အခန်း (၇၂၁-၇၂၂)
Vol. 73 Ch. 721-722
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၁ + ၇၂၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
နီရှန်က အကြောင်းစုံကို ရှင်းပြ၏။ "ကောလာဟလတွေအရ ဧကရာဇ်ယုံတယ်က ပထမဧကရာဇ်လိုပဲ သဘောကောင်းပြီး ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးတတ်တယ်လို့ ဆိုကြတယ်။ ပထမဧကရာဇ်က လီယင်းတူကို မျက်နှာသာပေးခဲ့ပေမယ့် လီယင်းတူ သစ္စာဖောက်ပြီး လျောင်တုန်းရဲ့ အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။"
"ဧကရာဇ်ယုံတယ်ကလည်း လီယွမ်ကို မျက်နှာသာပေးခဲ့လို့ လျောင်တုန်းစစ်ပွဲကြီး ကျရှုံးခဲ့ရပြန်တယ်။ ဒီဧကရာဇ် နှစ်ပါးစလုံးက မင်းကောင်းမင်းမြတ်တွေ မဟုတ်ကြဘူးလို့ ဆိုကြပေမယ့် သူတို့ရဲ့ လက်အောက်ငယ်သား မှူးမတ်တွေအတွက်တော့ အကောင်းဆုံး ဧကရာဇ်တွေပါပဲ။ ဒါ့အပြင် ဒီဧကရာဇ် နှစ်ပါးစလုံးက ခင်ပွန်းအပေါ်မှာ တောင်တန်းကြီးတစ်ခုလို ကျေးဇူးကြီးမားခဲ့တယ်။"
"ပထမဧကရာဇ်က ခင်ပွန်းကို အသက်ငယ်ငယ်လေးနဲ့ ရာထူးတိုးပေးခဲ့ပြီး မှူးမတ်ဘွဲ့ ချီးမြှင့်ခဲ့တယ်။ ဧကရာဇ်ယုံတယ်ကလည်း ပညာရှိတွေကို လေးစားပြီး ခင်ပွန်းကို နယ်မြေခွဲဝေပေးခဲ့တယ်။ ဧကရာဇ်ကိုယ်တိုင် မြို့ပြင် မိုင်သုံးဆယ်အထိ ထွက်ပြီး ကြိုဆိုခဲ့သလို ၊ မြို့ပြင် မိုင်နှစ်ဆယ်အထိ ထွက်ပြီး လိုက်လံပို့ဆောင် နှုတ်ဆက်ပေးခဲ့တယ်။ မှူးမတ်တစ်ယောက်အပေါ် ဒီလို ကျင့်ဝတ်မျိုးနဲ့ ဆက်ဆံတာ အရင်က တစ်ခါမှ မရှိခဲ့ဖူးဘူး။"
တုပိုင် မျက်မှောင်ကြုတ်လျက် စကားထောက်လိုက်သည်။ "ဒါဆိုရင် အကယ်လို့ ကိုယ်သာ စိချွမ်းနဲ့ ဟူနန်ကို စစ်တပ်စေလွှတ်လိုက်မယ်ဆိုရင် ကိုယ့်အခြေအနေက အရမ်းဆိုးရွားသွားတော့မှာပေါ့ ၊ ဟုတ်လား။"
နီရှန် ခေါင်းညိတ်ထောက်ခံ၏။ "ပြီးတော့ တစ်ကမ္ဘာလုံးမှာလည်း ကောလာဟလတွေ ထွက်နေတယ်။ ခင်ပွန်းက ရည်မှန်းချက် ကြီးမားနေတယ်။ လီမိသားစုရဲ့ တိုင်းပြည်တည်ထောင်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ချင်နေပြီး စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ကာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခု တည်ထောင်ချင်နေတယ်လို့ ပြောနေကြတယ်။"
ဤသည်ကား ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို တိုက်ခိုက်သည့် စစ်ပွဲ ၊ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတစ်ရပ်ပင် ဖြစ်ချေသည်။
တုပိုင် ခေါင်းရမ်းငြင်းဆန်လိုက်သည်။ "နီရှန်... အခုလက်ရှိ ဧကရာဇ်က ပထမဧကရာဇ်နဲ့ မတူဘူး။ သူက ဧကရာဇ်တစ်ပါး ကျင့်သုံးရမယ့် စိတ်ပညာ နည်းစနစ်တွေကို အမြင့်ဆုံးအထိ အသုံးချသွားခဲ့တာပဲ။"
နီရှန်နတ်မိမယ် သံသယဝင်ဟန်ဖြင့် စူးစမ်းလာ၏။ "ခင်ပွန်း... ဖြစ်နိုင်ခြေ တစ်ခုကိုရော စဉ်းစားကြည့်ပြီးပြီလား။"
တုပိုင် နားမလည်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။ "ဘာဖြစ်နိုင်ခြေလဲ။"
နီရှန်နတ်မိမယ်က ချက်ချင်းပင် ထောက်ပြလာ၏။ "ဧကရာဇ်ယုံတယ်နဲ့ ဖန်းရှဲ့တို့ အချင်းချင်း ပူးပေါင်းကြံစည်နေကြတယ် ဆိုတာကိုလေ။"
တုပိုင်၏ မျက်နှာအမူအရာ တုန်လှုပ်သွားကာ အလျင်အမြန် ငြင်းပယ်လိုက်သည်။ "အဲဒါ မဖြစ်နိုင်ပါဘူး။ ဧကရာဇ်နဲ့ ကိုယ်က ရည်ရွယ်ချက်တွေ ၊ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ သူက အနည်းဆုံး ဧကရာဇ် တစ်ပါးဖြစ်ပြီး မြောက်ပိုင်းရဲ့ အာဏာကို ပိုင်ဆိုင်ထားတယ်။ အကယ်လို့ ဖန်းအုပ်စုနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် သူက ရုပ်သေးရုပ်လေး တစ်ရုပ် ဖြစ်သွားလိမ့်မယ်။ သူက အမြင်ကျဉ်းမြောင်းပေမယ့် လုံးဝတော့ မမိုက်မဲပါဘူး။"
နီရှန်နတ်မိမယ်က သက်ပြင်းချကာ ဖွင့်ဟ၏။ "ကျွန်မက အဆိုးရွားဆုံး အခြေအနေကို တွေးကြည့်လိုက်ရုံပါ။ ကလေးကို အခုချက်ချင်းပဲ မွေးထုတ်ပစ်လိုက်ချင်တော့တာပဲ။ ဒါမှ ခင်ပွန်းနဲ့အတူ ပခုံးယှဉ်ပြီး တိုက်ပွဲဝင်ပေးနိုင်မှာလေ။"
