အခန်း (၄-၆)
Vol. 1 Ch. 4-6
4)
ယခုအခါဆိုလျှင် မြို့ပြင်၌သေသပ်လှပသော ခြံဝန်းပါသည့်အိမ်ကြီးတစ်လုံးပေါ်ပေါက်လာပြီဖြစ်လေသည်။
"ဝေး ဖီီဖီ ကအကောင်းဆုံးပဲ"သမီးလေးဖြစ်သူ ပျော်နေသောကြောင့် ဂျိတ်လည်းပျော်ရွှင်ရလေသည်။
မိဘများသည် သားသမီးများပြုံးပျော်လျှင် ပျော်ရွှင်ကြသည်ဟူသော အကြောင်းကို ဂျိတ်ယခုအခါနားလည်သဘောပေါက်ပြီဖြစ်သည်။
"ဖီ ဖီ ရေ ပြီးတော့ သမိီးကို နာမည်လေးပေးပါဥိီး""ဟင် သမီးကို အဖေနာမည်ပေးပြီးပြီမဟုတ်လား ""မပေးရသေးဘူးလေ နောက်တစ်ပတ်မှ ပေးမယ်လို့ဖီဖီပဲ ပြောထားတာလေ
ဂျိတ်ယခုမှ သိပြီဖြစ်လေသည်။
ယခင် ဂျိတ်သည်နာမည်ပေးရန်အတွက်အချိန်ပေးစဥ်းစားရန် တစ်ပတ်ကြာမျှပေးမည်ဟု ပြောသံကို ခုမှပြန်သတိရလာလေသည်။
"ဒါဆို သမီးကို အဖေအခုပဲ နာမည်ပေးလိုက်မယ်အယ်မလီ""အယ်မလီ ဟုတ်လား ဝါး သမီး အဲ့နာမည်ကြိုက်တယ် ဒီနေ့ကစပြီး သမီးနာမည်က အယ်မလီပဲ"နှစ်ယောက်သား ဆောက်ပြီးထားသော အိမ်ထဲသို့ပျော်ရွှင်စွာ ဝင်သွားကြလေသည်။
နောက်သုံးရက်များတွင်လည်း ကာဖီ၏သတင်းအကြောင်းက ဒီယေဂိုမြို့၏ပြန့်နှံနေလေသည်။
ပြောကြသည့်သတင်းများက ကာဖီတို့လူတစ်သိုက်သည် မြို့ပြင်သွားရင်း သရဲခြောက်ခံရသည်ဟူ၍လည်းကောင်း အစွမ်းထက်သောနတ်ဆိုးကြီးတစ်ကောင်ကြောင့် ထိခိုက်ကြရသည်ဟူသောသတင်းများပင်ဖြစ်လေသည်။
သတင်းကဘယ်လိုပဲ ဖြစ်နေပါစေ ကာဖီ၏လူများကျိုးပဲ့ကုန်ခြင်းကာဖီတစ်ယောက် ဖျားကာ အိမ်ပြင်ပင်ထွက်ကာအကြွေးလိုက်မတောင်းသည်ကတစ်ပတ်ကြာပြီဖြစ်သည်ကိုတော့ မြို့သူမြို့သားများ အသိပင်ဖြစ်လေသည်။
ငွေကြေးဆိုရင် တစ်နာရီလေးမျှ အတိမ်းစောင်းမခံအိမ်ထိပင်လာရောက်တောင်းယူတတ်သော ကာဖီကတစ်ပတ်ပင်မထွက်သောအခါ မြို့သားများ ကြားရသောသတင်းကို ယုံကြည်ကြလိုက်လေသည်။
၎င်းတို့လည်း မြို့ပြင်ဘက် ကို မထွက်ကြတော့ရာ ဂျိတ်၏အိမ်ပေါ်လာသည့်အကြောင်းကို မသိသူလည်းအလိုလျောက်ရှားပါးသွားလေသည်။
