← Chapters

လင်းလျို့နတ်သမီး လာလည်ခြင်း

Vol. 37 Ch. 400

လင်းလျို့နတ်သမီး လာလည်ခြင်း

Vol. 37 Ch. 400

"ဘာ... ဖူလင်ဆေးလုံး မရှိတော့ဘူး ဟုတ်လား"

ရွှမ်ယွင်မျှော်စင်၏ ဧည့်ခန်းမဆောင်အတွင်း ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာ ပြောလိုက်၏။

အရောင်းစာရေးက တစ်ခွန်းတည်း ပြန်ဖြေသည်။ "အင်း... ရောင်းကုန်သွားပြီ"

ထိုလူမှာ ကြောင်အသွားပြီး ထပ်မေး၏။ "ဒါဆို ကျန်းယွမ်ဆေးလုံး ရောလား ချီရှန်တန့် ဆေးလုံး ရောလား"

အရောင်းစာရေးက စစ်ဆေးကြည့်ပြီးနောက် ပြော သည်။ "ဒါတွေလည်း မရှိတော့ဘူး၊ တခြားပစ္စည်းတွေပဲ ရွေးလိုက်ပါ"

ထိုကျင့်ကြံသူမှာ မျက်လုံးအဝိုင်းသားဖြင့် "ဘယ်လိုလုပ် မရှိနိုင်မှာလဲ။ ဒါတွေက အဆင့်နိမ့်ဆေးလုံးတွေပဲလေ။"

" တစ်ချက်လောက် ထပ်ကြည့်ပေးပါဦး၊ မှားနေတာများလား"

ထိုအခါ အရောင်းစာရေးမှာ စိတ်မရှည်တော့ဘဲ ငေါက်ငမ်းလိုက်သည်။ "မရှိဘူးလို့ ပြောရင် မရှိဘူးပေါ့၊ မင်းက ဘာတွေ ဒီလောက်စပ်စုနေတာလဲ။"

" ဝယ်ဦးမှာလား၊ မဝယ်ရင်လည်း ဖယ်ပေးတော့"

ရွှမ်ယွင်မျှော်စင်၏ အရောင်းစာရေးများ ဖြစ်ကြသဖြင့် သူတို့မှာ မောက်မာ နေကြခြင်း ဖြစ်၏။

အထူးသဖြင့် သာမန်ကျင့်ကြံသူများကို ရင်ဆိုင်ရသည့်အခါ မျက်နှာသာပေးရန် မလိုဟု သူတို့ ယူဆထားကြသည်။

ဘာပဲဖြစ်ဖြစ် ထိုကျင့်ကြံသူများက ဘာမှပြန်မပြောရဲကြပေ။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။ ကျင့်ကြံသူမှာ စိတ်ထဲတွင် မကျေနပ်သော်လည်း ဒေါသကို အောင့်ကာ ကောင်တာမှ ထွက်ခွာသွားရုံသာ ရှိတော့သည်။

သို့သော် သူတို့မသိသည်မှာ ထိုကဲ့သို့သော အခြေအနေမျိုးက ရွှမ်ယွင်မျှော်စင် တစ်ခုလုံးတွင် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေခြင်းပင်။

"ဘာ... ကုန်ပစ္စည်းနဲ့ ကိရိယာ တွေ အကုန်ကုန်ပြီ ဟုတ်လား။ တစ်ခုခု မှားနေတာ မဟုတ်ဘူးလား"

"စိတ်ဝိညာဉ် ဆေးလုံးတွေလည်း မရှိတော့ဘူးလား။ မင်းတို့ သိုလှောင်ရုံက ဒီလောက်ပဲ ရှိတာလား"

"နတ်ဘုရားဆေးပင်တွေလည်း ကုန်ပြီလား။ ရွှမ်ယွင်မျှော်စင်က ငါထင်ထားသလောက် မစွမ်းဘူးပဲ"

အလွန်တိုတောင်းသော အချိန်အတွင်း ရွှမ်ယွင်မျှော်စင်၏ ကုန်ပစ္စည်းအားလုံးနီးပါး ရောင်းကုန်သွားခဲ့ပြီ ဖြစ်၏။

လူအများမှာ မျှော်လင့်ချက်အပြည့်ဖြင့် လာခဲ့ကြသော်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လှည့်သွားကြရသည်။

မကြာမီမှာပင် ကျင့်ကြံသူအုပ်စုများမှာ ရွှမ်ယွင်မျှော်စင်မှ စတင်ထွက်ခွာလာကြ၏။

အပြင်ဘက်ရှိ လူများမှာ အခြေအနေကို မသိကြသဖြင့် ဘာဖြစ်သည်ကို အပြေးအလွှား မေးမြန်းကြသည်။

