အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
10
သူက ဒဏ္ဏာရီထဲက ဆရာကြီးပဲတစ်ချိန်တည်းဆိုသလိုပင် အယ်ဖာတို့ဘက်မှပြန်လည်အရေးသာလာသည်ကို လူတိုင်းပြန်လည်မြင်လာရလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ လူထူးဆန်းနှစ်ယောက်ကြောင့်ဟု ဆိုလျှင်မမှားပေ။
ထိုလူနှစ်ယောက်သည် မည်သည့်အရပ်မှလာသည်ကိုမသိရသော်လည်း မိမိတို့ဘက်မှကူညီကာ သူတို့၏ငှက်ကြီးတောင် ဓားများက လူရိုင်းများကိုထောပတ်လှီးသည့်နှယ် ပယ်ပယ်နှယ်နှယ် ပိုင်းဖြတ်နေသည်။
တစ်ဆက်တည်း ဆိုသလိုပင် ထိုလူထူးဆန်းနှစ်ယောက်က အယ်ဖာကို ဝိုင်းကူညီလိုက်လေသည်။
ထိုသို့ ကူညီမှုကြောင့် အယ်ဖာလည်း ရွှေအဆင့်လူရိုင်းကြီးကို အသာစီးရလာပြီဖြစ်သည်။
"ရော့ ငါရဲ့တိုက်ကွက်ကို ကြည့်ထားပေတော့ဟေ့""ဝံပုလွေ ဓားချက်ကို ခံယူလိုက်စမ်း""ဂီး"အယ်ဖာ တိုက်ကွက်ထုတ်သုံးလိုက်သည်နဲ့ အယ်ဖာ၏ဓားမှ ဝံပုလွေသဏ္ဏာန်အရိပ်သည် အသံပြုကာ လူရိုင်းကြီးထံပြေးဝင်သွားသည်။
အယ်ဖာ၏စွမ်းရည်သည်မိမိကိုယ်မှ အစွမ်းများကို ဓားသို့လွှဲပြောင်းကာ တိုက်ခိုက်နိုင်စွမ်းပင်ဖြစ်သည်။
ရွှေအဆင့်ဖြစ်ရာ ထိုတိုက်ကွက်က အလွန်အားများကြောင်း သိသာလေသည်။
ရွှေအဆင့်လူရိုင်းကြီးလည်း လူထူးဆန်းနှစ်ယောက်ကို ပါချနေရသောကြောင့် ထိုတိုက်ကွက်ကိုမရှောင်တိမ်းနိုင်တော့ပေ။
တိုက်ရိုက်ပင်ထိမှန်လေတော့သည်။
အား..,ရွှေအဆင့်ရှိ လူရိုင်းကြီး တစ်ခါတည်းသေပွဲဝင်သွားရလေတော့သည်။
ရွှေအဆင့်လူရိုင်းကြီးသေဆုံးခါနီးအော်သံကြောင့် လူရိုင်းများ တုန်လှုပ်ခြောက်ခြားကာ ပြန်ဆုတ်ကြရတော့သည်။
"သူတို့ ပြန်ဆုတ်နေပြီ ဖိတိုက်ကြဟေ့""ဟေး"နောက်မှ စစ်သည်တော်များကလည်း လိုက်လံတိုက်ခိုက်ကြလေသည်။
ဒီလိုနဲ့ ဒီယေဂိုမြို့ရှိမြို့သားများလည်း မိမိတို့အနိုင်ရရှိသဖြင့် အောင်ပွဲခံကြလေသည်။
"စနစ်အသိပေးချက်..သင်လုပ်ဆောင်မှုကြောင့် ဒီယေဂိုမြို့ကိုလာရောက်တိုက်ခိုက်သော ဆာဗေ့ များပြန်လည်ဆုတ်ခွာသွားကြသည်။
မစ်ရှင်အောင်မြင်သောကြောင့် သင်အဆင့်ခြောက်ဆင့်တစ်ခါတည်းတက်သွားပါသည်။
"ဂျိတ် တစ်ခါတည်း မိမိသည် ငွေအဆင့် 7သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်သည်။
ထိုသို့အဆင့်တက်ခြင်းကအလွန်အမင်းပင် သက်တောင့်သက်သာရှိလှလေသည်။
မိမိကိုယ်တိုင်ပင်လုပ်ဆောင်စရာပင်မလို။
မိမိအဆင့်တက်ရန် မိမိကိုယ်တိုင်ပင် မစ်ရှင်ပြုလုပ်ကာ ဆောင်ရွက်သည်မည်မျှကောင်းလိုက်သနည်း။
ဒီတိုက်ပွဲ၌ မိမိတို့ဘက်မှ စစ်သည်ခြောက်ရာနဲ့မြို့စောင့်တပ်သားသုံးရာမျှကျဆုံးသွားရလေသည်။
