← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၉၇)

" ဖုစုနဲ့ ဝမ်ဝမ်တို့က ဟန်ဖေးကို သူတို့ဘက်ပါအောင် သိမ်းသွင်းချင်နေကြပြီ။ ငါတို့က သူ့ကို အသက်ရှင်ရက် ထွက်သွားခွင့်ပေးလိုက်ရင် သူက တစ်နေ့မှာ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်လာလိမ့်မယ်။ တခြားသူတွေက ဟန်ဖေးရဲ့ အရည်အချင်းကို သိချင်မှသိလိမ့်မယ်။ ဒါပေမယ့် ငါကတော့ သေချာသိတယ်။ " လီစီက လးနက်စွာ ပြောလိုက်သည်။

" တရားရေးဝန်ကြီး " ယောင်ကျားက ပြောလိုက်သည်။ " ကျုပ်အတွက်တော့ ဟန်ဖေးကို ရှင်းပစ်ဖို့က ဝန်မလေးပါဘူး။ ဒါပေမယ့် သူက ခင်ဗျားနဲ့ ကျောင်းနေဖက် သူငယ်ချင်းဟောင်းတွေ မဟုတ်လား။ "

" ကိုယ်ရဲ့ အသက်အန္တရာယ်ရဲ့ ရှိနေပြီဆိုရင် သူငယ်ချင်းဆိုတာ ဘာအရေးလဲ။ အားလုံး ပြင်ဆင်ပြီးသွားပြီလား။ " လီစီက မေးလိုက်သည်။

" သွားကြတော့။ " ယောင်ကျားက သူ၏ နောက်မှ လူများကို ကြည့်ပြီး ပြောလိုက်သည်။

ဝိုင်အရက်နှင့် စားပွဲတစ်ခုကို သယ်ဆောင်လာသော အစောင့်အချို့က ဟန်ဖေး၏ အကျဉ်းခန်းဆီသို့ ဦးတည်သွားကြသည်။ ဟန်ဖေးက သူတို့ကို တည်ငြိမ်စွာ ကြည့်နေသည်။

" ညီကိုဟန် မတွေ့တာကြာပြီ။ ငါ့ကို မှတ်မိသေးရဲ့လား။ " လီစီက ပြုံး၍ ဖြည်းညင်းစွာ လျှောက်လာသည်။

" ညီကိုလီ " ဟန်ဖေးက တည်ငြိမ်စွာ ပြန်ထူးလိုက်သည်။

လီစီက အကျဉ်းခန်းထဲသို့ တိုက်ရိုက်လျှောက်သွားပြီး ဟန်ဖေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

" ငါတို့ ကျိရှကျောင်းတော်မှာ လမ်းခွဲခဲ့တုန်းက အခုလို ပြန်တွေ့ကြမယ်လို့ ဘယ်သူထင်မိမှာလဲ။ အဲ့ဒီတုန်းက ငါမင်းကို ပြောခဲ့သားပဲ။ ချင်နိုင်ငံကပဲ ကမ္ဘာကြီးကို စည်းလုံးအောင် လုပ်နိုင်မယ့် အခွင့်အရေးရှိတယ်။ ပြီးတော့ အဲ့လိုလုပ်ဖို့ အရည်အချင်းရှိတဲ့သူကလည်း ချင်ဘုရင်ပဲလို့ ငါမင်းကို ပြောခဲ့တယ်။ "

" ဒါပေမယ့် နောက်ဆုံးမှာ မင်းငါ့ကို မယုံကြည်ခဲ့ဘူး။ ဟန်နိုင်ငံကို ပြန်သွားဖို့ မင်း ရွေးချယ်ခဲ့တယ်။ ရလဒ်ကတော့ ဟန်ဘုရင်က မင်းကို တန်ဖိုးမထားတဲ့အပြင် မင်းကိုပါ သံသယဝင်ခဲ့တယ်။ "

