← Chapters

အခန်း (၇၂၇-၇၂၈)

Vol. 73 Ch. 727-728

အခန်း (၇၂၇-၇၂၈)

Vol. 73 Ch. 727-728

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၇ + ၇၂၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင် မေး၏။ “ကမ္ဘာကြီးကို စည်းလုံးပေါင်းစည်းချင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကမ္ဘာကြီးရဲ့ မဟာဧကရာဇ်ဆိုတဲ့ စွဲလမ်းမှုသက်သက်ကြောင့်တော့ အမြဲတမ်း မဖြစ်နိုင်ဘူးမလား”

“သေချာပေါက် မဟုတ်ဘူးပေါ့” လီဝမ်ဝမ် ပြန်ဖြေလိုက်သည်။ “ကမ္ဘာကြီးကို စည်းလုံးပေါင်းစည်းတယ်ဆိုတာက ကြိုတင်လိုအပ်ချက်တစ်ခု သက်သက်ပဲ။ သူ့မှာ ပိုပြီး မြင့်မားပြီး ပိုကြောက်စရာကောင်းတဲ့ အမြင့်ဆုံး ရည်မှန်းချက်တစ်ခု ရှိနေရမယ်။ ဒါပေမဲ့ ဒါက ကျွန်မ သိနိုင်တဲ့ အရာတော့ မဟုတ်ဘူး ၊ မီးနတ်ဘုရားဂိုဏ်းရဲ့ အရှင်သခင်ကတော့ သိကောင်းသိနိုင်လိမ့်မယ်”

တုပိုင် ပြောသည်။ “မင်း ဒီကိုလာတဲ့ ကိစ္စကိုပဲ ပြောပါ”

လီဝမ်ဝမ်က နူးညံ့စွာ ပြောလေသည်။ “ကျွန်မရဲ့ ချစ်လှစွာသော ယောက်ျား… ရှင်က အရမ်းစွမ်းပါတယ်။ ရှင်က ကျွန်မတို့ရဲ့ တာ့ယန်တိုင်းပြည်နဲ့ ဂျာချင်အင်ပါယာကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အရှေ့ဘက်ပြည်ထောင်စုက တကယ်ကို အရမ်း၊ အရမ်းကို အင်အားကြီးမားလွန်းတယ်။”

“သူတို့ရဲ့ ရေနွေးငွေ့စစ်သင်္ဘောနဲ့ အမြောက်သစ်တွေက ကမ္ဘာသစ်မှာရှိတဲ့ အနောက်ကမ္ဘာရဲ့ ပူးပေါင်းရေတပ်ကြီးကို လုံးဝနီးပါး ချေမှုန်းပစ်နိုင်ခဲ့တယ်။ သူ့ရဲ့ သေနတ်အသစ်တွေ ၊ ခွန်လွန်ကျွန်စစ်သည်တွေနဲ့ စူပါအမြောက်ကြီးတွေက မိုင်ဒါဇင်ချီ အဝေးကြီးကိုတောင် ပစ်ခတ်နိုင်တယ်။ တစ်ချက်ပစ်လိုက်ရုံနဲ့ အကုန်အစင် ပျက်စီးသွားစေနိုင်တဲ့ သေစေနိုင်စွမ်းရှိတယ် ၊ ပြောရရင် အရမ်းကို အစွမ်းထက်တယ်ပေါ့လေ”

“ယောက်ျား… အရှေ့ဘက်ပြည်ထောင်စုရဲ့ စစ်တပ်က ကမ္ဘာကြီးထက် ဆယ်စုနှစ်ပေါင်းများစွာ ရှေ့ရောက်ပြီ။ ပြီးတော့ ရှင့်ရဲ့ စစ်တပ်ထက်လည်း နှစ်တစ်ရာလောက် ရှေ့ရောက်နေတယ်။ ရှင့်ရဲ့ အနောက်တောင်ပိုင်းက စုပေါင်းတိုက်ခိုက်ရေးစွမ်းအားက သူ့ရဲ့ ဆယ်ပုံတစ်ပုံ ၊ ဒါမှမဟုတ် ရာပုံတစ်ပုံလောက်တောင် မရှိဘူး။”

“အနောက်တောင်ပိုင်းက ဒီတိုက်ပွဲက တကယ်ကို မျှော်လင့်ချက်မရှိဘူးလေ။ ဒါကြောင့် ရှင့်အနေနဲ့ မဟာမိတ်တစ်ယောက် လိုအပ်နေတယ်” လီဝမ်ဝမ်က ဆက်ပြော၏။ “ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ။ ဒါကြောင့် မီးနတ်ဘုရားဂိုဏ်းက ရှင့်ရဲ့ မိတ်ဆွေပဲပေါ့။ ရှင်သာ ခေါင်းညိတ်လိုက်မယ်ဆိုရင် ကျွန်မတို့ မီးနတ်ဘုရားဂိုဏ်းက အင်အားအကြီးဆုံး စစ်ချီတပ်ဖွဲ့ကို စေလွှတ်ပေးပြီး ရှင့်ကို ကူညီပေးမယ်။ အင်အား သုံးသိန်း ၊ ဒါမှမဟုတ် ငါးသိန်းလောက်တောင် ဖြစ်နိုင်တယ်”

တုပိုင် ပြုံးလိုက်သည်။ “ဒီလောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး”

