← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အပိုင်း (၃၉၄) ကောက်ကျစ်စဉ်းလဲသော အစီအစဉ် (၂)

ချောင်မိဖုရားခေါင်သည် အိပ်ရာထဲတွင် ၂လကျော် လဲလျောင်းနေခဲ့ပြီး ယနေ့မှ မတ်တပ်ရပ်နိုင်ကာ အားအင်မရှိတော့ပေ။

သို့သော် လုမင်ယွိ တစ်ယောက်တည်း ဝမ်ဟွားနန်းဆောင်သို့ သွားရန်မှာ မသင့်လျော်ပေ။ မိဖုရားခေါင်ကြီးအနေဖြင့် ကိုယ်တိုင် ပါဝင်မှ ဖြစ်မည်။

ချောင်မိဖုရားခေါင်သည် ခေါင်းညိတ်လိုက်ပြီး နန်းတွင်းအပျိုတော်များ၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်လေသည်။ လုမင်ယွိနှင့် ဟွေ့အန်းကုန်းကျူတို့သည် ဘယ်တစ်ဖက် ညာတစ်ဖက် တွဲကူပြီး အပြင်သို့ ခေါ်ဆောင်သွားလေသည်။

ခေါင်းဆောင်u ထွက်သွားပြီသဖြင့် ကျန်လူများလည်း ကျောင်းဖန်နန်းဆောင်တွင် ဆက်နေစရာ အကြောင်းမရှိတော့ဘဲ ကိုယ့်အဆောင်ကိုယ်ပြန်ရန် ပြင်ဆင်ကြလေသည်။

လျန်ရှီက လမ်းလျှောက်ရင်း ငိုကြွေးနေလေသည်။ မုန့်ကွေ့ဖေးသည် ငိုသံကြားရတာ စိတ်ရှုပ်နေပြီး မျက်စောင်းထိုးကာ အော်ငေါက်လိုက်လေသည်။ "ငို၊ ငို၊ ငိုပဲ တတ်တယ်။ ငိုနေလို့ ဘာထူးမှာလဲ။ မျက်လုံးကန်းသွားအောင် ငိုရင်တောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ နင့်အဖေ ယန်စစ်တပ်ကို အမြန်ဆုံး အနိုင်တိုက်နိုင်ပါစေလို့ပဲ ဆုတောင်းလိုက်"

လျန်ရှီက ဆက်ငိုနေလေသည်။

မုန့်ကွေ့ဖေးသည် မျက်နှာပျက်လျက် ရှေ့က ထွက်သွားလေသည်။

ကျောက်ယွီသည် သနားသွားပြီး လျန်ရှီကို နှစ်သိမ့်လိုက်လေသည်။ "သာ့စောင် စိတ်မပူပါနဲ့။ ဒီနေ့ ခံနိုင်ရင် မနက်ဖြန် သဘက်ခါလည်း ခံနိုင်မှာပါ"

လျန်ရှီက ရှိုက်ကြီးတငင် ပြောလိုက်လေသည်။ "ကျောက်တိမေ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မက အဖေ့ကို စိတ်ပူလို့ပါ။ ဒီလောက် ယုတ်မာတဲ့ လူတွေနဲ့ တွေ့နေရတော့ စစ်နိုင်ရင်တောင် အဖေ့ဂုဏ်သိက္ခာတွေ ပျက်စီးကုန်မှာ စိုးရိမ်တယ်"

မုန့်ယွင်လော်က ဘေးနားကနေ ဝင်ပြောလိုက်လေသည်။ "ဘာကြောက်စရာ ရှိလို့လဲ။ ရဲရင့်ပြတ်သားတဲ့ ထိုက်ဇီဖေး ရှိနေတာပဲ။ သူက တာဝန်ယူပါ့မယ်လို့ ပြောထားတယ်လေ။ ဆဲချင်ရင် သူ့ကိုပဲ အရင် ဆဲကြမှာပေါ့"

လျန်ရှီ "..."

ကျောက်ယွီသည် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်လေသည်။ "လူစကား နားမလည်ဘူးလား။ နားမလည်ရင် ပါးစပ်ပိတ်ထား။ ဒီလိုအချိန်ရောက်နေတာတောင် ဝိုင်းကူဖို့ မစဉ်းစားဘဲ အာ့စောင်ကို အပုပ်ချချင်နေသေးတယ်။ နင်က လူရော ဟုတ်ရဲ့လား"

မုန့်ယွင်လော်သည်လည်း ဒေါသထွက်သွားပြီး ပြန်လှောင်ပြောင်လိုက်လေသည်။ "ဟုတ်တယ်၊ ငါက လူမဟုတ်ဘူး။ နင်ကမှ လူ။ နင်က အခု ထိုက်ဇီဖေးဘက် ပါသွားပြီကိုး။ သူ့ခြေထောက်ကို ဖက်ထားလိုက်လေ။ နောက်ပိုင်း သူ မိဖုရားခေါင် ဖြစ်လာရင် နင်လည်း မျက်နှာပွင့်မှာပေါ့"

ကျောက်ယွီက ပြန်လှောင်လိုက်လေသည်။ "နင် ပြောချင်တဲ့ သဘောက ဘာလဲ။ ဖုဟွမ်ကို စောစော သေစေချင်တာလား"

မုန့်ယွင်လော် လန့်ဖျပ်သွားပြီး ချွေးစေးများ ပြန်လာလေသည်။ "နင် လျှောက်မပြောနဲ့။ ငါ ဘယ်တုန်းက ဖုဟွမ်ကို... ငါ ဘာမှ မပြောဘူး"

ကျောက်ယွီက ဆက်ပြောလိုက်လေသည်။ "ဪ၊ ဒါဆိုရင် အာ့စောင် မိဖုရားခေါင် ဖြစ်လာမယ်လို့ ပြောတာက ဘာသဘောလဲ။ ဖုဟွမ်က အသက်ရှည်ရှည် နေရမှာ။ အာ့စောင်က ထိုက်ဇီဖေးပဲ ဆက်ဖြစ်နေရမှာလေ"

အရင်တုန်းက ကျောက်ယွီ ဒီလောက် ပါးစပ်သရမ်းမှန်း မသိခဲ့ဘူး။

မုန့်ယွင်လော်သည် အံကြိတ်ပြီး စိုက်ကြည့်နေလေသည်။

ကျောက်ယွီသည် နှာခေါင်းရှုံ့လိုက်ပြီး မုန့်ယွင်လော်ကို ဂရုမစိုက်တော့ဘဲ လျန်ရှီ၏ လက်ကို ဆွဲကာ ထွက်ခွာသွားလေသည်။

မုန့်ယွင်လော်သည် ဒေါသတကြီးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အိပ်ဆောင်သို့ ပြန်သွားတော့သည်။

