အခန်း (၁-၃)
Vol. 1 Ch. 1-3
over power system)Book1
1)
2025ခုနှစ် သြဂုတ်လ 8ရက်နေ့ မနက်ခင်း8နာရီအချိန် ခါ သမယ၌.....ဥသြ သံကြီးသည် ရုတ်ခြင်းဆိုသလို ထွက်ပေါ်လာလေတော့သည်။
ထိုအသံထွက်ပေါ်လာသည်နဲ့မီးသတ်ရုံးရှိ လူများကလည်း တခဏတာအတွင်းလျင်မြန်စွာ လှုပ်ရှားလိုက်ကြလေသည်။
ငါးမိနစ်ဟူသော အချိန်အတွင်း မြန်ဆန်စွာ လုပ်ဆောင်ပြီးမီးသတ်ကားကို မီးလောင်လာနေရာသို့ ဦးတည်လာခဲ့ကြလေသည်။
မီးသတ်သမားတို့မောင်းနှင်လာသော မီးသတ်ကားလေးစီးသည် မိမိတို့သတင်းရထားသော မီးလောင်ရာနေရာသို့ မိမိတို့အမြန်ဆုံးသော အရှိန်ဖြင့် မောင်းနှင်လာခဲ့ကြလေသည်။
မီးသတ်ကားသံ ကြားသည်နဲ့လမ်းတွင် ရှိသမျှသော ကားတို့သည် မီးသတ်ကားသွားလာနိုင်ရန်အတွက် လမ်းဖယ်ပေးကြလေသည်။
ထို့ကြောင့်လည်း မီးသတ်ကားသည်လျင်မြန်စွာပင် မီးလောင်ရာနေရာသို့ဆယ်မိနစ်အတွင်းရောက်ရှိလာကြတော့မည်ဖြစ်လေသည်။
မီးလောင်နေသော အိမ်သည် နှစ်ထပ်ဆောက်လုပ်ထားသော သစ်သားအိမ်ဖြစ်၏။
မီးလောင်ရခြင်းမှာ အိမ်ရှင်မိဘနှစ်ပါးက ကလေးသုံးယောက်ကို အိမ်တွင်ထားကာ အလုပ်ကိစ္စဖြင့်အပြင်သွားကြချိန်တွင် အိမ်တွင်းလျှပ်စစ်ဝိုင်ယာကြိုးမှ ရှော့ဖြစ်ကာစတင်လောင်ကျွမ်းခြင်းဖြစ်လေသည်။
မီးလောင်နှုန်းမှာ မြန်ဆန်လှရာ တခဏအတွင်းတစ်အိမ်လုံးနီးပါးကို လောင်ကျွမ်းခါနီးဖြစ်သွားလေသည်။
မီးခိုးများ မည်းသည်းကာ တက်လာသောကြောင့်မကြာမီမှပင် ပတ်ဝန်းကျင်ရှိလူများက သတိထားမိကာ မီးသတ်ဌာနကို အကြောင်းကြကြလေ၏။
အခင်းဖြစ်ပွားရာ မီးလောင်သော နေရာတွင် လူများသည် မီးလောင်သောအိမ်ကို မိမိတို့တတ်နိုင်သော အားဖြင့် သဲအိတ်ဖြင့် သော်လည်းကောင်းရေပုံးများဖြင့်လည်းကောင်း ပတ်ပြီးမီးငြိမ်းကြလေသည်။
သို့သော် မီးမှာလွန်စွာကြီးမားရာ မငြိမ်းသက်နိုင်ဘဲရှိလေသည်။
"ကယ်ကြပါဦး"မီးလောင်သောနေရာမှ ကလေးသူငယ်သုံးယောက်အော်သံကို ကြားရသော လူများစိတ်မကောင်းစွာဖြစ်ရလေသည်။
ကလေးသုံးယောက်သည် 12နှစ်10နှစ်8နှစ်သားများဖြစ်ကြကာ အပေါ်ထပ်တွင်ရှိကြလေသည်။
ကလေးငယ်များမှာ သေမည်ကို ကြောက်သောကြောင့် ရှိသမျှသော အားကိုသုံးကာ အော်ဟစ်နေကြလေသည်။
မီးသည်ကြီးမားလာသောကြောင့်မိမိတို့အစွမ်းကုန် အကူညီတောင်းကြလေသည်။
အစပိုင်းတွင် ကလေးငယ်သုံးယောက်သည် တံခါးမှပြေးရန် ကြံသော်လည်း မိဘမှ တံခါးကိုသော့ခတ်ထားခြင်းဖြစ်ရာ ထွက်နိုင်ခြင်းမရှိ။
ပြတင်းပေါက်နေရာကိုလည်း မီးလောင်နေသည်ဖြစ်ရာ ထွက်ရန်မဖြစ်နိုင်တော့ချေ။
ကလေးငယ်များကို ကူညီချင်သော်လည်း မီးပမာဏကကြီးရာ ဘယ်သူမှ မဝင်နိုင်ချေ။
ထို့ကြောင့် မီးလောင်မှု လျော့စေရန် မိမိတက်နိုင်သော သဲအိတ်ဖြင့် မီးလောင်သည်ကို ငြိမ်သက်ခြင်း ရေဖြင့်ငြိမ်းခြင်းကို တတ်နိုင်သမျှလုပ်နေကြသည်။
"အယ် လုပ်ကြပါဦး လူတစ်ယောက်ဝင်သွားပြီတော့""ဟာ ဘယ်သူလဲဟ အဲ့လိုလုပ်တာ""သူကဂျက်ပဲ ""ဘာ ဂျက်လား"စကားသံများက ပွက်လောရိုက်သွားကြလေသည်။
ဂျက်ဆိုသောလူတစ်ယောက်သည် မီးထဲသို့ သံတူရွှင်းကြီးကို ကိုင်ကာ ပြေးဝင်သွားလေ၏။
သူ့ကို သူလည်း ရေစိမ်ထားသော အဝတ်စိုကို ပတ်စီးနှောင်ထားလေသည်။
