← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 29 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 29 Ch. 403-404

အပိုင်း(၄၀၃)

ရှာလော့၏ မျက်လုံးလေးများက ဝင်းပသွားကာ ခေါင်းညိတ်လိုက်သည်။

“မစ္စတာလင့်ကို အလုပ်အကျွေး ပြုရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ... ဒီက ပျားရည်ကိတ်နဲ့ လက်ဖက်ရည်ကြမ်းက မြည်းစမ်းကြည့်ဖို့ အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ်...”

သူမက ပြုံးလျက် ‘ရှေ့က ကြွပါ’ ဟု လက်ဟန်ပြလိုက်သည်။ လင်ကျဲက ခေါင်းညိတ်ပြကာ ရှေ့မှ လျှောက်သွားတော့၏။

ထို့နောက်... ရှာလော့က ဂရက်ဘက်သို့ လှည့်လိုက်ပြီး လျှာကို ထုတ်ပြကာ သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ လျှာ၏ အောက်ဘက်တွင် အနက်ရောင်ဖြင့် ထွင်းထုထားသော မန္တန်စာလုံးများကို တွေ့လိုက်ရသည်။ ထို့နောက် သူမက ဂရက်ကို ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အောက်လမ်း ပညာရှင်များသာ သာ သုံးနိုင်သော စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဖြင့် ပြောလိုက်သည်။

“လိုက်ခဲ့လေ... လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်ကို သစ္စာခံထားတဲ့ အောက်လမ်း မှော်ဆရာလေး... အရှင်သခင်က နောက်ဆုံးအောင်ပွဲကို မကြေညာခင်အထိ သေခြင်းတရားက မင်းနောက်ကို အရိပ်လို လိုက်နေမှာပဲ”

...

ဝှစ်...

မည်သူမှ မသိသော အိမ်တော်၏ ထောင့်တစ်နေရာတွင်၊ အာကာသနှင့် အချိန်၏ နိယာမများမှာ ပုံပျက်ယွင်းသွားကာ ပတ်ဝန်းကျင် တစ်ခုလုံး ခဏတာ ထပ်တူကျသွားသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များမှာ တစ်စက္ကန့်အတွင်း ပြန်လည် မွေးဖွားခြင်းနှင့် ညှိုးနွမ်းခြင်းတို့ကို ခံစားလိုက်ရပြီးနောက် ဘာမှမရှိသော အခြေအနေသို့ ပြောင်းလဲသွားသည်။

သွယ်လျလှပသော ကြေးနီရောင် လက်မောင်းတစ်ခုနှင့်အတူ၊ ထိုအရောင်ရှိသည့် ဝတ်လစ်စလစ် အမျိုးသမီး ခန္ဓာကိုယ်တစ်ခုသည် အာကာသ လှိုင်းတွန့်များကြားမှ ရုတ်တရက် ပေါ်ထွက်လာသည်။

သူမမှာ ခန္ဓာကိုယ် တစ်ဝက်သာ ရှိပြီး၊ ဦးခေါင်းထိပ်မှနေ၍ တစ်စုံတစ်ခုက သူမကို နှစ်ခြမ်း ခွဲလိုက်သည့်အလား ဖြစ်နေသည်။ သို့သော် အသားနှင့် သွေးများ မရှိဘဲ၊ အမည်မသိသော နေရာတစ်ခုသို့ ဆက်သွယ်ထားသည့် ထင်ယောင်ထင်မှား ဖြစ်စေသော တောက်ပသည့် အမျှင်တန်းများစွာသာ ရှိနေသည်။

သတ္တုရောင်ရှိသော သူမ၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံ့နေပြီး၊ သံချေးတက်နေသော အစိမ်းရောင် မျက်ဝန်းများမှာလည်း ပရမ်းပတာ ဖြစ်မှုများဖြင့် ဝေဝါးနေပုံရသည်။

အကယ်၍ မိုက်ကယ်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ ဤသည်မှာ သူစောင့်ဆိုင်းနေသော တမန်တော်များထဲမှ တစ်ဦးဖြစ်သည့် ဟာနီရယ် ဖြစ်ကြောင်း သေချာပေါက် သိရှိပေလိမ့်မည်။

