အခန်း (၉၃)
Vol. 10 Ch. 93
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၉၃)
" တပ်မှူး " ကျောက်ရင်က ချန်ဖန်၏ ထူးဆန်းသော အမးအရာကို ကြည့်ပြီး ထပ်မေးလိုက်သည်။ " ကျွန်မအကို တကယ်ဘာဖြစ်ခဲ့လို့လဲ။ "
သူမက မျက်ရည်များ ကျနေပြီး စိုးရိမ်စိတ်များ ပြည့်နှက်နေသော်လည်း သူမးေ အကို အမှန်တကယ် အသက်ရှင်နေနိုင်သေးသည်ဟူသော မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
" မိန်းကလေး မဟုတ်ဘူး သခင်မလေး။ " ချန်ဖန်က သူ၏ လက်များကို ဝှေ့ရမ်းပြီး လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။ " ကျွန်တော်ကို တပ်မှူးလို့မခေါ်ပါနဲ့။"
ကျောက်ရင်က နားမလည်နိုင်ဖြစ်သွားပြီး ရွာသားများကလည်း မှင်သက်သွားကြသည်။
" တပ်မှူး ကျွန်မအကို အသက်ရှင်နေသေးလားဟင်။ " ကျောက်ရင်က စိုးရိမ်စွာဖြင့် နောက်တစ်ကြိမ် မေးလိုက်သည်။
" သခင်မလေး " ချန်ဖန်က ရိုသေစွာ ပြောလိုက်သည်။ " မင်းရဲ့ အကိုက အဆင်ပြေပါတယ်။ ဒါ့အပြင် သူက ကျွန်တော်တို့ ချင်နိုင်ငံအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့တယ်။ "
၎င်းကို ကြားသောအခါ ကျောက်ရင်၏ ရင်ထဲမှ အလုံးကြီးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်သက်သာရာရသွားသည်။
" သူ အသက်ရှင်နေရင် ရပါပြီ။ ကျွန်မအကို အသက်ရှင်နေတာ အကောင်းဆုံးပါပဲ။ " ကျောက်ရင်က ချန်ဖန်၏ နောက်ထပ်စကားလုံးများကို နားမထောင်တော့ဘဲ သူမ၏ အကို အသက်ရှင်နေသေးသည့်အတွက် ဝမ်းသာသွားသည်။
" တပ်မှူး " ရွာလူကြီးဝူက ရှေ့သို့ တိုးလာပြီး သိလိုစိတ်နှင့် မေးလိုက်သည်။ " ကျောက်ဖုန်းရဲ့ နာမည်က ဘာလို့စာရင်းထဲမှာမပါတာလဲ။ ပြီးတော့ သူ့ကို နှစ်စဉ်ရိက္ခာလစာတွေ ဘာလို့မပေးတာလဲ။ "
" လစာက မပေးတာမဟုတ်ဘူး။ ကျွန်တော်မှာ စစ်သူကြီးကျောက်ရဲ့ နှစဉ်လစာရိက္ခာကို ပေးဝေဖို့ အရည်အချင်း မပြည့်မီလို့ပါ။ " ချန်ဖန်က လေးစားစွာ ပြောလိုက်သည်။
ချင်စစ်တပ်တွင် နန်းတွင်ကိုယ်ရံတော်တပ်ဖွဲ့က ဘုရင်ကို ကာကွယ်ရန် တာဝန်ရှိပြီး အမြင့်ဆုံးအဆင့်အတန်းဖြစ်သည်။ အထူးစစ်သည်များက နိုင်ငံပိုင်နက်ကို ချဲ့ထွင်ရန် တာဝန်ရှိပြီး နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို သူတို့ထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။ နယ်စောင့်တပ်ဖွဲ့က ဒုတိယဖြစ်ပြီး ချင်နိုင်ငံ၏ နယ်စပ်များကို ကာကွရန် တာဝန်ရှိသည်။
