အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
13
ကျောက်တုံးကို ကန်မိခြင်းဝှီး.....ဝစ်.........လူတစ်ယောက် အသားကုန်အသည်းသန်ပြေးနေလေသည်။
ထိုသူ၏လက်ထဲတွင် တစ်ခုခုကို ထမ်းလာသည့်ပုံစံရှိလေသည်။
အနီးကပ်သာ မြင်ပါကထိုလူထမ်းလာသော လူသည် ကလေးမလေး တစ်ယောက်ဖြစ်ကြောင်းကို တွေ့ရမည်ဖြစ်လေသည်။
"ဘာလို့ ငါ့လိုကောင်ကို ဒီအလုပ်လေးခိုင်းနေရတာလဲ"မြူ့တစ်ယောက် ပြေးလွှားရင်း မကျေမနပ်ညီးတွားလေသည်။
မိမိအား အရှင့်သားမှ ခိုင်းခြင်းမဟုတ်လျှင် ချက်ချင်း ငြင်းပယ်မည်ဖြစ်လေသည်။
မိမိလိုလုပ်ကြံသတ်ဖြတ်သူတစ်ယောက် က ကလေးသွားခိုးရသည်ကို ပေါက်ကြားပါက လုပ်ကြံသူများ ကဝိုင်းရယ်ကြသည်မှာ အမှန်ပင်ဖြစ်လေသည်။
"ကြည့်ရတာ သူက သာမန်ပါ ဘာလို့အရှင့်သားကသတိထားပါခနခနပြောနေရတာလဲ"အရှင့်သားသည် မိမိအား ကလေးတစ်ယောက်ခိုးယူခဲ့ရန် ကလေးအဖေအားသတိထားရန်အတန်တန်ပေးခဲ့လေသည်။
ထိုသို့သတိပေးခြင်းသည် အရှင့်သားတစ်ယောက် အစိုးရိမ်ကြီး၍သာဖြစ်သည်ဟု မြူ့တွက်ဆလိုက်လေသည်။
မြူ့၏ပြေးနှုန်း သည် သာမန်မဟုတ်ပေ။
ငွေအဆင့်ရောက်သူတိုင်းသည် အစွမ်းတစ်ခုကိုပိုင်ဆိုင်ကြလေသည်။
မြူ့ရရှိသောစွမ်းရည်မှာ လျင်မြန်ခြင်းဖြစ်လေသည်။
ထို့ကြောင့်မြူ့သည် အဆင့်တူများထက်နှစ်ဆမျှပိုပြီး သွက်လက်လျင်မြန်လေသည်။
မြူ့သည် ငွေအဆင့်8မျှရှိသော လုပ်ကြံသူတစ်ယောက်ဖြစ်ကာ သူ့ကိုအမှီလိုက်မည်သူ့သည်အနည်းဆုံးရွှေအဆင့် မှ လူသာလိုက်ဖမ်းမိနိုင်မည်ဖြစ်လေသည်။
အရှင့်သားပြောသည်မှာ ဂျိတ်ကငွေအဆင့်ဆိုရာ မိမိမှာ ပို၍အေးဆေးပင်ဖြစ်လေသည်။
ယခုလည်း အယ်မလီလေးကို ဖမ်းပြီးသည်နဲ့ တခဏအတွင်းမှာပင် မြို့ပြင်ရောက်လာကာ ရေကာမြို့ဆီသို့ဦးတည်ပြေးနေခြင်းဖြစ်လေသည်။
ဂျိတ်လည်း ဒီတိုင်းနေသည်မဟုတ်ချက်ချင်းပင် ရှာလေသည်။
ငွေအဆင့်ရောက်ထားသော ဂျိတ်သည်လည်း အစွမ်းတစ်ခုရထားပြီးဖြစ်လေသည်။
ထိုအစွမ်းကား သာမန်လူများထက်တွေးတောနှုန်းတွေးခေါ်နှုန်း (စိတ်ပိုင်းတွက်ချက်တွေးခေါ်မှု)အဆသုံးဆယ် မြန်ဆန်ခြင်းဖြစ်လေသည်။
ထိုအစွမ်းသည် ကျန်သောလူများအတွက်တော့ မသိသာအသုံးဝင်မှုနည်းနိုင်သော်လည်း ဂျိတ်ထံတွင်တော့ မကောင်းဆိုးဝါးကို အစွမ်းများထပ်ပေါင်းပေးလိုက်သလိုပင်။
ထိုအစွမ်းကို ဂျိတ်ရသောအခါစနစ်ကို ယခင်ထက် မြန်ဆန်စွာအမိန့်ပေးကာအစွမ်းများကိုလည်း ခနတာအတွင်းအသုံးပြုနိုင်လဲလှယ်နိုင်လုပ်နိုင်ပြီဖြစ်သည်။
"စနစ် အယ်မလီလေးကို ဖမ်းသွားတဲ့ သူကို ခြေရာခံပါ""ကောင်းပါပြီ"စနစ်မျက်လုံးဖြန့်ကျက်သည်နဲ့ အရာအားလုံးကိုဖုံးကွယ်ခြင်းမရှိပဲ မြင်ရလေသည်။
ဂျိတ်၏မြင်ကွင်းတွင် မြူ့တစ်ယောက် ရေကာမြို့ဆီသို့ အပြေးလွှား သွားနေသည်ကို မြင်ရလေသည်။
မြူ့သည်သူ၏သမီးဖြစ်သူက်ိုလည်း ထမ်းထားကြောင်းတွေ့ရလေသည်။
အယ်မလီလေးသည် အိပ်မောကြနေကြောင်းလည်းတွေ့ရလေသည်။
ထိုသို့အိပ်မောကျနေသည်မှာ မြူ့လက်ချက်ကြောင့်ပင်ဖြစ်မည်ဟုလည်း တွက်ထားပြီးဖြစ်လေသည်။
ရေကာ မြို့ရောက်သို့ရောက်ရန် အနည်းငယ်အလို၌မြူ့သည်တစ်ခုသော သစ်ပင်ရိပ်အောက်၌ခေတ္တ မျှ အနားယူလေသည်။
မိမိအရှိန်ကို မလိုက်နိုင်ကြောင်းယူဆသဖြင့် နားနေခြင်းလည်းဖြစ်လေသည်။