…

‘မီးလျှံဓားလမ်းစဉ်’ ကို စတင်တည်ထောင်ခဲ့ကြသည့် အခြားသောအဖွဲ့ဝင်များနည်းတူ ‘ဟာနီယယ်’ သည်လည်း ကောင်းကင်မှ ဆင်းသက်လာသည့် အိန်ဂျယ် သို့မဟုတ် တမန်တော် စစ်စစ် တစ်ဦးမဟုတ်ပေ။ ဤအမည်နာမမှာ တကယ်တမ်းအားဖြင့် အဓိပ္ပာယ်မဲ့သော လျှို့ဝှက်အမည်တစ်ခုမျှသာ ဖြစ်သည်။

သို့သော် အခြားအဖွဲ့ဝင်များနှင့်မတူသည်က ဟာနီယယ်တွင် အမည်ရင်းဟူ၍ မရှိခြင်းပင်။ ထို့ကြောင့် ‘မိုက်ကယ်’ က သူမအား ဟာနီယယ်ဟူသော လျှို့ဝှက်အမည်ကို ပေးအပ်သည့်အခါ သူမက မဆိုးလှဟု ယူဆကာ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး မိမိ၏အမည်အဖြစ်ပင် အသုံးပြုခဲ့လေသည်။

သဘာဝလွန် စွမ်းအားရှင်အများစုအတွက် ‘အမည်ရင်း’ ဟူသည် ကြီးမားသော အနက်အဓိပ္ပာယ်ရှိရုံသာမက ကံကြမ္မာကိုပင် ပြဋ္ဌာန်းနိုင်စွမ်းရှိသည်ဟု ယူဆကြသည်။ ထို့ကြောင့် အရင်းအမြစ် မသေချာသော အမည်နာမကို မိမိအမည်အဖြစ် လက်ခံရန် ဝန်လေးတတ်ကြ၏။ သို့သော် ဟာနီယယ်အတွက်မူ ဤတိုက်ကြီး၏ ဘုံသုံးစကားလုံးများက သူမအပေါ် တစ်စုံတစ်ရာ သက်ရောက်နိုင်စွမ်း မရှိသဖြင့် အရေးမကြီးလှပေ။ အကြောင်းမှာ သူမသည် အနည်းငယ် ထူးခြားသော မျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

“ငါ အာရုံခံမိသလောက်ဆိုရင်တော့ အဲဒီ အငွေ့အသက်ရဲ့ နောက်ဆုံး အကြွင်းအကျန်က ဒီမှာပဲ...”

ဟာနီယယ်သည် လေဟာနယ်ထဲတွင် လွင့်မျောနေရင်း ဦးခေါင်းကို အနည်းငယ် မော့လိုက်သည်။ နဂိုကပင် မကြည်မလင် ဖြစ်နေသော သူမ၏ မှိန်ဖျော့ဖျော့ အစိမ်းရောင် မျက်ဝန်းအစုံက ရှေ့တည့်တည့်ဆီသို့ စိုက်ကြည့်နေမိ၏။

ဟာနီယယ်သည် တစ်ခုတည်းသော လက်မောင်းကို ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ဆုတ်ကိုင်လိုက်သည့်နှယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထိုခဏ၌ပင် သူမ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် စက္ကူချပ်ကို လိပ်ခြေလိုက်သကဲ့သို့ ကျုံ့ဝင်သွားပြီး သတင်းအချက်အလက်များဖြင့် ပြည့်နှက်နေသည့် အမှတ်အသားများအဖြစ် ပြောင်းလဲသွားလေသည်။

အလင်းတန်းများ ဖြာထွက်လာပြီး သူမ၏ နဖူးပြင်သို့ ရိုက်ခတ်သွားကာ ထိုအငွေ့အသက်နှင့် ကိုက်ညီသော အတိတ်ပုံရိပ်များကို ဖော်ပြလာသည်။

ဆံပင်နက်နှင့် လူငယ်လေး တစ်ဦးသည် ရှေ့သို့ တရွေ့ရွေ့ သွားနေသော လူအုပ်ကြီးကြားတွင် ရပ်တန့်ကာ ‘မီးလျှံဓားလမ်းစဉ်’ ၏ တံဆိပ်ခတ်နှိပ်ခံထားရသည့် အားနည်းသော စွမ်းအားရှင်တစ်ဦးနှင့် စကားပြောနေသည်။ တစ်ခဏအကြာတွင် သူသည် အိပ်မက်ဘုံ၏ အက်ကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီး စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။

ထိုအချိန်၌ပင် ဟာနီယယ်၏ မျိုးနွယ်စုဝင်တစ်ဦးထံမှ အားကိုးတကြီး အကူအညီတောင်းသံသည် အိပ်မက်ဘုံထဲမှ လွင့်ပျံ့လာသော်လည်း အက်ကြောင်း ပြန်ပိတ်သွားသည့်အခါ ထိုအသံသည်လည်း တခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“ဖောက်...”

