← Chapters

အခန်း (၁၀၀)

Vol. 10 Ch. 100

အခန်း (၁၀၀)

Vol. 10 Ch. 100

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၀၀)

ဝေမြို့။

စစ်စခန်း၏ လေ့ကျင့်ရေးကွင်းတွင် ကျောက်ဖုန်းက စစ်ရေးစင်မြင့်ပေါ်တွင် ရပ်နေသည်။ သူက လက်ထောက်စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး လုံချွမ်ဓားကို ခါးတွင် ချိတ်ဆွဲထားသည်။

စင်မြင့်အောက်တွင် စစ်သည်ခြောက်သောင်းက အသင့်အနေထားဖြင့် ရပ်နေကြသည်။ တစ်ချက်ကြည့်ရုံနှင့် သူတို့၏ အဆင့်များကို မြင်နိုင်သည်။ တပ်မှူးငါးယောက်က သူတို့၏ သက်ဆိုင်ရာတပ်ဖွဲ့များကို ဦးဆောင်နေကြပြီး လက်နက်ချစစ်သည်များကို ပြန်လည်ဖွဲ့စည်းမှုက ပြီးဆုံးသွားခဲ့သည်။

တပ်မှူးတစ်ယောက်ချင်းစီ၏ တပ်ဖွဲ့များက စစ်သည်တစ်သောင်းထက် ကျော်လွန်သွားပြီး တစ်ဖွဲ့ချင်းစီက စစ်သည် ၁၃၀၀၀စီ ရှိနေသည်။ ပိုနေသော လူအားလုံးက ပြန်လည်ဖွဲ့စည်းထားသော စစ်သည်များ ဖြစ်ကြသည်။ လက်နက်ချစစ်သည်များက ချပ်ဝတ်များ မရှိကြပေ။

" ဟေ့ ဟေ့ ဟေ့ " စစ်သည်အားလုံးက တပြိုင်နက် ကြွေးကျော်လိုက်ကြသည်။

" အခုက စပြီး တစ်တပ်လုံးက ငါပြောတဲ့စကားကို လိုက်ပြောရမယ်။ " ကျောက်ဖုန်းက လက်မြှောက်ပြီး လေးနက်စွာ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " စင်မြင့်ကို ဝန်းရံထားသော ကိုယ်ရံတော်တစ်ရာက ပြန်ပြောလိုက်သည်။

" ငါ ကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်ဖို့ အမိန့်ပေးထားတယ်။ " ကျောက်ဖုန်းက ပြောလိုက်သောအခါ သူ၏ ကိုယ်ရံတော်များက တစ်တပ်လုံးကြားအောင် ထပ်ဆင့်အော်ပြောလိုက်ကြသည်။

" ပုံမှန်ဆို လက်နက်ချစစ်သည်တွေကို စစ်တပ်ထဲ ပြန်မသွင်းဘူး။ သူတို့ကို မဟာတံတိုင်းကြီး တည်ဆောက်ဖို့ မြောက်ဘက်နယ်စပ်ကို ပို့ရမယ်။ ဒါမဟုတ် လမ်းတွေဖောက်လုပ်ဖို့ ကျွန်အဖြစ် အသုံးချရမှာဖြစ်တယ်။ "

" ဒါပေမယ့် အခု ငါက ဒီစစ်တပ်ကို ကွပ်ကဲနေတာ ဖြစ်တဲ့အတွက် ငါ နည်းလမ်းသစ်တစ်ခု ထားခဲ့တယ်။ ငါ မင်းတို့အားလုံးကို ချင်နိုင်ငံအတွက် အမှုထမ်းဖို့ စစ်တပ်ထဲကို ပြန်လည်ဖွဲ့စည်းလိုက်တယ်။ "

ကိုယ်ရံတော်များ၏ အသံက စစ်တပ်တစ်ခုလုံးကို ပျံ့နှံ့သွားသော်လည်း လက်နက်ချစစ်သည်များကတော့ ဘာမှမလှုပ်ရှားဘဲ ငြိမ်နေကြဆဲ ဖြစ်သည်။