"အို သင်ပြေးလာတာမောနေမှာပေါ့ ရေလေးဘာလေးသောက်ပါဦးဗျ"" ခင်ဗျားကို ကျေးဇူးတင်လိုက်တာဗျာ ကျုပ်ရေသောက်လိုက်.... အား.းးးး"မြူ့လက်ထဲရှိ ရေခွက်ပြုတ်ကျသွားလေသည်။
"မ...မဖြစ်နိုင်တာ"မြူ့ထိတ်လန့်နေလေသည်။
အဘယ်ကြောင့် သူဒီရောက်နေလာရသနည်း။
မိမိအားရေတိုက်သောသူသည်တခြားမဟုတ် ဂျိတ်ပင်ဖြစ်လေသည်။
မိမိမှာလွတ်အောင်ပြေးနိူင်ပြီထင်သော်လည်း သကောင့်သားက ကြိုကာရေတိုက်ဖို့ပင် စောင့်နေသေးသည်။
ဂျိတ်မှ မြူ့ကိုပင်ဂရုမစိုက်ပဲ အယ်မလီလေးဆီသာသွားလိုက်လေသည်။
အယ်မလီလေး၏ လည်ပင်းနားတွင် ညိုမဲနေသည်ကိုတွေ့ရလေသည်။
ဒီကောင်က မိမိတန်ဖိုးထားသောသမီးလေးကို မေ့ကြောပိတ်ကာ ခေါ်လာကြောင်းသိလိုက်ပြီဖြစ်လေသည်။
"မင်းက ငါ့သမီးလေးကိုယ်ပေါ်မှာ ညိုမဲအောင်လုပ်ရဲတယ်ပေါ့လေ မင်းတော့ သေပြီပဲ"ထိုသို့ပြောပြီးသည်က်ို ကြားသည်နဲ့ မြူ့ပြေးရန်ကြံသော်လည်း ပြေးမရတော့ကြောင်း သိလိုက်ရလေသည်။
"မင်းဘာလုပ်လိုက်တာလည်း ငါ့ကိုပြောစမ်း"မြူ့ ရူးသွပ်စွာ အော်နေလေသည်။
"မင်းလား မင်းက အခု ငါ့ရဲ့စိတ်ညိုမှု(genjutsu)အောက်မှာရောက်နေတာလေ""ဘယ်..ဘယ်ကတည်းကလည်း "မြူ့ အံသြတုန်လှုပ်နေလေသည်။
ဘယ်ချိန်ကတည်းက မိမိခံလိုက်ရကြောင်း ပင် မသိလိုက်ပေ။
"မင်းငါ့ဆီက ရေခွက်လှမ်းယူလိုက်တဲ့အချိန်ကတည်းကပေါ့"မျက်လုံးနီနေပြီး မျက်လုံးအတွင်း၌ အစက်သုံးစက်ရှိနေသော ဂျိတ်ကိုတွေ့လိုက်ရလေသည်။
"မင်းဂုဏ်ယူသင့်ပါတယ် မင်းကငါ့ရှာရင်းဂန်း(sharingan)သုံးတာမှာ ပထမဆုံးတစ်ယောက်လေ"ရုတ်ခြည်းဆိုသလို ကျောက်တိုင်ကြီးပေါ်တွင် မြူ့တစ်ယောက် ချည်နှောင်ခံလိုက်လေသည်။
ထိုသို့ချည်နှောင်ခံရာတွင်လည်း လက်များကို သံချွန်များဖြင့်ထိုးဖောက်ထားခြင်းဖြစ်လေသည်။
"အား ဒါတွေက ပုံရိပ်ယောင်ပါ မနာကျင်ပါဘူး မြူ့မင်းကိုယ့်ကို ကို နာတယ်ခံစားမနေနဲ့ ဒါတွေက မြင်ယောင်နေတာတွေ"မြူ့ကိုယ်ကိုယ်ကို အားပေးနေလေသည်။
"မင်းပြောတာ မှန်သလိုလိုရှိပါတယ် ဒါတွေကပုံရိပ်ယောင်တွေပဲ ပုံရိပ်ယောင်ဆိုပေမဲ့ နာကျင်မှုကတကယ်ကွ"ပြောရင်းဆိုရင်း ဂျိတ်လေးကိုယ်ခွဲ ဖြစ်သွားတာဓားများဖြင့် မြူ့ကိုဝိုင်းထိုးလိုက်ကြလေသည်။
"အား....."မြူ့ နာကျင်မှုကြောင့် လုံးဝအော်ဟစ်လိုက်ရလေသည်။
ပုံရိပ်ယောင်ထဲရောက်နေသော်လည်း မိမိသည် နာကျင်မှုကို အစစ်အမှန်ခံစားနေရလေသည်။
ဂျိတ်ပြောသည်မှာ မှန်နေသောကြောင့် တောင့်မထားနိုင်တော့ ဂျိတ်များက ဓားဖြင့်ထိုးတိုင်းအော်ဟစ်ကာ နာကျင်မှုကို ခံစားနေရလေသည်။
"အော် ပြောဖို့မေ့တော့မလို့ ဒီပုံရိပ်ယောင်က သာမန်မဟုတ်ဘူးနော် အချိန်စီးဆင်းမှုကွာသေးတယ် ဒီမှာခုနှစ်ရက်ကအပြင်မှာ မိနစ်ပိုင်းလေးနော်""ဘာ..."မြူ့ တုန်လှုပ်ပြီးရင်းတုန်လှုပ်နေရလေသည်။
ဂျိတ်သည် ငွေအဆင့်ရှိစစ်သည်တော်ဟု မထင်တော့ပဲနှိပ်စက်မှုနတ်ဘုရားတစ်ပါးဟုပင် ထင်မြင်ယောင်လာရလေသည်။
"မင်းကို မိနစ်ပိုင်းလေးပဲ နှိပ်စက်မှာပါ ငါ့သမီးကိုမင်းခိုးရဲလို့လေအဲ အဲ့မိနစ်ပိုင်းက အပြင်မိနစ်ပိုင်းနော်""သွားပါပြီ"မြူ့ ဒီတစ်ခေါက်တော့အကြီးကျယ်ခံလိုက်ရကြောင်းသိလိုက်ရလေသည်။
သာမန်ပင်မဟုတ်ပဲကျောက်တုံးကို သွေးတိုးစမ်းကာ ကန်မိမျိုးခြင်းဖြစ်လေသည်။
"အား..."မြူ့၏နာကျင်သောအော်သံများကား ဆက်တိုက်ထွက်ပေါ်လာလေတော့သည်။
sharinganရှာရင်းဂန်း အစက...ရှာရင်းဂန်းသည် naruto animeမှunchiaကလန်မှပိုင်ဆိုင်သော အစွမ်းဖြစ်လေသည်။