"ကာဖီရေ မြို့စားကြီးကာမက် လာတယ်ဗျ ထွက်လာပါဦး"ကာဖီ မိမိ၏အိမ်သို့ မြို့စားကြီးကာမက် ရောက်ရှိနေကြောင်း ကြားရသောအခါတော့ အိပ်ခန်းထဲမှနေ၍ထွက်ကာ မြို့စားကြီးကို ထွက်တွေ့ကာကြိုဆိုရလေတော့သည်။
"ဟ ကာဖီ မင်းဘယ်လိုဖြစ်ကုန်တာလဲဟ မြို့ထဲမှာလဲသတင်းတွေက ပြန့်နေတာပဲ"မြို့စားကြီးကာမက် ပင် ထိုသတင်းများကို ယုံချင်လာသည်။
အမြဲ ငွေကြောင့် တက်ကြွနေသော ကာဖီသည် ယခုအခါ ယခင်ထက်ပိန်ကျသွားကာ မျက်နှာချောင်လျက်ရှိလေသည်။
"ဒီ လိုပါ မြို့စားကြီးရယ် မြို့ထဲကပြောတာတွေကမဟုတ်ပါဘူး ဖြစ်ရပ်မှန်ကဒီလိုပါဗျ"ကာဖီတစ်ယောက် မြို့စားကြီး ကိုရှင်းပြလိုက်ရလေသည်။
"ဘာသူက တစ်ချက်မှ မလှုပ်ပဲ မင်းတို့ကို ကျိုးကန်းအောင်လုပ်ခဲ့တာလား""ကြည့်ရတာဒီကောင်က ငွေမဟုတ်ရင်ရွှေစစ်သည်ဖြစ်ရမယ်""ဘာဘာဖြစ်တယ် မြို့စားကြီးထပ်ပြောပါဦး"ဂျိတ်က ငွေ သို့မဟုတ်ရွှေစစ်သည်ဖြစ်နိုင်ကြောင်းပြောသောအခါ လန့်ဖြတ်သွားရလေသည်။
စစ်သည်အကြောင်းကိုလည်း ကာဖီအနည်းငယ်သိထားလေသည်။
စစ်သည်များသည် ကြေးငွေရွှေဆိုကာ အဆင့်တန်းခွဲ ခြားထားလေသည်။
တစ်ဆင့်တိုင်းတွင် အဆင့်သေး ဆယ်ဆင့်ရှိကာ တစ်ဆင့်ချင်းတိုင်းကလည်းလွန်စွာ အစွမ်းထက်ကြလေသည်။
ငွေအဆင့်ရွှေအဆင့်များသည် သာမန်လူတို့ထက်ထူးကဲသောအစွမ်းများကို ပိုင်ဆိုင်ထားသော ကြီးမြတ်သောလူသားများဟု ယုံကြည်ကြလေသည်။
၎င်းတို့သည်မြို့စားကြီးအဆင့်ထက်မြင့်သော အဆင့်တန်းကိုပိုင်ဆိုင်ထားကြလေသည်။
"မင်းမပူနဲ့ မနက်ဖြန်မင်းတပည့်ကို ဒါလေးပေးပြီးသူ့ကို သွားခေါ်ခိုင်းလိုက် ကျန်တာငါရှင်းမယ်"မြို့စားကြီး သူ့ကိုတံဆိပ်ပြားပေးကာ ပြန်သွားလိုက်လေသည်။
ကာဖီလည်း တံဆိပ်ပြားကိုကြည့်သည်နဲ့လန့်ရပေသည်။
မြို့စားမင်း ဘာတွေးနေလဲ သူလဲ မသိနိုင်ပေ။
ဂျိတ်၏နတ်ဆိုးကဲ့သို့ အကြောင်းကိုကြားပြီးသော်လည်း မိမိအား ဂျိတ်ထံသို့သွားရောက်အကြောင်းကြားခိုင်းလေသေးသည်။
"နေပါဦးဒါ....ဒါက မြို့စားမင်းတံဆိပ်မဟုတ်ဘူးလား ဒါကိုတောင်ပေးပြီး ဘာလို့သူ့ကိုခေါ်ခိုင်းလိုက်ရတာလဲ."