စစ်သည်တော်နဲ့မြို့စောင့်တပ်သားများမှာသုံးနှစ်နှစ်ပုံခန့် သေဆုံးသွားကြခြင်းဖြစ်လေသည်။
ယခုမှ လူထူးဆန်းနှစ်ယောက််ကိုသေချာကြည့်မိလေသည်။
"စောက်ကျိုးနည်း ငါပဲ အမြင်မွဲနေတာလား မဖြစ်နိုင်တာ"သေချာကြည့်မှ လူထူးဆန်းနှစ်ယောက်၏ သိုင်းအဆင့်သည် ငွေအဆင့် 5သာဖြစ်ကြောင်းသိရလေသည်။
ဒါကို ဘယ်လိုလုပ်ပြီး လူရိုင်းများကို နွှာလေသနည်း။
လူရိုင်းများကိုနွှာပုံကလည်း လန့်စရာပင်။
တစ်ချက် တစ်ချက်ခုန်သည်နဲ့ (hulkခုန်သကဲ့သို့ ခုန်သောပုံစံဖြင့်)နောက်တစ်နေရာရောက်ကာ သူတို့ငှက်ကြီးတောင်ဓားများဖြင့် နွှာကြသည်။
လူထူးဆန်းတို့ဓား၏အရည်သွေးမှာ မိမိကိုင်ထားသောဓားထက်ပင် မြင့်နိုင်ကြောင်း အယ်ဖာသိလေသည်။
လူထူးဆန်းနှစ်ယောက်သည် တိုက်ပွဲကိုကြာမြင့်စွာဆင်နွှဲသော်လည်း သွေးထွက်ရန်မပြောနဲ့ အရာလေးပင်မထင်ခဲ့ပေ။
ရွှေအဆင့်လူရိုင်းကိုပါ ယှဥ်တိုက်ကြလိုက်သေးရာ အံဖွယ်ပင်ကောင်းလှလေသည်။
အယ်ဖာလည်း မိမိတို့သည် လူထူးဆန်းနှစ်ယောက်ကြောင့် အနိုင်ရရှိခဲ့သဖြင့် လူထူးဆန်းနှစ်ယောက်ထံသွားကာ စကားမေးမြန်းလိုက်လေသည်။
"မိတ်ဆွေတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့သာ မပါရင် ဒီယေဂိုမြို့ကတော့ ဘယ်လိုတောင်ပျက်စီးသွားမယ်လို့ တွေးလို့တောင်မရပါဘူး""ကျနော်တို့ကို ကျေးဇူးတင်စရာမလိုပါဘူး ကျနော်တို့က အမိန့်ရလို့ လာရောက်ဆောင်ရွက်တာပဲရှိတာပါ""ဘယ်လိုနေနေ ကျနော်ကတော့ ကျေးဇူးတင်ပါတယ်ဗျာ ဒါနဲ့ ခင်ဗျားတို့ကို ဘယ်သူကအမိန့်ပေးလိုက်တယ် ဆိုတာကောသိလို့ရမလားဗျ သူ့ကိုကျနော်သိချင်လို့ပါ"တစ်ယောက် သောလူထူးဆန်းသည် ဂျိတ်နေသောနေရာသို့ ပြကာ"သူပဲ ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာ သူ့ကိုသာကျေးဇူးတင်ပါ""ကျနော် တစ်ခုမေးပါရစေ ခင်ဗျာတို့တောင် ဒါလောက်စွမ်းနေတာ သူ့အဆင့်ကဘယ်လောက်မှာလဲဆိုတာပြောပြပေးပါလား"အယ်ဖာ စစ်သည်တော်သက်တမ်းတစ်လျှောက်ပထမဆုံးအကြိမ် စပ်စုခြင်း ပင်ဖြစ်လေသည်။
ထိုအခါ လူထူးဆန်းနှစ်ယောက်သည် အယ်ဖာကိုကြည့်ကာ"ခင်ဗျားမို့လို့ မေးရက်တယ် ကျုပ်တို့တောင်မှ သူနင်းခဲ့တဲ့ မြေကြီးထဲကမြေမှုန့်လောက်တောင်အဆင့်မရှိဘူးဗျ"ပြောဆိုပြီးသည်နဲ့ တစ်ခါတည်းထွက်သွားကြလေသည်။
စစ်သည်တော်များလည်း ထိုလူထူးဆန်းနှစ်ယောက်ကို ငေးကြည့်နေကြလေသည်။
ထိုလူထူးဆန်းနှစ်ယောက်လည်း တော်တော်ဝေးသောနေရာသို့ရောက်သည်နဲ့ ပျောက်ကွယ်သွားလေသည်။
အယ်ဖာလည်း သက်ပြင်းချကာ"ဟူး သူက ဒဏ္ဏာရီထဲက ဆရာကြီးပဲ ဖြစ်ရမယ်"အယ်ဖာ ဂျိတ်အကြောင်း သိုသပ်စွာထားရန်ဆုံးဖြတ်လိုက်သည်။