လီဝမ်ဝမ်ကလည်း လှပစွာ ပြုံး၏။ “မီးနတ်ဘုရားဂိုဏ်းအတွက် ဆိပ်ကမ်းတစ်ခုနဲ့ စစ်စခန်းတစ်ခု ရရှိဖို့ ကမ်းရိုးတန်းတစ်လျှောက်က ပြည်နယ်တစ်ခုကို ခွဲပေးဖို့ပဲ လိုတယ်။ ယောက်ျား… ဒီတိုက်ပွဲအတွက် ရှင်မှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ မီးနတ်ဘုရားဂိုဏ်းရဲ့ ထောက်ပံ့မှုနဲ့ဆိုရင်တော့ ရှင့်အတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိလာနိုင်တယ်”

တုပိုင် လီဝမ်ဝမ်ကို စူးစိုက်၍ ကြည့်လိုက်သည်။

“ဘာလို့ လူကို ဒီလိုကြီး ကြည့်နေရတာလဲ” လီဝမ်ဝမ်က မနာလိုသော လေသံဖြင့် ပြောလိုက်သည်။ “အခုချိန်မှာ ရှင် ဘယ်လောက်တောင် ချောမောနေလဲဆိုတာ ရှင်ကိုယ်တိုင် မသိဘူးမလား။ ရှင့်ရဲ့ ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်ရုံနဲ့တင် လူကို ထုံကျင်ပူနွေးသွားစေတယ်။”

“ယောက်ျား… ရှင် အရမ်းပြောင်းလဲသွားပြီ” ထို့နောက် သူမက တုပိုင်၏ အောက်ပိုင်းကို ကြည့်လိုက်သည်။ “သူတို့လည်း အရမ်းပြောင်းလဲသွားကြပြီ။ အခု ရှင် အရမ်းစွမ်းဆောင်နိုင်တယ်ဆိုတာကို မိန်းမ သိပါတယ်… ရှင်က နီရှန်ရဲ့ ဗိုက်ကိုတောင် ကြီးသွားအောင် လုပ်နိုင်ခဲ့တယ်ဆို”

တုပိုင် တိတ်ဆိတ်နေလေ၏။

လီဝမ်ဝမ်က သူမ၏ လှပသော မျက်လုံးများကို အောက်သို့ချကာ နူးညံ့စွာ ပြောလာ၏။ “ကျွန်မ အပေးအယူကိစ္စတွေကို ထပ်မပြောသင့်တော့ဘူးမလား။ ထပ်ပြောနေမယ်ဆိုရင် ရှင့်စိတ်ထဲက ကျွန်မရဲ့ ပုံရိပ်တွေ ပျက်စီးသွားလိမ့်မယ် ဟုတ်တယ်မလား”

တုပိုင် ခေါင်းညိတ်လိုက်သည်။

လီဝမ်ဝမ်က ပြောလိုက်သည်။ “ကောင်းပါပြီ ၊ ကောင်းပါပြီ ၊ ကျွန်မ ထပ်မပြောတော့ပါဘူး”

တုပိုင် ထိုင်ရန် ကုလားထိုင်တစ်လုံးကို ရှာလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ဤတိုက်ပွဲကို မည်သို့ တိုက်ခိုက်ရမည်ကို စဉ်းစားခန်း ဝင်နေလေ၏။

ဤသည်မှာ ဧကရာဇ်ယုံတယ်နှင့် ဖြစ်ပွားမည့် တိုက်ပွဲပင် ဖြစ်သည်။ ထိုမျိုးမစစ်လေးကို ရာဇပလ္လင်ပေါ်မှ ဖယ်ရှားကာ ခေါင်းဖြတ်စင်ပေါ်သို့ ပို့ဆောင်ရမည် ဖြစ်သည်။

ပထမဧကရာဇ်၏ ရာဇပလ္လင်ကို ထိုကဲ့သို့သော မိစ္ဆာမျိုးဆက်များ၏ လက်ထဲသို့ အကျမခံနိုင်ပေ။

လီဝမ်ဝမ်က သူမ၏ ကျောက်စိမ်းရောင် လက်လေးကို ဆန့်ထုတ်ကာ တုပိုင်၏ နားထင်များကို နှိပ်နယ်ပေးလေသည်။ သူမ၏ နူးညံ့သိမ်မွေ့သော ကိုယ်လုံးလေးကို ကိုင်းညွှတ်လျက် လှပသော မျက်နှာလေးဖြင့် တုပိုင်၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး သူမ၏ အံ့မခန်း ကြီးမားထွားကြိုင်းလှသော နေရာဖြင့် တုပိုင်၏ ကျောပြင်ကို ပွတ်တိုက်ပေးနေ၏။

“ယောက်ျား… ဒီတိုက်ပွဲမှာ ဧကရာဇ်ကို ဘယ်လိုအနိုင်ယူပြီး သူ့ကို ပျက်စီးသွားအောင် လုပ်ရမလဲဆိုတာကို စဉ်းစားနေတာ မဟုတ်လား” လီဝမ်ဝမ်က ပြောလေသည်။ “ရှင့်ရဲ့ ပစ်ပယ်ထားတာကို ခံနေရတဲ့ သနားစရာ ဇနီးလေးက ကူညီပေးနိုင်ပါတယ်နော်”

တုပိုင်အနေဖြင့် သူမ၏ အခေါ်အဝေါ်ကို ပြင်ဆင်ပေးနိုင်စွမ်း မရှိတော့ချေ။ ဤမိန်းမသည် အိပ်မက်ထဲတွင် နေ့စဉ်ရက်ဆက် တုပိုင်နှင့် လက်ထပ်ခဲ့ပြီး လက်တွေ့တွင်လည်း သူ့ကို ယောက်ျားဟု အလွန် သက်သောင့်သက်သာ ခေါ်ဆိုနေလေတော့၏။