5)
ညအချိန်၌....ကောင်းကင်၌လမင်းကြီးသည် သူ၏အရောင်ဝါထုတ်လွှင့်ကာ လောကကြီးကို အအေးဓာတ်လွှမ်းခြုံပေးလေသည်။
ဂျိတ်(jake)ကတော့ သမီးအယ်မလီလေးကို ချော့သိပ်ပြီးအိပ်စက်အနားယူစေခိုင်းကာစနစ်ဖြင့် လေ့လာနေ၏။
"စနစ် ဒီမှာ အဆင့်နဲ့ခွဲထားတဲ့ သိုင်းသမားတွေလိုရှိလား""ရှိပါတယ် ကျနော် အချက်လက်ကို ပြပေးပါမယ်"အချက်လက်များသည် ဂျိတ်၏ရှေ့၌ပေါ်ပေါက်လာလေသည်။
အချက်လက်များကို ဖတ်ရှုရင်း ဂျိတ်တစ်ယောက် နားလည်လာရလေသည်။
ယခုရောက်ရှိနေသော နေရာသည် မိမိဖတ်ဖူးသောကျင့်ကြံသူများကဲ့သို့ပင် ရှိကြောင်းသိရလေသည်။
သို့သော် ကျင့်ကြံသူဟုမခေါ်ကြပဲ စစ်သည်တော်များဟု ခေါ်ကြလေသည်။
သာမန်စစ်သည်တော်များသည် ကြေးအဆင့်စစ်သည်တော်များဖြစ်ကြလေသည်။
ကြေး ငွေ ရွှေစသည်ဖြင့် ခွဲခြားထားကြလေသည်။
တစ်ဆင့်ချင်းတိုင်းတွင်လည်း အဆင့်သေးဆယ်ခုရှိကြလေသည်။
ရွှေထက်မြင့်သော အဆင့်သည် မိမိနေထိုင်သော ဒေသ၌မရှိကြောင်းကိုလည်း သိရလေသည်။
"စနစ် ငါ့ကိုယ်ခန္ဓာကို သန့်စင်ပြီး အဆင့်မြင့်မယ်""ကောင်းပါပြီ သခင်"စက်လုံးကြီးတစ်ခု ဂျိတ်ရှေ့၌ပေါ်ပေါက်လာလေသည်။
ထိုစက်လုံးကြီးသည် နားလည်ရခက်သောဘာသာများဖြင့်ရေးသားထားကာ အစိမ်းရောင်တောက်ပလက်ရှိလေသည်။
စက်လုံးကြီးက ဂျိတ်ကိုခေါ်ဆောင်ကာ စက်လုံးကြီးထဲသို့သွင်းလိုက်လေသည်။
"စနစ်ပိုင်ရှင်ကိုယ်ခန္ဓာကို စတင်သန့်စင်ပါပြီ"စက်လုံးကြီးမှ အစိမ်းရောင်များစတင်လည်ပတ်လာလေသည်။
အထဲတွင်လည်း ဂျိတ်ကိုယ်ခန္ဓာကိုစတင်သန့်စင်နေပြီလည်း ဖြစ်လေသည်။
ဂျိတ်ကိုယ်ခန္ဓာကို အရင်ဆုံး အတွင်းအပြင်ပါသန့်စင်လိုက်လေသည်။
ထိုအခါ ကိုယ်ထဲမှာအညစ်အကြေးများစွာ ထွက်ပေါ်လာလေသည်။
ထို့နောက် အရိုးများကိုဆက်လက်သန့်စင်ကာ အနက်ရှိုင်းဆုံးအထိ ရှင်းလင်းသန့်စင်လိုက်လေသည်။
မည်မျှအထိ သန့်စင်လိုက်သနည်းဆိုပါကကိုယ်ခန္ဓာထဲရှိ ဆဲလ်တစ်ခုချင်းစီအထိပင် ဖြစ်လေသည်။
ထိုသို့သန့်စင်သော်လည်း ဂျိတ်အနေဖြင့် နာကျင်ခြင်းမခံစားရပေ။
ကိုယ်တွင်းရှိ စွန့်ထုတ်ပစ်သောအညစ်ကြေးများလည်း လုံးဝမရှိတော့ပေ။
"ကိုယ်ခန္ဓာကို သန့်စင်ပြီးပါပြီ ဆက်လက်ပြီးကိုယ်ခန္ဓာကို မွမ်းမံပေးပါမည်"ဂျိတ်ကိုယ်ခန္ဓာကို အလင်းများဖြင့် အားဖြည့်လိုက်လေသည်။
ထိုအလင်းများကို ဆရာကြီးတစ်ပါးသာရှိကာ တွေ့ပါက သွေးအန်သေနိုင်သွားသည်။