တုပိုင် ရုတ်တရက် သတိရသွားဟန်ဖြင့် စပ်စုလိုက်သည်။ "နီရှန်... အရင်တုန်းက မင်းရဲ့ ခန္ဓာကိုယ်က ကလေးမွေးနိုင်စွမ်း မရှိဘူးလို့ ကိုယ် ကြားဖူးတယ် ၊ ဟုတ်လား။"
နီရှန် ဝန်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်... ကျွန်မက ဆရာသခင် ပိုင်ဟွာနတ်မိမယ်နဲ့အတူ ကျင့်ကြံခဲ့တဲ့ သိုင်းပညာက အရမ်းကို ထူးခြားဆန်းကြယ်တဲ့အတွက် အခြေခံအားဖြင့် ကိုယ်ဝန်ဆောင်ဖို့နဲ့ ကလေးမွေးဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့... ခင်ပွန်းက တကယ်ကို ကြောက်စရာကောင်းလွန်းလို့ တစ်ကြိမ်တည်းနဲ့တင် ကျွန်မကို ကိုယ်ဝန်ရသွားစေခဲ့တာပေါ့။"
တုပိုင် ဆက်၍ စုံစမ်းလိုက်ပြန်သည်။ "နင်တောက်ရွှမ်နဲ့ ပိုင်ဟွာနတ်မိမယ် ကျီကျန်ယန်တို့မှာ ကလေး တစ်ယောက်မှ မရှိကြဘူးလား။"
နီရှန် အတည်ပြုပေး၏။ "ဟုတ်တယ်။"
ရုတ်တရက်ဆိုသလို နီရှန် မျက်လွှာချကာ ခွင့်တောင်းလာသည်။ "ခင်ပွန်း... ကျွန်မ ရှင့်ရဲ့ ပေါင်ပေါ်မှာ ထိုင်လို့ရမလား။"
တုပိုင် အံ့အားသင့်သွားရပေသည်။ နီရှန်က ဤမျှ ချစ်ခင်ကြင်နာဖွယ်ကောင်းသော အပြုအမူမျိုးကို စတင် ပြုလုပ်လာလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် သူ မတတ်သာဘဲ ခေါင်းညိတ်ပြလိုက်မိတော့၏။
နီရှန်၏ နူးညံ့မွှေးပျံ့သော ခန္ဓာကိုယ်လေးသည် တုပိုင်၏ ပေါင်ပေါ် ဝင်ထိုင်လိုက်ကာ သူ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း ညုတုတု ရေရွတ်လာသည်။ "ခင်ပွန်းရဲ့ ကိုယ်သင်းနံ့က မိန်းမတွေအတွက်တော့ တကယ့်ကို အသက်အန္တရာယ် ပေးနိုင်လောက်တဲ့အထိ ဆွဲဆောင်မှု ပြင်းထန်လွန်းပြီး ထိန်းချုပ်ဖို့ အရမ်းခက်ခဲတယ်။ ခင်ပွန်း... ကျွန်မ ချစ်တင်းနှောချင်တယ်... ရမလား။"
ရတာပေါ့... ရတာပေါ့။ သို့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးအတွက် ဤမျှလောက်အထိ အလေးအနက်ထား၍ ခွင့်တောင်းနေရန် လိုအပ်ပါသလား။ ဤသည်မှာ သူ့အား စီမံကိန်းတစ်ခုကို အတည်ပြုခိုင်းနေသကဲ့သို့ပင် ဖြစ်နေ၏။
"အခု ဗိုက်ထဲက ကလေးက အရမ်းကို တည်ငြိမ်နေပါပြီ။ သတိထားပြီး နေမယ်ဆိုရင် ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး။"
**--**--**--**--**--**--**--**
ညနေပိုင်းသို့ ရောက်သောအခါ မင်းသမီးယွီကျိန်းသည် တုပိုင်နှင့် တွေ့ဆုံခွင့် တောင်းခံလာခဲ့၏။ ယခင်က ရှိနေခဲ့ဖူးသော သူမ၏ တုံ့ဆိုင်းနေမှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာများအစား သူမထံတွင် စိတ်လှုပ်ရှားမှုများ ၊ ရှက်ရွံ့မှုများနှင့် စိတ်အားထက်သန်မှုများသာ အစားထိုး ဝင်ရောက်နေလျက်ရှိသည်။
မင်းသမီးယွီကျိန်းက ပြုံးလျက် နှုတ်ဆက်လာသည်။ "တုပိုင်... အခု ရှင်က ကျန့်ရှီးဘုရင် ဖြစ်နေပြီ ဆိုပေမယ့်လည်း ကျွန်မရဲ့ အရှေ့မှာတော့ ဂျူနီယာမောင်လေး တစ်ယောက်ပဲ မဟုတ်လား။"
တုပိုင် ခေါင်းညိတ် အတည်ပြုပေး၏။ "အင်းပေါ့။"
မင်းသမီးယွီကျိန်း အလေးအနက်ထား၍ ကြိုတင် သတိပေးလာသည်။ "ဒါဆိုရင် အခု ကျွန်မ ပြောမယ့် စကားတွေက မောင်လေးကို ပြောတာပါ။ ကျန့်ရှီးဘုရင်ကို ပြောတာ မဟုတ်ဘူးနော်။"
တုပိုင် နားထောင်ရန် အသင့်ဖြစ်နေကြောင်း ပြသလိုက်၏။ "ပြောပါဗျာ။"
မင်းသမီးယွီကျိန်း အတိတ်ကို ပြန်လည် တူးဆွလိုက်သည်။ "ရှင် မှတ်မိသေးလား။ ရှင့်ရဲ့ ရည်မှန်းချက်က တာ့နင်အင်ပါယာကို ကယ်တင်ဖို့နဲ့ တာ့နင်အင်ပါယာကို ပြန်လည် ထူထောင်ဖို့လေ။ ရှင်က ဘယ်အချိန်ပဲ ဖြစ်ဖြစ် အင်ပါယာကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး မဟုတ်လား။"