ထောက်ပို့တပ်ဖွဲ့က အနိမ့်ဆုံးဖြစ်ပြီး စစ်မြေပြင်ကို ရှင်းလင်းရန်နှင့် အလောင်းများကို မြှုပ်နှံရန် တာဝန်ရှိသည်။ ချန်ဖန်က လူငါးရာကို ကွပ်ကဲရသော တပ်မှူးလေးသာဖြစ်သဖြင့် စစ်သည်ငါးသောင်းကွပ်ကဲရသော လက်ထောက်စစ်သူကြီးနှင့် လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။
" စစ်သူကြီးကျောက်..." ရွာလူကြီးဝူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်မှ ရွာသားများကလည်း အံ့ဩစွာဖြင့် ချန်ဖန်ကို စိုက်ကြည့်နေကြသည်။
" ကျောက်ဖုန်းက စစ်သူကြီးဖြစ်သွားတာလား။ "
" ကျောက်ဖုန်းက စစ်ထဲဝင်တာ တစ်နှစ်တောင် မပြည့်သေးဘူးလေ။ "
ရွာသားများက ချန်ဖန်ထံမှ ကျောက်ရင်ထံသို့ အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ကျောက်ဖုန်းက ရှကျေးစွာတွင် ၁၅နှစ်တိုင် နေထိုင်ခဲ့သောကြောင့် ကျောက်မောင်နှမကို မသိသူမရှိကြပေ။ သူတို့က သူတို့၏ အမေအပေါ် အလွန်သိတတ်သူများဖြစ်ကြသည်။
" အကိုက စစ်သူကြီးဖြစ်သွားတာလား။ မဖြစ်နိုင်တာ။ " ချန်ဖန်က သူမ၏ အကိုကို ခေါ်ဆိုလိုက်သော ဘွဲ့နာမည်ကို ကြာယသောအခါ ညီမဖြစ်သူ ကျောက်ရင်ပင် မယုံကြည်နိုင်ဖြစ်သွားသည်။
" သခင်မလေး " ချန်ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ " မင်းရဲ့အကိုနာမည်က စစ်တပ်တစ်ခုလုံး ကျော်ကြားနေပါတယ်။ ကျွန်တော်အနေနဲ့ စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာကို ကိုယ်တိုင်ပေးဖို့ အရည်အချင်း မပြည့်မီပေမယ့် အစိုရက အထူးညွှန်ကြားချက်ပေးထားပါတယ်။ "
" တကယ်လို့ စစ်သူကြီးကျောက်ရဲ့ မိသားစုနဲ့တွေ့ရင် သူ့ရဲ့ တရာဝင်ရာထူးနဲ့ ဘွဲ့အမည်၊ သူ့ရဲ့ နှစ်စဉ်ရိက္ခာလစာနဲ့ နိုင်ငံအတွက် ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေကို ကြေညာပေးဖို့ပါပဲ။ "
" ရှကျေးရွာဇာတိဖြစ်သော အသက် ၁၆နှစ်အရွယ် ကျောက်ဖုန်းက စစ်ထဲဝင်ပြီး သုံးလကြာ သင်တန်းတက်ပြီးတဲ့နောက် ထောက်ပို့တပ်ဖွဲ့မှာ တာဝန်ပေးအပ်ခြင်းခံခဲ့ရတယ်။ ကျောက်ဖုန်း..... " ချန်ဖန်က ရွာသားများဘက်သို့ လှည့်ပြီး ကျောက်ဖုန်း၏ စစ်တပ်အတွင်း စွမ်းဆောင်မှုများကို ကြေညာပေးလိုက်သည်။
