ဒီနေ့ကစပြီးတော့ ငါက ကြက်တစ်ကောင်ပဲ
Vol. 26 Ch. 252
အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး နှင်းပွင့်များ ပျံ့လွင့်နေပေ၏။
မူလက မင်ရည်ကဲ့သို့ မည်းနက်နေသော နတ်ဆိုးမြို့တော်သည် ယခုအချိန်၌ ရေခဲများ နှင်းမုန်တိုင်းများဖြင့် ဖုံးလွှမ်းနေသည်။
အချိန်၏အမှတ်အသားများ ပြည့်နှက်နေသော မြို့တံခါးများတွင် ယခုအချိန်၌ အဆက်မပြတ် ဝင်ရောက်လာသော လူများကို မြင်တွေ့နေရသည်။
နတ်ဆိုးမြို့တော် ကျရောက်လာပြီးနောက် အင်အားစုတချို့သည် စောစီးစွာ ရောက်ရှိလာခဲ့ကြသော်လည်း စိုးရိမ်ပူပန်မှုအမျိုးမျိုးကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတစ်ယောက်ပြီးတစ်ယောက် နတ်ဆိုးမြို့တော်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
တဖြည်းဖြည်းနှင့် လူအများသည် ငြိမ်သက်စွာ ထိုင်မနေနိုင်ကြတော့ချေ။
သူတို့သည် ဤနေရာသို့ ရတနာများကို လုယူရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏။
အကယ်၍ တခြားလူများက အမွေအနှစ်ကို ရရှိသွားခဲ့ပြီး သူတို့သည် မြို့တံခါးဝသို့ပင် မဝင်ရသေးပါက ဤသည်မှာ ကြီးမားသော ဟာသပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဤအချိန်အခိုက်အတန့်တွင် ရေတွက်၍မရနိုင်သောလူများ မြို့ထဲသို့ စုပြုံ၍ ဝင်ရောက်လာကြသည်။
သို့ရာတွင် ဤလူများအနက် လူအားလုံးသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို လိုချင်တပ်မက်နေကြခြင်း မဟုတ်ပေ။
လူတချို့သည် အရှုပ်အထွေးထဲတွင် အမြတ်ထုတ်ရန် အကြံအစည်ဖြင့် ရောက်လာကြခြင်း ဖြစ်ပေ၏။
သူတို့၏အမြင်အရ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို သူတို့ ရရှိပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အကယ်၍ သူတို့ မရရှိနိုင်ပါက နတ်ဆိုးမြို့တော်ကို နတ်ဆိုးသခင်က ကြီးမားသော အားထုတ်မှုဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုထားသဖြင့် တခြားသော ကောင်းမွန်သည့်အရာများစွာ ရှိနေပေမည်။ အကယ်၍ သူတို့သည် ထိုရတနာများ၏အစအနများကို ရှာတွေ့နိုင်လျှင်ပင် ဤှသည်က သူတို့အတွက် တန်ဖိုးရှိသော ခရီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင် နတ်ဆိုးမြို့တော်သည် မဖွံ့ဖြိုးသေးသော ရတနာသိုက်တစ်ခုနှင့်တူညီနေပြီး ကျင့်ကြံသူတစ်စုပြီးတစ်စုကို ဝင်ရောက်လာရန် ဆွဲဆောင်နေသည်ဟု ဆိုနိုင်ပေ၏။
သူတို့သည် ချမ်းသာကြွယ်ဝလာမည့်အကြောင်းကို အိပ်မက်မက်နေဆဲအချိန်တွင် တစ်စုံတစ်ယောက်သည် ညတွင်းချင်း ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်းကို သူတို့ အနည်းငယ်မျှပင် မသိရှိခဲ့ကြချေ။
အချိန်သုံးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
သုံးရက်အတွင်း နှင်းလွင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
လူအားလုံးနီးပါးသည် နတ်ဆိုးမြို့တော်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြလေပြီ။
ကျုံးချင်သည် နောက်ဆုံးလူစုနှင့်အတူ မြို့ထဲသို့ ဝင်ရောက်လာခဲ့၏။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူ၏နောက်မှ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်း၍ လိုက်ပါလာကြသည်။
ယခုအချိန်တွင် နတ်ဆိုးမြို့တော်သည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
ဤသည်မှာ အလွန်ပျက်စီးယိုယွင်းနေဆဲဟု ထင်ရသော်လည်း....