ရှာရင်းဂန်းသည် မျက်လုံးအစွမ်းတစ်ခုလည်းဖြစ်လေသည်။
၎င်းကိုအသုံးပြုပါက အသုံးပြုသော လူကို နီသောမျက်လုံးနဲ့ ထိုမျက်လုံးထဲတွင်(tomoe) အစက်ကိုတွေ့မြင်ရမည်ဖြစ်သည်။
ရှာရင်းဂန်းကို အသုံးပြုခြင်းသည် အသုံးပြုသောလူ၏စွမ်းရည်ကို ကုန်ဆုံးစေနိုင်သောကြောင့် အသုံးမပြုသောအချိန်တွင်သာမန်မျက်လုံးဖြစ်ကာ အသုံးပြုချိန်မှသာ အနီရောင်မျက်လုံးသဏ္ဏာန်ကိုတွေ့ရမည်ဖြစ်လေသည်။
ရှာရင်းဂန်းပြောင်းလဲပုံသည်တစ်ခုခုကြုံတွေ့ရသောအခါလူ၏ဦးနှောက်မှ မျက်လုံးသို့ အထူးချာကရာပို့ဆောင်ကာ မျက်လုံးကို ရှာရင်းဂန်းအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်လေသည်။
ရှာရင်းဂန်းနိူးထပုံခြင်းသည် တစ်ဦးနဲ့တစ်ဦးမတူနိုင်ပေ။
ရှာရင်းဂန်းနိူးထရင် အစက်တစ်စက်(tomoe)တစ်ခုသာနိူးထသော်လည်း တစ်ချို့နှစ်စက်မှ နိူးထနိုင်ကြသည်။
အစက်အရေတွက်ကိုလိုက်၍ အစွမ်းထက်မှုကွာခြားကြလေသည်။
animeထဲတွင်hagoromoတစ်ယောက်ကတော့ ရှာရင်းဂန်းနိူးထရာ၌ tomoeသုံးခုကိုချက်ချင်းရှိသူဖြစ်လေသည်။
အစွမ်းထက်ပုံရှာရင်းဂန်း ဖွင့်လိုက်သည်နဲ့ မိမိပုံမှန်ရှိသောပတ်ဝန်းကျင်ကို သာမှန်ထက် နှေးကွေးစွာ မြင်ယောင်စေနိုင်မည်ဖြစ်လေသည်။
ထိုအစွမ်းသည်တိုက်ခိုက်သောအခါ လွန်စွာအသုံးဝင်လေသည်။
ရန်သူ၏တိုက်ခိုက်မှုသည် ရှာရင်းဂန်းအစွမ်းကြောင့် နှေးကွေးစွာလှုပ်ရှားနေသကဲ့သို့မြင်ယောင်စေရကာ ရန်သူ၏အားနည်းအားသာချက်ကို မြန်ချက်စွာရှာဖွေတွေ့ရှိကာ တိုက်ပွဲကိုမြန်စွာအဆုံးသတ်စေနိုင်သည်။
သူ့တစ်ပါးသိုင်းများကိုလည်း ပုံတူကူးယူစေနိုင်ခြင်းဟာလည်း ရှာရင်းဂန်း၏အစွမ်းပင်ဖြစ်လေသည်။
ပုံရိပ်ယောင်တိုက်ခိုက်ခြင်းလည်း လုပ်ဆောင်နိုင်လေသည်။
ရှာရင်းဂန်းဖြင့် တစ်ဖက်သား၏ဦးနှောက် မြင်အာရုံလှုပ်ဆောင်ချက်ကို ပြောင်းလဲပစ်ကာ ပုံရိပ်ယောင်အတွင်းကျရောက်စေခြင်းဖြစ်လေသည်။
ရှာရင်းဂန်းအစွမ်းသည် အသုံးပြုမှုအပေါ်မူတည်၍ ကွဲပြားသွားနိုင်သည်။
ရှာရင်းဂန်းမှ mangekyo ရှာရင်းဂန်းအထိလည်းမြင့်တင်နိုင်သေးသည်။
ထိိုသို့အဆင့်ရောက်ရန်မှလွန်စွာခက်ခဲသည်ဖြစ်လေသည်။
ယခုလက်ရှိ mcသုံးသော ရှာရင်းဂန်းသည်tomoeသုံးစက်ပါသော ရှာဂင်းဂန်းပင်ဖြစ်လေသည်။
14
နတ်ဆိုးတစ်ပါးမြူ့တစ်ယောက်လုံးဝခံစားနိုင်ခြင်းအလျဥ်းမရှိတော့။
ဂျိတ်ကို စေလွတ်ရန်သာ တောင်းဆိုနေလေသည်။
ထိုအခါ ဂျိတ်က မိမိသမီးအား လိုချင်သောသူကိုမေးလိုက်လေသည်။
လုပ်ကြံသူတို့ထုံးစံအတိုင်း ဝှက်ကာ မပြောဘဲ မိမိကိုယ်ကို လုပ်ကြံလေသည်။
သို့သော် ပုံရိပ်ယောင်ကမ္ဘာသို့ရောက်ရှိနေရတကားမိမိကိုယ်ကိုယ် သတ်သေသော်လည်းမသေနိုင်ရှိနေလေသည်။
နောက်ဆုံး မိမိအား အရှင့်သားမှ ခိုင်းစေခြင်းဖြစ်ကြောင်းဖွင့်ပြောပြရလေတော့သည်။
ဂျိတ်သိလိုသောအကြောင်းရာများကို တစ်ခုမကျန်ပြောပြလိုက်တော့လေသည်။
အကြောင်းစုံပြောပြီးသောအခါ မြူ့တစ်ယောက်မြည်တမ်းမိလေသည်။
"အိုရစ်...အိုရစ် အရှင့်သားကတော့ မီးတောင်ကို ခဲနဲ့ပေါက်မိပြီဗျ"အိုရစ် အိုရစ်သည် မြူ့ခေါ်နေသောအရှင့်သား ပင်ဖြစ်လေသည်။
ဂရိတ်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားဖြစ်ကာ ကြင်နာမှုရှိသော သူ စိတ်ကောင်းရှိသောသူအဖြစ်ထင်ရှားလေသည်။