ထိုအလင်းများသည် အလွန်ပြည့်ဝနေသောစွမ်းအားများပါဝင်နေသည်မဟုတ်ပါလား။
"သခင့်ကိုယ်ကို ပြုပြင်ပေးပြီးပါပြီ ကြာချိန်ဆယ့်ငါးမိနစ်"ဂျိတ် ယခင်ထက်ပိုမိုသန်မာလာကာ နေရထိုင်ရကောင်းမွန်လာကြောင့်ခံစားမိသည်။
လက်တစ်ချက်ဝေ့ပါကမြန်လှသဖြင့် ဝီးခနဲဟူသော လေတိုးကိုပင်ကြားနေရမည်ဖြစ်သည်။
စိတ်စွမ်းအားလည်း များစွာတိုးတက်နေကြောင်းကိုလည်း သတိထားမိသည်။
စနစ်သည် ကိုယ်သာမက စိတ်ကိုပါအားဖြည့်ပေးကြောင်းကို သိရလေသည်။
ဂျိတ် စတန်း(stand)ကိုလည်း ထုတ်ကြည့်လိုက်သည်။
ဝိုးရား...(ora).......ယခင်ထက် အားမာန်ပြည့်ဝသော အသံကြီးဖြင့်ထွက်ပေါ်လာသော စတားပလက်တီနမ်(starplatinum)ကိုမြင်ရလေသည်။
သူ၏အသွင်ပြင်သည် ယခင်ထက် ပိုသန်မာကြောင်း ဖော်ပြနေလေသည်။
"စနစ် ဘာလို့စတန်းကအဲ့လိုဖြစ်တာလဲ ရှင်းပြပါ""စတန်း(stand)ဆိုတာ ပိုင်ရှင်ရဲ့စိတ်စွမ်းအားကိုဖော်ပြတာပါပဲ ပိုင်ရှင်စိတ်စွမ်းအား သန်မာလေ သူလဲပိုသန်မာလေပါ"ဂျိတ်စိတ်ကျေနပ်မိသွားလေသည်။
ထိုစတန်း(stand)သည် ယခင်ကမိမိကြိုက်နှစ်သက်ခဲ့ရဖူးသော အရာဖြစ်ကာ ယခုအခါ မိမိပိုင်ဆိုင်ရခဲ့လေပြီဖြစ်သည်။
"စနစ် စတန်း(stand)စွမ်းအားကိုလည်း အချက်လက်လုပ်ပြီးပြပါ""ဒီမှာပါ"ပိုင်ရှင် ဂျိတ်stand-စတားပလက်တီနမ်(star platinum)အကွာဝေး-100မီတာခွန်အား-ရွှေအဆင့်နောက်ဆုံးစစ်သည်၏ထိုးချက်နဲ့ညီသည်(တောင်တစ်လုံးကိုဖြိုရန် တစ်ချက်သာလိုပါသည်)ပိုင်ရှင်စိတ်သန်မာလေ ပိုပြီးအစွမ်းလာလေဖြစ်ပါသည်။
"ဝါး ကြိုက်ပြီလေ"ကျေနပ်ကာ သမီးဖြစ်သူဘေးတွင် အနားယူအိပ်စက်လိုက်လေသည်။
"ဖီဖီ အိပ်ပုတ်ကြီး ထလဲ မထဘူး"အချိန်ကား မနက်ဆယ်နာရီပင်ထိုးနေလေပြီဖြစ်သည်။
ဆယ်နာရီပင်ထိုးနေမှန်း ဂျိတ်ခုမှသိလေသည်။
ထပြီးသည်နဲ့ အယ်မလီလေးအား မနက်စာပေါင်မုန့်နဲ့ နွားနို့ ကျွေးမွေးလိုက်သည်။
ထိုစဥျ....."ဒီအိမ်က ဂျိတ် နေတာလားဗျ""ဟုတ်ပါတယ် ဘာအကြောင်းများရှိလို့ပါလဲ"မေးသောလူသည် အိမ်ကိုကြည့်ကာ ငေးမောနေသည်။
အိမ်ကြီး ခြံကြီးသည် မိမိတစ်ခါမှမမြင်ဖူးသောမြင်ကွင်းဖြစ်လေသည်။
လှပသပ်ရပ်ရုံသာမကခြံဝရှိ ယုန်ရုပ်ကြီးနှစ်ကောင်က လည်း အနုစိတ်ကြွကာ လက်ရာမြောက်လှပေသည်။
ယခုမိမိမြင်သော အိမ်တွင်နေသူကမိမိဆရာ ကာဖီပြောသော ဂျိတ်ပင်ဖြစ်ရပေမည်။
ယခင်က ငတ်ပြတ်သော ဂျိတ်မဖြစ်နိုင်ဟုတွက်ဆလိုက်လေသည်။