လူများ ပို၍များပြားလာသည်နှင့်အမျှ ချီစွမ်းအင်များလည်း ပို၍အားကောင်းလာခဲ့ပေ၏။
ချီစွမ်းအင်များ ပို၍အားကောင်းလာချိန်၌ ဤသည်က လူအများအား ကြွယ်ဝချမ်းသာမှု၏ အတုအယောင် ခံစားချက်ကိုပင် ပေးစွမ်းနိုင်ခဲ့သည်။
"သခင်... ကျွန်တော် မှတ်မိသလောက်ဆိုရင် အတိတ်မှာ နတ်ဆိုးမြို့တော်က အခုထက် အဆပေါင်းထောင်ချီပြီး ပိုစည်ကားခဲ့တာပါ..."
"အဲ့ဒါ အဲ့ဒီ သေသင့်တဲ့ ကောင်းကင်ဘုံနတ်ဘုရားကြောင့်ပဲ... သခင် တံခါးပိတ်ကျင့်ကြံနေချိန်မှာ သူသာ ခြုံခိုမတိုက်ခိုက်ခဲ့ဘူးဆိုရင် နတ်ဆိုးမျိုးနွယ်က အခုလို အခြေအနေအထိ ဘယ်လိုလုပ်ပြီး ကျဆင်းသွားနိုင်မှာလဲ..."
နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် နတ်ဆိုးမြို့တော်တွင် လူများဖြင့် ပြန်လည်စည်ကားနေသည်ကို မြင်တွေ့ချိန်၌ အတိတ်ကို ပြန်မတွေးဘဲ မနေနိုင်ကြချေ။
မော့ရီက ကြီးမားသော မကျေနပ်ချက်များဖြင့် ပြောဆိုလိုက်၏။ ထိုကောင်းကင်ဘုံနတ်ဘုရားအကြောင်းကို ပြောဆိုချိန်၌ သူသည် အလွန်နက်ရှိုင်းသည့် နာကြည်းမုန်းတီးမှုဖြင့် ထိုနတ်ဘုရား၏အရိုးများကို ဆွဲထုတ်ပြီး အသားများကို ဝါးစားလိုသည့်အလားပင်။
ကျုံးချင်သည် ဤကိစ္စနှင့် ပတ်သက်ပြီး မော့ရီ၏အတွေးများကို အနည်းငယ် နားလည်နိုင်သည်။
ယခင်က သူ၏ ဂုဏ်ကျက်သရေများအားလုံးသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ယခင်က အပေါင်းအဖော်များ အားလုံးသည်လည်း ကွယ်လွန်သွားခဲ့လေပြီ။
မည်သူမဆို ဤှသို့ဖြစ်လာရန် ဆန္ဒရှိမည် မဟုတ်ချေ။
သို့သော် ကောင်းကင် မြေပြင် အင်မော်တယ်များနှင့် နတ်ဘုရားများကို မုန်းတီးနေသော ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် နောက်ဆုံးတွင် အလွန်အမင်း အားလပ်နေကြသည်။
သူတို့ထံတွင် လုပ်စရာ ဘာမှမရှိပေ။
ရိုးရိုးရှင်းရှင်း ပြောဆိုရလျှင် သူတို့သည် ပျင်းရိပြီး အတွေးလွန်နေကြခြင်း ဖြစ်ပေ၏။
ဤအရာကို တွေးမိချိန်၌ ကျုံးချင်က သူတို့ကို လုပ်စရာတစ်ခုခုကို ရှာပေးရန် ဆုံးဖြတ်လိုက်သည်။
"ကြက်ပေါက်စတစ်..."
ဤသည်က မော့ရီ၏ ဒေါသထွက်နေသော စိတ်ခံစားမှုများကို ငြိမ်သက်သွားစေသည်။
သူသည် ကျုံးချင်အား သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏ ကြက်ဖြစ်တည်မှုကို သံသယဝင်နေသည့်အလား တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"သခင်... ကျွန်တော်က ကြက်ပေါက်စတစ် မဟုတ်ပါဘူး... ကျွန်တော်က မော့ရီပါ..."