ထိုသို့သော အရာများသည် သူ၏ဟန်ဆောင်မျက်နှာဖုံးဖြစ်ကြောင်းဂျိတ်ရိပ်မိပြီးသားဖြစ်လေသည်။
ထို့အပြင် မိမိသမီး၏မိခင်ဖြစ်သူမှမင်းသမီးဖြစ်ကြောင်း သာဂျိတ်သိလေသည်။
ဂျိတ်သည် မိမိဒီယေဂိုမြို့သို့ရောက်လာခြင်းသည် ထိုမင်းသားကြောင့်ဖြစ်နေမလားဟု တွက်ဆလိုက်ကာ မိမိနဲ့ကြိုက်ခဲ့သော မင်းသမီးသည် ဂရိတ်နိုင်ငံ၏မင်းသမီးများဖြစ်နေမလား ဟုခန့်မှန်းလိုက်လေသည်။
ဂရိတ်နိုင်ငံတွင် မင်းသမီးတစ်ပါးရှိသော်လည်း မည်သည့်အခါမှ ပြည်သူလူထုရှေ့သို့ထွက်ခဲ့ခြင်းမရှိရာ မည်သူကမျှမသိကြပေ။
ထို့ကြောင့် ဂျိတ်၏တွေးတောမှုမှာ ထင်မြင်ချက်အနေဖြင့်သာရှိလေသည်။
"မင်း ပြောပြပြီးပြီဆိုတော့ ငါကလည်းလွှတ်ပေးရမှာပေါ့"ဂျိတ်က ပြောပြီးဒီအတိုင်းလွတ်ပေးလိုက်သည်တော့မဟုတ် မြူ့၏ဦးနှောက်ဆေးကြောခြင်းကိုလုပ်ဆောင်လိုက်လေသည်။
ထိုသို့လုပ်ဆောင်လိုက်ပြီး မြူ့သည် ဂျိတ်အား မိမိကိုးကွယ်ရပါသောကြီးမြတ်သောသခင်အဖြစ်ပုံသွင်းပေးလိုက်လေသည်။
ထိုအခါ ဂျိတ်ကို သာမိမိ၏အရှင်သခင်အဖြစ်မှတ်ယူကာ ဂျိတ်အတွက်ဆိုအသက်ပါပေးရန် အထိဖြစ်သွားလေသည်။
မြူ့ကိုဒီအတိုင်းပြန်မလွတ်စေလို။
မိမိ၏တာဝန်ပြီးမြောက်ကာ ပြန်လာသော ပုံစံအတိုင်းပြန်၍လွတ်လိုက်လေသည်။
ထိိုသို့လုပ်လိုက်မှသာ နောက်ကွယ်မှ အကောင်ကြီးကြီးကို ဖမ်းဆီးနိုင်မည်ဖြစ်လေသည်။
ထိုသို့အကြံစည်ကိုလည်း ဂျိတ်ချမှတ်ထားခြင်းလည်းဖြစ်လေသည်။
"ဟ ဟိုကောင်ပြန်မလားသေးဘူးလား ကြာလိုက်တာကွာ"ရေကာမြို့ထဲရှိ တည်းခိုခန်း တစ်နေရာအခန်းတံခါးဝ၌ လူတစ်ယောက်သည်စောင့်နေလေ၏။
ထိုလူသည်ကြီးမြတ်သောအရောင်ဝါများပါသော ဝတ်စုံကိုဝတ်ဆင်ထားရာ ဘေးနားရှိလူများက အနည်းငယ်ရှိန်ကြ ကာ ထိုလူအနီးနားဝန်းကျင်ကိုရှောင်ဖယ်၍သွားကြလေသည်။
ထိုလူကလည်းတစ်စုံတစ်ယောက်ကို စောင့်နေသော ဟန်အမူရာလည်းရှိလေသည်။
ထိုစဥ် တစ်ယောက်ယောက်လာသည်ကိုမြင်ရသောကြောင့် ထိုလူမျက်နှာမှာ မှိုရသည့်ပမာ ဝင်းထိန်သွားလေသည်။
ဟုတ်ပေသည်။
ထိုလူသည် မြူ့က်ိုစောင့်နေခြင်းဖြစ်လေသည်။
မြူ့သည် အရာဝတ္ထုတစ်ခုခုကို အဝတ်ဖြင့် အုပ်ထားကာ ခပ်သွက်သွက်ပြေးလာနေလေသည်ဖြစ်သည်။
မြူ့တစ်ယောက် သူ၏အနီးနားသို့ရောက်သည်နဲ့ ထိုလူသည် ချက်ချင်းပင်ပြောဆိုလေတော့သည်။
"ဘာလို့ကြာနေရတာလဲ ဒီမှာစောင့်ရတာပျင်းလို့သေတော့မယ် ""ဒီတိုင်းလေးနေတာကို သေမယ်ဆိုတော့ တကယ်သေ သွားရမှာ"ထိုလူကြီး မြူ့က်ို စိတ်ဆိုးသွားသော်လည်း အရှင့်သားက တည်းဆိုခန်းအတွင်း၌ရှိနေလေသည်။
ထိူ့ကြောင့် မိမိစိတ်ကိုထိန်းချုပ်ကာမြူ့အားခေါ်ရလေသည်။
"အထဲမှာ အရှင့်သားစောင့်နေတယ် မင်းအဲ့ကလေးကို တစ်ခါတည်းခေါ်ပြီးသွား"မြူ့ဝင်သွားသည်နဲ့ ထိုလူကြီးလည်း မြူ့ဝင်သွားရာတံခါးပေါက်၌စောင့်၍ရပ်နေလေသည်။
မြူ့ဝင်သွားပြီး မကြာမီ အနက်ရောင် ဝတ်စုံဝတ်ထားသောလူသည် မိမိစောင့်ကြပ်သောတံခါးပေါက်ဆီသို့ လာနေသည်ကိုတွေ့ရလေသည်။
"ဟေ့လူ ဒီနေရာကသီးသန့်ဗျ ဝင်ခွင့်မရှိဘူး မလာပါနဲ့."သို့သော် ထိုအနက်ရောင်ဝတ်ထားသော လူသည်မိမိစကားကို ဂရုစိုက်ဟန်မရှိပေ။
မိမိစောင့်ကြပ်နေသောတံခါးဆီသို့ပင် ဦးတည်လာနေလေသည်။
"သေပေတော့ "လက်ထဲမှ ဓားကိုကိုင်ကာ အနက်ရောင်ဝတ်လူကိုပိုင်းချလေသည်။
ဓားမပိုင်းမီကာလအချိန်တွင်အနက်ရောင်ဝတ်လူသည် မိမိအား တစ်ချက်ကြည့်လိုက်ကြောင်း တံခါးစောင့်ကြပ်နေသောလူကြီးတွေ့လိုက်ရလေသည့။