မိုးချုပ်နေပြီဖြစ်၍ မီးပုံးများ ထွန်းညှိထားလေသည်။ နို့ထိန်းမေမေက ကျန်းအာကို ပွေ့ချီပြီး လမ်းလျှောက်နေစဉ် မုန့်ယွင်လော် ပြန်လာသည်ကို မြင်လိုက်ရသဖြင့် ကြိုဆိုလိုက်လေသည်။

ကျန်းအာသည် တစ်နှစ်ပြည့်ပြီး ဖြစ်သော်လည်း လမ်းမလျှောက်တတ်ဘဲ တစ်နေ့လုံး အချီခံထားရလေသည်။

မုန့်ယွင်လော်သည် သမီးဖြစ်သူကို မချစ်တာ မဟုတ်ပေ။ ကိုယ်ဝန်လွယ်ပြီး မွေးထားရခြင်းဖြစ်သည်။ သို့သော်လည်း စိတ်မကြည်လာလျှင် သမီးကို ကြည့်မရ ဖြစ်တတ်သည်။

ကျန်းအာသည် မိခင်၏ မျက်နှာထားကို ကြည့်တတ်လေသည်။ မူလက လက်ကမ်းပြီး အချီခံချင်သော်လည်း မိခင်၏ မျက်နှာမည်းမှောင်နေသည်ကို မြင်လိုက်ရသည့်အခါ လက်ပြန်ရုတ်လိုက်ပြီး နို့ထိန်း၏ ရင်ခွင်ထဲသို့ ခေါင်းဝှက်လိုက်လေသည်။

မုန့်ယွင်လော် "..."

ဒီအပြုအမူက မုန့်ယွင်လော်၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားသည်။

မုန့်ယွင်လော်က ဆဲဆိုလေတော့သည်။ "အသုံးမကျတဲ့အကောင်၊ အမေရင်းကို မြင်တာတောင် မခေါ်တတ်ဘူး။ နို့ထိန်းရင်ခွင်ထဲပဲ ပုန်းနေတတ်တယ်။ ငါက နင့်ကို စားလိုက်မှာမို့လို့လား။ နင့်ကို မွေးထားရတာ ဘာမှ အသုံးမကျဘူး။ သွား! အဝေးဆုံးကို သွား!"

ကျန်းအာသည် ကြောက်လန့်ပြီး ငိုကြွေးကာ နို့ထိန်းမေမေ၏ အင်္ကျီစကို ဆွဲထားလေသည်။

နို့ထိန်းမေမေသည် သခင်မ၏ စိတ်အပြောင်းအလဲ မြန်သည်ကို သိထားသဖြင့် ဘာမှ ပြန်မပြောရဲဘဲ ကလေးကို ချီပြီး ထွက်ခွာသွားတော့သည်။

ကျန်းအာခမျာ အချိန်အတော်ကြာ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။ နို့ထိန်းမေမေသည် ကျောကုန်းလေးကို ပုတ်ပေးရင်း ချော့မော့နေရသည်။ "ကျန်းအာ မငိုနဲ့တော့နော်။ တိတ်တော့"

ကျန်းအာသည် မောပန်းသွားပြီး နို့ထိန်းမေမေ၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားတော့သည်။

နို့ထိန်းမေမေသည် ကျန်းအာ၏ မျက်နှာလေးကို သနားကြင်နာစွာ ကြည့်လိုက်လေသည်။ ကျန်းအာက ရုပ်ရည် သိပ်မချောသော်လည်း ကြည့်ပျော်ရှုပျော် ရှိပါသည်။ သနားစရာ ကောင်းတာက စိတ်ကြီးသော အမေ ရထားခြင်းပင်။

...

ဝမ်ဟွားနန်းဆောင်တွင်...

ချောင်ကောလောင်နှင့် ဝန်ကြီးယန်တို့၏ မျက်နှာထားများ တင်းမာနေကြသည်။ အချိန်အကြာကြီး ဆွေးနွေးသော်လည်း အဖြေမထွက်သေးပေ။

လီချန်သည် နေ့တစ်ဝက်လောက် မတ်တပ်ရပ်နေရသဖြင့် ခြေသလုံးများ ကိုက်ခဲနေပြီ။ ဝင်ပြောခွင့်လည်း မရသဖြင့် စိတ်ပျက်နေလေသည်။ ချောင်မိဖုရားခေါင်နှင့် ထိုက်ဇီဖေး ရောက်လာကြောင်း သိရသည့်အခါမှ စိတ်တက်ကြွလာလေသည်။

အမတ်မင်းများအားလုံး မတ်တပ်ရပ်ပြီး နှုတ်ဆက်ကြလေသည်။ "ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

ဟွေ့အန်းကုန်းကျူသည် အခန်းထဲသို့ မဝင်ဘဲ အပြင်တွင် ကျန်ရစ်ခဲ့သည်။

ချောင်မိဖုရားခေါင်သည် မောပန်းနေသဖြင့် နဖူးမှ ချွေးစေးများ ပြန်နေလေသည်။ အသံက အားနည်းနေသည်။ "အားလုံး မတ်တပ်ရပ်ကြပါ"

အမတ်မင်းများ မတ်တပ်ရပ်လိုက်ကြလေသည်။

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။ ချောင်မိဖုရားခေါင်သည် အသက်ရှူမှန်အောင် လုပ်လိုက်ပြီး ချောင်ကောလောင်ကို ကြည့်ကာ မေးလိုက်လေသည်။ "ဒီနေ့ တိုက်ပွဲက ပြင်းထန်တယ်။ ကံကောင်းလို့ မြို့တံခါး မကျိုးပေါက်သွားတာ။ မနက်ဖြန် တိုက်ပွဲကို ဘယ်လို စီစဉ်ထားလဲ။ အကြံဉာဏ် ရှိကြလား"

ချောင်ကောလောင်၏ မျက်နှာ မည်းမှောင်နေပြီး အသံက ခါးသက်နေလေသည်။ "ကျွန်တော်မျိုးတို့ ညံ့ဖျင်းလို့ အကြံဉာဏ် မထွက်သေးပါဘူး"

ဝန်ကြီးယန်နှင့် အခြားသူများလည်း တောင်းပန်စကား ဆိုလိုက်ကြလေသည်။ "ကျွန်တော်မျိုးတို့ ညံ့ဖျင်းပါတယ်"

ချောင်မိဖုရားခေါင်သည် အားတင်းပြီး နှစ်သိမ့်လိုက်လေသည်။ "ယန်စစ်တပ်က ဒီလောက် ကောက်ကျစ်စဉ်းလဲတဲ့ နည်းလမ်းကို သုံးလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိကြဘူး။ ဒါ မင်းတို့ အပြစ် မဟုတ်ပါဘူး။ စစ်သူကြီးလျန် မြို့တံခါးကို ကာကွယ်နိုင်ခဲ့တာလည်း အကျိုးဆောင်မှုကောင်းလို့ပါပဲ။ ပန်ကုံး အမိန့်ပြန်တမ်း ထုတ်ပြီး စစ်သူကြီးလျန်ကို ဆုချလိုက်မယ်"