ယခင် ကျိရှကျောင်းတော်တွင် ဆရာများမှ ကျောင်းသားများအထိ အားလုံးက ဟန်ဖေး၏ ပါရမီု လီစီထက် သာလွန်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဟန်ဖေး၏ အနာဂတ်အောင်မြင်မှုများက သူထက် သာလွန်မည်ဟု အားလုံးက ထင်ခဲ့ကြသည်။

ထိုအချိန်တုန်းက လီစီက ထိုအမြင်များကို ပြောင်းလဲပစ်မည်ဟု ကျိန်ဆိုခဲ့သည်။ ယခုတော့ သူက ချင်နိုင်ငံ၏ တရားရေးဝန်ကြီးဖြစ်နေပြီး ဟန်ဖေးက အကျဉ်းသားတစ်ယောက်သာ ဖြစ်နေသည်။

" ညီကိုလီ ဒီနေ့ ငါဆီလာတာ လှောင်ပြောင်ဖို့ သက်သက်ပဲလား။ " ဟန်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။

" ငါတို့က ကျောင်းနေဖက် သူငယ်ချင်းတွေပါ။ ငါဒီကိုလာတာ မင်းကို လှောင်ဖို့လား မလှောင်ဖို့လာတာလားဆိုတာ မင်းကိုယ်တိုင်မြင်နိုင်မှာပါ။ " လီစီက ပြောလိုက်သည်။

" ငါနားထောင်နေပါတယ်။ " ဟန်ဖေးက လီစီကို ကြည့်ပြီး ပြောလိုက်သည်။

ယခင် ကျောက်ဖုန်း၏ သတိပေးချက်ကြောင့် သို့မဟုတ် ကျောက်ဖုန်းအပေါ် ယုံကြည်မှုကြောင့် ဟန်ဖေးက လီစီကို သတိထားပြီး ဆက်ဆံနေသည်။

" အင်း " လီစီက မတတ်သာသည့်ပုံစံနှင့် သက်ပြင်းချလိုက်သည်။ " အရှင်မင်း​ကြီးက မင်းကို ဒီမှာ ပိတ်ထားပြီး ဘာလို့လာမတွေ့တာလဲဆိုတာ မင်းသိလား။ "

" ချင်ဘုရင်ရဲ့ အတွေးတွေကို ငါ ဘယ်လိုလုပ်သိနိုင်မှာလဲ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။ တကယ်လို့ ချင်ဘုရင်က ငါ့အသက်ကို လိုချင်ရင် အမိန့်တစ်ခုတည်းနဲ့ လုံလောက်နေပါပြီ။ "

" အရှင်မင်းကြီးလိုချင်တာက မင်းရဲ့ အဖြေပဲ။ မင်းအညံ့ခံမှာလား မခံဘူးလားဆိုတဲ့ အချက်ပဲ။ မင်းအကြောင်း ငါသိပါတယ်။ မင်းက မင်းရဲ့ သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှုကို အရမ်းတန်ဖိုးထားတာ။ မင်းက ချင်နိုင်ငံကို ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး။ နောက်ဆုံးမှာ မင်းအတွက် သေခြင်းတရားက စေညင့်နေလိမ့်မယ်။ ချင်နိုင်ငံရဲ့ ဥပဒေနဲ့ဆို မင်းက အရက်စက်ဆုံး ကွပ်မျက်မှုနဲ့တောင် ရင်ဆိုင်ရနိုင်တယ်။ "

သူ၏ စကားလုံးများက ဟန်ဖေးကို စိုးရိမ်ပေးသယောင်ရှိနေသော်လည်း ဟန်ဖေးအတွက် ရွေးချယ်စရာမရှိသော ပုံစံမျိုး ပြောနေသည်။

" ဒါဆို လီစီက ငါ့ကို တကယ်သေစေချင်နေတာပဲ။ " ဟန်ဖေးက တွေးလိုက်သည်။ " ကျောက်ဖုန်းက ဒါကို ဘယ်လိုလုပ်သိနေတာလဲ။ သူက လီစီကို သတိထားဖို့ ဘယ်လိုလုပ်ကြိုပြောနိုင်တာလဲ။ "

