← Chapters

အခန်း (၅၃၉)

Vol. 44 Ch. 539

အခန်း (၅၃၉)

Vol. 44 Ch. 539

အခန်း 539

ချန်ကျဲ့သည် ဘာမှမပြောဘဲ ထိုမုလန်လူမျိုးများကို မျက်လုံးမှေးကျုံ့ကြည့်နေခဲ့သည်။

ချန်ကျဲ့၏ဘေးရှိ ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ်၊ အဲဒီလူတွေက အရမ်းမောက်မာတာပဲ။ သူတို့ကို သင်ခန်းစာပေးဖို့လိုတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“သူတို့ကို အရေးစိုက်မနေနဲ့။ သူတို့ရဲ့နောက်မှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရှိတယ်။ ငါတို့ သူတို့ကို အပြစ်ပြုမိလို့ မဖြစ်ဘူး”

ရှောင်ဟူမှ ပြောသည်။

“ဟမ့် ကျွန်တော် ဒီမျန့်ရွှေမှာ အခြေချနေလို့သာပေါ့။ မဟုတ်လို့ကတော့ အဲဒီခွေးသူခိုးတွေကို သတ်ပြီး အဝေးကို ထွက်ပြေးလိုက်မှာ။ အဲဒါဆို သူတို့ ကျွန်တော့်ကို ဘာလုပ်နိုင်မှာတဲ့လဲ”

ချန်ကျဲ့သည် ဘာမှပြန်မပြောပေ။ ထိုစကားကြောင့် ချန်ကျဲ့သည် သူ့အပေါ် ကျေးဇူးတရားရှိခဲ့ဖူးသည့် နီဝမ်ကျွင့်ကို သတိရသွားခဲ့သည်။ အစ်ကိုနီလည်း ထိုသို့ စတင်ခဲ့ခြင်းပင်။ အရာရှိများကို သတ်ဖြတ်ပြီး ပုန်ကန်ခဲ့သည်။ ထို့နောက် ခရိုင်မင်းသမီးတစ်ပါး (ကျောက်မိန်/ကျောက်မင်/ကျောက်ယာ)ကိုပင် ပြန်ပေးဆွဲခဲ့လေသည်။

တစ်နှစ်တောင် ကြာသွားပြီ၊ အစ်ကိုနီလည်း ဘယ်လိုနေလဲမသိဘူး။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် မုလန်လူမျိုးအုပ်စုသည် ‌‌မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ဟန့်လူမျိုးများလည်း တစ်ဖန်ပြန်လည်၍ စုဝေးစည်ကားလာကြသည်။

သို့တိုင် အားလုံးသည် ခုနက ဖြတ်သွားသည့် မုလန်လူမျိုးအုပ်‌စုကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြဆဲပင်။

ချန်ကျဲ့သည် စူးယွင်ကျင်းနှင့် အခြားသူများနှင့်အတူ လမ်းများထဲ ဆက်လျှောက်ကြည့်ခဲ့ရာ လမ်းနှင့် မနီးမဝေးတွင် အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ချန်ကျဲ့ မျက်လုံးတို့မှေးကျုံ့လိုက်၏။

ချောင်ဟုန်ယန်

အမျိုးသမီးသည် ချန်ကျဲ့ကို ခေါင်းညိတ်ပြကာ အနားလာခဲ့ပါရန် အချက်ပြသည်။ ချန်ကျဲ့လည်း သေချာစဉ်းစားပြီးနောက်တွင် ဘေးရှိ စူးယွင်ကျင်းကို ပြောလိုက်သည်။

“ရှင်မ ကိုယ်ခဏလောက် သွားလိုက်ဦးမယ်”

ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။

“အင်း ရှင်လုပ်စရာရှိတာကို အရင်ဆုံးသွားလုပ်လိုက်ပါ”

ချန်ကျဲ့ ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ရှောင်ဟူကို ခေါ်လိုက်သည်။

“ဟူဇစ် သူတို့ကို သေချာစောင့်ကြပ်ပေးထား။ ဘာအန္တရာယ်မှ မဖြစ်စေနဲ့”

ထိုအခါ ရှောင်ဟူမှ ပြန်ပြောသည်။

“အစ်ကိုကျိုစစ် ကျွန်တော့်ကိုသာ ယုံကြည်ထားလိုက်ပါ”