ဆုချတာ မချတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ချောင်မိဖုရားခေါင်ရဲ့ သဘောထားကို ပြသလိုက်တာပါပဲ။

ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြို့တော်ကို ကာကွယ်ရမယ် ဆိုတဲ့ သဘောထားပေါ့။

အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာ စစ်သားတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေသလို မြို့တော်သူမြို့တော်သားတွေကိုလည်း စိုးရိမ်ထိတ်လန့်စေတယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ချောင်ကောလောင်တောင် မြို့တော်ကို အရင်ကာကွယ်ပါလို့ မပြောထွက်ဘူး။

ဒီနေ့ ချောင်မိဖုရားခေါင်နဲ့ ထိုက်ဇီဖေး ကိုယ်တိုင် လာပြီး သဘောထား ပြသလိုက်တာ အကောင်းဆုံးပါပဲ။

အမတ်မင်းများ စိတ်သက်သာရာ ရသွားကြပြီး ပြိုင်တူ ပြောလိုက်ကြလေသည်။ "ဟွမ်ဟုပ်ညန်ညန်က ဉာဏ်ပညာ ကြီးမားလှပါတယ်"

ချောင်မိဖုရားခေါင်သည် စကားဆက်ပြောရန် အားမရှိတော့သဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။ လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး အမတ်မင်းများကို ပြောလိုက်လေသည်။ "ယန်စစ်တပ်က နောက်ဆုံးထွက်သက်မှာ ရုန်းကန်နေတာ။ အရမ်း ယုတ်မာတယ်။ ဒီနည်းလမ်း မအောင်မြင်ရင် နောက်ထပ် ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလာလိမ့်မယ်"

"မူလက စီစဉ်ထားတဲ့ မြို့တော်ကာကွယ်ရေး အစီအစဉ်ကို ပြင်ဆင်ရမယ်။ ယန်စစ်တပ်က သာ့ဝေတိုင်းပြည်ရဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး"

ဝန်ကြီးယန်က လျင်မြန်စွာ တုံ့ပြန်လိုက်လေသည်။ "ထိုက်ဇီဖေး ဆိုလိုတာက မြို့ပြင်ထွက်ပြီး တိုက်ခိုက်ချင်တာလား"

"ဟုတ်တယ်" လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီး လူသတ်ချင်စိတ်များ ထွက်ပေါ်လာလေသည်။ "ယန်ထော်က ဒီလောက် ယုတ်မာကောက်ကျစ်တာ ကောင်းကင်ကြီးကတောင် ခွင့်မလွှတ်နိုင်ဘူး"

ချောင်ကောလောင်က စိုးရိမ်တကြီး ပြောလိုက်လေသည်။ "သူက တမင်သက်သက် ဒီနည်းလမ်းကို သုံးပြီး သာ့ဝေစစ်တပ်ကို အပြင်ထွက်လာအောင် မျှားခေါ်နေတာ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် သူ့အကွက်ထဲ ဝင်သွားသလို ဖြစ်နေမှာပေါ့"

"ဟုတ်ပါတယ်! ဒါက အရမ်း အန္တရာယ်များပါတယ်"

"မဖြစ်ပါဘူး! ထိုက်ဇီဖေး သေချာ စဉ်းစားပေးပါ"

"နောက်တစ်လှမ်းဆုတ်ပြီး ပြောရရင် အပြင်ထွက်တိုက်မယ် ဆိုရင်တောင် လူအင်အား မရှိဘူး။ စစ်သူကြီးလျန်က ကျန်းတယ်တံခါးကို စောင့်နေရတယ်။ ကျန်တဲ့ တံခါး ၃ပေါက်မှာလည်း စစ်သူကြီးတွေ ရှိနေတယ်။ အခု အပြင်ထွက်တိုက်ဖို့ လူထုတ်ပေးလို့ မရတော့ဘူး"

လုမင်ယွိက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်လေသည်။ "ကျွန်မ သွားမယ်!"

...

အပိုင်း (၃၉၅) အစီအစဉ်ချမှတ်ခြင်း

လုမင်ယွိ၏ စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြလေသည်။

အားအင်မရှိဖြစ်နေသော ချောင်မိဖုရားခေါင်သည် ဘယ်ကခွန်အားတွေ ရောက်လာမှန်းမသိ ရုတ်တရက် ထရပ်လိုက်ကာ "မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး။ မင်းက ထိုက်ဇီဖေးလေ။ ဘယ်လိုလုပ် အသက်အန္တရာယ်ရှိတဲ့ နေရာကို သွားလို့ ရမှာလဲ။ အဲဒီအတွေးကို ဖျက်လိုက်စမ်း"

ချောင်ကောလောင်သည်လည်း ဧကရာဇ်နှင့် အမတ်စည်းမျဉ်းများကို ဂရုမစိုက်တော့ဘဲ လေးလံသော အသံဖြင့် ပြောလိုက်လေသည်။ "သာ့ဝေတိုင်းပြည်မှာ စစ်သည်တော်ကောင်းတွေ အများကြီး ရှိပါတယ်။ ထိုက်ဇီဖေးကို စစ်မြေပြင် လွှတ်လို့ ဘယ်ဖြစ်မှာလဲ။ ထိုက်ဇီဖေး အဲဒီအတွေးကို ရုပ်သိမ်းပေးပါ"

အမတ်မင်းများအားလုံး လက်နှစ်ဖက်ယှက်ပြီး တောင်းပန်လိုက်ကြလေသည်။ "ထိုက်ဇီဖေးညန်ညန် အဲဒီအတွေးကို ရုပ်သိမ်းပေးပါ။ နန်းတော်ထဲမှာပဲ နေပေးပါ"

လုမင်ယွိ၏ မျက်ဝန်းများသည် ဓားသွားများကဲ့သို့ စူးရှနေပြီး အမတ်မင်းများ၏ မျက်နှာကို တစ်ယောက်ချင်းစီ ကြည့်လိုက်လေသည်။ "ရန်သူကို နိုင်ချင်ရင် ခေါင်းဆောင်ကို အရင် သတ်ရမယ်။ ယန်စစ်တပ်ကို ဒီတိုင်း လွှတ်ထားမယ်ဆိုရင် စစ်ကူတွေ ရောက်လာရင်တောင် မြို့တော်နားက ပြည်သူတွေ ဘယ်လောက် သေကုန်ကြမလဲ မသိဘူး"