ပညာရှိတစ်ယောက်အနေဖြင့် လီစီ၏ စကားများ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ဟန်ဖေးက နားလည်သည်။ ယခင် ကျောက်ဖုန်းနှင့် တွေ့ဆုံခြင်းမရှိခဲ့လျှင် ဟန်ဖေးက အမှန်တကယ် သေရန် ဆုံးဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ သို့သော် ကျောက်ဖုန်း၏ စကားများက သူ၏ စိတ်ကို ပြောင်းလဲစေခဲ့သည်။ သူအသက်ရှင်ချင်သည်။ ကမ္ဘာကြီးတစ်စည်းတစ်လုံးတည်း ဖြစ်သွားတာကို သူမြင်ချင်သည်။ စစ်ပွဲမရှိသော ကမ္ဘာကြီးက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူမြင်ချင်ပေသည်။

" ကြည့်ရတာ ညီကိုလီက ငါ့စိတ်က တကယ်နားလည်နေတာ ထင်တယ်။ " ဟန်ဖေးက လှောင်ပြုံးပြုံးလိုက်သည်။

" ငါတို့က ကျောင်းနေဖက်တွေပဲ။ မင်းခေါင်းဖြတ်ခံရမှာကို ငါမကြည့်ရက်ဘူး။ အရှင်မင်းကြီးက မင်းရဲ့ ပါရမီကို တန်ဖိုးထားပေမယ့် သူဆုံးဖြတ်ပြီးရင် ငါမင်းကို ကယ်ချင်ရင်တောင် မကယ်နိုင်ဘူး။ "

လီစီ၏ ဟန်ဆောင်စိုးရိမ်နေသော ပုံစံကို ကြည့်ပြီး ဟန်ဖေးက စိတ်ထဲမှ လှောင်ပြောင်နေသည်။ အပြင်တွင် သူက တည်ငြိမ်စွာ ရှိနေသည်။

" ဒါဆို ညီကိုလီက ငါ့ကို ဘယ်လိုလုပ်ဖို့ အကြံပေးချင်လဲ။ "

" ငါမင်းခေါင်းဖြတ်ခံရတာကို ငါမကြည့်ရက်ဘူး။ ဒါကြောင့် မင်းရဲ့ နောက်ဆုံးခရီးကို ပို့ပေးဖို့ ငါလာခဲ့တာပဲ။ " လီစီက စားပွဲပေါ်မှ ဝိုင်အိုးကို ဟန်ဖေးဘက်သို့ တွန်းပေးလိုက်ပြီး သူ့အတွက် အခြား ဝိုင်တစ်ခွက်ကို ငှဲ့လိုက်သည်။

" ညီကိုလီက တကယ်ကို အလိုက်သိတာပဲ။ " ဟန်ဖေးက ပြောလိုက်သည်။ " ငါ့အတွက် အဆိပ်ခတ်ထားတဲ့ ဝိုင်ကိုတောင် ပြင်ဆင်လာပေးခဲ့တယ်။ "

" ဒါက ငါတို့ ကျောင်းတက်ခဲ့စဉ်က သူငယ်ချင်းသံယောဇဉ်ဟောင်းကို ပြသတဲ့ ငါ့ရဲ့ နည်းလမ်းပါပဲ။ " လီစီက သက်ပြင်းချပြီး ပြောလိုက်သည်။

" တကယ်လို့ မင်းက ငါ့ဆီကို အဆိပ်ခတ်ထားတဲ့ ဝိုင်ယူလာတာကို အရှင်မင်းကြီးသိသွားရင် မင်းကို အပြစ်တင်မှာ မဟုတ်ဘူးလား။ " ဟန်ဖေးက သူ၏ စိတ်ထဲမှ အေးစက်သော ခံစားချက်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