ချန်ကျဲ့လည်း စိတ်ချထားလိုက်ပြီး အနက်ရောင်ဝတ်အမျိုးသမီးရှိရာသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် လျင်မြန်သည့် အရှိန်နှုန်းဖြင့် အကြိမ်ပေါင်းများစွာ လမ်းများထဲ ကွေ့ပတ်သွားနေပြီးနောက်မှ ပန်းပဲရုံသို့ ဝင်သွားခဲ့သည်။

သူတို့နှစ်ဦးသည် တံခါးဝမှ ဖြတ်မလျှောက်ဘဲ ပန်းပဲရုံခြံဝင်းထဲသို့ ခုန်ဝင်လိုက်ကြသည်။ အထဲရောက်သည်နှင့် ချန်ကျဲ့သည် သူ၏ရှေ့ရှိ အနက်ရောင်ဝတ်အမျိုးသမီးကို မေးလိုက်သည်။

“မိန်းကလေးဟယ့်လား မိန်းကလေးလျန်လားဗျ”

ထိုအခါ အနက်ရောင်ဝတ်အမျိုးသမီးသည် နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ ထိုအရေးမထားဟန်သော အပြုံးကို မြင်လိုက်ရသည်တွင် ဤအမျိုးသမီးမှာ ရိုးအသည့် ဟန်လျန် မဟုတ်ဘဲ ဟန်ဟယ့်ဖြစ်ကြောင်း ချန်ကျဲ့ ချက်ချင်း သိလိုက်သည်။

ထိုသို့တွေးမိသည်နှင့် ချန်ကျဲ့ ပြောလိုက်သည်။

“အို မိန်းကလေးဟယ့်ပါလား။ ဘာများညွှန်ကြားစရာရှိလို့ပါလဲ”

ဟန်ဟယ့်မှ ပြောသည်။

“ကျွန်မတို့ရဲ့သိုင်းကျမ်းကို ရှင် ယူသွားပြီးပြီ။ ရှင့်ရဲ့အစီအစဉ်ကရော ဘာများလဲ။ ကျွန်မတို့ပို့မယ့် စစ်သုံးပစ္စည်းတစ်သုတ်က ၅ရက်အတွင်း ပြီးတော့မှာ။ ပစ္စည်းတွေကို မြို့ပြင်ပို့ဖို့အတွက် ရှင် ဘယ်လို အစီအစဉ်ဆွဲထားလဲ။ သေချာစဉ်းစားထားပြီးပြီလား”

ထိုစကားတွင် ချန်ကျဲ့ တန့်သွားခဲ့သည်။ ထို့နောက် ပြောသည်။

“ကျုပ် နည်းလမ်းအချို့တော့ စဉ်းစားထားပြီးပါပြီ။ ဒါပေမဲ့ ပြင်ဆင်ဖို့အချိန်လိုသေးတယ်”

ထိုအခါ ဟန်ဟယ့်မှ ဆက်ပြောသည်။

“ဒါဆိုလည်း မြန်မြန်လုပ်ပါ။ မြောက်ပိုင်းဒေသရဲ့အခြေအနေက အရမ်းပြင်းထန်နေပြီ။ ဒီစစ်သုံးပစ္စည်းတစ်သုတ်ကို အရေးတကြီး လိုအပ်နေတယ်”

“ကျွန်မတို့ အကြာကြီး မစောင့်နိုင်ဘူး”

ချန်ကျဲ့မှ ပြောသည်။

“အင်း ကျုပ်သိပါတယ်။ တတ်နိုင်သမျှ မြန်မြန်လုပ်ပေးပါ့မယ်”

ထိုအခါ ဟန်ဟယ့်မှ ထပ်ပြောသည်။

“အို ဟုတ်သား၊ ကျွန်မ ဒီနေ့ ရှင့်ကိုလာတွေ့တာ တခြားကိစ္စလည်း ရှိသေးတယ်။ ရှင့်ရဲ့လှံကို သွန်းလုပ်ပြီးသွားပြီ”