"သမိုင်းမှာ လူတော်တော်များများက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြဘူး ဆိုတာကို ကျွန်မ သိပါတယ်။ အောင်မြင်မှုတွေ ကြီးမားလာတဲ့အခါမှာ ရှေ့ကို ဆက်သွားဖို့ တွန်းအားပေးနေတဲ့ စွမ်းအားတစ်ခု ရှိနေသလိုမျိုး ခံစားရတတ်တယ်။ ဒါပေမဲ့ ရှင်ကတော့ ကွာခြားတယ်လို့ ကျွန်မ ယုံကြည်တယ်။ ရှင်က ကျွန်မကို အမြဲတမ်း စနောက်တတ်တဲ့ ချစ်စရာ ကလေးလေး တစ်ယောက်ပါပဲ။"
တုပိုင် ခါးသီးစွာ ပြုံးလိုက်ရင်း မေးခွန်းထုတ်လိုက်၏။ "အခု တစ်ကမ္ဘာလုံးက လူတွေက ကျွန်တော် ထီးနန်းကို လုယူဖို့ ကြိုးစားလိမ့်မယ်လို့ ထင်နေကြတယ်။ အစ်မတော်ယွီကျိန်း... အစ်မတော်ရော အဲဒီလိုပဲ ထင်နေတာလား။"
မင်းသမီးယွီကျိန်း ပြတ်သားစွာ ငြင်းဆိုသည်။ "ဟင့်အင်း... ကျွန်မ လုံးဝ မယုံကြည်ပါဘူး။ ကျွန်မကို လာထိတွေ့ချင်နေတဲ့ ကောင်ဆိုးလေးက အမြဲတမ်း ချစ်စရာကောင်းတဲ့ ကလေးလေး တစ်ယောက်ပဲ ဖြစ်နေမယ်လို့ပဲ ယုံကြည်တယ်။"
တုပိုင် ခိုင်မာစွာ ကတိပေးလိုက်၏။ "ဒါပေါ့... ကျွန်တော်က တာ့နင်အင်ပါယာကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို ၊ ထီးနန်းကို လုယူဖို့လည်း ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ပါဘူး။"
မင်းသမီးယွီကျိန်း အခွင့်ကောင်းယူ၍ တောင်းဆိုလာသည်။ "ကောင်းပြီလေ... ဒါဆိုရင် စိချွမ်းနဲ့ ဟူနန်ကို စစ်တပ် မစေလွှတ်ဘူးလို့ ကျွန်မကို ကတိပေးပါ။"
တုပိုင်၏ မျက်နှာအမူအရာ တွန့်လိမ်သွားကာ အခက်တွေ့ဟန်ဖြင့် ဖွင့်ဟ၏။ "အကယ်လို့ အရှေ့ဘက် ပြည်ထောင်စုနဲ့ ဖြစ်မယ့် စစ်ပွဲအတွက် ဆိုရင်ရော ဘယ်လိုလုပ်မလဲ။"
မင်းသမီးယွီကျိန်းသည် တုပိုင်၏ အနီးသို့ လျှောက်သွားကာ သူ၏ လက်ကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး တိုက်တွန်းလာသည်။ "မောင်လေးတုပိုင်... ကျွန်မရဲ့ မျက်လုံးတွေကို သေချာ ကြည့်စမ်းပါ။ ကျွန်မတို့ရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေအရ အရှေ့ဘက် ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာတို့ကြားက စစ်ပွဲကြီး ပြီးဆုံးသွားပြီ။"
"သူတို့ရဲ့ အင်အားကြီးမားတဲ့ ရေတပ်နဲ့ ကြည်းတပ်တွေက မကြာခင် အနောက်တောင်ပိုင်းကို ချီတက်လာတော့မယ်။ ဒီ အသေအကျေ တိုက်ရမယ့် စစ်ပွဲကြီးက မကြာခင်မှာ ဖြစ်ပွားတော့မှာပဲ။ ဒီအချိန်မှာ ရှင်က စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ဖို့ စစ်တပ် စေလွှတ်မယ် ဆိုရင်တောင်မှ မူဝါဒသစ်တွေ အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ဖြစ် ၊ ဒီပြည်နယ် နှစ်ခုကနေ စစ်တပ်အတွက် လူသစ်စုဆောင်းဖို့ပဲ ဖြစ်ဖြစ် အချိန်မမီတော့ဘူး။ အနည်းဆုံးတော့ ဒီတိုက်ပွဲမှာ ဒီပြည်နယ် နှစ်ခုက ဘာအကျိုးသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး။ ရှင့်ရဲ့ အကြောင်းပြချက်က လုံလောက်မှု မရှိဘူး။"
မင်းသမီးယွီကျိန်း၏ စကားမှာ မှန်ကန်လှပေသည်။ စစ်ပွဲကြီးက အလွန်တရာ နီးကပ်နေပြီ ဖြစ်၏။ ဤအချိန်တွင် စိချွမ်းနှင့် ဟူနန်တို့၌ မူဝါဒသစ်များ အကောင်အထည်ဖော်ရန် အချိန်မမီနိုင်တော့သကဲ့သို့ စစ်သည်များ စုဆောင်းရန်လည်း လုံးဝ အချိန်မမီနိုင်တော့ပေ။
"ရှင်ပြောတဲ့ မဟာဗျူဟာမြောက် နယ်မြေအကျယ်အဝန်းနဲ့ ပတ်သက်လို့တော့..." မင်းသမီးယွီကျိန်း ဆက်လက် ထောက်ပြ၏။ "အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်သာ ကမ်းတက်လာရင် ၊ အကယ်လို့ ကျွန်မတို့ ရှုံးနိမ့်လို့ နောက်ဆုတ်ရမယ် ဆိုရင်တောင်မှ ရှင် စိချွမ်းနဲ့ ဟူနန်ကို ဆုတ်ခွာသွားတာကို အရှင်မင်းကြီးက တားဆီးနိုင်ပါ့မလား။ အခု ရှင်က အဲဒီပြည်နယ် နှစ်ခုကို သိမ်းပိုက်ဖို့ စစ်တပ် စေလွှတ်မယ်ဆိုရင် လူတိုင်းကို ပုန်ကန်ချင်တဲ့ အကြံအစည် ရှိတယ်လို့ ထင်သွားစေလိမ့်မယ်။ အကယ်လို့ ရှင်က နယ်မြေချဲ့ထွင်ချင်တယ် ဆိုရင်တောင် ချစ်ခင်ရတဲ့သူတွေကို နာကျင်စေပြီး ရန်သူတွေကို ဝမ်းသာစေရုံပဲ ရှိလိမ့်မယ်။"