" ငါသိတယ်။ " ကျောက်ဖုန်းက ဆက်ပြောလိုက်သည်။ " မင်းတို့အတွက် စစ်ထဲပြန်ဝင်တယ်ဆိုတာ အသေခံအဖြစ် အသုံးချခံရဖို့ပဲလို့ မင်းတို့ထင်နေကြတယ်။ မင်းတို့က ကျွန်အဆင့်ကနေ မလွတ်မြောက်နိုင်ဘူး။ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြတယ်။ "

" ဒါပေမယ့် ဒီနေ့မှာတော့ ငါ့မှာ မင်းတို့အတွက် သတင်းကောင်းတစ်ခုရှိတယ်။ ဒါက ဒီမှာရှိတဲ့ လက်နက်ချစစ်သည်တွေအပါအဝင် နောက်တစ်ချိန် ချင်နိုင်ငံက ဖမ်းမိမယ့်သူတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ "

" ဒီနေ့ကစပြီး ချင်နိုင်ငံအတွက် ရန်သူတစ်ယောက်ကို သတ်နိုင်တဲ့ ဘယ်လက်နက်ချစစ်သည်မဆို ကျွန်အဖြစ်ကနေ လွတ်ငြိမ်းခွင့်ရပြီး သာမန်စစ်သည်တစ်ယောက် လစာကို ရရှိမယ်။ "

" ချင်နိုင်ငံအတွက် ရန်သူငါးယောက်ကို သတ်နိုင်ရင် မင်းတို့ကို ဘွဲ့ထူးပေးအပ်မှာဖြစ်ပြီး ချင်နိုင်ငံရဲ့ ထိပ်တန်းစစ်သည်တွေဖြစ်လာလိမ့်မယ်။ ပြီးတော့ စစ်ရေးစွမ်းဆောင်မှုတွေအပေါ် မူတည်ပြီး ရာထူးတိုးမြှင့်ခြင်းလည်း ခံရလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ကိုယ်ရံတော်များ၏ အော်သံနှင့်အတူ လက်နက်ချစစ်သည်အားလုံး မှင်သက်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်မီးတောက်လေး တောက်လောင်လာသည်။ ချန်တောက်နှင့် ကျောက်ထို့ကဲ့သို့သော တပ်မှူးများကလည်း ထိုကြေညာချက်ကို ကြားသောအခါ အံ့အားသင့်သွားကြသည်။

" အမိန့်တော် ထွက်လာပြီလား။ အရှင်မင်းကြီးက တကယ်ပဲ စစ်သူကြီးကျောက်ရဲ့ လက်နက်ချစစ်သည်တွေ ပြန်လည်ဖွဲ့စည်းဖို့ တင်ပြချက်ကို သဘောတူလိုက်တာလား။ "

" ငါတို့က ချင်နိုင်ငံအတွက် ရန်သူတွေကို သတ်ပေးရုံနဲ့ ကျွန်ဘဝက လွတ်မှာလား။ တိုက်ပွဲကတစ်ဆင့် ရာထူးတိုးပြီး ဘွဲ့ထူးတွေတောင် ရနိုင်တာလား။ "

" တကယ်လို့ ဒါသာ အမှန်ဆိုရင် ငါတို့ အိမ်ပြန်ပြီး မိသားစုတွေကို ပြန်တွေ့ဖို့ အခွင့်အရေးရပြီပေါ့။ "

" ဒီချင်စစ်သူကြီးက ငါတို့ကို လိမ်နေတာတော့ မဟုတ်လောက်ပါဘူး။ တကယ်လို့ ဒါသာ အမှန်ဆိုရင် အရင်က ဘာလို့မလုပ်ခဲ့တာလဲ။ လက်နက်ချစစ်သည်တွေကို ဒီလိုမျိုး ဆက်ဆံတာ တစ်ခါမှမကြားဖူးဘူး။ "

