← Chapters

အခန်း (၄၇၉)

Vol. 48 Ch. 479

အခန်း (၄၇၉)

Vol. 48 Ch. 479

ကောင်းကင်ဓားဂိုဏ်း၊ အတွင်းစည်း

ချွေ့ဟောက် သည် အလင်းမျက်နှာပြင်၏ အပြင်ဘက်တွင် ရပ်လျက်၊ဖြစ်ပျက်သမျှကို နှိမ့်ချစွာဖြင့် ပြန်လည်တင်ပြနေခဲ့သည်။ "အကြီးအကဲလျိုကို သတင်းပို့အပ်ပါတယ်၊ အခြေအနေကတော့ ဒီလိုပါပဲ။တပည့် ဂိုဏ်းအပြင်ဘက်မှာ တပည့်တွေကို စောင့်ခိုင်းထားခဲ့လို့ နန်ယန်က ရှန်းယီဆိုတဲ့သူ ချင်းယွဲ့ရတနာဝေဟင်သင်္ဘောပေါ် တက်သွားတာကို အသေအချာ မြင်တွေ့ခဲ့ရပါတယ်"

"ချင်းယွဲ့ဂိုဏ်းက လှုပ်ရှားလာပြီပေါ့" အလင်းမျက်နှာပြင်အတွင်းမှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ယခင်က နန်ယန်ဂိုဏ်းအပြင်ဘက်တွင် လွင့်မျှောနေသော တာအိုချပ်ပြား၏ ပိုင်ရှင်ပင် ဖြစ်သည်။

"ဒါကို လှုပ်ရှားမှုလို့တော့ သတ်မှတ်လို့မရပါဘူး၊ အထောက်တော်ကျန်းချန်၊ အတွင်းစည်းတပည့် ယန်ဝမ်ချန့်နဲ့ အကြီးအကဲလျိုရဲ့သမီး လျိုချန်းယွင်တို့ပဲ ပါဝင်တာပါ"

ချွေ့ဟောက်က ခေါင်းမော့ကာ ခပ်တိုးတိုး ပြောလိုက်၏။ "တပည့်ရဲ့ ဆန်းစစ်ချက်အရတော့ ရှန်းယီက ယဲ့ဝမ်ရွှမ်အတွက် အတင်းအကျပ်ရှေ့ထွက်ပေးတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီဖြစ်နိုင်ခြေက သိပ်မကြီးပါဘူး။ ရှန်းယီက ပေါ်လာတာ လပိုင်းပဲရှိသေးတာ၊ သူက ဒီလူတွေနဲ့ ရင်းနှီးမှုရှိရင်တောင် သူတို့က သူ့နောက်လိုက်ပြီး အသေခံကြမှာ မဟုတ်ဘူးလေ"

"ဖြစ်နိုင်ခြေ ပိုများတာကတော့ အကြီးအကဲလျိုက ကိုယ်တိုင်ပေါ်မလာပေမဲ့ လျိုချန်းယွင်ကို တခြားကာကွယ်ရေးပစ္စည်းတွေ၊ ဥပမာရတနာတစ်ခုခု ဒါမှမဟုတ် အင်ပါရီယာအမိန့်တော်တစ်ခုခု ပေးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်"

ချွေဟောင် စကားဆုံးသွားသောအခါအလင်းမျက်နှာပြင်အတွင်းမှ ကြာရှည်စွာတိတ်ဆိတ်သွားပြီးနောက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"အကြီးအကဲ လျိုရှီချန်းက နန်ယန်ရတနာနယ်မြေရဲ့ ပိုင်ဆိုင်ခွင့်ကို အဲဒီ ရှန်းဆိုတဲ့ ကောင်လေးက ဆုံးဖြတ်ပေးနိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား။ဒီလို ဖားယားတဲ့ နည်းလမ်းမျိုးနဲ့ လမ်းကြောင်းသစ်ရှာပြီး ရတနာနယ်မြေကို လုဖို့ ကြိုးစားတာက တကယ်ကို မိုက်မဲလွန်းတယ်"

