← Chapters

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အပိုင်း (၄၀၃) မဟာအောင်ပွဲ

ရောက်လာသော စစ်ကူတပ်ဖွဲ့သည် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံအားသင့်သွားကြလေသည်။

စစ်တပ်အနောက်ဘက်တွင် စစ်တဲအများအပြား မီးလောင်နေပြီး မီးငြိမ်းမည့်အရိပ်အယောင် မရှိသည့်အပြင် ပိုမိုပြန့်ပွားနေလေသည်။ မီးတောက်များက ကောင်းကင်သို့ ထိုးတက်နေပြီး မီးခိုးလုံးများ ထွက်ပေါ်နေလေ၏။ ယန်စစ်သားများသည် ရူးသွပ်နေကြပြီး အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသည်။ အလောင်းများပြန့်ကြဲနေပြီး သွေးချောင်းစီးနေလေတော့သည်။

အတွေ့အကြုံရှိသော စစ်သည်ဟောင်းများက ချက်ချင်းသိလိုက်၏။ ယန်စစ်တပ် ပုန်ကန်နေခြင်းပင်။

ယန်စစ်သားများသည် ရူးသွပ်သွားပြီး စိတ်ဖောက်ပြန်နေကြပြီ။

ဒီအတိုင်းဝင်တိုက်လျှင် အလကား အသက်ပေးလိုက်သလို ဖြစ်နေပေမည်။

ဒုတိယစစ်သူကြီးလျိုသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး မြင်းပေါ်ကဆင်းကာ စစ်သားများကို ဦးဆောင်ပြီး ဗဟိုစစ်တဲဘက်သို့ ပြေးသွားလေ၏။

မလာခင်ကတည်းက စစ်သူကြီးလျန် မှာလိုက်သည့်စကားက ရှိသည်။ မည်သို့ဆိုစေ ထိုက်ဇီဖေး၏ အသက်အန္တရာယ်ကင်းဖို့သာ အဓိကပင်။

ဟုတ်ပါသည်> ထွက်လာခါနီးမှ ယန်ထော်ကို လုပ်ကြံဖို့သွားသည်မှာ ထိုက်ဇီဖေး ဖြစ်နေသည်ကို ဒုတိယစစ်သူကြီးလျို သိလိုက်ရ၏။ ရှင်းယန်ဝမ်က ဂုဏ်သတင်းကြီးမားသလို ထိုက်ဇီဖေး လုမင်ယွိကလဲ နာမည်ကြီးလေသည်။ စစ်တပ်ထဲတွင်နေသည့် ဒုတိယစစ်သူကြီးလျိုပင် ထိုက်ဇီဖေး၏ သိုင်းပညာအကြောင်း ကြားဖူးလေသည်။

သို့သော်ငြား ထိုက်ဇီဖေးက မိန်းမသားတစ်ယောက်ပင်။ သိုင်းဘယ်လောက်ကောင်းသည်ဖြစ်စေ စစ်မတိုက်ဖူးချေ။ ရန်သူစစ်တပ်ထဲဝင်ပြီး စစ်သူကြီးကို လုပ်ကြံသည်ဆိုသည်မှာ မည်မျှအန္တရာယ်များလိုက်ပါသနည်း။ ဘယ်လိုလုပ်များ ထိုက်ဇီဖေးကို ဤကဲ့သို့ စွန့်စားခိုင်းရပါမည်နည်း။

ဒုတိယစစ်သူကြီးလျိုသည် တွေးလေလေ စိတ်ပူလေလေဖြစ်ပြီး ခြေလှမ်းကြဲကြီးများဖြင့် ရှေ့ဆက်တိုးလေသည်။

ယန်စစ်တပ်က ဖရိုဖရဲ ဖြစ်နေပြီး စစ်သားအများစုက စစ်တပ်အနောက်ဘက်သို့ ရောက်နေကြ၏။ လမ်းတွင်တွေ့ရသည့် ယန်စစ်တပ်များက သာ့ဝေစစ်တပ်များကို မယှဥ်နိုင်ကြပေ။

စစ်ကူတပ်ဖွဲ့သည် အတားအဆီး မရှိဘဲ ဗဟိုစစ်တဲနားသို့ ရောက်လာကြလေသည်။

ဒုတိယစစ်သူကြီးလျိုက ဝေ့ဝဲကာ ကြည့်လိုက်၏။

လူများက ရှုပ်ထွေးနေပြီး ဘယ်သူက ဘယ်သူဖြစ်မှန်း မသဲကွဲပေ။ ဝတ်ထားသည့် အဝတ်အစားကိုကြည့်ပြီး ခွဲခြားရုံသာ ရှိတော့သည်။

ယန်စစ်သားများသည် စစ်တဲကို ဝိုင်းရံထားပြီး အနက်ရောင်ဝတ်စုံဝတ်ထားသူ ရာပေါင်းများစွာက ဒဏ်ရာများနှင့် ခုခံနေရသည်။ မကြာခင် အားအင်ကုန်တော့မည့်ပုံ ပေါက်နေလေသည်။

ဒုတိယစစ်သူကြီးလျို၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီးမှ စိတ်သက်သာရာ ရသွားလေ၏။ အနက်ရောင်ဝတ်စုံ ဝတ်ထားသူများက အသက်ပေးပြီး စစ်တဲကို ကာကွယ်နေသည် ဆိုကတည်းက ထိုက်ဇီဖေးက စစ်တဲထဲတွင် ရှိနေမှာ သေချာသည်။ ယန်ထော်လဲ ထိုက်ဇီဖေးလက်ချက်နှင့် သေဆုံးသွားတာ သေချာသည်။ မဟုတ်လျှင် ယန်စစ်တပ်သည် ဒီလောက် ဖရိုဖရဲဖြစ်စရာ အကြောင်းမရှိချေ။

ဒုတိယစစ်သူကြီးလျိုက ဓားကို မြှောက်ပြီး အော်ဟစ်လိုက်လေ၏။ "ငါတို့တွေ အတူဝင်တိုက်ကြမယ်!"

အော်နေစရာပင် မလိုတော့ပေ။ သာ့ဝေစစ်သားများက လက်နက်ကိုင်ပြီး ဝင်ရောက်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ရက်ပေါင်းများစွာ မျိုသိပ်ထားရသည့်ဒေါသများက ပေါက်ကွဲထွက်လာကုန်ကြ၏။

အသာစီးရနေသည့် ယန်စစ်သားများက နောက်မှဝင်တိုက်ခံရသဖြင့် အရေးနိမ့်သွားကြသည်။

ယန်စစ်သားများက နောက်လှည့်ပြီး သာ့ဝေစစ်သားများကို ပြန်ခုခံနေရသည်။

အားအင်ကုန်ခမ်းနေပြီဖြစ်သည့် လျှိုဝှက်တပ်ဖွဲ့တွေက နောက်ဆုံးတော့ အသက်ရှူ ချောင်သွားကြလေသည်။ သို့သော်ငြား လက်နက်မချဘဲ စစ်တဲကို ဆက်လက်ကာကွယ်ထားကြ၏။

အပြင်ဘက်က အော်ဟစ်သံများက လုမင်ယွိ၏ နားထဲသို့ ရောက်လာခဲ့သည်။

လုမင်ယွိသည် မျက်လုံးများ တောက်ပလာပြီး ထရပ်လိုက်လေသည်။ "စစ်ကူတွေ ရောက်လာပြီ!"

