက်ပြုတ်စွမ်းရည်မှ ပေါက်ဖွားလာခြင်းပင် ဖြစ်သည်။ ထိုအရှိန်အဝါမှာ ထိတွေ့၍ မရနိုင်သော်လည်း လက်တွေ့တွင် အမှန်တကယ် တည်ရှိနေသကဲ့သို့ ထင်မှတ်ရပေသည်။

"ဟုတ်တာပေါ့။ သူဌေးယွမ်၊ ဟင်းတွေကရော အရသာ ဘယ်လိုလဲ"

ချူးရှောင်သည် အန်ဒရူးနှင့်အတူ ယွမ်ကျိုးဆီသို့ လျှောက်လာ၏။ အန်ဒရူးမှာမူ မိမိ၏ တည်ရှိမှုကို တတ်နိုင်သမျှ လျှော့ချကာ အနောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။ စင်စစ် ၎င်းတို့သည် အတော်ကြာကတည်းက ထိုနေရာ၌ ရပ်နေခဲ့ကြခြင်း ဖြစ်ပြီး ယွမ်ကျိုး ပန်းသီး၏ အရည်အသွေးကို ဝေဖန်နေသည်ကိုလည်း ကြားခဲ့ရလေသည်။

ချူးရှောင်မှာ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးသော မီချယ်လင်းသုံးပွင့်ရ စားဖိုမှူးဖြစ်ရာ မီးဖိုချောင်အတွင်း၌ သူ၏ လက်ရာများက လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ သူ ပြင်ဆင်ပေးသော ဟင်းလျာများအပေါ် ဝေဖန်ရေးဆရာများပင် မကောင်းမပြောရဲကြချေ။ သို့သော်လည်း ယခုအခါ ဘယ်ကလာမှန်းမသိသော လူငယ်က အပြစ်ရှာ၍ ဝေဖန်လိုက်သည့်အတွက် ချူးရှောင်၏ စိတ်ထဲ၌ ကောင်းမွန်နေမည် မဟုတ်ပေ။

"ဒီဟင်းက အကောင်းဆုံးတွေထဲက တစ်ခုပါ။ ဒါပေမဲ့ ပန်းသီးရွေးချယ်တဲ့‌နေရာမှာ အမှားပါသွားလို့ ငန်းအသည်းက နည်းနည်းလောက် ပိုချဉ်သွားတယ်လေ" ဟု ယွမ်ကျိုးက အလေးအနက် ဆိုလိုက်၏။

"သူဌေးယွမ်၊ ခင်ဗျားရဲ့ ထင်မြင်ချက်တွေကို ကျွန်တော် အမှန်အတိုင်း သိချင်ပါတယ်။ ပြောပြပါအုံး " ဟု ချူးရှောင်က သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ခင်ဗျားက ပြင်သစ်တောင်ပိုင်း မြေထဲပင်လယ်ရာသီဥတုမှာ သီတဲ့ 'ဂျီနာ' ပန်းသီးတွေကို သုံးထားတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ငန်းအသည်းကကျတော့ 'စထရာ့စ်ဘော့ဂ်' က ရတဲ့အသည်း ကိုသုံးတယ်"

ယွမ်ကျိုးက ပါဝင်ပစ္စည်းများ၏ မူလဇာစ်မြစ်ကို တစ်ခါတည်းနှင့်မှန်အောင် ထောက်ပြလိုက်ရာ အန်ဒရူးမှာ အလွန်းအံ့အားသင့်သွားပြီး ပြင်သစ်ဘာသာဖြင့်ပင် ရေရွတ်လိုက်မိ၏။

(မင်း တကယ်တော်တာပဲ ညီလေးရ)"

ထိုစကားကြောင့် ချူးရှောင်နှင့် ယွမ်ကျိုးမှလွဲ၍ ပြင်သစ်စကား နားလည်သူအားလုံးမှာ ရယ်မောကြကုန်၏။

"ဒါက သူ့အတွက် ဘာမှမခက်ဘူး။ မင်း ဒါကို ကျင့်သားရသွားမှာပါ"ကျိုးရှီကျဲက ပြောလိုက်လေသည်။