ကျုံးချင်က မော့ရီ၏ခေါင်းကို ပုတ်လိုက်၏။
"နာမည်တွေက အတူတူပဲ... ဤအသေးစိတ်အချက်အလက်တွေကို ဂရုစိုက်မနေနဲ့..."
အဓိကအားဖြင့် ကျုံးချင်သည် သူတို့ကို မမှတ်မိနိုင်သဖြင့် ဤသို့ခေါ်ဝေါ်ခြင်းက ပို၍ သင့်လျော်သည်။
ဤသည်က မော့ရီကို ပို၍ပင် စိတ်မကျေမနပ် ဖြစ်သွားစေပေ၏။
နာမည်အားလုံး အတူတူဟူသည်မှာ ဖြစ်နိုင်သလော....
မော့ရီဟူသည်မှာ မည်မျှထိ လွှမ်းမိုးနိုင်စွမ်းရှိသော အမည်ဖြစ်သနည်း....
ကြက်ပေါက်စတစ်ဟု ခေါ်လိုက်သလော....
ဤသည်က ဂုဏ်သိက္ခာရှိသော နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ ခေါင်းဆောင်ဖြစ်သူ သူ့ကို ကြက်ပေါက်စလေးတစ်ကောင်ကဲ့သို့ ထင်ရစေသည်။
သို့သော် သူသည် မကျေမနပ်ဖြစ်နေသော်လည်း သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်၏။
ယခုအချိန်၌ သူသည် အမှန်တကယ်ကို အားနည်းသော ကြက်တစ်ကောင်နှင့် တူနေသည်။
သူ့ကို ကြက်ပေါက်စတစ်ဟု ခေါ်ခြင်းမှာ အမှန်တကယ်ကို ပို၍သင့်လျော်သည်။
"သခင်...ဘာအမိန့် ပေးချင်လို့လဲ..."
မော့ရီသည် ကြက်ပေါက်စတစ်ဟူသော ဂုဏ်ပုဒ်နှင့် ပတ်သက်၍ သံသယများ ရှိနေသော်လည်း သူသည် ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်ဆဲပင်။
ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ပိုင်လင်းက ငါ့ရဲ့ အနာဂတ်တပည့်လို့ အရင်က မင်းကို ငါ ပြောခဲ့တယ်.. ဒီအစစ်အမှန်နတ်ဆိုးအမွေအနှစ်က သူ့အတွက်ပဲ...အခု မြို့ထဲကို လူတွေအများကြီး ရောက်လာပြီဆိုတော့ ပိုင်လင်း အန္တရာယ်ကင်းအောင် ငါ မင်းတို့ကို သူ့ကို လျှို့ဝှက်ကာကွယ်ပေးဖို့ စေလွှတ်လိုက်မယ်...ပိုင်လင်းအတွက် ခြိမ်းခြောက်မှုလို့ မင်းတို့ ထင်တဲ့သူတိုင်းကို သင့်လျော်သလို ဖယ်ရှားနိုင်တယ်..."
နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် ကျုံးချင်၏ အမိန့်များကို အမြဲတစေ ခြွင်းချက်မရှိ နာခံခဲ့ကြသည်။
"သခင်... ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားရမလား..."
တာဝန်တစ်ခုရှိကြောင်း ကြားချိန်၌ စိတ်အခြေအနေ သိပ်မကောင်းလှသော နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး၏ မျက်လုံးများ တောက်ပသွားသည်။
ဤအကြောင်းကို ပြောဆိုရလျှင် သူတို့သည် စိတ်အားတက်ကြွလာသည်။ ဤတာဝန်သည် သူတို့နှင့် အလွန်သင့်တော်ကာ အထူးသဖြင့် သူတို့သည် လူများကိုလည်း သတ်ဖြတ်နိုင်သောကြောင့်ပင်။
ဘဲခုနစ်သည် သူ၏လက်သီးများကိုပင် ပွတ်သပ်လိုက်ပြီး ကြီးကျယ်ခမ်းနားမှုတစ်ခု ဖန်တီးရန် ပြင်းပြသော ဆန္ဒရှိနေသည်မှာ သိသာထင်ရှားပေ၏။
ကျုံးချင်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မော့ရီ၏နဖူးကို တစ်ချက်တောက်လိုက်သည်။
"ဒီခရီးမှာ မင်းတို့ကို ပိုင်လင်း သတိမထားမိအောင် ကြိုးစားပြီး နေကြစမ်း...အထူးသဖြင့် ဘဲခုနစ် မင်းပဲ...လူတိုင်းကို အသိမပေးနဲ့..."