"ယန်ထော်က ယန်စစ်တပ်ရဲ့ ခေါင်းဆောင်ပဲ။ သူ့ကို သတ်နိုင်ရင် ယန်စစ်တပ်ရဲ့ ဝိညာဉ်ကို နုတ်ယူလိုက်သလို ဖြစ်သွားမှာ။ ယန်ထော် သေရင် ယန်စစ်တပ်က ဘာမှ မဟုတ်တော့ဘူး"

"မြို့တံခါးစောင့်နေတဲ့ စစ်သားတွေက နေရာရွှေ့လို့ မရဘူး။ စစ်သူကြီးလျန်က ယန်စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်ရမှာ။ အမတ်မင်းတို့ကို မေးချင်တာက အခုအချိန်မှာ ယန်ထော်ကို သွားသတ်ဖို့ ဘယ်သူ တာဝန်ယူနိုင်မလဲ"

အမတ်မင်းများ အားလုံး ပါးစပ်ပိတ်သွားကြလေသည်။

သာ့ဝေတိုင်းပြည်တွင် စစ်သည်တော်ကောင်းများ ပေါများသော်လည်း အားလုံးသည် ယုံးကျားဧကရာဇ်နှင့်အတူ ပါသွားကြလေသည်။ ကျန်ရှိနေသူများကလည်း တာဝန်ကိုယ်စီ ရှိနေကြသဖြင့် လူထုတ်ပေးရန် မဖြစ်နိုင်တော့ပေ။

ဒါပေမဲ့ ထိုက်ဇီဖေးကို စွန့်စားခိုင်းလို့တော့ မဖြစ်ဘူးလေ။ ယန်စစ်တပ်က ကောက်ကျစ်စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်တယ်။ သေမှာကို မကြောက်ကြဘူး။ သူတို့နဲ့ သွားရင်ဆိုင်ရမှာကို တွေးမိရင်တောင် ကျောချမ်းစရာ ကောင်းတယ်။

မဖြစ်ဘူး။ ထိုက်ဇီဖေးကို အန္တရာယ်အဖြစ်မခံနိုင်ဘူး။

ဝန်ကြီးယန်သည် ဦးနှောက်ပြေးသဖြင့် ချက်ချင်း အကြံရသွားလေသည်။ "ထိုက်ဇီဖေး ပြောတာ ကောင်းမွန်တဲ့ နည်းလမ်းပါပဲ။ ဒါပေမဲ့ ထိုက်ဇီဖေး ကိုယ်တိုင် သွားစရာ မလိုပါဘူး။ မြို့တော်ထဲမှာ စစ်သား ၄သောင်းလောက် ရှိသေးတာပဲ။ အဲဒီအထဲက လက်ရွေးစင် လေးသည်တော်တွေကို ရွေးပြီး..."

"ယန်ထော်ကို သတ်ဖို့ ဒီလောက် လွယ်ကူရင် စစ်သူကြီးလျန် လုပ်ပြီးနေပြီပေါ့" လုမင်ယွိက ဝန်ကြီးယန်၏ စကားကို ဖြတ်ပြောလိုက်လေသည်။ "ယန်စစ်တပ်က မြို့ကို တိုက်နေချိန်မှာ ယန်ထော်က နောက်တန်းမှာ ထိုင်နေတာ။ မြို့တံခါးနားကို လာမှာ မဟုတ်ဘူး။ လေးသည်တော်တွေ ဘယ်လောက်ပဲ တော်နေပါစေ ယန်ထော်ကို မမြင်ရရင် ဘယ်လို ပစ်မှာလဲ"

"အရင်ဆုံး ယန်စစ်တပ်ရဲ့ စခန်းချထားတဲ့ နေရာကို စုံစမ်းရမယ်။ ညဉ့်နက်သန်းခေါင်ကျရင် မီးရှို့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း ယန်ထော်ကို ဝင်သတ်ရမယ်"

"တစ်ချက်တည်းနဲ့ အောင်မြင်ရင် မြို့တော်ရဲ့ အန္တရာယ်က လျော့ပါးသွားမှာ"

ချောင်ကောလောင်၏ မျက်နှာထား ဆိုးရွားနေလေသည်။ "ဒါပေမဲ့ ဒါက အရမ်း အန္တရာယ်များလွန်းတယ်"

လုမင်ယွိက အေးစက်စက် ပြောလိုက်လေသည်။ "အန္တရာယ်မယူရင် ယန်စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်နေတာကို လက်ပိုက်ကြည့်နေရမှာပေါ့။ အဆိုးနှစ်ခု ယှဉ်လာရင် သက်သာမယ့် တစ်ခုကို ရွေးရမယ်။ ဒီသဘောတရားကို ချောင်ကောလောင် နားမလည်ဘူးလား"

ချောင်ကောလောင်သည် ပြန်မပြောနိုင်တော့ဘဲ ချောင်မိဖုရားခေါင်ကို မျက်ရိပ်ပြလိုက်ရလေသည်။

ချောင်မိဖုရားခေါင်သည် ဟန်ဆောင်နေစရာ မလိုဘဲ မျက်ရည်များ ဝဲလာကာ ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "လုရှီ၊ မင်းက အားသန်ပြီး သိုင်းတော်မှန်း ပန်ကုံး သိပါတယ်။ ဒါပေမဲ့ မင်းက အိမ်တွင်းအောင်းနေတဲ့ မိန်းမသားလေ။ စစ်တိုက်ဖူးတာမှ မဟုတ်တာ။ မင်း တစ်ခုခု ဖြစ်သွားရင် ရွှီအာနဲ့ ရွှမ်းအာ ဘယ်လိုလုပ်မလဲ။ ပန်ကုံးက လုမိသားစုနဲ့ ထိုက်ဇီကို ဘယ်လို ဖြေရှင်းရမလဲ"

လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို ကြည့်ပြီး အသံပျော့ပျောင်းသွားလေသည်။ "မူဟုပ် စိတ်ပူတာကို အာရှီ နားလည်ပါတယ်။ အာရှီက စစ်မတိုက်တတ်ပါဘူး။ ဒါ့ကြောင့် မြို့တံခါးမှာ ယန်စစ်တပ်နဲ့ သွားတိုက်ဖို့ အစီအစဉ် မရှိပါဘူး။ စစ်သူကြီးလျန် ရှိနေသရွေ့ ယန်စစ်တပ် ဝင်လာနိုင်မှာ မဟုတ်ပါဘူး"

"အာရှီက အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုကို တောင်းဆိုပေးချင်ရုံပါ။ ဒီစစ်ပွဲကို မြန်မြန် ပြီးစေချင်တယ်။ မူဟုပ် စိတ်မပူပါနဲ့။ အာရှီက ကိုယ့်အသက်ကို တန်ဖိုးထားပါတယ်။ ယန်ထော်ကို မသတ်နိုင်ရင် ဇွတ်မလုပ်ဘဲ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"

ချောင်မိဖုရားခေါင်က စိုးရိမ်တကြီး ပြောလိုက်လေသည်။ "ဓားသွားပေါ် လမ်းလျှောက်ရမှာလေ။ ညဘက် စစ်တပ်ထဲ ဝင်တိုက်တယ်ဆိုတာ ဘယ်လောက် အန္တရာယ်များလဲ။ ကံမကောင်းရင်..."

လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "မူဟုပ် ပြောတာ မှန်ပါတယ်။ ဒီည ချက်ချင်း သွားမတိုက်ပါဘူး။ အစီအစဉ် သေချာဆွဲပြီးမှ သွားမှာပါ"

ချောင်မိဖုရားခေါင် "..."

ချွေးမဖြစ်သူက ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိပြီး နန်းတော်ကို ထိန်းသိမ်းနိုင်တာ ကောင်းတဲ့အချက် ဖြစ်ပေမဲ့ အရမ်း ဆုံးဖြတ်ချက် ခိုင်မာလွန်းတာက ခေါင်းကိုက်စရာ ကောင်းတယ်။

ချောင်မိဖုရားခေါင်သည် ခေါင်းကိုက်လာသဖြင့် နားထင်ကို နှိပ်နယ်လိုက်ရလေသည်။

လုမင်ယွိသည် အလိုက်တသိဖြင့် တွဲကူပြီး ချောင်မိဖုရားခေါင်ကို ပြန်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အမတ်မင်းများကို လေးနက်စွာ ပြောလိုက်လေသည်။ "ယန်ထော်ကို လုပ်ကြံမယ့်ကိစ္စ အတည်ဖြစ်သွားပြီ။ ဒီကိစ္စကို ဒီအခန်းထဲက လူတွေကလွဲရင် ဘယ်သူမှ မသိစေနဲ့။ ဝမ်ဟွားနန်းဆောင် အပြင်ဘက်ကို သတင်းမပေါက်ကြားစေနဲ့"

အမတ်မင်းများ တိတ်ဆိတ်သွားကြလေသည်။

လီချန်သည် သတ္တိမွေးပြီး "ကောင်းပါပြီ" ဟု ဝင်ပြောလိုက်လေသည်။

လုမင်ယွိသည် လီချန်ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း ယန်စစ်တပ်ရဲ့ အခြေအနေကို စုံစမ်းနေကြတယ်မလား။ ရရှိထားတဲ့ သတင်းအချက်အလက်တွေကို ကျွန်မကို ပြောပြပါ"

ဝန်ကြီးယန်နှင့် ချောင်ကောလောင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြလေသည်။

ပြောမရ ဆိုမရ ဖြစ်နေမှတော့ ဘာတတ်နိုင်ဦးမှာလဲ။

ထိုက်ဇီဖေးကို စွန့်စားခွင့် ပြုလိုက်ရုံပဲ ရှိတော့တာပေါ့။

ဝန်ကြီးယန်က တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အစီရင်ခံပါ့မယ်"

...

တစ်နာရီခန့် ကြာပြီးနောက် လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို တွဲကူပြီး ဝမ်ဟွားနန်းဆောင်မှ ထွက်လာခဲ့သည်။

ကောင်းကင်ကြီး မည်းမှောင်နေပြီး ကြယ်ရောင် မှိန်မှိန်လေးသာ ရှိလေသည်။

ချောင်မိဖုရားခေါင်သည် ခြေထောက်များ ပျော့ခွေနေသော်လည်း အားတင်းပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းနေလေသည်။ ဟွေ့အန်းကုန်းကျူသည် အခန်းထဲတွင် ဘာဖြစ်ခဲ့မှန်း မသိသဖြင့် ချောင်မိဖုရားခေါင်ကို တွဲကူရင်း တိုးတိုးလေး မေးလိုက်လေသည်။ "မူဟုပ်၊ ဝမ်ဟွားနန်းဆောင်ထဲမှာ ဘာလို့ ဒီလောက် ကြာနေတာလဲ။ ကျွန်မ စောင့်နေတာ တစ်နာရီကျော်သွားပြီ။ ဗိုက်တောင် ဆာနေပြီ"

ချောင်မိဖုရားခေါင်သည် လုမင်ယွိကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "ပန်ကုံး ရှားရှားပါးပါး အပြင်ထွက်လာတာဆိုတော့ အမတ်မင်းတွေ ဆွေးနွေးတာကို နားထောင်နေလိုက်တာပါ"

ဒီည ဆွေးနွေးခဲ့တဲ့ ကိစ္စကို လူနည်းစုပဲ သိတာ။ တခြားလူတွေ နားထဲ မရောက်စေရဘူး။ ဟွေ့အန်းကုန်းကျူကိုတောင် ဖုံးကွယ်ထားရမယ်လေ။

ဟွေ့အန်းကုန်းကျူသည် သံသယ မဖြစ်ဘဲ တိုးတိုးလေး ညည်းတွားလိုက်လေသည်။ "မူဟုပ်က နေမကောင်းသေးတာ။ ခန္ဓာကိုယ်လည်း အားနည်းနေတာကို ဘာလို့ အပင်ပန်းခံနေတာလဲ"

ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက်ချကာ ဘာမှ ဆက်မပြောတော့ချေ။

လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို ကျောင်းဖန်နန်းဆောင်အထိ လိုက်ပို့ပြီးနောက် အရှေ့နန်းဆောင်သို့ အမြန်ပြန်လာခဲ့သည်။

ရွှီအာနှင့် ရွှမ်းအာသည် မိခင်ကို မတွေ့ရတာ တစ်နေ့လုံး ရှိနေပြီဖြစ်သဖြင့် မျောက်ကလေးများလို ပြေးလာပြီး လုမင်ယွိ၏ လက်မောင်းကို ဖက်တွယ်ထားကြလေသည်။

လုမင်ယွိသည် စိတ်ရှုပ်စရာများကို ဖယ်ရှားလိုက်ပြီး ကလေးများကို ပြုံးရွှင်စွာ ပွေ့ချီကာ စကားပြောပေးလိုက်သည်။ ကိုယ်တိုင် ရေချိုးပေးပြီး သိပ်လိုက်လေသည်။

ကလေးနှစ်ယောက် အိပ်ပျော်သွားသောအခါ ချီယွင်ကို ခေါ်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ချီယွင်၊ မနက်ဖြန်ကစပြီး ငါ နေမကောင်းဘူးလို့ သတင်းလွှတ်လိုက်။ ဘယ်သူပဲ လာလာ တားထားလိုက်"

ချီယွင် လန့်ဖျပ်သွားလေသည်။ "ထိုက်ဇီဖေး ဘယ်သွားမလို့လဲ"

