အခန်း (၇-၉)
Vol. 1 Ch. 7-9
7
"သူဒီလိုပဲ သေ သွားရတာလား"မြို့စားကြီး ကာမက် နဲ့ တွေ့မြင်ကြရသော အစေခံများ ထိတ်လန့်တုန်လှုပ် နေကြလေသည်။
တိုက်ပွဲတိုင်းကို အောင်အောင်တိုက်ခိုက်နိုင်သော ဂုဏ်သတင်းကြီးမားသော စွမ်းပါသည်ဆိုသောသူရဲကောင်းကြီး ဆေဘာက. လူမသိသူမသိ သာမန်လူလိုဂျိတ်ဆိုသောသူ၏ တစ်ချက်တည်းသောလှုပ်ရှားမှုကြောင့် သေပွဲဝင်သွားလေသည်။
ဒါဆို ဂျိတ်ဆိုတာကဘယ်သူလဲ။
စတင်ကြောက်လန့်လာကြလေသည်။
အစကတည်းက. ကလေးရောင်းပြီး ပိုက်ဆံယူလိုက်ပါဟု အတွေးဝင်နေကြသောအစေခံများကလည်း မိမိအတွေးကြောင့် သူတို့ကိုယ်တိုင်နေရာမှ မရွေ့နိုင်ကြတော့။
မိမိမှ ရွေ့ချင်သော်ငြားလည်း မိမိ၏ခြေထောက်က မိမိထိန်းချုပ်၍မရအောင် လန့်မိနေသောကြောင့်ဖြစ်လေသည်။
တစ်ချို့ဆိုလျှင် သေးများပင်ထွက်ကြကုန်လေသည်။
(စနစ် ငါလူသတ်လိုက်တော့ ဘာအကျိုးဆက်များရသလဲ တစ်ချက်လောက် ပြောပါဦး)(သခင် ဒီတိုင်း မဆီမဆိုင်မျိုးသတ်သည်ဆိုပါကဘာမှရမည် မဟုတ်ပါ သို့သော် တစ်ဖက်သားကသခင်ကို ရန်ရှာလုပ်ကြံသောကြောင့် သတ်ရပါကသခင်တွက် အကျိုးမြတ်ရနိုင်ပါသည်)( တခြားစနစ်ပိုင်ရှင် တွေမစ်ရှင် အောင်လို့ ဆုလဒ်ရသလိုမျိုးလား)(ဟုတ်ပါတယ် သခင် ဒီဆေဘာဆိုသော စစ်သည်တော်ကို သတ်ဖြတ်နိုင်မှုကြောင့် သခင်၏သိုင်းကျင့်ကြံမှုအဆင့်သည် တစ်ခါတည်း ဖြင့် ကြေးမှ ငွေစစ်သည်တော်အဆင့် 1သို့ တန်းရောက်ရှိသွားပါသည်)ဂျိတ်လည်း မိမိကိုယ်မှ သက်သောင့်သက်သာဖြစ်မှုကို ခံစားမိလိုက်ရသည်။
("ဒါက ငွေအဆင့်စစ်သည်တော်တွေရဲ့ အဆင့်တက်ရင် ဖြစ်တဲ့ခံစားမှုထင်တယ်")(မှတ်ချက်.... ဂျိတ်သည် သူ၏တရားဝင်အဆင့်သည် ယခုမှငွေစစ်သည်အဆင့်သို့ရောက်ရှိခြင်းဖြစ်သည် စနစ်ကြောင့် ဂျိတ်သည် ငွေအဆင့်1သို့မရောက်သေးသော်လည်း စနစ်အစွမ်းကြောင့် ဆေဘာကို သတ်နိုင်ခြင်းဖြစ်သည် )(သခင် အခွင့်ရေး ကျန်ပါသေးသည် ဆေဘာအားသတ်ဖြတ်နိုင်မှုကြောင့် အဆင့်တက်ခြင်းဖြစ်ကာ ဆုလာဒ်အနေဖြင့် မိမိသတ်ထားသော သူ၏ပိုင်ဆိုင်မှုများကို ပါရရှိမည်ဖြစ်ပါသည်)(သူရဲ့ ပိုင်ဆိုင်တာတွေကို သိမ်းထားပေး)(ကောင်းပါပြီ သခင်)"မြို့စားကြီး ခင်ဗျားက ကြံရာပါလား ပြောပါဦး"ဝုန်း.......မြို့စားကြီးကာမက် တစ်ခါတည်း ဒူးထောက်ကာပြောလေတော့သည်။
"မဟုတ်ပါဘူး ဆရာ သူက ကျနော်ကို ဆရာကို လာခိုင်းဖို့အမိန့်ပေးလိုက်တာပါ ဒီလိုအထိသူလုပ်မယ်လို့ တော့ မထင်မိတာအမှန်ပါ"အပြောဆိုအမူရာပါ တစ်ခါတည်းပြောင်းလဲသွားလေ၏။
အစေခံများတော့ မြို့စားကြီး၏ လုပ်ပုံက်ိုကြည့်ကာ ကြောင်နေလေသည်။
ဂျိတ် မြို့စားကြီး၏မျက်နှာကို သေချာကြည့်လိုက်၏။
သူလိမ်နေမှန်းမဟုတ်ကြောင်း သိရာခွင့်လွတ်ပေးလိုက်လေသည်။
"ဒါဆိုလဲ ခင်ဗျား ကိုခွင့်လွတ်ပေးလိုက်မယ် ဒါနဲ့အခုဖြစ်ခဲ့တဲ့ အကြောင်းကို ဘယ်သူ့ကိုမှ မပေါက်ကြားစေပါနဲ့""စိတ်ချပါဆရာ ကျနော်ဘယ့်သူကိုမှ မပေါက်ကြားစေရအောင်လုပ်ပမယ် ဆရာ တစ်ခုတော့ ရှိတယ်အဲ့ဒါက....""ဘာလဲ ပြော ""ဒီလိုပါ ဆေဘာသေ သွားတာကို သူ့စစ်တပ်ကအကြီးကဲတွေ အငြိမ်မထားဘဲ ဆရာ့ကို ပြသနာရှာ...""ဘာများလဲ လို့ သူတို့မင်းဆီလာမေးရင် ပြောလိုက်ဂျိတ်ဆိုတဲ့ကောင်လုပ်သွားတာလို့ ပြီးတော့ငါ့နေရာကို ညွှန်ပေးလိုက်ကြားလား"(ဟ ဒီလောက်လွယ်ရသလား)မြို့စားကြီး လန့်သွားသည်။