"စနစ်ရှင်... မပြောပါနဲ့ ၊ လုံးဝ မပြောပါနဲ့။" အိပ်မက်စနစ်က အရေးတကြီး သတိပေးလာသည်။ "စိချွမ်းနဲ့ ဟူနန် ပြည်နယ်မှာ ကျွန်တော်တို့ လိုချင်တဲ့ အရာတွေ ရှိတယ်။ ကျွန်တော်တို့ အောင်ပွဲခံနိုင်ဖို့ အဓိက သော့ချက်ကျတဲ့ ပစ္စည်းတွေပဲ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ တစ်ခွန်းမှ ထုတ်မပြောရဘူး ၊ ဘယ်သူ့ကိုမှ လုံးဝ အသိပေးလို့ မရဘူး။ အဲဒီလိုမှ မဟုတ်ရင် အကျိုးဆက်က အရမ်းကို ဆိုးရွားသွားလိမ့်မယ်။ အဲဒီအရာက အရမ်းကို ပျက်စီးလွယ်ပြီး လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးခံရနိုင်တယ်။"
မင်းသမီးယွီကျိန်း၏ လှပသော မျက်ဝန်းများမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာကာ နူးညံ့စွာ ချွဲနွဲ့လိုက်၏။ "မောင်လေးတုပိုင်... ရှင်က နင်းရွှဲ့ကို မယားကြီးအဖြစ် လက်ထပ်ပြီး ကျွန်မကို မယားငယ်အဖြစ် လက်ထပ်ချင်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ ရှင်က ကျွန်မရဲ့ အနောက်ပိုင်းကို အမြဲတမ်း ထိတွေ့ချင်နေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မမှာ ကမ္ဘာပေါ်မှာ အဆွဲဆောင်နိုင်ဆုံး မိစ္ဆာဆန်တဲ့ ခန္ဓာကိုယ် ရှိတယ်လို့ ရှင်ပဲ ပြောခဲ့တယ် မဟုတ်လား။"
တုပိုင် မဆိုင်းမတွ ဝန်ခံလိုက်သည်။ "အမရဲ့ ဖင်ကြီးက တကယ်ကို ပေါက်ကွဲထွက်မတတ် ဆွဲဆောင်မှု ရှိပါတယ်။"
မင်းသမီးယွီကျိန်းသည် တုပိုင်၏ လက်ကို သူမ၏ အဆွဲဆောင်နိုင်ဆုံးနှင့် အကောက်ကွေးဆုံးသော ခါးနေရာသို့ တင်ပေးလိုက်ကာ နူးညံ့စွာ ကမ်းလှမ်းလာ၏။ "မောင်လေး... အဲဒီလိုဆိုရင် ကျွန်မ ရှင့်ကို မယားငယ်အဖြစ် လက်ထပ်မယ်လေ ၊ ရှင့် နီရှန်ရဲ့ အနောက်မှာ တန်းစီလို့ ရပါတယ်။ ရှင် စိချွမ်းနဲ့ ဟူနန်ကို စစ်တပ် မစေလွှတ်ဘူးလို့သာ ကျွန်မကို ကတိပေးပါ။ ကမ္ဘာပေါ်က ပြည်သူတွေ ရှင့်ကို လက်ညိုးထိုးပြီး ပုန်ကန်သူ လူဆိုးကြီးလို့ အပြောမခံပါနဲ့... ဟုတ်ပြီလား။ အစ်မတော်က ရှင့်ရဲ့ ဇနီးသည် လုပ်ပေးမယ် ၊ ပြီးတော့ ရှင့်အတွက် ကလေးတွေလည်း မွေးပေးပါ့မယ်။"
**--**--**--**--**--**--**--**
မင်းသမီးယွီကျိန်း ထွက်ခွာသွားပြီးနောက် မွေးစားအဖေ လီဝမ်ဟွေ့ လာရောက် တွေ့ဆုံသည်။
"ပိုင်အာ... အဖေကတော့ သား ပုန်ကန်လိမ့်မယ် ဆိုတာကို လုံးဝ မယုံကြည်ဘူး။" လီဝမ်ဟွေ့ ယုံကြည်မှုအပြည့်ဖြင့် ဆို၏။ "ပြီးခဲ့တဲ့ အကြိမ်တုန်းက သား ဟူကွမ်းဘုရင်ခံကို နှင်ထုတ်ခဲ့တာ မူဝါဒသစ်တွေအတွက် ဆိုတာ အဖေ နားလည်ပါတယ်။ မူဝါဒသစ်တွေကို ဖျက်ဆီးတဲ့သူ ဘယ်သူမဆို ၊ သမိုင်းဘီးကို နောက်ပြန်လှည့်ဖို့ ကြိုးစားတဲ့သူ ဘယ်သူမဆို သေကို သေရမယ်။ ဒီအချက်ကို အဖေ အပြည့်အဝ နားလည်သဘောပေါက်ပါတယ်။"
"ဒါပေမဲ့ အဖေ့စကားကို နားထောင်ပြီး စိချွမ်းနဲ့ ဟူနန်ကို မသိမ်းပိုက်ပါနဲ့။" လီဝမ်ဟွေ့ ဆက်လက် တားမြစ်လိုက်သည်။ "အကယ်လို့ မင်းသာ စိချွမ်းနဲ့ ဟူနန်ကို စစ်တပ် စေလွှတ်လိုက်မယ် ဆိုရင် ချစ်ခင်ရတဲ့သူတွေကို နာကျင်စေပြီး ရန်သူတွေကို ဝမ်းသာစေလိမ့်မယ် ၊ ပြီးတော့ ပြည်သူလူထုရဲ့ ပြစ်တင်ဝေဖန်မှုတွေလည်း ပြင်းထန်လာလိမ့်မယ်။"
တုပိုင် သက်ပျင်းပြီး ရှင်းပြလိုက်၏။ "မွေးစားအဖေ... ကျွန်တော် စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ချင်တာက ကိုယ်ပိုင် အာဏာအတွက် မဟုတ်ပါဘူး ၊ အရှေ့ဘက် ပြည်ထောင်စုနဲ့ ဖြစ်လာမယ့် စစ်ပွဲအတွက်ပါ။"
လီဝမ်ဟွေ့ လမ်းပြ အကြံပြုလာသည်။ "သား အရင်ဆုံး အရှင်မင်းကြီးဆီက အမိန့်တော် တောင်းခံသင့်တယ်။ အရှင်မင်းကြီးရဲ့ အမိန့်တော် မပါဘဲနဲ့ အင်ပါယာရဲ့ ပြည်နယ်တွေကို ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်လို့ မရဘူး။ ဒါ့အပြင် စိချွမ်းနဲ့ ဟူနန်က ဖန်းမိသားစုရဲ့ နယ်မြေတွေ မဟုတ်ဘူး ၊ အရှင်မင်းကြီးရဲ့ နယ်မြေတွေပဲ။"
အရှင်မင်းကြီး၏ အမိန့်တော်ကို တောင်းခံရမည်လော။