" ကျောက်ဖုန်းကို အဆင့်ဆယ့်တစ်ဘွဲ့ထူး လက်ဝဲတော်မှူးအဖြစ် ခန့်အပ်လိုက်ပြီး နှစ်စဉ်ရိက္ခာလစာ ၅၀၀တန်အဖြစ် သတ်မှတ်လိုက်တယ်။ သူ့ကို ချင်နိုင်ငံရဲ့ လက်ထောက်စစ်သူကြီးအဖြစ် ခန့်အပ်လိုက်ပြီး နှစ်စဉ်ရိက္ခာလစာ ၃၀၀တန် ပေးအပ်လိုက်တယ်။ သူ့ရဲ့ စုစုပေါင်း နှစ်စဉ်ရိက္ခာလစာက ၈၀၀တန်ဖြစ်ပါတယ်။ သူ့ရဲ့ ဘွဲ့ထူးအတွက် မြေယာတွေကို ခရိုင်အုပ်ချုပ်သူက ကိုယ်တိုင်သတ်မှတ်ပေးသွားပါမယ်။ "
ချန်ဖန်က အမိန့်တော်ကို ကျယ်လောင်စွာ ဖတ်နေပြီး သူ၏ မျက်နှာက ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ရွာသူရွာသားများက ကျောက်ဖုန်း၏ တစ်နှစ်မပြည့်မီ ရယူခဲ့သော စစ်ဘက်ဆိုင်ရာ အောင်မြင်မှုများကို ကြားသောအခါ မှင်သက်သွားကြသည်။ အားလုံးက မယုံကြည်နိုင်ဖြစ်သွားကြပြီး တိတ်ဆိတ်သွားကြသည်။
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
" ကျောက်မိသားစုက ကောင်လေးက ဟန်စစ်သေနာပတိချုပ်ကို ခေါင်းဖြတ်ခဲ့တယ်။ ဟန်ဝန်ကြီးချုပ်ကို သတ်ခဲ့တယ်။ ပြီးတော့ ဟန်ဘုရင်ကိုတောင် ဖမ်းဆီးခဲ့တာလား။ "
" သူအောင်မြင်သွားပြီ။ ကောင်လေးကျောက်ကတော့ တကယ် ကြီးပွားသွားပြီပဲ။ "
" ငါတို့ရွာငယ်လေးက စစ်သူကြီးတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ "
" စစ်တပ်ထဲမှာ လက်ထောက်စစ်သူကြီးဆိုတာ စစ်သည်သောင်းချီကို ကွပ်ကဲရတဲ့ အဆင့်မြင့် စစ်သူကြီးတစ်ယောက်ပဲ။ "
" စစ်သူကြီးအဆင့်ကိုပဲ မပြောနဲ့လေ။ သူက လက်ဝဲတော်မှူးဘွဲ့တောင် ရခဲ့တာ။ "
" သူရဲ့ လက်ဝဲတော်မှူးဘွဲ့က အကောင်းဆုံး လယ်မြေ တစ်ထောင်မူရသလို အဲဘဒါကို မျိုးရိုးစဉ်ဆက် ဆက်ခံလို့ရတယ်။ "
" မယုံနိုင်စရာပဲ။ ကျောက်ဖုန်းက ဒီလောက်ထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ "
လူတိုင်းက ထိုသတင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး ကျောက်ဖုန်းကို ချီးကျူးဂုဏ်ပြုနေကြသည်။
" ငါ့အကိုက စစ်သူကြီးတစ်ယောက်ဖြစ်သွားတာလား။ အဲ့ဒါ တကယ်ပဲ ငါ့အကိုရော ဟုတ်ရဲ့လား။ " ကျောက်ရင်ကလည်း လုံးဝ ဆွံ့အသွားခဲ့သည်။
အကိုဖြစ်သူနှင့်အတူ နီးနီးကပ်ကပ် ကြီးပြင်းလာခဲ့သော်လည်း သူမ၏ အကိုက ထိုမျှအရည်အချင်းရှိလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ သူမက သူမ၏ အကိုကို စစ်မြေပြင်တွင် အန္တရာယ်ကင်းပါစေဟုသာ ဆုတောင်းခဲ့ပြီး သူမ၏ အကိုက ထိုမျှအံ့ဩစရာပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
" တပ်မှူး " ရွာလူကြီးဝူက မယုံကြည်နိုင်ဖြစ်နေဆဲဖြစ်ပြီး ချန်ဖန်ကို ကြည့်လိုက်သည်။ " အဲ့ဒါ တကယ်ပဲလားဟင်။ ကျောက်ဖုန်းက တကယ်ပဲ စစ်သူကြီးဖြစ်သွားတာလား။ တစ်ခုခုများ မှားနေတာလား။ "