ဟာနီယယ်သည် လက်သီးကို တင်းတင်းဆုပ်ကာ အတိတ်၏ ပထမဆုံး အချက်အလက်အမှတ်အသားကို ချေဖျက်လိုက်ပြီးနောက် ပျောက်ကွယ်သွားသော အလင်းစက်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“အိပ်မက်ဘုံရဲ့ အက်ကြောင်းကို ဒီလောက်လွယ်လွယ်လေး သူ ဖွင့်နိုင်တာလား... နောက်ပြီး သူ့ရဲ့ ခွန်အားကလည်း မြူနှင်းတွေ ဖုံးနေသလိုပဲ၊ အာရုံခံလို့ လုံးဝမရဘူး... ဒါပေမဲ့ ဒါက ငါ့ အတွက်တော့ ပြဿနာမဟုတ်ပါဘူး... အတိတ်ကို ပြန်သွားကြည့်ရုံပဲပေါ့...”

ဟာနီယယ်၏ မျက်ဝန်းများသည် တဝက်ခန့် မှေးစင်းနေ၏။ သူမ၏ အတောင်ပံများမှ ထွက်ပေါ်လာသော ပုံရိပ်ယောင်များသည် တွန့်လိမ်နေသည့် နီယွန်မီးချောင်းများအလား ရောင်စုံအလင်းတန်းများကို တစ်ချက်တစ်ချက် ထုတ်လွှတ်နေသည်။

“ဪ... ဒီလိုကိုး... ‘နဂါးရိုးဆီသစ်ပင်’ ရဲ့ အသီးနဲ့ ‘ကျောက်ဖြစ်နဂါးနှလုံးသား’ တို့နဲ့ တည်ဆောက်ထားတဲ့ နဂါးတစ်ပိုင်း ခန္ဓာကိုယ်ပိုင်ရှင်ပေါ့... ‘ဆစ်ဗာ’ ဆီက အိပ်မက်ဘုံရဲ့ စွမ်းအားကို ရထားသလို အမည်မသိ ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခုရဲ့ အကူအညီနဲ့ ထူးဆန်းတဲ့ စာအုပ်တွေကိုလည်း ပိုင်ဆိုင်ထားတာပဲ... စိတ်ဝင်စားစရာပဲ...”

“သာမန်လူတစ်ယောက်ဘဝကနေ ‘အခရာအဆင့်’ ကို ရောက်ဖို့ ခြောက်လပဲ ကြာခဲ့တာလား... တကယ့်ကို ကြီးကျယ်တဲ့ လုပ်ရပ်ပဲလို့ ပြောရမယ်... ဒါပေမဲ့ ဒါက အခရာအဆင့်ကို ကျော်လွန်သွားပြီလို့တော့ မဆိုနိုင်သေးဘူး... ပြီးတော့ ဒါက သူကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာတာမှ မဟုတ်တာ... တကယ့်ကို ဂရုစိုက်ရမှာကတော့ အခုထိ ပေါ်မလာသေးတဲ့ အဲဒီလျှို့ဝှက်ချက်နဲ့ ဆစ်ဗာပဲ... အင်း...”

“ဆစ်ဗာရဲ့ အငွေ့အသက်က တော်တော်လေး အားနည်းသွားပြီပဲ၊ သူ ထွက်သွားပြီနဲ့ တူတယ်... ဟက်... ကောင်းတာပေါ့။ အလုပ်ရှုပ်သက်သာတာပေါ့...”

“ပြောရရင် မိုက်ကယ်တို့ရဲ့ ရည်မှန်းချက်က အိပ်မက်ဘုံဆီသွားမယ့် လမ်းကိုဖွင့်ပြီး အဲဒီကတစ်ဆင့် အဆင့်တက်လှမ်းဖို့ မဟုတ်လား... တစ်နည်းအားဖြင့် ပြောရရင် ဒီလူက သူတို့ နှစ်ပေါင်းထောင်ချီ ကြံစည်ခဲ့တဲ့ ပန်းတိုင်မှာ ရောက်နှင့်နေတာပေါ့”

“ဒါကြောင့်လည်း ဒီတစ်ခါမှာ တမန်တော်တွေအားလုံး စုပေါင်းပြီး အလုပ်လုပ်ကြဖို့ စီစဉ်နေကြတာကိုး... တကယ်တော့ ဒီလောက်အဆင့်ရှိတဲ့ ရန်သူမျိုးက သတိထားရမှာ အမှန်ပဲ...”