တုပိုင် ကြိုးစားကြည့်ပြီးပြီ ဖြစ်လေ၏။ သူ၏ ကိုယ်ပိုင် စစ်တပ်များ အားလုံးကို ရုပ်သိမ်းခဲ့ပြီး လျောင်တုန်းနှင့် မြောက်ပိုင်း တစ်ခုလုံးမှ လုံးဝ ဆုတ်ခွာပေးရန် ကမ်းလှမ်းခဲ့သည်။
သို့သော် ဧကရာဇ်က ထိုနယ်မြေများကို အရောင်းအဝယ် လုပ်ရန် လုံးဝ ခွင့်မပြုကြောင်း အခိုင်အမာ ငြင်းဆိုထားခဲ့၏။
အကယ်၍သာ ပထမဧကရာဇ်သာ ဆိုပါက တုပိုင် စကားတစ်ခွန်း ဟလိုက်သည်နှင့် ထိုပြည်နယ် နှစ်ခုကို တုပိုင်ထံ ပေးအပ်ရန် တစ်ချက်လေးမျှပင် တုံ့ဆိုင်းနေမည် မဟုတ်ချေ။
တုပိုင် ထိုပြည်နယ် နှစ်ခုသို့ စစ်တပ်ကို အဆောတလျင် စေလွှတ်လိုက်မည် ဆိုလျှင်ပင် ၊ ပထမဧကရာဇ်က တုပိုင်သည် သူ၏ အမိန့်တော်အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို ကြေညာပေးပေလိမ့်မည်။
သို့သော် ဧကရာဇ်ယုံတယ်နှင့်မူ ထိုအရာကား လုံးဝ ဖြစ်နိုင်ချေ မရှိပေ။
တစ်ဖက်တွင်မူ သူသည် တုပိုင်အပေါ် အလွန်တရာ နှိမ့်ချပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့ကာ နယ်မြေခွဲဝေပေးပြီး ဘုရင်ဘွဲ့ပင် ချီးမြှင့်ခဲ့လေ၏။ သူသည် တုပိုင်အား အကြိမ်ကြိမ် ဦးညွှတ်ခဲ့ပြီး တုပိုင်မှာ အင်ပါယာ၏ ကျေးဇူးရှင်ကြီး ဖြစ်ကြောင်း ခေါ်ဝေါ်ခဲ့သည်။ ထို့အပြင် မြို့ပြင် မိုင်သုံးဆယ်အထိ ထွက်၍ ကြိုဆိုခဲ့ပြီး မြို့ပြင် မိုင်နှစ်ဆယ်အထိ ထွက်၍ လိုက်လံ ပို့ဆောင် နှုတ်ဆက်ပေးခဲ့၏။
ဧကရာဇ်တစ်ပါး အနေဖြင့် မှူးမတ်တစ်ဦးအပေါ် ပြုလုပ်ပေးနိုင်သမျှ အရာအားလုံးကို ပြုလုပ်ပေးခဲ့ပြီး ၊ ပထမဧကရာဇ်ထက်ပင် ပို၍ များပြားနေခဲ့သေးသည်။
ပထမဧကရာဇ်နှင့် တုပိုင်တို့၏ ဆက်ဆံရေးမှာ အလွန်တရာ ရင်းနှီးပွင့်လင်းကြသည်။ တုပိုင် မည်မျှပင် ကြီးမားသော စွမ်းဆောင်မှုများကို ပြုလုပ်ခဲ့စေကာမူ ဧကရာဇ်က ဘယ်သောအခါမျှ ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုမည်မဟုတ်ပေ။ သူသည် တုပိုင်၏ ပခုံးကို ဂုဏ်ယူစွာ ပုတ်လျက် ငါ့သားလေးတောင် ကြီးပြင်းလာပြီပဲဟုသာ ပြောဆိုလေ့ရှိသည်။
သို့သော် ဧကရာဇ်ယုံတယ်၏ စိတ်နှလုံးထဲတွင်မူ တုပိုင်နှင့် ပတ်သက်၍ အမြဲတမ်း တုန်လှုပ်ခြောက်ခြား နေခဲ့လေသည်။
နီရှန် ပြောသကဲ့သို့ ဧကရာဇ်ယုံတယ်သည် ဖန်းအုပ်စုနှင့် ပူးပေါင်းကြံစည်နေသည် ဆိုသည်ကိုမူ တုပိုင် တကယ်ပင် မယုံကြည်ခဲ့ချေ။ ဧကရာဇ်ယုံတယ်သည် သူ၏ ကိုယ်ပိုင် ဆန္ဒအတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သူ ခံစားရသည်။
"ငါ့သား..." လီဝမ်ဟွေ့ သက်ပြင်းချလျက် ဆက်ပြောလာ၏။ "အဖေကတော့ သား ဘာပဲလုပ်လုပ် မင်းမှာ အကြောင်းပြချက် ရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့... ပုန်ကန်သူ ၊ သစ္စာဖောက်ကြီး ဆိုတဲ့ နာမည်ဆိုးကိုတော့ ဘယ်တော့မှ အခေါ်မခံပါနဲ့။"
**--**--**--**--**--**--**--**
နောက်တစ်နေ့တွင် တုပိုင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲထံမှ စာတစ်စောင် လက်ခံရရှိသည်။
"တူတော်မောင် တုပိုင်... ပြီးခဲ့တဲ့ အကြိမ်တုန်းက ဧကရာဇ်ယုံတယ် ကွမ်ရှီးကို ဝင်စွက်ဖက်ပြီး ဟူကွမ်းဘုရင်ခံ မူဝါဒသစ်တွေကို ဖျက်ဆီးခဲ့တာက သူ့အမှားပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဧကရာဇ်ယုံတယ်က မင်းကို နယ်မြေခွဲဝေပေးပြီး ဘုရင်ဘွဲ့ ချီးမြှင့်ခဲ့တယ်။ ကမ္ဘာပေါ်က ပြည်သူအားလုံးကလည်း မင်းအပေါ် ထားရှိတဲ့ အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို လေးစား အထင်ကြီးနေကြတယ်။ ဒါကြောင့် ဟူနန်နဲ့ စိချွမ်းကို စစ်တပ် စေလွှတ်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။"
ထို့နောက် ချက်ချင်းဆိုသလိုပင် အန်နမ်ဘုရင် လီချန်ထံမှလည်း စာတစ်စောင်ကို ထပ်မံ လက်ခံရရှိလေသည်။