ဂျိတ်ကိုကြည့်ရသည်မှာအေးအေးလူလူသာနေလိုသောပုံစံရှိသည်မဟုတ်ပါလား။
ဤသည်ကို မိမိက သွားပြီးနှောင့်ယှက်မိ၍ ဂျိတ်စိတ်ပျက်သွားပါက ကောင်းသည့်အရာမဟုတ်ပေ။
ထို့ကြောင့်အယ်ဖာတစ်ယောက်လူထူးဆန်းနှစ်ယောက်၏အကြောင်းကိုလည်း မိမိလူများအားထုတ်မပြောပြတော့ပေ။
ဆာဗေ့ များတိုက်ခိုက်မှုကြောင့် တိုက်ခိုက်ခံရသောဒီယေဂိုမြို့မှလွှဲ၍ကျန်သုံးမြို့မှာ တော်တော်ပင်ထိခိုက်ပျက်စီးသွားရလေသည်။
တောနဲ့အနီးဆုံးဖြစ်သောဒီယေဂိုမြို့မှာ ဘာမှပင်မဖြစ်ကြောင်း သိရသောအခါဂရိတ်နိုင်ငံမှ လူများအံသြကြရလေသည်။
လူအများစုက တော့ စစ်သူကြိီးအယ်ဖာကြောင့် မထိခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြလေသည်။
ဤသို့ဖြင့် အယ်ဖာ၏ဂုဏ်သတင်းလည်း ကြီးမားလာသလို တိုက်ပွဲထဲသို့ ဝင်ရောက်လာသော လူထူးဆန်းနှစ်ယောက်၏အကြောင်းလည်း ပိုမိုပြန့်လာလေသည်။
ထိုလူထူးဆန်းနှစ်ယောက်ကို ဂရိတ်တစ်နိုင်ငံလုံးတွေ့မြင်လိုသော်လည်း မည်သည့်နေရာ၌ရောက်နေကြောင်း မသိရှိကြပေ။
ထိုလူထူးဆန်းနှစ်ယောက် သည်ဂျိတ်၏အမိန့်ကြောင့်ရောက်လာကြောင်းကို အယ်ဖာမှတစ်ပါး ကျန်သောလူများမသိနိုင်ကြသလိုအယ်ဖာကလည်း ပြောပြမည်မဟုတ်ပေ။
လူထူးဆန်းနှစ်ယောက်ဂျိတ်ဆင့်ခေါ်သောလူထူးဆန်းနှစ်ယောက်သည်ပုဂံခေတ်က လူနှစ်ယောက်ဖြစ်လေသည်။
ပုဂံခေတ် တရုတ်ပြေးမင်း(သက္က ရာဇ် 617648)လက်ထက် အမတ်ကြီးရာဇသကြန်၏သားနှစ်ယောက်ဖြစ်သည်။
ဖခင်ဖြစ်သူ ဆုံးပါးရာ သားနှစ်ယောက်သည် ဖခင်၏နာမည်ကိုလုကြရာ ဘုရင်ကထိုအမည်ကိုသားနှစ်ယောက်အားမပေးဘဲ တခြားသောနာမည်ဖြင့်ချီးမြောက်သည်။
ထို့ကြောင့်သားကြီးမှာအန္တတပစ္စည်းဖြစ်ကာ သားငယ်မှာ ရန္တပစ္စည်းဟူအမည်ကို ရကြလေသည်။
သက္က ရာဇ် 646တွင် တရုတ်နဲ့ မြန်မာစစ်ဖြစ်ပွားရာ ငဆောင်ချမ်းအရပ်၌ ညီအကိုနှစ်ယောက်သည်ခေါင်းဆောင်ကာ တိုက်ကြရလေသည်။
ပြဒါးသေကိုငုံကာ တိုက်ခိုက်ကြလေသည်။
ပြဒါးသေအစွမ်းကြောင့် အင်အားကြီးမားကာ တစ်ခါခုန်လျှင် တစ်ဆယ့်ရှစ်တောင်အမြင့်ထိရောက်လေသည်။
နောက်ပိုင်း ပင်ပန်းလွန်း အားကြီးသဖြင့် ငုံထားသော ပြဒါးသေလွတ်ကျကာ မြားမှန်၍ သေဆုံးကြရသည်။
(ပုဂံခေတ် 37မင်းနတ်သမိုင်းမှ ညီအကိုနှစ်ယောက်ကို မှီငြိမ်းကာဖန်တီးယူထားခြင်းဖြစ်ပါသည်။
11
မင်းသမီးလေးတာနာရှာအယ်ဖာလည်း မိမိ၏ကျန်ရစ်သောစစ်သည်များနဲ့တိုက်ပွဲ၌ မိမိဘက်မှသေဆုံးသွားသော စစ်သည်များ၏ကိုယ်ခန္ဓာကို စုပေါင်းမြုပ်နှံသဂြိုလ်ပေးလိုက်ကြလေသည်။
သူတို့ရဲဝံစွာ တိုက်ခိုက်ခဲ့သည့်အတွက်လည်း မြုပ်နှံထားသော နေရာတွင် အယ်ဖာကိုယ်တိုင် မှတ်တိုင်စိုက်တူကာ ရေးထိုးပေးလိုက်လေသည်။