စကားအဆုံး၌ စွင်းထျဲချွေ့သည် လှံ၏ အပိုင်းတိုနှစ်ခုကို ကိုင်လျက် ထွက်ပေါ်လာကာ လှံအား ချန်ကျဲ့ကို ပစ်ပေးလိုက်သည်။

“ဖမ်းလိုက်”

ချန်ကျဲ့ လှံကို ဖမ်းမိလိုက်သည်။ လှံ၏ အလေးချိန်နှင့် နွေးထွေးမှုငွေ့ငွေ့ကို သူ၏လက်တွင် ခံစားမိနေ၏။ ဤသည်မှာ အထဲတွင်ပါဝင်သည့် မီးသံမဏိ၏ သက်ရောက်မှုကြောင့် ဖြစ်နိုင်ပေသည်။

ချန်ကျဲ့သည် လက်ဖြင့် ခပ်ဆတ်ဆတ် တစ်ချက်တောက်ကာ လှံ၏အလယ်ပိုင်းကို လှည့်၍ အနီရင့်ရောင် လှံရှည်အဖြစ် ပြောင်းလဲလိုက်သည်။

လှံသည် နှစ်မီတာခန့် ရှည်လျားပြီး ‌ထိပ်တွင် လေ့လံသည့် သံတ္တုထိပ်ဖျား ပါရှိသည်။ မီးသံမဏိတစ်ဝက်ကို ၎င်းလှံထိပ်ဖျားတွင် အသုံးပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် လှံထိပ်ဖျားသည် အနီရောင်ဖြစ်နေကာ မီးလျံပုံများ ထွင်းထုပုံဖော်၍ တန်ဆာဆင်ထားသည်။

လှံကိုယ်ထည်ကိုမူ ပင်းထျယ်သံမဏိနှင့် ကျန်ရှိသော မီးသံမဏိများကို အသုံးပြုသွန်းလုပ်ထားကာ အနီရောင်နဂါးသဏ္ဍာန်ကို ထွင်းထုပုံ‌ေဖာ်ထားသည်။

ချန်ကျဲ့သည် ဤလှံမှာ သူလိုချင်သည့်အတိုင်း ချွင်းချက်မရှိ ကိုက်ညီသည့်အတွက် အသိအမှတ်ပြုမိရသည်။ ချန်ကျဲ့သည် လှံသိုင်းကွက်များကို ထုတ်သုံးကြည့်လိုက်သည်။ နောက်ဆုံးသောတိုက်ကွက်ဖြင့် ခြံဝင်းနံရံကို ထိုးဖောက်ပစ်လိုက်၏။ ဤလှံ၏ ထက်ရှမှုမှာ သံမဏိတုံးကို ရွှံ့တုံးအလား လှီးဖြတ်နိုင်လောက်သည့် တုနှိုင်းမဲ့သော ထက်ရှမှုမျိုးပင် ဖြစ်တော့သည်။

ကောင်းလိုက်တဲ့လက်နက်ပဲ

ချန်ကျဲ့ အသိအမှတ်ပြုလိုက်သည်။ စွင်းထျဲချွေ့မှ မေးသည်။

“ကဲ ဘယ်လိုနေလဲ”

ချန်ကျဲ့ ပြုံးလိုက်သည်။

“လက်နက်ကောင်းတစ်လက်ပါပဲ။ ဆရာစွင်းက တကယ့်ကို အမည်ကျော်ကြားမှုနဲ့ ထိုက်တန်ပါတယ်”

စွင်းထျဲချွေ့မှ အသိအမှတ်ပြုသည်။

“အင်း ကျုပ် မင်းရဲ့လှံအတွက် အများကြီး အားစိုက်ထုတ်ခဲ့တယ်။ ဒီလှံက မင်းလက်ထဲမှာဆို သူ့ရဲ့ထူးခြားပြောင်မြောက်မှုကို ပြသနိုင်မှာပါ။ အို ဟုတ်သား၊ မင်း သူ့ကို နာမည်ပေးသင့်တယ်”

ချန်ကျဲ့ ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း နာမည်ပေးလိုက်သည်။

“မီးနဂါး”

ရိုးရှင်းသော်ငြား အင်အားပြည့်ဝ၏။ ၎င်း၏ အသွင်အပြင်နှင့်လည်း ကိုက်ညီသည်။ စွင်းထျဲချွေ့မှ မှတ်ချက်ပြုသည်။