မီးအပူဒဏ်ကို ခံနိုင်ရန်ရှိရန် အလို့ငှာ လုပ်ဆောင်ထားခြင်းဖြစ်လေသည်။
သူ၏လျှပ်တပြတ်လုပ်ဆောင်မှုကြောင့် လူများက အံသြမင်သက်ကြရလေသည်။
ဂျက်သည် ရေစိမ်ထားသောအဝတ်စိုကိုစည်းနှောင်ထားကာမီးလောင်သော အိမ်ထဲသို့ပြေးဝင်၏။
ထို့နောက် အိမ်အပေါ်ထပ်ရှိ တံခါးကို မိမိယူဆောင်လာသော သံတူရွှင်းဖြင့် တံခါးကို ခတ်ထားသောသော့ကို ရိုက်ဖွင့်လေ၏။
"ကဲ ဟာ ကဲဟာ"ဆယ်ချက်မျှ ကြာသောအခါ တံခါးတွင်ခတ်ထားသော သော့သည် ပျက်စီးသွားတော့သည်။
သော့ပျက်သည်နဲ့ သံတူရွှင်းကို ပစ်ချကာ ကလေးများကိုသွားရောက်ကယ်ဆယ်၏။
သုံးယောက်လုံးကိုတစ်ပြိုင်တည်းကယ်ထုတ်ရန်မဖြစ်နိုင်သောကြောင့်အငယ်ဆုံးကလေးနှစ်ယောက်ကို ဦးစွာကယ်ထုတ်ရန် ဆုံးဖြတ်လိုက်၏။
ကလေးများအား မီး ဟပ်မှုမရှိစေရန် မိမိခြုံလာသော ရေ စိုအဝတ်နှစ်ထည်ကို ကလေးတစ်ယောက်လျှင် တစ်ထည်စီခြုံပေး၏။
ဂျက်သည် မိမိအားမီးဟပ်မှုမှ ကာကွယ်နိုင်ရန် အဝတ်စိုနှစ်ထည်ကိုရေစိမ်ပြီးမိမိကိုယ်မိမိဝတ်ဆင်လာခဲ့ခြင်းလည်းဖြစ်လေသည်။
အပြင်ရှိလူများကတော့ ရင်ထိတ်သဲဖိုဖြစ်နေကြလေသည်။
မိမိတို့ရှေ့၌ ကလေးများအား လူတစ်ယောက်မှ အသက်စွန့်ကယ်တင်နေသည်မဟုတ်ပါလား။
လူကြီးများက မိမိတတ်စွမ်းသလောက်မီးငြိမ်းအောင်လုပ်နေကြသလို အမယ်အို အဖွားကြီးများကလည်း ကလေးငယ်များနဲ့ ကယ်တင်သူတို့ အန္တရာယ်ကင်းစေရန် ဆုတောင်းနေကြလေသည်။
ဂျက်ကဲ့သို့ စွန့်စားကာ ကယ်တင်သူမရှိ အဘယ်ကြောင့်ဆိုသော် လက်ရှိလောင်နေသော မီးသည်လွန်စွာမှ ကြီးမားရုံသာမက မိမိတို့ကို ရိုက်ခတ်နေသော မီးအပူရှိန်ကိုပင် မခံနိုင်ကြပေ။
နောက်တစ်ချက်ကား သေမည်ကိုကြောက်ကြသောကြောင့်ပင်ဖြစ်လေ၏။
"ကျား"အော်သံကြီးနဲ့ ဂျက်လည်း ကလေးနှစ်ယောက်ကိုကယ်ထုတ်လာနိုင်ခဲ့လေသည်။
ကလေးနှစ်ယောက်ကို ကယ်ထုတ်ပြီးသည်နဲ့ ကလေးငယ်နှစ်ယောက်မှာပတ်ထားသော နှ စ်ထည်ကို အနီးနားရှိ ရေပုံးတွင်ရေပြန်စိမ်ကာ ချက်ချင်းပင် အိမ်ထဲသို့ ပြန်ပြေးဝင်သွားလိုက်လေသည်။
အိမ်ထဲတွင် ကလေးငယ်တစ်ယောက် ကျန်ရှိနေသေးသည်မဟုတ်ပါလား။
ထိုအချိန်မှာပင် မီးသတ်ကားများရောက်လာကာမီးသတ်ရန် ပြင်ဆင်လိုက်ကြလေသည်။
ဂျက်ကတော့ အထဲက 12နှစ်ကလေးဆီသာ အပြေးလွှားသွားပြီး သွားရောက်ကယ်တင်နေသည်။
12နှစ်သားကလေးငယ်ဆီရောက်သည် နဲ့ မိမိဆီမှ ရေစိုအဝတ်စိုတစ်ထည်ကို အလျင်မြန်ခြုံပေးလိုက်ကာ ကလေးငယ်ကို မှကာ ပြန်လည်ပြေးထွက်လာလေသည်။
အပေါက်ဝနားရောက်ခါနီး ပြသနာစတင်ကြုံရလေသည်။
မီးစွဲနေသော သစ်သားတန်းများမှ ကျိုးပဲ့ပြုတ်ကျလာလေသည်။
"အား"ထိုမီးစွဲနေသော သစ်သားချောင်းသည် ဂျက် ချီလာသော ကလေးငယ်ပေါ်သို့ပြုတ်ကျလာသည်ဖြစ်၍ကလေးငယ်ကိုမထိတွေ့ရန် အလှည့်တွင်ဂျက်၏ကျန်လက်တစ်ဖက်ကို ရိုက်ခတ်မိသွားခြင်းပင်။
ထိုသစ်သားချောင်းကျပြီးနောက်ပိုင်းမှာဝုန်းခနဲဆိုသလိုဆက်တိုက်မည်လာလေသည်။
ထိုသို့ဖြစ်ပေါ်မှုကြောင့်ဝင်ပေါက်မှာ တစ်ယောက်စာသာဟနေ လေသည်။
ထိုဖြစ်ရပ်ကိုမြင်သော လူများကလည်း လွန်စွာရင်ထိတ်သဲဖို ဖြစ်ကြလေသည်။
မီးမှာအရှိန်ကြီးရာ ဘယ်သူမှ မဝင်နိုင်ကြ။
မီးသတ်သမားများမှာ အရင်ဆုံးမီးသတ်ပိုက်ဖြင့် မီးပမာဏနည်းပါးအောင် ရေငြိမ်းသတ်နေရလေသည်။