လုမင်ယွိက တည်ငြိမ်စွာ ဖြေလိုက်လေသည်။ "ငါ နန်းတော်ပြင် ထွက်မလို့။ ၃ရက်၊ ၅ရက် ကြာချင် ကြာမယ်။ ၁၀ရက်၊ ၁၅ရက် ကြာချင် ကြာမယ်။ အတိအကျ ပြောလို့ မရသေးဘူး"

ချီယွင်သည် လုမင်ယွိကို ငယ်စဉ်ကတည်းက ပြုစုလာခဲ့သူ ဖြစ်သဖြင့် လုမင်ယွိ၏ စိတ်သဘောထားကို ကောင်းကောင်း နားလည်လေသည်။ စကားကြားလိုက်သည်နှင့် အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် စိုးရိမ်တကြီး မေးလိုက်လေသည်။ "ထိုက်ဇီဖေး ဘာသွားလုပ်မလို့လဲ"

လုမင်ယွိက စကားလွှဲလိုက်လေသည်။ "ငါ မရှိတဲ့အချိန် ရွှီအာနဲ့ ရွှမ်းအာကို ကောင်းကောင်း ဂရုစိုက်ပေးပါ"

ချီယွင်၏ နှလုံးသား တုန်ယင်သွားတော့သည်။ "ထိုက်ဇီဖေး..."

"ချီယွင်၊ ဘာမှ မမေးနဲ့" လုမင်ယွိသည် ချီယွင်ကို စိုက်ကြည့်ပြီး တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ "ငါ မဖြစ်မနေ လုပ်ရမယ့် ကိစ္စ ရှိလို့ပါ။ ငါ့ကလေးနှစ်ယောက်ကို နင့်လက်ထဲ အပ်ခဲ့မယ်။ ငါ့အစား ကောင်းကောင်း စောင့်ရှောက်ပေးပါ"

ချီယွင် ပြောချင်သော စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့ကုန်တော့သည်။

သူမ ရိပ်မိသော်လည်း တစ်လုံးမှ ထုတ်မပြောနိုင်တော့ချေ။ နှုတ်ခမ်းများ လှုပ်ရွရွ ဖြစ်သွားပြီး နောက်ဆုံးတွင် စကားလုံး အနည်းငယ်သာ ထွက်ပေါ်လာတော့သည်။ "ကျွန်မ တာဝန်ကျေပွန်အောင် စောင့်ရှောက်ပါ့မယ်"

...

အပိုင်း (၃၉၆) နန်းတော်မှ ထွက်ခွာခြင်း

ထိုညမှာပင် လုမင်ယွိ သည် နန်းတော်မှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး ဒုတိယမင်းသား အိမ်တော်သို့ ပြန်လာခဲ့လေသည်။

သန်းခေါင်ယံအချိန်တွင် လုမင်ယွိ ရုတ်တရက် ပြန်ရောက်လာသဖြင့် လုယိသည် အံ့အားသင့်သွားပြီး အိပ်ယာမှ အမြန်ထကာ အဝတ်အစားလဲပြီး သခင်မဖြစ်သူကို သွားရောက်တွေ့ဆုံလေသည်။ "ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"

ဖယောင်းတိုင်မီးရောင်အောက်တွင် လုမင်ယွိ၏ မျက်နှာထားသည် တည်ငြိမ်နေပြီး မျက်ဝန်းများက အေးစက်နေလေသည်။ "ထတော့ တခြားသူတွေအကုန်ထွက်သွား လုယိကို မှာစရာရှိတယ်"

ကိုယ်ရံတော်များကလဲ အလျင်အမြန် ထွက်ခွာသွားကြသည်။

လုမင်ယွိက လုယိကို ပြောလိုက်၏။ "ငါ့အမိန့်ကိုနာခံပြီး ကိုယ်ရံတော်တွေအားလုံး အဆင်သင့် ပြင်ထားခိုင်းလိုက် လက်နက်တွေ လေးနဲ့မြှားတွေ အပြည့်အစုံယူထားကြ"

လုယိ၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ဖြတ်ပြေးသွားသော်ငြား ချက်ချင်းတည်ငြိမ်သွားပြီး လက်နှစ်ဖက်ကိုယှက်ကာ အမိန့်နာခံလိုက်လေသည်။

လုမင်ယွိက ဆက်ပြောလိုက်၏။ "၂နာရီအချိန်ပေးမယ်။ မနက်၄နာရီ အချိန်ကျရင် ခရီးထွက်မယ်"

လုယိသည် ဘာမှပြန်မမေးဘဲ ထွက်ခွာသွားခဲ့သည်။

ဒုတိယမင်းသား အိမ်တော်ရှိ ကိုယ်ရံတော်များကို လီကျင့်က စစ်တိုက်ရန် ခေါ်ဆောင်သွားခဲ့သည်။ လွန်ခဲ့သော၂နှစ်အတွင်း အိမ်တော်ကို စောင့်ရှောက်ပေးသူများမှာ လုမိသားစု၏ ကိုယ်ရံတော်များ ဖြစ်ကြပြီး လုယိသည်လဲ ၂နှစ်အတွင်း အားလပ်ချိန်မရှိဘဲ လေ့ကျင့်ပေးနေခဲ့သည်။

၂နာရီကြာပြီးနောက် ကိုယ်ရံတော်၁၀၀ခန့်သည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဓားရှည်များလွယ်ကာ လေးနှင့်မြှားကို ကိုင်ဆောင်ထားကြသည်။ စစ်မြင်းများ၏ ခြေထောက်များကိုလည်း အဝတ်များဖြင့် ပတ်ထားကြသည်။

လုမင်ယွိသည်လဲ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့်ဆံနွယ်ကို ကျစ်ဆံမြီးကျစ်ကာ အနက်ရောင်ခေါင်းပေါင်းဖြင့် စည်းနှောင်ထားလေသည်။ သူမ၏ မျက်ဝန်းနက်ထဲတွင် အရောင်အဝါများ တောက်ပနေလေ၏။

ဘယ်သူမှ စကားမပြောကြပေ။ သခင်မက ဘယ်နေရာသို့သွားမည် ဘာလုပ်မည် ဆိုသည်ကိုလည်း ဘယ်သူမှ မမေးရဲကြပေ။

လုမင်ယွိက မြင်းပေါ်သို့ တက်လိုက်သည်နှင့် ကိုယ်ရံတော်များ အားလုံးကလဲ မြင်းပေါ်လိုက်တက်လိုက်ကြသည်။ မှောင်မိုက်နေသော ညအချိန်တွင် အိမ်တော်မှ ထွက်ခွာသွားကြလေသည်။