"စိတ်ချပါ အကြီးအကဲ၊ ချန်မိသားစုနားမှာ စောင့်ကြည့်ဖို့ လူတွေလွှတ်ထားပါတယ်။ အကြီးအကဲလျိုရဲ့အရိပ်အယောင် မြင်တာနဲ့ သက်သေအထောက်အထားတွေကို အမြန်ဆုံး လာတင်ပြပါ့မယ်"

ချွေ့ဟောက်က အရိုအသေပြုလိုက်၏။

ယခုအခြေအနေမှာ အလွန်ရိုးရှင်းပါသည် ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူအားလုံးသည် နန်ယန်ရတနာနယ်မြေကို လိုချင်နေကြသော်လည်း၊ တစ်ဦးဦးက အခြေအနေကို စတင်ချိုးဖောက်လာမည့်အချိန်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။

အကယ်၍ လျိုရှီချန်းကသာ ပထမဆုံး စတင်သူဖြစ်ခဲ့လျှင်၊ အခြားသော အကြီးအကဲများနှင့် တိုက်ရိုက်တပည့်များသည်လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်ကြတော့မည်။

"ကောင်းပြီ၊ အထောက်တော် တစ်ယောက်ဖြစ်နေတာက မင်းအတွက် နှမြောစရာပဲ၊ သွားတော့"

အလင်းမျက်နှာပြင်အတွင်းမှ နောက်ဆုံး ချီးကျူးစကား ထွက်ပေါ်လာ၏။

"အရှင်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲလျို"

ချွေ့ဟောက်သည် အလွန်ရိုသေစွာဦးညွှတ်ပြီးနောက် ထိုနေရာမှ လှည့်ထွက်သွားခဲ့သည်။

သူ အဝေးသို့ ရောက်သွားချိန်မှသာ သူ၏ မျက်နှာပေါ်တွင်ပြုံးဖြီးနေသော အပြုံးတစ်ခု ပေါ်လာတော့သည်။

ချွေ့ဟောက်သည် အထောက်တော်ဆိုသည့် အဆင့်အတန်းကို တကယ်ပင် ငြီးငွေ့နေပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အောင့်အည်းသည်းခံပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင်ပင်၊ အလွန်ဆုံးဖြစ်လှ အပြင်စည်း အကြီးအကဲတစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။

ထိုရာထူးမှာလည်း အကြီးအကဲဆိုသည့် စကားလုံး ပါဝင်သော်လည်း၊ လက်တွေ့တွင် ဂိုဏ်း၏ အောက်ခြေအလုပ်များကိုသာ လုပ်ကိုင်ရခြင်း ဖြစ်သည်။

ဂိုဏ်းတစ်ခုလုံးတွင် မည်သည့် ရာထူးအမည်ခံထားပါစေ၊ ထိုအောက်ခြေအလုပ်အားလုံးမှာအရင်းအမြစ်များကို စုဆောင်းရန်အတွက်သာ ဖြစ်ပြီး၊ တိုက်ရိုက်တပည့်များသာ ထိုအရင်းအမြစ်များကို ခံစားကြရခြင်း ဖြစ်သည်။

အကယ်၍ ပါရမီမလုံလောက်လျှင် အဆက်အသွယ်များကိုသာ အားကိုးရပေမည်။

အခု အကြီးအကဲလျို၏စကားများအရဆိုလျှင်၊ ဤကိစ္စကိုသာ ကောင်းကောင်းကိုင်တွယ်နိုင်ပါက သူ၏ အနာဂတ်မှာ အောင်မြင်မှုရပြီဟု ဆိုနိုင်၏။

ချွေ့ဟောက်သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ဂူဗိမာန်များကို ကြည့်ကာ မနာလိုဖြစ်လျက် ခေါင်းခါရင်း တာဝန်ခံခန်းမ ဆီသို့ ဦးတည်လိုက်သည်။

သူ လွှတ်လိုက်သော တပည့်များသည် အရေးကြီးသောသတင်းတစ်ခုခု ရရှိလာမလားဟု သူ တွေးနေမိသည်။

မကြာမီမှာပင်၊ ချွေ့ဟောက်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။

တာဝန်ခံခန်းမ တံခါးအပြင်ဘက်တွင် ရယ်မောလျက်ရပ်နေကြသော ရင်းနှီးသည့် ပုံရိပ်အချို့ကို သူ မြင်လိုက်ရသည်။