ထိုချိန်တွင် မမျှော်လင့်ထားသော ဖြစ်ရပ်ပေါ်ပေါက်လာလေသည်။
တစ်ယောက်ယောက်က ပစ်လွှင့်လိုက်သကဲ့သို့ အဝတ်စိုပတ်ထားသော အရာက မီးထဲမှ ထွက်ကာ အပြင်ဘက်၌ ကျလာလေသည်။
ကျလာသော အရာသည်12နှစ်ရွယ်ကလေးငယ်ဖြစ်နေလေသည်။
"ဟာ ဒါက ကလေးပဲ ဒါဆိုဂျက်က"ဝုန်း...မီးလောင်နေသောအိမ်ကြီးမှာ ကလေးငယ်အပြင်ရောက်ပြီး စက္က န့်ပိုင်းအတွင်း၌ ပြိုကျကုန်ပြီးဖြစ်လေသည်။
နောက်ထပ် နှစ်ဆယ်မိနစ်ကြာမှသာမီးငြိမ်းသတ်နိုင်ခဲ့ကြလေသည်။
ထိုအချိန်တွင် ဂျက်ကား အသက်မရှိတေ့ာပေ။
ပတ်ဝန်းကျင်ရှိ လူများကတော့ ဂျက်ကို လေးစားကာ ဝမ်းနည်းပူဆွေးနေကြသည်။
သို့သော် ထိုအခြေနေများကို ဂျက်၏နာမ်ကတော့ မသိနိုင်တော့ပေ။
အကြောင်းမှာထူးဆန်းသောတစ်နေရာ၌ အိပ်ပျော်နေသောကြောင့်ပင်။
ထိုနေရာ၌ ကြီးမားသောစားပွဲကြီးတစ်ခုရှိလေသည်။
ထိုစားပွဲကြီးတွင် အရှိန်ဝါကြီးမားသောလူကြီးက သူ၏ရှေ့မှစာအုပ်ကို သေချာလှန်လျောကြည့်ရှုနေလေ၏။
စာရွက်တွင်ဂျက်၏ဘဝမှတ်တမ်းကို ရေးထားလေ၏။
ဂျက်အသက်35နှစ် မိဘနှစ်ပါးမှသူ့ကားမွေးပြီးမကြာမီတွင် ဘုရားကျောင်း၌ ပစ်ထားခဲ့လေသည်။
သင်းအုပ်ဆရာမှပြုစုပျိုးထောင်ခဲ့၍သာ ကြီးပြင်းလာခြင်းဖြစ်၏။
၊ ပညာသင်ယူစေသဖြင့်အထက်တန်းအောင်၏။
အောင်ပြီး တက္က သိုလ်ဆက်လက်မတက်ရောက်ပဲ မြို့ထဲတွင် လူပေါ်လူကြော့အဖြစ်နေ၏။
အလုပ်ကိုင်ဟူ၍ မည်မည်ရရမရှိ။
ကျောင်းတွင်စားပြီးလျှင် 109110သာ နေ၏။
မီးထဲရှိသော ကလေးငယ်များကို ကယ်ဆယ်ရင်းသေ၏။
ထိုအထိမျှ စာရွက်တွင်ရေးမှတ်ထားသည်ကို တွေ့ရလေ၏။
"ဒီကောင်က တော်တော်ထူးခြားတဲ့ကောင်ပါလား "လူကြီး ဂျက်ကို သဘောကျ၏။
ထို့ကြောင့်မည်သို့မည်ပုံသေဆုံးရခြင်းကို ကြည့်ရန်သူ၏လက်ကိုဝေ့ရမ်းလိုက်၏။
လူကြီး၏ရှေ့၌ မြင်ကွင်းတစ်ခုကပေါ်လာလေ၏။
ထိုမြင်ကွင်းသည်မီးလောင်သည်နေရာမှ စတင်ကာပြသလေ၏။
ဂျက်ဝင်ရောက်ကယ်တင်ပုံ ကိုလည်း အသေးစိတ်အချက်လက်ကျကျပြသသေး၏။
ထို့နောက် မီးထဲ၌ဂျက်ဆုံးပါးသွားကာ သူ၏နာမ်သည် ယခုလက်ရှိနေရာသို့ မေ့မြောလျက်ရောက်လာပုံဖြင့်အဆုံးသတ်ထားလေသည်။
ဂျက်မီးထဲသို့ခုန်ဝင်သွားပုံ မည်သို့ကယ်တင်ပုံကို ကြည့်ကာ လွန်စွာသဘောကျသွားလေ၏။
အထူးသဖြင့်ဝင်ပေါက်တစ်နေရာစာသာ လွတ်နေချိန်တွင် တွေဝေခြင်းမရှိ ကလေးငယ်ကို အသက်ရှင်စေရန်လုပ်ဆောင်သော ဆုံးဖြတ်ကို အထူးနှစ်သက်လေသည်။
"လက်အောက်ငယ်သား ရေ""ရှိပါတယ် သခင် "စာရင်းကိုင်ကဲ့သို့ တစ်ယောက်က ပေါ်လာရလေ၏။
အရှိန်ဝါရှိသောလူကြီးမှ"သူ့ကို အနှိုင်းမဲ့ ပေးပြီး နောက်ဘဝ ဝင်စားခိုင်းလိုက်ပါ"ထိုစကားကြောင့် ရပ်နေသော သူတုန်လှုပ်သွားလေသည်။
"သခင် ဒါကမဖြစ်နိုင်""ဘာလို့မဖြစ်နိုင်ရမှာလဲ သူ့လိုလူရှိသေးလာ မင်းစာရင်းစစ်ပြီးငါ့ကိုပြောပြစမ်း"အရှိန်ဝါနဲ့လူကြီး အနည်းငယ်ဒေါသ ထွက်ဟန်ဖြင့်ပြောလိုက်၏။
"ယခုလက်ရှိ ရှိနေတဲ့နာမ်(ဝိညာဥ်)လူပေါင်းခြောက်ဆယ့်ငါးကုဋေမှာ(ခက်ခဲသောအခြေ နေ အသက်ဘေးအန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်သူတစ်ပါးတွက် မိမိအသက်စွန့်လွတ်ရန် ဝန်မလေးတတ်သူ) သူ့လိုမရှိပါဘူး "စာရင်းကိုင် သေချာကြည့်ရှုပြီးပြန်ပြောလိုက်လေသည်။