" သူ့ရဲ့ ဇာတိ သူ့ရဲ့ အသက် အားလုံးက ကိုက်ညီနေတာပဲ။ " ချန်ဖန်က ပြုံး၍ ပြောလိုက်သည်။ " ဒါတွေကို နန်းတွင်းက ရှောက်ဖုကိုယ်တိုင် အတည်ပြုထားတာပဲ။ ဘယ်လိုလုပ်မှားနိုင်မှာလဲ။ "
" အဲ့ဒီကောင်လေး... တကယ်ပဲ စစ်သူကြီးသွားပြီပဲ။ " ရွာလူကြီးဝူက အံ့ဩတကြီး ပြောလိုက်သည်။
" ရွာလူကြီးဝူ ခင်ဗျားတို့ရွာက တကယ်ထူးချွန်တဲ့သူတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ။ စစ်သူကြီးကျောက်က အခု အသက် ၁၆နှစ်နဲ့ လက်ထောက်စစ်သူကြီးဖြစ်နေပြီ သူ့ရဲ့ အနာဂတ်က တိုင်းတာလို့မရနိုင်ဘူး။ "
" အခု အရှင်မင်းကြီးကိုယ်တိုင် စစ်သည်တွေရဲ့ စိတ်ဓာတ်တက်ကြွစေဖို့ စစ်သူကြီးရဲ့ အောင်မြင်မှုတွေကို စစ်တပ်တစ်ခုလုံးသိအောင် ထုတ်ပြန်ထားတာပဲ။ စစ်တပ်တစ်ခုလုံးမှာ စစ်သူကြီးကျောက်ရဲ့ စွမ်းဆောင်မှုတွေကို ဘယ်စစ်သည်က မလေးစားဘဲနေနိုင်မှာလဲ။ သူ့ရဲ့ အောင်မြင်မှုတွေကို ဘယ်သူက အထင်မကြီးဘဲ နေနိုင်မှာလဲ။ " ချန်ဖန်က လေးစားစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ကောင်လေးကျောက်အတွက် အမိန့်တော်တောင် ထုတ်ပြန်ခဲ့တာပေါ့။ " ရွာလူကြီးဝူက ပို၍ အံ့အားသင့်သွားသည်။
" သခင်မလေး " ချန်ဖန်က ကျောက်ရင်ဘက်သို့ လှည့်လိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာနဲ့ စစ်ရေးအောင်မြင်မှု မှတ်တမ်းကို ယူထားပေးပါ။ ကျွန်တော်က စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာကို ပေးပို့ဖို့ အခွင့်အာဏာမရှိပါဘူး။ "
" ကျွန်တော်မြို့ကို ပြန်ရောက်တာနဲ့ ခရိုင်အုပ်ချုပ်သူကိုယ်တိုင် စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာကို ပေးအပ်ပါလိမ့်မယ်။ သူ့ရဲ့ ဘွဲ့ထူးနဲ့အတူ ရရှိနိုင်မယ့် မြေယာစာချုပ်တွေကိုလည်း တစ်ခါတည်း ယူဆောင်လာပါလိမ့်မယ်။ " ချန်ဖန်က မှတ်တမ်းကို ကျောက်ရင်ထံ ပေးလိုက်သည်။
ကျောက်ရင်က ရွာလူကြီးဝူကို တစ်ချက်ကြည့်လိုက်သည်။ သူက ခေါင်းညိမ့်ပြမှသာ သူမက ရှေ့သို့တိုးကာ အကိုဖြစ်သူ၏ စစ်ရေးအောင်မြင်မှုမှတ်တမ်းကို လက်ခံယူလိုက်သည်။
" ရွာသူရွာသားအပေါင်းတို့..." ချန်ဖန်က ရွာထပ်မှ လူအုပ်ကြီိးကို အော်ပြောလိုက်သည်။ " ရှကျေးရွာအတွက် နှစ်စဉ်ရိက္ခာလစာတွေကို ဝေငှပြီးပါပြီ။ တကယ်လို့ ပြောစရာရှိရင် အခုပြောပါ။ မရှိရင်တော့ ကျွန်တော် နောက်တစ်ရွာကို ဆက်သွားပါတော့မယ်။ "