....မြို့ကို ကာကွယ်ရန် ရန်သူဆာဗေ့များကို ရဲဝံစွာတိုက်ခိုက်ရင်းကျဆုံးသွားသော မြင့်မြတ်သောစစ်သည်တော်များ........စာတန်းက စိုက်ထူထားရှိလေသည်။
ထိုလူများကိုနောင်လူများမမေ့နိုင်စေရန်အတွက်လည်း ရည်ရွယ်ထားခြင်းဖြစ်လေသည်။
အယ်ဖာလည်း မိမိစစ်သည်တော်များကို ပြန်စုဝေးကာ မိမိတို့နေရာသို့ချက်ချင်းပြန်ကြလေသည်။
မြို့လေးမြို့တစ်ပြိုင်တည်းအတိုက်ခံရသည် ဖြစ်ရာဂရိတ်နိုင်ငံ၏အဓိကစစ်သူကြီးက စစ်သူကြီးများကိုပြန်လည်ဆင့်ခေါ်လိုက်ခြင်းကြောင့် အယ်ဖာလည်းဒီယေဂိုမြို့၌ ကြာကြာမနေနိုင်။
မကြာမီ ဂရိတ်နိုင်ငံမှတန်ပြန်စစ်ဆင်နွှဲနိုင်ကြောင်း တိုင်းသူပြည်သားများရိပ်စားမိပြီးဖြစ်သည်။
ဂရိတ်စစ်သူကြီးများစုဝေးကာ ဆွေးနွေးနေကြသလိုတောထဲရှိ ခမ်းနားထည်ဝါလှသော တဲတစ်ခု၌....ကြီးမားလှသော ဆာဗေ့များသည် ထိုတဲထဲ၌ စုဝေးနေကြလေသည်။
၎င်းတို့သည် ကြီးမားသောကိစ္စကိုဆွေးနွေးနေကြဟန်ရှိသည်။
သို့သော် မိန်းမပျိုတစ်ယောက် ဝင်လာသည်နဲ့ ချက်ချင်းပင် ဆွေးနွေးခြင်းရပ်စဲကာ အရိုသေပေးလိုက်ကြလေသည်။
"ကြိုဆိုပါတယ် ကြီးမြတ်သော မင်းသမီးခင်ဗျား""အားလုံးပဲ ထကြပါ "ဆာဗေ့များလည်း ပြန်လည်အရိုသေပေးရာမှ ထလိုက်ကြသည်။
သေချာကြည့်ပါက ၎င်းတို့၏မျက်လုံးတွင် လေးစားအားကျသော အကြည့်များကို မြင်နေရမည်ဖြစ်လေသည်။
တာနာရှာ.....တာနာရှာ ဆိုသည်နဲ့ ဆာဗေ့များအားလုံး မိမိတို့မျိုးနွယ်၏မင်းသမီးလေးဖြစ်ကြောင်း သိနိုင်လေသည်။
မင်းသမီးလေးသည် ငယ်စဥ်ကတည်းကပင်ညဏ်ရည်ထက်မြက်သောကြောင့် ဆာဗေ့ခေါင်းဆောင်အကြီးကဲ(ဘုရင်ကြီး)ကပင်အလွန်ချစ်မြတ်နိုး၏။
သူမအသက်ခုနှစ်နှစ်အရွယ် တွင်ဆာဗေ့များ ဂရိတ်တိုင်းပြည်ကိုတိုက်ခိုက်သည်။
တိုက်ခိုက်ရခြင်းမှာ မိမိတို့ထံ၌ စားစရာရှားပါးလာသောကြောင့်ဖြစ်လေသည်။
ထို တိုက်ပွဲ၌ဆာဗေ့များအကျဆုံးများလေသည်။
ထိုဖြစ်ရပ်ကို တာနာရှာကြားတော့စိတ်မကောင်းရှာ။
ငယ်ကတည်းကပင်ဆာဗေ့များအတွက် အကျိုးသယ်ပိုးလိုစိတ်များပြားသည်။
ဒါကြောင့် ဆာဗေ့များ လူများအကြောင်းကို ဘယ်သူမှသင်စရာမလိုပဲဘဲ သူမဘာသာ လေ့လာသင်ယူသည်။
အသက်ကိုးနှစ်သို့ရောက်သောအခါ လူများ၏အကြောင်းအုပ်ချုပ်ရေးပုံစံကို လေ့လာသင်ယူသည်။
ထိုသို့ သင်ယူလေ့လာမှုကြောင့် ဆာဗေ့များ၏အားနည်းချက်များကို သူမသိရှိလာလေသည်။
လူရိုင်းများသည်အင်အားကြီးသော်လည်း တစ်ကိုယ်တည်းလုပ်ဆောင်တတ်၏။
အဖွဲ့လိုက်မလုပ်ဆောင်တတ်ကြ။
လူရိုင်းများသည်မိမိအားအင်ကို အားကိုးကာတိုက်ခိုက်ကြသည်။
လူများသည် လူရိုင်းများထက်အင်အားသေးငယ်သော်ငြားလည်း ၎င်းတို့သည် စည်းလုံးစွာလုပ်ဆောင်တတ်ကြသည်။