ဘေးနားက တပ်ဖွဲ့ဝင်များကလဲ ဝမ်းသာသွားကြသည်။

စစ်ကူရောက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် နာရီဝက်လောက်နေရင် ယန်စစ်သားတွေ စစ်တဲထဲ ဝင်လာတော့မှာ။ သူတို့ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း ဒီလောက်များတဲ့ လူအုပ်ကြီးကိုတော့ တားဆီးနိုင်မှာမဟုတ်ဘူး။

ကံကောင်းလိုက်တာ!

"သခင်မ လက်မောင်းက ဒဏ်ရာရထားတာ မလှုပ်ပါနဲ့အုံး" ပတ်တီးစည်းပေးထားသော တပ်ဖွဲ့ဝင်က သတိပေးလိုက်လေသည်။ "စစ်ကူရောက်လာပြီဆိုတော့ တိုက်ပွဲက ပိုပြင်းထန်လာလိမ့်မယ်။ သခင်မ ဂရုစိုက်ပါ"

ယန်ထော် သေသွားပြီ။

ယန်စစ်တပ်က ခေါင်းဆောင်မရှိတော့ဘူး။ ရိက္ခာလဲ မီးလောင်သွားပြီ။ စစ်တပ်က ပုန်ကန်မှုဖြစ်နေပြီ။ ရှုံးနိမ့်ဖို့က သေချာနေပြီ။

ယခုအရေးကြီးဆုံးမှာ လုမင်ယွိ အန္တရာယ်ကင်းဖို့ရန်ပင်။ လုမင်ယွိကလဲ ခေါင်းမာမနေတော့ဘဲ စိုးရိမ်နေသည့် မျက်ဝန်းများကိုကြည့်ပြီး ခေါင်းညိမ့်ပြလိုက်လေသည်။

...

မိုးလင်းချိန်တွင် ယန်စစ်သူကြီး လုပ်ကြံခံရပြီး ယန်စစ်တပ် ဖရိုဖရဲဖြစ်နေကြောင်းသတင်း ညီလာခံသို့ ရောက်ရှိလာလေသည်။

ချောင်ကောလောင်နှင့် ဝန်ကြီးယန်တို့သည် စိတ်သက်သာရာရသွားပြီး ဝမ်းသာနေကြလေ၏။

နိုင်ငံပျောက်ဆုံးသွားသော ယန်စစ်သားများသည် အိမ်ယာမဲ့ ခွေးလေခွေးလွင့်များကဲ့သို့ ဖြစ်နေကြသည်။ ယန်ထော်က သူတို့၏ ကျောရိုးဖြစ်ခဲ့သည်။ ယန်ထော်သေသွားသဖြင့် ယန်စစ်သားများကလဲ စိတ်ဓာတ်ကျသွားကြလေသည်။

"လျန်ကျန်းကျွင်းက မြို့စောင့်တပ်တွေကို မြို့ပြင်လွှတ်လိုက်ပါပြီ"

"ကျန်တဲ့မြို့တံခါးသုံးပေါက်က စစ်သားတွေကိုလဲ ကျန်းတယ်တံခါးဆီ ပို့လိုက်တယ်တဲ့ ဒီအခွင့်အရေးကို သုံးပြီး ယန်စစ်တပ်ကို အပြီးတိုင် ချေမှုန်းတော့မဲ့ပုံပဲ"

"ဒီတိုက်ပွဲရဲ့ အဓိက အကျိုးဆောင်သူက ထိုက်ဇီဖေးပဲ"

လုမင်ယွိကို ကြည့်မရသော ချောင်ကောလောင်သည်ပင် ချီးကျူးလိုက်မိလေသည်။ "ထိုက်ဇီဖေးက သိုင်းပညာကောင်းမွန်သလို ဉာဏ်ပညာလဲ ကြီးမားတယ်။ ရဲရင့်ပြတ်သားတယ်။ ဒီလို ထိုက်ဇီဖေးမျိုးရှိတာ သာ့ဝေတိုင်းပြည်ရဲ့ ကံကောင်းခြင်းပါပဲ"

ဝန်ကြီးများက စိတ်ထဲတွင် ကြိတ်ပြီးရယ်လိုက်ကြလေသည်။ အခုကျတော့ ထိုက်ဇီဖေးကို အကောင်းပြောနေကြပြီ။

အရင်တုန်းက ချောင်ကောလောင်ပြောခဲ့တာ ဒီလိုမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ပွဲရဖို့က သေချာနေပြီဆိုတော့ အားလုံးပျော်ရွှင်သွားကြသည်။ ယခင်ကလို မြို့တံခါးပိတ်ထားရမည် ဆိုသည့်စကားကို ဘယ်သူမှ မပြောကြတော့ချေ။ ယန်စစ်တပ်ကို နိုင်အောင်တိုက်ခိုက်နိုင်လျှင် ဘာကိုတွန့်ဆုတ်နေရပါမည်နည်း။ မြန်မြန်ထွက်တိုက်ကြရပေမည်။ ယန်စစ်တပ်ကို အပြီးတိုင် ချေမှုန်းပစ်လိုက်တာ အကောင်းဆုံးပင်။

ချောင်ကောလောင်က ပြုံးကာပြောလိုက်လေသည်။ "ကျွန်တော် ဟွမ်ဟုပ်ညန်ညန်ဆီ သွားပြီး သတင်းကောင်း ပြောပြလိုက်အုံးမယ်"

ဝန်ကြီးချုပ်ယန်က ဝင်ပြောလိုက်သည်။ "ပဥ္စမမင်းသားကို လွှတ်လိုက်ရင် ရတာပဲ"

နေပါအုံး! ပဉ်စမမငျသား ဘယ်ရောက်သွားလဲ။

ဝန်ကြီးများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးမှ ပုံမှန်ဆိုလျှင် ဘေးနားတွင် တိတ်တဆိတ် ရပ်နေတတ်သည့် ပဥ္စမမင်းသားလီချန်က ဒီနေ့ ရောက်မလာမှန်း သတိထားမိလိုက်ကြသည်။

"နန်းတော်ထဲမှာ တစ်ခုခု ဖြစ်လို့များလား" ချောင်ကောလောင်၏ စိတ်ထဲတွင် မသိုးမသန့်ဖြစ်သွားပြီး ဝန်ကြီးလော်ကို ကြည့်လိုက်လေသည်။ ဝန်ကြီးလော်ကလဲ ထိုက်ဇီကို စာသင်ပေးနေသည့် ဆရာဖြစ်သဖြင့် အရှေ့နန်းဆောင်သို့ ဝင်ထွက်ခွင့် ရှိလေသည်။

ဝန်ကြီးလော်နှင့် ချောင်ကောလောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြောလိုက်လေ၏။ "ကျွန်တော်နဲ့ချောင်ကောလောင် ဟွမ်ဟုန်ညန်ညန်ဆီ သွားလိုက်ပါ့မယ်"

...