"ချူးရှောင်တစ်ယောက်တည်းကပဲ ပါရမီရှင်လို့ ကျွန်တော် ထင်ထားတာ ဒီနေ့ခေတ် လူငယ်တွေအားလုံးက ဒီလိုပဲ ထူးချွန်နေကြပြီလား" ဟု အန်ဒရူးက မယုံနိုင်ဘဲ ပြောလိုက်မိသည်။

ယွမ်ကျိုးကမူ အန်ဒရူး၏ ချီးကျူးစကားများကို ဂရုမစိုက်နိုင်ဘဲ ဆက်လက်၍ ရှင်းပြနေ၏။

"အရသာပိုင်းမှာ ပါဝင်ပစ္စည်းနှစ်ခုက တစ်ခုနဲ့တစ်ခု ဖြည့်စွက်ပေးသင့်တယ်။ ဒါပေမဲ့ ဂျီနာပန်းသီးမှာ ချို့ယွင်းချက်တစ်ခုရှိတယ်။ သူ့ရဲ့အရသာက ပန်းသီးနီနဲ့ ပိုတူပြီး အရည်ညှစ်လိုက်တဲ့အခါ ချဉ်တဲ့အရသာက နည်းနည်းပိုလာလိမ့်မယ်"

"မှန်တယ် ဒါကို ကျွန်တော် သိပြီးသားပါ" ဟု ချူးရှောင်က အလေးအနက်မထားသော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

"အဲဒီ ချဉ်တဲ့အရသာကို ထိန်းထားနိုင်ဖို့အတွက် ခင်ဗျားက မော်တို့စ် (Maltose) နည်းနည်း ထည့်တယ်။ ဒါပေမဲ့ မော်တို့စ်ကိုယ်တိုင်မှာလည်း ချဉ်တဲ့ဓာတ်က ပါနေတယ်လေ"

"ကျွန်တော် တစ်ဂရမ်ပဲ ထည့်လိုက်တာပါ "

အန်ဒရူးသည် ယွမ်ကျိုးအား မယုံနိုင်စရာ အကြည့်များဖြင့် စိုက်ကြည့်နေမိ၏။ သူ၏ စိတ်ထဲ၌မူ 'ဒီလူက လူမဟုတ်ဘူး။ သူက ဘီလူးတစ်ကောင်လိုပဲ ' ဟု တွေးနေမိသည်။ အန်ဒရူး၏ အကြည့်များမှာ ယွမ်ကျိုးနှင့် ချူးရှောင်တို့ နှစ်ဦးကြား၌ ကူးလူးလျက် ရှိနေတော့သည်။

"ငါ သဘောပေါက်ပြီ "

ချူးရှောင်သည် မိမိ၏ စိတ်တွင်း၌ ပြန်လည်သုံးသပ် ကြည့်ရာ ယွမ်ကျိုး၏ ထောက်ပြချက်နှင့် တစ်ထပ်တည်း ကျနေသည်ကို တွေ့ရှိလိုက်ရသည်။ အပူပေးလိုက်သည့်အခါ မော်တို့စ် (Maltose) မှ အချဉ်ဓာတ် အနည်းငယ် ထွက်ပေါ်လာပြီး ထောပတ်အတွင်းသို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့နောက်အချဉ်ဓာတ်မှာ နူးညံ့သော ငန်းအသည်းအတွင်းသို့ စိမ့်ဝင်သွားမည်မှာလည်း မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။

"ဂျီနာပန်းသီးအစား 'ဝမ်လင်' ပန်းသီးကို ပြောင်းသုံးလိုက်ရင် သစ်ခွပန်းရနံ့က ငန်းအသည်းထဲကို စိမ့်ဝင်သွားပြီး အရသာ ပိုကောင်းလာရုံသာမက အချဉ်ဓာတ် ၄၀ရာခိုင်နှုန်း အချိုဓာတ် ၅၀ငါးရာခိုင်နှုန်းဆိုရင် ပိုပြီးတော့တောင် ပြည့်စုံသွားဦးမှာပါ" ဟု ယွမ်ကျိုးက ပါဝင်ပစ္စည်းများ၏ လျှို့ဝှက်ချက်ကို ဆက်လက်ဖော်ပြလိုက်သည်။