တပ်ဖွဲ့များဖွဲ့ကာ အဆင့်ဆင့်လေ့ကျင့်ကြလေသည်။
သိုင်းများကိုသင်ယူကာ စနစ်တကျလေ့လာတတ်မြောက်ကြသည်။
ထို့ကြောင့် စုပေါင်းအားဖြင့် မလေ့ကျင့်မလုပ်ဆောင်ဖူးသော ခွန်အားသာအသုံးပြုတတ်သော လူရိုင်းများသည် သာမန်လူတို့၏စစ်တပ်ဆိုသော အရာနဲ့ကြုံပါက အရှုံးကိုတွေ့ကြုံကြရခြင်းဖြစ်သည်။
အသက်ဆယ့်နှစ်နှစ်အရွယ်၌ သူမ ဖခင်ထံမှ လူရိုင်းတစ်ထောင်ပါသော အဖွဲ့က်ိုတောင်းဆို၏။
သူမတောင်းဆိုပြီး လူရိုင်းတစ်ထောင်ကိုသူမကိုယ်တိုင်ကြပ်မတ်သင်ကြားပေး၏။
တစ်နှစ်ကြာသောအခါ သူမလေ့ကျင့်ပေးထားသောလူရိုင်းတစ်ထောင်ကို စစ်တပ်တစ်ခုပမာအသေးစိတ်လေ့ကျင့်ဖွဲ့စည်းထားပြီးဖြစ်လေသည်။
ထိုတပ်ဖွဲ့ကို တာနာရှာသည် မိမိ၏ဖခင်အား ပြသလေသည်။
ရိုးရိုးပြသခြင်းမဟုတ် ဖခင်၏အဖွဲ့မှ လူရိုင်းများကို မိမိလေ့ကျင့်ထားသောလူရိုင်းများနဲ့ ယှဥ်တိုက်စေခြင်းပင်ဖြစ်လေသည်။
တစ်ယောက်ချင်းတိုက်ခိုက်ခြင်း အဖွဲ့လိုက်တိုက်ခိုက်ခြင်းစသည်တို့ကိုယှဥ်ပြိုင်စေခြင်းဖြစ်သည်။
သိသာစွာပင် စနစ်တကျလေ့ကျင့်ထားသော တာနာရှာ၏အဖွဲ့တပ်ကြီးကို မည်သူမျှမနိုင်ပေ။
ထို့ကြောင့် ဖခင်ဖြစ်သူသည် တာနာရှာအားစစ်တပ်လုပ်ပိုင်ခွင့်အပြည့်ဝပေးအပ်လိုက်လေသည်။
အသက်ဆယ့်သုံးနှစ်နဲ့ သူမသည် ဆာဗေ့တို့၏စစ်သူကြီးဖြစ်လာခဲ့လေသည်။
သူမလက်ထဲအာဏာရောက်လာသောအခါ သူမသည် သူမကြိုတင်စီစဥ်ထားသော အစီစဥ်များအတိုင်းလုပ်ဆောင်လေသည်။
သူမ ကိုင်တွယ်သော လေးနှစ်တာကာလအတွင်းဆာဗေ့များ၏သန်မာသောယောကျာ်းတိုင်းသည် ဆာဗေ့များ၏သန်မာသောစစ်သည်တော်များဖြစ်လာကြလေသည်။
ဆာဗေ့များ၏အရွယ်ရောက်သောအခမ်းနားလည်းရှိသည်။
ထိုအခမ်းနားသည် ဆာဗေ့ကောင်လေးတစ်ယောက် အသက်ဆယ့်ခြောက်နှစ်ပြည့်ပါက တောထဲသို့အမဲလိုက်ကြရသည်။
အမဲလိုက်၍သားကောင်ရလာပါက အရွယ်ရောက်ပြီဖြစ်ကြောင်းသတ်မှတ်ပေးခြင်းဖြစ်သည်။
မိမိရလာသော သားကောင်ပေါ်မူတည်ကာ လည်း သူ၏သတ္တိကို ချီးကျူးကြလေသည်။
တာနာရှာသည် မိန်းကလေးဖြစ်သော်လည်း ဆယ့်ခြောက်နှစ်ပြည့်သောအခါ သူမသည်လည်း အမဲလိုက်လေသည်။
ဘယ်သူမှမထင်ထားလောက်အောင်ပင် သူမသည် ဆာဗေ့လူကြီးများပင် ယှဥ်တိုက်ခိုက်ရသော တောဝက်ဝံကြီးကို သတ်ကာယူလာနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တာနာရှာသည် လူကြီးများ၏လေးစားချစ်ချင်မှုကိုရရှိလေသည်။
ယခုလည်း တာနာရှာစီစဥ်ပေးသော အစီစဥ်တိုင်း မြို့လေးမြို့ကိုတိုက်ခိုက်ကာ ဆွေးနွေးနေကြခြင်းဖြစ်လေသည်။