"ဒါကြောင့် သူ့ကိုအနှိုင်းမဲ့ပေးလိုက်ပါ သူ့လ်ိုလူကထူးခြားလို့ငါပေးလိုက်တာ""နားလည်ပါပြီ သခင်"ထိုစာရင်းကိုင်သည် သူ၏စာရင်းစာအုပ်တွင်ဂျက်၏စာရွက်ကို ရှာလိုက်လေသည်။
ရှာတွေ့သည်နဲ့ စာကြောင်းအနည်းငယ်ရေးပြီး ပစ္စည်းတစ်ခုကိုဂျက်၏အိပ်နေသော နာမ်ဆီသို့ ပို့ဆောင်လိုက်လေသည်။
ထိုပစ္စည်းသည် ဂျက်၏နာမ်ဖြင့် ပေါင်းစပ်ပြီးသည်နဲ့လောကပေါင်းများစွာထဲမှ တစ်နေရာသို့အလင်းကဲ့သို့သော အမြန်နှုန်းနဲ့ သွားကာ မကြာမီတွင်ပျောက်ကွယ်သွားလေ၏။
ဂျက်တစ်ယောက် အိမ်မက်မက်နေသလ်ိုခံစားလိုက်ရ၏။
ခေါင်းမှာလည်း ထူပူနေကာ မှတ်ဉာဏ်များကိုပြန်လည်စဥ်းစားနေရလေ၏။
ထိုအချိန်တွင်..ဂျက်၏နားထဲ၌..."မဂ်လာပါ သခင်ဂျက် ကျနော်မျိုးကတော့ အနှိုင်းမဲ့ပါ"
2)
မိမိအားခေါ်နေသော အသံကိုကြားပြီးခနအကြာ၌လူကောင်းတစ်ယောက်ကဲ့သို့ဖြစ်လာပြီဖြစ်လေသည်။
"အင်း ငါသေခဲ့ပြီးပြီပဲ "မိမိမှတ်မိသည်က မီးလောင်နေသောအိမ်ထဲမှကလေးငယ်အား အပြင်ဘက်သို့ပစ်လွင့်ပြီးစက္ကန့်ပိုင်း၌မီးစွဲပြုတ်ကျလာသောသစ်သားချောင်းကြောင့် ခေါင်းကိုထိခိုက်ကာ မေ့လဲသွားပြီး ယခုရုတ်ချင်းဆိုသလ်ိုပြန်လည်သတိရလာခြင်းပင်။
"ဒါက ငါဖတ်ဖူးတဲ့ဝတ္ထုတွေထဲကလို ပြန်လည်ဝင်စားတာပဲနေမှာ"ဂျက် ယခုလက်ရှိမိမိရောက်နေသော ကိုယ်ခန္ဓာ ကိုပြန်လည်စစ်ဆေးနေလေသည်။
မူလပိုင်ရှင်သည် ခေါင်းထိထားသောဒဏ်ရာကြောင့်သေလွန်သွားသည့်အချိန် ထိုကိုယ်ခန္ဓာထဲဝင်ရောက်လာခြင်းဖြစ်လေသည်။
ထိုကိုယ်ခန္ဓာပိုင်ရှင်နာမည်ကဂျိ တ် (jake)ဖြစ်လေသည်။
"သခင် စိုးရိမ်မနေပါနဲ့တော့ ကျနော်ပြန်လည်ကုသပေးထားပါတယ် ""မင်းကဘယ်သူလဲ "ဂျက်ထိုအသံကြောင့် သေချာမေးမြန်းလေသည်။
"ကျနော်ကတော့ သခင်နာမ်နဲ့အတူပါလာတဲ့ အရာပါသခင်နားလည်အောင်ပြောရမယ်ဆိုရင် ကျနော်ကစနစ်တစ်ခုပေါ့"ဂျက်ပျော်ရွှင်သွား၏။
မိမိပြန်လည်ဝင်စားရာ၌ စနစ်တစ်ခုပါ ပါလာသည်မဟုတ်ပါလား။
သို့သော် ရုတ်ချင်းတွေးမိပြန်လေသည်။
(မဟုတ်သေးဘူး ငါချက်ချင်းပျော်လို့မဖြစ်သေးဘူး ပေါက်ကရစနစ်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ ရှုကြွယ်(ဟန်ထုတ်စနစ်)လိုအများတကာရှေ့မှာလဲဟိတ်ဟန်မထုတ်ချင်ဘူး ရှလေ (စူပါမုန်းတီးခြင်းစနစ်)လိုမုန်းအောင်လုပ်ပြီး မှ ကြမ်းတာမျိုးလဲ မဖြစ်ချင်ဘူး)"ဒါဆို မင်းကဘာစနစ်လဲ ပြီးတော့ငါ့ကိုသေချာရှင်းပြပါ""ကျနော်က အနှိုင်းမဲ့ စနစ်လို့ခေါ်လို့ရပါတယ်သခင်ကျနော်က သခင်ဖတ်ဖူးသလို တာဝန်တွေပေးပြီးအောင်မြင်မှဆုလာဒ်ပေးတဲ့စနစ်တွေထဲကလို့ထင်ရင် မှားသွားမှာပေါ့""ဒါဆို မင်းက ဘာစနစ်လဲပြောပါပြော.."ဂျက်လွန်စွာစိတ်လှုပ်ရှားနေပြီဖြစ်လေသည်။
"သခင် ကိုယ်တိုင်ပဲ ကြည့်ရအောင် ကျနော် ဖန်ရှင်အနေနဲ့ပြသပါမယ်"အသေးစိတ်သောအချက်လက်ပုံစံများဖြင့် ပေါ်လာသည်ကို ဂျက်တွေ့လိုက်ရလေသည်။
ထိုအရာများကို ဂျက်တစ်ဦးတည်းသာတွေ့မြင်ရမည်ဖြစ်လေသည်။
အမည်...ဂျိတ်(jake)အသက်......24နှစ်..အခြေနေ...သာမန်စနစ်..အနှိုင်းမဲ့စနစ်လုပ်ဆောင်ရန်တာဝန် ...မရှိစနစ်အစွမ်း...ပိုင်ရှင်အလိုရှိသမျှသော အရာဝတ္ထုများကို (တခြားခြားသောကမ္ဘာမှအရာဝတ္ထုများပင်ဖြစ်နေပါစေ)ထုတ်ပေးနိုင်သည်။
အစွမ်းကြီးမားသော အရာများကိုလည်း ဆင့်ခေါ်နိုင်သည်။
