အခန်း (၉၅)
Vol. 10 Ch. 95
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၉၅)
" အရင်တုန်းက လက်နက်ချစစ်သည်တွေ ပုန်ကန်တဲ့ အကြောင်းရင်းက သူတို့ရဲ့ မိခင်နိုင်ငံရှိနေသေးလို့ပါ။ ဒါကြောင့် သူတို့ရဲ့ သစ္စာခံမှုက ဘယ်တော့မှမရိုးသားခဲ့ဘူး။ ဒါပေမယ့် အခု ဟန်နိုင်ငံကျဆုံးသွားပြီဆိုတော့ သူတို့က ကျွန်တော်မျိုးတို့ကို သစ္စာဖောက်နိုင်ပါဦးမလား။ "
" ချင်နိုင်ရဲ့ ဥပဒေအရဆိုရင် သူတို့ရဲ့ မိသားစုတစ်ခုလုံး အပြစ်ပေးခံရမှာပါ။ တကယ်လို့ တစ်ယောက်ယောက်က လုပ်ရဲတယ်ဆိုရင် ကျွန်တော်မျိုးတို့က တခြားသူတွေကို သတိပေးဖို့ သူတို့ရဲ့ မိသားစုတစ်ခုလုံးကို ကွပ်မျက်ပစ်လို့ရပါတယ်။ "
" ဒါ့အပြင် လက်နက်ချစစ်သည်တွေကို ပေါင်းစည်းတာက ချင်နိုင်ငံအတွက် အကျိုးရှိပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ ရည်မှန်းချက်က တခြားနိုင်ငံအားလုံးကို သိမ်းပိုက်ပြီး ကမ္ဘာကြီးကို စုစည်းဖို့ပါ။ "
" နိုင်ငံတစ်ခုကို သိမ်းပိုက်တိုင်း ကျွန်တော်မျိုးတို့က လက်နက်ချစစ်သည်တွေ အများကြီး ရရှိမှာပါ။ အဲ့ဒီလက်နက်ချစစ်သည်တွေက အရည်အချင်းရှိတဲ့ တိုက်ခိုက်သူတွေပါ။ သူတို့က အသစ်လေ့ကျင့်ထားတဲ့ စစ်သည်အသစ်တွေထက် ပိုတော်သလို သူတို့ကို ပေါင်းစည်းလိုက်တာက နိုင်ငံရဲ့ အရင်းအမြစ် ကုန်ကျမှုကို အများကြီး သက်သာစေပါတယ်။ "
" စစ်သူကြီးကျောက် အဆိုပြုသလိုပဲ။ သူတို့ အထူးစစ်သည်တွေမဖြစ်ခင် လက်နက်ချစစ်သည်တွေအဖြစ် ထားရှိမှာပါ။ ချင်နိုင်ငံအနေနဲ့ သူတို့ကို နေ့စဉ်ထမင်းဝအောင် ကျွေးထားဖို့ပဲလိုပါတယ်။ နှစ်စဉ်လစာ ပေးစရာမလိုပါဘူး။ ဒါက ကျွန်တော်မျိုးတို့ နိုင်ငံတော်အင်အား ဆုတ်ယုတ်မှုကိုလည်း ရှောင်ရှားနိုင်ပါတယ်။ "
ရှေးရိုးစွဲ ဝမ်ဝမ်နှင့်နှိုင်းယှဉ်လျှင် ယွီလျောင်က ပိုမိုပွင့်လင်းသော အမြင်ရှိပြီး ဆန်းသစ်တီထွင်လိုသူဖြစ်သည်။ သူက ကျောက်ဖုန်း အဆိုပြုထားသော ဗျူဟာကို ချက်ချင်း အသိအမှတ်ပြုခဲ့သည်။