"ဒါ့အပြင် ငန်းအသည်းရဲ့ မူလသစ်ကြားသီးရနံ့နဲ့ လိုက်ဖက်အောင် သစ်ခွပန်းရနံ့ကို သုံးတာက ပိုပြီးတော့ သဘာဝကျတယ်"

ယွမ်ကျိုးသည် ဤမျှရှည်လျားသော စကားစုများကို ပြောဆိုပြီးနောက် တစ်ချက်ပင် လှည့်မကြည့်ဘဲ ရေသောက်လိုက်၏။ သူသည် သာမန်အားဖြင့် စကားကို ခြွေ၍ ပြောတတ်သူ ဖြစ်လေသည်။

"သစ်ခွပန်းလို ပြင်းထန်တဲ့ ရနံ့မျိုးက ငန်းအသည်းရဲ့ ရနံ့ကို ထိခိုက်စေနိုင်တယ် မဟုတ်ဘူးလား" ဟု ချူးရှောင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ချေပလိုက်သည်။

"မှန်တယ်၊ ဒါပေမယ့် အဲလို မဖြစ်အောင် နွားတွေကို ပန်းသီးပဲကျွေးမယ်။ ပြီးရင် ဝမ်လင်ပန်းသီးရဲ့ ရနံ့ပါတဲ့နွားနို့အနည်းငယ်ကို ထောပတ်ထဲ ထည့်လိုက်မယ်လေ" ဟု ယွမ်ကျိုးက သဘာဝကျကျပင် ပြန်လည်တုံ့ပြန်လိုက်၏။

"ဒါပေမဲ့ အစာကျွေးတဲ့ သက်တမ်းကတော့ တစ်နှစ်ထက် နည်းလို့မရဘူး" သူက ခဏတာ စဉ်းစားပြီးမှထပ်လောင်းဆိုသည်။

ထိုအခါ စားသောက်ဆိုင်အတွင်း၌ တိတ်ဆိတ်မှုက အချိန်တော်ကြာ စိုးမိုးသွားလေတော့သည်။ ချူးရှောင်သည် ထိုဖြစ်နိုင်ခြေကို အလေးအနက် စဉ်းစားနေသကဲ့သို့ ကျိုးရှီကျဲမှာလည်း အခြားသူများ မသိနိုင်သော အတွေးတစ်ခုတွင် နစ်မြုပ်နေ၏။ အန်ဒရူးမှာမူ စကားတစ်လုံးမျှပင် မပြောဝံ့ချေ။

ယွမ်ကျိုးမှာမူ ထိုကိစ္စများနှင့် မသက်ဆိုင်သကဲ့သို့ ပန်းကန်အတွင်းရှိ အစားအစာများကိုသာ အာရုံစိုက်၍ စားနေ‌တော့သည်။ စားဖိုမှူးတစ်ဦးအတွက် မိမိအား တည်ခင်းသော ဟင်းလျာကို ကုန်စင်အောင် စားခြင်းမှာ အခြေခံအကျဆုံးသော လေးစားမှုဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်ပေသည်။

"ယွမ်လေး... နွားတွေကို တစ်နှစ်လုံး အစာကျွေးရတဲ့နည်းအပြင် တခြားဖြေရှင်းနည်းကော ရှိသေးလားလား" ဟု ကျိုးရှီကျဲက လှမ်း၍ မေးလိုက်သည်။

"ရှိတာပေါ့။ မျိုးကွဲပြောင်းပြီး ကြက်သွန်နီအချို့ ထည့်လိုက် ရနံ့နှစ်မျိုးက တစ်ခုနဲ့တစ်ခု အထောက်အကူပြုသွားလိမ့်မယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ပိုကောင်းတာပေါ့" ဟု ယွမ်ကျိုးက တည့်တည့်ပင် ဖြေကြားလိုက်၏။