ထိူအကြည့်သည် သာမန်ထက်ထူးခြားနေသည်။
နီနေသောမျက်လုံး အထဲတွင် အစက်သုံးစက်ကပါသေးသည်။
ထိုသို့ကြည့်မိခြင်းကပင် မိမိရှုံးနိမ့်သွားပြီးဖြစ်ကြောင်း တံခါးစောင့်လူကြီးသိချိန်မရတော့ပေ။
အကြည့်တစ်ချက်ကြောင့် ဓားဖြင့်ပိုင်းလိုသောလူကြီးသည် အနက်ရောင်ဝတ်လူကို ဓားဖြင့်မပိုင်းရုံသာမက တံခါးပင်ဦးဆောင်ဖွင့်ပေးကာဝင်စေလိုက်သေးသည်။
ထိုတံခါးစောင့်လူကြီးကို သေချာကြည့်မည်ဆိုပါက ရုပ်သေးရုပ်ကဲ့သို့ ခံစားချက်မရှိသောရုပ်မျ်ိုးဖြစ်နေမည်ကိုတွေ့ရမည်ဖြစ်လေသည်။
ထိုအနက်ရောင်လူမှာ တခြားသူမဟုတ်ဂျိတ်ပင်ဖြစ်လေသည်။
ရုတ်ရင်းဆန်ခတ်မဖြစ်လို၍ တံခါးစောင့်လူကြီးအား ရှာရင်းဂန်းဖြင့် ကြည့်ကာ ညိုထားလိုက်ခြင်းလည်းဖြစ်သည်။
ထိုလူကြီးသည် နောက်နာရီဝက်ကြာမှ ညိုခံရမှုမှ လွတ်မြောက်မည်လည်းဖြစ်လေသည်။
တည်းခိုခန်းအထဲရှိ vipအခန်းတစ်ခု၌အရှင့်အသားဆိုသူသည် ဝိုင်ကိုသောက်ကာ မြူ့အလာကိုစောင့်နေလေသည်။
အခန်းထဲရောက်လာမြူ့က်ိုမြင်သောအခါ"မြူ့ ဘယ်လိုလဲငါယူခိုင်းလိုက်တဲ့ ကလေးမ ပါလား""ပါ ပါတယ် သခင် ဒီမှာပါ"မြူ့ယူလာသော အထုပ်ကို အိုရစ် ဝမ်းသာအားရဖြေကြည့်လိုက်လေသည်။
"မင်း ဒါဘာလုပ်တာလဲ မင်းငါ့ကိုလှောင်ပြောင်ရဲတာလား."မြူ့ယူလာသည့်အထုပ်မှာ ကလေးမဟုတ်ပဲ ထင်းတုံးပိုင်းစတစ်ခုသာဖြစ်လေသည်။
"ငါ ယူခိုင်းလိုက်တာ လေ အဲ့တော့ဘာဖြစ်တာလဲ"အနက်ရောင်ဝတ်ထားသော လူက မိမိအခန်းထဲသို့ရောက်လာသည်ကိုတွေ့လိုက်ရလေသည်။
"မင်းဘယ်သူလဲ ငါ့အခန်းထဲဘာလို့ဝင်လာတာလဲဆိုးရစ် မင်းဘာလုပ်နေတာလဲ"တံခါးစောင့်လူကြီးဆိုးရစ်ကို အော်ခေါ်နေခြင်းဖြစ်လေသည်။
ထိုလူကြီးသည် အိုရစ်၏အားကိုးရဆုံးသော သက်တော်စောင့်ကြီးလည်းဖြစ်လေသည်။
"သူမကြားတော့ဘူး နောက်နာရီဝက်မှ ထလာမှာပြီးတော့ ငါကဘယ်သူလဲဆိုတော့ မင်းယူခိုင်းလိုက်တဲ့ ကလေးရဲ့အဖေလေ"ပြော၍ခေါင်းမော့လိုက်ရာ အစက်သုံးစက်ပါသောမျက်လုံးနီနဲ့ လူကိုတွေ့လိုက်ရလေသည်။
အိုရစ် ပြေးရန်ကြံသော်သည် ဂျိတ်သတ်ဖြတ်ခြင်းအော်ရာဖြင့်ဖိနှိပ်လိုက်လေသည်။
ထိုအော်ရာကြောင့်အိုရစ်တစ်ယောက်ဘယ်လိုမှလှုပ်မရတော့ပေ။
ဂျိတ်တစ်ယောက်သည် သာမန်လူမဟုတ်တော့ပဲနတ်ဆိုးတစ်ပါးဖြစ်ကြောင်းခံစားမိလာလေသည်။
"မင်းက နတ်...နတ်...နတ်ဆိုးပဲ"အိုရစ်ကြောက်လန့်တုန်လှုပ်နေလေသည်။
" မင်းကငါ့သမီးကိုတောင်လုခိုင်းတယ်ဆိုတော့ ငါ့ရဲ့ပုံရိပ်ယောင်ကမ္ဘာကနေမင်းကိုကြိုဆိုပါတယ်"
15
ငရဲဆိုတာ"ငါ..ငါ ဘယ်ရောက်နေတာလည်း"အိုရစ်တစ်ယောက်ကြောင်တောင်တောင်ဖြစ်နေလေသည်။
အစောပိုင်း၌ မိမိတည်းခိုနေသော နေရာသို့အနက်ရောင်ဝတ်ရုံနဲ့လူက မိမိလုယူခိုင်းလိုက်သောကလေး၏ဖခင်ဖြစ်ကြောင်းပြောဆိုသံကို ကြားရပြီးနောက်ပြေးရန်ကြံစည်သော်လည်း လှုပ်ရှား၍မရတော့။
ထို့နောက်ပိုင်းတွင် မိမိဒီနေရာသို့ရောက်နေကြောင်း တွေ့ရလေသည်။
ရာသီဥတုက ကြည်လင်ကာ နေရောင်ကလည်း ဖြာကျလျက်ရှိနေသည်။
တောအုပ်တစ်ခု၏မြစ်ကမ်းနဘေးတွင်ရောက်ရှိနေပြီး ကျေးငှက်သံများက ဆူညံနေလေသည်ကို အိုရစ်သတိထားမိသည်။
"ဒါတွေက အတုယောင် မဟုတ်ဘူးလား"မိမိကိုယ်ကို ပြန်ဆွဲဆိတ်လိုက်သည်။
"အား နာတယ်ဟ ဒါအစစ်မှန်ထင်တယ်"အိုရစ် တစ်ယောက် မိမိရောက်နေသော နေရာသည်အစစ်မှန်ဖြစ်ကြောင်း မှတ်ယူကာ နေရာအနှံလျောက်သွားနေလေသည်။