ထိုလူလည်း ဂျိတ်ကိုတွေ့ဆုံးပြီးသည် ကာဖီပြောသည့်အတိုင်းပြောပြလိုက်လေသည်။
"ဒါဆို ခနလေးကျရင် ငါရောက်အောင်လာခဲ့မယ်"ထိုသိုလာပြောသည်ကို ဂျိတ်အနေဖြင့် ကာဖီလာခေါ်သည်ဆိုပါက မသွား၍ရသော်လည်း လာပြောသောသူက မြို့စားအမိန့်ပါသော တံဆိပ်ပြားပါ ပြလာလေသည်။
ထိုအမိန့်ပြားကို ဖီဆန်သည်ကိုနိုင်ငံဝန်ထမ်းကို ဖီဆန်သည်နဲ့အတူတူပင်ဖြစ်ရာ ကြီးမားသော ဖိအား နဲ့ပြသနာကိုရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ဂျိတ်သွားရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်လေသည်။
"သမီးလေး အိမ်မှာနေနေနော် ခဏလေးအဖေအပြင်သွားလိုက်ဦးမယ်""ဟုတ် ဖီဖီ"ဂျိတ်လည်း မြို့စားဆီသို့ထွက်လာလိုက်လေသည်။
မြို့စားကာမက်နေအိမ်၌ ထိုင်ခုံတစ်ခုတွင်ချပ်ဝတ်တန်ဆာဝတ်ထားသော စစ်သည်တစ်ယောက်ထိုင်နေလေ၏။
ထိုသူပါးစပ်မှလည်း"ဂျိတ် ဒီနေ့ကမင်းသေနေ့ပါပဲ"
6
ဂျိတ်တစ်ယောက်တော့ မြို့စားမင်းအိမ်ရှေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်လေသည်။
မြို့စားမင်းရှိအိမ်ကလူတွေတော့
ဂျိတ်အကြောင်းမသိကြသေး။
ထိုကြောင့် မြို့စားမင်းကာမက်၏အိမ်အစောင့်က ဂျိတ်ကို မေးမြန်းလေ၏။
"မင်းဘယ်က လာတာလဲ""မြို့စားအမိန့်ကြောင့် ဒီကိုလာရတာပါ ဂျိတ်ဒီရောက်နေပြီလိုပြောလိုက်ပါ"အစောင့်လည်း အိမ်ထဲသို့ သွားရောက်သတင်းပေးပို့လေ၏။
တခဏမျှကြာသောအခါ"အသင် ကျုပ်နောက်ကနေလိုက်လာပေးပါ သူတိူ့သင့်ကို စောင့်ကြိုနေကြပါတယ်"ဂျိတ်လည်း အဆိုပါအစောင့်၏အနောက်မှ အသာလေးပင်လိုက်သွားလေသည်။
မိမိအား မည်သို့လုပ်မည်ကို ဂရုစိုက်စရာမလိုပေ။
မိမိမှာ ကြမ်းတမ်းသောစနစ်ရှိနေသည် မဟုတ်ပါလား။
ဒီလိုနဲ့ မြို့စားမင်း၏ဧည့်ခန်းနေရာ သို့ရောက်ရှိလာကြလေသည်။
"ရောက်ပါပြီ ကျုပ်ကိုသွားခွင့်ပြုပါ"အစောင့်ကနေ နေရာပြပေးကာ ထွက်သွားလိုက်လေသည်။
ဂျိတ်လည်း အစောင့်ပြခဲ့သော ဧည့်ခန်းထဲသို့ဝင်လိုက်လေ၏။
ဧည့်ခန်းထဲတွင်လည်း စောင့်ဆိုင်းနေသော လူများကိုတွေ့ကြရလေသည်။
"ဘာကြောင့် ကျနော်ကို ခေါ်ရတာလဲ"ရောက်ရောက်ချင်း ဂျိတ် မေးမြန်းလိုက်လေ၏။
စောင့်ဆိုင်းရခြင်းကို ဂျိတ်မကြိုက်တတ်ပေ။
ထိုအခါမြို့စားမင်းမှ"ဂျိတ် မင်းကိုခေါ်ရတာက ဒီကစစ်သည်တော်ကြီးကမင်းကိုပြောစရာရှိတယ်ဆိုလို့ ငါကခေါ်ပေးရတာပါ"မြို့စားမင်းကပင် လေးစားရနေသော စစ်သည်တော်ဆိုသူကို ကြည့်လိုက်လေသည်။