"ဘယ်လိုလဲ အစီရင်ခံတင်ပြပါဦး""မင်းသမီး လေးရဲ့အစီစဥ်ကြောင့် ဂရိတ်နိုင်ငံကမြို့လေးကို တိုက်ခိုက်တာ အောင်မြင်ခဲ့ပါတယ် ဒါကကျနော်တို့ ရဲ့ဆယ်နှစ်ကြာပြီး ပထမဆုံးအောင်နိုင်ခဲ့တဲ့အကြိမ်ပါပဲ"တာနာရှာ ပြုံးလိုက်သည်။
မိမိလုပ်ဆောင်ခဲ့သောအစီစဥ်အောင်မြင်သည်က ကောင်းသောအရာပင်။
"တစ်မြို့ကတော့....""တစ်မြို့ကဘာဖြစ်တာလဲ"တာနာရှာ မေးလိုက်သည်။
"ဒီယေဂိုမြို့ပါ အဲ့မြို့ကိုတော့ တိုက်ခိုက်တာမှာကျနော်တို့ရှုံးလိုက်ရပါတယ် အယ်ဖာစစ်သူကြီး ပါရှိနေပြီးလူထူးဆန်းနှစ်ယောက်ကြောင့်ပါ""ဟင်"တာနာရှာ အံသြ သွားသည်။
မိမိ၏အသေးစိတ်သတင်းအရအယ်ဖာသည် သူ၏ပင်မတပ်ရင်းမှာရှိရမည်မဟုတ်ပါလား။
အဘယ်ကြောင့် ဒီယေဂိုမြို့သို့ရောက်နေရသနည်း။
ပြီးတော့ ဘယ်ကနေလူထူးဆန်းနှစ်ယောက် ရောက်လာရသနည်း။
"မင်းသမီး ကျနော်တပ်သားပြောပုံအရကတော့ အဲ့အယ်ဖာဆိုတာကကြောက်စရာမကောင်းပါဘူး လူထူးဆန်းနှစ်ယောက်ကပိုကြောက်စရာကောင်းတာပါတဲ့ သူတို့ အဲ့လူထူးဆန်းကို ဓားနဲ့ပိုင်းတာ ပြန်ကန်ထွက်လာတာပဲတဲ့ သူတို့ကတော့ ဘာမှက်ိုမဖြစ်ဘူးတဲ့ ပြီးတော့ အဲ့နှစ်ယောက် ကျနော်တို့ကို ပ်ိုင်းတာငှက်ပျောတုံးကို ဓားနဲ့အသာလေးနွှာသလိုနွှာတာပါတဲ့"တာနာရှာ ထိတ်လန့်သွားသည်။
အယ်ဖာသည် ရွှေအဆင့်3စစ်သည်တော်ကြီးဖြစ်လေသည်။
ဒါကို မကြောက်ပဲ လူထူးဆန်းနှစ်ယောက်ကိုကြောက်တယ်ဆိုတော့ လူထူးဆန်းနှစ်ယောက် ကဘယ်အဆင့်များထိရောက်ထားသနည်းဟု တာနာရှာတွေးမိလေသည်။
ဒီလောက်ကြမ်းနေရင်တော့ မိမိတပ်သားဘယ်လောက်များများနေပါစေ အဲ့လူထူးဆန်းနှစ်ယောက်ပါနေပါက နောက်ထပ်သောမိမိ၏အစီစဥ်များသည် အသုံးမဝင်ဖြစ်သွားနိုင်လေသည်။
"အဲ့အကြောင်းပြောတဲ့ တပ်သားကို ငါ့ရှေ့လွတ်လိုက်""ဟုတ်ကဲ့ မင်းသမီး"တခဏကြာတော့ မင်းသမီးရှေ့ထံ တပ်သားရောက်လာလေသည်။
တာနာရှာ ထိုတပ်သားကိုကြည့်လိုက်လေသည်။
ထိုတပ်သား၏ လက်တစ်ဖက်ကတိတိရိရိပြတ်ခံထားသော ပုံစံရှိနေလေသည်။
ထို့ကြောင့်သတင်းသည်အစစ်ဖြစ်ကြောင်းအတည်ပြုလိုက်လေသည်။
"အခု ထပ်ပြီးပြောမယ် မင်းတို့လုပ်ရမှာက လူထူးဆန်းနှစ်ယောက်အကြောင်း ကိုသေချာစုံစမ်းကြဖို့ပဲ သူတို့ဘယ်ကလာတယ် ဘယ်သူ့ထံမှာအမူထမ်းတယ်ဆိုတာအထိ သေချာစုံစမ်းကြကြားလား"
12
သမီးလေးကိုအလစ်သုတ်သွားခြင်းဆာဗေ့များ စုဝေးဆွေးနွေးနေသကဲ့သို့ ဂရိတ်နိုင်ငံမှစစ်ဘက်ဆိုင်ရာအကြီးကဲများကလည်း စုဝေးကာဆွေးနွေးနေလျက်ရှိလေသည်။
ဆွေးနွေးနေသောသူများသည်ရွှေအဆင့်စစ်သူကြီးခြောက်ယောက်ဖြစ်ကာ ဂရိတ်တိုင်းပြည်၏ အဓိကကြီးမားသောထောက်တိုင်ဖြစ်လေသည်။
ရွှေအဆင့်3စစ်သူကြီးသုံးယောက် ရွှေအဆင့်5နှစ်ယောက်နဲ့ ရွှေအဆင့်8စစ်သူကြီးချုပ်တို့ဖြစ်လေသည်။