လီဝမ်ဝမ်၏ လျှာဖျားလေးက တုပိုင်၏ နားရွက်ထဲသို့ ညင်သာစွာ ဖိကပ်လာပြီး နူးညံ့စွာ ပြောလိုက်၏။ “ယောက်ျားက လူလိုတယ်ဆိုရင် ကျွန်မတို့က မြို့တော်ထဲကို ချက်ချင်းဝင်သွားပြီး ရှင့်အတွက်ဆို မီးပင်လယ်၊ ရေပင်လယ်ကိုတောင် ဖြတ်သန်းပေးနိုင်တယ်။ မြို့တော်ထဲမှာ ကျွန်မတို့ လူတွေ ရှိတယ်လေ ၊ ပြီးတော့ အစီအစဉ်တွေ အများကြီးလည်း ချထားပြီးပြီ”

တုပိုင်က ပြောလိုက်သည်။ “ဧကရာဇ်နဲ့ တိုက်ရမယ့် ဒီတိုက်ပွဲရဲ့ အဓိကသော့ချက်က မယ်တော်ကြီးနဲ့ ငါ့ရဲ့ဇနီး နင်းရွှဲ့အပေါ်မှာ မူတည်နေတယ်”

လီဝမ်ဝမ်က ချွဲနွဲ့သောလေသံဖြင့် ပြောလေ၏။ “ဟုတ်တယ်… မမနင်းရွှဲ့ပေါ့။ အဓိက သော့ချက်က မယ်တော်ကြီးဆီမှာ ရှိတာပဲ”

လက်ရှိအချိန်တွင် ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ဘဲ နင်တောက်ရွှမ်၏ တရားမဝင် သားတစ်ယောက်ဖြစ်ကြောင်း တစ်စုံတစ်ယောက်က သွားပြောမည်ဆိုပါက မည်သူကမျှ ယုံကြည်မည် မဟုတ်ဘဲ ပုတ်ခတ်လိုသည့် ကောလာဟလတစ်ခုဟုသာ လူတိုင်းက ထင်မှတ်ကြပေလိမ့်မည်။

ဧကရာဇ်ယုံတယ်၏ မူလဇာစ်မြစ်ကို အပြည့်အဝ သက်သေပြနိုင်မည့်သူမှာ တစ်ယောက်တည်းသာ ရှိလေသည်။

သို့သော်လည်း ဧကရာဇ်ယုံတယ်သည် မယ်တော်ကြီး အနှစ်သက်ဆုံး သားတော် ဖြစ်နေ၏။ သူမ အကြိမ်တစ်ရာ သေဆုံးသွားရမည်ဆိုလျှင်တောင် ဧကရာဇ်ယုံတယ်ကို သစ္စာဖောက်ရန်မှာ မဖြစ်နိုင်ပေ။

အရှက်ရစရာကောင်းလှသည့် လျှို့ဝှက်ချက်ကို ဖွင့်ဟပြောပြရမည့်အစား သူမကိုယ်တိုင်သာ အသေခံသွားပေလိမ့်မည်။

**--**--**--**--**--**--**--**

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ တုပိုင်အပေါ် ပြည်သူလူထု၏ ဝေဖန်တိုက်ခိုက်မှုများက အင်ပါယာတစ်ခွင်၌ ပို၍ပို၍ ရူးသွပ်လာလေသည်။ သူသည် အပြစ်သားတစ်ယောက်သာ မဟုတ်တော့ဘဲ လုံးဝဥဿုံ မိစ္ဆာတစ်ကောင် ဖြစ်လာရသည်။

သူ၏ လက်ရှိ ရာဇဝတ်မှုက ပုန်ကန်မှုတစ်ခုတည်း မဟုတ်တော့ဘဲ အခြားသော ကြီးလေးသည့် ရာဇဝတ်မှုဆယ်ခုကိုလည်း ထပ်မံပေါင်းထည့်ထားလေသည်။

ဥပမာအားဖြင့် မြို့တစ်မြို့လုံးကို သတ်ဖြတ်ခြင်း။

အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဆိုသော ကောလာဟလများကို ဖြန့်ဝေရန်မှာ မည်သည့် ကုန်ကျစရိတ်မျှ မရှိပေ။ ပင်ပန်းခြင်းလည်း မရှိပေ။ ခက်ခဲခြင်းလည်းမရှိချေ။

အခြားဥပမာတစ်ခုမှာ ပထမဧကရာဇ်အား ဖိအားပေးခြင်းပင်။

တုပိုင်က ပထမဧကရာဇ်ကို မင်းသမီးနင်းရွှဲ့နှင့် သူ့အား လက်ထပ်ပေးရန် အတင်းအကျပ် ဖိအားပေးခဲ့သည်ဟု သူတို့က စွပ်စွဲကြသည်။ တုပိုင်မှာ မိန်းမစိုးတစ်ယောက်မျှသာ ဖြစ်ပါလျက်နှင့် ပထမဧကရာဇ်သည် သူအချစ်ဆုံး သမီးတော်ကို မည်သို့လုပ်ပြီး သူနှင့် လက်ထပ်ပေးနိုင်မည်နည်း။

ဤသည်မှာ တုပိုင်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့်သာ ဖြစ်သည်ဟု ဆိုကြလေ၏။ စသဖြင့် အတိုချုပ်အားဖြင့်ဆိုရသော် တုပိုင်၏ အပြစ်များမှာ ပို၍ပို၍ ကြီးလေးလာကာ ခွင့်လွှတ်၍မရနိုင်အောင် ဆိုးရွားလာသည်။