ဂျိတ်၏အကြောင်းအစစ်မှန်က ဘာလဲ။
ပြီးတော့ သူဒီလိုပြောရဲဆိုရဲပုံထောက်ရရင် သူရဲ့တကယ့်စွမ်းအား အစစ်မှန်က ဘာလဲအတွေးများဖြင့် ကျန်ခဲ့လေသည်။
ဂျိတ် အနေဖြင့် အိမ်ပြန်ရာတွင်လည်း သက်တောင့်သက်သာစွာပင် ပြန်သွားလေသည်။
မိမိ၏သမီးကိုလာဖမ်းသည်ဆိုသော ဆေဘာ၏ပြောစကားကို ပင်ဂရုမစိုက်သော ဟန်ဖြင့် သွားနေရသည့်အကြောင်းလည်းရှိလေ၏။
( သခင့်၏သမီးကို လာရောက်ဖမ်းလာသော သူခိုးနှစ်ယောက် ကြေးအဆင့် 9 သေဆုံးသွားကြပါပြီ)(နည်းတောင် နည်းသေးတယ် ငါ့ကို နှစ်ပေါက်လာရိုက်တဲ့ ဆေဘာ မင်းကို အမှန်က ငါတစ်ချက်တည်းနဲ့ မသတ်လိုက်သင့်ဘူးကွာ)ဂျိတ် သမီးဖြစ်သူကို စိတ်ချရသည့်အကြောင်းမှာ ခြံဝရှိ ယုန်ရုပ်ကြီးနှစ်ကောင်ကြောင့်ဖြစ်လေသည်။
ထိုယုန်ရုပ်ကြီးသည် ဟန်ပြအနေဖြင့် ထားထားခြင်းမဟုတ်။
ခြံဝင်း အတွင်း ခွင့်ပြုချက်မရှိ ဘဲ ဝင််ရောက်လာပါက ထိုယုန်ရုပ်နှစ်ရုပ်က မောင်းထုတ်မည်ဖြစ်ကာ ခုခံနေပါက အသေ သတ်ပစ်မည်ဖြစ်သည်။
ယခုလည်း သူခိုးနှစ်ကောင်မှ ယုန်ရုပ်ကြောင့် မာလကီးယား သွားကြပြီဖြစ်လေသည်။
ဂျိတ်တစ်ယောက် အိမ်ပြန်ရောက်လို့ သမီးလေးအယ်မလီနဲ့ပင် ကစားပေးနေလေသည်။
ထိုအချိန်တွင် ဂနာမငြိမ်ဖြစ်နေသူကတော့...ဝုန်း...ခွမ်းစစ်တပ်၏ဗိုလ်မှူးကြီးရွှေစစ်သည်တော် အယ်ဖာတစ်ယောက် ပေါက်ကွဲနေလေ၏။
သူ၏အားကိုးရသော ငွေစစ်သည်တစ်ယောက် သေဆုံးသွားသောကြောင့်ပင်။
အဆင့်မြင့်သော စစ်သည်တော်တိုင်းအတွက် တပ်စခန်း၏တစ်ခုသော အခန်းထဲတွင် မီးအိမ်များ ရှိလေသည်။
ထိုမီးအိမ်များသာ သာမန်မဟုတ်ကြ။
လေဘယ်လောက်တိုက်တိုက် ငြိမ်းရိုးမရှိ။
ထိုမီးအိမ်များသည်စစ်တပ်၏ အဆင့်မြင့်သော စစ်သည်တို့၏အသက်မီးစာကို ကိုယ်စားပြုလေသည်။
ယခုလည်း မိမိအားကိုးရသော စစ်သည်တော်များထဲမှဆေဘာဆိုသောသူ၏ မီးအိမ်ကား ငြိမ်းသွားပြီဖြစ်လေသည်။
အယ်ဖာ ချက်ချင်းပင် သူ၏အစောင့်ကို ခေါ်ကာမေးမြန်းလေသည်။
"သူ ဘယ်ကို သွားမယ်လို့ ပြောသွားသေးလဲ""ဒီယေဂိုမြို့ကို သွားမယ်ပြောသွားတာပါ"ငွေအဆင့်5စစ်သည်တော် တစ်ယောက်ဖြစ်ဖို့ ကားမလွယ်ကူပေ။
ထို့ကြောင့် လည်း အယ်ဖာဒေါသထွက်နေခြင်းလည်းဖြစ်လေသည်။
"ဒါဆိုရင် စစ်သည်တော် တစ်ထောင်ကို ငါနဲ့အတူ ဒီယေဂိုမြို့ကို လိုက်ခဲ့ဖို့ပြောလိုက်"စစ်သည်တစ်ထောင်ဦးစီးသော တပ်မကြီးကား ဒီယေဂိုမြို့သို့ ဦးတည်ထွက်လာကြလေသည်။
နောက်ထပ်ထူးဆန်းသောအဖြစ်ပျက်ဖြစ်သွားကြောင်း သူတို့နောက်မှသိလိုက်ကြလေသည်။
ဤသည်မှာ ဆေဘာ၏သိမ်းဆည်းထားသော ဘဏ္ဏာထဲမှ ဆေဘာပိုင်ဆိုင်သည်မှန်သမျှပျောက်ကွယ်သွားခြင်းပင်။
(8
လူရ်ိုင်းများရောက်လာကြလေပြီဂျိတ်ဘဝကား သာယာလှ၏။
သမီးဖြစ်သူကို ပျော်အောင်ထားရင်း အချိန်ကုန်ဆုံးစေလေသည်။