ထိုအစွမ်းများကို မိမိကိုယ်တိုင်လည်းအသုံးပြုနိုင်လေသည်။
(မှတ်ချက် အကန့်သတ်မရှိ)"ဝါး မိုက်တယ်ဟ "စနစ်ကို ဂျက်တစ်ယောက်လုံးဝခိုက်သွားပြီဖြစ်လေ၏။
တခြားခြားသောစနစ်များလို တာဝန်များလုပ်ဆောင်စရာလည်းမလို သက်တောင့်သက်သာ ရှိလှပေ၏။
အားနားစတမ်းပြောရလျှင် မိမိပိုင်ဆိုင်ထားသောစနစ်သည်(ဟက်ထားသော အဆင့်အဆုံးထိရောက်ရှိထားသော)စနစ်ပင်ဖြစ်လေသည်။
"ဖီဖီ မီးမီး ဗိုက်ဆာတယ်"ထွက်ပေါ်လာသောအသံကြောင့် လန့်ဖြတ်သွားလေ၏။
(ဘာလား ငါ့မှာသမီးလေးရှိတာလား)မိမိနားတွင် သနားစရာကောင်းသောအသံလေးဖြင့်ပြောနေသောကလေးလေးကိုတွေ့ရလေသည်။
ဂျက်မှတ်ညဏ်ကို ပြန်စစ်ဆေးလိုက်လေသည်။
မှန်ပေသည်။
ယခုမိမိရောက်နေသော ကိုယ်ခန္ဓာပိုင်ရှင်သည် ငယ်စဥ်က အလွန်ချမ်းသာသောမိသားစုမှမွေးဖွားလာသူဖြစ်၏။
အသက်နှစ်ဆယ်အရွယ်၌နန်းတော်မှထွက်ပြေးလာသော မင်းသမီးနဲ့တွေ့ကာလူငယ်သဘာဝ အချစ်၌တွယ်တာမိကာကျူးလွန်မိကြလေသည်။
ထိုအကြောင်းကို မင်းသမီးအကိုကြားသိလေသော် မင်းသမီးကိုတွေ့အောင်ခေါ်ကာဂျိတ်(jake)အား သူ၏အာဏာဖြင့် စေခိုင်း၏။
ထိုအခါ ဂျိတ်(jake)မိဘအသိုင်းဝိုင်းများသည် ဂျိတ်(jake)ကိုနှင်ထုတ်လိုက်ကြလေ၏။
ထိုကြောင့် ဂျိတ်သည်ဒီယေဂိုမြို့၌ တစ်နေ့လုပ်စာတစ်နေ့စားကာ လုပ်ကိုင်စားသောက်ရလေသည်။
တစ်နေ့၌ မင်းသမီး၏အစေခံသည် အထုပ်တစ်ခုကို ဂျိတ်ဆီလာ၍ ပေးကာအကျိုးကြောင်းပြောပြလေ၏။
ထိုအထုပ်လေးသည် ဂျိတ်(jake)၏သမီးလေးပင်ဖြစ်လေသည်။
မင်းသမီး၏အကိုတော်သည်မင်းသမီးကိုယ်ဝန်ရှိကြောင်းကြလျှင် လွန်စွာအမျက်ဒေါသ ထွက်ကာ ဖျက်ချစေ၏။
သို့သော်မင်းသမီးက ရအောင်မွေးကာ ကျွေးမွေးပြုစုထား၏။
ထိုအကြောင်းလည်း ပေါ်ပေါက်သွားရာလွန်ခဲ့သောတစ်ပတ်တွင်သူမ၏သမီးလေးကို ဖခင်ဖြစ်သော ဂျိတ်(jake)ထံပို့လိုက်ခြင်းဖြစ်လေသည်။
မင်းသမီးသည် ဂျိတ်သည် သူ၏မိသားစုမှ နှင်ထုတ်ခံကြောင်းကိုလည်း မသိပေ။
ဂျိတ်(jake)သည် မိမိ၏သမီးရောက်ရှိလာသည်နဲ့ယခင်ထက်ပို၍ကြိုးစား၏။
ထိိုသို့ကြိုးစားရင်းမနေ့ကရန်ဖြစ်ကြလေသည်။
အများနဲ့တစ်ယောက် ဖြစ်သောကြောင့် ဂျိတ်(jake)သာခံကြရလေသည်။
အိမ်ရောက်ပြီး ခနအကြာ၌ ဂျိတ်(jake)မှာ မိမိထိလာသော ခေါင်းရှိဒဏ်ရာကြောင့် သေဆုံးသွားရာ၌မိမိနာမ်မှာ ထို(jake)ဂျိတ်ကိုယ်ထဲသို့ ဝင်ရောက်လာကြောင်း အချိတ်ဆက်မိစွာစဥ်းစားသိရှိလိုက်ရပြီဖြစ်လေသည်။
ယခုလက်ရှိနေသောအိမ်ဆိုသည်မှာကလည်း ဇရပ်သာသာ လေးပင်ဖြစ်လေ၏။
ခြံဝန်းမရှိ တံခါးမရှိပေ။
လူတစ်ယောက်စာသော သေးငယ်သော အိမ်လေးသာဖြစ်လေ၏။
ဂျက်ဖြစ်တလဲဂျိတ်(jake) တစ်ယောက် သမီးဖြစ်သူကိုကြည့်လိုက်၏။
ကလေးမလေးသည် လွန်စွာချစ်စရာကောင်း၏။
ဂျက်သည်လည်းကလေးချစ်တတ်၏။
ထို့ကြောင့်လည်းယခင်ဘဝတုန်းကလည်း မီးထဲရောက်နေသောကလေးငယ်များကို မကြည့်ရက်နိုင်၍ကယ်တင်ရာမှသေဆုံးခဲ့ရသည်ဖြစ်သည်။
ယခု လက်ရှိ သုံးနှစ်သားအရွယ်သမီးလေးမှာ မိမိ၏ကလေးဖြစ်ကြောင်းသိရသောအခါ ပို၍ ဂရုဏာဖြစ်မိ၏။
(ကဲ ဂျိတ်(jake)ဆိုတဲ့ကောင် မင်းသမီးလေးလည်းငါ့သမီးလေးပါပဲပေါ့မင်းလည်း ကောင်းရာမွန်ရာကို စိတ်ဖြောင့်လက်ဖြောင့်သာ သွားပါ ဒီကလေးကိုငါသေချာပြုစုပျိုးထောင်လိုက်ပါမယ်)ထိုသို့စိတ်ထဲမှ ပြောပြီးသည်နဲ့ တစ်ကိုယ်လုံးပေါ့ပါးသွားရသလိုခံစားလိုက်ရလေသည်။