"ကျန့်ရှီးဘုရင် ၊ ညီတော်တုပိုင်... မကြာသေးခင်က အန်နမ်နိုင်ငံမှာ စားနပ်ရိက္ခာတွေ အလျှံပယ် ထွက်ရှိခဲ့တယ်။ အရှင်မင်းကြီး ဘာလိုအပ်လိုအပ် အစ်ကိုတော် အစွမ်းကုန် ထောက်ပံ့ပေးသွားမှာပါ။ အကယ်လို့ အရှေ့ဘက် ပြည်ထောင်စုက အနောက်တောင်ပိုင်းကို တိုက်ခိုက်လာမယ်ဆိုရင် အစ်ကိုတော်ရဲ့ အင်အားက အားနည်းပေမယ့်လည်း အရှင်မင်းကြီးနဲ့အတူ ပခုံးယှဉ် တိုက်ပွဲဝင်ဖို့ မြောက်ပိုင်းကို စစ်ကူတွေ သေချာပေါက် စေလွှတ်ပေးသွားမှာပါ။"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် ဘုရင်လီချန် နှစ်ဦးစလုံးသည် တုပိုင် ဟူနန်နှင့် စိချွမ်းသို့ စစ်တပ် စေလွှတ်မည့် အစီအစဉ်ကို ကန့်ကွက်ကြ၏။
ဘုရင်လီချန်မှာ သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်သောကြောင့် ဤကိစ္စကို တည့်တိုး မပြောဆိုဘဲ သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ နားချသည်။
သို့သော် နယ်စားမင်းဆုန်ချွဲကမူ သူ၏ ကန့်ကွက်မှုကို ပြတ်သားစွာ ထုတ်ဖော် ပြောဆိုလေ၏။
ဆုန်ချွဲ ၊ ယွီကျိန်း ၊ ဘုရင်လီချန် ၊ မွေးစားအဖေ လီဝမ်ဟွေ့ ၊ ဤသူများအားလုံးသည် တုပိုင်၏ အရင်းနှီးဆုံးသော လူများဖြစ်ကြပြီး တာ့နင်အင်ပါယာ မိသားစုအပေါ် သစ္စာစောင့်သိသူများလည်း ဖြစ်ကြလေသည်။
ယခုအခါ သူတို့အားလုံးသည် တုပိုင် စိချွမ်းနှင့် ဟူနန်သို့ စစ်တပ် စေလွှတ်မည့် ကိစ္စကို ဆန့်ကျင်နေကြလေသည်။
သူတို့၏ အမြင်တွင် တုပိုင်ကဲ့သို့သော တော်ဝင်မှူးမတ် တစ်ဦးအနေဖြင့် အင်ပါယာ၏ နယ်မြေကို ကိုယ့်သဘောနှင့်ကိုယ် စစ်တပ်စေလွှတ် တိုက်ခိုက်ခြင်းမှာ ပုန်ကန်မှုကြီးပင် တစ်ခုသာဖြစ်သည်။
**--**--**--**--**--**--**--**
လက်ရှိအချိန်၌ တုပိုင်သည် သူ၏ လက်ထဲ၌ ကျောက်မျက် နှစ်တုံးကို ကိုင်ဆောင်ထားလေ၏။ တစ်တုံးမှာ အပြာရောင်ဖြစ်ပြီး အခြားတစ်တုံးမှာ အနီရောင်ဖြစ်ကာ ထူးခြားဆန်းကြယ်သည့် အရိပ်အယောင်မျှ လုံးဝ မရှိချေ။
"အရှေ့ဘက် ပြည်ထောင်စုရဲ့ ရေနွေးငွေ့အင်ဂျင် စစ်သင်္ဘောတွေ ၊ ရိုင်ဖယ်သေနတ်တွေ ၊ မီးကျောက်သေနတ်တွေနဲ့ ပေါက်ကွဲအားပြင်းတဲ့ ယမ်းတွေက ငါ့အရင် ကမ္ဘာကြီးထက် နှစ်တစ်ရာလောက် ကြိုတင်ရောက်နေပြီ။"
"မကြာသေးခင်ကမှ သူတို့ အမေရိကတိုက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ပြီး ကြီးမားတဲ့ အောင်ပွဲကြီးတစ်ခု ရရှိခဲ့တယ်။ ဒါဟာ ဒီရာစုနှစ်အတွင်းမှာ အရှေ့တိုင်း ယဉ်ကျေးမှုက အင်အားကြီးမားတဲ့ အနောက်ကမ္ဘာကို အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ။ ဗိုက်ကင်းနိုင်ငံရဲ့ သံချပ်ကာ စစ်သင်္ဘောတွေတောင် ရှုံးနိမ့်သွားခဲ့ရတယ်။"
အိပ်မက်စနစ်ကလည်း ထောက်ခံလေ၏။ "ဟုတ်ပါတယ်။"
တုပိုင် စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။ "အကယ်လို့ သာမန် စစ်ပွဲမျိုးသာ ဖြစ်မယ်ဆိုရင် ငါ့ရဲ့ သွေးမိစ္ဆာစစ်သည်တွေ ၊ မျိုးရိုးဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့တွေနဲ့ အမြောက်တပ်တွေ အားလုံး ပါဝင်တဲ့ ငါ့စစ်တပ် တစ်ခုလုံးရဲ့ တိုက်ခိုက်ရေး စွမ်းအားက အရှေ့ဘက် ပြည်ထောင်စုနဲ့ ယှဉ်ရင် ဘယ်လောက်လောက် ရှိမလဲ။"
"ဆယ်ပုံတစ်ပုံ အောက်မှာပဲ ရှိမှာပါ ၊ ဒါမှမဟုတ် ရာပုံတစ်ပုံလောက်တောင် ဖြစ်သွားနိုင်တယ်။" အိပ်မက်စနစ် အမှန်အတိုင်း ရှင်းပြလေ၏။ "ဘာလို့လဲဆိုတော့ ဒါက ယဉ်ကျေးမှု နှစ်ခုကြားက ခေတ်စနစ် ကွာဟချက်ဖြစ်ပြီး ပမာဏနဲ့ တိုင်းတာလို့ မရနိုင်လို့ပဲ။"
"ဒါပေမဲ့ ကျွန်တော် စနစ်ရှင်ကို ပြောနိုင်တာကတော့ အခုအချိန်မှာသာ စစ်ဖြစ်မယ်ဆိုရင် အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်အင်အား ငါးသောင်း ၊ အမြောက် ငါးရာနဲ့ ခွန်လွန်ကျွန်စစ်သည် တစ်သောင်းက စနစ်ရှင်ရဲ့ အနောက်တောင်ပိုင်းကို လွယ်လွယ်လေး ဖျက်ဆီးပစ်နိုင်တယ်။"