မိမိမှာစနစ်တစ်ခုလုံးရှိနေမှတော့ အဘယ်ကြောင့်အချိန်ကုန်ခံပြီး ကျင့်ကြံနေရမည်နည်း။
သမီးဖြစ်သူပျော်ရွှင်အောင်သာ ထားလေ၏။
ဒီယေဂိုမြို့စားမင်းလည်း ဂျိတ်ကို ကြောက်လန့်ရိုသေသောကြောင့် တစ်ခါတစ်ခါ ဂျိတ်ထံသို့စားကောင်းသောက်ဖွယ်များပို့ကာ မျက်နှာချိုသွေးလေသည်။
ပြီးလျှင် ဆေဘာကိုသတ်လိုက်သောကြောင့် ပြသနာသည်ထပ်ရောက်လာလိမ့်မည်ဟုလည်း မြို့စားကြီးနေဖြင့်လည်း ခန့်မှန်းထားပြီးဖြစ်လေသည်။
ထိုခန့်မှန်းမှုကား တကယ်ပင်ကျရောက်လာလေတော့သည်။
ဝုန်း....ဝုန်း....မြို့၏အပြင်ဘက်၌ ဆူညံနေသဖြင့် မြို့စားကြီးလည်းထွက်ကြည့်မိသည်။
အလိုလေး ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားသော တပ်ကြီးက မိမိတို့မြို့ထံသို့ဦးတည်ချီတက်လာနေခြင်းဖြစ်လေသည်။
အလိုလေး မိမိထင်နေသည်က တကယ်ပဲ ဒီနေ့မှာရောက်လာလေခဲ့ပြီလား။
မြို့စားကြီးသက်ပြင်းချမိလေသည်။
မြို့ထဲရှိလူများကလည်း စစ်တပ်ကမိမိတို့အပြင်ဘက်၌ချထားသောကြောင့် တုန်လှုပ်နေကြလေသည်။
မိမိတို့တွင် ဘာများလုပ်ထားမှန်းမသိသော်လည်း လက်နက်အပြည့်စုံပါသော တပ်ကိုကြောက်ကြရလေသည်။
"မြို့စားကြီး ဒီကဗိုလ်ကြီးက တွေ့ချင်တယ် ဆိုလို့ ကျနော်ခေါ်လာပါတယ်"မြို့စားကြီး သူ၏တပည့်က မြင်းစီးလာသောစစ်သည်တော်တစ်ယောက်ကို လမ်းပြခေါ်လာမှန်းတွေ့လိုက်ရလေသည်။
ထိုစစ်သည်တော်သည် ဥပဓ်ိရုပ်ခန့်ညားကာ ဆေဘာထက်သာသော အရှိန်ဝါရှိလေသည်။
သူမြင်းစီးလာပုံကလည်း ထူးခြားသောအသွင်အပြင်ကို ဆောင်လေသည်။
သူ၏ဝတ်ဆင်ထားသော ချပ်ဝပ်တန်ဆာကို ကြည့်ကာ မြို့စားကြီးလန့်သွားရလေသည်။
(ဒါက နိုင်ငံရဲ့ရွှေစစ်သည်တော်ရဲ့ ချပ်ဝတ်တန်ဆာတွေမဟုတ်လား။
)ရွှေအဆင့်ချပ်ဝတ်တန်ဆာများသည် သာမန်ထက်ထူးခြားကာ ဝတ်ဆင်ထားသူအား ခုခံမှုမြင့်တင်ပေးနိုင်လေသည်။
ရွှေအဆင့်ချပ်ဝတ်တန်ဆာများတွင်သားရဲများ၏အမြုတေကိုလည်း ထည့်သွင်း ပြုလုပ်ထားလေသည်။
ထိုချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသူက မိမိသို့ရောက်လာပြိီး"ကျုပ်က အယ်ဖာပဲ ဆေဘာဒီမြို့မှာ သေ သွားရတဲ့အကြောင်းကို စုံစမ်းလာတာပဲ ခင်ဗျားသိရင်ပြောပြပါ"(ဘာ အယ်ဖာ ဟုတ်လား )မြို့စားကြီး ပိုလန့်ရလေပြီ။
အယ်ဖာဆိုသောရွှေစစ်သည်တော်သည် မိမိတို့ ဂရိတ်တိုင်းပြည်၏ကျော်ကြားသော စစ်သူကြီးလည်းဖြစ်လေသည်။
ရန်သူများကို သွေးဆာစွာသတ်ဖြတ်သုတ်သင်မှုမိမိအဖွဲ့သားများကို ကာကွယ်နိုင်မှုတို့ကြောင့်လည်းကျော်ကြားသည်။
ကြည့်ရသည်မှာ ဆေဘာလည်းသူ၏အဖွဲ့ဝင်ဖြစ်ဟန် ရသည်။
ထို့ကြောင့်လည်းကြီးမြတ်သော အယ်ဖာက မိမိမြို့အထိလာရောက်ကာ မေးမြန်းနေခြင်းလည်းဖြစ်လေသည်။
ဂျိတ်၏စကားပြောခဲ့သည်များကိုလည်း မြို့စားကြီးကာမက်သတိပြန်ရလာလေသည်။
ဂျိတ်မှ လာမေးသူရှိပါက မိမိနေရာကို ပြောပြရန် ညွှန်ကြားလိုက်လေသည်မဟုတ်ပါလား။
"သိပါတယ် ဆေဘာကဂျိတ်ကြောင့်သေဆုံးခဲ့ရတာပါ""ဘယ်လို ဂျိတ်ကြောင့် သေဆုံးရတာဟုတ်လား ဟိုကသူ့ကထက်အဆင့်မြင့်နေတာလား ဘယ်လိုတိုက်ကြတာလဲ ပြောပြပါဦး"အယ်ဖာ သိချင်စိတ်များပြင်းပြလာလေသည်။