ထိုအချိန်တွင် ဧကရာဇ်ယုံတယ်ကလည်း လူတိုင်းကို တည်တည်ငြိမ်ငြိမ်နေရန်နှင့် လူကောင်းများကို အထင်အမြင် မလွဲမှားစေလိုကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ပြည်နယ်နှင့် မြို့တော်အားလုံးမှ ဘုရင်ခံများ ၊ အုပ်ချုပ်ရေးမှူးများနှင့် အခြားအရာရှိများအားလုံးက တုပိုင်ကို ရာထူးမှ ဖယ်ရှားရန် အသနားခံစာများ တင်သွင်းခဲ့ကြသည်။

တုပိုင်ကို သူပုန်အဖြစ် သတ်မှတ်ရန် အမိန့်ထုတ်ပြန်ပေးရန်နှင့် သူ့ကို ချေမှုန်းရန် တစ်လောကလုံးကို အမိန့်ပေးရန် ဧကရာဇ်အား တောင်းဆိုခဲ့ကြသည်။

ဧကရာဇ်က ထိုအရာများကို မယုံကြည်နိုင်ကြောင်းနှင့် သည်းမခံနိုင်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တုပိုင်ကို ကာကွယ်ပေးရန် ကြိုးစားရင်း နန်းတော်ထဲတွင် အကြိမ်ကြိမ် မျက်ရည်ကျခဲ့လေသည်။

သို့သော် လျှို့ဝှက်စွာဖြင့် သူသည် မင်းသမီးနင်းရွှဲ့၏ စစ်ရေးအာဏာအားလုံးကို ရုပ်သိမ်းလိုက်ပြီးနောက် သူမကို ကာကွယ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် အိမ်အကျယ်ချုပ် ချထားလိုက်လေ၏။ တုပိုင်အပေါ် အလုံးစုံ တိုက်ခိုက်မှုကြီးက မကြာမီ ရောက်ရှိလာတော့မည် ဖြစ်၏။

**--**--**--**--**--**--**--**

မြေအောက်လျှို့ဝှက်အခန်းထဲတွင် ဧကရာဇ်နှင့် တုဟွေး နှစ်ယောက်တည်းသာ ရှိနေကြသည်။

“အရှင်မင်းမြတ်… ကျွန်တော်မျိုးရယ် ၊ သခင်လေးရယ် ၊ ကျောက်ဝမ်ရယ် ၊ နင်တောက်ရွှမ်ရယ်ကလွဲရင် အရှင်မင်းမြတ်က ပထမဧကရာဇ်ရဲ့ သားအရင်းမဟုတ်ဘူးဆိုတာကို ဒီလောကမှာ သိနေတဲ့ နောက်ထပ်လူတစ်ယောက် ရှိပါသေးတယ်” တုဟွေးက ပြောလိုက်သည်။ “အဲဒါက အရှင်မင်းမြတ်ရဲ့ မယ်တော်ကြီးပါပဲ”

ဧကရာဇ်ယုံတယ်က ပြောလိုက်၏။ “မယ်တော်ကြီးက ငါ့ကို အရာအားလုံးထက် ပိုချစ်တာ။ ငါ့ကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့ကို သစ္စာဖောက်ရမယ့်အစား သေဖို့ကိုပဲ ရွေးချယ်လိမ့်မယ်”

တုဟွေးက အေးစက်စွာ ပြောလေသည်။ “အရှင်မင်းမြတ်က ပထမဧကရာဇ်ရဲ့ သားအရင်းမဟုတ်ဘူးလို့ ဒီလောကက ဘယ်သူပဲပြောပြော အလကားပါပဲ။ ကောလာဟလတွေလို့ပဲ သတ်မှတ်ခံရမှာပါ။ ဒါပေမဲ့ အပြင်ထွက်လာမယ့် လူတစ်ယောက်တည်း ရှိတယ် ၊ အဲဒါက မယ်တော်ကြီးပဲ။ သူသာ အမှန်တရားကို ပြောလိုက်ရင် အရှင်မင်းမြတ် လုံးဝ ပျက်စီးသွားလိမ့်မယ်”

ဧကရာဇ်ယုံတယ်က ပြန်ပြောလိုက်သည်။ “ဟင့်အင်း ၊ မယ်တော်ကြီး သေသွားရင်တောင် ငါ့ကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

တုဟွေးက အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်၏။ “ဒီလောကမှာ သေသွားတဲ့သူတွေကသာ စကားမပြောနိုင်တော့တာပါ”

**--**--**--**--**--**--**--**

“ယောက်ျား… အရှေ့ဘက်ပြည်ထောင်စုက အနောက်ကမ္ဘာ တော်ဝင်ရောမအင်ပါယာ မဟာမိတ်အဖွဲ့နဲ့ စစ်ဖြစ်နေလျက်နဲ့တောင် ကမ္ဘာသစ်ရဲ့ တောင်ပိုင်းဒေသကို ဘာလို့ မဖြစ်မနေ သိမ်းပိုက်ချင်နေရတာလဲဆိုတာ ရှင် သိလား” လီဝမ်ဝမ်က မေးလေသည်။ “သူက အရင်က မီးနတ်ဘုရားဂိုဏ်းနဲ့လည်း စစ်ဖြစ်ခဲ့ဖူးတယ် ၊ အခုလည်း အနောက်ကမ္ဘာနဲ့ ထပ်ပြီး စစ်ဖြစ်နေပြန်ပြီ။ သူ့ရဲ့ စရိုက်လက္ခဏာအရဆိုရင် သူက ဆက်ပြီး အသံတိတ်နေသင့်တာပေါ့ ၊ ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး”