"ဘာလို့လဲဆိုတော့ အရှေ့ဘက် ပြည်ထောင်စုက စစ်ရေးစနစ် တစ်ခုလုံးကို တည်ဆောက်ထားပြီးပြီ။ ကြည်းတပ်နဲ့ ရေတပ် ပူးပေါင်းဆောင်ရွက်မှု စနစ် ၊ အမြောက်တပ်နဲ့ ကြည်းတပ် ပူးပေါင်းဆောင်ရွက်မှု စနစ်တွေ ရှိနေပြီ။ ပြီးတော့ သူတို့ဆီမှာ ဧရာမ အမြောက်ကြီးတွေတောင် ပေါ်ထွက်နေပြီ။ အမြောက်တစ်ချက် ပစ်လိုက်တာနဲ့တင် မြို့ရိုးပေါ်မှာ ကြီးမားတဲ့ အပေါက်ကြီး တစ်ခု တိုက်ရိုက် ပွင့်ထွက်သွားလိမ့်မယ်။"
ထိုမြင်ကွင်းကို တုပိုင် တွေးကြည့်၍ ရသည်။
ပထမဆုံးအနေဖြင့် အမြောက် ၅၀၀ ဖြင့် မြေပြင်ကို ရှင်းလင်းပစ်မည်ဖြစ်ပြီး ထိုအမြောက်များ အားလုံးမှာ အလွန်တရာ အစွမ်းထက်သော ဟောင်ဝစ်ဇာ အမြောက်ကြီးများ ဖြစ်ကြပေမည်။
မြို့ရိုး မည်မျှပင် ခိုင်ခံ့ပါစေ ၊ ထိုအမြောက်များ၏ ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် ပြိုကျပျက်စီးသွားလိမ့်ပေမည်။
ခွန်လွန်ကျွန်စစ်သည် တစ်သောင်းသည် တုပိုင်၏ သွေးမိစ္ဆာ မြင်းတပ် ငါးထောင်ကို တိုက်ခိုက်မည်ဖြစ်၏။
ရိုင်ဖယ်သေနတ်ကိုင် တပ်ဖွဲ့သစ် ငါးသောင်းသည် စစ်တပ် လေးသိန်းကို တိုက်ခိုက်မည်ဖြစ်ပြီး ၊ အဆင့်မြင့် လက်နက်များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့က သာမန် လက်နက်များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ကို အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်လေ၏။
"အရှေ့ဘက် ပြည်ထောင်စုက သိပ္ပံနဲ့ နည်းပညာ ယဉ်ကျေးမှုမှာ အရမ်းကို ရှေ့ရောက်နေပြီ ဖြစ်တဲ့အတွက် သူတို့ကို လိုက်မီဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။" အိပ်မက်စနစ်က အလေးအနက် သတိပေးလာသည်။
တုပိုင် သူ၏ လက်ထဲရှိ ကျောက်မျက် နှစ်တုံးကို မြှောက်ကြည့်လိုက်သော်လည်း ထူးခြားသည့် အရာတစ်ခုမျှ မတွေ့ရချေ။
"ဒီကျောက်မျက် နှစ်တုံးက ငါ့ကို မတူညီတဲ့ ကမ္ဘာတစ်ခုရဲ့ စွမ်းအင် ယဉ်ကျေးမှုကို စတင်နိုင်အောင် ကူညီပေးနိုင်ပြီး ၊ အရှေ့ဘက် ပြည်ထောင်စုရဲ့ သိပ္ပံနဲ့ နည်းပညာ ယဉ်ကျေးမှုကို ကျော်လွန်သွားနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုတာ သေချာလား။" တုပိုင် သံသယဖြင့် စစ်ဆေးမေးမြန်းလိုက်၏။
"တစ်ချက်တည်းနဲ့ သူတို့ရဲ့ ဧရာမ အမြောက်ကြီးတွေ ၊ ရေနွေးငွေ့ စစ်သင်္ဘောတွေ ၊ ရိုင်ဖယ်သေနတ်သစ်တွေနဲ့ အင်အားကြီးမားတဲ့ ခွန်လွန်ကျွန်စစ်သည်တွေကို ကျော်လွန်သွားနိုင်မယ်ပေါ့လေ။"
"ဒါပေါ့။" အိပ်မက်စနစ်က ယုံကြည်မှုအပြည့်ဖြင့် အခိုင်အမာ တုံ့ပြန်သည်။ "ဒီကျောက်မျက် နှစ်တုံးက တခြားကမ္ဘာတစ်ခုရဲ့ စွမ်းအင်ကို ကိုယ်စားပြုတယ်။ စွမ်းအင် ယဉ်ကျေးမှုသာ စတင်သွားပြီ ဆိုတာနဲ့ အရှေ့ဘက် ပြည်ထောင်စုရဲ့ သိပ္ပံနဲ့ နည်းပညာ ယဉ်ကျေးမှုကိုပါ အပါအဝင် တခြား ယဉ်ကျေးမှု အားလုံးကို လုံးလုံးလျားလျား ဖိနှိပ်ခြေမွပစ်နိုင်တဲ့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်လာလိမ့်မယ်။"
တုပိုင် ထပ်ဆင့်၍ အတည်ပြုလိုက်၏။ "ပြီးတော့ ဒီကျောက်မျက် နှစ်မျိုးလုံးက တခြားကမ္ဘာက ကြီးမားတဲ့ စွမ်းအင် ဥက္ကာခဲတွေပေါ့လေ။ အနီရောင်က စိချွမ်းမှာ ရှိပြီး အပြာရောင်က ဟူနန်မှာ ရှိတယ်ဆိုတာ ဟုတ်လား။"
အိပ်မက်စနစ် အတည်ပြုပေးသည်။ "ဟုတ်ပါတယ်။ စနစ်ရှင်ရဲ့ စွမ်းအင် ယဉ်ကျေးမှုကို စတင်နိုင်ဖို့အတွက် ဒီပြည်နယ် နှစ်ခုကို အတိုတောင်းဆုံး အချိန်အတွင်းမှာ မဖြစ်မနေ သိမ်းပိုက်ရမယ်။"
တုပိုင် ဒေါသတကြီးဖြင့် စောဒကတက်လိုက်၏။ "ဒါဆို ဘာလို့ အရင်တုန်းက ငါ့ကို မပြောခဲ့တာလဲ။"
အိပ်မက်စနစ်က အကြောင်းပြချက်ကို ရှင်းပြလာသည်။ "ဘာလို့လဲဆိုတော့ အရင်တုန်းက စနစ်ရှင်က ဝိညာဉ်မိစ္ဆာရဲ့ သွေးပုံဆောင်ခဲကို မရခဲ့သေးလို့လေ။"
ဟူနန်နှင့် စိချွမ်း ပြည်နယ် နှစ်ခုသည် မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ် ပြီးပြည့်စုံမှုနှင့် သက်ဆိုင်နေရုံသာမက ၊ စွမ်းအင် ယဉ်ကျေးမှုသစ် တစ်ရပ် ထွန်းကားလာရေးနှင့်လည်း သက်ဆိုင်နေပေ၏။