"သခင်... ကျွန်တော်က ဘဲခုနစ် မဟုတ်ပါဘူး... ကျွန်တော်က မော့ချီပါ..."
မော့ချီသည် မော့ရီနှင့် အတိအကျတူညီသော မကျေနပ်မှုကို ခံစားခဲ့ရပေ၏။
သို့သော် ကျုံးချင်က မကြားချင်ယောင်ဆောင်နေခဲ့သည်။
"သွားတော့...ငါ့စကားတွေကို မှတ်ထား... ဘယ်သူမှ သတိမထားမိအောင် ကြိုးစားကြစမ်း..."
"ဟုတ်ကဲ့ပါ သခင်..."
ဤအချိန်တွင် မော့ရီနှင့်မော့ချီတို့သည် ဂုဏ်ပုဒ်များကို ဂရုမစိုက်ကြတော့ပေ။ သူတို့၏စိတ်ထဲတွင် ကျုံးချင်၏အမိန့်များက တခြားအရာအားလုံးထက် သာလွန်နေပေ၏။
သူတို့၏သခင်အတွက် ပြဿနာများ ဖြေရှင်းရာတွင် ကူညီပေးရန်မှာ သူတို့၏တာဝန်ပင်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး ဆူညံစွာဖြင့် ပျံသန်းသွားကြသည်။
ထိုအချိန်တွင် ကျုံးချင်သည် မြင့်မားသော အဆောက်အအုံတစ်ခုပေါ်၌ထိုင်ကာ ဝိုင်အရက်တစ်အိုးကိုမော့သောက်ပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် နတ်ဆိုးမြို့တော်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ကြသည်။
သူတို့သည် ဤနေရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြပြီး မျက်စိမှိတ်ထားလျှင်ပင် ဖြတ်လျှောက်သွားနိုင်သည်ဟု ဆိုနိုင်ပေ၏။
ကြက် ဘဲ ဝက်နှင့် နွားတစ်စု၏ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၌...
မော့ချီက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"အစ်ကိုကြီး... သခင်က အစ်ကိုကြီးကို ဘာလို့ ကြက်ပေါက်စတစ်လို့ ခေါ်ပြီး ကျွန်တော့်ကို ဘာလို့ ဘဲခုနစ်လို့ ခေါ်တယ်လို့ အစ်ကိုကြီး ထင်လဲ..."
"သခင်က ပြန်လည်ဝင်စားခြင်းကနေ ပြန်ရောက်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ကိုတောင် မေ့သွားပြီလို့ အစ်ကိုကြီး ထင်လား..."
သူသည် ဘဲမျက်နှာနှင့် ယှဥ်တွဲပြီး ခါးသီးသော မျက်နှာအမူအယာရှိကာ သူ့ကို ရိုးအပြီး ချစ်စဖွယ်ကောင်းသော ခံစားချက်အား ပေးစွမ်းနေသည်။
အကယ်၍ သူ၏ယခင်ရန်သူများသာ သူ့ကို ဤကဲ့သို့ပုံစံဖြင့် မြင်တွေ့ခဲ့လျှင် သူတို့သည် ဆွံ့အသွားကြပေလိမ့်မည်။
မျက်တောင်မခတ်ဘဲ သတ်ဖြတ်ပြီး အရိုးထွေးမထုတ်ဘဲ လူသားစားသည့် နတ်ဆိုးခေါင်းဆောင်အဖြစ် တစ်ချိန်က လူသိများခဲ့သော ဂုဏ်သိက္ခာရှိသည့် မော့ချီသည် မည်သည့်အချိန်ကစ၍ ချစ်စရာကောင်းအောင် ပြုမူတတ်ရန် သင်ယူခဲ့သနည်း။
မော့ရီသည်လည်း အလွန်စိတ်ဓာတ်ကျနေပေ၏။ သို့သော် သူက ပြောဆိုလိုက်ဆဲပင်။
"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့... သခင်က ဘယ်လိုလူမျိုးလဲ... သူရဲ့ စကားတိုင်း လုပ်ရပ်တိုင်းမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိရမယ်..."
"ဒါပေမဲ့ အဲ့ဒီနက်ရှိုင်းတဲ့ အဓိပ္ပာယ်က ဘာလဲ..."
မော့ချီ၏ ကြည်လင်သော မျက်လုံးများတွင် နက်ရှိုင်းသော ရှုပ်ထွေးမှုများ ထင်ဟပ်နေသည်။
နွားဝါကြီးတစ်ကောင်က ချဉ်းကပ်လာပြီး အသံဩဩဖြင့် ပြောဆိုလိုက်၏။
"အစ်ကိုကြီး...အစ်ကိုခုနစ်... ကျွန်တော် ပြောစရာရှိတယ်... ဒါပေမဲ့ ကျွန်တော် ပြောသင့်မပြောသင့် မသိဘူး..."
"ပြောစမ်းပါ..."
"သခင်က ဘယ်လိုလူမျိုးလဲ... အတိတ်မှာ သူ ရှုံးနိမ့်ခဲ့တုန်းက အဲ့ဒီ ယုတ်မာတဲ့ ကောင်းကင်ဘုံနတ်ဘုရားက သူ့ကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သံသယရှိခဲ့ပေမဲ့....သခင်က အဲ့ဒီကိစ္စကို သူ့ရဲ့တစ်သက်တာ အရှက်ရမှုလို့ သတ်မှတ်ခဲ့မှာ အသေအချာပဲ..."
"သခင်က အတိတ်ကို သိပ်မပြောချင်ဘူးလို့ မင်းတို့ ထင်လား..."
"ဒါကြောင့်မလို့ ငါတို့ကို အထောက်အထားအသစ် ပေးတာများလား..."
"ဒါက သခင်က ငါတို့ကို မေ့သွားတာ မဟုတ်ဘဲနဲ့ ငါတို့အပေါ် သူ့ရဲ့ မြင့်မားတဲ့ အလေးထားမှု လက္ခဏာတစ်ခုလား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မော့ရီနှင့်မော့ချီတို့၏ မျက်လုံးများ ချက်ချင်းတောက်ပသွားကြသည်။
ဘဲခုနစ်က အံ့အားသင့်စွာဖြင့် နွားဝါကြီးကို ကြည့်ကာ အော်ဟစ်လိုက်၏။
"ဆယ့်တစ်... ငါ မသိခဲ့ဘူး... အရင်တုန်းက မင်းကို ရိုးရှင်းတဲ့စိတ်ရှိပြီးတော့ ခွန်အားကြီးတဲ့သူလို့ပဲ ငါသိခဲ့တာ... ဒါပေမဲ့ မင်းမှာ ဒီလိုထိုးထွင်းသိမြင်မှုမျိုး ရှိနေမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..."
နွားဝါကြီးက ရိုးရှင်းပြီး ရိုးသားသော အပြုံးဖြင့် ပြောဆိုလိုက်သည်။
"အစ်ကိုခုနစ်က ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ"
နွားဝါကြီး၏ရှင်းပြချက်ကြောင့် မော့ရီနှင့် မော့ချီတို့၏ စိတ်ဓာတ်ကျနေသော နှလုံးသားများမှာ သိသိသာသာ ပို၍ပေါ့ပါးသွားသည်။
မော့ရီက သူ၏နာမည်ကို တိုက်ရိုက်ပြောင်းလဲလိုက်သည်။
"ဒီနေ့ကစပြီး ငါ့ကိုယ်ငါ ကြက်ပေါက်စတစ်လို့ ခေါ်မယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ..."
ထိုအချိန်မှစ၍ သူသည် ကြက်ပေါက်စတစ်အဖြစ် သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။
မော့ချီသည်လည်း အရှုံးမပေးဘဲ သူ၏နာမည်ကို ဘဲခုနစ်ဟု ပြောင်းလဲလိုက်၏။
ကြွင်းကျန်သော နတ်ဆိုးစစ်သူကြီးဆယ်ဦးသည်လည်း ကြက်ပေါက်စတစ်နှင့် ဘဲခုနစ်တို့၏ ခြေရာနောက်သို့ လိုက်ကာ သူတို့၏ နာမည်များကို ပြောင်းလဲရန် ဆူညံစွာ တောင်းဆိုလာကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့ သခင်၏ရည်ရွယ်ချက်ပင်။
သူတို့က မည်သည်ကြောင့် မနာခံဘဲ နေဝံ့မည်နည်း။