" ငါက ချင်နိုင်ငံရဲ့ တရားရေးဝန်ကြီးတစ်ယောက်ပဲ။ အရှင်မင်းကြီးက စိတ်ဆိုးမယ်ဆိုရင်တောင် ငါ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာမဟုတ်ဘူး။ တကယ်လို့ ဒါက ညီကိုဟန်ရဲ့ နောက်ဆုံးအချိန်ကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေတယ်ဆိုရင်တော့ ငါ့အတွက် ထိုက်တန်ပါတယ်။ " လီစီက ရိုးသားစွာ ပြောလိုက်သည်။

အကယ်၍ ကျောက်ဖုန်း၏ ကြိုတင်သတိပေးချက်သာမရှိခဲ့လျှင် လီစီဟု သရုပ်ဆောင်မှုထဲတွင် အမှန်တကယ် နစ်မြောသွားပြီး ယုံကြည်မိပေလိမ့်မည်။

" ညီကိုလီက ငါတို့ရဲ့ သံယောဇဉ်ဟောင်းကို တကယ် မှတ်မိနေပုံရတယ်။ " ဟန်ဖေးက စိတ်လှုပ်ရှားသွားသော ပုံစံမျိုး ဟန်ဆောင်လိုက်သည်။

" ညီအကိုလီအတွက် အခက်အခဲမဖြစ်စေဖို့ ငါ ချင်နိုင်ငံကို အညံ့ခံပြီး ချင်ဘုရင်အပေါ် သစ္စာစောင့်သိဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကြောင့်နဲ့ ညီကိုလီကို ဒုက္ခမရောက်စေချင်ဘူး။ " ဟန်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ လီစီ၏ ဝမ်းနည်းနေသော အမူအရာက အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားသည်။

" ညီကိုဟန် မင်းက ချင်နိုင်ငံဆီ အညံ့ခံချင်တယ်ဟုတ်လား။ " လီစီက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

" ဟုတ်တယ်လေ။ ညီကိုလီက ငါ့အပေါ် ဒီလောက်စေတနာ ထားနေမှတော့ မင်းကို အပြစ်ခံရအောင် မလုပ်နိုင်ပါဘူး။ ဒါ့အပြင် ထောင်ထဲမှာ ဒီလောက်အကြာကြီး နေခဲ့တော့ ငါ သဘောတရားတစ်ခုကို နားလည်သွားခဲ့တယ်။ "

" ကမ္ဘာကြီးကို စုစည်းနိုင်မယ့် တစ်ခုတည်းသော နိုင်ငံက ချင်နိုင်ငံပဲ။ တခြားဘယ်နိုင်ငံမှ အခွင့်အရေးမရှိဘူး။ ဖြစ်နိုင်တာက ငါ့ရဲ့ အရင်ရွေးချယ်မှုက မှားခဲ့တာပဲ။ အခုအခွင့်အရေးရပြီ။ ချင်ဘုရင်ကလည်း ငါ့ကို တန်ဖိုးထားတယ်။ ညီကိုလီလို ကျောင်းနေဖက်သူငယ်ချင်းကလည်း နန်းတွင်းမှာ ရှိနေတယ်ဆိုတော့ ငါစဉ်းစားပြီးပြီ။ "

" ငါ ချင်ဘုရင်ရဲ့ တန်ဖိုးထားမှုကိုရော ညီကိုလီရဲ့ စေတနာကိုရော အလွဲသုံးစားမလုပ်ချင်ဘူး။ " ဟန်ဖေးက အမြင်မှရသွားသော ပုံစံနှင့် ပြောလိုက်သည်။

၎င်းကို ကြားသောအခါ လီစီက လူံးဝ ဆွံ့အသွားပြီး သူ၏ စိတ်ထဲတွင် မယုံကြည်မှုများ ပြည့်နှက်သွားသည်။