" ဝန်ကြီးလီ မင်းရဲ့ အမြင်ကို ပြောပါဦး။ " ရင်ကျန့်က လီစီဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးက စစ်ရေးချမှတ်မှုတွေနဲ့ စစ်တပ်ပေါင်းစည်းမှုတွေမှာ အများကြီး နားမလည်ပေမယ့်..." လီစီက စကားစလိုက်သည်။ " ယွီလျောင်က ကွေ့ကူကျိရဲ့ တပည့်ဖြစ်သလို စစ်ဗျူရာမှာလည်း အလွန်နှံ့စပ်သူဖြစ်ပါတယ်။ သူ့ရဲ့ သိမြင်မှုက နန်းတော်ထဲမှာ နေကြတဲ့ ကျွန်တော်မျိုးတို့ထက် ပိုပြီး သာလွန်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးအနေနဲ့ ယွီလျောင်ရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ယုံကြည်ပါတယ်။ "
" ယွီလျောင်ပြောတာက ကျိုးကြောင်းဆီလျော်ရင်တောင် အဲ့ဒါကို သက်သေပြဖို့ အချိန်ယူရပါလိမ့်မယ်။ " ဝမ်ဝမ်က လီစီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
ထိုအချိန်တွင် တိတ်ဆိတ်နေသော ဝမ်ကျန့်က စကားစပြောလာသည်။ ထိုအကြောင်းအရာက စစ်ဗျူဟာနှင့် ပက်သက်နေသောကြောင့် သူနှင့် မုန့်ဝူတို့ကလည်း ထိုဆွေးနွေးမှုတွင် ပါဝင်နိုင်လေသည်။
" ကျွန်တော်မျိုးက ကျောက်ဖုန်းရဲ့ ဗျူဟာကို ထောက်ခံပါတယ်။ " ဝမ်ကျန့်က တိုက်ရိုက် ပြောလိုက်သည်။ " ကျွန်တော်မျိုးက စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာဖြစ်လို့ အဲ့ဒီအစီအစဉ်က ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ပါတယ်။ "
၎င်းကို ကြားသောအခါ ရင်ကျန့်က ပြုံးလိုက်သည်။
" စစ်သေနာပတိချုပ် ပြောတာမှန်ပါတယ်။ ကျောက်ဖုန်းရဲ့ ဗျူဟာက တကယ်လုပ်ဆောင်လို့ရတယ်။ ဒီဗျူဟာက သူတို့ရဲ့ အခြေခံကို ပြောင်းလဲပစ်ဖို့ပဲ။ စိတ်ဓာတ်စစ်ဆင်ရေးက အဓိကပဲ။ "
" ပထမအချက်က လက်နက်ချစစ်သည်တွေအားလုံးက သူတို့ရဲ့ မိခင်နိုင်ငံကို ဆုံးရှုံးသွားပြီ။ သူတို့က ပြေးစရာမြေမရှိတော့သလို သူတို့ရဲ့ မိသားစုတွေကလည်း ငါတို့ ချင်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ သူတို့ပုန်ကန်ရင် သူတို့တစ်မိသားစုလုံး ကွပ်မျက်ခံရလိမ့်မယ်။ "
" ဒုတိယအချက်က ကျောက်ဖုန်းက သူတို့ကို ငါတို့ချင်နိုင်ငံရဲ့ အထူးစစ်သည်တွေ ဖြစ်လာဖို့ အခွင့်အရေးပေးထားတယ်။ ရန်သူကိုသတ်ပြီး စွမ်းဆောင်မှုတွေ ရယူနိုင်ရင် သူတို့ ရာထူးတက်ဖို့ အခွင့်အရေး ရရှိလိမ့်မယ်။ "
" သူတို့ထဲက ဘယ်သူမှ အဲ့ဒါကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ဒါက ချင်စစ်သည်တွေရဲ့ စစ်တပ်စွမ်းဆောင်မှုစနစ်ကို နောက်ထပ်ပုံစံတစ်မျိုးနဲ့ အသုံးချလိုက်ပါပဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