နန်းတော်ထဲတွင် အမှန်ပင် ပြဿနာတက်နေလေသည်။

ချောင်ကောလောင်နှင့်ဝန်ကြီးချုပ်လော်တို့သည် ကျောင်းဖန်နန်းဆောင်သို့ အရင်သွားလိုက်သော်လည်း လူမတွေ့ရချေ။ ချောင်မိဖုရားခေါင်က အရှေ့နန်းဆောင်မှာ ရှိနေသည်ဟု ကြားလိုက်ရသဖြင့် ပိုပြီးစိတ်ပူသွားကြတော့သည်။

သူတို့နှစ်ယောက်သည်လဲ အရှေ့နန်းဆောင်သို့ ချက်ချင်းသွားကြလေသည်။

အရှေ့နန်းဆောင်ထဲ ဝင်လိုက်သည်နှင့် တင်းမာသော အခြေအနေကို ခံစားလိုက်ရ၏။ အရှေ့နန်းဆောင် အရာရှိများသည် နေ့တိုင်းတာဝန်ကျလေ့ရှိသည်။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့က ရက်အနည်းငယ်ကြာမှ တခါလာကြသည်။ နေ့တိုင်းရောက်လာသည်မှာ ဖန်းဇီကျန်း၊ ကျိုးလီ စသည့် လူငယ်အရာရှိများပင်။

"ချောင်ကောလောင်နဲ့ ဝန်ကြီးတို့ကို ဂါရဝပြုပါတယ်" ဖန်ဇီကျန်းနှင့်ကျိုးလီ၊ ကျောက်ရွေ့နှင့်လီရန်တို့က နှုတ်ဆက်လိုက်ကြသည်။

ချောင်ကောလောင်က မေးလိုက်လေသည်။ "ထကြပါ။ အရှေ့နန်းဆောင်မှာ ဘာဖြစ်လို့လဲ"

ဖန်းဇီကျန်းက မျက်မှောင်ကြုတ်လိုက်ကာ ဖြေလိုက်၏။ "ကျွန်တော်တို့ မနက်စောစော ရောက်ကတည်းက ဟွမ်ဟုပ်ညန်ညန်နဲ့ မယ်တော်ကြီးတို့ ဒီမှာရောက်နေကြတယ်။ သမားတော်တွေလဲ ရောက်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတာတော့ မသိရသေးပါဘူး"

ကျိုးလီက ဖြည့်စွက်ပြောလိုက်လေသည်။ "ကျွန်တော့်အမြင်အရဆိုလျှင်တော့ တစ်ယောက်ယောက်က အရှေ့နန်းဆောင်မှာ ပြဿနာ ရှာနေတာဖြစ်မယ်။ မဟုတ်ရင် ဒီလောက်လူစုံတက်စုံ ရောက်နေစရာ အကြောင်းမရှိဘူး။

ပြဿနာရှာနေတယ် ဟုတ်လား။

ချောင်ကောလောင်၏ ရင်ထဲတွင် လေးလံသွားပြီး ပြောလိုက်လေသည်။ "မင်းတို့ ဒီမှာစောင့်နေကြ။ ငါ ဟွမ်ဟုပ်ညန်ညန်ဆီ သွားတွေ့လိုက်မယ်"

တခြားလူများ ဝင်ခွင့်မရသော်ငြား ချောင်ကောလောင်ကိုယ်တိုင် လာသည်ဆိုလျှင် ချောင်မိဖုရားခေါင်က လက်ခံတွေ့ဆုံပေးလေသည်။

ချောင်ကောလောင်သည် အတွင်းဆောင်သို့ ရောက်သွားပြီး ချောင်မိဖုရားခေါင်ကို တွဲကူလာသည်ကို တွေ့လိုက်ရ၏။ ချောင်မိဖုရားခေါင်၏ မျက်နှာမှာ ဖြူဖျော့နွမ်းနယ်နေသည်ကို မြင်လိုက်ရသည်တွင် ချောင်ကောလောင်မှာ လန့်ဖျန့်သွားလေတော့သည်။ "ဘာဖြစ်လို့လဲ။ ဟွမ်ဟုပ်ညန်ညန်ရဲ့မျက်နှာ ဘာလို့ ဒီလောက်ဆိုးဝါးနေတာလဲ"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် မျက်ရည်များဝဲလာပြီး တိုးတိုးလေး ဖြေလိုက်လေသည်။ "ရွှီအာ တစ်ခုခုဖြစ်သွားပြီ"

ချောင်ကောလောင်မှာ မျက်နှာပျက်သွားပြီး အသံတုန်ယင်စွာ မေးလိုက်တော့သည်။ "ဘာဖြစ်တာလဲ။ ဘယ်သူက ရွှီအာကို ဒုက္ခပေးရဲတာလဲ။ ရွှီအာ အခုဘယ်လိုနေလဲ"

...

အပိုင်း (၄၀၄) နောက်ကွယ်က ကြိုးကိုင်သူ (၁)

ချောင်မိဖုရားခေါင်သည် တညလုံး မအိပ်ရသေးသဖြင့် မျက်နှာက ဝါကျင်ကျင်ဖြစ်နေပြီး ရွှီအာအကြောင်းပြောတိုင်း ရင်ကွဲမတတ် ဖြစ်နေလေသည်။ "ရွှီအာနဲ့ရွှမ်းအာက မနေ့က ဥယျာဥ်ထဲမှာ ဆော့နေကြတာ။ ဝမ်ကုန်းကုန်းက ဇရပ်အပြင်ဘက်မှာ ရှိနေတယ်။ ရွှီအာက ဝါးပုဇဥ်းကို စိတ်ဝင်သားသွားပြီး ခဏလောက် ယူဆော့လိုက်တယ်။ တစ်ချက် လျက်ကြည့်လိုက်သေးတယ်တဲ့ "

"အဲဒီ့ ရလာဒ်အနေနဲ့ မနေ့ညနေကစပြီး ရွှီအာ အန်လိုက်ဝမ်းသွားလိုက် ဖြစ်နေတာ ဆေးတောင်မဝင်တော့ဘူး။ သမားတော်တွေက ဆေးရည်စိမ်တဲ့နည်းလမ်းနဲ့ တညလုံး ကုသပေးခဲ့ရတယ်"

"အဲဒီ့ ဝမ်ကုန်းကုန်းက သေသွားပြီ။ ရေကန်ထဲမှာ အလောင်းတွေ့တယ်။ သေတဲ့အချိန်အထိ ဝါးပုဇဥ်းကို ဆုပ်ကိုင်ထားတုန်းပဲ။ နန်းတွင်းမှုခင်းသမားတော် စစ်ဆေးကြည့်တော့ အဆိပ်မိပြီး သေတာတဲ့။ ရွှီအာ မိထားတဲ့အဆိပ်နဲ့ တူတူပဲ"

"ကံကောင်းလို့ ရွှီအာက အဆိပ်အများကြီး မမိလိုက်ဘူး။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ဒါပေမဲ့ အဆိပ်အကြွင်းအကျန်ကိုတော့ ရှင်းထုတ်ဖို့က လွယ်ကူမှာမဟုတ်ဘူး။ ကလေးက တော်တော် ခံစားရအုံးမယ်"

ချောင်မိဖုရားခေါင်သည် ပြောရင်း မျက်ရည်များဝဲလာကာ ခေါင်းကို တဖက်သို့ လွဲလိုက်လေသည်။

ချောင်ကောလောင်သည် အမြဲတမ်း တည်ငြိမ်သူဖြစ်သော်လည်း ယခုအချိန်တွင် မျက်ဝန်းများနီရဲလာပြီး အံကြိတ်ကာ မေးလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် နောက်ကွယ်က ကြိုးကိုင်သူကို သိရပြီလား"