သူတို့၏ ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်နေသော ပုံစံများကို မြင်လိုက်ရသောအခါ ချွေ့ဟောက်သည် မသိစိတ်က မျက်မှောင်ကြုတ်လိုက်မိပြီးနောက်၊ တစ်ခုခုကို တွေးမိကာ သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာပြန်သည်။

သူတို့၏ ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာမျှ မရှိဘဲ၊ အရှိန်အဝါများမှာလည်း ပြည့်စုံကာ ချောမွေ့နေသည်။

ဒါက လျိုရှီချန်းရဲ့အကူအညီနဲ့ ငါ့မျက်နှာကို လာဖြတ်ရိုက်တာပဲ ဖြစ်ရမယ်။ ဒါဆိုလည်း ငါက ခံပေးလိုက်ရုံပေါ့။

အနာဂတ်ကောင်းတစ်ခုရဖို့အတွက် မျက်နှာအနည်းငယ်အပျက်ခံရတာက အတော်လေး တန်တဲ့ အရောင်းအဝယ်တစ်ခုပဲ။

ဤသို့ တွေးတောလျက် ချွေ့ဟောက်သည် သံသယဖြစ်နေသော မျက်နှာထားကို ဟန်ဆောင်ကာ ဖြည်းညှင်းစွာချဉ်းကပ်သွားသည်။ "ဘာလို့ အားလုံး ပြန်လာကြတာလဲ၊ ဂိုဏ်းရဲ့ အလုပ်တွေကို ဟာသတစ်ခုလို မှတ်နေတာလား ကတိဖျက်ဖို့ စဉ်းစားနေတာလား"

"နင့်အဘိုးကို သွားကတိဖျက်လိုက်"

ကျန်းချန် က အေးစက်စွာရယ်မောလိုက်ပြီး ချန်မိသားစုထံမှကောက်ခံလာသော အခွန်အတုတ်များကို ပစ်ပေးလိုက်သည်။ "ရေတွက်လိုက်ဦး။ ပိုနေတဲ့ အပိုင်းက သူတို့ရဲ့တောင်းပန်မှုပဲ။ နောင်မှာ ဒီလို အသေးအမွှားကိစ္စတွေအတွက် အထောက်တော်အိုကြီးတွေကိုပဲ ကိုယ်တိုင် လမ်းလျှောက်ခိုင်းလိုက်ပါ၊ အသစ်တွေကို လာမနှိပ်စက်နဲ့"

"..."

ချွေ့ဟောက်သည် သူ၏အသိစိတ်အာရုံကို သိုလှောင်ရတနာအိတ်အတွင်းသို့ ပို့လွှတ်လိုက်ပြီးနောက်အံ့အားသင့်ကာ မသေချာသလို အမူအရာကို ပြသလိုက်သည်။

ထို့နောက် သူက မကျေနပ်သော မျက်နှာထားဖြင့် ခေါင်းမော့ကြည့်လိုက်၏။ "ဒါကို နင်တို့ ဘယ်လိုလုပ်လိုက်တာလဲ"

"ဒါ နင့်အလုပ်လား"

ကျန်းချန်က မျက်ခုံးပင့်ကာ မောက်မာမှုကို အစွမ်းကုန် ပြသလိုက်သည်။ ဤစကားများကို ကြားသောအခါ ချွေ့ဟောက်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ထပ်မံ တိုးပွားလာသည်။

အကယ်၍ သူတို့က မပြောရဲသော နည်းလမ်းများကို အသုံးပြုခဲ့လျှင်၊ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပေလိမ့်မည်။

"ဒါကိုလည်း ယူထားဦး။ သေချာ သိမ်းထားဖို့ မမေ့နဲ့။ ကြက်‌သွေးရောင်မျက်လုံး‌အမှောင်ဖီးနစ် သွေးအနှစ်သာရ တစ်စက်လေးတောင်လိုရင် နင့်ကို ငါ အလွတ်မပေးဘူး" ကျန်းချန်က ဒေါသဖြေဖျောက်နေခြင်းမှာ အကြောင်းရင်း မရှိဘဲ မဟုတ်ပေ။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ အကယ်၍ ရှန်းယီသာ သူ၏ လျှို့ဝှက်နည်းဗျူဟာများကို မဖုံးကွယ်ထားခဲ့လျှင်၊ သူတို့၏ လူသိရှင်ကြား ခွန်အားများဖြင့်ဆိုပါက၊ သူတို့ သေဆုံးမည် မဟုတ်သော်လည်း အရှက်ရပြီး လက်နက်ချခဲ့ရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