"ဟူး... မပြောပါနဲ့တော့၊ အထဲက ပစ္စည်းတွေ အကုန်ကုန်သလောက် ဖြစ်နေပြီ"

မေးမြန်းသူမှာ မယုံကြည်နိုင်ဘဲ "မဖြစ်နိုင်တာ အဲဒါ ရွှမ်ယွင်မျှော်စင်ပဲလေ၊ ပစ္စည်းတွေ ရောင်းကုန်သွားတဲ့နေ့ ဆိုတာ ရှိလို့လား။"

" သူတို့က ကုန်သွယ်ရေးလောကရဲ့ အကြီးဆုံး ရတနာတိုက်လို့ ကြွေးကြော်ထားတာ မဟုတ်ဘူးလား"

ထိုလူက ခေါင်းခါလျက် "ဘယ်သူသိမှာလဲ၊ အရောင်းအဝယ် အရမ်းကောင်းလို့နေမှာပေါ့။ "

"သွားကြစို့... တခြားနေရာမှာပဲ သွားကြည့်ရအောင်"

လူအများ၏ ပြောစကားများမှတစ်ဆင့် ရွှမ်ယွင်မျှော်စင်တွင် ကုန်ပစ္စည်းများ ပြတ်လပ်သွားသည့် သတင်းမှာ လူအုပ်ကြားထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

သို့သော် သတင်းတစ်ခုမှာ လူအများကြီးကို ဖြတ်သန်းသွားသည့်အခါ ပျံ့ သွားလေ့ ရှိ၏။

"သိပြီးပြီလား... ရွှမ်ယွင်မျှော်စင်ထဲက ပစ္စည်းတွေ အကုန် ရောင်းကုန်သွားပြီတဲ့"

"ကြားပြီးပြီလား... ရွှမ်ယွင်မျှော်စင်မှာ ရောင်းစရာ ပစ္စည်း မရှိတော့ဘူးတဲ့"

"နောက်ဆုံးရသတင်း ရွှမ်ယွင်မျှော်စင်ရဲ့ သိုလှောင်ရုံ အခြေအနေကို သိလိုက်ရပြီ သူတို့မှာ ပစ္စည်း အများကြီး မရှိဘူး၊ အပေါ်ယံပဲ ဟန်ပြထားတာ"

"ဘုရားရေ ရွှမ်ယွင်မျှော်စင်က အပေါ်ယံပဲ ရှိတာ ပေါ်သွားပြီ။ ထန်ထျန်းရဲ့ ထျန်းရှထုန် လောက်တောင် မစွမ်းဘူး၊ အခု ပိတ်ဖို့ ပြင်နေပြီတဲ့"

"ရွှမ်ယွင်မျှော်စင်ကို ထန်ထျန်းက ဖိအားပေးပြီး ပိတ်ခိုင်းလိုက်ပြီ"

....

သတင်းများမှာ ပို၍ ပို၍ လွဲချော်လာတော့သည်။

ရွှမ်ယွင်မျှော်စင် ဘက်က လူများက ကုန်ပစ္စည်းများ မကြာမီ ပြန်ဖြည့်နိုင်မှာ ဖြစ်ကြောင်း၊ သတင်းမှာ အမှန်မဟုတ်ကြောင်း လိုက်လံ ရှင်းလင်းသော်လည်း ကောလာဟလ ပျံ့နှံ့သည့် အရှိန်ကို မမီနိုင်ချေ။

သိပ်မကြာမီမှာပင် လူအများမှာ တုန်လှုပ်ဖွယ် သတင်းတစ်ခုကို ရရှိလိုက်ကြ၏။

ရွှမ်ယွင်မျှော်စင်က ထျန်းရှထုန်၏ ဖိအားကြောင့် နောက်ဆုံးတွင် အရှုံးပေးလိုက်ရပြီး သူတို့ကိုယ်သူတို့ အသက်ဆက်နိုင်ရန် ပိတ်လိုက်ရုံသာ ရှိတော့သည်ဟူ၍ ဖြစ်၏။

ထိုအချိန်မှာပင် ထျန်းရှထုန် ဖွင့်ပွဲ အထိမ်းအမှတ် မီးရှူးမီးပန်းများက ကောင်းကင်ထက်တွင် ဆက်တိုက် ပေါက်ကွဲနေပြန်သည်။

လူအများမှာ ပစ်မှတ်အသစ်ကို တွေ့သွားကြပြီး ထျန်းရှထုန် ကုန်သည်အသင်း အဓိက အဆောက်အအုံဆီသို့ အုံနဲ့ကျင်းနဲ့ ဦးတည်သွားကြတော့သည်။