မြင်းခြေထောက်များကို အဝတ်ပတ်ထားသော်လည်း မြင်းခွာသံများကို လုံးဝဖုံးကွယ်ထားလို့ မရချေ။ သို့သော်ငြား အသံကတော့ အများကြီး တိုးသွားလေသည်။

မြင်းကို အမြန်စီးပြီး မိုးမလင်းမီတွင် ကျန်းချင်းတံခါးသို့ ရောက်ရှိလာခဲ့သည်။

မြို့တော်တွင် မြို့တံခါးလေးပေါက်ရှိသည်။ ကျန်းချင်းတံခါးသည် ကျန်းတယ်တံခါးနှင့် မျက်နှာချင်းဖြစ်သည်။ ယန်စစ်တပ်သည် ကျန်းတယ်တံခါးအပြင်ဘက် မိုင်၅၀အကွာတွင် စခန်းချထားပြီး တိုက်ခိုက်နေသဖြင့် ကျန်းတယ်တံခါးအပြင်ဘက်တွင် ဆူညံပွက်လော ရိုက်နေလေသည်။

ကျန်းချင်းတံခါးဘက်တွင်တော့ တိုက်ပွဲမရှိသော်ငြား တင်းမာသော အခြေအနေ ဖြစ်နေလေ၏။

မိုးလင်းစပြုချိန်တွင် မြို့စောင့်တပ်သားများသည် မြင်းခွာသံ ကြားလိုက်ရသဖြင့် အပြေးအလွှားထွက်လာပြီး တားဆီးလိုက်ကြသည်။ "ဘယ်သူတွေလဲ မြို့တံခါးမဖွင့်ဘူး။ ချက်ချင်းပြန်လှည့်သွား"

ယန်စစ်တပ် ရောက်လာကတည်းက မြို့တံခါးအားလုံးကို ပိတ်ထားပြီး ဘယ်သူမှ ဝင်ထွက်ခွင့် မပြုတော့ပေ။

ယနေ့ အနက်ရောင်ဝတ်စုံ လူတစ်သိုက်ရောက်လာတော့ မသင်္ကါစရာ ဖြစ်နေလေသည်။

မြို့စောင့်တပ်မှူးသည် မျက်နှာထား တင်းမာနေလေ၏။ လုမင်ယွိက မြင်းပေါ်တွင် ငြိမ်သက်နေပြီး ကိုယ်ရံတော်များက သူမကို ဝိုင်းရံထားကြ၏။ လုမိသားစု၏ ကိုယ်ရံတော်များသည် အရပ်မြင့်ပြီး သန်မာကြသဖြင့် လုမင်ယွိကို ကွယ်ထားသလို ဖြစ်နေတော့သည်။

လုယိက ရှေ့ထွက်လာပြီး ခါးကြားမှ တံဆိပ်ပြားကို ထုတ်ပြလိုက်၏။ "ငါက ဒုတိယမင်းသားအိမ်တော်က လုယိပါ။ အမိန့်အရ မြို့ပြင်ထွက်စရာရှိတယ်။ မြို့တံခါး ဖွင့်ပေးပါ"

ဒုတိယမင်းသားအိမ်တော် ဟုတ်လား။

အဲဒါ ထိုက်ဇီအိမ်တော် မဟုတ်ဘူးလား။

မြို့စောင့်တပ်မှူးသည် အံ့အားသင့်သွားပြီး တံဆိပ်ပြားကို စစ်ဆေးကြည့်ရှုပြီးနောက် မြို့တံခါး ဖွင့်ပေးလိုက်လေသည်။

စစ်သားအနည်းငယ်သည် လေးလံသော မြို့တံခါးကို တွန်းဖွင့်လိုက်ကြ၏။ တံခါးက လုံးဝမပွင့်သေးခင်မှာပင် လူအုပ်ကြီးသည် မြင်းစီးပြီး ထွက်ခွာသွားကြတော့သည်။ အချိန်တိုအတွင်း ပျောက်ကွယ်သွားကြ၏။

လုအုပ်ကြီး ထွက်ခွာသွားပြီးနောက် စစ်သားများက မြို့တံခါးကို ပြန်ပိတ်လိုက်ကြသည်။ စစ်သားတစ်ယောက်က စစ်တပ်မှူးနားသို့ကပ်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ "အပြင်မှာ ယန်စစ်တပ်ရှိနေတာ သူတို့က ဘာသွားလုပ်တာမလို့လဲ။ သေချင်နေကြတာလား"

မြို့ထဲက ထွက်ရတာလွယ်ပေမဲ့ ပြန်ဝင်ဖို့ ခက်ခဲလှသည်။

တပ်မှူးက မျက်စောင်းထိုးလိုက်လေသည်။ "ပါးစပ်ပိတ်ထား။ သေချင်သေ မသေချင်နေ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ငါတို့တာဝန်က မြို့တံခါးစောင့်ဖို့ပဲ"

...

အာရုဏ်တက်လာပြီ ဖြစ်၏။

ရွှီအာနှင့်ရွှမ်းအာတို့သည် တချိန်တည်း နိုးလာကြလေသည်။ မျက်လုံးကို ပွတ်ပြီးသည်နှင့် အားအင်အပြည့်ဖြင့် အော်ဟစ်လိုက်ကြ၏။ "မေမေ!"

"မေမေ!"

ပုံမှန်ဆိုလျှင် ဒီလိုအော်လိုက်သည်နှင့် မိခင်ဖြစ်သူက ရောက်လာစမြဲပင်။ ဒီနေ့တော့ ချီယွင် ရောက်လာလေသည်။

"မေမေက ခေါင်းကိုက်နေလို့ ဆေးသောက်ပြီး အိပ်နေတယ်။ သွားမနှောင့်ယှက်ရဘူးနော်" ချီယွင်က ချော့မော့လိုက်လေသည်။ "ယွင်မားမားက သားတို့ကို ဥယျာဥ်ထဲ ခေါ်သွားပေးမယ်"

မောင်နှမနှစ်ယောက်သည် မကျေနပ်သော်လည်း ခဏကြာသောအခါ မေ့ပျောက်သွားကြလေသည်။

ဒီရက်ပိုင်းအတွင်းတွင် လုမင်ယွိက အလုပ်ရှုပ်နေသဖြင့် ကလေးများကို အချိန်မပေးနိုင်ချေ။ ချီယွင်နှင့် နို့ထိန်းများကသာ ကလေးများကို ထိန်းပေးနေရသည်။ ဥယျာဥ်ထဲ သွားကစားရသည်ကလဲ ပျော်စရာကောင်းသည်ပင်။

ကျောင်းဖန်နန်းဆောင်တွင် ...