"ကဲ မီးမီးက ဘာစားချင်တာလဲ""မီးမီးက အရသာရှိတဲ့ မုန့်စားချင်တာ ဖီဖီအရင်ကကြွေးတဲ့ဟာတွေစားချင်ဘူး"ဂျက် သနားသွားရလေသည်။
ယခင်(jake)ဂျိတ်ကတော့ အစာကောင်းကိုအဘယ်ကြွေးနိုင်မည်နည်း။
တစ်နေ့လုပ်စာကို တစ်နေအသည်းသန်ရှာဖွေနေရသောကြောင့် သူ့သမီးကို ကောင်းမွန်သောအရာမကြွေးနိုင်။
ထိုကြောင့် ယခုချိန်မှ စ၍သမီးလေးကို သေချာပြုစုကြွေးမွေးပေးမည်ဖြစ်ကြောင်းမောင်မောင်စိတ်ထဲကတိပေးလိုက်လေသည်။
"ရော့ ဒီပေါင်မုန့်လေးစား"လက်ထဲမှ နူးညံသောပေါင်မုန့်လေး ကို သူ့သမီးလေးထံသို့ ပေးလိုက်သည်။
သမီးဖြစ်သူမှာလည်းထိုပေါင်မုန့်ကိုအနည်းငယ်ကိုက်ကြည့်သည်။
လွန်စွာအရသာရှိရာ ဆက်တိုက်စားတော့လေသည်။
ပေါင်မုန့်သည် သေချာပေါက်အရသာရှိမည်မှာပြောစရာမလိုပေ။
အကောင်းဆုံးသောပေါင်မုန့်ကို စနစ်မှထုတ်ယူထားသည်ဖြစ်ရာ ကောင်းမွန်နေသည်မှာအမှန်ကန်ပင်ဖြစ်လေသည်။
ကလေးလေးက စားရင်း မပီကလာအသံဖြင့် ပြောလိုက်သေးသည်။
"ဖီီဖီက မှော်တတ်တာကို အရင်ကဘာလို့အဲ့လိုမုန့်လေးတွေလုပ်ပြီး မီးမီးကို မပေးတာလဲဟင့်""ဖေဖေက မှော်အစွမ်းကုန်နေတာလေ ဒီနေ့မှ ပြန်ပြည့်လာလို့ မီးမီးလေးကို ကြွေးတာ ဆာနေသေးရင်ပြော ထပ်ကြွေးမယ်""ဟေး ဒါမှ တို့ဖီဖီကွ "သမီးဖြစ်သူစားသောပေါင်မုန့်ကုန်သွားသဖြင့်နောက်ထပ်ပေါင်မုန့်ထုတ်ကာ ပေးလိုက်ရလေသည်။
ထိုအချိန်၌..."ဂျိတ်(jake) ငါအရင်ကပြောသလို မလုပ်သေးဘူးလားကွ မင်းသမီးလေးကို ငါဆီပေးလိုက်ပါလား ငါကသေချာကြွေးမွေးထားမှာပါကွ ပြီးတော့ ငါမင်းကိုလဲ ရွှေပြားတစ်ရာတောင်ပေးမှာနော်"အော်ကျယ်အော်ကျယ်လူကြီးနဲ့သူ၏လက်အောက်ငယ်သား ခြောက်ယောက်တို့နဲ့ အတူပါလာလေသည်။
ထိုအခါမှ ပြန်သတိရမိသွားလေသည်။
ထို လူမှာ ကာဖီဖြစ်ကာ ယခု ဒီယေဂိုမြို့၌အနည်းငယ်ချမ်းသာသော လူစားမျိုး၌ပါဝင်လေသည်။
၎င်းသည် ငွေတိုးချေးသော လုပ်ငန်းကိုလုပ်ကိုင်ကာအပြောဆိုကြမ်းကြုတ် နေထိုင်ပုံကလည်း ခပ်ဆိုးဆိုးပင်။
သူတို့လင်မယားက ကလေးမရှိ၍ ကလေးရလိုလျှင် အရင်ဆုံးကလေးမွေးစားရသည်ဟုတားရော့ ဗေဒင်ဆရာကဆိုသောကြောင့် ဂျိတ်(jake)၏ကလေးကို လာရောက်တောင်းသည်မှာယခုဆိုလျှင် ငါးကြိမ်မြောက်ရှိပြီဖြစ်လေသည်။
ယခုအခါတွင်က သူ၏နောက်၌ လူပိုများပါခေါ်လာခြင်းဖြစ်လေသည်။
"ခင်ဗျားကို အရင်ကကျုပ်ပြောခဲ့သလိုပါပဲ မပေးနိုင်ပါဘူးဗျာ""ငါ လိုတာကို ရကိုရစေရမယ်ကွမင်း သာ မင်းသမီးလေးကို ငါ့လက်ထဲအပ်လိုက်ပါ""ခင်ဗျားကြီး နားလေးနေလား ကျူပ်ထပ်ပြောမယ်မပေးနိုင်ဘူး သွားပါတော့"ဂျိတ်(jake) တစ်ဖက်မှ ပြသနာစရှာပါက ရင်ဆိုင်နိုင်ရန်လည်း အသင့်ပြင်ထားပြီးဖြစ်လေသည်။
(စနစ် ငါပြောထားတဲ့အစွမ်းထည့်ပြီးပြီလား)80....85....90...100%"သခင် ပြောတဲ့ စွမ်းရည်ကို သခင်ကိုယ်ထဲထည့်သွင်းပြီးပါပြီ"ကာဖီလည်းစိတ်မရှည်တော့သည့်ထင်"ဟေ့ကောင်တွေ ကလေးကို မထိစေနဲ့ ဒီကောင့်ကိုတော့ အသေချဟေ့"လူများတုတ်များဖြင့်ဂျိတ်ထံပြေးဝင်လာကြလေသည်။
(မင်းတို့ကလဲ ဒီလိုဖြစ်စေချင်နေမှတော့)"ကဲ စတန်း(stand)နိုးထစမ်း"ဝိုးရား (ora)..........