“နာမည်ကောင်းပဲ”

အနည်းငယ်မျှ စကားစမြည်ပြောဆိုပြီးနောက် ချန်ကျဲ့ ချောင်ဟုန်ယန်ဘက်သို့ လှည့်ပြောလိုက်သည်။

“မိန်းကလေးလျန်အာရောဗျ”

ထိုစကားတွင် ချောင်ဟုန်ယန်သည် ကူကယ်ရာမဲ့ဟန်သော မျက်နှာအမူအရာဖြင့် လမ်းဘက်သို့ မျက်နှာလှည့်သွားတော့သည်။

…

“ငါအရင်မြင်တာ”

“မဟုတ်ဘူး၊ ငါအရင်မြင်တာ”

လမ်းမထက်၌ အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦးနှင့် ကလေးမလေးတစ်ဦးသည် သူတို့ရှေ့ရှိ အသားပေါက်စီကြီးတစ်ခုအား ပေါက်ထွက်လုမတတ် စိုက်ကြည့်နေကြသည်။ အရှေ့မြို့ရှိ ကျောက်မိသားစုပေါက်စီဆိုင်သည် အမည်ကျော်ကြားသည်။ အထူးသဖြင့် အသားစွပ်ပြုတ်ပေါက်စီသည် နာမည်အကြီးဆုံးဖြစ်သည်။

ကျောက်မိသားစုပေါက်စီဆိုင်သည် ဆိုင်ဖွင့်သည်နှင့် ခဏတွင်းချင်းပင် ရောင်းကုန်သွားခဲ့ပြီး နောက်ဆုံးကျန်သည့် တစ်ခုတည်းသော အသားစွပ်ပြုတ်ပေါက်စီအတွက်မူ ဝယ်သူနှစ်ယောက်‌ ရောက်လာခဲ့သည်။

တစ်ယောက်မှာ မျက်နှာထက်တွင် အမာရွတ်ရှိသည့် အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦး ဖြစ်သည်။

နောက်တစ်ယောက်မှာ ၅နှစ်၊၆နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး အတော်လေး သတ္တိကောင်းလေသည်။ ထိုကလေးမလေး၏နောက်တွင် တစ်ဝက်ခန့်မျှ အရွယ်ရောက်ပြီဟု သတ်မှတ်နိုင်သည့် ကောင်လေးတစ်ယောက်လည်း ပါသည်။

လက်ရှိတွင် ထိုနှစ်ဦးသည် ပေါက်စီတစ်လုံးအတွက် ငြင်းခုံနေကြလေသည်။

“ရွေ့ရွေ့ တော်လောက်ပြီ။ ဆရာမေမေ စိတ်ပူနေတော့မယ်”

“မရဘူး။ ဒီပေါက်စီက ငါ့ဟာပဲ”

ကောင်လေးသည် အနည်းငယ် ထိတ်ပျာနေလျက် အမျိုးသမီးအား ပြောသည်။

“မိန်းကလေး ကျေးဇူးပြုပြီး ဒီပေါက်စီကို ကျွန်တော်တို့ကို ပေးလိုက်ပါလား။ ကျွန်တော်တို့ ‌ပိုက်ဆံနှစ်ဆပေးပါ့မယ်။ မိန်းကလေးအတွက် ပေါက်စီ နောက်တစ်သုတ်ကိုလည်း စောင့်ဝယ်ပေးပါ့မယ်”

“မရဘူး၊ ငါ ဒီတစ်ခုပဲ လိုချင်တယ်”

အမျိုးသမီးသည်လည်း နည်းနည်းလေးမှ အလျှော့မပေးချေ။

သူတို့နှစ်ဦး ငြင်းခုံနေစဉ် အဝေးတစ်နေရာမှ ငိုကြွေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အား သခင်ကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ဇနီးကို လွှတ်ပေးပါဗျာ။ ကျွန်တော် တောင်းပန်ပါတယ်”

“ခွေးကောင်”