လက်နက်ချစစ်သည်အများစုက ကျောက်ဖုန်၏ စကားများကြောင့် မျှော်လက်ချက်ရှိသွားကြသော်လည်း သံသယဝင်နေကြဆဲ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ချင်နိုင်ငံအပေါ် ကြောက်ရွံ့မှုရှိနေဆဲ ဖြစ်သည်။

" စစ်သူကြီး ကျွန်တော်မေးပါရစေ။ " လက်နက်ချစစ်သည်တစ်ယောက်က အော်မေးလိုက်သည်။ " ဒါက အမှန်လား အလိမ်အညာလား။ "

ထိုမေးခွန်းကြောင့် လက်နက်ချစစ်သည်အားလုံး၏ မျက်လုံးများက ကျောက်ဖုန်းဆီသို့ ရောက်သွားကြသည်။

ကျောက်ဖုန်းက စကားအများကြီးမပြောပေ။ သူက ရှန်းယန်က ရောက်လာသော တော်ဝင်အမိန့်တော်ကို ထုတ်ပြီး အားလုံးမြင်အောင် မြှောက်ပြလိုက်သည်။

" ငါ အခုပြောတဲ့အရာအားလုံးကို အရှင်မင်းကြီးကိုယ်တိုင် ခွင့်ပြုသဘောတူထားတာဖြစ်တယ်။ " ကျောက်ဖုန်းက ကြေညာလိုက်သည်။

" ဒီနေ့ကစပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ လက်နက်ချစစ်သည်အားလုံးကို အပြစ်သားတပ်ဖွဲ့အဖြစ် ခေါ်စေမယ်။ မင်းတို့က ဒီနာမည်ကို မင်းတို့ပေးဆပ်ရမယ့် အပြစ်တွေရဲ့ ပြယုဂ်အနေနဲ့ လက်ခံရမယ်။ "

" အပြစ်သားတပ်ဖွဲ့က ဘယ်စစ်သားမဆို စစ်မြေပြင်မှာ ချင်နိုင်ငံအတွက် ရန်သူတစ်ယောက်ကို သတ်နိုင်ရင် ကျွန်အဖြစ်ကနေ လွတ်ငြိမ်းခွင့်ရမယ်။ သာမန်စစ်သားအဖြစ် ခန့်အပ်ခြင်းခံရမယ်။ ပြီးတော့ စစ်သားလစာကိုလည်း ရရှိမယ်။ နောက်ထပ်ရန်သူငါးယောက်ကို ထပ်သတ်နိုင်ရင် အဆင့်တစ်ဘွဲ့ထူးကို ရရှိမယ်။ ဒါက အရှင်မင်းကြီး အပြစ်သားတပ်ဖွဲ့အပေါ် ပေးသနားတဲ့ ကရုဏာတော်ပဲ။ "

ထိုစကားများနှင့်အတူ ကျောက်ဖုန်းမြှောက်ပြသော တော်ဝင်အမိန့်တော်ကို မြင်လိုက်ရသောအခါ လက်နက်ချစစ်သည်တိုင်းက တုန်လှုပ်သွားကြသည်။

" တကယ်လို့ ဒါက အမှန်ဆိုရင် ကျွန်တော် ချင်နိုင်ငံအတွက် တိုက်ပွဲဝင်ပြီး တိုက်ပွဲကတစ်ဆင့် ကျွန်တော်ရဲ့ လွတ်လပ်မှုကို အရယူမယ်။ "

" ဟုတ်တယ်။ ကျွန်တော် တကယ်ပဲ ကျွန်ဘဝက လွတ်ပြီး မိသားစုကို ပြန်တွေ့နိုင်မယ်ဆိုရင် ချင်နိုင်ငံအတွက် စစ်မြေပြင်မှာ တိုက်ခိုက်ပေးမယ်။ "

လက်နက်ချစစ်သည်များက ထိုကိစ္စကို ဆွေးနွေးနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ တောက်ပလာသည်။ နောက်ထပ်ခဏကြာသောအခါ သူတို့အားလုံး၏ အသံများက တစ်သံတည်း ထွက်ပေါ်လာသည်။