"သူတို့ ဒီလိုလုပ်လိမ့်မယ်လို့တောင် မထင်မိဘူးကျုပ်တို့မြို့လေးမြို့ကတော့ သုံးမြို့တော်တော်အထိနာသွားပြီဗျ"ဘီတာ စစ်သူကြီးမှ စတင်ဆွေးနွေးလိုက်လေသည်။
ဘီတာသည် မြို့တိုက်ခိုက်ခံရကြောင်းကြားသည်နဲ့ချက်ချင်းစစ်ကူသော်လည်း ဆာဗေ့များသည် အချိန်တိုအတွင်းတိုက်ခိုက်လုယူကာမြန်ဆန်စွာပင်ပြန်လည်ဆုတ်ခွာသွားကြလေသည်။
"ဘယ်သူကဲ ဒီယေဂိုမြို့ကို ကာကွယ်ပေးတာလည်းအဲ့မြို့ပဲ အထိခိုက်မခံရတာဆို"ထိုစကားပြောပြီးသည်နဲ့ အယ်ဖာထံသို့ ကျန်စစ်သူကြီးများခေါင်းလှည့်လာကြလေသည်။
ဒီယေဂိုမြို့သည် တိုက်ခိုက်ခံရသောမြို့လေးမြို့တွင်အင်အားအနည်းဆုံးဖြစ်လေသည်။
သို့သော် မြို့မထိခိုက်ခံရသောကြောင့် ထိုအကြောင်းရင်းကိုသိချင်နေကြပြီဖြစ်သည်။
"ဒါက ဒီလိုပါ ကျနော်တို့ရှုံးပြီးကျဆုံးခါနီးမှာ လူထူးဆန်းနှစ်ယောက်ပေါ်လာလို့ပါ"အယ်ဖာအဖြေကြောင့် ကျန်စစ်သူကြီးများစိတ်ဝင်စားလာကြသည်။
ဒါဆို မိမိတို့ကြားရသောသတင်းက မှန်နေပြီဖြစ်လေသည်။
"ဒါဆို သူတို့နှစ်ယောက်ကို ခေါ်လာခဲ့လေ စစ်သူကြီးဘွဲ့ပေးမယ် ပြောပေါ့အခမ်းနားစည်းစိမ်ပေးလိုက်ရင်ရတာပေါ့"ဘီတာက အယ်ဖာကို မြန်ဆန်စွာပင်ပြောလိုက်လေသည်။
"သူပြောသလိုခေါ်ခဲ့ပါလား"ငြိမ်သက်နေသော စစ်သူကြီးခေါင်းဆောင် ဂေဇာကပင် ထုတ်ပြောရပြီဖြစ်လေသည်။
ယခုချိန်ထို လူထူးဆန်းနှစ်ယောက် ပါ မိမိိတို့ဖက်သို့ ဝင်ရောက်အမူထမ်းပါက ပိုမိုကောင်းမွန်မည်ဖြစ်သည်။
"ဒါ ကဒီလိုပါ ကျနော်လဲ ခေါ်ပင်မဲ့ သူတို့ကငြင်းပြီးသူတို့ကအမူထမ်းရတဲ့လူရှိကြောင်းပြောပြီး တိုက်ပွဲပြီးတာ တစ်ခါတည်းထွက်ခွာသွားတာပါ""ဘယ်သွားလဲ ဆိုတာလိုက်မရှာဘူးလား""ကျနော်ရှာပေမဲ့ မြန်ဆန်လွန်းတာကြောင့် မတွေ့တော့ပါဘူး"အယ်ဖာနေဖြင့် ထိုသို့သာပြောနိုင်လေသည်။
မိမိမှာအမှန်တိုင်းပြောမိ၍ ဂျိတ်မတော်တဆအမျက်ထွက်ပါက မိမိသာထိခိုက်နေမည်ဖြစ်လေသည်။
ဂျိတ်အနေဖြင့်လည်း ဂရိတ်နိုင်ငံ ထိခိုက်မည်ကို ထိုင်ကြည့်မနေပါဟုလည်း တွေးမိလိုက်လေသည်။
ဆေဘာသေသောကိစ္စသည် ယခုချိန်၌ သာမန်သာဖြစ်သွားလေသည်။
ဆာဗေ့များ တိုက်ခိုက်မှုကြောင့်ငွေအဆင့်စစ်သည်တော်များ အတော်တန်သေကြရမှာ ဆေဘာသေ သည်မှာ ဆာဗေ့များကြောင့် သေသည်ဟုပင် ကျန်သောလူများကတွက်ဆလိုက်လေသည်။
ခမ်းနားလှသော အဆောင်တော်အတွင်း၌ လူတစ်ယောက်သည် ဝိုင်ကို ဇိမ်ခံသောက်နေလေသည်။
ထိုလူသည် ဘေးတွင်လည်းမိန်းမပျိုလေးများက ခြံရံကာကြီးမြတ်သော စည်းစိမ်ကို ပိုင်ဆိုင်ခံစားနေလေသည်။