ဆေဘာကိုအနိုင်ပိုင်းသော သူကိုလည်းသိချင်လာလေသည်။
ထိုသူအား ပညာပေးရန်လည်း ဆုံးဖြတ်ထားပြီးဖြစ်လေသည်။
"အမှန်.....အမှန်က.....""ပြောပါ ဘာလို့ တွန့်ဆုတ်နေတာလဲ""အမှန်တော့ ဆေဘာက တစ်ချက်တည်းနဲ့ သေသွားရတာပါ""မင်း ဘာပြောလိုက်တယ် "အယ်ဖာ အနည်းငယ်အံသြ သွားလေသည်။
ဆေဘာကို တစ်ကွက်တည်းသတ်သွားတယ် ဟုတ်လေစ။
ထိုအကောင်သည် ဘယ်လိုကောင်များဖြစ်သနည်း။
မိမိတို့တိုင်းပြည်ကို ခိုးဝင်လာသော ရန်သူတိုင်းပြည်မှ စစ်သူကြီးများလား။
စစ်သူကြီးများသည် ရွှေအဆင့်သို့ရောက်ကြရာ ဆေဘာက်ို တစ်ချက်တည်းဖြင့် သတ်နိုင်သည်မှာ သေချာပေသည်။
"သူက ဆေဘာကို သတ်တဲ့ကိစ္စကြောင့် လာမေးတဲ့သူရှိရင် သူ့နေရာဆီ ညွှန်ပြပေးဖို့ကိုလဲ ကျနော်ကိုပြောပြသွားပါသေးတယ် ပြီးတော့ သူကဆေဘာကိုသတ်လိုက်ရတာကလဲ ဆေဘာကြောင့်ပါပဲ""ဘာကြောင့် ဆေဘာကို ဘာလို့သူသတ်လိုက်ရတာလဲ ပြောပြစမ်း""ဆေဘာက အစက သူ့သမီးကို ငွေနဲ့ဝယ်ပါတယ်အဲ့မှာဂျိတ်က ဒေါသထွက်သွားပါတယ် ဒါကြောင့် ဂျိတ်က စကားဆက်မပြောဘဲ ထွက်အသွားမှာ ဂျိတ်ကိုဆေဘာက သူ့ကိုလဲ သတ်ပြီး သူ့သမီးကိုလဲ ခေါ်သွားမယ်ပြောပြီး ဆေဘာကအရင်လုပ်ကြံပါတယ်ဂျိတ်က သူ့သမီးကိုထိပါးတဲ့ စကားတစ်ခွကြောင့် ဒေါသထွက်ပြီး ဆေဘာကို ဆေဘာပစ်လိုက်တဲ့ဓားကိုသိပ်သည်းပြီးတစ်ချက်တည်းပြန်ပစ်လိုက်တာပါ""ဟ"ဆေဘာ ဆိုးသွမ်းကြောင်းကို လည်း အယ်ဖာသိသည်ဖြစ်သည်။
သို့သော် သူများသမီးကို အတင်းကြပ်ဝယ်သည်ဟူသော သတင်းကိုကြားရပြီးနောက်ဆေဘာကိုပင် သေသင့်ကြောင်း အယ်ဖာ တွေးမိလေသည်။
မိမိသမီးကို ငွေပေးကာ အတင်းကျပ်ဝယ်သည်ကို ဘယ်ဖခင်က ဒေါသမထွက်ဘဲနေမည်နည်း။
ဆေဘာတစ်ယောက်က ငြိမ်နေသောကျားကြီးကိုမှ အမြီးသွားဆွဲနေခြင်းမျိုးသာဖြစ်လေသည်။
ဆေဘာကို ဘယ်သူသတ်သလဲဆိုသည်ကို အယ်ဖာနေဖြင့် သိရပြီဖြစ်ရာ ဂျိတ်ရှ်ိနေသော နေရာသို့မြင်းစီးလျက်သွားလိုက်လေသည်။
ရောက်ပါပြိီ ဒီလိုမြို့ပြင်၏ခြံနဲ့ဝန်းနဲ့ နေတတ်သူကအဆင့်တန်းမြင့်လှကြောင်း အယ်ဖာ သတိထားမိလေသည်။
လှသောသစ်သားအိမ်ကြီးနဲ့ ခြံကိုကြည့်ရင်းခြံဝရှိ ယုန်ရုပ်ကြီးကိုကြည့်ကာ မျက်မှောင်ကျုံမိလေသည်။
(နေစမ်းပါဦး ဒါက အစီရင်နဲ့ စီရင်ထားတဲ့ အရုပ်လားဟ ဒီကောင်တော်တော်ကြီး ချမ်းသာနေတာလား)မိမိတို့တပ်ထဲတွင်ပင် အစီရင်နဲ့လုပ်ထားသောအရုပ်များကရှားပါးလှပေသည်။
ဂျိတ်ဆိုသောကောင်ကတော့သူ၏ ခြံဝမှာပင် နှစ်ရုပ်တောင် ထားထားလေသည်။
တပ်ရင်းတစ်ခုတွင်ပင်နှစ်ရုပ်ရဖို့ကမဖြစ်နိုင်ပေ။
"အိမ်ရှင်တို့ ကျုပ်က အယ်ဖာပါ အသင်က ဆေဘာကိုသတ်လိုက်တယ်ဆိုလို့ ကြားလို့ ဒီကိုရောက်လာတာပါ"ထိုအသံပြန့်သွားသည်နဲ့ မိမိကိုယ်ပေါ်သို့ ဖိအားစတင်ကျလာကြောင်းသတိထားမိလေသည်။
ဖိအားများသည်နဲ့ မိမိသည်အလိုလျောက်ဒူးထောက်ပြီးသားဖြစ်ကြောင်း ရိပ်မ်ိလေသည်။
(ဟ ငါ...ငါလှုပ်လို့မရတော့ပါလား ဒီ...ဒီအရှိန်ဝါတွေက... )အယ်ဖာ ကြောက်ရွံခြင်းဟူသော တရားကို စတင်ခံစားမိလာလေသည်။