" ချင်နိုင်ငံ အဓွန့်ရှည်တည်တံ့ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ "

လေးကျင့်ရေးကွင်းတစ်ခုလုံးက ပြင်းထန်သော စိတ်ဓာတ်တက်ကြွမှုများဖြင့် ပြည့်နှက်သွားသည်။ စစ်တပ်၏ အထူးစစ်သည်များကလည်း ထိုစိတ်အားထက်သန်မှုများထဲတွင် ပါဝင်သွားပြီး လက်နက်ချစစ်သည်များနှင့်အတူ လိုက်ပါဟစ်ကြွေးလိုက်ကြသည်။

" အပြစ်သားတပ်ဖွဲ့ဗျူဟာကို ချင်နိုင်ငံက နိုင်ငံခြောက်ခုကို သိမ်းပိုက်နေတုန်းမှာ ကျင့်သုံးခဲ့တာ။ ငါက အဲ့ဒါကို အချိန်မတိုင်ခင် တင်ပြခဲ့တာပဲ။ ဒါက အလုပ်မဖြစ်ဘူးဆိုရင် သမိုင်းထဲမှာ ပါလာမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက စစ်သည်များကို ငုံ့ကြည့်ရင်း ပြုံးလိုက်သည်။

ထို့နောက် ကျောက်ဖုန်းက လက်မြှောက်ပြလိုက်ပြီး စစ်သည်များ၏ ဟစ်ကြွေးသံက တဖြည်းဖြည်း တိတ်သွားသည်။

" အပြစ်ပေးတပ်ဖွဲ့ နည်းဗျူဟာကို ငါက စပြီးတင်ပြခဲ့တာဖြစ်ပြီး အရှင်မင်းကြီးက လက်နက်ချစစ်သည်အားလုံးကို ဂရုဏာထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒါနဲ့အတူ သတိပေးချက်တွေလည်း ပါလာတယ်။ ပြန်လည်ဖွဲ့စည်းထားတဲ့ စစ်သည်တစ်ယောက်က ပုန်ကန်မယ်ဆိုရင် တိုက်ပွဲအတွင်းမှာ ထွက်ပြေးခဲ့ရင် ညှတာမှုမရှိ ကွပ်မျက်ခံရမယ်။ ပြီးတော့ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် အမြစ်ပြတ် သုတ်သင်ခြင်းခံရမယ်။ "

" ဒါက သံမဏိစည်းမျဉ်းပဲ။ ဒါကို ချိုးဖောက်တဲ့ ဘယ်လက်နက်ချစစ်သည်မဆို ခွင့်လွှတ်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ကြေညာလိုက်သည်။

" တပ်မှူးတို့ ဒီနေ့ကစပြီး လက်နက်ချစစ်သည်တွေအားလုံးဟာ အထူးစစ်သည်တွေလိုပဲ အပြင်းအထန် လေ့ကျင့်ရမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " တပ်မှူးငါးယောက်က ပြန်ပြောလိုက်သည်။

စခန်း၏ ခန်းမအတွင်း။

" စစ်သူကြီး " ကျန်းဟန်က ဝါးချပ်စာလိပ်ကို ကျောက်ဖုန်းထံပေးလိုက်သည်။ " ဒါက ကျွန်တော်ပြုစုထားတဲ့ ကင်းလှည့်စာရင်းပါ။ "

ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။

" တပ်ဖွဲ့တစ်ခုချင်းစီကို ကင်းစောင့်ဖို့ တာဝန်ပေးတဲ့ အလှည့်ကျစနစ်က တကယ်ကောင်းမွန်တဲ့ အစီအစဉ်ပါပဲ။ ကျွန်တော်တို့လည်း တပ်မှူးကျန်းရဲ့ ကင်းလှည့်စာရင်းကို စစ်ဆေးပြီးပါပြီ။ အလုပ်ဖြစ်နိုင်လို့ သဘောတူပါတယ်။ " ကျောက်ထို့က ဝင်ပြောလိုက်သည်။

