← Chapters

အခန်း (၉၄)

Vol. 10 Ch. 94

အခန်း (၉၄)

Vol. 10 Ch. 94

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၉၄)

" အားလုံး ဖယ်ကြစမ်း။ " ရွာလူကြီးဝူက လျှောက်လာပြီး အော်ဟစ်လိုက်သည်။

သူ၏ အော်ဟစ်သံကြောင့် ကျောက်ရင်ကို ဝိုင်းအုံနေသော ရွာသားများက လူစုကွဲသွားကြသည်။ ရွာလးကြီးဝူက ကျောက်ရင် ဘေးသို့ လျှောက်သွားပြီး ရွာသားများကို ကြည့်လိုက်သည်။

" ကျောက်မိသားစုရဲ့ အခြေအနေကို မင်းတို့လည်း သိနေတာပဲ။ ကျောက်ဖုန်းနဲ့ သူ့ညီမက ငယ်သေးတယ်။ သူတို့အမေကလည်း ကျန်းမာရေးမကောင်းဘူး။ အခု ကျောက်ဖုန်း အောင်မြင်မှုတွေရလာတော့ မင်းတို့က ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ ဝိုင်းတောင်းနေကြတယ်။ "

" ငါပြောမယ်။ ကျောက်ဖုန်းက သူ့အသက်နဲ့ရင်းပြီး စစ်သူကြီးရာထူးကို ရယူခဲ့တာ သူနဲ့ထိုက်တန်တယ်။ သူ့ရဲ့ မြေယာတွေက သူအပိုင်ပဲ။ သူက စေတနာရှိလို့ မင်းတို့ကို စျေးနည်းနည်းနဲ့ ငှားရင် အဲ့ဒါ သူ့ရဲ့ ဂရုဏာပဲ။ တကယ်လို့ သူမငှားခဲ့ရင် အဲ့ဒါ သူ့ရဲ့ လုပ်ပိုင်ခွင့်ပဲ။ "

" ကျောက်ရင်နဲ့ သူ့အမေသာ ဆေးမကုပေးရင် ငါတို့က လူဘယ်နှစ်ယောက် သေကုန်မလဲ။ သူတို့က ဆေးဖိုးဝါးခကိုလည်း လျှော့တောင်းခဲ့တယ်။ အခုမင်းတို့ ဘာလုပ်နေကြတာလဲ။ ကျောက်ရင်ကို ဖိအားပေးပြီး သူ့အကို​​မြေကို လိုချင်နေကြတာလား။ "

ရွာလးကြီးဝူက ယခုလောက်ထိ ဒေါသထွက်နေခြင်းမှာ ရွာသားများ၏ အရှက်မရှိမှုကြောင့် ဖြစ်သည်။ သူ၏ ကြိမ်းမောင်းသံကို ကြားသောအခါ ရွာသားများက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြပြီး ပြန်လည်ပြောဆိုခြင်းမပြုကြပေ။

" တော်ပြီ။ ငါပြောချင်တာ ပြောပြီးပြီ။ " ရွာလူကြီးဝူက ပြတ်သားစွာ ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ မြေယာကိစ္စနဲ့ ပက်သက်ပြီး ငါ သူ့အမေနဲ့ ဆွေးနွေးပေးပါမယ်။ ကျောက်မိသားစုရဲ့ စေတနာကို မင်းတို့လည်း သိနေတာပဲ။ တကယ် အခက်အခဲရှိပြီး စိုက်ပျိုးဖို့ မြေမရှိတဲ့ ရွာက မိသားစုတွေကို သူမက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ "

" ရင်အာ သွားမယ်။ " ရွာလူကြီးဝူက ကျောက်ရင်ကို ကြည့်ပြီး ပြောလိုက်သည်။

" အိမ်ပြန်ပြီး သမီးအမေကို သတင်းကောင်းသွားပြောလိုက်ဦး။ သူမက သမီးအကိုကို စိတ်ပးပြီး နေမကောင်းတောင် ဖြစ်နေတာ။ " ရွာလူကြီးဝူက ကျောက်ရင်ကို ခေါ်ပြီး ရွာထဲသို့ လျှောက်သွားကြသည်။

ကျောက်ရင်က သူမတို့၏ ခြံဝင်းဆီသို့ အပြေးအလွှားသွားပြီး ရွာလူကြီးဝူက နောက်မှလိုက်ပါသွားသည်။ သူမက အိမ်ပြန်ရောက်သောအခါ ကျောက်ကတော်က စိတ်အားထက်သန်စွာနှင့် စောင့်မျှော်နေသည်ကို တွေ့လိုက်ရသည်။