တုပိုင်က ပြောလိုက်၏။ “တောင်အမေရိကတိုက်မှာ သူ လုံးဝလိုချင်နေတဲ့ အရာတစ်ခုခု ရှိနေလို့ပဲ”

“ဟုတ်တယ်” လီဝမ်ဝမ် ထောက်ခံလိုက်သည်။ “အဲဒီတိုက်ကြီးမှာ ဘာတွေရှိနေလဲဆိုတာ ကျွန်မ မသိပေမဲ့ ဒီကမ္ဘာကြီးရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်တွေ ၊ အဆုံးစွန်သော စွမ်းအားတွေ ပါဝင်နေမယ်လို့ လူတွေက ခန့်မှန်းနေကြတယ်။ မီးနတ်ဘုရားဂိုဏ်း ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနဲ့ ပေမင်ဓားဂိုဏ်းတို့ရဲ့ ကွဲပြားခြားနားတဲ့ ကမ္ဘာသုံးခုနဲ့ ကမ္ဘာ့အက်ကွဲကြောင်းတွေရဲ့ စွမ်းအင်လျှို့ဝှက်ချက်တွေထက်တောင် ပိုပြီး အံ့မခန်းဖြစ်နေလိမ့်မယ်လို့ ထင်ကြတယ်”

ထို့နောက် လီဝမ်ဝမ်က တုပိုင်ကို ကြည့်ကာ ဆက်ပြောလေသည်။ “အဲဒီနေရာက ရှင့်ရဲ့ အမြင့်ဆုံးတာဝန်နဲ့ ဆက်စပ်နေတယ်လို့တောင် လူတွေက ခံစားနေကြတယ်”

တုပိုင်က မေးလိုက်၏။ “ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ”

“အိပ်မက်တွေလေ” လီဝမ်ဝမ်က ဖြေလေသည်။ “ကျွန်မက နေ့တိုင်းနီးပါး ရှင့်ရဲ့ ဇနီးအဖြစ် အိပ်မက်မက်နေတယ်လို့ ရှင့်ကို ပြောခဲ့ဖူးတယ်မလား။ တစ်ခါတလေ ရှင်က ကျွန်မကို သတ်နေတယ်လို့ အိပ်မက်မက်ပြီး တစ်ခါတလေကျတော့ ပိုပြီး ထူးဆန်းကြောက်စရာကောင်းတဲ့ အရာတွေကို အိပ်မက်မက်တယ်။ ကမ္ဘာကြီးတစ်ခုလုံး အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရတာတွေ ၊ လူသန်းပေါင်းရာချီရဲ့ အသက်တွေကို ဝါးမျိုသွားတဲ့ ကြောက်စရာကောင်းတဲ့ ဝဲကတော့ကြီးတစ်ခုကို အိပ်မက်မက်တယ် ၊ ပြီးတော့ ရှင်က ဒီကမ္ဘာဂြိုဟ်ကြီးရဲ့ ဝဲကတော့ ဗဟိုချက်မှာ ရှိနေတာကိုရောပေါ့…”

တုပိုင် မေးလိုက်သည်။ “မင်းမှာ ဘာလို့ ဒီလို အိပ်မက်တွေ ရှိနေတယ်လို့ ထင်လဲ”

လီဝမ်ဝမ်၏ လှပသော မျက်နှာလေးမှာ လေးနက်သွားပြီး ပြောလေ၏။ “အိပ်မက်တွေထဲမှာ ကျွန်မတို့က ဘာလို့ ဇနီးမောင်နှံတွေ ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းပြချက်တွေ အများကြီးကို ကျွန်မ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင်လည်း ရှင်က ကျွန်မကို သတ်တယ်။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေထဲမှာ ရှင်က အမြဲတမ်း ကျွန်မရဲ့ ဘေးနားမှာ ရှိနေတာပဲ ၊ ကျွန်မကို သတ်ရင်သတ် ၊ မသတ်ရင် ကျွန်မနဲ့ အတူအိပ်တယ်။ နောက်ပိုင်းကျတော့ တစ်ယောက်ယောက်က အဖြေတစ်ခု ထုတ်ပေးလာတယ်”

တုပိုင် မေးလိုက်၏။ “ဘာအဖြေလဲ”

လီဝမ်ဝမ် ဖြေသည်။ “ကျွန်မတို့က အရင်ဘဝက ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြတယ် ၊ ဒါမှမဟုတ် တခြားကမ္ဘာတစ်ခုမှာ ကျွန်မတို့က ဇနီးမောင်နှံတွေ ဖြစ်နေကြတယ်”

တုပိုင်မှာ စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။

ထို့နောက် လီဝမ်ဝမ်သည် စကားဆက်မပြောတော့ဘဲ တုပိုင်အား ကြည့်နေသည့် သူမ၏ အကြည့်များတွင် ရှုပ်ထွေးနက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။

တုပိုင်က မေးလိုက်သည်။ “မင်း ဘာပြောချင်တာလဲ”

လီဝမ်ဝမ်က ပြောလေ၏။ “ယောက်ျား… ပေမင်ဓားဂိုဏ်းက ရှင့်ကို သတ်ဖို့ လူမလွှတ်တာ အတော်လေး ကြာနေပြီဆိုတာကို လူတွေ သတိထားမိကြတယ်။ ဒါက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး”

တုပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

ဤမိစ္ဆာမလေးသည် အလွန် ဉာဏ်ကောင်းလှပေသည်။ သူမက ဤကိစ္စမှနေ၍ သဲလွန်စတစ်ခုကို အမှန်တကယ် ခန့်မှန်းနိုင်ခဲ့၏။ ထို့နောက် လီဝမ်ဝမ်သည် တုပိုင်ထံမှ တစ်စုံတစ်ရာကို ကြားချင်နေသကဲ့သို့ သူ့ကို စူးစိုက်ကြည့်နေလေသည်။

တုပိုင်က စကားအနည်းငယ်မျှသာ ပြောခဲ့သော်လည်း ဤကိစ္စသည် တုပိုင်နှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိသော်ငြားလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို သူ အလိုလို ခံစားမိနေလေ၏။

လီဝမ်ဝမ် တာ့နင်အင်ပါယာသို့ ပြန်လာခြင်းမှာ လုံးဝ ရိုးရှင်းမည် မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားတော့မည် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထို့ပြင် ဤသည်မှာ နိုင်ငံတစ်နိုင်ငံ ၊ ဂိုဏ်းတစ်ခုတည်း၏ ကိစ္စရပ် မဟုတ်ဘဲ တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို ထိခိုက်စေမည့် ကမ္ဘာ့အဆင့် အဖြစ်အပျက်တစ်ခု ဖြစ်ပေသည်။

သို့သော် လီဝမ်ဝမ်သည် စကားမပြောဘဲ နေနေ၏။ သူမက မည်သည့်အခါမျှ အရင်စကားစမည် မဟုတ်ပေ။

“ဘာမှ ကိစ္စမရှိဘူးဆိုရင် ငါ အရင်သွားတော့မယ်” တုပိုင် ပြောလိုက်သည်။

စိချွမ်းနှင့် ဟူနန် ပြည်နယ်နှစ်ခုကို မကြာမီ လုံးဝ သိမ်းပိုက်နိုင်တော့မည် ဖြစ်ပြီး အပြာရောင်ကျောက်သလင်းနှင့် အနီရောင်ကျောက်သလင်း သတ္တုကြောများကို လျှို့ဝှက်ထုတ်လုပ်ရေးကလည်း စတင်တော့မည် ဖြစ်သည်။ ထို့အပြင် စွမ်းအင်ယဉ်ကျေးမှုနှင့် စွမ်းအင်လက်နက်များ သုတေသနကိုလည်း ဆက်လက် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားမည် ဖြစ်သည်။

အရေးအကြီးဆုံး တာဝန်မှာ ဧကရာဇ်ယုံတယ်အား နာမည်ပျက်သွားစေရန်နှင့် နင်တောက်ရွှမ်၏ မျိုးမစစ်ဖြစ်သော သူ့ကို ရာဇပလ္လင်ပေါ်မှ ဖယ်ရှားရန်ပင် ဖြစ်လေသည်။

အဓိက သော့ချက်ပုဂ္ဂိုလ်မှာ မယ်တော်ကြီးပင် ဖြစ်၏။ သူမကသာ အမှန်တရားကို ပြောလိုက်မည်ဆိုပါက ဧကရာဇ်ယုံတယ်ကို ဖျက်ဆီးနိုင်မည် ဖြစ်သည်။ လီဝမ်ဝမ်က အနောက်တွင် ကျန်ရစ်ခဲ့ပြီး သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်လေသည်။ “ယောက်ျား… ကျွန်မလို မိစ္ဆာမလေးက ဘယ်လောက်တောင် စွမ်းလဲဆိုတာကို ရှင့်ကို ပြပေးမယ်”

**--**--**--**--**--**--**--**

မြို့တော်အတွင်း၌ တုဟွေး၏ စကားကို ကြားသောအခါ ဧကရာဇ်ယုံတယ်က အေးစက်စွာ ပြောလိုက်၏။ “အမတ်မင်းတု… ငါကိုယ်တော် တစ်ခါပဲ ပြောမယ်။ မယ်တော်ကြီးက ငါကိုယ်တော်ကို တခြားလူတွေအားလုံးထက် ပိုချစ်တယ်။ မယ်တော်ကြီးက ငါကိုယ်တော်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”

တုဟွေး ဆက်ပြောသည်။ “မယ်တော်ကြီးသာ မသေဘူးဆိုရင် ပြည်သူလူထုရဲ့ အမြင်မှာ တုပိုင်ကို ဘယ်လိုလုပ်ပြီး အပြီးသတ် ချေမှုန်းနိုင်မှာလဲ။ အခုချိန်ထိ အရှင်မင်းမြတ်က သနားစရာကောင်းတဲ့ ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်နေခဲ့တယ်။”

“ပြီးတော့ တုပိုင်ကို စိတ်ပြောင်းဖို့ အကြိမ်ကြိမ် တောင်းဆိုနေတဲ့ဟန် ပြသခဲ့လို့ ကမ္ဘာ့ပြည်သူတွေရဲ့ သနားစာနာမှုကို ရရှိခဲ့တာပဲ။ ဒါပေမဲ့ လက်ရှိ အခြေအနေက မလုံလောက်သေးဘူး။ တုပိုင်က စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ဖို့ စစ်တပ်တွေ စေလွှတ်ခဲ့တာက ပုန်ကန်မှုနဲ့ တူနေပေမဲ့လည်း အဆုံးမှာတော့ သူက ပုန်ကန်တဲ့ အလံကို ကိုယ်တိုင်ကိုယ်ကျ စိုက်ထူခဲ့တာမှ မဟုတ်တာ။”

