ဖုန်းယွီချင်း ဆွံ့အသွားခြင်း
Vol. 37 Ch. 399
အချိန်က နံနက် ၉ နာရီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။
ပွဲကြည့်ရန် လာရောက်ကြသော ကျင့်ကြံသူများမှာလည်း ပို၍ ပို၍ များပြားလာသည်။
သို့သော် သူတို့က အရင်အတိုင်းပင် ပွဲကြည့်ပြီးသည်နှင့် ရွှမ်ယွင်မျှော်စင် အတွင်းသို့သာ တိုးဝှေ့ဝင်ရောက်သွားကြ၏။
"ဟေ့ လူလေး... မင်း ထျန်းရှထုန် ဖွင့်ပွဲကို မစောင့်တော့ဘူးလား။ ဒီနေ့ သူတို့ဆီမှာလည်း လျှော့စျေးတွေ အများကြီး ပေးမယ်လို့ ကြားတယ်နော်"
တစ်ဦးက ပြုံးလျက် မေးလိုက်သည်။
ထိုလူက ရယ်မောကာ ပြန်ဖြေ၏။ "နှစ်တိုင်း ကုန်သည်အသင်း အသစ်တွေ အများကြီး ဖွင့်ကြတာပဲလေ။ ဒါပေမဲ့ ရွှမ်ယွင်မျှော်စင်ရဲ့ လျှော့စျေးဆိုတာကတော့ ကြုံတောင့်ကြုံခဲပဲ။"
"ခေါင်းထဲမှာ အသိဉာဏ် ရှိတဲ့သူဆိုရင် ရွှမ်ယွင်မျှော်စင်ကို ထားခဲ့ပြီး ထျန်းရှထုန် ကို သွားရွေးမှာ မဟုတ်ဘူး။ "
"သူတို့ဆီက ပစ္စည်းတွေက အရည်အသွေး စိတ်ချရပါ့မလား ဘယ်သူသိမှာလဲ"
ထို့နောက် နောက်တစ်ဦးကလည်း ဝင်ရောက် ထောက်ခံပြန်သည်။ "ဟုတ်ပါ့... ထျန်းရှထုန် က ရွှမ်ယွင်မျှော်စင်ကို ယှဉ်ဖို့ ဘယ်လိုတောင် ယုံကြည်ချက်တွေ ရှိနေတာလဲ မသိဘူး။"
" ဒီနေ့ ဖွင့်ပွဲမို့လို့သာ လူနည်းနည်း ရှိနေတာ ဒီနေ့ ကျော်သွားရင် သူတို့ ဘယ်သူလဲဆိုတာတောင် ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး။ "
"ပြီးတော့ ရွှမ်ယွင်မျှော်စင် ဘက်ကလည်း စတင် လှုပ်ရှားနေပြီဆိုတော့ မနက်ဖြန်ကျရင် ပိတ်သွားရမလားတောင် မသိဘူး"
လူအများက ဝိုင်းဝန်း ရယ်မောကြ၏။ ထျန်းရှထုန်၏ အနာဂတ်အပေါ် ယုံကြည်သူ များများစားစား မရှိချေ။
သို့သော် သူတို့အတွက်မူ အင်အားကြီး နှစ်ခု အားပြိုင်နေခြင်းမှာ ဈေးဝယ်ထွက်ရန် အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်နေသည်။
ပုံမှန်ဆိုလျှင် ရွှမ်ယွင်မျှော်စင်တွင် ဈေးဝယ်ရန် သူတို့၌ သတ္တိမရှိကြပေ။
ရွှမ်ယွင်မျှော်စင် အတွင်းသို့ လူအုပ်ကြီး တိုးဝှေ့ဝင်ရောက်နေသည်ကို ကြည့်ကာ တံခါးဝရှိ စီမံသူများမှာလည်း ပြုံးပျော်နေကြ၏။
သူတို့က ထျန်းရှထုန် ဘက်ကို အထင်သေးစွာ ကြည့်ကာ အေးစက်စွာ ပြောလိုက်ကြသည်။ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလိုမျိုးပေါ့"
ထိုအချိန်တွင် ရွှမ်ယွင်မျှော်စင် အဓိက အဆောက်အအုံ၏ သီးသန့်ခန်းအတွင်း၌လည်း အေးဆေး ပေါ့ပါးသော အခြေအနေ ဖြစ်နေ၏။
"အရှင်ဖုန်း... အခု အခြေအနေက အရမ်း ကောင်းနေပါတယ်။"