" ဒါဘာဖြစ်တာလဲ။ ဟန်ဖေးရဲ့စိတ်က ဘယ်လိုလုပ်ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။ သူက အမြဲတမ်း သူ့ရဲ့ သစ္စာရှိမှုကို ဂုဏ်ယူပြီး ဟန်နိုင်ငံနဲ့အတူ အသေခံမယ်လို့ ကျိန်ဆိုခဲ့တာမဟုတ်ဘူးလား။ သူက ဘာလို့ဒီလိုဖြစ်သွားရတာလဲ။ ငါက သူ့ကို စိုးရိမ်ပြလိုက်လို့ ငါ့ကို အပြစ်မခံစေချင်တာလား။ "

ဟန်ဖေး၏ စကားများက လီစီအား သူ့ကိုသူပင် သံသယဝင်သွားစေသည်။ ယခုအချိန်တွင် ဟန်ဖေး၏ ရိုးသားသော အမူအရာနှင့် ချင်နိုင်ငံဆီ အညံ့ခံရန် ခိုင်မာသော ဆုံးဖြတ်ချက်ကို ကြည့်ပြီး လီစီက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူက မချိပြုံး ပြုံးလိုက်သည်။

" ညီကိုဟန် မင်း ဒီလိုနားလည်သွားတာ အကောင်းဆုံးပါပဲ။ ချင်နိုင်ငံက ကမ္ဘာကြီးကို စုစည်းဖို့ ကံပါလာတဲ့ အင်အားကြီးနိုင်ငံပဲ။ အရှင်မင်းကြီးကလည်း မင်း အမှုထမ်းဖို့ ထိုက်တန်တဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ။ သူက ပါရမီကြီးပြီး ကြီးမားတဲ့ ရည်မှန်းချက်ရှိတဲ့ ဘုရင်တစ်ပါးပဲ။ "

" ဒါပေမယ့် ငါတကယ်ပဲ သိချင်တယ်။ ညီကိုဟန် မင်းက ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ။ မင်းက အမြဲတမ်း သစ္စာရှိတဲ့အကြောင်း နိုင်ငံနဲ့အတူ အသေခံမယ့်အကြောင်းတွေ ပြောနေတာ မဟုတ်ဘူးလား။ " လီစီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ဟန်ဖေးက ရိုးသားသော အမူအရာနှင့် ရန်လိုမှုကို မပြဘဲ လေးနက်စွာ ပြောလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ငါက ဟန်တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် သာမန်မိသားစုခွဲလေးက လာတာပဲ။ ဟန်ဘုရင်ကလည်း အညံ့ခံသွားပြီ။ တော်ဝင်မြို့တော်ကလည်း ကျဆုံးသွားပြီ။ ငါ့လို လက်အောက်ငယ်သားတစ်ယောက်က ဘာအတွက် ဆက်တိုက်နေမှာလဲ။ "

ထိုစကားများက ဟန်ဖေး၏ စကားများနှင့် မတူပေ။ စကားပြောဟန်နှင့် အသုံးအနှုန်းများက ကျောက်ဖုန်း၏ ပုံစံအတိအကျသာဖြစ်သည်။ သူတို့အတူတူရှိနေချိန်အတွင်း ကျောက်ဖုန်းက ထိုကဲ့သို့ ကျိုးကြောင်းဆီလျော်စွာ ဟန်ဖေးကို အမြဲတမ်း စိန်ခေါ်ခဲ့ပြီး သစ္စာရှိသူဟု သူ့ကိုသူ အမြဲတမ်း ကြွေးကြော်ထားသော ဟန်ဖေးတောင် စကားမပြောနိုင်ဖြစ်ခဲ့သည်။

ယခုတော့ ဟန်ဖေးက ထိုစကားလုံးများကို သုံးပြီး လီစီကို တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ၎င်းကလည်း အလုပ်ဖြစ်ခဲ့သည်။ ဟန်ဖေး၏ အကြောင်းပြချက်ကို ကြားပြီးနောက် လီစီက ပြန်ပြောစရာစကားမရှိတော့ပေ။

All Chapters