"ကြက်သွန်မြိတ်ကိုလည်း သုံးရမယ် ကြက်သွန်မြိတ်ရဲ့ အဖြူရောင်အပိုင်းကိုပဲ သုံးမယ်ဆိုရင် ပိုချိုလိမ့်မယ် ပြီးတော့ ငရုတ်ကောင်းနည်းနည်းနဲ့ဆို ပိုလိုက်ဖက်တယ်" ဟု ချူးရှောင်က ဝင်ရောက်ဖြည့်စွက်သည်။

"မှန်တယ်" ဟု ယွမ်ကျိုးက ခေါင်းညိတ်ပြ၏။

"သူဌေးယွမ်မှာ ပြင်သစ်ဟင်းလျာတွေနဲ့ ပတ်သက်ပြီး ဒီလောက် ဗဟုသုတ ရှိလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး" ဟု ချူးရှောင်က လေးနက်စွာ ဆိုလိုက်သည်။

"မဟုတ်ရပါဘူး။ ကျွန်တော် အရင်က စာအုပ်ထဲမှာ ဖတ်ဖူးလို့ နည်းနည်းပါးပါး သိတာပါ" ဟု ယွမ်ကျိုးက ရှက်ရွံ့စွာ ဆိုသည်။ သူသည် ဒေသထွက်ဟင်းလျာများကိုပင် ကျွမ်းကျင်ခြင်းမရှိသေးဟု မိမိကိုယ်ကိုယ် ယူဆထားသူ ဖြစ်သည်။

"မင်းက အရမ်းနှိမ့်ချလွန်းတာပဲ"

"ကျတော် တကယ်ပြောနေတာပါ" ယွမ်ကျိုးက မျက်မှောင်ကြုတ်လျက် လေးနက်စွာ ဆိုလိုက်သော်လည်း သူ၏စကားကို မည်သူကမျှ မယုံကြသည့်အတွက် စိတ်ထဲမှ အံ့သြနေမိသည်။

ခဏတာအတွင်း စားသောက်ဆိုင်အတွင်း၌ ပန်းကန်ခွက်ယောက်သံ အနည်းငယ်သာ ကြားရတော့သည်။ အန်ဒရူးသည် ထိုအခြေအနေတွင် တရုတ်စကားပုံတစ်ခုဖြစ်သည့် "ဧကရာဇ်နှင့် နီးကပ်စွာနေရခြင်းက ကျားတစ်ကောင်နှင့် နီးကပ်စွာနေရသလိုပဲ" ဟူသော စကားပုံကို သတိရနေမိ၏။

"ငါ စားလို့ ပြီးပြီ။ အတော့်ကို ကောင်းတဲ့ လက်ရာတစ်ခုပါ။ ကျေးဇူးတင်ပါတယ် စားဖိုမှူးကြီး"

ကျိုးရှီကျဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရင်း သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ကျေနပ်စွာ ဆိုလိုက်သည်။ ချူးရှောင်ကမူ ယနေ့ ဟင်းလျာ၏ ချို့ယွင်းချက်များအတွက် စိတ်ရင်းဖြင့် တောင်းပန်‌နေလေ၏။

"ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီတစ်ခါ မင်း ဧည့်ခံတာဆိုတော့ နောက်တစ်ခါ ငါ ညစာကျွေးမယ်ဆို မငြင်းနဲ့ဦး" ဟု ကျိုးရှီကျဲက လေးနက်စွာ ဆိုလိုက်သည်။ သူသည် ချူးရှောင်အား ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေခြင်းပင် ဖြစ်၏။

ယွမ်ကျိုးသည် ကျိုးရှီကျဲ၏ ရည်ရွယ်ချက်ကို သိနေသော်လည်း လျစ်လျူရှုသည့် အမူအရာဖြင့်သာ နေခဲ့သည်။ ဤသည်မှာ သူ၏ ဟင်းချက်ကျွမ်းကျင်မှုအပေါ် ထားရှိသော ယုံကြည်ချက်ပင် ဖြစ်လေတော့သည်။

အပိုင်း(၄၀၈)

ပြီးပါပြီ။

All Chapters