"ဒီရက်ပိုင်း လျှော့စျေးတွေ ပေးလိုက်တာကြောင့် ကျွန်တော်တို့ သိုလှောင်ရုံထဲက ပစ္စည်း ထက်ဝက်လောက် ကုန်သွားပြီ။ အမြတ်နည်းသွားပေမဲ့ ရန်ပုံငွေတွေ အမြောက်အမြား ပြန်ဝင်လာပါတယ်။"
"ဒီနေ့ဆိုရင် ပိုတောင် စည်ကားနေသေးတယ်။ ဖောက်သည် ၉၀ ရာခိုင်နှုန်းကျော်က ကျွန်တော်တို့ဆီကိုပဲ ရောက်လာကြတာပါ"
ရွှမ်ယွင်မျှော်စင် အဆင့်မြင့် အကြီးအကဲ တစ်ဦးက ပြုံးပျော်လျက် ပြော သည်။
ဖုန်းယွီချင်းက အသာအယာ ခေါင်းညိတ်လိုက်၏။ ဤအခြေအနေမှာ သူမ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
သို့သော် သူမ မထင်မှတ်ထားသည်မှာ ရွှမ်ယွင်မျှော်စင်၏ တိုက်စစ်အပေါ် ထန်ထျန်းက မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းပင်။
"ထျန်းရှထုန် ဘက်က ဘာမှ မလှုပ်ရှားသေးဘူးလား"
ဖုန်းယွီချင်းက မေးလိုက်၏။
အကြီးအကဲ က ခေါင်းညိတ်ကာ "မရှိပါဘူး။"
" သူတို့ လက်လျှော့လိုက်ပြီ ထင်ပါတယ်။"
" ကုန်သွယ်ရေးလောကမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ သြဇာအာဏာအရ လမ်းကြောင်းလေး တစ်ခုလောက် ဖွင့်ပေးလိုက်တာနဲ့ လူတွေက အုံနဲ့ကျင်းနဲ့ ရောက်လာကြတာပဲလေ။ "
"ထျန်းရှထုန် အနေနဲ့ ပြန်လည် တုံ့ပြန်ချင်ရင်တောင် သူ့မှာ ဘာနည်းလမ်းမှ ရှိမှာ မဟုတ်ဘူး"
ဖုန်းယွီချင်း၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ဘာမှ မပြောချေ။
သူမ၏ အတွေးအရ ထန်ထျန်းက ဤအခြေအနေကို မြင်လျှင် အရှင်ချီ ထံတွင် အကူအညီ တောင်းပေလိမ့်မည်။ မဟုတ်လျှင် ဖြေရှင်းရန် အခြား နည်းလမ်း မရှိပေ။
သူမက ထိုအခြေအနေအတွက်ပင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် ယနေ့အထိ ထန်ထျန်းမှာ ဘာမှ မလုပ်ဘဲ ကံကြမ္မာကို အရှုံးပေးထားသကဲ့သို့ ရှိနေ၏။
သို့သော် သူမ၏ စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။
"ဟိုဘက်ကို သေချာ စောင့်ကြည့်ထား အောက်က အခြေအနေတွေကိုလည်း သေချာ ကြည့်ထား။"
" လူငယ်လေး တစ်ယောက်ရဲ့ လက်ထဲမှာ ငါ့လှေ အနစ်မခံနိုင်ဘူး"
ဖုန်းယွီချင်းက ပြောလိုက်၏။
အကြီးအကဲ က ရယ်မောကာ "စိတ်ချပါ အရှင်ဖုန်း... သူတို့ ဖွင့်ပွဲနီးနေလို့ အလုပ်တွေ ရှုပ်နေကြတာ၊ ပြန်တိုက်ဖို့ အချိန်မရှိတော့ပါဘူး။ "
"ကျွန်တော်တို့ဘက်မှာတော့ အရောင်းအဝယ်တွေက ပိုပြီး စည်ကားလာနေပြီ။ "
"အဲ... အခုလေးတင် အောက်ကလူတွေ လာသတင်းပို့တာတော့ ဖောက်သည်ကြီး အချို့က ပစ္စည်းတွေကို အမြောက်အမြား ဝယ်သွားလို့ သိုလှောင်ရုံထဲမှာ ကုန်သလောက် ဖြစ်နေပြီတဲ့... ဟားဟား..."