ထိုသူသည် အရပ်မောင်းတောင့်တင်းကာ ကိုယ်ခန္ဓာကလည်းတုတ်ခိုင်လှပေသည်။
စစ်သည်တော်ချပ်ဝတ်တန်ဆာများနဲ့ဆိုလျှင် ကြည့်ရသည်မှာ ခန့်ငြားနေသည်။
သူ၏ရုပ်ရည်မှာ သာမန်ဖြစ်ကာ ထူးခြားသောအရှိန်ဝါများက ထွက်ပေါ်နေသည်။
ထိုအရှ်ိန်ဝါများသည် စစ်သည်တော်တို့၏အရှိန်ဝါများပင်ဖြစ်လေသည်။
တိုက်ပွဲအလီလီဆက်နွှဲကာရန်သူကိုသုတ်သင်ရာမှ ထွက်ပေါ်လာသောသတ်ဖြတ်ခြင်းအရှိန်ဝါပင်ဖြစ်လေသည်။
( "စနစ် သူ့ကို တစ်ချက်လောက်စစ်ဆေးပေးပါ"ကောင်းပါပြီ သခင်......အမည်....ဆေဘာအသက် 34အဆင့် ငွေစစ်သည်တော် အဆင့်ငါးအနီးနားရှိ သံ လက်နက် စသောအရာများက်ို ထိန်းချုပ်ကိုင်တွယ်နိုင်သည်အထူးသတိပေးချက် စနစ်ပိုင်ရှင်အား တစ်ခုခုကြံစည်နေပါသည် သခင်မည်သည့်စွမ်းရည်ကို လိုနေပါသနည်း။
လွှဲပြောင်းရန်အသင့်ဖြစ်နေပါပြီ)ဂျိတ် စနစ်ကိုအားရမိ၏။
စနစ်အား အချက်လက်ကိုသာစစ်ဆေးခိုင်းသော်လည်း တစ်ဖက်သား၏အကြံစည်ကိုပါ စစ်ဆေးပေးနိုင်ခဲ့လေသည်။
"ဒါဆိုလည်း ဆေဘာ ကျုပ်ကိုတွေ့ချင်တာဘာအကြောင်းများရှိလည်း"ဆေဘာဆိုသော စစ်သည်တော် အနည်းငယ်တုန်လှုပ်သွားသည်။
မိမိနာမည်ကို သိနေပါလား။
မိမိကို ဘာကြောင့် သူကသိနေရသနည်း။
နောက်တစ်ခုကားသာမန်လူတိုင်း မိမိ၏သတ်ဖြတ်ခြင်းအရှိန်ဝါက်ိုအာရုံခံမိတိုင်း ခြေမခိုင်လက်မခိုင်ဖြစ်ကာအရှုံးပေးဒူးထောက်ကြရသည်။
ဒီ ဂျိတ်ကတော့ ထိုအရှိန်ဝါကို မူပင်မမူ။
ရှိသည်ဟုပင် ထင်ပုံမပေါ်ပေ။
(မဖြစ်နိုင်တာ သူတို့ပေးတဲ့အချက်လက်ကမမှားနိုင်ဘူး)သူသိသော ဂျိတ်က ချမ်းသာသောမျိုးနွယ်မှဆင်းသက်လာကာ သာမန်လူသာဖြစ်လေသည်။
မျိုးနွယ်စုမှနှင်ထုတ်ခြင်းခံရကာ သာမန်အလုပ်များရရာလုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းပြုနေကြောင်းကြားသိရလေသည်။
မကြာသေးမိက သူ့ထံမှ သမီးလေးကို ရအောင်ခေါ်လာရန် သတင်းရောက်လာလေသည်။
မိမိလို့ငွေစစ်သည်တော်က ဒါမျိုးလုပ်စရာလားလို့ပင် အစက ခံပြင်းလိုက်သေးသည်။
သို့သော် ထိုအမိန့်မှာ ရွှေစစ်သည်ထံမှ လာကြောင်းသိရာ မငြင်းသာဘဲ လုပ်ဆောင်ရခြင်းလည်းဖြစ်လေသည်။
ခုမိမိရှေ့၌ ရှိသောလူကတော့ တည်ငြိမ်လှကာကြောက်ရွံခြင်းဆိုတာ အကောင်ကြီးလား စားစရာလား စားစရာဆိုလျှင်ငန်သလား လို့ ပြန်မေးမည်ပုံရှိလေသည်။
ဘာပဲ ဖြစ်ဖြစ် ဂျိတ်ဆိုသူက သာမန်လူဟုသာ တွက်ဆထားသည်။