ရွာသူရွာသားများက ဘာမှပြောစရာမရှိကြောင်း ခေါင်းခါပြလိုက်ကြသည်။
" ဒါဆိုရင်တော့ ရွာလူကြီးဝူ ကျွန်တော်ကို ခွင့်ပြုပါဦး။ " ချန်ဖန်က နှုတ်ဆက်လိုက်သည်။
" ကောင်းပါပြီ တပ်မှူး။ " ရွာလူကြီးဝူက အလျင်အမြန် နှုတ်ဆက်လိုက်သည်။
" သခင်မလေးကျောက် " ချန်ဖန်က ကျောက်ရင်ဘက်သို့ လှည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ " ကျွန်တော် မြို့ကို ပြန်ရောက်တာနဲ့ ခရိုင်အုပ်ချုပ်သူကို အစီရင်ခံလိုက်ပါမယ်။ နောက်နှစ်ရက်အတွင်းမှာ စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာကို သူကိုယ်တိုင် လာပေးပါလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ် တပ်မှူး။ " ကျောက်ရင်က ချက်ချင်း တုန့်ပြန်လိုက်သည်။
ချန်ဖန်က ကျေနပ်စွာ ပြုံးပြီး မြင်းပေါ်သို့ ခုန်တက်ကာ သူ၏ တပ်ဖွဲ့ကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။ မြို့စောင်တပ်သား ငါးရာက လစာတင်ဆောင်ထားသော လှည်းများကို စောင့်ကြပ်ပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
" ကောင်မလေးကျောက်ရေ ဂုဏ်ပြုပါတယ်။ မင်းအကိုက စစ်သူကြီးဖြစ်သွားပြီဆိုတော့ မင်းတို့မိသားစုက ကြီးပွားပြီပဲ။ "
" လက်ဝဲတော်မှူးဘွဲ့က တကယ်ကို မြင့်မြတ်တဲ့ဘွဲ့ပဲ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနိုင်တဲ့ မြေယာတစ်ထောင်မူတောင် ပါတယ်။ "
" မိန်းကလေးကျောက် ကျွန်မယောကျာ်းက စောစောစီးစီး ဆုံးသွားလို့ ကျွန်မ စိုက်ပျိုးဖို့ မြေတစ်မူပဲရှိတာပါ။ မင်းရဲ့ အဒေါ်ကို မြေနည်းနည်းလောက် ငှားပေးလို့ရမလား။ "
" မိန်းကလေးကျောက် ကျွန်မတို့မိသားစုလည်း အတူတူပါပဲ။ စာမယ့်သူက ခုနှစ်ယောက် ရှိတဲ့မြေက နှစ်မူတည်းရှိပါတယ်။ ကျွန်မတို့မိသားစုကိုလည်း မြေနည်းနည်းလောက် ငှားလို့ရမလား။ "
ထိုအချိန်တွင် ရွာသူရွာသားများက ကျောက်ရင်ကို ဝိုင်းအုံလာပြီး မြှောက်ပင့်ပြောဆိုသံများဖြင့် ဆူညံသွားတော့သည်။ သူတို့ထဲမှ အများစုမှာ စိုက်ပျိုးရန် မြေယာများ ငှားရမ်းလိုကြခြင်းဖြစ်သည်။
ရွာသူရွာသားများက အကြောင်းပြချက်အမျိုးမျိုးဖြင့် ပြောဆိုနေကြသောကြောင့် ကျောက်ရင်က ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူမက ယခုကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံတွေ့ဖူးခဲ့ပေ။