ထိုသို့သွားနေသည်ကို ဂျိတ်ကြည့်ကြောင်းကိုလည်း သိဟန် မတူပေ။
တောအုပ်ရှိမြစ်ဘေးနားတစ်လျှောက်မှ အ်ိုရစ်လျှောက်ကာ သွားကြည့်လိုက်သည်။
အချိန်အနည်းငယ်မျှ ကြာသောအခါ မိမိနဲ့ မနီးမဝေးသောနေရာတစ်ခု၌ သာယာလှပသောရွာလေးတစ်ရွာကိုတွေ့လိုက်ရလေသည်။
ထိုရွာကို တွေ့သည်နဲ့ အိုရစ်လည်းဝမ်းသာအားရစွာ ဖြင့် ပြေးသွားလိုက်လေသည်။
ရွာတွင်အကြောင်းစုံမေးမြန်းကာ မိမိဂရိတ်နိုင်ငံသို့ ပြန်ရန်ကြံစည်ထားလိုက်လေသည်။
အိုရစ်တစ်ယောက် ရွာ၏အဝင်ပေါက်နားသို့ရောက်လေသည်။
ရွာထဲရှိ လူများကိုမြင်သည်နဲ့ အိုရစ်အံသြမိလေသည်။
ရွာထဲတွင်လှပသောအမျိုးသမီးများစွာရှိနေသည်ကိုပင်။
ထိုအမျိုးသမီးများမျက်နှာများကို ဖုံးလွယ်ထားကာ မျက်လုံးများသာဖော်ထားကြလေသည်။
ဤသည်ကို အိုရစ်က အဘယ်ကြောင့် လှပသည်ပြောနေရသနည်း။
အကြောင်းမှာ အမျိုးသမီးများသည် မျက်နှာကိုသာဖုံးကွယ်ထားကြသော်လည်း သူတို့၏ကိုယ်ခန္ဓာတစ်ခုလုံးကို ပါးလျသော ဝတ်စုံများဆင်ယင်ထားရာ သူတို့၏ပကတိအလှကို အိုရစ်မြင်နေရလေသည်။
သွယ်လျလှပသော လက်ချောင်းများ သမင်မမျက်လုံးကဲ့သို့ နက်မှောင်တောက်ပနေသောမျက်လုံးများ နဲ့ဖြူစင်ဝင်းပနေကာ အချိုးစားလှပသော ကိုယ်လုံးကိုယ်ပေါက်များကို ကြည့်ကာ အိုရစ်တစ်ယောက် လှပသည်ဟုဆ်ိုရခြင်းဖြစ်လေသည်။
( အိုး ဆိုက်စုံ ဂိုက်စုံပါလား ငါဆွဲစားလိုက်ရရင်ဖြင့်)အိုရစ် မကောင်းသောအတွေးများတွေးကာ ကြံစည်နေလေသည်။
လက်တွေ့လောကတွင်ကား........ဂျိတ်၏ပုံရိပ်ယောင်ကမ္ဘာသို့ ကျရောက်နေသော အိုရစ်သည် ငြိမ်သက်လျက်ရှိလေသည်။
သူသည် ငြိမ်သက်လျက်ရှိနေကာ အ နည်းငယ်ပြုံးနေသေးသည်။
"မင်းခုတော့ပျော်နေတယ်ပေါ့လေ မကြာခင် မင်းဒုက္ခခံစားရတော့မှာပါ"ဂျိတ်ပြောဆိုပြီးပြုံးလိုက်လေသည်။
အိုရစ်တစ်ယောက်သည် မိမိအလိုရှိတိုင်းကစားနေသောထောင်ချောက်ထဲရောက်နေသည်ကို သတိမထားမိပေ။
ထိုမြင်ကွင်းကို မြူ့မြင်သော် အနည်းငယ်တုန်လှုပ်မိလေသည်။
ယခုချိန်၌ မြူ့သည် ဦးနှောက်ဆေးကြောထားခံရမှုကြောင့်လူသစ်တစ်ယောက် ဟုဆိုနိုင်သည်။
ဂျိတ်၏ပုံရိပ်ယောင်နှ်ိပ်စက်မှုကိုမေ့လျော့နေသည်ဆိုသော်ငြားလည်း မိမိ၏မသိစိတ်ကကြောက်စရာကောင်းပြောနေသည်ဟု မြူ့ခံစားမိလေသည်။
ပုံရိပ်ယောင်လောကအတွင်း၌"အကိုကြီးကလည်း နော် ခစ်ခစ်..ခစ်"ရွာထဲရှိ မိန်းမပျိုလေးများသည် အိုရစ်နဲ့ စကားလက်ဆုံကျနေလေသည်။
အိုရစ်ကလည်း မိန်းမပျိုလေးများနဲ့ ရယ်မောစရာများပြောနေရာ ရယ်သံလေးများက မကြာခဏဆိုသလို ပြန့်လွင့်လျက်ရှိနေလေသည်။
မိန်းမပျိုလေးများ ရယ်မောသံသည် ပုလဲလုံးလေးသဖွယ် သာယာညိမ့်ညောင်းသော တီးလုံးလေးပမာ ဟုအိုရစ်ထင်မြင်မိသည်။
ချောမောလှပသောမိန်းမပျိုလေးများနဲ့စကားလက်ဆုံကြနေရသည်မှာ သာယာလှသည်ဟုအိုရစ်ခံစားမိသည်။
မိန်းမပျိုလေးများကအစားအသောက်များဖြင့်ပါ တည်ခင်းဧည့်ခံရာ အိုရစ်လည်းမငြင်းဘဲ လိုက်လံသုံးဆောင်လေသည်။
ထို့နောက်အချောဆုံးဟုထင်ရသော မိန်းမပျိုလေးမှမိမိအား နေ့ခင်းကြောင်တောင် အိပ်ရာပေါ်သို့ ဆွဲခေါ်သွားသည်ကိုလည်း ငြင်းဆန်ခြင်းမပြုပဲ အိုရစ်လိုက်ပါသွားလေသည်။
အိိပ်ရာပေါ်ရောက်သည်နဲ့မိန်းမပျိုလေးက အိုရစ်ကိုတွန်းလဲပြီးထိုမိန်းမပျိုလေး၏လက်များက အိုရစ်ကိုပွတ်သပ်ပေးရာ အိုရစ်တစ်ယောက် ရာဂစိတ်များထကြွလာလေသည်။