၂နှစ်သားကလေးတစ်ယောက်ကို လုပ်ကြံရဲတယ်ဆိုတော့ တော်တော်ရက်စက်တာပဲ။

ချောင်မိဖုရားခေါင်သည် မျက်ရည်သုတ်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလေသည်။ "စစ်ဆေးနေတုန်းပဲ။ သံသယရှိသူ အကုန်လုံးကို အရှေ့နန်းဆောင်ထဲခေါ်ပြီး ထိန်းသိမ်းထားတယ်"

မုန့်ဖေး၊ ချင်ဖေး၊ စူးဖေး၊ ပထမမင်းသားကြင်ရာတော်၊ တတိယမင်းသားကြင်ရာတော်၊ စတုတ္ထမင်းသားကြင်ရာတော်နှင့် ပဥ္စမမင်းသား အားလုံးအပါအဝင်ပင်။

နန်းတွင်းထဲရှိ ငယ်ရွယ်သော ကိုယ်လုပ်တော်များအားလုံးကိုလဲ အရှေ့နန်းဆောင်တွင် ထိန်းသိမ်းထားပြီး တစ်ယောက်ချင်း စစ်ဆေးနေလေသည်။ ဝမ်ကျဲယွီလဲ မလွတ်ပေ။

ချောင်ကောလောင်က ဒေါသတကြီး ပြောလိုက်လေသည်။ "ဘယ်သူလုပ်တာလဲဆိုတာ သိရရင် လုံးဝအလွတ်မပေးပါနဲ့"

ချောင်မိဖုရားခေါင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်ဝန်းထဲတွင် ရက်စက်သော အလင်းရောင်များ ဖြတ်ပြေးသွားလေ၏။ "ပန်ကုံး သူ့အသက်ကို ယူရလိမ့်မယ်"

ချောင်ကောလောင်သည် ချောင်မိဖုရားခေါင်၏ စိတ်လှုပ်ရှားသည့်ပုံကို နားလည်သဖြင့် နှစ်သိမ့်လိုက်လေ၏။ "ဟွမ်ဟုပ်ညန်ညန် နာကျင်နေတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဂရုစိုက်ပါအုံး"

ချောင်မိဖုရားခေါင်သည် မျက်ဝန်းများ နီရဲလျက် ပြောလိုက်လေသည်။ "လုရှီက မြို့တော်အတွက် အသက်ပေးပြီး ယန်စစ်သူကြီးကို သွားလုပ်ကြံတာ ပန်ကုံးက ကလေးတစ်ယောက်တောင် ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူး။ သူ ပြန်ရောက်ရင် ပန်ကုံး ဘယ်လိုမျက်နှာပြရမှာလဲ"

လုမင်ယွိအကြောင်း ပြောလိုက်သည်နှင့် ချောင်ကောလောင်က အလျင်အမြန် ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို ပြောပြစရာ သတင်းကောင်းတစ်ခု ရှိပါတယ်။ ထိုက်ဇီဖေးရဲ့ လုပ်ကြံမှု အောင်မြင်ပါတယ်။ ယန်ထော် သေသွားပါပြီ"

ဒါသည် မနေ့ညကစပြီး ကြားရသော တစ်ခုတည်းသော သတင်းကောင်း ဖြစ်ပေသည်။

ချောင်မိဖုရားခေါင်မှာ အားတက်သွားလေ၏။ "လုရှီရော ပြန်ရောက်ပြီလား"

ချောင်ကောလောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။ "လျန်ကျန်းကျွင်းက မြို့ပြင်ထွက်ပြီး ယန်စစ်တပ်နဲ့ တိုက်ခိုက်နေပါတယ်။ ထိုက်ဇီဖေးက စစ်တပ်ထဲမှာ ရှိနေတုန်းပါပဲ။ စစ်ပွဲပြီးရင် ပြန်ရောက်လာမှာပါ"

ချောင်မိဖုရားခေါင်က နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။

လုမင်ယွိသည် ယန်စစ်သူကြီးကို သတ်လိုက်သော်ငြား ယန်စစ်တပ်ထဲတွင် ပိတ်မိနေသည်။ ဒီစစ်ပွဲက နိုင်မှဖြစ်မည်။ မဟုတ်လျှင် လုမင်ယွိ ပြန်ထွက်လာလို့ ရမှာမဟုတ်ပေ။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် လေးလံသွားပြီး သက်ပြင်းချလိုက်တော့၏။

ချောင်ကောလောင်က နှစ်သိမ့်လိုက်လေသည်။ "နိုင်ဖို့သေချာနေပါပြီ။ ဟွမ်ဟုပ်ညန်ညန် စိတ်မပူပါနဲ့။ ထိုက်ဇီဖေးက ကံကောင်းတဲ့သူပါ။ ဘာမှမဖြစ်ပါဘူး"

ချောင်မိဖုရားခေါင်က တိုးတိုးလေး ငြီးတွားလိုက်တော့၏။ "သူ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာဖို့ပဲ မျှော်လင့်ပါတယ်။ ရွှီအာလဲ ဘာမှမဖြစ်ပါစေနဲ့"

...

၁၅မိနစ်ခန့်ကြာပြီးသွားသည့်နောက် ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့ ပြန်သွားကြသည်။

ချောင်မိဖုရားခေါင်သည်လည်း အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

ရွှီအာသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာက ဖြူဖျော့နေကာ မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ သမားတော်ချုပ်ကျိုးနှင့် သမားတော်လီတို့က ဘေးတွင် စောင့်နေကြသည်။

ဟွေ့အန်းကုန်းကျူသည်လဲ ဘေးနားတွင် ရှိနေပြီး မယ်တော်ကြီးကျောက်သည်လဲ တညလုံး မအိပ်ရသေးချေ။ အသက်၆၀နား ကပ်နေပြီဖြစ်သော်ငြား ပုံမှန်အချိန်တွင် နုပျိုနေတတ်သည်။ ယခု စိတ်ပူနေရသဖြင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာပြီး အိုစာသွားလေသည်။

ချောင်မိဖုရားခေါင်နှင့် မယ်တော်ကြီးကျောက်တို့သည် နှစ်ပေါင်းများစွာ ယောက္ခမနှင့်ချွေးမ တော်စပ်ခဲ့ကြသော်လည်း တခါမှ အအဆင်မပြောခဲ့ပေ။ ဒီနေ့မှ မယ်တော်ကြီးကျောက်က စိတ်ထားကောင်းမှန်း သိလိုက်ရ၏။

သို့သော်ငြား ချောင်မိဖုရားခေါင်မှာ မကြာမီ သူမ၏ အတွေးကို နောင်တရသွားတော့၏။

မယ်တော်ကြီးကျောက်က ချက်ချင်းမေးလာခဲ့သည်။ "ဟွမ်ဟုပ်က နန်းတွင်းထဲက မိဖုရားတွေအကုန်လုံးကို အရှေ့နန်းဆောင်ထဲခေါ်ပြီး ထိန်းသိမ်းထားတယ်ဆို ဟုတ်လား။ ပဥ္စမမင်းသားကိုလဲ ဖမ်းထားတယ်ဆို"