" ရင်အာ သမီးအကို ဘယ်လိုနေလဲ။ " ကျောက်ကတော်က ချက်ချင်း မတ်တပ်ရပ်ပြီး စိုးရိမ်စွာ မေးလိုက်သည်။

" အမေ အကိုက အသက်ရှင်နေရုံတင်မဟုတ်ဘူး။ သူက တကယ်ကို အဆင်ပြေနေတယ်။ အခု သူ ဘယ်လောက်တောင် တိုးတက်နေပြီလဲဆိုတာ အမေ ခန့်မှန်းလို့တောင် ရမှာမဟုတ်ဘူး။ " ကျောက်ရင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

" သမီးအကို အသက်ရှင်နေသေးရင် တော်ပါပြီ။ သူ ဘယ်တော့ပြန်လာမှာလဲ။ " ကျောက်ကတော်က မေးလိုက်သည်။

" အမေ " ကျောက်ရင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " သမီးအကိုက ချင်နိုင်ငံရဲ့ စစ်သူကြီး ဖြစ်သွားပြီ။ "

" စစ်သူကြီးဟုတ်လား။ " ကျောက်ကတော်က အံ့ဩသွားပြီး နားမလည်နိုင်ဖြစ်သွားသည်။ " ဘယ်လို စစ်သူကြီးမျိုးလဲ။ "

" စစ်တပ်ဦးဆောင်ပြီး တိုက်ပွဲဝင်ရတဲ့ စစ်ကသူကြီးပေါ့ အမေရဲ့။ " ကျောင်ရင်က ကျေနပ်စွာ ပြောလိုက်သည်။

" သမီးရယ် လူများမှားနေတာလား။ ဖုန်းအာက စစ်ထဲဝင်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ သူက ကံကောင်းလို့ စစ်တပ်စွမ်းဆောင်မှုတွေရရင်တောင် စစ်သူကြီးတော့ မဖြစ်လောက်သေးဘူးမဟုတ်လား။ " ကျောက်ကတော်က နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" အမေ သမီးလည်း အစကမယုံနိုင်ဘူး။ ဒါပေမယ့် ကြည့်ဦး။ နန်းတွင်းက မှတ်တမ်းတွေရောက်လာပြီ။ အကိုရယူထားတဲ့ စစ်ရေးစွမ်းဆောင်မှုတွေအားလုံး ဒီမှာ မှတ်တမ်းတင်ထားတယ်။ "

ကျောက်ကတော်က သူမကိုယ်တိုင် စာဖတ်တ်သူဖြင့်သဖြင့် သူမ၏ ကလေးနှစ်ယောက်ကို စာသင်ပေးခဲ့သည်။ သူမက ဝါးချပ်စာလိပ်ကို ယူပြီး သေချာဖတ်လိုက်သည်။ စာများကို ဖတ်ရှုရင်း သူမ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာသည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ကျောက်ကတော်က ဝါးချပ်စာလိပ်ကို ဆုပ်ကိုင်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

" ကျောက်ကတော် အဲ့ဒါအမှန်ပဲ။ " ရွာလူကြီးဝူက ပြောလိုက်သည်။

" မင်းရဲ့ ကောင်လေးဖုန်းက တကယ်နာမည်ကြီးသွားပြီ။ စစ်သူကြီးကျောက်တဲ့ အခုကစပြီး မင်းသက်သောင့်သက်သာ နေနိုင်တော့မှာ။ "

သို့သော် ကျောက်ကတော်၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်အနည်းငယ်သာ ရှိသည်။ ၎င်းအစား နက်ရှိုင်းသော စိုးရိမ်မှုများသာ ရှိနေသည်။

" တကယ်လို့ ကျွန်မသာ ရွေးချယ်ခွင့်ရှိရင် သူ့ကို စစ်ထဲလုံးဝ မလွှတ်ခဲ့ပါဘူး။ " ကျောက်ကတော်က တိုးညင်းစွာ ပြောလိုက်သည်။

" အမေ အဲ့ဒါတွေ ပြောနေလို့ ဘာထူးမှာလဲ။ အခု အကိုက အောင်မြင်နေပြီ။ အရှင်မင်းကြီးကတောင် အကိုရဲ့ အောင်မြင်မှုတွေကို တစ်တပ်လုံးသိအောင် အမိန့်တော် ထုတ်ပြန်ခဲ့တယ်။ သူက နှစ်စဉ်ရိက္ခာလစာ ၈၀၀တန်တော်ရခဲ့တယ်။ အမေ နေပြန်ကောင်းလာဖို့ အကောင်းဆုံးဆေးတွေ ဝယ်နိုင်တော့မယ်။ " ကျောက်ရင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