သူက ဝန်ကြီးများကို ဆွေးနွေးတိုင်ပင်ရန် ခေါ်ထားသော်လည်း သူ၏ စကားများအရ ကျောက်ဖုန်း၏ ဗျူဟာကို အသုံးပြုရန် ဆုံးဖြတ်ချက်ချပြီးသားဆိုသည်မှာ ပေါ်လွင်နေသည်။
" အရှင်မင်းကြီးက အမျှော်အမြင် ကြီးလှပါတယ်။ " ယွီလျောင်က ပထမဆုံး ထောက်ခံလိုက်သည်။
" အရှင်မင်းကြီးက အမျှော်အမြင် ကြီးလှပါတယ်။ " ခန်းမထဲမှ အခြားသူများကလည်း ပြောလိုက်ကြသည်။
" စစ်သေနာပတိချုပ် ကျောက်ဖုန်းကို ဒီဗျူဟာကို အကောင်ထည်ဖို့ ခွင့်ပြုချက်ပေးတဲ့ ငါ့ရဲ့ အမိန့်တော်ကို ထုတ်ပြန်လိုက်။ ငါသူ့ကို အချိန်ပေးမယ်။ တကယ်လို့ သူက ဒီလက်နက်ချစစ်သည်တွေကို ချင်နိုင်ငံအတွက် တိုက်ခိုက်ရေးစစ်သည်တွေဖြစ်လာအောင် တကယ်လုပ်နိုင်မယ်ဆိုရင် ငါ သူ့ကို ထိုက်ထိုက်တန်တန် ဆုချမယ်။ "
" ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" အရှင်မင်းကြီး လျှောက်တင်စရာရှိပါတယ်။ ကျောက်နိုင်ငံနဲ့ ပက်သက်တဲ့ ကိစ္စတစ်ခုကို ဆွေးနွေးချင်ပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" ပြောပါ။ " ရင်ကျန့်က သူ့ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ကျောက်နိုင်ငံက တခြားနိုင်ငံတစ်ခုကို တိုက်ဖို့ စစ်အင်အားစုဆောင်းနေပုံရပါတယ်။ သူတို့ရဲ့ အထူးချွန်ဆုံး နယ်စောင့်တပ်တွေက လှုပ်ရှားနေပါပြီ။ လျန်ပိုနဲ့ ဖန်ရွှမ်တို့က ဟန်တန်မြို့ကို ဦးတည်နေပုံရပါတယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
" ကျောက်ယန် " ကျောက်နိုင်ငံအကြောင်း ကြားလိုက်ချိန်တွင် ရင်ကျန့်က ကျောက်ယန်ကို သတိရသွားပြီး သူ၏ အမူအရာက အေးစက်သွားသည်။
" သူက ထီးနန်းကို မတရားသိမ်းပိုက်ခဲ့တဲ့အကြောင်း သတင်းတွေပျံ့နေတာ။ သူက အဲ့ဒါကိုပြောင်းလဲဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းက နယ်မြေချဲ့ထွင်ဖို့ပဲ။ သူက စစ်တပ်ကို စေလွှတ်ဖို့ ကြံစည်နေတာ မထူးဆန်းပါဘူး။ " ရင်ကျန့်က ကျောက်ယန်၏ ရည်ရွယ်ချက်ကို သိနေပြီး ပြုံးလိုက်သည်။
" အရှင်မင်းကြီး ပြောတာမှန်ပါတယ်။ ကျောက်ယန်က သူ့ကိုသူ သက်သေပြဖို့ နယ်မြေချဲ့ထွင်ချင်တာပါ။ ဒါပေမယ့် သူလုပ်ချင်ရင်တောင် မလုပ်ရဲသေးပါဘူး။ အခု သူအကြောက်ဆုံးက ကျွန်တော်မျိုးတို့ ချင်နိုင်ငံပါပဲ။ သူက အရှင်မင်းကြီးကို ကြောက်နေတာပါ။ "