သူက ရယ်မောနေရင်းဖြင့် မျက်နှာမှာ တဖြည်းဖြည်း ပြောင်းလဲသွား၏။
ဖုန်းယွီချင်းက မျက်မှောင်ကြုတ်ကာ "ဘာဖြစ်လို့လဲ"
အကြီးအကဲ မှာ ခဏမျှ ကြောင်အသွားပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "ကျွန်တော်တို့ အရောင်းအဝယ်က... စည်ကားလွန်းနေသလိုပဲ။ "
"အခုလေးတင် သတင်းတွေ အများကြီး ထပ်ဝင်လာတယ်၊ ဖောက်သည်ကြီး တစ်အုပ်က ပစ္စည်းတွေကို တစ်ပြိုင်နက်တည်း သိမ်းကျုံးဝယ်ယူနေကြတယ်။ "
"သူတို့ တစ်ခါတည်း ဝယ်တဲ့ ပမာဏက အရမ်းများလွန်းလို့ သိုလှောင်ရုံ အတော်များများက ပြောင်သလောက် ဖြစ်ကုန်ပြီ။ "
"ပြီးတော့... သူတို့က ဆက်ပြီး ဝယ်နေတုန်းပဲ"
ဖုန်းယွီချင်း၏ မျက်မှောင်မှာ ချက်ချင်းပင် ကြုတ်သွားတော့သည်။ "သူတို့ ဘာပစ္စည်းတွေ ဝယ်နေတာလဲ"
အကြီးအကဲ က စစ်ဆေးကြည့်ပြီးနောက် "အခြေခံအားဖြင့် အလယ်အလတ်နဲ့ အဆင့်နိမ့် ပစ္စည်းတွေပါ၊ အဆင့်မြင့် ပစ္စည်းတွေလည်း ပါပါတယ်။ "
"အရှင်ဖုန်း... ဒီနေ့ ကျွန်တော်တို့ ရတဲ့ အမြတ်က အရင်ရက်တွေ အားလုံး ပေါင်းတာထက် ပိုများနေပြီ။ "
"တစ်ရက်အတွင်း အရောင်းရဆုံး စံချိန်သစ် တင်တော့မှာပါ"
သို့သော် ဖုန်းယွီချင်း၏ မျက်မှောင်မှာ ပို၍သာ ကြုတ်လာခဲ့၏။
ရုတ်တရက်ဆိုသလို သူမ၏ မျက်ဝန်းထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသည်။
သူမက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အော်ဟစ်လိုက်၏။ "မြန်မြန် သူတို့ကို ချက်ချင်း ရပ်ခိုင်းလိုက်"
"အဲဒီလူတွေကို ငါတို့ရဲ့ သိုလှောင်ရုံ ပြောင်သွားအောင် အဝယ်မခံနဲ့"
ရွှမ်ယွင်မျှော်စင် အကြီးအကဲ မှာ ကြောင်အသွား၏။
"ဗျာ"
" ဘာဖြစ်လို့လဲဗျ။ "
"ဒါက ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား။ ဒီနေ့ ကျွန်တော်တို့ ရောင်းရငွေက တာအိုကျောက်စိမ်း ဘီလီယံ ပေါင်းများစွာ ရှိနေပြီ၊ ဒါက တစ်ခါမှ မရှိဖူးတဲ့ စံချိန်ပဲလေ"
ဖုန်းယွီချင်းက အံ့ကြိတ်ကာ ဒေါသတကြီး ဟောက်လိုက်၏။ "ခိုင်းတာကို လုပ်စမ်း"
" အကယ်၍ သိုလှောင်ရုံ ပြောင်သွားပြီး ငါတို့မှာ ရောင်းစရာ ပစ္စည်း မရှိတော့ရင် ဖောက်သည် အားလုံးက ထျန်းရှထုန် ဘက်ကို ပြန်သွားကြလိမ့်မယ်"
"အဲဒီအခါ ငါတို့က ပိတ်လိုက်ရုံပဲ ရှိတော့မှာ"
ဖုန်းယွီချင်းမှာ အော်ဟစ်နေပြီး သူမ၏ မျက်နှာထက်တွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။
ထန်ထျန်း ဘာကြောင့် ငြိမ်နေသလဲဆိုသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။
ဒါက သူ၏ နောက်ဆုံးလက်နက်ကိုး
သို့သော် ထန်ထျန်းက ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းကို သုံးလိမ့်မည်ဟု သူမ မည်သို့ ထင်ထားပါ့မည်နည်း။
မင်းအိမ်က ပိုက်ဆံတွေက လေထဲက လွင့်လာတာလား။ ဒီလိုမျိုး ပေါပေါလောလော သုံးပစ်လို့ ရတာလား
ပြိုင်ဘက်ရဲ့ ပစ္စည်းတွေကို အကုန် ဝယ်ပစ်ပြီး ရောင်းစရာ မရှိအောင် လုပ်တယ်ဆိုတာ...