ဆေဘာကို သတ်သွားသောသူက မိမိထင်တာထက်မြင့်ရုံသာမက မိမိကိုပင် ပုရွတ်ဆိတ်ပမာ သဘောထားကြောင်း ခံစားမိလာလေသည်။
"သတ်ဖြတ်ခြင်းအရှိန်ဝါများ ဒါက သတ်ဖြတ်ခြင်းအရှိန်ဝါတွေပဲ"အယ်ဖာ ထိုမှများပြားသော အရှိန်အဝါများကိုတစ်ခါမှမမြင်ထူးသောကြောင့် တုန်လှုပ်လာလေသည်။
ထိုလူကားဘယ်သူနည်း။
ထိုပမာဏာသောသတ်ဖြတ်ခြင်းအရှိန်ဝါရရန် ဘယ်လောက်တောင်သတ်ထားပြီလဲ။
တိုက်ပွဲနတ်ဘုရားများလား ထိုသို့သာတွေးနိုင်လေသည်။
(စနစ် ဘယ်လိုနေ တစ်ချက်ပြန်ဖြေပါဦး)("သခင် လုပ်ဆောင်ချက် ကောင်းမွန်လှပါသည်အယ်ဖာသည် ယခုချိန်၌ သခင့်အား ကြောက်သောစိတ်များပြည့်နက်ကာ လေးစားနေပြီဖြစ်ပါသည်)ဂျိတ် မိမိ၏လုပ်ဆောင်ချက် အောင်မြင်သောကြောင့် ပြုံးမိလိုက်သည်။
အယ်ဖာကို မိမိအားကြောက်ရွံစေရန် စနစ်အစွမ်းဖြင့် သတ်ဖြတ်ခြင်းအရှိန်ဝါကို(သွေးနတ်ဘုရားရှီယန်) ထံမှ ယူထားခြင်းလေသည်။
ဒါကြောင့် အကုန်မထုတ်လွင့်ရသေး။
အနည်းငယ်မျှသော ပမာဏကိုသာ ထုတ်လွင့်ရခြင်းဖြစ်လေသည်။
ထိုသို့ထုတ်လွင့်ရင်း အယ်ဖာရှိရာ ခြံဝသို့ ထွက်လာလိုက်လေသည်။
"အယ်ဖာ ငါ့ကို ဆေဘာကစော်ကားလို့ ငါသတ်လိုက်ရတာ မင်းကော ဘာများပြောလိုပါသလဲ""ကျနော်မျိုး အပြစ်ကြောင့် ပါ ဆေဘာကိုသေချာမထိန်းသိမ်းခဲ့လို့ အရှင်လက်လွန်ရတာပါ ကျနော်သူ့ကိုယ်စားတောင်းပန်ပါရစေ"အယ်ဖာသည် ထုံထိုင်းနေသူမဟုတ် ရာ ချက်ချင်းပင်တောင်းပန်စကားဆိုလိုက်လေသည်။
.ထိုစကားပြောပြီးသည်နဲ့ မိမိကိုယ်ပေါ်သို့ ဖိအားများပျောက်ကွယ်သွားကြောင်းအယ်ဖာ သတိထားမိလေသည်။
"ဒါဆိုလဲ ထလို့ရပါပြီ"(ဟ ဒိီလူက တကယ်ပဲ တိုက်ပွဲနတ်ဘုရားလားဟငယ်လိုက်တာ)အယ်ဖာ အသက်သည် ငါးဆယ်ရှိပြီဖြစ်ကာ ယခုမိမိတွေ့ရသော ကောင်လေးသည် အသက်သုံးဆယ်ပင်ကျော်ဟန်မတူ။
သို့သော် မိမိခံစားမိသော ဖိအားအရှိန်ဝါများသည် မိမိရှေ့မှလူငယ်လေးထံမှ လာကြောင်းကို မူ သေချာပေါက်အာမခံနိုင်လေသည်။
"ဖီဖီ ဘယ်သူနဲ့ စကားပြောနေတာလဲ ဟင်"အလွန် ချစ်စရာကောင်းသောကလေးမလေးက မိမိရှေ့မှလူငယ်ထံသွားလိုက်ကာလူငယ်၏ရင်ခွင်ထဲ၌တိုးဝေ့နေလေသည်။
(ဟ ငါပဲအမြင်များနေတာလား)အယ်ဖာ ကြောင်တောင်တောင်ဖြစ်ရပြန်လေသည်။
သတ်ဖြတ်ချင်းအရှိန်ဝါများနဲ့ ပြည့်နေသော ဂျိတ်မှသူ၏သမီးလေးရှေ့တွင် သာမန်လူလို အော်ရာသာထွက်နေသည်သာမက သိုင်းအဆင့်သည်လည်း ငွေအဆင့်သာရှိနေသည်ကိုတွေ့ရလေသည်။
(အော် ဒါကဆရာကြီးတွေပဲ လုပ်နိုင်တာလေ ဘယ်သွားယှဥ်လို့ရမလဲ)အယ်ဖာ ဂျိတ်ကိုလေးစားသွားလေသည်။
သူ၏သမီးကို ချစ်ခင်ကြင်နာပုံကို တွေ့ပြီးသော လူများက ဂျိတ်ကို ကြမ်းတမ်းသော တိုက်ပွဲနတ်ဘုရားဟုပြောပါက ဘယ်သူမျှယုံကြည်မည်မဟုတ်ပေ။
"ဗိုလ်ကြီး အယ်ဖာ ဒီယေဂိုမြို့အနီးနားကိုဆာဗေ့တွေရောက်လာကြပြီဗျ"စစ်သည်လေးတစ်ယောက် မြင်းစီးရင်း အယ်ဖာရှိရာနေရာသို့ သတင်းလာပို့လေသည်။
"ဘာကွ သူတို့ဘယ်လောက်ရှိလဲ""တော်တော်များတယ် ဗိုလ်ကြီး"ဆာဗေ့ များသည် ကြီးမားသန်မာကြသော လူရိုင်းများဖြစ်ကြလေသည်။
၎င်းတို့သည် မြို့ရွာများကိုတိုက်ခိုက်ကာ စားနပ်ရိက္ခာများ လုယူတက်ကြလေသည်။