" အားလုံး ကြည့်ပြီးပြီးဆိုရင် ဒါကို စတင်အကောင်ထည်ဖော်ကြတာပေါ့။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဝေမြို့တော်က ဝေနိုင်ငံကို ကာကွယ်တဲ့ နယ်စပ်မြို့ပဲ။ စစ်သည်တစ်သောင်းကို နယ်စပ်မှာထားမယ်။ ကျန်တဲ့ လေးသောင်းကို ဝေမြို့တော်မှာထားရင် စစ်ဖြစ်လာတဲ့အခါ အမြန်ဆုံး စစ်ကူပေးနိုင်လိမ့်မယ်။ "

" စစ်သူကြီး " ချန်တောက်က ပြောလိုက်သည်။ " ရာသီဥတုက တဖြည်းဖြည်း အေးလာပါပြီ။ အအေးဒဏ်ကို ကာကွယ်ဖို့ မီးသွေးနဲ့ အဝတ်အထည်တွေ လုံလုံလောက်လောက် လိုအပ်ပါတယ်။ "

" ငါ ဒီကိစ္စကို အစီရင်ခံပြီးသားပါ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။ " လာမယ့်ရက်တွေမှာ တစ်တပ်လုံးအတွက် လိုအပ်တဲ့ မီးသွေးတွေရောက်လာလိမ့်မယ်။ အဝတ်အထည်တွေကိုတော့ နန်းတွင်းက စီစဉ်ပေးလိမ့်မယ်။ "

ဝေမြို့တွင် တပ်စွဲထားခြင်းက ထူးထူးခြားခြားဖြစ်ရပ် သိပ်မရှိပေ။ စစ်သည်များကို လေ့ကျင့်ပေးခြင်းနှင့် ထောက်လှမ်းရေးကိစ္စများကို ကိုင်တွယ်ခြင်းလောက်သာရှိသည်။ ၎င်းက ငြိမ်းချမ်းသောကာလတွင် ချင်စစ်တပ်၏ အခြေအနေဖြစ်သည်။

တပ်မှူးများ ထွက်သွားပြီးနောက် ကျောက်ဖုန်းက တစ်ယောက်တည်း တွေးနေသည်။

" ချင်က ဟန်ကို ဖျက်ဆီးခဲ့တာ သုံးလတောင် မပြည့်သေးဘူး။ အဲ့ဒါကြောင့် လောလောဆယ် စစ်ပွဲကြီးကြီးမားမား ဖြစ်ဦးမှာမဟုတ်ဘူး။ သမိုင်းမှတ်တမ်းတွေအရ နောက်ထပ်ပစ်မှတ်က ကျောက်နိုင်ငံဖြစ်လိမ့်မယ်။ ဒါက ချင်နိုင်ငံ နိုင်ငံခြောက်ခုကို သိမ်းပိုက်ရာမှာ အခက်ခဲဆုံး အပိုင်းပဲ။ "

သမိုင်းကို ကောင်းကောင်း သိနေသော ကျောက်ဖုန်းက ထိုအသိပညာကို သူ့အတွက် အကျိုးရှိအောင် အသုံးချမည်ဖြစ်သည်။

" သမိုင်းမှာတော့ ဝမ်ကျန့်က ကျောက်နိုင်ငံကို ဖျက်ဆီးခဲ့တာပဲ။ ငါက ဒီဝေမြို့မှာ တပ်စွဲထားရပေမယ့် စစ်တပ်စွမ်းဆောင်မှုတွေ ရယူဖို့ အခွင့်အရေးရှိသေးတယ်။ နေ့စဉ်ကျင့်ကြံနေတာထက်စာရင် ရှေ့တန်းမှာ တိုက်ခိုက်နေရတာက ငါ့ရဲ့ စွမ်းရည်တွေကို ပိုပြီး မြန်မြန် တိုးတက်စေတယ်။ " ကျောက်ဖုန်းက သက်ပြင်းချပြီး တွေးလိုက်သည်။

All Chapters