3) လာရောက်ရန်အမိန့်ပေးခြင်းဂျိတ်လုပ်ဆောင်မှုကြောင့်ကြောက်လန့်တောင်းပန်ခြင်းကာဖီသူများဝန်းရံကာတိုက်ရန်ကြောက်လန့်တောင်းပန်ခြင်းကာဖီသူများဝန်းရံကာတိုက်ရန် ပြင်သည်နဲ့ ဂျိတ်(jake)၏ကိုယ်မှ စတန်း(stand)ထွက်ပေါ်လာလေတော့သည်။
ထိုစတန်း(stand)မှာ စတားပလက်တီနမ် အမျိုးစားကြီးပင်ဖြစ်လေတော့၏။
ဝိုးရား...ora ora oraဝိုးရား...ora ora orဝိုးရား...ora ora oraစက္က န့်ပိုင်းအတွင်း ကာဖီ၏လူများ စုတ်ပျက်ကျိုးပဲ့ကြကုန်လေ၏။
ထိုစတား ပလပ်တီနမ် (starplatinum)စတန်း၏ တစ်ဆက်တည်းလက်သီးဖြင့် တိုက်ခိုက်မှုကို သာမန်လူများက ခံနိုင်မည်မဟုတ်ပေ။
"အား အား.အား"လူများအော်ဟစ်သံများက ဆူညံသွားလေသည်။
ကာဖီလည်း မိိမိရှေ့ကအဖြစ်ပျက်ကြောင့် ကြောက်လန့်သွားရပေသည်။
မိမိတို့လူများက ဂျိတ်ကိုရိုက်ကြရာ မိမိတို့ကသာ ခံလိုက်ကြရလေသည်မဟုတ်ပါလား။
ဂျိတ်မှ ဘာမှမတုန့်ပြန် လက်ပင် မလှုပ်ရှားသော်လည်း မိမိဖက်ကလူများကတော့ ကွဲပြဲကုန်ပြီဖြစ်လေသည်။
ဂျိတ်(jake)ကိုကြည့်မိရာမနက်ကအထိ ပျော့ညံသောပုံစံရှိသည့်သူက ယခုအခါ ထူးခြားသောအရှိန်ဝါတစ်မျိုးထွက်နေသည်ပင် ကာဖီတစ်ယောက်ခံစားလိုက်ရလေသည်။
ဂျိတ် ကာဖီဆီသို့ ကလေးပွေ့ချီရင်း လျှောက်လာလေသည်။
ဘုတ်........"ငါ့ငါ့ကို ခွင့်လွတ်ပေးပါဂျိတ်ရယ် ငါတောင်းပန်ပါတယ် ငါနောက်တစ်ခါမလုပ်တော့ပါဘူးကွာ နော်နော်"ယခုချိန်၌ ကာဖီသည် ယခင်ကဲ့သို့မောက်မာမှုများတစ်စက်မျှ မရှိတော့ပေ။
ကာဖီတစ်ယောက် ဂျက်ထံဒူးထောက်ထိုင်ချလိုက်ကာ တောင်းပန်နေခြင်းဖြစ်လေသည်။
လူများကို ပင် တစ်ချက်မှ မလှုပ်ရှားပဲထိခိုက်အောင်လုပ်နိုင်ရာ မိမိကို ဆိုပါက ဟူသောအတွေးက ကာဖီကို စိတ်တုန်လှုပ်ခြောက်ခြားသွားစေကာ ဒူးထောက်တောင်းပန်လိုက်ခြင်းဖြစ်လေသည်။
ထိုသို့ကာဖီတောင်းပန်သည်နဲ့ သူ၏လူများကလည်းကျိုးပဲ့ သည့် အခြေနေဖြင့် တောင်းပန်ကြလေတော့သည်။
"ခင်ဗျား ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ နောက်ဆိုကျုပ်ကခွင့်လွတ်ပေးမှာမဟုတ်ဘူး""ကျေးဇူးပါဂျိတ်ရယ် ကျေးဇူးပါ ရော့ဒါက ကျနော်မှားတဲ့အနေနဲ့ပေးတာပါဗျ"ဂျိတ်တစ်ယောက် ကာဖီငိုကြီးချက်မှဖြစ်ကာ မိမိအားဒူးထောက်တောင်းပန်နေသည်ကို ကြည့်ကာနောက်ဆုံးအကြိမ်ဖြင့် ခွင့်လွတ်ပေးလိုက်လေသည်။
ထိုအခါ ကာဖီသည် ဝမ်းမြောက်ပျော်ရွှင်ကာထိုင်ကန်တော့ကာ ရွှေပြားငါးဆယ်ပင်ပေးကာသူ၏လူများကိုခေါ်ကာ ပြန်ပြေးသွားကြလေတော့၏။
သူ၏လူများကလည်း တိုင်ပင်ဖို့ပင်မလိုလောက်အောင် ပြေးသွားကြလေတော့သည်။
အခုချိန် သူတို့စိတ်ထဲ၌ ဂျိတ်သည် နတ်ဆိုးကြီးတစ်ကောင်ပင်ဖြစ်လေသည်။
အမှန်တကယ်အားဖြင့်လည်း ဂျိတ်အနေဖြင့် သတ်လိုက သတ်နိုင်သေး၏။
စတန်း(stand)ကိုသာမန်လူများနေဖြင့် မြင်နိုင်မည်လည်းမဟုတ်ရာ မည်သို့သတ်လိုက်ကြောင်းပင် သိလိုက်မည်မဟုတ်ပေ။
စတားပလက်စတီနမ် (star platinum)လည်းဖြစ်နေသေးရာ ပြင်းထန်သောလက်သီးချက်များဖြင့်တစ်ဖက်သားကို တစ်ခဏအတွင်း လူရုပ်မပေါက်ပဲသေသွားနိုင်အောင်ပါ အသာလေးပင်လုပ်ဆောင်နိုင်လေသည်။
သို့သော် မိမိ၏သမီးဖြစ်သူ ရှေ့၌ မလုပ်ဆောင်လိုရာ အသက်ရှင်ခွင့်ပေးလိုက်ခြင်းကကောင်းမွန်လေသည်။
"ဝါး ဖီဖီက တော်လိုက်တာကွာ မေမေသာ သိရင်ပျော်မှာပဲ"ထိုစကား ဂျိတ်ကြားရတော့ သမီးလေး၏မေမေဆိုသော ပုံရိပ်ကို ပြန်မှတ်မိဖို့က ခက်ခဲလေသည်။