"နှမတော်က မောင်ကြီးနဲ့ပျော်ပါးချင်တာလား""အိုမောင်တော်ကလဲ ဘာတွေပြောနေတာလဲနှမတော်ကမောင်ကြီးကို ဒီနေရာထိတောင်ခေါ်လာမှတော့ ဒီလိုပြောဖို့လိုသေးလား""ဒါနဲ့ မောင်ကြီး နှမတော်ကိုပြောစရာတစ်ခုရှိတယ်""ပြောလေ မောင်ကြီး ဘာများပြောမလို့လဲ""နှမတော်ရဲ့ မျက်နှာကာလေးကို မောင်ကြီး ဖယ်ချင်လို့ပါ""ဒါလေးများ ဖယ်လေ မောင်ကြီးရဲ့ နှမတော်တို့ ဒီအခြေနေတောင်ရောက်နေပါပြီဆိုမှ ဒါပြောဖို့လိုသေးလို့လား မောင်ကြီးရယ်"ညူတုတုအသံလေးဖြင့်ပြောကာမိန်းမပျိုလေးသည်အိုရစ်၏ရင်ဘတ်ကို ခပ်ဆုပ်ဆုပ်လက်သီးလေးဖြင့်အသာယာဖွဖွလေး ထုလိုက်လေသည်။
အိုရစ်လည်း စိတ်လှုပ်ရှားစွာဖြင့် မိန်းမပျိုလေး၏မျက်နှာကာလေးကိုဆွဲဖြုတ်လေသည်။
ကိုယ်လုံးကိုယ်ပေါက်တောင် လှပနေသောမိန်းမပျိုလေး၏မျက်နှာသည် နတ်သမီးများကဲ့သို့ လှပမည်ဟူသောအတွေးဖြင့်ဖြုတ်လိုက်လေသည်။
နတ်သမီးတစ်ပါးဖြင့် ပျော်ပါးရတော့မည်ဟူသောအတွေးကြောင့် ထိန်းသိမ်းမရပျော်ရွှင်နေလေသည်။
"အား............"အသံနက်ကြီးက ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
အိုရစ် သည် မိန်းမပျိုလေး၏မျက်နှာကာဖြုတ်ပြီး ကြည့်လိုက်ရာ မိမိအထင်နဲ့တလွဲဲဖြစ်နေကြောင်း သိလိုက်ရတော့သည်။
"မင်း...မင်းကသေပြီးသားမဟုတ်ဘူးလား""ဘာတွေပြောနေတာလဲ မောင်ကြီးရယ် မောင်ကြီးပဲပျော်ပါးချင်တာမဟုတ်လား နှမတော်တို့ပျော်ပါးကြရအောင်လေ""မဟုတ်ဘူး....မဟုတ်ဘူး..."အိုရစ် အော်ဟစ်နေလေသည်။
ထပြီးပြေးရန်ကြိုးစားသော်လည်း မိမိကိုယ်ခန္ဓာကို ထိန်းချုပ်၍မရကြောင်းသိရလေသည်။
"မောင်ကြီးကလည်း ပြေးဖို့ကြိုးစားနေတာလား မရဘူးနော် အစောကမောင်ကြီးစားထားတဲ့အစာတွေထဲမှာပါတဲ့ ဆေးမှုန့်ကြောင့် မောင်ကြီးမလှုပ်ရှားနိုင်တော့ဘူးလေ"မိမိဆေးမိထားကြောင်း ခုမှသတိထားမိလေသည်။
မိမိန်းမပျိုလေးများကို တဏ္ဉာများကာ ငမ်းနေသောကြောင့်အစားများကို သတိမထားဘဲစားမိခြင်းဖြစ်လေသည်။
"ကဲ မောင်ကြီး နှမတော် တစ်ယောက်တည်းဆိုမောင်ကြီးပျင်းမှာစိုးလို့ ကျန်တဲ့လူတွေပါ နှမတော်လေးခေါ်ထားတယ်လေ "ထိုသို့ပြောဆ်ိုလိုက်သည်နဲ့ မိန်းမပျိုလေးများစွာအိပ်ရာထက်ပေါ်သို့ရောက်ရှိလာကြလေသည်။
သူတို့မျက်နှာများတွင်လည်း မျက်နှာကာများမရှိကြတော့။
ထိုသို့မျက်နှာကာများမရှိတော့သည့် မိန်းမပျိုလေးများကို မြင်သည်နဲ့ အိုရစ် ရူးသွပ်စွာပိုအော်မိလေသည်။
အဘယ်ကြောင့် အိုရစ် ထိုသို့ရူးသွပ်နေရသနည်း။
"မလာ ကြနဲ့ သွား....မလာကြနဲ့""အိုး နှမတော်တို့ မောင်ကြီးကကြည့်ရတာတော်တော်ဆာနေပုံရတယ် နှမတော်တို့ ဖြည့်စီးပေးကြစို့လေ""ဟုတ်တာပေါ့ မမရယ်"ထိုသို့ပြောဆိုပြီး မိန်းမပျိုလေးများလက်များတွင်နေရာယူထားသော ထက်မြနေသော ဓားတိုလေးတစ်ချောင်းစီတိုင်းက အိုရစ်ကိုယ်ခန္ဓာနေရာအနှံကျရောက်လာလေသည်။
"အား........"အိုရစ်နာကျင်လွန်းသောကြောင့် အသားကုန်အော်မိလေသည်။
ထို့နောက် မိမိသည် ထိုဓားချက်များကြောင့် သေပြီဟုယူဆလိုက်လေသည်။
သိူ့သော်ထင်မြင်ချက်ကလုံးဝမှားယွင်းနေလေသည်။
ဓားများထိုးခြင်းခံရသော မိမိကိုယ်ခန္ဓာများကပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရလေသည်။