“အခုချိန်မှာ သူ့ကို လူထောင်ပေါင်းများစွာက စွပ်စွဲနေကြပြီး ပုန်ကန်သူ ၊ သူခိုးလို့ သတ်မှတ်နေကြတယ်။ ကောလာဟလတွေလည်း မရေမတွက်နိုင်အောင် ထွက်ပေါ်နေတယ်။ လူအများစုရဲ့ စိတ်ထဲမှာ သူလုပ်ခဲ့တာ မှားတယ်လို့ ခံစားရပေမဲ့ သူ့ရဲ့ ကျေးဇူးတရားတွေနဲ့ အပြစ်တွေက မျှခြေဖြစ်နေသေးတယ်။”

“သူ့ကို ဘယ်လိုလုပ်ပြီး လုံးဝပျက်စီးသွားအောင် လုပ်မှာလဲ။ အရှင်မင်းမြတ်က ဧကရာဇ်ထျန်ယွင်လို မေတ္တာရှင် ဘုရင်တစ်ပါးအနေနဲ့ သရုပ်ဆောင်နေတာလေ။ အရှင်မင်းမြတ်ကို သမားရိုးကျမဟုတ်တဲ့ နည်းလမ်းနဲ့ လုံးဝ ပြောင်းလဲသွားစေဖို့ ၊ သူ့ကို လုံးဝ ကျောခိုင်းသွားစေဖို့ ၊ သူ့ရဲ့ ရာထူးဘွဲ့ထူးတွေကို လုံးဝ ရုပ်သိမ်းပစ်ဖို့ ၊ သူ့ကို သူပုန်နဲ့ သူခိုးအဖြစ် သတ်မှတ်ကြောင်း အမိန့်ထုတ်ပြန်ဖို့ ၊ ပြီးတော့ တစ်လောကလုံးက သူပုန်တွေကို ချေမှုန်းကြဖို့ အမိန့်တော်ထုတ်ပြန်ဖို့ဆိုရင် ကြီးမားတဲ့ အရေးပေါ်အခြေအနေတစ်ခု လိုအပ်တယ်”

ဧကရာဇ်၏ မျက်နှာမှာ မသေချာမရေရာ ဖြစ်သွားရသည်။ တုဟွေး ပြောသည်မှာ မှန်ပေ၏။ တုပိုင်အပေါ် ပြည်သူလူထု၏ အမြင်ကို အသုံးချ၍ တိုက်ခိုက်မှုမှာ အမှန်တကယ်ပင် မထိရောက်သေးချေ။

တုပိုင်သည် ယခင်က ကျေးဇူးများစွာ ပြုခဲ့ဖူးသည်။ စိချွမ်းနှင့် ဟူနန် ပြည်နယ်နှစ်ခုသို့ စစ်တပ်များ စေလွှတ်ရုံမျှဖြင့် လုံလောက်သော ဒေါသနှင့် မုန်းတီးမှုများကို နှိုးဆွပေးရန် မလုံလောက်သေးပေ။

လူအများစု၏ နှလုံးသားထဲတွင် တုပိုင်၏ သူရဲကောင်းဆန်သော ဂုဏ်သတင်းက ပျောက်ကွယ်မသွားသေးချေ။ သို့သော် ဤကာလအတွင်း တုပိုင်၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးနေသော လေတိုက်နှုန်းက အလွန်ပြင်းထန်လွန်းနေသောကြောင့် သူတို့သည် တုပိုင်အတွက် စကားမပြောရဲဘဲ အသံတိတ်နေသော လူအုပ်ကြီးသာ ဖြစ်နေကြသည်။

တုဟွေး ဆက်ပြောလေ၏။ “မယ်တော်ကြီး သေဆုံးသွားတဲ့အခါ ပြဿနာအားလုံး ပြေလည်သွားလိမ့်မယ်။ မယ်တော်ကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှုကို ကျွန်တော်တို့ ပြီးပြည့်စုံအောင် ဖန်တီးနိုင်ပါတယ်။”

“ပြီးရင် သူ့ကို သေတမ်းစာတစ်စောင် ရေးခိုင်းမယ်။ သူကိုယ့်ကိုယ်ကိုယ် သတ်သေရတဲ့ အကြောင်းရင်းက တုပိုင်ကို ဆုတ်ခွာသွားစေချင်လို့။ ဒီလိုဆိုရင် တစ်လောကလုံးက ဒေါသထွက်သွားလိမ့်မယ်။ ပြီးရင် အရှင်မင်းမြတ်အနေနဲ့လည်း လုံးဝ ကျောခိုင်းပြီးတော့ တုပိုင်ကို ချေမှုန်းဖို့ တစ်လောကလုံးကို အမိန့်ပေးဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရသွားပြီ”

ဧကရာဇ်က မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်ပြီးနောက် ပြန်ဖွင့်ကာ ပြောလိုက်၏။ “မလုပ်နဲ့ ၊ နင်းရွှဲ့ကိုပဲ ဒီဇာတ်ရုပ် နေရာမှာ သရုပ်ဆောင်ခိုင်းလိုက်။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ပုံစံ ဖန်တီးပြီး သတ်ပစ်လိုက်။ ပြီးရင် သေတမ်းစာတစ်စောင် ချန်ထားခဲ့ပြီး သူ့ရဲ့သေဆုံးမှုနဲ့အတူ သူ့ယောက်ျား တုပိုင်ကို ဆုတ်ခွာဖို့ တောင်းဆိုခိုင်းလိုက်။”