ချောင်မိဖုရားခေါင်သည် ခါးကိုမတ်လိုက်ပြီး အေးစက်စွာ ဖြေလိုက်လေသည်။ "ဟုတ်ပါတယ်။ လုပ်ကြံတဲ့သူက နန်းတွင်းထဲမှာ ရှိနေမှာ သေချာတယ်။ အာရှီက အဲဒီ့ရက်စက်တဲ့သူကို ရှာပြီး အသက်ယူရမယ်"

စကားလုံးများထဲတွင် ပါဝင်နေသော အေးစက်မှုနှင့်အမုန်းတရားများကြောင့် မယ်တော်ကြီးကျောက်ပင် ထိတ်လန့်သွားခဲ့သည်။

မယ်တော်ကြီးကျောက်က ပြောလိုက်၏။ "တခြားလူတွေကိုတော့ အိုက်ကျား အာမမခံရဲပါဘူး။ ဒါပေမဲ့ ချင်ဖေးက သတိကြီးတယ်။ မနေ့က တနေ့လုံး အိုက်ကျားနားမှာ ရှိနေတာ သူလုပ်တာ မဟုတ်ဘူး။ ဟွမ်ဟုပ် ချင်ဖေးကို အရင်လွှတ်ပေးလိုက်ပါ"

ချောင်မိဖုရားခေါင်ကလဲ ပြန်ပြောလိုက်၏။ "မယ်တော်ကြီးက ချင်ဖေးကို ယုံကြည်နေမှတော့ ဘာလို့ လွှတ်ပေးဖို့ လောနေရတာလဲ။ သူက အပြစ်မရှိရင် အာရှီကလဲ အလကားသက်သက် အပြစ်ပေးမှာ မဟုတ်ပါဘူး"

မယ်တော်ကြီးကျောက်မှာ ဒေါသထွက်သွားပြီး လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။ "မင်း ... မိုက်ရိုင်းလိုက်တာ အိုက်ကျားကို ဒီလိုပြန်ပြောရဲတယ်ပေါ့"

ချောင်မိဖုရားခေါင်ကလဲ အလျှော့မပေးပေ။ "အမှန်တရားပေါ်လာရင် အာရှီက ရှို့နဥ်နန်းဆောင်ကို လာပြီးတောင်းပန်ပါ့မယ်။ မယ်တော်ကြီး ကြိုက်သလို အပြစ်ပေးပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘယ်သူ့ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး"

မယ်တော်ကြီးကျောက်သည် ဒေါသတကြီးပင် အင်္ကျီလက်စကို ခါလိုက်ပြီး ထွက်ခွာသွားလေသည်။

ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်ကို တွဲကူလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။ "မူဟုပ် တညလုံး မအိပ်ရသေးဘူး။ သွားနားလိုက်ပါအုံး"

ချောင်မိဖုရားခေါင်၏ မျက်နှာအမူအယာကို ကြည့်ရသည်မှာ စိတ်ပူပင်စရာ ကောင်းလှသည်။

ချောင်မိဖုရားခေါင်က ခေါင်းခါရမ်းလိုက်လေသည်။ "အခု ပန်ကုံး ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲ"

ထို့နောက်တွင်တော့ ကုတင်ဘေးတွင်ထိုင်ပြီး ရွှီအာ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်လေသည်။ ပုံမှန်ဆိုလျှင် ကလေးလက်ကလေးက နွေးထွေးနေသော်ငြား ယခုတော့ အေးစက်နေလေသည်။

ချောင်မိဖုရားခေါင်မှာ မျက်ရည်ကျလာပြန်သည်။ ဟွေ့အန်းကုန်းကျူကလဲ စိတ်မကောင်းဖြစ်ပြီး ခေါင်းကို တစ်ဖက်လွှဲထားလိုက်တော့၏။

သမားတော်ချုပ်ကျိုးက လျှောက်တင်လာခဲ့၏။ "ဟွမ်ဟုပ်ညန်ညန်၊ ကုန်းကျူ။ မင်းသားလေးကို အပ်စိုက်ကုသပေးချင်လို့ပါ။ နည်းနည်းလောက် ဖယ်ပေးပါ"

ချောင်မိဖုရားခေါင်သည် မျက်ရည်သုတ်လိုက်ပြီး ဖယ်ပေးလိုက်၏။ သမားတော်ချုပ်ကျိုးသည် အပ်အိပ်ကိုဖွင့်ပြီး ရွှေအပ်ချောင်းလေးများကို ယူကာ စိုက်လိုက်လေသည်။

နာကျင်မှုကြောင့် ရွှီအာသည် မျက်လုံးပွင့်လာခဲ့၏။ သူသည် အားအင်ကုန်ခမ်းနေပြီး မျက်လုံးများက မှုန်ဝါးနေလေသည်။

ချောင်မိဖုရားခေါင်က မျက်ရည်များကိုထိန်းပြီး ချော့မော့လိုက်လေ၏။ "ရွှီအာ လိမ်မာတယ်။ နေမကောင်းလို့ သမားတော်ချုပ်ကျိုးက ကုသပေးနေတာနော်။ နည်းနည်းလေးနာမယ်။ သည်းခံလိုက်နော်"

ရွှီအာက အင်းဟု ပြန်ဖြေလေသည်။

သမားတော်ချုပ်ကျိုးသည်လဲ စိတ်မကောင်း ဖြစ်သွားလေ၏။

ရွှေလိုရှားပါးတဲ့ မင်းသားလေးကို တယုတယ ပြုစုထားရတာ။ ချောင်းဆိုးနှာချေတာတောင် မဖြစ်ဖူးဘူး။ အခု ဒီလိုခံစားနေရတာ သနားစရာ ကောင်းလိုက်တာ။ လုပ်ကြံသူက တကယ်ရက်စက်တာပဲ။

ခဏကြာသောအခါ ချိုင်လန် ဝင်လာပြီး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်။ တုံးပင်ကျွင်းဝမ် ရောက်လာပါပြီ"

ချောင်မိဖုရားခေါင်က ခေါင်းညိမ့်လိုက်ပြီး ထွက်တွေ့လိုက်လေသည်။

တုံးပင်ကျွင်းဝမ်သည် တော်ဝင်မိသားစုရေးရာအရာရှိ ဖြစ်သလို လီမိသားစု၏ ခေါင်းဆောင်လဲ ဖြစ်သည်။ ဒီကိစ္စက မြေးတော်နှင့် ကိုယ်လုပ်တော်များ ပတ်သက်နေသည်ဖြစ်သဖြင့် တုံးပင်ကျွင်းဝမ်ကိုယ်တိုင် ဖြေရှင်းမှဖြစ်မည်။

တုံးပင်ကျွင်းဝမ်သည် ဖြစ်စဥ်အားလုံးကို ကြားသိရပြီးနောက် အံ့သြကာ ဒေါသထွက်သွားတော့၏။

ချောင်မိဖုရားခေါင်က တုံပင်ကျွင်းဝမ်ကို ကြည့်ပြီးပြောလိုက်လေသည်။ "ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်မယ်။ အမှန်တရားပေါ်အောင် စစ်ဆေးပေးပါ။ လိုအပ်ရင် နှိပ်စက်ပြီး စစ်ဆေးလို့ရတယ်။ ပြဿနာတက်ရင် ပန်ကုံး တာဝန်ယူမယ်"

တုံးပင်ကျွင်းဝမ်ကလဲ လက်နှစ်ဘက်ကိုယှက်ကာ ပြန်လျှောက်တင်လိုက်၏။ "ဟွမ်ဟုပ်ညန်ညန် စိတ်ချပါ။ ကျွန်တော်မျိုး တာဝန်ယူပါမယ်။ အချိန်တိုအတွင်း တရားခံပေါ်အောင် စစ်ဆေးပေးပါ့မယ်"

...