"အိုး....နှမတော်တို့ရေ မောင်ကြီးက ထပ်လိုချင်နေတယ်ထင်တယ် ထပ်ပြီးပေးလိုက်ပါစို့"ထပ်မံပြီးအိုရစ် အထိုးခံရပြန်သည်။
ရှေးနည်းအတိုင်းပင် မသေပဲ ပြန်လည်သက်သာလာလိုက်ပြန်အထိုးခံလိုက်နဲ့ သုံးကြိမ်တိုင်တိုင်ရှိသွားပြီဖြစ်လေသည်။
ထိုသို့ဖြစ်နေရခြင်းမှာ ဂျိတ်သည် ရှာရင်းဂန်းအစွမ်းဖြင့်ရှေးဦးစွာ အိုရစ် ၏မကောင်းသောအပိုင်းမှတ်ညဏ်ကိုရှာဖွေလိုက်သည်။
ထိုအပိုင်းကို အခြေ ခံကာ အဆတစ်ရာဆိုးဝါးသောငရဲခန်းလေးကို အိုရစ်အား ဖန်တီးပေးလိုက်ခြင်းဖြစ်လေသည်။
အိုရစ်ကို ဓားဖြင့်ထိုးနေကြသော မိန်းမပျိုလေးများသည် လည်း တခြားမဟုတ်။
အိုရစ်သည် အရှင့်သားဖြစ်ရာ မိန်းမလည်းပွေရှုပ်တတ်လေသည်။
ပွေရှုပ်တတ်ရုံသာ မဟုတ် မိမိကာမဆန္ဒပြည့်ဝတိုင်းလည်းမိမိခြေတော်တင်ခဲ့သော မိန်းကလေးများကို စိတ်ထင်တိုင်း ရိုက်နှက်လေ့ရှိသည်။
ထိုသို့နှိပ်စက်ခံရသော မိန်းကလေးများသည် နှိပ်စက်ဒဏ်ကြောင့်သေကြရလေသည်။
ထိုအကြောင်းများသည် အိုရစ်၏နှုတ်ပိတ်မှုကြောင့် ထွက်ပေါ်မလာခြင်းလည်းဖြစ်လေသည်။
ထိုသို့နှိပ်စက်ခံရကာ သေ သွားသော မိန်းကလေးများက ယခုအခါ အိုရစ်ကို ဓားဖြင့်တဖန်ပြန်နှိပ်စက်ရာ အိုရစ်တစ်ယောက်သေလုမတတ်ကြောက်လန့်နေရခြင်းဖြစ်လေသည်။
ထိုမိန်းကလေးများ၏မျက်နှာများတွင်လည်း အိုရစ်နှိပ်စက်စဥ်ကအတိုင်း အမာရွတ်များ ရှိနေလေသည်။
ထိုမျက်နှာများဖြင့် မိမိကို ဓားဖြင့်ထိုးသည်ကို ကြည့်ကာ နာကျင်မှုကို အိုရစ်ခံစားနေရသည်ကလည်း ငရဲပင်။
သုံးကြိမ်မြောက်အထိ မိန်းကလေးများသည် မလှုပ်ရှားနိုင်သော အိုရစ်ကိုဓားဖြင့်ထိုးပြီးနောက်နောက်တစ်နည်းဖြင့် ကြံစည်ကြလေသည်။
ထိုနည်းများကား အိုရစ် မျက်လုံးကို ဓားဖြင့်ထိုးကလော်ခြင်း နားရွက် နှခေါင်းများကို လှီးဖြတ်ခြင်းစသည်တိူ့ကိုလုပ်ဆောင်လေသည်။
အသားများကို တစ်လွှာချင်းစီလှီးဖြတ်ခြင်း ခြေသည်းလက်သည်းများကိုဆွဲခွာခြင်းကိုလည်းလုပ်ဆောင်ကြလေသည်။
အစောပိုင်းက အိုရစ်တွေ့ရသော မိန်းမပျိုလေးများသည် ယခုအခါ အိုရစ်ကိုနှိပ်စက်သောနတ်ဆိုးသမီးပျိုများဖြစ်လာကြလေသည်။
"မောင်ကြီး မှတ်မိသေးတယ်မလားဟင် မောင်ကြီးက နှမတော်လေးကို မိဖုရားမြောက်မယ်ဆိုပြီး ချစ်တင်းနှောပြီးမှ သေအောင်ရိုက်နှက်တာလေ ""ဒီက နှမလေးကိုကော မောင်ကြီးမမှတ်မိဘူးလားမောင်ကြီးရေနွေးပူနဲ့ ပျက်လို့ နှမလေးမျက်နှာ စုတ်ပျက်သွားတာလေ သေချာကြည့်ပါဦး"ထိုစကားများကြောင့် အိုရစ်သည် ပို၍သွေးပျက်လာပြီဖြစ်သည်။
"မောင်ကြီး အဲ့လိုဖြစ်တာက မောင်ကြီးရဲ့ညီငယ်လေးကြောင့်မလား ဒါကြောင့် နှမလေး ကမောင်ကြီးရဲ့ ညီငယ်လေးကို ထိန်းသိမ်းလိုက်မယ်ဒါဆိုမောင်ကြီး မဆိုးလောက်တော့ဘူး မဟုတ်လားခစ်...ခစ်..ခစ်"မိန်းကလေးတစ်ယောက်မှ ပြောရင်းဆိုရင်း အိုရစ်ငယ်ပါကို ကိုင်ကာ ဓားဖြင့်ပိုင်းဖြတ်လိုက်လေသည်။
"အား..."(ငလူး ကြမ်းတာဟ)ဒီမြင်ကွင်းကိုတော့ ဂျိတ်မထင်မှတ်မိသည်မှာအမှန်ပင်။
ရှာရင်းဂန်းအစွမ်းသည် မိမိထင်သည်ထက်ပိုစွမ်းသည်ကိုတော့ ဝန်ခံရပေမည်။
ပုံရိပ်ယောင်များသည် မိမိထင်သည်ထက် လွန်စွာသက်ဝင်လှုပ်ရှားနေလေသည်။
ထိုမြင်ကွင်းကြည့်ကာ ဂျိတ်လည်းမိမိငယ်ပါကိုမသိမသာဖုံးကွယ်မိလိုက်လေသည်။
အပြင်ကမ္ဘာရှိနာရီဝက်ဟူသော အချိန် သည် အိုရစ်တစ်ယောက်အတွက် မဆုံးနိုင်သောငရဲခန်းဖြစ်လာလေတော့သည်။