လူအများရှေ့တွင် အရှက်ရကာ နန်ဟုန်၏သားတော်ခုနစ်ပါးတာဝန်ကို ပျက်ကွက်ခဲ့လျှင်၊ သူတို့ ပြန်လာချိန်တွင် မည်သည့် အနာဂတ် ရှိနိုင်တော့မည်နည်း။

"..."

ချွေ့ဟောက်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် အေးစက်စွာ နှာမှုန်ထွက်လျက် တာဝန်ခံခန်းမအတွင်းသို့ ပြန်ဝင်သွားသည်။ "ငါ့နောက်လိုက်ခဲ့"

သူသည် မှတ်တမ်းများကို သေချာစွာ ရေးသွင်းလိုက်ပြီး စိမ်းပြာရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စကားအနည်းငယ် တီးတိုးပြောလိုက်သည်။

မကြာမီမှာပင် အပြင်စည်းအကြီးအကဲတစ်ဦးသည် တိမ်တိုက်ကို စီးနင်းလျက် ရောက်ရှိလာပြီး ခန်းမအတွင်းသို့ ဝင်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ၊ လက်ရာမြောက်သော ကျောက်စိမ်းပုလင်း ၅ လုံး စားပွဲပေါ်တွင် ပေါ်လာသည်။ "ဒါတွေက သွေးသခင်ရဲ့ အသက် နှစ်ငါးသောင်းမှာ ထုတ်ယူထားတဲ့ အနှစ်သာရသွေးတွေပဲ၊ လျှို့ဝှက်နည်းလမ်းနဲ့ အမြဲတမ်း ထိန်းသိမ်းထားလို့ အာနိသင် အပြည့်ရှိတယ်"

"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ချွေ့ဟောက်သည် အပြင်စည်း အကြီးအကဲကို အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ကျန်းချန်တို့အဖွဲ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။ "နင်တို့ ရစရာရှိတာတွေ ရပြီမလား အခုပဲ ထွက်သွားတော့၊ ငါတို့က အပြင်အထိ လိုက်မပို့နိုင်ဘူး"

သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းချန်သည် အားရဝမ်းသာ ဖြစ်သွားကာ အော်ဟစ်ရယ်မောလိုက်၏။ "ကိစ္စက မပြီးသေးဘူး။ ဒီညီမလေးရဲ့ တိုက်ရိုက်တပည့် ကျောက်စိမ်းပြားကို မမေ့နဲ့ဦးလေ"

"နင် သတိပေးစရာ မလိုပါဘူး" ချွေ့ဟောက်သည် လှည့်ကာ အတွင်းဘက်သို့ ပြန်ဝင်သွားသည်။

"..."

ယဲ့ဝမ်ရွှမ်သည် ကျန်းချန်ကို ဦးညွှတ်လိုက်၏။

"ကျေးဇူးတင်ပါတယ် စီနီယာကျန်း"

"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။ ငါက သူ့ကို နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်ရုံတင်ပါ" ကျန်းချန်က လက်ကို ဝှေ့ယမ်းပြလိုက်သည်။

နောက်ဆုံးတွင် သူမ၏ ရင်ထဲမှ အဖုအထစ်များကို ထုတ်လွှတ်နိုင်ခဲ့ပြီဖြစ်ရာ၊ အားကိုးရာမဲ့သော မျက်နှာထားများဖြစ်နေကြသည့် လျိုချန်းယွင်၊ ယန်ဝမ်ချန့်တို့နှင့်အတူ တာဝန်ခံခန်းမမှ ထွက်ခွာခဲ့ကြသည်။

သူတို့ သုံးဦးသည် ကောင်းကင်ဓားဂိုဏ်းမှ ထွက်ခွာလာခဲ့ကြတော့သည်။

All Chapters