ဒါက ပုံမှန်လူ စဉ်းစားနိုင်တဲ့ နည်းလမ်းလား
ဖုန်းယွီချင်းမှာ လုံးဝ ဆွံ့အသွားတော့သည်။ သူမ၏ ပြိုင်ဘက်မှာ လူငယ် အတွေ့အကြုံရင့်သူ တစ်ယောက်ဟု ထင်ထားသော်လည်း အမှန်တကယ်တော့ ထိုလူက လူသားပင် မဟုတ်တော့ချေ
ဤသို့ဆိုလျှင် မည်သို့ ဆက်ကစားရမည်နည်း။
"မြန်မြန်လုပ်"
ဖုန်းယွီချင်းက အော်ဟစ်လိုက်ပြန်သည်။
အကြီးအကဲ မှာ ဤကဲ့သို့သော ဖုန်းယွီချင်းကို မြင်ပြီး လန့်သွားကာ ချက်ချင်းပင် အောက်ကလူများကို ဆက်သွယ်တော့သည်။
သို့သော် ခဏအကြာတွင် သူ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွား၏။
"အရှင်ဖုန်း... "
"ကျွန်တော်တို့ ပစ္စည်းတွေ... အကုန် ရောင်းလိုက်ရပြီ..."
ဖုန်းယွီချင်းမှာ မျက်လုံးပြူးကာ အံကြိတ်ထားမိ၏။
ဤမျှ တိုတောင်းသော အချိန်အတွင်း သိုလှောင်ရုံ ပြောင်သွားအောင် လုပ်နိုင်သည်မှာ ထန်ထျန်းက ကြိုတင် ပြင်ဆင်ထားသည်မှာ အသေအချာပင်။
ထိုအချိန်မှာပင် လေးလံသော ခေါင်းလောင်းသံကြီးမှာ ထျန်းရှထုန် ကုန်သည်အသင်း ဘက်မှ ပျံ့လွင့်လာခဲ့သည်။
ထို့နောက်တွင် ဗျောက်အိုးသံများနှင့်အတူ မီးရှူးမီးပန်းများက ကောင်းကင်ထက်တွင် ပေါက်ကွဲသွားတော့သည်။
သူတို့ တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်၏
ကောင်းကင်ရှိ လှပသော မီးရှူးမီးပန်းများကို ကြည့်ကာ ဖုန်းယွီချင်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်၏။
"မထင်မှတ်ဘဲ ငါက လူငယ်လေး တစ်ယောက်ရဲ့ လက်ထဲမှာ တကယ်ပဲ ရှုံးနိမ့်ခဲ့တာပဲ"
သူမက ခေါင်းခါလျက် ညည်းတွားလိုက်သည်။
ရွှမ်ယွင်မျှော်စင် အကြီးအကဲ က ဖုန်းယွီချင်းကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်၏။ "သိပ်တော့ မဆိုးပါဘူး မဟုတ်လား။"
" သူက ကျွန်တော်တို့ အဓိက ဆိုင်ခွဲရဲ့ သိုလှောင်ရုံကို ခေတ္တ ဝယ်ပစ်လိုက်တာပဲ ရှိတာပါ။ နောက်တစ်ရက်လောက်ဆိုရင် ပစ္စည်းတွေ ပြန်ဖြည့်လို့ ရပါတယ်။ "
"အဲဒီအခါ အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ။"
" ပြီးတော့ သူက ဒီလိုလုပ်ဖို့အတွက် အရင်းအနှီး အများကြီး သုံးခဲ့ရတယ်၊ အမြတ်ကတော့ ကျွန်တော်တို့ ရလိုက်တာပဲ။"
" ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေပြီး ရန်သူကို အားပေးတဲ့ ဒီနည်းလမ်းက တကယ်တော့ မိုက်မဲတဲ့ နည်းလမ်းလို့ ကျွန်တော် ထင်ပါတယ်"
ဖုန်းယွီချင်းက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေ၏။
သူမ၏ စိတ်ထဲတွင်လည်း ထိုသို့ပင် ယူဆထားသည်။
ထန်ထျန်း၏ ဤထူးဆန်းသော နည်းလမ်းမှာ သူ၏ သက်တမ်းကို ကိုယ်တိုင် တိုတောင်းစေခြင်းသာ ဖြစ်၏။
သို့သော် ဤကိစ္စပြီးနောက်တွင် သူမက ဤလူကို လျှော့တွက်ခဲ့မိသည်ဟု ခံစားနေရသည်။
အချိန်အတော်ကြာပြီးနောက် ဖုန်းယွီချင်းက လက်ကာပြလိုက်၏။
"ငါ့ကို တစ်ယောက်တည်း ထားခဲ့ပေးပါ။"
"ထန်ထျန်းဘက်က လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ထား။"
"ငါတို့ဘက်ကတော့..."
"ပိတ်စရာ ရှိရင် ပိတ်လိုက်တော့၊ အတင်း အောင့်ထားရင် ဂုဏ်သိက္ခာ ပိုကျဖို့ပဲ ရှိတယ်"