" ဒါဆို သမီးအကိုက နောက်တစ်နှစ်ဆိုရင် အနားယူနိုင်တော့မှာမဟုတ်ဘူးပေါ့။ " ကျောက်ကတော်က စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။

သူမ၏ အကြီးဆုံးမျှော်လင့်ချက်မှာ ကျောက်ဖုန်း စစ်မှုထမ်းနှစ်နှစ်ပြည့်ပြီး အိမ်ပြန်လာရန် ဖြစ်သည်။ သို့သော် လက်ထောက်စစ်သူကြီးဖြစ်လာသောအခါ ပြန်လာရန် မျှော်လင့်ချက်မှာ အိပ်မက်တစ်ခုသာ ဖြစ်သွားခဲ့သည်။

" အခုအချိန်မှာတော့ သူက အနားယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက််သည်။ " ဒါပေမယ့် ကျောက်ဖုန်းက အတည်တကျရှိသွားပြီဆိုရင် မင်းတို့ကို သေချာပေါက် လာတွေ့မှာပါ။ "

" အမေ အကိုက အဆင်ပြေနေတာပဲ။ ဘာလို့မျက်နှာမကောင်းဖြစ်နေတာလဲ။ " ကျောက်ရင်က စိတ်ရှုပ်ထွေးစွာဖြင့် ပြုံး၍ မေးလိုက်သည်။

" သမီးအကို အဆင်ပြေတာ ကောင်းပါတယ်။ " ကျောက်ကတော်က ပြန်ပြောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် လေးလံသော အတွေးများ ဖြစ်ပေါ်နေသည်။

" ငါတို့ အဲ့ဒီတုန်းက အဲ့ဒီဝဲဂယက်ထဲကနေ မနည်းရုန်းထွက်ခဲ့လို့ ဖုန်းအာနဲ့ ယရင်အာ အသက်ရှင်နေတာ။ အခု ဖုန်းအာက စစ်သူကြီးဖြစ်သွားပြီ။ သူ အဲ့ဒီဝဲဂယက်ထဲကို ဘယ်တော့မှ ပြန်မရောက်စေဖို့ ဆုတောင်းရမယ်။ တကယ်လို့ တစ်ယောက်ယောက် သိသွားရင် ဖုန်းအာနဲ့ ရင်အာ အန္တရာယ်ရှိလာလိမ့်မယ်။ ငါတို့မိသားစုတွေ မခွဲမခွာဘဲ အေးအေးချမ်းချမ်း နေရရင် ဘယ်လောက်ကောင်းမလဲ။ "

" ကျောက်ကတော် မင်းလည်း ပြင်ဆင်ထားဦးနော်။ တပ်မှုးပြောသွားတာ ကျောက်ဖုန်းရဲ့ လစာကို သူကိုယ်တိုင် ပေးလို့မရဘူးတဲ့။ ခရိုင်အုပ်ချုပ်သူကိုယ်တိုင် လာပေးမှာတဲ့။ မနက်ဖြန် ဒါမှမဟုတ်ညသဘက်ခါလောက် ရောက်လာနိုင်တယ်။ "

" ကျောက်ကတော် ​ငါ မင်းနဲ့ ပြောစရာလေးရှိတယ်။ " ရွာလူကြီးဝူက စကားစလိုက်သည်။

ရွာလူကြီးဝူ၏ အမူအရာကို မြင်သောအခါ ကျောက်ကတော်က ပြုံးလိုက်သည်။ " ဦးလေးဝူ အဲ့ဒီတုန်းက ဦးလေးသာမရှိရင် ကျွန်မတို့ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ကို လက်ခံပြီး စောင့်ရှောက်ပေးခဲ့တဲ့အတွက် ဦးလေးရဲ့ ​ကျေးဇူးကို မေ့မှာမဟုတ်ပါဘူး။ ဦးလေး ဘာပဲတောင်းဆိုပါစေ ကျွန်မတို့ ငြင်းမှာမဟုတ်ပါဘူး။ " ကျောက်ကတော်က ပြုံးပြီး ပြောလိုက်သည်။

" တခြားတော့မဟုတ်ပါဘူး။ " ရွာလူကြီးဝူက ပြောလိုက်သည်။ " ကောင်လေးကျောက်ဖုန်းက လက်ဝဲတော်မှူးဘွဲ့ရတော့ မြေယာတစ်ထောင်မူ ရခဲ့တာပဲ။ အခက်အခဲကတော့ ငါတို့ရွာသားတော်တော်များက စိုက်ပျိုးဖို့ မြေမလောက်ကြဘူး။ "

" ငါစဉ်းစားမိတာက မင်းတို့ ရလာတဲ့ မြေတွေထဲက အချို့ကို သင့်တော်တဲ့ စျေးနှုန်းနဲ့ ငှားပေးလို့ရမလား။ အနည်းဆုံးတော့ တခြားလူတွေတောင်းတဲ့ နှုန်းထက် ပိုသက်သာမှာပေါ့။ "

" ဦးလေးဝူ " ကျောက်ကတော်က ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။ " ဒီကိစ္စတွေကို ကျွန်မနဲ့ ဆွေးနွေးဖို့မလိုပါဘူး။ ကျွန်မနဲ့ သမီးက အဲ့ဒါတွေကို ဘာမှနားမလည်ပါဘူး။ ဦးလေးအဆင်ပြေသလိုပဲ လုပ်လိုက်ပါ။ "

" ဒါဆိုလည်း ကောင်းပါပြီ။ ရွာသားတွေကိုယ်စား ကျေးဇူးတင်ပါတယ်။ " ရွာလူကြီးဝူက ပြုံးပြီး ပြောလိုက်သည်။

ရှန်းယန်မြို့၊ ကျန်းထိုင်နန်းဆောင်။

ရင်ကျန့်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး ချင်နိုင်ငံ၏ အရေးပါသော အရာရှိများနှင့် တွေ့ဆုံနေသည်။ လက်ရှိအချိန်တွင် သူတို့က အမူအရာအမျိုးမျိုးနှင့် ရှိနေကြပြီး လက်ထဲတွင် အစီရင်ခံစာတစ်ခုစီကို ကိုင်ထားကြသည်။

" အားလုံးဖတ်ပြီးကြပြီလား။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အားလုံး ဖတ်ပြီးပါပြီ။ " ဝမ်ဝမ်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

" စစ်သူကြီးကျောက်ရဲ့ ဗျူဟာအပေါ် မင်းတို့ ဘယ်လိုမြင်လဲ။ " ရင်ကျန့်က ဝန်ကြီးများကို ကြည့်လိုက်သည်။

" ကျွန်တော်မျိုးကတော့ လက်နက်ချစစ်သည်တွေကို ပေါင်းစည်းတာက အန္တရာယ်များလွန်းတယ်လို့ ထင်ပါတယ်။ " ဝမ်ဝမ်က တိုက်ရိုက် ပြောလိုက်သည်။ " သူတို့ကို ကျွန်အဖြစ် သတ်မှတ်လိုက်တာက ပိုကောင်ပါလိမ့်မယ်။ "

" ပထမအချက်က သူတို့ကို လစာပေးစရာမလိုတဲ့အတွက် နိုင်ငံဘဏ္ဍာကို သက်သာစေပါမယ်။ ဒုတိယအချက်က ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာနိုင်ခြေက အရမ်းကြီးမားပါတယ်။ တကယ်လို့ သူတို့ကို ပေါင်းစည်းလိုက်မယ်ဆိုရင် ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ အင်အားကိုလည်း ကျဆင်းစေပါလိမ့်မယ်။ "

" ကျွန်တော်မျိုးကတော့ စစ်သူကြီးကျောက်ရဲ့ ဗျူဟာက ဖြစ်နိုင်ခြေရှိတာ်လို့ ထင်ပါတယ်။ " ယွီလျောင်က ရှေ့တိုးပြီး ပြောလိုက်သည်။ " သမိုင်းတွေတစ်လျှောက် စစ်ပွဲတွေ ဆင်နွှဲခဲ့ပြီး အကောင်းဆုံးက ရန်သူကို ဗျူဟာနဲ့ အသာစီးရယူတာပါပဲ။ "

" ဟန်နိုင်ငံက ကျဆုံးသွားပြီဖြစ်လို့ နိုင်ငံဆိုတာ မရှိတော့ပါဘူး။ ချင်နိုင်ငံရဲ့ ယင်ချွမ်းခရိုင်အဖြစ် ပြောင်းလဲသွားပါပြီ။ ပြောရရင် ဟန်က လက်နက်ချစစ်သည်တွေဟာ အခုဆိုရင် ချင်နိုင်ငံရဲ့ နိုင်ငံသားတွေ ဖြစ်နေပါပြီ။ "

" အဲ့ဒါက စစ်သူကြီးကျောက် ထောက်ပြတဲ့အချက်ပါပဲ။ ပြီးတော့ ဒါက အတိတ်က လက်နက်ချစစ်သည်တွေကို ပေါင်းစည်းတ့​အခါ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ဖယ်ရှားပေးပါတယ်။ "

All Chapters