အပိုင်း (၄၀၅) တရားခံ (၂)

အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့် ကြာပြီးနောက် တုံးပင်ကျွင်းဝမ်သည် မုန့်ဖေးကို ချုပ်နှောင်ထားသည့် အခန်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။

မုန့်ဖေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အရင်ဆုံး စကားဆိုလိုက်၏။ "ဘယ်လိုလဲ။ တရားခံအစစ်ကို မတွေ့သေးဘူးလား"

မုန့်ဖေးနှင့် ယုံးကျားဧကရာဇ်တို့သည် ငယ်ကျွမ်းဆွေများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက လီအိမ်တော်သို့ ဝင်ထွက်သွားလာခဲ့သူ ဖြစ်လေသည်။

တုံးပင်ကျွင်းဝမ်သည် ယုံးကျားဧကရာဇ်ထက် ၆နှစ်ခန့် ငယ်ရွယ်ပြီး ငယ်စဉ်ကတည်းက ယုံးကျားဧကရာဇ်၏ နောက်လိုက်လေး ဖြစ်ခဲ့သည်။ မုန့်ဖေးက သူ့ကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည့်အတွက် တုံးပင်ကျွင်းဝမ်က နန်းတွင်းရေးရာများကို စီမံခန့်ခွဲရသည့် ဌာန၏ အကြီးအကဲ ဖြစ်လာသည့်တိုင် မုန့်ဖေး၏ စိတ်ထဲတွင် ရိုသေလေးစားမှု အနည်းငယ်မျှ မရှိဘဲ ပါးစပ်ဖွင့်လိုက်သည်နှင့် လှောင်ပြောင်သရော်လိုက်တော့သည်။

တုံးပင်ကျွင်းဝမ်သည် မုန့်ဖေးကို စူးစိုက်ကြည့်နေပြီး မထင်မှတ်ထားသော စကားအချို့ကို ပြောလိုက်လေသည်။ "ရွှီအာ ဘာမှမဖြစ်လို့သာပေါ့။ တကယ်လို့ တစ်ခုခုဖြစ်သွားရင်တောင် ထိုက်ဇီရဲ့ နေရာကို ထိခိုက်မှာ မဟုတ်ဘူး။ ပထမမင်းသားက ခြေထောက်ကျိုးသွားပြီးပြီဆိုတော့ ဘာလုပ်လုပ် အလကားပဲ"

မုန့်ဖေး "..."

မုန့်ဖေးသည် အနာပေါ်တုတ်ကျသွားသကဲ့သို့ မျက်နှာဖြူဖျော့သွားပြီး မျက်ဝန်းထဲတွင် အမျက်ဒေါသ မီးတောက်များ တောက်လောင်လာကာ တုံးပင်ကျွင်းဝမ်ကို ဝါးမျိုတော့မည့်အလား ကြည့်လိုက်တော့၏။

တုံးပင်ကျွင်းဝမ်သည် နန်းတွင်းရေးရာ အကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး တော်ဝင်ဆွေမျိုးများနှင့် သက်ဆိုင်သော အမှုအခင်းကြီးငယ် အများအပြားကို စီရင်ဆုံးဖြတ်ခဲ့ဖူးသည်။ စကားနှစ်ခွန်းလောက် ပြောလိုက်ရုံဖြင့် မုန့်ဖေး၏ တုံ့ပြန်ပုံကိုကြည့်ကာ သူ၏ စိတ်ထဲတွင် အဖြေရသွားလေသည်။

မုန့်ဖေးသည် ဤကိစ္စနှင့် ပတ်သက်မှု မရှိတန်ရာ။

တုံးပင်ကျွင်းဝမ်သည် စကားအများကြီး ဆက်မပြောတော့ဘဲ လူကိုခေါ်ကာ လွန်ခဲ့သော ၃ရက်အတွင်း မုန့်ဖေး ဘာတွေလုပ်ခဲ့သည်ကို အသေးစိတ် မေးမြန်း၍ မှတ်တမ်းတင်ခိုင်းလိုက်သည်။ ထို့နောက် ချင်ဖေး၏ အခန်းဆီသို့ ထွက်လာခဲ့လေသည်။

မင်းသားကြင်ရာတော်များသည် နန်းတော်ပြင်ပတွင် နေထိုင်ကြသဖြင့် နန်းတွင်းအာဏာ အခြေခံ အားနည်းကြသည်။ မသိမသာဖြင့် ဤအကွက်ကို ဆင်နိုင်သူမှာ အနောက်နန်းဆောင်မှ မိဖုရားများ ဖြစ်နိုင်ခြေ အများဆုံးပင်။

ငယ်ရွယ်ပြီး သားသမီးမရှိသော ကိုယ်လုပ်တော်များကို ထည့်သွင်းစဉ်းစားစရာ မလိုပေ။ ဝမ်ကျဲယွီမှာမူ ချောင်မိဖုရားခေါင် ကိုယ်တိုင် မြှောက်စားထားသူ ဖြစ်သည့်အပြင် သမီးတော်တစ်ပါးသာ ရှိပြီး အိမ်ရှေ့နန်းတော်ကို စောစီးစွာကပင် ခိုလှုံထားသူ ဖြစ်သည်။

သံသယအရှိဆုံးမှာ မုန့်ဖေး၊ ချင်ဖေးနှင့် စူးဖေးတို့သာ ဖြစ်လေသည်။

စိတ်ဆတ်သော မုန့်ဖေးနှင့် ယှဉ်လျှင် ချင်ဖေးက ပိုမိုတည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သည်။ တုံးပင်ကျွင်းဝမ်ကို မြင်သည်နှင့် သူက မေးခွန်းထုတ်ရန်ပင် မစောင့်ဘဲ ဦးအောင် ပြောလိုက်လေသည်။ "မနေ့က တစ်နေ့လုံး ကျွန်မ ရှို့နင်နန်းတော်ထဲမှာပဲ နေပြီး မယ်တော်ကြီးကျောက် အနားကနေ မခွာခဲ့ပါဘူး။ ရွှီအာ လုပ်ကြံခံရတဲ့ကိစ္စကို အိမ်ရှေ့နန်းတော်ထဲ အခေါ်ခံရမှ သိတာပါ"

တုံးပင်ကျွင်းဝမ်က အကြည့်တစ်ချက် ဝေ့လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ချင်ဖေးအနေနဲ့ မယ်တော်ကြီးကျောက်ကို အကြောင်းပြနေစရာ မလိုပါဘူး။ ရှို့နင်နန်းတော်ထဲမှာ နေရင်းနဲ့လည်း တခြားလူကို အမိန့်ပေးပြီး ခိုင်းစေလို့ ရတာပဲလေ"

ချင်ဖေးက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ "ရှင် မယုံရင် နန်းဆောင်ကို ရှာဖွေစစ်ဆေးနိုင်ပါတယ်။ ကျွန်မအနားက အပျိုတော်တွေ ကုန်းကုန်းတွေကို တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းကြည့်လိုက်ပါ"