ထန်ထျန်း ဤသတင်းကို ကြားသည့်အခါ သူကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။

ဤမျှအထိ သတင်းအမှားတွေ ပျံ့သွားလိမ့်မည်ဟု မထင်ထားပေ။

တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်၏။

ထန်ထျန်းက မေးစေ့ကို ပွတ်ကာ ဤအရှိန်အဟုန်ကို ဆက်ထိန်းထားရန် ဝမ်ကန်းကို ညွှန်ကြားလိုက်သည်။

ရွှမ်ယွင်မျှော်စင် ဖွင့်ရဲသရွေ့ ဤနည်းလမ်းအတိုင်းသာ ဆက်လုပ်ပြီး သူတို့ကို ပိုက်ဆံ အမြောက်အမြား ရအောင် လုပ်ပေးမည် ဖြစ်၏။

ဖွင့်ပွဲ အခမ်းအနား တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ထန်ထျန်းက အစပိုင်းတွင်သာ မျက်နှာပြပြီးနောက် နောက်ကွယ်သို့ ပြန်ဆုတ်သွား၏။

သူက တစ်ဦးနှင့်တစ်ဦး လှည့်ဖြားနေကြသော်လည်း ပြုံးရွှင်စွာဖြင့် ဝိုင်ခွက်ချင်း တိုက်နေကြသည့် မြင်ကွင်းမျိုးကို မနှစ်သက်ပေ။

ထိုကိစ္စများကို ဝမ်ကန်းနှင့် လီဟုန် တို့ထံသာ လွှဲအပ်ထားလိုက်သည်။

သူကတော့ အရေးကြီးသည့် ဧည့်သည်များကိုသာ တွေ့ဆုံရန် တာဝန်ယူ၏။

ဥပမာအားဖြင့်... အရှင်ချီ။

အရှင်ချီ ရောက်လာခြင်းမှာ လူအများ သိအောင် အကြီးအကျယ် မဟုတ်ပေ။

သို့သော် နာမည်ကျော် အင်အားစုကြီးများကတော့ သူရောက်နေသည်ကို သိကြ၏။

ထိုမျှဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

ထန်ထျန်းကို မြင်သည့်အခါ အရှင်ချီ က ပြုံးလျက် ပြောသည်။ "သခင်လေး ထန်... ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ။"

" ရွှမ်ယွင်မျှော်စင်ကိုတောင် မင်းက ပိတ်သွားအောင် လုပ်နိုင်တာပဲ။"

" ဒီရက်ပိုင်း မင်းသုံးလိုက်တဲ့ တာအိုကျောက်စိမ်းက ၁၀ ဘီလီယံ ကျော်လောက် ရှိမယ် ထင်တယ်"

ထန်ထျန်းက ပြုံး ကာ ပြန်ပြော၏။ "ကျွန်တော်က စီးပွားရေး ကိစ္စတွေကို သိပ်မသိပါဘူး၊ လက်အောက်က လူတွေ လုပ်ကြတာပါ။ "

"ဒါပေမဲ့ စိတ်ချပါ အရှင်... ကျွန်တော် တာအိုကျောက်စိမ်းတွေ စုမိတာနဲ့ ထျန်းဖူနန်းတော် ကို ပေးစရာ ရှိတာတွေကို အရင်ဆုံး ပေးပါ့မယ်"

ယခုအခါ ကုန်သည်အသင်း စတင်လည်ပတ်နေပြီ ဖြစ်သဖြင့် ပိုင်ဆိုင်မှုများမှာ အချိန်တိုအတွင်း တိုးပွားလာမှာ ဖြစ်သည်။

ထို့ကြောင့် ဘီလီယံ ၁၀၀ အကြွေးမှာ သူ့အတွက် စိတ်ဝင်စားစရာ မဟုတ်တော့ပေ။

သို့သော် အရှင်ချီ က လက်ကာပြကာ ပြောသည်။ "အဲဒီကိစ္စကို မေ့လိုက်တော့။ "

"နန်းတော်သခင်ဘက်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပေးလိုက်ပြီ။ "

"ဒီပြစ်ဒဏ်က နာမည်ပဲ ရှိတော့တယ်"

ထန်ထျန်းက တိတ်ဆိတ်သွား၏။ ဒါက ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ရဲ့ လက်ချက်ဖြစ်မှာ အသေအချာပင်။

နောက်မှ သူ့ကို အခုလိုမျိုး လိုက်မကူညီဖို့ ပြောရဦးမည်။

အားနာလို့ မဟုတ်ဘဲ သူ၏ လုပ်ရပ်များမှာ ပုံမှန်မဟုတ်သဖြင့် အင်မော်တယ်ဧကရာဇ်က သူ့ကိုယ်စား ဆုံးဖြတ်ချက်များ ခဏခဏ ချပေးနေလျှင် အဆင်မပြေမှုများ ဖြစ်လာနိုင်၍ ဖြစ်၏။

"အရှင်ချီ နဲ့ နန်းတော်သခင်ကို ကျေးဇူးတင်ပါတယ်"

ထန်ထျန်းက ပြောလိုက်သည်။

အရှင်ချီ က ပြုံးလျက် "အကုန်လုံး အဆင်ပြေပါတယ်။"

" ငါ ဒီနေ့ လာတာက မင်းကို ဂုဏ်ပြုဖို့အပြင် နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်။"

သူ၏ လေသံက တည်ကြည်သွားကာ "မင်းရဲ့ ကုန်သည်အသင်းကို ထျန်းဖူနန်းတော် အဆင့်မြင့် အကြီးအကဲ တွေက အခြေခံအားဖြင့် ထောက်ခံကြပါတယ်။"

" ကုန်သွယ်ရေးလောကက တည်ငြိမ်နေတာ ကြာပြီဆိုတော့ အပြောင်းအလဲသစ်တွေ လိုအပ်နေတာ အမှန်ပဲ။ "

"ဒါပေမဲ့ သတိထားရမှာက မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး ထျန်းဖူနန်းတော် မှာ ရှိတဲ့ ကျင့်ကြံသူတွေရဲ့ အကျိုးစီးပွားကိုတော့ မထိခိုက်စေနဲ့။ "

"ငါတို့ လိုချင်တာက တည်ငြိမ်မှုပဲ။ "

"ငါပြောတာကို မင်း နားလည်မှာပါ"

ထန်ထျန်းက ခေါင်းညိတ်လိုက်၏။

အရှင်ချီ ပြောလိုသည်မှာ သူတို့ချင်း ဘယ်လိုပဲ ရန်ဖြစ်ဖြစ် ကျင့်ကြံခြင်း အရင်းအမြစ် စျေးနှုန်းတွေကိုတော့ မကစားဖို့ သတိပေးခြင်း ဖြစ်သည်။

လက်ဝါးကြီးအုပ်ပြီး စျေးနှုန်းမြှင့်တင်တာမျိုး မလုပ်ဖို့ ပြောခြင်းပင်။

သူသည်လည်း ထိုသို့ လုပ်ရန် အစီအစဉ် မရှိပေ။

ထျန်းရှထုန်က ထျန်းဖူနန်းတော် ကုန်သွယ်ရေးလောကကို စိုးမိုးပြီးသည့်အခါ သူလုပ်မည့်အရာမှာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရမည့် ကိစ္စကြီးတစ်ခု ဖြစ်သည်။

သူက တစ်ဦးတည်း အင်အားဖြင့် ထျန်းဖူနန်းတော် တစ်ခုလုံးကို ပံ့ပိုး မည် ဖြစ်၏

ထိုအခါ သူ၏ အိတ်ထဲသို့ သုံးစွဲမှုအမှတ်များမှာ မကုန်နိုင်မခမ်းနိုင် ဝင်လာမှာ ဖြစ်သည်။

"စိတ်ချပါ အရှင်... ကျွန်တော် ဒါကို အမြဲ မှတ်ထားပါ့မယ်"

ထန်ထျန်းက ကတိပေးလိုက်၏။

ထို့နောက် သူတို့ ခဏမျှ စကားပြောပြီးနောက် အရှင်ချီ သည်လည်း ပြန်လည် ထွက်ခွာသွားခဲ့သည်။

သူ၏ အဆင့်အတန်းအရ ဤနေရာတွင် အချိန်အကြာကြီး နေရန် မသင့်တော်ပေ။

ထန်ထျန်းမှာမူ ပြတင်းပေါက်နားတွင် ပြန်ထိုင်ကာ အပြင်ဘက်ရှိ မီးရှူးမီးပန်းများကို အေးအေးလူလူ ကြည့်နေလိုက်သည်။

သို့သော် သူ ထိုင်ပြီး သိပ်မကြာမီမှာပင် ရင်းနှီးသူတစ်ဦး ရောက်လာပြန်၏။

"သုံးရက်လောက် ခွဲခွာပြီးတာနဲ့ တကယ်ကို အံ့သြစရာ ကောင်းလာတာပဲ။ "

"သခင်လေး ထန်ရဲ့ အောင်မြင်မှုက ကျွန်မ ကို တကယ်ပဲ အံ့အားသင့်စေတယ်"

ရောက်လာသူမှာ လင်းလျို့နတ်သမီး ပင် ဖြစ်သည်။

All Chapters