တုပိုင် မျှော်လင့်ချက်ကြီးစွာဖြင့် မေးခွန်းထုတ်လိုက်သည်။ "စွမ်းအင် ယဉ်ကျေးမှုသာ စတင်သွားပြီဆိုရင် အရှေ့ဘက် ပြည်ထောင်စုရဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကို အနိုင်ယူနိုင်မှာ သေချာလား။"
အိပ်မက်စနစ်က အာမခံချက် ပေးလေ၏။ "စွမ်းအင် ယဉ်ကျေးမှုရဲ့ စွမ်းအားက အရာအားလုံးကို ပြောင်းလဲပစ်နိုင်လောက်အောင် ကြီးမားတယ် ဆိုတာကို စနစ်ရှင် စောင့်ကြည့်လိုက်ပါ။ ဒါပေမဲ့ စွမ်းအင်လက်နက်တွေ ဖန်တီးတဲ့ ကိစ္စနဲ့ စိချွမ်းနဲ့ ဟူနန်မှာ ရှိနေတဲ့ ကျောက်မျက် နှစ်တုံးအကြောင်းကို ဘယ်သူ့ကိုမှ လုံးဝ ပေးသိလို့ မရဘူး။ အဲဒီလိုမှ မဟုတ်ရင်တော့ မျိုးသုဉ်းပျက်စီးရမယ့် ကပ်ဘေးကြီး ဆိုက်ရောက်လာလိမ့်မယ်။ အရှေ့ဘက် ပြည်ထောင်စုနဲ့ ပေမင်ဓားဂိုဏ်းက ဒီကျောက်မျက် နှစ်တုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး ၊ စနစ်ရှင်ရဲ့ စွမ်းအင် ယဉ်ကျေးမှုကို အစပျိုးချိန်မှာတင် ဖျက်ဆီးပစ်သွားကြလိမ့်မယ်။"
**--**--**--**--**--**--**--**
နောက်တစ်နေ့တွင် တုပိုင် အစည်းအဝေး တစ်ခု ခေါ်ယူလိုက်လေသည်။ လီဝမ်ဟွေ့နှင့် မင်းသမီးယွီကျိန်းတို့ အပါအဝင် လူတိုင်းသည် သူ့ကို စိုက်ကြည့်နေကြလေ၏။
ဧကရာဇ်၏ အမိန့်တော် မပါဘဲ စိချွမ်းနှင့် ဟူနန် ပြည်နယ် နှစ်ခုကို သိမ်းပိုက်ရန် စစ်တပ် စေလွှတ်လိုက်သည်နှင့် ယင်းမှာ တကယ့်ကို နိုင်ငံတော် သစ္စာဖောက်မှုကြီး ဖြစ်သွားမည်ကို တုပိုင် နက်နက်ရှိုင်းရှိုင်း သိရှိထားပေသည်။
ထိုအချိန်သို့ ရောက်သောအခါ ကြီးမားလှသော ပြည်သူလူထု၏ ပြစ်တင်ဝေဖန်မှု လှိုင်းတံပိုးကြီး ရိုက်ခတ်လာပေလိမ့်မည်။
ဧကရာဇ်က သူ့အပေါ် ဤမျှလောက်အထိ ကောင်းမွန်ခဲ့ပြီး နယ်မြေခွဲဝေပေးကာ ဘုရင်ဘွဲ့ပင် ချီးမြှင့်ခဲ့ပါလျက် ၊ သင်က စစ်တပ်ကို စုဆောင်းကာ နယ်မြေချဲ့ထွင်ပြီး ဧကရာဇ် အုပ်ချုပ်နေသည့် ပြည်နယ် နှစ်ခုကို သိမ်းပိုက်ရန် ကြိုးစားနေသေးသည်။ ဤသည်မှာ ပုန်ကန်မှု မဟုတ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။
တုပိုင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ စားပွဲကို လက်သီးဖြင့် ပြင်းထန်စွာ ထုချလိုက်လေ၏။
ထို့နောက် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "လီကျန့်... စစ်တပ်အင်အား ရှစ်သောင်းကို ဦးဆောင်ပြီး ဟူနန်ပြည်နယ်ထဲကို ဝင်ရောက်စေ။ ဖူဟုန်ပင်း... စစ်တပ်အင်အား ရှစ်သောင်းကို ဦးဆောင်ပြီး စိချွမ်းပြည်နယ်ထဲကို ဝင်ရောက်စေ။"
တုပိုင်၏ အသံမှာ မကျယ်လောင်လှသော်လည်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲဟိန်းဟောက်သွားလေ၏။
"အမိန့်တော်အတိုင်းပါ" လီကျန့် အရိုအသေပေးလျက် ခံယူလိုက်သည်။
"အမိန့်တော်အတိုင်းပါ" ဖူဟုန်ပင်းသည်လည်း ဦးညွှတ် ခံယူလိုက်လေ၏။
မင်းသမီးယွီကျိန်း မတ်တတ်ရပ်လိုက်ကာ တုပိုင်အား နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်လိုက်လေသည်။ သူမ၏ ပါးပြင်ထက်တွင် မျက်ရည်များ ကျဆင်းလာခဲ့သော်လည်း မျက်နှာအမူအရာမှာမူ ပကတိ အေးစက်နေခဲ့ပြီး ပြတ်သားစွာ လျှောက်တင်လာ၏။ "ကျန့်ရှီးဘုရင်... ကျွန်မ အနောက်တောင်ပိုင်းက ရာထူးတွေ အားလုံးကနေ နှုတ်ထွက်ပြီး အနောက်တောင်ပိုင်းကနေ ထွက်ခွာခွင့် ပြုပါ။"
တုပိုင် တွေဝေခြင်းမရှိ ပြန်လည် တုံ့ပြန်လိုက်သည်။ "ခွင့်ပြုတယ်။"
မင်းသမီးယွီကျိန်း ဆက်လက် တောင်းဆိုလေ၏။ "ကျွန်မနဲ့အတူ ပါလာခဲ့တဲ့ စစ်သည်တွေ အားလုံးကိုလည်း ခေါ်ဆောင်သွားခွင့် ပြုပါ။"
တုပိုင် ထပ်မံ အတည်ပြုပေးလိုက်သည်။ "ခွင့်ပြုတယ်။"
မင်းသမီးယွီကျိန်း အေးစက်စက် လေသံဖြင့် ဆက်ပြောလာ၏။ "ကျွန်မရဲ့ မယ်တော် ၊ ကျွန်မရဲ့ မောင်တော်နဲ့ ကျန်းနန်နယ်စားမင်း အိမ်တော်က လူတွေ အားလုံးလည်း ထွက်ခွာချင်ကြပါတယ်။"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၁ + ၇၂၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team