“ဟမ့်... ဒါပေမဲ့ ငါ့ အတွက်တော့ ဒါတွေက ကလေးကစားစရာတွေပါပဲ”

ဟာနီယယ်က အရာအားလုံးကို သူမ စိတ်ကြိုက် ထိန်းချုပ်ထားနိုင်သည့်အလား အလွန်အမင်း မောက်မာဝင့်ကြွားစွာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

မည်သည့် အတိုင်းအတာကမျှ သူမ၏ အာရုံခံစားမှုနှင့် ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ အိပ်မက်ဘုံဆိုသည်မှာပင် သူမ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သည့် နေရာတစ်ခုမျှသာ ဖြစ်သည်။ ဟိုးရှေးပဝေသဏီကတည်းက ဘာမျှမရှိတော့သော ထိုနေရာတွင် ‘စစ်မှန်သော ဘုရားသခင်’ ဟူ၍ မရှိချေ။ အမှန်စင်စစ် အိပ်မက်ဘုံဆိုသည်မှာ ကမ္ဘာဦး အမှောင်ထုထဲမှ မွေးဖွားလာသည့် ရိုင်းစိုင်းသော သတ္တဝါများ၏ အသိုက်အမြုံတစ်ခုသာ ဖြစ်သည်။ လူတွေ ထိုနေရာကို ကြောက်ရွံ့နေကြခြင်းမှာ သူတို့၏ အသိပညာ နည်းပါးမှုကြောင့်သာ ဖြစ်၏။

ထိုကမ္ဘာဦး သတ္တဝါများမှာ ဤကမ္ဘာပေါ်ရှိ လူများနှင့် နှိုင်းယှဉ်လျှင် အားကောင်းနိုင်သော်လည်း ဆစ်ဗာ သို့မဟုတ် ဖရက်ဆီးနပ်စ် တို့နှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျလှသည်။ ထို့ကြောင့်လည်း ထိုသတ္တဝါများသည် အိပ်မက်ဘုံထဲတွင် နှစ်ပေါင်းများစွာ အေးအေးလူလူ အိပ်မောကျနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟာနီယယ်သည် သူမ၏ အချက်အလက် အမှတ်အသားများအတိုင်း ရှေ့သို့ လွင့်မျောသွားရင်း မထီမဲ့မြင် ပြုံးလိုက်မိ၏။

“သူတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တဲ့ ပန်းတိုင်က ‘အမှိုက်ပုံ’ တစ်ခုပဲဆိုတာ သိသွားတဲ့အခါ သူတို့မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ချင်လို့သာ ဒီ ‘မီးလျှံဓားလမ်းစဉ်’ ဆိုတာထဲကို ဝင်ခဲ့တာ...”

ပတ်ဝန်းကျင်တွင် ကျဆင်းနေသော နှင်းပွင့်များမှာ သူမ၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ရာ အဟန့်အတားမရှိ ဖြတ်သန်းသွားကြပြီး သိမ်မွေ့သော ရေလှိုင်းငယ်ကလေးများသာ ဖြစ်ပေါ်စေသည်။ ဤအချက်က သူမ၏ ခန္ဓာကိုယ်သည် ဤအချိန်နှင့် ဟင်းလင်းပြင်တွင် အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုအဖြစ်သာ တည်ရှိနေခြင်းကို ဖော်ပြနေ၏။

သူမ၏ ဖြစ်တည်မှုအစစ်အမှန်မှာ အတောင်ပံများကို ရုပ်သိမ်းထားသည့် ကြီးမားသော လိပ်ပြာကြီးတစ်ကောင် ဖြစ်သည်။ ထိုလိပ်ပြာကြီးသည် အမည်မသိသော ပုံရိပ်ယောင် မျှင်တန်းများဖြင့် ရစ်ပတ်ကာ အချိန်ကာလ တစ်လျှောက်လုံးတွင် ဆက်နွှယ်နေ၏။

မှန်ပေသည်။ ဟာနီယယ်၏ အစစ်အမှန် အသွင်သဏ္ဌာန်မှာ ‘အချိန်စက်ဝန်းပိုးကောင်’ မှ အဆင့်မြင့် ပြောင်းလဲလာသော ‘ခရိုနော့စ် လိပ်ပြာ’ ပင် ဖြစ်လေတေ့သည်။

***

အပိုင်း(၄၀၄)

ဟာနီယယ်၏ လူသားတစ်ပိုင်း ခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာအတွင်း သူမ မြင်တွေ့ခဲ့ရသော လူသားတို့၏ အလှအပဆိုင်ရာ အယူအဆများအပေါ် အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ အသွင်မှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေဟန် ရနေခြင်း ဖြစ်သည်။ အမှန်စင်စစ် ပိုးကောင်တစ်ကောင်အနေဖြင့် လူသားတို့၏ အလှအပကို ပြည့်ပြည့်ဝဝ နားလည်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဟာနီယယ် ဤခရီးကို ထွက်လာရခြင်း၏ ရည်ရွယ်ချက်မှာ သူမ ‘အချိန်စက်ဝန်းပိုးကောင်’ ဘဝက ကူညီပေးခဲ့ဖူးသူ တစ်ဦး၏ အငွေ့အသက်ကို အာရုံခံမိသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက လူသား မိသားစုတစ်ခုသည် အထူးနည်းလမ်းကို အသုံးပြုကာ သူမကို ဖမ်းဆီးခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အသုံးချခဲ့ကြသည်။ နောက်ဆုံးတွင် သူမသည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် အမွေအနှစ်တစ်ခု ဖြစ်လာခဲ့ရ၏။

သူမသည် နာမည်မရသေးမီ အချိန်က ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို သူမ စိတ်မဝင်စားခဲ့ပေ။ ပိုးကောင်တစ်ကောင်အနေဖြင့် စားဖို့နှင့် အိပ်ဖို့ကလွဲ၍ အခြားအရာများကို ဂရုမစိုက်ခဲ့ခြင်းကြောင့်ပင်။

သို့သော် နှစ်ပေါင်းထောင်ချီ၍ လူသားတို့၏ လူ့အဖွဲ့အစည်းကို လေ့လာခဲ့ပြီးနောက် သူမသည် ‘ကိုယ်ပိုင်အလိုဆန္ဒ’ များကို တဖြည်းဖြည်း သင်ယူလာခဲ့သည်။ မကြာသေးမီက မိုက်ကယ်က သူမကို နှိုးလိုက်သည့်အခါမှသာ ပိုးအိမ်ထဲမှ ရုန်းထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်လျှင် ယခင်နှင့် လုံးဝမတူတော့သော အတွေ့အကြုံသစ်တစ်ခု ဖြစ်နေသည်။

အထူးသဖြင့် သူမ၏ သေးငယ်သော မျိုးနွယ်တူ ပိုးကောင်လေးကို ဖမ်းဆီးထားသည်ကို မြင်လိုက်ရပြီး နှစ်ပေါင်းထောင်ချီကြာအောင် ကြားနေရသော ထိုပိုးကောင်လေး၏ အားကိုးတကြီး အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ သူမ၏ ရင်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ဒေါသအဟုန်များ စတင်မြင့်တက်လာတော့သည်။

သူမသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မိုက်ကယ် သတ်မှတ်ပေးထားသော နေရာသို့ မသွားတော့ဘဲ ‘အချိန်စက်ဝန်းပိုးကောင် သေတ္တာ’ ကို ပိုင်ဆိုင်ထားသူကို တစ်ဦးတည်း ရှာဖွေရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူမသည် မိမိ၏ အဖော်ကို ပြန်လည်ကယ်တင်တော့မည် ဖြစ်သည်။

ဟာနီယယ်၏ ‘အတောင်ပံများ’ ဖြစ်သော ရောင်စုံ ပုံရိပ်ယောင် မျှင်တန်းပေါင်းများစွာသည် ဖြန့်ကျက်ထွက်လာသည်။ အိမ်ကြီးအတွင်းရှိ မည်သူမျှ သတိမထားမိခင်မှာပင် ထိုမျှင်တန်းများသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

အိမ်ကြီးပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင်တို့သည် ကယောင်ကတမ်း ဖြစ်သွားပြီး ဤဖြစ်စဉ်ကို မခံနိုင်တော့သည့်အလား အက်ကြောင်းများပင် ပေါ်လာတော့သည်။

မျက်စိဖြင့်မမြင်နိုင်သော ပိုးအိမ်ကြီးတစ်ခုသည် ပိုက်ကွန်ထဲသို့ သက်ဆင်းသွားသကဲ့သို့ပင်။

နောက်ဆုံး အချက်အလက် အမှတ်အသားဆီသို့ လွင့်မျောနေသော ဟာနီယယ်သည် တစ်ခုသော အချက်ကိုမူ သတိမထားမိခဲ့ပေ။ သူမ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်အောက်တွင် အရိပ်တစ်ခုက ထပ်ကြပ်မကွာ လိုက်ပါနေသည်ကိုပင်။

..

စာကြည့်တိုက်အတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်း ကျိပိုတုံသည် စိတ်မသက်မသာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။ ယမန်နေ့ညက လူအများရှေ့တွင် ရှိနေခဲ့သည့် တည်ငြိမ်ရင့်ကျက်သော ပုံစံမျိုး မဟုတ်တော့ဘဲ ယခုမူ ဂနာမငြိမ်ဖြစ်နေသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် ပိုတူနေ၏။

ပွဲတော်အစီအစဉ်အရ ယနေ့သည် ကျိကျစ်ရှို့၏ မွေးနေ့အစစ်အမှန်ဖြစ်ပြီး ဧည့်သည်များက မွေးနေ့လက်ဆောင်များ ပေးအပ်ကြမည့် အချိန်လည်းဖြစ်သည်။ မစ္စတာလင်သည်လည်း လက်ဆောင်ကို ပေးအပ်မည်မှာ ဧကန်မလွဲပင်။ သို့သော် ပူးပေါင်းဆောင်ရွက်မှုမှာ အတည်ဖြစ်ပြီးသားဖြစ်ပြီး ကျိကျစ်ရှို့မှာလည်း နောင်တွင် မစ္စတာလင်ကို မှီခိုရတော့မည်ဖြစ်ရာ ထိုလက်ဆောင်က ကျိပိုတုံကို အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မနေစေချေ။

သူ တကယ်တမ်း စိုးရိမ်နေသည်မှာ မစ္စတာလင်က သူ့အား ပေးအပ်မည့် ‘လက်ဆောင်’ (လမ်းညွှန်ချက်) ပင် ဖြစ်သည်။

“ဖေဖေ... စိတ်ကို အေးအေးထားပါဦး... ကြည့်ရတာ ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်ကျနေတာပဲ”

ကျိကျစ်ရှို့က သူမ၏ အဝတ်အစားနှင့် အသွင်အပြင်ကို ပြင်ဆင်နေရင်း အမူအရာမပျက် နောက်ပြောင်လိုက်သည်။ ယနေ့ အစီအစဉ်သည် ပြင်ပတွင်ကျင်းပသော ပွဲတော်ဖြစ်သဖြင့် သူမသည် ပေါ့ပေါ့ပါးပါးရှိသည့် အဖြူရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားသော်လည်း ရင်ဘတ်တွင်မူ နှင်းဆီနီတစ်ပွင့်ကို ထိုးပန်းထားဆဲပင်။

ထိုနှင်းဆီ၏ အရင်းအမြစ်မှာ သူမ တည်ထောင်ထားသည့် ‘ပင့်ကူ’ မုဆိုးအဖွဲ့၏ အခြေစိုက်စခန်းအောက်တွင် အမြစ်တွယ်နေခြင်း ဖြစ်သည်။ ယခု ကျိကျစ်ရှို့ ရင်ဘတ်ရှိ နှင်းဆီမှာမူ ထိုအပင်မှ ခွဲထွက်လာသည့် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။

ကျန်ရှိသော ကိုယ်ပွားများကိုမူ အိမ်ကြီးအပြင်ဘက်ရှိ နှင်းဆီဥယျာဉ်နှင့် အိမ်ကြီးအတွင်း အနှံ့အပြားတွင် အလှစိုက်ထားသည့် အိုးများထဲတွင် တွေ့နိုင်ပါသည်။ ထိုနှင်းဆီအားလုံးသည် စောင့်ကြည့်ရေး ကိရိယာများအဖြစ် အသုံးတော်ခံနေကြရာ ကျိကျစ်ရှို့အနေဖြင့် အိမ်ကြီးအတွင်းရှိ အခြေအနေအရပ်ရပ်ကို အချိန်နှင့်တပြေးညီ သိရှိနေနိုင်ခြင်း ဖြစ်သည်။

ကျိပိုတုံမှာ သမီးဖြစ်သူ၏ စကားကြောင့် ဆွံ့အသွားပြီး...

“ငါက ပုရွက်ဆိတ်ဆိုရင် နင်ကလည်း ပုရွက်ဆိတ်မလေး ဖြစ်မှာပေါ့”

ကျိကျစ်ရှို့ “...”

သူမသည် ဖခင်ဖြစ်သူကို နှစ်သိမ့်ရန် ပြင်လိုက်စဉ်မှာပင် နှင်းဆီထံမှ သတင်းစကားတစ်ခုကို ရရှိလိုက်သည်။ တစ်ကိုယ်လုံး တောင့်တင်းသွားပြီးနောက် သူမက တိုးတိုးလေး ကပ်ပြောလိုက်၏။

“မစ္စတာလင် နိုးပြီ... စားသောက်ခန်းကို သွားနေတယ်... အခု သူ တစ်ယောက်ယောက်နဲ့ စကားပြောနေတယ်... စကားဝိုင်းက ကျိမိသားစုနဲ့လည်း ပတ်သက်နေပုံရတယ်”

ကျိပိုတုံသည် ချက်ချင်းပင် ပို၍ စိုးရိမ်လာကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

“ဒါက တကယ်ကို ကြီးမားတဲ့ အဓိပ္ပာယ် ရှိနေမှာပဲ... ဖြစ်နိုင်တာက မနေ့ညကလိုပဲ ဒါတွေက လမ်းညွှန်ချက်တွေ ဖြစ်လိမ့်မယ်... အဲဒီလူတွေက ဘာတွေပြောနေကြလဲ”

...

လင်းကျဲသည် သူယူလာသော ပျားရည်ကိတ်နှင့် လက်ဖက်ရည်ကြမ်းကို စားပွဲတစ်ခုပေါ်တွင် တင်လိုက်ပြီးနောက် ထိုင်ခုံဆွဲပေးသော အစေခံကို ကျေးဇူးတင်ကာ ထိုင်လိုက်သည်။

ရှာလော့သည် ဤနံနက်စာကို သယ်ပေးရန် အလွန်တက်ကြွနေသော်လည်း လင်းကျဲကမူ ထိုမျှအထိ အခွင့်အရေးယူရန် မသင့်တော်ဟု ယူဆမိသည်။

အစေခံ၏ မျက်နှာတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သို့သော်လည်း အသက်မွေးဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်မှုအရ စိတ်ကို ချက်ချင်းပြန်ထိန်းကာ ပြုံးလိုက်ပြီး လင်းကျဲကို ဦးညွှတ်ကာ...

“တခြား ဘာများ လိုအပ်ပါသေးလဲခင်ဗျာ”

ဟု မေးလိုက်သည်။

“မလိုတော့ပါဘူး... ဒါဆို ရပါပြီ”

လင်းကျဲက ခေါင်းခါပြလိုက်ပြီး ကျန်သုံးယောက်ကို ကြည့်လိုက်ရာ သူတို့ကလည်း ခေါင်းခါပြကြသည်။

အစေခံက ခေါင်းညိတ်လိုက်၏။

“ကျွန်တော် ဘေးနားမှာပဲ စောင့်နေပါ့မယ်... တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါခင်ဗျာ”

အစေခံ ထောင့်တစ်နေရာသို့ သွားသည်ကို ကြည့်ရင်း လင်းကျဲက မချီးကျူးဘဲ မနေနိုင်တော့ပေ။

“ကျိမိသားစု အိမ်တော်က အစေခံတွေတောင် အဆင့်အတန်းက တစ်မျိုးပဲနော်...”

‘အောက်ခြေလူတန်းစား’ ဟု သတ်မှတ်နိုင်သည့် ဖစ်ချ်က ခေါင်းညိတ်ထောက်ခံသည်။ သူသည်လည်း ထိုအချက်ကို ခံစားမိပြီး အကျင့်ပါနေသည့်အတိုင်း ထောက်ပြလိုက်၏။

“မနေ့ညက အပြင်မှာ ဧည့်သည်တွေကို ကြိုဆိုနေတဲ့ အစေခံတွေက ‘မျိုးရိုးမြင့်’ ပုံမပေါက်တဲ့လူတွေကို မောက်မာကြပြီး ချမ်းသာကြွယ်ဝတဲ့ လူတွေကိုတော့ အထူးအခွင့်အရေး ပေးကြတယ်... အခု အိမ်ထဲက အစေခံတွေကျတော့ လူတိုင်းအပေါ် ယဉ်ကျေးပျူငှာနေကြပြန်ရော... ဧည့်သည်အားလုံးက တန်းတူပဲဆိုတဲ့ ပုံစံမျိုးနဲ့”

ဖစ်ချ်က အံကြိတ်ရင်း ဆက်ပြောသည်။

“ဖြစ်နိုင်တာက အိမ်ထဲမှာရှိတဲ့ အစေခံတွေက အထဲကို ဝင်ခွင့်ရတဲ့လူတွေကိုပဲ မြင်ဖူးလို့ အမြဲတမ်း နှိမ့်ချယဉ်ကျေးနေတာ ဖြစ်မှာပါ... ကျွန်တော် သိသလောက်ဆိုရင် ဒီအစေခံတွေက ငယ်ငယ်ကတည်းက ဒီအိမ်ကြီးထဲမှာပဲ နေလာကြတာဆိုတော့ ဆင်းရဲသားတွေ ဘယ်လိုနေထိုင်သလဲဆိုတာတောင် သိမှာမဟုတ်ဘူး... ဒီလို သိမြင်မှုမျိုးနဲ့ဆိုရင်တော့ သူတို့အတွက် လူတိုင်းကို ဆက်ဆံရာမှာ ခြားနားချက် ရှိမှာမဟုတ်ဘူးလေ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါတွေက လူတန်းစားခွဲခြားမှုရဲ့ အဆိပ်အတောက်တွေပဲ!”

“သန့်စင်ပစ်ဖို့ လိုအပ်နေတဲ့ ခေတ်ဟောင်းရဲ့ အဆိပ်အတောက်တွေပေါ့”

ဖစ်ချ်က နိဂုံးချုပ်လိုက်ပြီး သူ၏ပန်းကန်ထဲရှိ ခေါက်ဆွဲများကို ဒေါသတကြီးဖြင့် ခက်ရင်းနှင့် ထိုးဆွနေတော့သည်။

ထိုအရာက ပွင့်ပွင့်လင်းလင်း စွပ်စွဲချက်ပင်။ ပိုမို တိကျစွာ ပြောရလျှင် တော်ဝင် မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်သည့် ဂရက်နှင့် ရှာလော့တို့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း... ရှာလော့ကမူ ပေါင်မုန့်တစ်ဖဲ့ကို လှီးဖြတ်ရင်း ပြုံးနေရုံမှအပ ဘာမျှမပြောပေ။ ဂရက်ကမူ ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“ဒါပေမဲ့ ကျိမိသားစုဆိုတာက အဲဒီလို တော်ဝင် မျိုးနွယ်တွေ မဟုတ်ပါဘူး... သူတို့က မြောက်ပိုင်းဒေသကနေ ရောက်လာတဲ့ နိမ့်ကျတဲ့ လေလွင့်သူတွေပဲ... အဲဒီတုန်းက သူတို့မှာ ဘာထူးခြားချက်မှ မရှိခဲ့ဘူး၊ ဗဟိုခရိုင်ရဲ့ ထောက်ပံ့မှုကို အသုံးချပြီး အကျိုးအမြတ်ရှာခဲ့တဲ့ သာမန်လူတွေပဲ... အောက်ပိုင်းခရိုင်ကို တူးဖော်ဖို့အတွက် အသုံးချခံ ကိရိယာတွေပဲပေါ့”

“သူတို့ကို အခုလို အခြေအနေမျိုး ရောက်အောင် ပို့ဆောင်ပေးခဲ့တာက မင်းပြောတဲ့ လူတန်းစားစနစ် မဟုတ်ဘူး... သူတို့လက်ထဲမှာ ခွန်အားနဲ့ အာဏာရှိလာတဲ့အခါ သူတို့ရဲ့ မူလဘဝကို တဖြည်းဖြည်း မေ့လျော့သွားကြတာပဲ”

“...”

‘ကျိပိုတုံရဲ့ အိမ်တော်မှာ... ကျိကျစ်ရှို့ရဲ့ မွေးနေ့ပွဲမှာ... ကျိမိသားစုကို ဒီလိုမျိုး ပေါ်ပေါ်တင်တင် ဝေဖန်နေကြတာ တကယ်ပဲ အဆင်ပြေရဲ့လားဟ...’

‘ဟူး... သဘောထားချင်း ကွဲလွဲနေကြပုံများ...’

လင်းကျဲ တစ်ယောက် တွေးတောရင်း နှုတ်ခမ်းများ တွန့်သွားမိ၏။

‘ဒီနေ့ ကျိကျစ်ရှို့ ဒီကို ရောက်မလာတာ တကယ်ပဲ ကံကောင်းတယ်လို့ ပြောရမယ်... မဟုတ်ရင်တော့ ရန်ပွဲဖြစ်တာကို တားနိုင်မှာ မဟုတ်ဘူး...’

***

All Chapters