ဒီယေဂိုမြို့သည် လူရိုင်းများနေထိုင်သောတောများနဲ့ အနီးဆုံးမြို့လည်းဖြစ်လေသည်။
လူရိုင်းများတိုက်ခိုက်မှု၏နောက်ဆုံးအကြိမ်သည်လွန်ခဲ့သော ဆယ်နှစ်ခန့်မှဖြစ်သည်။
ယခုအချိန်မှဘာကြောင့် ပြန်ထွက်ပေါ်ရသည်ကိုတော့ အယ်ဖာလည်းမသိပေ။
"စစ်သည်လေးမင်းက တပ်ကိုပြန်ပြီးအကြောင်းကြားလိုက် ငါတို့အခုတပ်က ခုခံထားမယ်"
9
လူထူးဆန်းနှစ်ယောက်ဒိီယေဂိုမြို့ပြင်ဘက်၌ အယ်ဖာခေါင်းဆောင်သောစစ်သည်တစ်ထောင်ပါသော တပ်ကြီးသည် ဆာဗေ့လူရိုင်းများကိုစောင့်ဆိုင်းနေကြလေသည်။
မြို့တွင်းရှိလူများကလည်း အယ်ဖာတို့ကိုနိုင်စေကြောင်း ဆုမွန်တောင်းကြလေသည်။
လူရိုင်းများ၏တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သောဆယ်နှစ်ကထိခိုက်မှုကိုမိမိတို့နဖူးတွေ့ဒူးတွေ့ခံစားဖူးကြသည်မဟုတ်ပါလား။
"အင်း ငါတော့ တိုက်ဆိုင်တာပဲပြောရမလားပဲ"အယ်ဖာက ဆေဘာကိုသတ်သောသူအားပညာပေးရန်လာသော်လည်း တကယ်တမ်းခံရသူကမိမိသာဖြစ်သွားရလေသည်။
ဂျိတ်မှ သဘောထားကြီးသောကြောင့်သာမိမိအသက်ချမ်းသာရာရသည်ဟုတွေးတောလေသည်။
ထိုစဥ်က မိမိကြုံဖူးသောအရှိန်ဝါများကိုပြန်ခံစားမိရင်း တွေးမိလေသည်။
(သူက အနည်းဆုံးလူသိန်းငါးဆယ်ကတော့ အသာလေးကျော်မယ်ထင်တယ်)ယခုလည်း ဆာဗေ့များကိုရင်ဆိုင်ရန် အသင့်အနေထားဖြင့် ပြင်ထားလေသည်။
မကြာမိီအချိန်မှာပင်တောဘက်မှ အရိပ်ယောင်များကို စတင်မြင်တွေ့ရလေတော့သည်။
ဒုန်း ....ဒုန်း....ဒုန်း...မြေကြီးများပင် တုန်ခါသွားလေသည်။
ခြေသံများကလည်း သံပြိုင်သွားနေသည့်အလား ထွက်ပေါ်လာလေသည်။
တောဘက်မှစ၍ မြေတုန်ခါမှုကပို၍စိတ်လာလေသည်။
ဆာဗေ့များ၏ပုံစံများကို မျ က်မြင်ကိုယ်တွေ့မြင်လိုက်ရပြီဖြစ်လေသည်။
(ဟ သူတို့ကဘယ်လိုဖြစ်ပြီးပြောင်းလဲသွားကြတာလဲ)အယ်ဖာ ပိုစိုးရိမ်မိလာသည်။
ယခင်က လူရိုင်းများတိုက်ခိုက်မှုသည် စနစ်မကျပေ။
လူရမ်းကားများကဲ့သို့ အုပ်စုလိုက်ဝင်ရောက်ကာ တွေ့ရာလူကိုသတ်ဖြတ်ကြခြင်းဖြစ်လေသည်။
လုပ်ချင်ရာလုပ်ဆောင်ကြသော လူစုများဖြစ်လေသည်။
ယခုကား ယခင်နဲ့ လုံးဝကွာခြားသွားလေပြီ။
လမ်းလျှောက်သည်က အစ တစ်သံတည်းထွက်နေသည်။
စစ်သည်တော်များကဲ့သို့ ညီညီညာညာသွားလာကာ ဆာဗေ့ တိုင်း၏လက်ထဲတွင်လည်းကြီးမားသော တင်းပုတ် ဓားပြားကြီးများ ကိုကိုင်ဆွဲထားကြလေသည်။
ယခင်လို နံပိုင်းသာဝတ်ဆင်သော ဆာဗေ့ များမှာ ယခုအခါ စစ်သည်တော်များလိုအကျနဝတ်ဆင်ထားကြလေသည်။
အရေတွက်အားဖြင့်လည်း ငါးထောင်များရှိမည်ဟုခန့်မှန်းရလေသည်။
အင်အားခြင်းသန်မာခြင်းယှဥ်ပါက မိမိတို့ကရှုံးနိမ့်နေသည်ဖြစ်လေသည်။
ဒီတစ်ခေါက်တော့ တိုက်ပွဲပိုပြင်းထန်နိုင်ကြောင်းအယ်ဖာရိပ်စားမိသည်။
ထိုစဥ် မီးအလင်းတန်းသုံးခု ထွက်ပေါ်လာရာ ပို၍မျက်နှာပျက်ရလေသည်။
မီးအလင်းတန်းသုံးခုတောင် ။
ထိုအဓိပ္ပါယ်က ကျန်သောမြို့သုံးခုကပါ တိုက်ခိုက်ခြင်းခံနေရပြီလား။
ကျန်သောမြို့သုံးခုပါ တိုက်ခိုက်ခံရပါက အစွန်ဆုံးမြို့ဖြစ်သောဒီယေဂိုမြို့သို့ တပ်ကူရောက်လာဖို့ကအလွန်နည်းပါးသွားလေပြီဖြစ်လေသည်။