တုံးပင်ကျွင်းဝမ်သည် ချင်ဖေးကို ခဏမျှ ကြည့်လိုက်ပြီးနောက် လူခေါ်ကာ စစ်ဆေးမေးမြန်းခိုင်းလိုက်သည်။

ထို့နောက် တုံးပင်ကျွင်းဝမ်သည် စူးဖေးကို သွားရောက်တွေ့ဆုံလေသည်။

မောက်မာသော မုန့်ဖေး၊ တည်ငြိမ်အေးဆေးသော ချင်ဖေးတို့နှင့် ယှဉ်လျှင် စူးဖေးကတော့ သနားစဖွယ် ကောင်းနေတော့သည်။ မတရား စွပ်စွဲခံထားရသည့်အတွက် ဝမ်းနည်းအားငယ်နေသည့် ပုံစံဖြင့် ပါးစပ်ဟလိုက်သည်နှင့် မျက်လုံးများ နီရဲလာပြီး အသံများပင် တုန်ခါနေလေသည်။ "ကျွင်းဝမ်... ကျွန်မက ယိဟွားနန်းဆောင်မှာပဲ နေတာပါ။ ဂါရဝပြုတာကလွဲရင် အပြင်တောင် မထွက်ပါဘူး"

"ရွှီအာ လုပ်ကြံခံရတဲ့ကိစ္စကို ကျွန်မ အစအဆုံး ဘာမှမသိပါဘူး"

"တောင်းပန်ပါတယ်နော်။ အမှန်တရား ပေါ်လာအောင် စုံစမ်းပေးပြီး ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပေးပါ"

ပြောရင်းဆိုရင်းနှင့် မျက်ရည်များ တစ်စက်စက် ကျဆင်းလာတော့သည်။

အသက်၃၀ကျော်အရွယ် ရှိပြီဖြစ်သော်လည်း စူးဖေးသည် အလှအပကို ကောင်းစွာ ထိန်းသိမ်းထားနိုင်သဖြင့် အသက်၃၀အရွယ်ခန့်သာ ထင်ရသည်။ မျက်ခုံးတန်းလေးများ တွန့်ချိုးကာ ပုလဲလုံးသဖွယ် မျက်ရည်များ ကျဆင်းနေသည်မှာ မြင်သူတကာ သနားစဖွယ် ဖြစ်နေလေသည်။

ယောက်ျားသားမှန်သမျှ မည်သူကမှ သည်းခံနိုင်မည် မဟုတ်ပေ။

တုံးပင်ကျွင်းဝမ်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေသံကို လျှော့ကာ ပြောလိုက်လေသည်။ "စူးဖေး စိတ်အေးအေးထားပါ။ ကျုပ်က ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်အရ ဒီကိစ္စကို လာစစ်ဆေးတာပါ။ နောက်ကွယ်က တရားခံကို လွတ်ပေးမှာ မဟုတ်သလို အပြစ်မရှိတဲ့သူကိုလည်း မတရား စွပ်စွဲမှာ မဟုတ်ပါဘူး။ စူးဖေးအနေနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံရင် ဘာကိုကြောက်နေစရာ လိုလို့လဲ"

စူးဖေး၏ ငိုသံရပ်တန့်သွားပြီး အင်္ကျီလက်ဖြင့် မျက်ရည်ကို သုတ်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျွင်းဝမ် ပြောတာ ဟုတ်ပါတယ်"

တုံးပင်ကျွင်းဝမ်က ဆက်ပြောလိုက်သည်။ "လုပ်ဖူးတဲ့ ကိစ္စတိုင်းမှာ ခြေရာလက်ရာ ကျန်ခဲ့စမြဲပဲ။ သေချာ စိစစ်လိုက်ရင် နောက်ကွယ်ကလူက ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်ဘူး"

စူးဖေး၏ ခန္ဓာကိုယ်သည် မသိမသာလေး တုန်ယင်သွားခဲ့သည်။

တုံးပင်ကျွင်းဝမ်သည် စူးဖေးကို တစ်ချက်စွေကြည့်လိုက်ပြီး အပြင်သို့ ထွက်လာကာ တံခါးဝရှိ လူများကို တိုးတိုးလေး မှာကြားလိုက်လေသည်။ "သေချာ မေးမြန်းစစ်ဆေးလိုက်"

...

ပြုလုပ်ခဲ့ဖူးသော ကိစ္စတိုင်းတွင် ခြေရာလက်ရာ ရှိစမြဲပင်။

စိတ်လိပ်ပြာ မလုံသောသူသည်လည်း သေချာပေါက် သာမန်မဟုတ်သည့် အမူအရာကို ပြသမိပေလိမ့်မည်။

တုံးပင်ကျွင်းဝမ်သည် တစ်ပတ်ကြည့်ရှုပြီးနောက် သူ၏စိတ်ထဲတွင် ခန့်မှန်းချက် ရရှိနေပြီ ဖြစ်သည်။

နောက်ထပ် နေ့ဝက်ခန့် အချိန်တွင် တုံးပင်ကျွင်းဝမ်သည် ယိဟွားနန်းဆောင်မှ အပျိုတော်များကို အဓိကထား စစ်ဆေးမေးမြန်းလေသည်။ အပျိုတော်များသည် ပုံမှန်အားဖြင့် အကြမ်းဖျင်း အလုပ်များကိုသာ လုပ်ကိုင်ဖူးကြသဖြင့် ပြင်းထန်သော စစ်ဆေးမေးမြန်းမှုဒဏ်ကို ခံနိုင်ရည် မရှိကြပေ။

မကြာမီတွင်ပင် ယိဟွားနန်းဆောင်မှ အပျိုတော်ခေါင်းဆောင် ဇီထန်တွင် ဇီစူးဟုခေါ်သော ညီမတစ်ယောက် ရှိကြောင်း အပျိုတော်တစ်ဦးက ဖွင့်ဟပြောဆိုလာသည်။ ထိုဇီစူးသည် အပ်ချုပ်ဆောင်မှဖြစ်ပြီး နန်းတော်အတွင်း၌ ချစ်သူရည်းစား ရှိလေသည်။ ထိုသူမှာ ဝမ်ကုန်းကုန်းပင် ဖြစ်လေသည်။

တုံးပင်ကျွင်းဝမ်သည် ချက်ချင်းဆိုသလို ဇီထန်နှင့် ဇီစူးတို့ကို ခေါ်ယူလိုက်၏။ ပြင်းထန်စွာ နှိပ်စက်မေးမြန်းပြီးနောက် သေလုမျောပါး ဖြစ်နေသော ဇီစူးက နောက်ဆုံးတွင် ဝန်ခံလိုက်တော့သည်။ ဇီထန်က သူမကို ခိုင်းစေ၍ ဝမ်ကုန်းကုန်းကို လာဘ်ထိုးခိုင်းခဲ့ကြောင်း၊ ရွှီအာနှင့် ရွှမ်းအာတို့ကို လုပ်ကြံရန် စီစဉ်ခဲ့ကြောင်း ထွက်ဆိုလေသည်။