ထိုသို့ဖြစ်ရသည်မှာလည်း မိမိမှာ ယခုကိုယ်ထဲသို့ ဝိညာဥ်ပြောင်းလာမှုလည်း ဖြစ်နိုင်သည်ဟုတွက်လိုက်လေသည်။
"ဖေဖေတို့ မြို့ပြင်မှာ အိမ်သွားဆောက်ပြီးနေကြမယ်"ပြောပြောဆိုဆိုဖြင့် သမီးဖြစ်သူကို ခေါ်ကာ မြို့ပြင်ဘက်သို့ ထွက်သွားလေသည်။
မိမိမှာအစွမ်းထက်သော စနစ်အကူညီရှိနေရာ ယခုနေနေသောနေရာစုတ်လေးကို အဘယ်ကြောင့်လိုအပ်တော့မည်နည်း။
"ဒီနေရာမှာ နေကြမယ်ကောင်းတယ်မလား သမီး""ဟုတ်"သမီးဖြစ်သူမှာ သဘောတူသည်နဲ့ဂျိတ်လည်းစနစ်မှ အစွမ်းကို ယူလိူက်လေသည်။
ဒီတစ်ခါယူလိုသည့်အစွမ်းက တော့ (naruto)နာယူတို ဇာတ်ကားမှနာယူတိုအား သင်ကြားပေးဖူးသော ရာမတို(yamato)၏ အစွမ်းပင်ဖြစ်လေသည်။
(ဂျက်ကို ဂျိတ်ဟုသာ ရေးသားသွားပါတော့မည်)"သင်အလိုရှိသောအစွမ်းကို လွှဲပြောင်းလိုက်ပါသည်"ဂျိတ်တစ်ယောက် ဓာတ်ကြီးငါးပါး၏အစွမ်းများကိုအာရုံနိုင်လာလေသည်။
(အဲ့လိုစွမ်းတာလား ဒါကြောင့် ငါကြည့်တဲ့ထဲကကောင်တွေကြမ်းတာမဆန်းဘူးပဲ)လက်ကွက်ပုံစံအနည်းငယ်ဖော်ပြီးမြေကြီးကို ရိုက်ချလိုက်လေသည်။
"မြေကြီးပြန့်ပြူးခြင်းအစွမ်း စတိုင်"အိမ်ဆောက်မည့်နေရာသည့်နေရာသည် ခြုံများမြက်ပေါင်းပင်များထူးထဲနေရာမှ တုန်လှုပ်ကာ ပြန့်ပြားနေသော မြေကြီးများကနေရာယူသွားလေသည်။
ဂျိတ်(jake) ဆက်လက်ပြီး ရေဓာတ်နဲ့ မြေဓာတ် ကိုပေါင်းကာ လက်ကွက်ပုံဖော်ကာ ထပ်မံအသုံးပြုလိုက်လေသည်။
"သစ်သားစတိုင် "ဝုန်း..ဝုန်းဝုန်းပြန့်ပြူးနေသောမြေကြီးထဲမှ သစ်သားများ ထွက်ပေါ်လာလေသည်။
ထိုသစ်သားများသည် ဂျိတ်၏တွေးသောစိတ်ကူးအတိုင်း ပေါ်ပေါက်လာကြကာ လှပသော သစ်သားအိမ်အဖြစ် ဖြစ်တည်လာလေသည်။
"ဝါး လှလိုက်တာ ဖီဖီ ဖီဖီက တော်လိုက်တာ"(ထိုအစွမ်းများကို ဂျိ တ်တစ်ယောက်အိမ်ဆောက်ရန်အတွက် သုံးသည်မှန်းသိပါက yamatoအနေဖြင့်ဘယ်လိုနေမည်မသိချေ။
)ဂျိတ်ကတော့ အိမ်ဆောက်ယုံတင်မကသေးတစ်လက်စတည်း ခြံစည်းရိုးပါ ခတ်လိုက်သေး၏။
"ခြံဝမှာ မီးမီးက ဘာအကောင်အရုပ်ကြီးထားချင်လည်း"သမီးဖြစ်သူမှ"မီးမီးကယုန်လေးထားချင်တယ်""ရစေရမယ် ကျောက်သားယုန်ဖြစ်တည်စေ"ခြံပေါက်ဝ ၌ ကြီးမားလှသော ခြောက်ပေမျှရှိသောယုန်ရုပ်ကြီးနှစ်ခုပေါ်ပေါက်လာလေတော့သည်။
star platinum standအကြောင်းယခုmcယူသုံးထားသော standသည် jojobizarre adventure(s3)မှ ဂျိုတာရို ခိဂျို(jotarokijo)၏စတန်း(stand)ဖြစ်လေသည်။
stand name-star platinum(စတားပလက်တီနမ်)အားနည်းချက်ဆို၍ ပိုင်ရှင်၏ငါးမီတာအကွာဝေးထက်ပိုပြီး မလှုပ်ဆောင်နိုင်ခြင်းသာဖြစ်သည်။
ခွန်အားကြီးခြင်းသန်မာခြင်းကျည်ဆံကိုပင်ဖမ်းနိုင်စွမ်းရှိသည်အထိ လျင်မြန်လေသည်။
စိန်ကဲ့သို့ မာကျောသော မာကျောမှုကိုလည်း ပိုင်ဆိုင်လေသည်။
စိန်ကဲ့သို့သော မာကျောမှုလက်သီးဖြင့်ရန်သူကိုကြွေးလေ့ရှိသည်။
သူ၏နောက်ထပ်ထူးခြားသောစွမ်းရည်မှာသူ၏သတ်မှတ်သောအကွာဝေးအတွင်းရောက်လာပါက အချိန်ရပ်တန့်စေနိုင်ခြင်းဖြစ်လေသည်။
အချိန်ရပ်တန့်ခြင်းသည် 5sသာကြာသည်ဆိုသော်လည်း အချိန်ရပ်တန့်ထားချိန်တွင် 5sသည်ကြာညောင်းနေမည်ဖြစ်ကာ ရန်သူကို အမှုန့်အဖြစ်လုပ်ဆောင်နိုင်သည်အထိ လုံလောက်နေပြီလည်း ဖြစ်သည်။
standသည် စိတ်အစွမ်းဝ်ိညာဥ်စွမ်းမျိုးဖြစ်ရာ သာမန်လူများတွေနိုင်ရန်မဖြစ်နိုင်ပေ။
standပိုင်ရှင်ချင်းမှသာ standကိုတွေ့မြင်နိုင်မည်ဖြစ်သည်။