ဒီယေဂိုမြို့တွင် ယခုလက်ရှိ စစ်သည်တစ်ထောင်နဲ့ မြို့စောင့် တပ်သားငါးရာမျှသာရှိလေသည်။
ထိုအင်အားကိုနိုင်မည် မထင်။
တပ်ကူရောက်လာသည်အထိပင် အချိန်ဆွဲနိုင်သည်ကပင်တော်ရုံကျမည်ဖြစ်လေသည်။
"အာ....ဝူးးးးးး"ဂျိန်း........ဆာဗေ့ များ သံပြိုင်ဟစ်ကာ လက်နက်များကိုလမြေပေါ်ဆောင့်လိုက်ရာ မိုးကြိုးပစ်လိုက်သည့်နှယ်ဟိန်းထွက်သွားလေသည်။
ဤသည်ကတစ်ဖက်သားကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်လေသည်။
အယ်ဖာတို့ကလည်းအားကျမခံ ပြန်လည်တုံပြန်လိုက်လေသည်။
"စစ်သည်တော်တို့........""ဟိန်း......"အော်ဟစ်လိုက်ပြန်လေသည်။
မိမိတို့လည်းမခေကြောင်း ပြန်လည်ပြသခြင်းဖြစ်သည်။
တိုက်ပွဲကားစတင်လိုက်လေပြီတကား။
"တိုက်ကြဟေ့""ကျား.....ယား......ဝေး""ဝူး........ယားး......ဝူး....."လူရိုင်းများလည်း စစ်သည်တော်ထံများတိုးဝင်တိုက်ခိုက်ကြသလို စစ်သည်တော်များကလည်း လူရိုင်းများကို တို က်ခိုက်ကြလေသည်။
တိုက်ပွဲသံများကား ဆူညံသွားလေသည်။
တိုက်ခိုက်သံများ သတ်ဖြတ်သံများက ဆူညံပွက်လောရိုက်လေသည်။
သွေးရဲသံရဲများကလည်း မြင်ဖွယ်မကောင်းလောက်အောင်ရှိလေသည်။
မြို့ပြင်အနီးရှိ ဂျိတ်၏အိမ်၌......."စနစ်ရေ ငါကိုတိုက်ပွဲရဲ့ သတင်းအချက်လက်လေးပြောပြပါဦး""စနစ်၏ မျက်လုံးကို အသုံးပြုလိုက်ပါသည်။
"ခဏအတွင်း အချက်လက်များ ဂျိတ်ထံသို့ ကျရောက်လာလေသည်။
အချက်လက်များဖတ်ပြီးသည်နဲ့ အယ်ဖာတို့အခြေနေမကောင်းမှန်း သိလိုက်လေသည်။
လူရိုင်းများသည် တစ်ပြိုင်တည်းမြို့လေးမြို့ကို စတင်ဖိတိုက်လိုက်လေသည်။
လွန်ခဲ့သော ဆယ်နှစ်တုန်းကလို အင်အားပျော့ညံခြင်း အဖွဲ့လိုက်မလှုပ်ရှားမလုပ်ဆောင်တတ်ခြင်းများကို ယခုတိုက်ခိုက်ရာ၌လုံးဝမတွေ့ရပေ။
စစ်သည်တော်များကဲ့သို့ပင် လုပ်ဆောင်နေကြလေသည်။
မမျှော်လင့်ဘဲ တိုက်ခြင်းဖြစ်ရာ ဂရိတ်နိုင်ငံအနေဖြင့် များစွာအထိနာမည်ဖြစ်လေသည်။
"စနစ်အခုချိန်မှာ ငါကိုယ်ပိုင်စွမ်းအားတိုးတက်ဖို့မစ်ရှင်လိုမျိုးလုပ်ပေးပြီး အဆင့်တက်မြန်တာမျိုးလုပ်ပေးလို့ရလား"ဂျိတ်တောင်းဆိုလိုက်လေသည်။
သူများကိုသတ်မှတိုးတက်မည်က အမြဲတမ်းမိမိအနေဖြင့် သတ်နေမည်မဟုတ်ရာ တာဝန်တစ်ခုလုပ်ဆောင်ပြီး အဆင့်တက်ခြင်းကို တောင်းဆိုလိုက်ခြင်းဖြစ်လေသည်။
"ရပါတယ် အခုပဲ သခင်တွက် တာဝန်တစ်ခုလုပ်ဆောင်ပေးလိုက်ပါပြီ။
သခင်အတွက်တာဝန်ကျရောက်လာပါသည်။
ဒီယေဂိုမြို့သည် ဆာဗေ့လက်အောက်ကျရောက်ခါနီးနေပါပြီ အယ်ဖာတပ်ဖွဲ့ကိုသင်ဝင်ရောက်ကူညီကယ်တင်ခြင်းဖြင့် အဆင့်ငါးဆင့်မြင့်တင်လိုက်ပါ အောင်မြင်အောင်လုပ်ဆောင်နိုင်ပါက တစ်ဆင့်တိုးပေးပါမည်"ထိုအသိပေးချက်ကြားသည်နဲ့ဂျိတ်ကျေနပ်မိလေသည်။
ဒီလိုဆိုလဲ ဘယ်ဆိုးလို့လဲ။