"ဆေဘာကော ဘယ်လိုလည်း""အရှင့်သား ဆေဘာဆုံးပါးသွားပြီ အရှင့်တာဝန်ကိုသူမဆောင်ရွက်နိုင်ခဲ့ပါဘူး""သူ ဒါလည်းတောင်မလုပ်နိုင်ဘူးလား"အရှင့်သားဆိုသည် ပြောလိုက်သည်နဲ့ ပြောပြသောအစေခံ လည်းထိတ့်လန့်သွားလေသည်။
"မဟုတ်ပါဘူး အရှင် ဂျိတ်ကသာမန်လူမဟုတ်ပါဘူးသူ့အဆင့်ငွေအဆင့် 7ပါ ဒါကြောင့် သူဆေဘာကိုနိုင်ခဲ့တာပါ လို့ ကျနော်လုံးဝသတင်းအတိကျရထားပါတယ်"အရှင်သား ခဏတာရပ်တန့်သွားလေသည်။
ဂျိတ်လိုလူက ငွေအဆင့်7ဆိုလျှင် အဘယ်ကြောင့် ဒီယေဂိုလိုမြို့ထံသို့ မိသားစုမှနှင်ထုတ်ခံရကာ သွားရောက်နေရသနည်း။
တွေးကြည့်သည် အဖြေကား မရှိ။
"မြူ့ကို ခေါ်လိုက်ပြီး တော့ဂျိတ်ဆီက ကလေးကိုလုခဲ့လိုက်ကြားလား""ကောင်းပါပြီ အရှင့်သား"ဒီတစ်ခါတော့ ကလေးမှာ မိမိလက်ထဲသို့ ပါလာပြီဖြစ်ကြောင့် အရှင့်သားကြိုတင်တွက်ဆပြီးဖြစ်လေသည်။
သို့သော် ဂျိတ်ကဘယ်လိုလူမျိုးဖြစ်ကြောင်းကိုမူ အထင်သေးစွာတွက်ဆမိထားလေသည်။
ဒီယေဂိုမြို့ပြင်၌"ဖီဖီ သမီးတို့ မြို့ထဲလျောက်လည်ကြမယ်လေ""ကောင်းတာပေါ့ သမီးရယ် ""ဒါမှ ဒို့ဖီဖီကွ"မပီကလာပီကလာ စကားလေးက ဂျိတ်ကိုပျော်ရွှင်စေသည်မှာအမှန်ပင်။
သမီးဖြစ်သူမျက်နှာညိုးနွမ်းသည်ကို မမြင်လိုသောကြောင့် သမီးလေးလိုအပ်သမျှကို ဖြည့်စီးပေးလေသည်။
သမီးဖြစ်သူအစာစားတိုင်း ဂျိတ်ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စီမံကာ ကျွေးမွေးလေ့ရှိသည်။
ယနေ့လည်း ရာသီဥတုသာယာသောကြောင့် သမီးဖြစ်သူနဲ့ ဂျိတ်တို့ ဒီယေဂိုမြို့ထဲသို့ အလှည့်လျောက်လည်ကြလေသည်။
သမီးဖြစ်သူက မသိသောအရာများကိုမေးတိုင်း ဂျိတ်ကတော့ အမြဲတမ်းပြန်ဖြေလေ့ရှိလေသည်။
သမီးဖြစ်သူကချစ်စရာကောင်းသောကြောင့် လမ်းဘေးမှမုန့်ရောင်းသော စျေးသည်များက အယ်မလီလေးအား အလကား ကျွေးမွေးကြ ပေးကြ ကုန်လေသည်။
အယ်မလီလေးလည်း ထိုသို့ရသောကြောင့်ပျော်ရွှင်နေလေ၏။
အယ်မလီ လေး မု န့်စားနေသောကြောင့် ဂျိတ်လည်းမလှမ်းမကမ်းမှနေကာ ကြည့်ရှုနေလေသည်။
ထိုစဥ်အယ်မလီလေးဖက်မှ မီးခိုးလုံးကြီးများ ထွက်ပေါ်လာလေသည်။
မီးခိုးလုံးကြီးများကြောင့် အယ်မလီလေးနဲ့ စျေးသည်များကို ဂျိတ်မမြင်ရတော့ပေ။
မီးခိုးလုံးများ ဖုံးလွမ်းသည်နဲ့ မိမိသမီးဖြစ်သူက်ို ရန်သူမှပစ်မှတ်ထားတိုက်ခိုက်နေကြောင်းတစ်ခါတည်းဂျိတ်သိပြီးဖြစ်လေသည်။
"ဝိုး ရား..."စတားပလက်တီနမ် ကြီး ထွက်လာကာ လက်သီးတစ်ချက်လေထဲသို့ ထိုးလိုက်လေသည်။
လက်သီးပြင်းအားကြောင့် မီးခိုးများလည်း ချက်ချင်းပင်လွင့်စင်ပျောက်ကွယ်သွားလေး၏။
မီးခိုးများပျောက်ကွယ်သွားသည်နဲ့ အယ်မလီလေးလည်း မရှိတော့ပေ။
"မင်းက ငါ့ကိုမှ လာစမ်းပြီး ငါ့သမိီးလေးကိုမင်းလုပြေးတယ်ပေါ့လေ မင်းလွတ်အောင်သာပြေးပေးတော့".