သို့သော် ဝမ်ကုန်းကုန်းကို သတ်ခဲ့သူမှာ သူမမဟုတ်ဘဲ ဇီထန်က ဝမ်ကုန်းကုန်းကို ရေကန်ဘေးသို့ လှည့်စားခေါ်ဆောင်သွားပြီး အဆိပ်ပါသော မုန့်ကို ကျွေးကာ အဆိပ်တက်ချိန်တွင် ရေကန်ထဲသို့ တွန်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုလေသည်။

ဇီထန်သည် ဇီစူး၏ ပြောစကားကို ကြားသောအခါ ငြင်းဆန်ခြင်း မပြုဘဲ ချက်ချင်းပင် ပြောလိုက်လေသည်။ "ဟုတ်တယ်။ အစအဆုံး ကျွန်မတစ်ယောက်တည်း လုပ်ခဲ့တာ။ စူးဖေး ဘာမှမသိဘူး။ သတ်ချင်သတ် ခုတ်ချင်ခုတ် ကျွန်မ ဝန်ခံတယ်"

တုံးပင်ကျွင်းဝမ်က အေးစက်စွာ ရယ်မောလိုက်၏။ "သစ္စာရှိတဲ့ ခွေးပါလား။ အဲဒီစကားတွေကို ဟွမ်ဟုပ်ညန်ညန် ရှေ့ရောက်မှ သွားပြောလိုက်"

စကားမဆုံးမီမှာပင် ဒေါသအမျက်များ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ချောင်မိဖုရားခေါင်သည် ဝင်ရောက်လာခဲ့လေသည်။

တုံးပင်ကျွင်းဝမ်သည် ရှေ့သို့ ချက်ချင်းသွားကာ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်... ဒီ ဇီထန်က အားလုံးကို ဝန်ခံလိုက်ပါပြီ။ သူက ဇီစူးကို ခိုင်းပြီး ဝမ်ကုန်းကုန်းကို လာဘ်ထိုးခိုင်းခဲ့တာပါ။ ဝမ်ကုန်းကုန်းကို သတ်တဲ့သူကလည်း ဇီထန်ပါပဲ။ သူပြောတာက အားလုံးကို သူပဲ လုပ်ခဲ့တာပါတဲ့။ စူးဖေးကတော့ လုံးဝ မသိပါဘူးတဲ့..."

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် ပိုမို အေးစက်ခက်ထန်လာလေသည်။ "သူတို့ ပြောတာတွေကို ဖြောင့်ချက်ယူပြီး လက်မှတ်ထိုးခိုင်းလိုက်။ ပြီးရင် ဒီနေရာမှာပဲ ကွပ်မျက်လိုက်တော့"

တုံးပင်ကျွင်းဝမ်သည် ကြောင်အမ်းသွားပြီး အမှတ်တမဲ့ မေးလိုက်မိသည်။ "စူးဖေးနဲ့ မျက်နှာချင်းဆိုင်ပြီး စစ်ဆေးစရာ မလိုတော့ဘူးလား"

မျက်နှာချင်းဆိုင်မယ်...

သေချာပေါက် မလိုတော့ပေ။

ချောင်မိဖုရားခေါင်က အေးစက်စွာ ပြောလိုက်လေသည်။ "ငါက ဘယ်သူလုပ်တာလဲ ဆိုတာ သိရရင် ပြီးပြီ"

ရွှီအာကို ထိခိုက်အောင်လုပ်ရဲသူ မည်သူ့ကိုမဆို သူမ အသက်ကို ယူမည်ဟု ပြောထားပြီးသား ဖြစ်သည်။

သို့သော် လုမင်ယွိ နန်းတော်သို့ ပြန်ရောက်လာသည်အထိ စောင့်ဆိုင်းပြီး လုမင်ယွိကို ဖြေရှင်းချက် တစ်ခုပေးပြီးမှသာ လက်တုံ့ပြန်ရပေမည်။

...

ကျောင်းတယ်ဂိတ်တံခါး အပြင်ဘက်။

ဤတိုက်ပွဲသည် မနေ့ညကတည်းက ယနေ့ နေ့ခင်းဘက် တစ်ချိန်လုံး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေလေပြီ။

ယန်စစ်တပ်၏ စစ်စခန်းအတွင်း၌ ရုပ်အလောင်းများ ပုံနေလေတော့၏။ ယန်စစ်သည်များ၏ အလောင်းများ ရှိသလို ဝေစစ်သည်များ၏ အလောင်းများလည်း ရှိလေသည်။ စစ်စခန်းအတွင်း အဖမ်းခံထားရသော သနားစဖွယ် အပြစ်မဲ့ ပြည်သူအချို့သည်လည်း စစ်စခန်း ဖျက်သိမ်းချိန်၌ ရူးသွပ်နေသော ယန်စစ်သည်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။

ယန်စစ်သည်များသည် သေသူသေ ဒဏ်ရာရသူရနှင့် တိုက်ခိုက်လိုစိတ် ကုန်ခန်းကာ အားအင်ကုန်သွားသူ အချို့မှာမူ လက်နက်များကို စွန့်ပစ်၍ ဒူးထောက် အညံ့ခံလိုက်ကြတော့သည်။

ဒုတိယစစ်သူကြီးလျိုသည် တစ်နေ့လုံး တိုက်ပွဲဝင်ထားသဖြင့် တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေလေသည်။ သူသည် စစ်သူကြီးလျန်၏ အနီးသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားကာ လက်နှစ်ဖက်ကိုယှက်၍ ပြောလိုက်၏။ "ကျန်းကျွင်း... ယန်စစ်သည်တွေ လက်နက်ချကုန်ပါပြီ"

စစ်သူကြီးလျန်သည် မွန်းတည့်ချိန်တွင် စစ်သည်များကို ဦးဆောင်ကာ ရောက်ရှိလာပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ယခုအချိန်တွင် တစ်ကိုယ်လုံး သွေးများ စွန်းထင်းနေလေသည်။ အများစုမှာ ခုတ်ပိုင်းသတ်ဖြတ်ခံလိုက်ရသော ယန်စစ်သည်များ၏ သွေးများသာ ဖြစ်သည်။ "ငါ့အမိန့် ပြန်တမ်း ထုတ်လိုက်။ လက်နက်ချတဲ့ စစ်သည်တွေရဲ့ လက်နက်တွေကို သိမ်းပြီး တစ်နေရာတည်းမှာ ချုပ်နှောင်ထားလိုက်။ ပြီးရင် စစ်မြေပြင်ကို ရှင်းလင်းရေးလုပ်ကြမယ်"

နှစ်ဖက်စလုံးမှ သေဆုံးဒဏ်ရာရသော စစ်သည်များကို စာရင်းကောက်ယူရမည် ဖြစ်ပြီး ကျန်ရစ်သော ပြည်သူများကို နေရာချထားပေးရမည်။

အရေးကြီးဆုံးကတော့ ထိုက်ဇီဖေးကို နန်းတော်သို့ ပြန်လည် ကြိုဆိုရန်ပင်။

ဒုတိယစစ်သူကြီးလျိုသည် အမိန့်ကို နာခံပြီး ထွက်ခွာသွားလေသည်။

စစ်သူကြီးလျန်သည် ယန်စစ်တပ် စခန်း၏ ပင်မတဲဆီသို့ အလျင်အမြန် သွားရောက်လိုက်ပြီး လက်ကိုယှက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီဖေးကို တွေ့ခွင့်တောင်းခံပါတယ်"

...

All Chapters