"စနစ် ငါကိုယ်တိုင်လုပ်မှ အဆင့်တက်မှာလား""ကိုယ်တိုင် လုပ်သည်ဖြစ်စေ ကိုယ်စားလွှတ်၍လည်းဖြစ်စေ လုပ်ဆောင်နိုင်ပါသည်""ဟုတ်ပြီ ဒါဆို စနစ်ဒီတစ်ခါငါ ဆင့်ခေါ်မယ်မင်း%%%%%%%ကိုဆင့်ခေါ်ပေတော့""သခင်ပြောသောလူကို ဆင့်ခေါ်လိုက်ပါပြီ သူတို့သည်တိုက်ပွဲနယ်ထဲသို့ ဝင်ရောက်သွားကြပါပြီ"ပေါ်တယ်မှ လူနှစ်ယောက်ထွက်လာကာ တိုက်ပွဲနယ်ထဲသို့ ဝင်သွားကြလေသည်ကို ဂျိတ်မြင်တွေ့လိုက်လေသည်။
မိမိနေဖြင့် စေလွတ်ပြီးပြီမို့ သမီးလေးနဲ့အတူကစားပေးနေလိုက်လေသည်။
စစ်မျက်နှာ၌....အယ်ဖာသည်လည်း အပြင်းထန်တိုက်ခိုက်နေရလေသည်။
ဆာဗေ့ တို့ဘက်တွင်ရွှေအဆင့် လူရိုင်းကြီးပါရာ အယ်ဖာနဲ့ယှဥ်ချနေကြခြင်းဖြစ်လေသည်။
အယ်ဖာလည်း ထိုလူရိုင်းနဲ့ ချနေရသောကြောင့် မိမိစစ်သည်မားကို ဝင်ရောက်မကူနိုင်ပေ။
ထိုအခြေနေမျိုးဆိုပါက နောက်ငါးမိနစ်အတွင်း မိမိတို့အကုန်သေဆုံးရှုံးနိမ့်သွားကြတော့မည်မှန်း ရိပ်မိသည်။
ရွှေအဆင့်လူရိုင်းကြီးမှာ မိမိနဲ့အဆင့်တူနေရာ ကိုယ်မသာ သူမသာဖြစ်နေကြလေသည်။
သိသာစွာပင် လူရိုင်းများက အားသာနေသည်ဖြစ်လေသည်။
ထိုစဥ်....ကျား......ကျား.....လူများအော်သံဖက်ကို လန့်ကြည့်လိုက်ကြလေသည်။
သန်စွမ်းတုတ်ခိုင်လှသော ယောကျာ်းနှစ်ယောက် တိုက်ပွဲသို့ဝင်ရောက်လာလေသည်။
ထိုသူများသည် ပုဆိုးခါးတောင်းကျိုတ်ထားကာဝင်လာခြင်းဖြစ်လေသည်။
စစ်သည်တော်ချပ်ဝတ်အဝတ်စားများမဝတ်ဆင်ထားရာ သူတို့ကိုယ်ပေါ်မှထိုးကွင်းမင်ကြောင်များကိုလည်း လူတိုင်းတွေ့မြင်ကြရလေသည်။
ယောကျာ်းပီသစွာသောသန်မာလှသော ကိုယ်ခန္ဓာနဲ့လက်နှစ်ဖက်တွင်လည်း အသွားထက်မြက်လှသော ငှက်ကြီးတောင်ဓားများကိုကိုင်ဆွဲထားကြလေသည်။
ကြောက်လန့်သော အမူရာလုံးဝမရှိ မာန်ပါပါဖြင့်တိုက်ပွဲထဲဝင်ရောက်လာခြင်းဖြစ်လေသည်။
"သူတို့က သေမှာမကြောက်ဖူးလား""ရူးလို့အဝတ်စားမဝတ်တာလား"ထိုအပြောများက တစ်ခါတည်းရပ်တန့်သွားလေသည်။
အဘယ်ကြောင့် ဆိုသော် ထိုလူနှစ်ယောက်မှတစ်ယောက်ကို ဆာဗေ့တစ်ယောက်မှ ပုဆိန်ဖြင့်ခုတ်ရာ ပုဆိန်သည် ကိုယ်ပေါ်သို့ကျရောက်သွားသော်လည်း ထိုလူမှာ ဘာမှမဖြစ်ပေ။
"ရွှတ်"ထိုလူ ကသူ၏လက်ကိုတစ်ချက်ယမ်းလိုက်ရာငှက်ကြီးတောင်ဓားက ဆာဗေ့၏ကိုယ်တစ်ခါတည်းနှစ်ပိုင်းပြတ်သွားစေလိုက်လေသည်။
(ငလူး သူတို့ က မာကျောတဲ့ သံမဏိကိုယ်တွေများပိုင်ဆိုင်ကြတာလားဟ သူ့လိုသာ ငါတို့မာကျောနေရင် ငါတို့လဲ အဝတ်စားချပ်ဝတ်တွေ ဝတ်မနေဘူး)စစ်သည်တော်များလည်း မိမိဖက်မှ လူထူးဆန်းနှစ်ယောက်လာကူသဖြင့် တက်ကြွလာကာ တိုက်ခိုက်ကြပြန်တော့သည်။
လူထူးဆန်းနှစ်ယောက်လည်း လက်နှစ်ဖက်တွင်ငှက်ကြီးတောင်ဓားကို ကိုင်ကာ ဆာဗေ့များကိုစတင်သုတ်သင်လေတော့သည်။
"ကျား..."ကြာတော့ ဆာဗေများလည်း ထိုလူနှစ်ယောက်က်ိုမြင်သည်နဲ့ သွေးပျက်လာကြလေသည်။
ထိုနှစ်ကောင်သည် အလွန်ပင်လွန်လွန်းလှသည်။
မည်မျှပင် ခုတ်စေ ပိုင်းစေကာမူ ထိုနှစ်ယောက်ကိုယ်၌အရာပင်မထင်။
ထိုနှစ်ယောက် သုတ်သင်ခြင်းကိုသာ ခံနေကြရလေသည်။
ထိုလူနှစ်ယောက်သည် တစ်နေရာ၌ ရှင်းလင်းပြီးသည်နဲ့ တစ်ခါခုန်ကာ နောက်တစ်နေရာသို့ ချက်ချင်းရောက်သွားကာဆာဗေ့များကို ဆက်လက်ရှင်းလင်းရာ တိုက်ပွဲအခြေနေသည် တခဏအတွင်း ပြောင်းပြန်ဖြစ်သွားလေတော့သည်။