" တကယ်လို့ သူက စစ်တပ်ကို စုစည်းလိုက်ရင် ကျွန်တော်မျိုးတို့ ချင်နိုင်ငံက အခွင့်ကောင်းယူပြီး တိုက်ခိုက်မှာကို အစိုးရိမ်ဆုံး ဖြစ်လိမ့်မယ်။ ဒါကြောင့် ချင်နိုင်ငံက မတိုက်ခိုက်ဘူးဆိုတာ သေချာမသိသရွေ့ သူက ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" ဒါပေမယ့် ငါကတေည့ ကျောက်နိုင်ငံရဲ့ စစ်တပ်တွေကို လှုပ်ရှားစေချင်တယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည် ။
" ကျောက်ဘုရင်ကလည်း အဲ့လိုပဲ ခံစားနေရမှာပါ။ သူ့ရဲ့ စစ်အင်အားကို သုံးနိုင်ဖို့ ကျွန်တော်မျိုးတို့ ချင်နိုင်ငံနဲ့ မကျူးကျော်ရေးစာချုပ်ကို လက်မှတ်ထိုးချင်နေမှာ သေချာတယ်။ ကျွန်တော်မျိုးအထင် ချင်နိုင်ငံက မကျူးကျော်ရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ဆန္ဒရှိကြောင်း ပြဖို့ ကျောက်နိုင်ငံကို သံတမန်တစ်ယောက် စေလွှတ်သင့်တယ်လို့ ယူဆပါတယ်။ " ယွီလျောင်က အကြံပြုလိုက်သည်။
" ကျောက်နိုင်ငံက အခြားနိုင်ငံတွေကို တိုက်ပြီး နယ်မြေချဲ့ထွင်ဖို့ ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်တာပဲ။ ငါတို့ချင်နိုင်ငံက အဲ့ဒီစာချုပ်ကို ဘာအကြောင်းပြချက်နဲ့ လိုချင်တယ်လို့ ပြောမလဲ။ " ရင်ကျန့်က ယွီလျောင်ကို မေးလိုက်သည်။
" ယင်ချွမ်ခရိုင်က မတည်မငြိမ်ဖြစ်နေတုန်းပါ။ ကျွန်တော်မျိုးတို့က ဟန်အကြွင်းအကျန်တွေက ယင်ချွမ်းမှာ ဆူပူသောင်းကျန်းနေလို့ ချင်စစ်တပ်က ပင်ပန်းနေပြီဆိုတဲ့ ကောလဟာလတွေ ဖြန့်လိုက်လို့ရပါတယ်။ ဒါကြောင့် ကျောက်နိုင်ငံက ကျွန်တော်မျိုးတို့ရဲ့ နယ်စပ်ကို တိုက်ခိုက်မှာ ကြောက်နေတဲ့ ပုံစံမျိုးကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်မယ်။ ဒါဆို ကျောက်ဘုရင်က သတိလက်လွှတ်ဖြစ်ပြီး ကျွန်တော်မျိုးတို့နဲ့ မဟာမိတ်ဖွဲ့လာမှာ သေချာပါတယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
" တကယ်ကောင်းတဲ့ အစီအစဉ်ပဲ။ " ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားသည်။
" ချင်နိုင်ငံက အားနည်းချင်ယောင်ဆောင်နေရင် ကျောက်ယန်က သေချာပေါက် ငါးစာဟပ်မှာပဲ။ သူ့ရဲ့ စိတ်ထဲမှာ ငါတို့ချင်နိုင်ငံက သူ့နောက်ကျောကို တိုက်ခိုက်မှာကို တားဆီးဖို့ ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်တာပဲ။ ငါတို့ သူ့ကို စာချုပ်ချုပ်ခွင့်ပေးပြီး တခြားနိုင်ငံကို သွားတိုက်ခိုင်းမယ်။ သူက ပြန်မဆုတ်နိုင်အောင် စစ်ပွဲထဲနစ်ဝင်သွားတဲ့အချိန်မှာ ငါတို့ ချင်စစ်တပ်က ကျောက်နိုင်ငံကို ချီတက်မယ်။ သူတို့ရဲ့ မြို့တွေအများကြီးကို သိမ်းပိုက်နိုင်လိမ့်မယ်။ "