နန်းတွင်းအထိန်းတော်ကြီးများသည် သတင်းပို့ရန် ရောက်လာကြသောအခါ ခုံပေါ်တွင် ထိုင်နေသူမှာ ချောင်မိဖုရားခေါင် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

ချောင်မိဖုရားခေါင်သည် ရောဂါမပျောက်သေးသဖြင့် မျက်နှာမှာ ဝါကျင်ကျင် ဖြစ်နေ၏။

ဘေးနားတွင် ထိုင်နေသော ဟွေ့အန်းကုန်းကျူသည် အထိန်းတော်ကြီးများကို ကြည့်ပြီး ပြောလိုက်လေသည်။ "ပြောစရာရှိတာ မြန်မြန်ပြောကြ။ စကားနည်းနည်းပဲပြော။ ပြောစရာမရှိရင် ပါးစပ်ပိတ်ထား"

အထိန်းတော်ကြီးများ "..."

ထိုက်ဇီဖေး ဘယ်ရောက်သွားသလဲဟု ဘယ်သူကမှ မမေးရဲကြပေ။ ရိုးရိုးသားသား သတင်းပို့ကြလေသည်။

ချောင်မိဖုရားခေါင်သည် အားတင်းပြီး လက်တွေ့ကိစ္စများကို စီမံခန့်ခွဲလေ၏။ ဟွေ့အန်းကုန်းကျူ ရှိနေသဖြင့် အဆင်ပြေသွားခဲ့သည်။

ဟွေ့အန်းကုန်းကျူ၏ မျက်နှာအမူအယာမှာ တင်းမာနေသဖြင့် ဘယ်သူကမှ စကားများများ မပြောရဲကြပေ။ တစ်နာရီခန့်အတွင်း ကိစ္စများ ပြီးစီးသွားခဲ့သည်။

ချောင်မိဖုရားခေါင်သည် လက်ဖက်ရည်သောက်လိုက်ပြီး အမောဖြေလိုက်လေသည်။

ဟွေ့အန်းကုန်းကျူက မိခင်ဖြစ်သူကို သနားပြီး တီးတိုးရေရွတ်လိုက်၏။ "မနေ့က အာ့တိမေ့ ကောင်းကောင်းမွန်မွန် ရှိနေတာ ဘာဖြစ်လို့ ရုတ်တရက် နေမကောင်းဖြစ်သွားတာလဲ"

ချောင်မိဖုရားခေါင်က မျက်စောင်းထိုးလိုက်ကာ "နင်ပြောနေတာ ဘာစကားလဲ။ လုရှီက ဒီရက်ပိုင်း အလုပ်အရမ်းများနေတာ သူက သံမဏိလူသားမှ မဟုတ်တာ။ ဖျားနာတာ မဆန်းပါဘူး။ သူက ဟန်ဆောင်ပြီး အလုပ်ခိုနေတာလို့ ပြောချင်တာလား"

"ငါ့ရှေ့မလို့ တော်သေးတယ်။ သူ့ရှေ့သာ သွားပြောကြည့်ပါလား ဘယ်လို အဆုံးမခံချင်လဲ သိရလိမ့်မယ်"

ဟွေ့အန်းကုန်းကျူသည် နှာခေါင်းကို ပွတ်သပ်လိုက်သည်။ "ကျွန်မက သဘောပြောပြတာပါ။ ဒါဆိုရင် ကျွန်မ အရှေ့နန်းဆောင်ကိုသွားပြီး လူမမာ သွားမေးလိုက်အုံးမယ်"

ချောင်မိဖုရားခေါင်က လှမ်းတားလိုက်၏။ "ရှားရှားပါးပါး ဖျားနာနေတာကို ကောင်းကောင်းအနားယူပါစေ။ သွားမနှောက်ယှက်နဲ့တော့"

ဟွေ့အန်းကုန်းကျူသည် သံသယမဖြစ်ဘဲ ခေါင်းညိမ့်လိုက်လေသည်။

လုမင်ယွိ နေမကောင်းဖြစ်သည့် သတင်းသည် အနောက်နန်းဆောင်တစ်ခုလုံး ပြန့်နှံ့သွားတော့သည်။

ဘယ်သူကမှ သံသယ မဖြစ်ကြပေ။

နန်းတော်ထဲတွင် နေရသည်မှာ ပျင်းစရာကောင်းသဖြင့် ဖျားနာတတ်ကြသည်မှာ မဆန်းပေ။ မုန့်ကွေ့ဖေးဆိုလျှင် တနှစ်ကျော်လောက် အိပ်ရာထဲ လဲနေခဲ့သည်ပင်။

လုမင်ယွိက အလုပ်အရမ်းများသွားသဖြင့် ဖျားနာသွားခြင်း ဖြစ်နိုင်သည်။

မယ်တော်ကြီးကျောက်က လူလွှတ်ပြီး အားဆေးများ ပို့ပေးလိုက်၏။

လုမင်ယွိက ထွက်မလာသဖြင့် ချီယွင်ကသာ လက်ခံယူပြီး ကျေးဇူးတင်စကား ပြောလိုက်လေ၏။ တခြားနန်းဆောင်များမှ လာပို့သော လက်ဆောင်များကိုလဲ ချီယွင်ကသာ လက်ခံထားလိုက်သည်။

ချီယွင်သည် လုမင်ယွိ၏ ယုံကြည်ရဆုံး လူယုံဖြစ်သဖြင့် သူမထွက်တွေ့သည်ကို ဘယ်သူကမှ သံသယ မဖြစ်ကြပေ။

စူးဖေးတစ်ယောက်ကသာ သံသယ ဖြစ်နေလေသည်။

အရင်ဘဝတုန်းက သူမနဲ့လုမင်ယွိ ယောက္ခမနဲ့ချွေးမ တော်စပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ လုမင်ယွိ ဖျားနာတာ တခါမှ မတွေ့ခဲ့ဖူးပါဘူး။ နန်းတွင်းကိစ္စလောက် စီမံရတာနဲ့ ဖျားစရာအကြောင်း မရှိဘူး။

ညနေစောင်းတွင် ပဥ္စမမင်းသားလီချန်သည် ယိဟွားနန်းဆောင်သို့ ရောက်လာပြီး ညစာအတူစားကြလေသည်။

စူးဖေးက တိုးတိုးတိတ်တိတ် မေးလေ၏။ "အားချန် ဟိုလုမင်ယွိက တကယ်ဖျားနေတာလား"

လီချန်၏ ပါးဖောင်းဖောင်းလေးများက တုန်ခါသွားပြီး မျက်လွှာချကာ ပြန်ဖြေလိုက်လေသည်။ "အာ့စောင်က နေမကောင်းဘူးလို့ ပြောထားတာပဲ။ အတုမဖြစ်လောက်ပါဘူး"

စူးဖေးက လီချန်ကို ကြည့်လိုက်၏။ "ငါစဥ်းစားလေ သံသယ ဖြစ်လေပဲ။ မင်းတစ်ခုခု သိထားတာ ရှိလား"

...

All Chapters