ဘုန်းခနဲအသံနှင့်အတူ တောင်းပန်နေသည့် အမျိုးသားမှာ ကန်ထုတ်ခံလိုက်ရ၏။ မုလန်လူမျိုးတစ်ဦးနှင့် ထိုသူ၏ အိမ်တော်အစေခံများစွာသည် လှပသည့် အိမ်ထောင်သည်အမျိုးသမီးကို ဝန်းရံထားကာ ထိုအိမ်ထောင်သည်အမျိုးသမီးအား ကာမဂုဏ်ကျူးလွန်စော်ကားရန် ပြင်နေကြသည်။

ထိုအခါ အနီးဝန်းကျင်ရှိ လူများသည် အမြန် ဘေးကပ်ဖယ်‌လိုက်ကြသည်။ မည်သူမျှ ရှေ့ထွက်မကူညီရဲကြပေ။ အားလုံးသည် စိတ်ထဲတွင် ဒေါသမီးတောက်လောင်နေကြသော်ငြား ထုတ်မပြောဝံ့ကြပါချေ။

မုလန်လူမျိုးတစ်ယောက်ကို အသက်နဲ့ရင်းပြီး သူတို့ ဘယ်လိုလုပ်ပြီး တားရဲပါ့မလဲ။

မုလန်လူမျိုးတွေ သူတို့ကို သတ်ပစ်ဖို့က အရမ်းလွယ်လွန်းတယ်။ မြည်းတစ်ကောင် လျော်လိုက်ရုံနဲ့ ပြီးသွားမှာလေ။

ထိုအခိုက်အတန့်၌ ထိုမုလန်လူမျိုး အထက်တန်းလွှာလူကြီးသည် အိမ်ထောင်သည်အမျိုးသမီးကို ဖမ်းချုပ်ထားကာ အဝတ်များကို ဆွဲဖြဲပစ်ရန် အသင့်ပြင်နေသည်။ အမျိုးသမီးသည် ရုန်းကန်အော်ဟစ်နေခဲ့၏။

“မလုပ်နဲ့ မလုပ်ပါနဲ့”

ဖြန်း

မုလန်လူမျိုးသည် ထိုအမျိုးသမီးကို ရုတ်တရက် ပါးရိုက်ပစ်လိုက်သည်။

ရိုက်ချက်မှာ ပြင်းလွန်းသောကြောင့် အမျိုးသမီး၏ ခံတွင်းထဲတွင် သွေးများ ပြည့်လျှံသွားရလေသည်။ မုလန်လူမျိုးသည် ထိုအမျိုးသမီးကို စိုက်ကြည့်လျက် ကြိမ်းမောင်း၏။

“ငါ မင်းကို သဘောကျတာကို မင်းကိုယ်မင်း ဂုဏ်ယူသင့်တာပေါ့ ကံကောင်းမှုကို တွန်းထုတ်ပစ်မနေစမ်းနဲ့”

“ကယ်ကြပါ၊ တစ်ယောက်ယောက် ကူညီကြပါ”

အိမ်ထောင်သည်အမျိုးသမီးသည် ကျယ်လောင်စွာ အော်ဟစ်၍ အကူအညီတောင်းခံနေခဲ့သည်။ ထိုအခါ မုလန်လူမျိုးသည် ရယ်မော၏။

“လုပ်လေ ဆက်အော်လေ။ မင်းအော်လွန်းလို့ လည်ချောင်းကွဲသွားရင်တောင်မှ ဘယ်သူမှ…”

ဒုတ်

ထိုစဉ် ပေါက်စီတစ်လုံး ပျံဝဲလာပြီး ထိုမုလန်လူမျိုး၏ မျက်နှာတည့်တည့်ကို ထိမှန်သွားလေသည်။ ပေါက်စီအတွင်းထဲရှိ စွပ်ပြုတ်ရည်များ ထွက်ကျလာသဖြင့် မုလန်လူမျိုးမှာ နာကျင်စွာ အော်ဟစ်ရသည်အထိ အပူလောင်သွားခဲ့သည်။

“ဘယ်သူလဲ”

ထိုစဉ် ထွက်ပေါ်လာသည့်အသံမှာ ကလေးငယ်တစ်ဦး၏ အသံဖြစ်နေခဲ့သည်။

“လူဆိုးကြီး၊ အဲဒီဒေါ်ဒေါ်ကို လွှတ်ပေးလိုက်စမ်း”

All Chapters