" အရှင်မင်းကြီးက အမျှော်အမြင် ကြီးမားလှပါတယ်။ " ဝန်ကြီးများက တစ်ပြိုင်နက် ပြောလိုက်ကြသည်။
" ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ယွီလျောင်ကိုပဲ တာဝန်ပေးလိုက်မယ်။ ဒီကိစ္စကို ငါနဲ့ မင်းတို့ပဲ သိရမယ်။ တကယ်လို့ သတင်းပေါက်ကြားသွားရင် ငါလုံးဝ သက်ညှာနေမှာမဟုတ်ဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" ကောလဟာလတွေ ဖြန့်ပြီးတဲ့နောက်မှာ ကျောက်နိုင်ငံကို သွားဖို့ အရည်အချင်းရှိတဲ့ ဝန်ကြီးတစ်ယောက် လိုအပ်တယ်။ မင်းတို့မှာ အကြံပြုချင်တဲ့သူရှိလား။ " ရင်ကျန့်က ထပ်မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက ယောင်ကျားကို အကြံပြုချင်ပါတယ်။ သူရဲ့ စကားပြောစွမ်းရည်က ထူးခြားလှပါတယ်။ ချင်နိုင်ငံကို ရောက်ကတည်းက အရှင်မင်းကြီးကို အမှုထမ်းဖို့ အခွင့်အရေးကို အရမ်းလိုချင်နေခဲ့တာပါ။ အခုအခွင့်အရေးရောက်လာပြီဆိုတော့ သူက အရှင်မင်းကြီးကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " လီစီက ချက်ချင်း အကြံပြုလိုက်သည်။
လွန်ခဲ့သော နှစ်များက ယောင်ကျားက ကျောက်နိုင်ငံ၏ ဝန်ကြီးတစ်ယောက်ဖြစ်သညိ။ ကျောက်ဘုရင်ဟောင်း၏ အမိန့်အရ သူက ချူ၊ ဟန်နှင့် ဝေနိုင်ငံတွေကို ပူးပေါင်းပြီး ချင်နိုင်ငံကို တိုက်ခိုက်ခဲ့ဖူးသည်။ သူက အမှန်တကယ် အရည်အချင်းရှိပေသည်။
သို့သော် ချင်နိုင်ငံသို့ သံတမန်အဖြစ် ရောက်လာပြီးနောက် သူက ကျောက်နိုင်ငံမှ နှင်ထုတ်ခံခဲ့ရသည်။ ချင်နိုင်ငံသို့ ရောက်လာပြီးနောက် ယောင်ကျား၏ စကားပြောစွမ်းရည်နှင့် အရည်အချင်းတို့ကြောင့် ယင်ကျန့်၏ မျက်နှာသာ ပေးမှုကို ရရှိခဲ့သည်။
ယောင်ကျား ချင်နိုင်ငံကို ရောက်လာခြင်းက ငြင်းခုန်စရာများ ဖြစ်စေခဲ့သည်။ နာမည်ကျော် ဟန်ဖေးကပင် သူ့ကို " လျန်နိုင်ငံရဲ့ သူခိုးကြီး၊ ကျောက်နိုင်ငံက နှင်ထုတ်ခံရတဲ့ အမတ် " ဟူ၍ လှောင်ပြောင်ခဲ့သည်။
ထို့ကြောင့်လည်း သမိုင်းတွင် ယောင်ကျားက လီစီနှင့် ပူးပေါင်းပြီး ဟန်ဖေးကို အဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်သည်။