“တုပိုင်ကတော့ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့ နင်းရွှဲ့က ငါ့ရဲ့ နှမတော်လေ။ မယ်တော်ကြီးလောက် အလေးချိန် မစီးပေမဲ့ ငါ့ကို ဒေါသထွက်ပြီး စိတ်လွတ်သွားစေဖို့တော့ လုံလောက်ပါတယ်”

နင်းရွှဲ့သည် တုပိုင်၏ ဇနီးဖြစ်သော်ငြားလည်း သူမတွင် လုံလောက်သော အလေးချိန် မရှိဟု တုဟွေး ခံစားလိုက်ရသည်။

“ဒါပဲ ၊ ဒါက ငါ့ရဲ့ အမိန့်ပဲ” ဧကရာဇ်ယုံတယ်က ပြောလိုက်၏။ “နင်းရွှဲ့ကို သတ်လိုက် ၊ ဘယ်သူမှ မသိအောင် သေသေချာချာ လုပ်ရမယ်။ ဒါမှ လူတိုင်းက သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလို့ ရာခိုင်နှုန်းပြည့် ယုံကြည်ကြမှာပဲ”

**--**--**--**--**--**--**--**

ဤအတောအတွင်း မင်းသမီးနင်းရွှဲ့သည် မြို့တော်ရှိ ကျန့်ရှီးအိမ်တော်တွင် နေထိုင်နေခဲ့ရပြီး လုံးဝ အိမ်အကျယ်ချုပ် ကျခံထားရကာ ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်နေလေသည်။

ရက်အနည်းငယ် ကြာပြီးနောက် လူရိပ်တစ်ခုက ကျန့်ရှီးအိမ်တော်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး စာကြည့်ဆောင်ထဲတွင် မင်းသမီးနင်းရွှဲ့နှင့် လျှို့ဝှက်စွာ လာရောက်တွေ့ဆုံ၏။ အခြားသူမဟုတ်လေဘဲ မဟာဆရာသခင်ကြီး နင်ဇောင်ဝူပင် ဖြစ်သည်။

“ဆရာသခင်နင်… အကြောင်းရင်းကို ရှာတွေ့ပြီလား” မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။

ယနေ့ညတွင် နင်ဇောင်ဝူက မင်းသမီးနင်းရွှဲ့ထံသို့ လျှို့ဝှက်လာရောက် တွေ့ဆုံခြင်းမှာ လုံးဝ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေသည်။

တုပိုင်နှင့် ဧကရာဇ်ယုံတယ်တို့ မျက်နှာချင်း မဆိုင်မီအချိန်ကတည်းက မဟာဆရာသခင် နင်ဇောင်ဝူသည် နင်းရွှဲ့အား စောင့်ရှောက်ရန် မယ်တော်ကြီး၏ တာဝန်ပေးအပ်မှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

နင်းရွှဲ့၏ ခန္ဓာကိုယ် ကျန်းမာရေးမှာ အလွန်ကောင်းမွန်ပါလျက်နှင့် အဘယ်ကြောင့် သူက စောင့်ရှောက်ပေးရန် လိုအပ်ရသနည်း။

အဘယ်ကြောင့်ဆိုသော် သူမနှင့် တုပိုင်တို့သည် အခွင့်အရေးရတိုင်း အတူနေခဲ့ကြပြီး နေ့စဉ်ရက်ဆက်လိုလို ချစ်တင်းနှီးနှောခဲ့ကြသော်လည်း လပေါင်းများစွာ ကြာသည်အထိ အဘယ်ကြောင့် ကလေးမရသေးသနည်း ဆိုသည့် အချက်ကြောင့်ပင်။

နီရှန်နတ်မိမယ်နှင့် တုပိုင်တို့မှာမူ တစ်ကြိမ်တည်းဖြင့်ပင် ကိုယ်ဝန်ရသွားခဲ့သည်။

လီတောက်ယွဲ့ ကိုယ်ဝန်မရခြင်း၏ အကြောင်းရင်းမှာမူ သူမသည် မဟာဆရာသခင်အဆင့်ရှိသူ တစ်ဦးဖြစ်ပြီး တုပိုင်ကို အချိန်ပြည့် ကာကွယ်ပေးလိုသောကြောင့် ဖြစ်လေသည်။ ပြောရလျှင် မရခြင်းမဟုတ်လေဘဲ မယူခြင်းသာဖြစ်၏။ မဟုတ်ပါက ကိုမျိုးအောင်ကြီး တုပိုင်လက်ချက်ကြောင့် လီတောက်ယွဲ့ကိုယ်ဝန်ရနေသည်မှာ ကြာမြင့်နေလောက်လေပြီ။

တုပိုင်တွင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာမျှ မရှိသည့်အပြင် အလွန်လည်း စွမ်းဆောင်နိုင်သူ ဖြစ်ရာ နင်းရွှဲ့တွင်သာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေရမည်မှာ အသေအချာပင်။

မဟာဆရာသခင် နင်ဇောင်ဝူက နင်းရွှဲ့၏ သွေးကြောကို စမ်းသပ်ကြည့်ခဲ့သော်လည်း မည်သည့်ပြဿနာမျှ မတွေ့ခဲ့ရချေ။

ထို့ကြောင့် သူက မီးနတ်ဘုရားဂိုဏ်း၏ သွေးစစ်ဆေးခြင်းနည်းစနစ်ကို အသုံးပြုခဲ့ရာ ရလဒ်အနေဖြင့် မင်းသမီးနင်းရွှဲ့၏ သွေးထဲတွင် အလွန်ထူးဆန်းသော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေ၏။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၇ + ၇၂၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters