← Chapters

ဒေါသထွက်နေသော ကြက်

Vol. 26 Ch. 253

ဒေါသထွက်နေသော ကြက်

Vol. 26 Ch. 253

အကြောင်းအကျိုးကို နားလည်သဘောပေါက်သွားပြီဟု ယုံကြည်နေကြသော ကြက်များနှင့် ဘဲများသည် အလွန်ပျော်ရွှင်သွားကြ၏။

ကြက်ပေါက်စတစ်သည် သူ၏ကြက်ခြေထောက်များကိုပင် ဝှေ့ယမ်းပြီး သူ၏ တောင်ပံများကို ခတ်လိုက်ရာ တဖျပ်ဖျပ်မြည်သံများ ထွက်ပေါ်လာသည်။

သူသည် ပျံ့လွင့်နေသော ကြက်မွေးများဖြင့် ရှုပ်ပွနေပုံရသော်လည်း ကြီးမြတ်ပြီး ခံ့ညားနေသည်။

"ငါတို့အပေါ်ထားတဲ့ သခင်ရဲ့ ကျေးဇူးတရားက တောင်တန်းကြီးလိုပဲ ကျယ်ပြန့်တယ်... ငါတို့က သူ့ကို အဆတစ်ရာ ပြန်ဆပ်ရမယ်..."

"ညီအစ်ကိုတို့... ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြတော့... သခင်ပေးအပ်ထားတဲ့ တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရမယ်..."

သူသည် ထူးဆန်းသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် နတ်ဆိုးမြို့တော်၏ အထက်ကောင်းကင်ယံတွင် လှည့်လည်ပျံသန်းနေစဉ် ကြက်ပေါက်စတစ်သည် လူအမြောက်အများ စုဝေးနေသော အဆောက်အအုံတစ်ခုကို သတိထားမိသွားသည်။

သူသည် မျက်မှောင်ကြုတ်ပြီး အက်ရှရှအသံဖြင့် ပြောဆိုလိုက်၏။

"ဒီလူတွေထဲက ဘယ်သူက သခင်မလေး ပိုင်လင်းကို ခြိမ်းခြောက်နိုင်မယ်လို့ မင်းတို့ ထင်လဲ..."

အနီးအနားတွင်ရှိသော ကြက်ပေါက်စနှစ်က တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုသည်။

"အစ်ကိုကြီး...ဒီလူတွေအားလုံးက ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော် ခံစားရတယ်...သူတို့အားလုံးကို သတ်ပစ်လိုက်ရင်ရော...ဘယ်လိုသဘောရလဲ..."

ဘဲခုနစ်က အလျင်အမြန် တားမြစ်လိုက်သည်။

"အဲ့ဒီလိုလုပ်လို့ မရဘူး... သခင်က ငါတို့ကို လူတွေအများကြီး သတိမထားမိအောင် လုပ်ဖို့ ပြောထားတာမဟုတ်လား...ငါတို့က သူတို့အားလုံးကို အကုန်သတ်ပစ်လိုက်ရင် အရမ်း သိသာလွန်းနေမယ်..."

ထိုစကားကိုကြားချိန်၌ ကြက်ပေါက်စတစ်သည် အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားပေ၏။

"ညီခုနစ်...ဒီကိစ္စက ဘယ်လိုလုပ်ပြီး သိသာနေတာ ဖြစ်မှာလဲ...တကယ်လို့ ဒါကသိသာတဲ့လုပ်ရပ်ကို လုပ်မယ်ဆိုရင် ငါတို့က ဒီနေရာတစ်ခုတည်းက လူတွေကိုပဲ ပစ်မှတ်မထားဘဲနဲ့... မြို့တစ်မြို့လုံးက လူတွေကို တိုက်ရိုက်သတ်ဖြတ်လိုက်မှာပေါ့..."

ဤစကားများကြောင့် ဘဲခုနစ်၏ဦးနှောက်လည်ပတ်မှု သုံးစက္ကန့်ခန့် ရပ်တန့်သွားခဲ့သည်။

သူသည် အလုံအလောက် လူမိုက်မလုပ်နိုင်သောကြောင့် ဤညီအစ်ကိုများနှင့် အနည်းငယ် ကင်းကွာနေသည်ဟု သူ ခံစားလိုက်ရသည်။

သို့သော်လည်း ထိုအရာကို သူ သဘောကျပေ၏။

"အစ်ကိုကြီး... အစ်ကိုကြီး ပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ပါ့မယ်...ကျွန်တော်တို့က အစ်ကိုကြီးရဲ့စကားကို နားထောင်ပါ့မယ်..."

ထိုအချိန်မှသာ ကြက်ပေါက်စတစ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ သူ၏အမွှေးအတောင်များကို ခတ်လိုက်သည်။

"ညီအစ်ကိုတို့... တိုက်ပွဲဝင်ဖို့ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြစမ်း..."

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အောက်သို့ထိုးဆင်းသွားကြ၏။

ဤနေရာသည် ဓားတစ်သောင်းဂိုဏ်း၏ စခန်းချသော နေရာပင်။

ဓားတစ်သောင်းဂိုဏ်းသည် အလွန်စွမ်းအားကြီးမားပြီး မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုကြီးလေးစုအောက်ရှိ ပထမတန်းစား အင်အားစုကြီးဆယ်စုအနက်မှ တစ်စုပင်။

ဓားတစ်သောင်းဂိုဏ်းတွင် တပည့်ပေါင်း သောင်းနှင့်ချီ၍ရှိပြီး ဂိုဏ်းချုပ်သည် ယန်သုံးပါးနယ်ပယ် ပထမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သည်။

ဂိုဏ်း၏ဘိုးဘေးကမူ ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေ၏။

နတ်ဆိုးမြို့တော်သို့ လာခဲ့သော ဤခရီးစဉ်အတွက် ဓားတစ်သောင်းဂိုဏ်းသည် သူတို့၏ အင်အားအပြည့်အစုံဖြင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့၏ဘိုးဘေးကိုယ်တိုင်က အဖွဲ့ကို ဦးဆောင်လာခဲ့သည်။

ထို့ပြင် ဓားတစ်သောင်းဂိုဏ်း၏လုပ်ရပ်များသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

သူတို့ ရန်မစဝံ့သော ထိပ်သီးအင်အားစုကြီးလေးစုမှလွဲ၍ သူတို့ထက် ကျင့်ကြံဆင့် နိမ့်ကျသော မည်သူ့ကိုမဆို မကြာခဏ အနိုင်ကျင့်လေ့ရှိကြသည်။

မကြာသေးမီက နတ်ဆိုးမြို့တော်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့၏ဂိုဏ်းစခန်းအဖြစ် အသုံးပြုရန် ကျယ်ဝန်းသော နယ်မြေတစ်ခုကို သိမ်းပိုက်ခဲ့သည်။

အပြင်လူများကို သူတို့၏နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းအား တင်းကြပ်စွာ တားမြစ်ထားပြီး ကျူးကျော်လာသူများကို သနားညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်ရပေမည်။

ယခုအချိန်တွင် ဓားတစ်သောင်းဂိုဏ်း၏ ဌာနချုပ်၌ ဒုတိယမျိုးဆက်တပည့်တစ်စု စုဝေးနေကြသည်။

ဤလူများသည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ထိပ်သီးပါရမီရှင်များပင်။

ဤတစ်ကြိမ်တွင် ဓားတစ်သောင်းဂိုဏ်းသည် ဂိုဏ်း၏အရင်းအမြစ်များအားလုံးကို ထုတ်ယူလာခဲ့သည်ဟု ဆိုနိုင်ပေ၏။

ဤထိပ်သီးတပည့်များသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိရန် မမျှော်လင့်ထားချေ။ သို့ရာတွင် သူတို့အတွက် အတွေ့အကြုံများ ရရှိစေရန် သွေးထွက်သံယိုမှုတချို့ကို မြင်တွေ့စေရန်နှင့် ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြိုတင်၍အသားကျစေရန်တို့မှာ အဆင့်မြင့်အကြီးအကဲများမှ သူတို့ကိုခေါ်ဆောင်လာခြင်း၏ ရည်ရွယ်ချက်ပင်။

ခန်းမဆောင်တစ်ခုအတွင်း၌...

ဓားတစ်သောင်းဂိုဏ်း၏ ထိပ်သီးပါရမီရှင်တစ်စုသည် တက်ကြွစွာ ဆွေးနွေးနေကြ၏။

"အားလုံးပဲ... နတ်ဆိုးမြို့တော်ကို လာတဲ့ ဒီခရီးစဉ်မှာ ဓားတစ်သောင်းဂိုဏ်းက အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိဖို့ အခွင့်အရေး ဘယ်လောက်ရှိတယ်လို့ ထင်ကြလဲ..."

ဓားကဲ့သို့ ထက်ရှသောမျက်ခုံးများနှင့် ကြယ်များကဲ့သို့ စူးရှတောက်ပသော မျက်လုံးများရှိသည့် အဖြူရောင်ဝတ်စုံဝတ် လူတစ်ယောက်က တခြားလူများအား မေးမြန်းလိုက်သည်။

ဤလူ၏အမည်မှာ ပိုင်ရှန်ဖြစ်ပြီး ဓားတစ်သောင်းဂိုဏ်း၏ သခင်လေးပင်။

သူ၏ပါရမီသည် အလွန်ထူးချွန်သဖြင့် ဓားတစ်သောင်းဂိုဏ်းရှိ လူငယ်မျိုးဆက်များအကြားတွင် နံပါတ်တစ်အဖြစ် အသိအမှတ်ပြုခံထားရသည်။

အသက်ခြောက်ဆယ်အရွယ်ဖြင့်ပင် သူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေလေပြီ။

ထိုကြောင့် သူ၏ အနာဂတ်အောင်မြင်မှုများကို ခန့်မှန်း၍ မရနိုင်ချေ။

သာမန်လူများအတွက် အသက် ခြောက်ဆယ်အရွယ်သည် သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက် လှမ်းနေပြီဟု ဆိုလိုနိုင်သော်လည်း ကျင့်ကြံခြင်းလောကတွင် ဤအသက်အရွယ်ကို အိုမင်းသည်ဟု သတ်မှတ်မထားပေ။

ထိုအစား အလွန်ငယ်ရွယ်ပြီး တက်ကြွသွက်လက်သော အခြေအနေတွင် ရှိနေသည်ဟုပင် ဆိုနိုင်ပေ၏။

သူ့ကို လူငယ်ပါရမီရှင်တစ်ဦးဟု ခေါ်ဆိုခြင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

ပိုင်ရှန်သည် ကြယ်များ ဝန်းရံခံထားရသော လတစ်စင်းကဲ့သို့ ဖြစ်နေသည်မှာ သိသာထင်ရှားသည်။

သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် လူများအားလုံးက သူတို့၏အမြင်များကို ပြောဆိုလိုက်ကြသည်။

"ကျွန်တော့်ကို မေးမယ်ဆိုရင်....ဘိုးဘေးကိုယ်တိုင် လှုပ်ရှားမယ်ဆိုမှတော့ ဒီတစ်ကြိမ်မှာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိဖို့ ကျွန်တော်တို့အတွက် အခွင့်အရေးက အရမ်းမြင့်မားတယ်..."

"ဘာပဲဖြစ်ဖြစ် ဒီအမွေအနှစ်အတွက် ဓားတစ်သောင်းဂိုဏ်းရဲ့ အခြေခံအရင်းအမြစ်တွေကိုတောင် အသုံးပြုထားတာလေ..."

"ဓားတစ်သောင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် ထိပ်သီးအင်အားစုကြီးလေးစုက လူတွေနဲ့ ကြုံတွေ့ရရင်တောင် သူတို့ကို မယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိဘူး..."

"ထိပ်သီးအင်အားစုကြီးလေးစုရဲ့ ပြင်ပက လူတွေကိုပြောရရင်တော့ ကျွန်တော်တို့ ဓားတစ်သောင်းဂိုဏ်းကလွဲလို့ ကျန်တဲ့သူတွေက စိုးရိမ်စရာမလိုပါဘူး... သူတို့က အသုံးမကျတဲ့ ကြက်တွေ ခွေးတွေထက် မပိုဘူး..."

လူအုပ်အကြားတွင် မောက်မာမှုများဖြင့် ပြည့်နှက်နေသော ဆူညံသံများ ထွက်ပေါ်လာသည်။

သူတို့သည် သူတို့၏ဂိုဏ်းအပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိနေကြသည်မှာ သိသာထင်ရှားပေ၏။

ဤနေရာရှိ ပတ်ဝန်းကျင်အခြေအနေ အလွန်တက်ကြွနေစဉ်မှာပင်...

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူတို့ရှိနေသော ခန်းမဆောင်၏ပင်မတံခါးကြီးသည်လည်း ကြီးမားသော အင်အားတစ်ရပ်ဖြင့် ကန်ဖွင့်ခြင်း ခံလိုက်ရသည်။

"ဘယ်သူက ငါတို့ ဓားတစ်သောင်းဂိုဏ်းမှာ ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတာလဲ..."

ရုတ်တရက် ဖြစ်ပေါ်လာသော ဤအဖြစ်အပျက်ကြောင့် လူများအားလုံး အံ့အားသင့်သွားကြ၏။

ထို့နောက် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဒေါသထွက်လာကြကာ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေသည်။

သူတို့၏ဓားတစ်သောင်းဂိုဏ်းသည် ထိပ်သီးအင်အားစုကြီးလေးစုပြီးလျှင် ဒုတိယအင်အားအကောင်းဆုံး ပထမတန်းစားအင်အားစုများအနက်မှ တစ်ခုပင်။

သူတို့သည် တခြားလူများကို အမြဲတစေ အနိုင်ကျင့်ခဲ့သူများ ဖြစ်ပြီး သူတို့၏ရှေ့တွင် မည်သူမျှ ရိုင်းစိုင်းစွာ မပြုမူရဲကြပေ။

သို့သော် ယခုအချိန်၌ သူတို့၏အရှေ့တံခါးသည် ကန်ဖွင့်ခြင်း ခံလိုက်ရလေပြီ။

ကန်ကျောက်ခြင်းခံလိုက်ရသည်မှာ တံခါးတစ်ချပ်တည်းသာ ဖြစ်သလော....

ထိုသို့ မဟုတ်ပေ။

ကန်ကျောက်ခံလိုက်ရသည်မှာ ဓားတစ်သောင်းဂိုဏ်း၏ဂုဏ်သိက္ခာ ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

လူအများ၏ ဒေါသတကြီး အကြည့်များကြားတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ခန်းမဆောင်အတွင်းသို့ ကြီးကျယ်ခမ်းနားစွာ ဝင်ရောက်လာခဲ့ကြသည်။

"ကွတ်... ကွတ်... ကွတ်..."

ကြက်ပေါက်စတစ်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"လူသားပုရွက်ဆိတ်တွေ... ကြက်ဘိုးဘိုးကြီး ရောက်လာပြီ... မင်းတို့က ဘာလို့ ဒူးထောက်ပြီး မကြိုဆိုကြတာလဲ..."

အလွန်မောက်မာသော ရယ်သံကြီးက ခန်းမဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။

ထို့နောက် လူငယ်ပါရမီရှင်များ၏မျက်နှာအမူအယာများ သိသိသာသာ သုန်မှုန်သွားသည်။

"တောကြက်တစ်ကောင်ကများ ငါတို့ ဓားတစ်သောင်းဂိုဏ်းမှာ ရိုင်းရိုင်းပျပျ ပြုမူရဲတယ်ပေါ့လေ...မင်းက သေချင်နေတာပဲ..."

ပိုင်ရှန်က အော်ငေါက်ကာ မတ်တတ်ထရပ်ပြီး နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးအား ချေမှုန်းရန် ပြင်ဆင်လိုက်သည်။

ဓားတစ်သောင်းဂိုဏ်း၏ သခင်လေးဖြစ်သောကြောင့် သူသည် ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အတော်အသင့်ရှိပြီး ဒေါသထွက်ခဲသည်။

သို့သော် ယခုအချိန်၌ သူသည် အမှန်တကယ်ကို ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

အိမ်မွေးကြက်ဘဲတစ်စုက ဓားတစ်သောင်းဂိုဏ်းတွင် ရိုင်းစိုင်းစွာ ပြုမူရဲကြသည်။

အကယ်၍ ပြိုင်ဘက်များက စွမ်းအားကြီးမားမည်ဆိုလျှင် သူ နားလည်ပေးနိုင်သည်။

သို့သော် သူတို့သည် အလွန်အားနည်းပုံရပြီး အသိဉာဏ်ရရှိသည်မှာ မကြာသေးသော တိရစ္ဆာန်တစ်စုဖြစ်ကြောင်း သိသာထင်ရှားပေ၏။

ဤသည်မှာ ရုတ်တရက် အိပ်ခန်းထဲသို့ ပိုးလောက်လန်းအချို့ တွားသွားဝင်ရောက်လာသကဲ့သို့ဖြစ်ပြီး အလွန် ရွံရှာဖွယ်ကောင်းကာ ဒေါသထွက်စရာလည်း ကောင်းနေသည်။

သို့သော်လည်း ပိုင်ရှန် ဒေါသထွက်နေချိန်တွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက သူ့ထက်ပင် ပို၍ဒေါသထွက်နေကြ၏။

"ကလေးစုတ်..."

"မင်းကများ ကြီးမြတ်တဲ့ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကို စော်ကားရဲတယ်ပေါ့..."

"ဒီနေ့ ငါ့ကို ကြက်ဘိုးဘိုးကြီးလို့ ခေါ်တဲ့အထိ မင်းကို မရိုက်နှက်နိုင်ဘူးဆိုရင် မင်းရဲ့ မျိုးရိုးနာမည်ကို ငါ ယူမယ်..."

"ဝုန်း..."

ကြက်ပေါက်စတစ်သည် စကားပြောဆိုလိုက်စဉ်မှာပင်...

သူသည် သူ၏တောင်ပံများကို ဖြန့်ကားကာ လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး သူ၏ ကြက်ခြေထောက်တစ်ဖက်ဖြင့် ပိုင်ရှန်အား ချိန်ရွယ်လိုက်သည်။

အားနည်းပုံရသော သူ၏ခန္ဓာကိုယ်သည် လှုပ်ရှားလိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် အင်အားများဖြင့် ပြည့်နှက်နေပေ၏။

သူ၏ကန်ချက်အောက်တွင် လေဟာနယ်ပင် ပြိုကျသွားတော့မည့်အလား ဖြစ်နေသည်။

ရုတ်ချည်းဆိုသလိုပင် ပိုင်ရှန် ထိတ်လန့်တုန်လှုပ်သွားသည်။ သူက ပုရွက်ဆိတ်တစ်ကောင်အဖြစ် သတ်မှတ်ထားသော ကြက်ပေါက်စတစ်သည် သူ့ကို ခုခံရန် အခွင့်အရေးအနည်းငယ်မျှပင် ချန်မထားခဲ့ချေ။

ဤသည်မှာ မည်ကဲ့သို့ ကြက်ခြေသည်းများ ဖြစ်သနည်း။ သူ ထိုအရာကို ဖော်ပြရန်ပင် အလွန်အမင်း ခက်ခဲနေသည်။

ဤအိမ်မွေးတိရစ္ဆာန်များသည် အလွန်သေးကွေးပြီး အားနည်းကာ လွယ်လင့်တကူ ကျိုးပဲ့နိုင်ပုံရသော်လည်း ယခုအချိန်၌ ထိုကြက်ခြေသည်းများက တောင်ကြီးတစ်လုံးအလား သူ့ကို ကန်ကျောက်လာသည်။

ဤသည်က သူ့ကို အနောက်သို့ လွင့်ထွက်သွားစေခဲ့သည်။

သူ၏နံရိုးသုံးချောင်းသည် ဆိုးဆိုးရွားရွား ကျိုးကြေသွားပေ၏။

အချိန်တခဏကြာသည်အထိ ပိုင်ရှန်သည် သူ၏ဘဝကို သူ စတင်၍ သံသယမဝင်ဘဲ မနေနိုင်တော့ပေ။

သူ၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့သည်။

ဤသည်မှာ အမှန်တကယ်ကို ကြက်ပေါက်လေးတစ်ကောင် ဖြစ်သလော....

မည်မျှထိ ကြီးမားသော အရှက်ရမှုဖြစ်သနည်း....

ဓားတစ်သောင်းဂိုဏ်း၏ လေးစားခံရသော ပါရမီရှင်တစ်ဦးဖြစ်သည့် သူသည် ကြက်ပေါက်လေးတစ်ကောင်၏ ကန်ကျောက်မှုကြောင့် လွင့်ထွက်သွားခဲ့သလော....

"တိုက်ခိုက်ကြစမ်း..."

ပိုင်ရှန်က ဒေါသတကြီး အော်ငေါက်လိုက်ပြီးနောက် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ပြောဆိုလိုက်၏။

သို့သော် သူ အချိန်တခဏကြာမျှ စောင့်ဆိုင်းလိုက်သော်လည်း ရှေ့သို့တက်လာသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရချေ။

သူ နောက်သို့လှည့်ကြည့်လိုက်ချိန်၌ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ဓားတစ်သောင်းဂိုဏ်းမှ ရာနှင့်ချီသော ပါရမီရှင်များနှင့် လူငယ်ကျင့်ကြံသူများသည် ယခုအချိန်၌ ဘဲတစ်ကောင်၏မြေပြင်ပေါ်တွင် နင်းခြေခြင်းကို ခံထားရပသည်။

All Chapters