"ထွေ ထွေ ထူးထူး မရှိပါဘူး ငါကမင်း သမီးလေးကိုမွေးစားချင်လို့ပါ ရွှေပြားငါးထောင်ပေးမယ်"ဆေဘာပြောရင်း လက်ငါးချောင်းထောင်ပြလေသည်။
"ဘာလဲ နည်းသေးတာလား ငါးသောင်းပေးမယ်ရွှေပြားနော်"သို့သော်ဂျိတ်ကတော့ ဆေဘာကို တည်ငြိမ်စွာတောက်လျှောက်ကြည့်နေသည်။
တစ်ချက်မျှ မလှုပ်ရှားသွားပေ။
ဘေးက အစေခံများကတော့ ဂျိတ်ကို သူရူးတစ်ယောက်ပမာ ကြည့်နေကြသည်။
မင်း ကလေးကို ရောင်းလိုက်လေ မင်းတစ်သက်ရွှေပြားငါးသောင်းရှာနိုင်မယ် ထင်နေတာလား လို့ မေးနေသောအကြည့်များပင်။
သူတို့သာ ဂျိတ်နေရာဆိုရင် တစ်ခါတည်း မိမိသားသမီးများကို လာဝယ်ပါကရောင်းမည်ဟု စဥ်းစားနေကြသည်။
ခုမှ ဂျိတ်ထံမှ စကားတစ်ခွန်းထွက်လာလေသည်။
"မင်းမှာ သားသမီးရှိရင် ငါ့ကိုရောင်းပါလား ရွှေတစ်ပြားပေးမယ်"ထိုစကားမျိုးက ဆေဘာကြားရမည်ဟုမထင်မိသောစကားပင်။
သူ၏မျက်နှာပင် နီမြန်းလာကာ ဂျိတ်ကိုသတ်ချင်စိတ်များပေါ်လာလေသည်။
"ခင်ဗျားအသာကျတော့ ဒီလိုဖြစ်နေသေးတယ်ခင်ဗျားကျုပ်ကို မေးမြန်းကဒီလို ခံစားမှုမရဘူးမလား ဘယ်ရမလဲ ခင်ဗျား ကမဖြစ်ဖူးဘူးလေ ထပ်ပြီး ဘာမှမရှိတော့ဘူးဆိုရင် ကျုပ်ပြန်တော့မယ်ဒါပဲ"ဂျိတ် ပြောပြီး နောက်ပြန်လှည့်ကာ ထွက်သွားလိုက်လေသည်။
"မင်းပြန်စရာမလိုတော့ဘူး ပြီးတော့ မင်းသမီးလဲမင်းအိမ်မှာမရှိတော့ပါဘူးကွာ"ဂျိတ်သွားနေရင်း ရပ်တန့်သွားလေသည်။
"မင်းတစ်ချက်ပြန်ပြောလိုက်စမ်း"ဂျိတ်၏သြဇာ အာဏာပါသံကြောင့် ဆေဘာပင်လန့်သွားရလေသည်။
သာမန်လူက အဘယ်ကြောင့်ထိုသို့ဖြစ်နိုင်ရမည်နည်း။
(စနစ် Yahiko.ရဲ့ အစွမ်းငါ့ကိုလွှဲပြောင်းပေး)(ကောင်းပါပြီ သခင် လွှဲပြောင်းနေပါသည်)"မင်းဒီရောက်နေကတည်းက မင်းသမီးလေးကို ငါတို့သွားခေါ်ပြီးသား ဒီလိုပြောပြရတယ် ဆိုကတည်းက မင်းကသေလူမို့ပြောပြတာ ကဲ သေလိုက်တော့"ဝှစ်.....ဓားတစ်ချက်က ဂျိတ်ထံသို့ ပျံ သွားလေသည်။
မြန်ဆန်လှသဖြင့် မည်သူမျှဖမ်းရန် မဖြစ်နိုင်ပေ။
"ကောင်လေးလဲ သေပြီဆိုတော့ ငါလဲ ဟိုကလေးမလေးကို ခေါ်သွားရင် တာဝန်ပြီးပါပြီ ဒီကောင်ကသေ ....ဟမ် မင်းမသေသေးဘူးလား"ဆေဘာပစ်လိုက်သော ဓားက ဂျိတ်၏ရှေ့၌ သာ တန့်နေလေ၏။
(သွားစမ်း)ဆေဘာ သူ၏အစွမ်းကိုသုံးပြီး ဂျိတ်ထံတိုးဝင်စေခိုင်းသော်လည်း ဓားက ဆက်မတိုးဝင်နိုင်တော့။
"ဟာ ဘယ်လိုဖြစ်ပြီး ငါ့ထိန်းချုပ်မှု ပြတ်တောက်သွားရတာလဲ "ဆေဘာ ဓားကို ထိန်းချုပ်ထားသော စွမ်းအင်ပျောက်ကွယ်သွားကြောင်း ခံစားမိလေသည်။
"ဘာကြောင့် ပြတ်တောက်သွားတာလဲ ဆိုတော့သာလဲမင်းကို ပြောပြမယ် လေ ငါထိန်းချုပ်လိုက်လို့ပေါ့"ဂျိတ်ထိန်းချုပ်ခြင်းကို ခံရသော ဓားသည် တဖြေးဖြေးကျုံသွားကာ သေးငယ်လာလေသည်။
နောက်ဆုံးတွင် ထူထဲကျစ်လစ်လှသော သံချောင်းပမာဖြစ်သွားလေသည်။
"မင်းလဲ အဆင့်မြင့်ငွေစစ်သည်တော်လား မ..မဖြစ်နိုင်"ဆေဘာ ဒီဆစ်ခါတကယ်ထိတ့်လန့်သွားလေသည်။
မိမိ သံကိုထိန်းချုပ်နိုင်သောအစွမ်းဖြင့် ဓားကိုထ်ိန်းချုပ်ကာပစ်လိုက်တိုင်း ပစ်မှတ်သည် အမြဲသေကြရစမြဲဖြစ်သည်။
ထိုစွမ်းရည်ကို ဆေဘာ အားထားရမြဲဖြစ်လေသည်။
ဆေဘာ၏ထိုစွမ်းရည်မှ ဟန့်တားနိုင်သူ သို့မဟုတ် ဖျက်ပစ်နိုင်သူသည် ဆေဘာ၏အဆင့်ထက် မြင့်သောသူများသည် လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။
ဂျိတ်ကလည်း"ငါ့ကို သတ်ချင်တုန်းကတော့ ဖြစ်နိုင်မဖြစ်နိုင်တွေးမိလို့လား အော် ဒါနဲ့ ဘာလို့ငါဓားကိုထိန်းချုပ်ကြောင်း ပြောပြရတာလဲ သိလား မင်းက သေလူမို့လေ"ဝှစ်...ဝှစ်ဆိုသောအသံက ဓားကို ထိန်းချုပ်ကာ ပစ်လိုက်သောအသံဖြစ်လေသည်။
မြန်ဆန်လွန်းလှရာ ဆေဘာပစ်သော အမြန်နှုန်းသည် ထိုအမြန်နှုန်းနဲ့နှိုင်းသော် မပြောပလောက်သော ပမာဏဖြစ်သွားလေသည်။
ဘုတ်....ဆေဘာ၏ခေါင်းကို ပစ်လိုက်သောဓားလေးကဖောက်ထွင်းသွားကာ နောက်နံရံ၌စိုက်နေလေ၏။
ငွေစစ်သည်တော် ဆိုသော အဆင့်မြင့်စစ်သည်တော်ကတော့ ဂျိတ်၏တစ်ချက်တည်းသောအကွက်ကြောင့်ဘသေပွဲဝင်လိုက်ရလေပြီဖြစ်သည်။
ကြမ်းပြင်ပေါ်၌ ငွေစစ်သည်တော်ဆေဘာ၏သွေးများ စွန်းထင်နေပြီဖြစ်သည်။
"ငါ့သမီးကို လာထိပါးလို့ကတော့ သေဖ်ို့ပဲ ပြင်ထားကြပေတော့"ထိုတစ်ခွန်းတည်းကို ကြားလိုက်ကြရသောလူတိုင်းသေမင်းဖြင့် တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားကြရလေသည်။
Yahikomcယူထားသော အစွမ်းသည် animeကားဖြစ်သည့်narutoဇာတ်ကားထဲရှိ pain ဟုလူသိများသူyahiko၏စွမ်းရည်ဖြစ်သည်။
ယခု mcယူလိုက်သော စွမ်းရည်သည် yahiko(pain)ပိုင်ဆိုင်သောစွမ်းရည်များ ခြောက်မျိုးထဲမှ တစ်ခုဖြစ်သော မိမိကိုယ်ကို ဗဟိုပြုကာ အရာဝတ္ထုများကို(သံလိုက်စက်ကွင်းစွမ်းအင်ကဲ့သို့)ဆွဲငင်နိုင်တွန်းကန်နိုင် စွမ်းအင်[Deva path { Tendo}]ကိုအသုံးပြုထားခြင်းဖြစ်သည်။
ထိုအစွမ်းဖြင့် ဓားကို သိပ်သည်းသည်အထိ သေးငယ်စေလိုက်ကာ ဆေဘာခေါင်းကို ပစ်လိုက်ခြင်းလည်းဖြစ်သည်။