← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

16

စနစ်ကို ကိုယ်တိုင်ပြုပြင်ခြင်း"အရှင်သား အရှင့်သား ထပါ"ညို့ယူမှုကြောင့်နာရီဝက် ကြာငိုင်နေသော ဆိုးရစ်လည်း သတိပြန်ရလာကာ အိုရစ်ကို နိုးလေသည်။

ထိုအချိန်တွင် ဂျိတ်နဲ့ မြူ့လည်း အိုးရစ်အနီးနား၌မရှိနေတော့ပေ။

ဆိုးရစ် တစ်ယောက် အိုးရစ်ကို နိုးသော်လည်း အိုရစ်လုံးဝပြန်လည်ထနိုင်ခြင်းမရှိဘဲ ကြောက်လန့်နေသော အမူရာဖြင့် သာ ကိုယ်ခန္ဓာတစ်ခုလုံးတောင့်တင်းနေလေသည်။

ဤသို့ဖြစ်ရခြင်းမှာ ဆိုးရစ်ကိုအချိန်သတ်မှတ်ကာ ပုံရိပ်ယောာင်ထဲထည့်ထားခြင်းကြောင်း အချိန်ပြည့်သည်နဲ့ ဆိုးရစ်ပြန်လည်နိုးထနိုင်ခြင်းဖြစ်လေသည်။

အိုရစ်ကကော....အိုရစ်အတွက်တော့ အချိန်သတ်မှတ်ပေးခဲ့ခြင်းမရှိ။

သူ၏လုပ်ရပ်များအတွက်ပြစ်ဒဏ်ပေးသည့်အနေဖြင့် ထားခဲ့ရာ အဆုံးမရှိသောပုံရိပ်ယောင်ထဲ၌ နှိုပ်စက်ခံနေရမည်ဖြစ်သည်။

အိုရစ်ကို ပုံရိပ်ယောင်ထဲမှ ထွက်စေလိုပါက တစ်ခုသော နည်းလမ်းမှာ အိုရစ်ကိုည်ိုထားသောပုံရိပ်ယောင် ကိုဖျက်စီးပစ်ရန်သာရှိလေသည်။

"မ...မဖြစ်ဘူး ငါနန်းတော်ကို အမြန်ပြန်ခေါ်သွားရမယ်"ဆိုးရစ် အိုရစ်ကို မှ ကာ နန်းတော် သို့ပြန်လည်ခေါ်ဆောင်သွားလေသည်။

နှစ်ရက်မျှကြာသောအခါ ဆိုးရစ်သည် နန်းတော်သို့ အိုးရစ်ကိုခေါ်ဆောင်သွားလေသည်။

အိုရစ်နန်းတော်သို့ပြန်ရောက်သွားသည်နဲ့နန်းတော်တစ်ခုလုံး ဆူညံသွားကြလေသည်။

"သမားတော်ခေါ်ဟေ့ "သူတို့၏အရှင့်သားဆိုသူက တစ်ခုခုဖြစ်ရာနန်းတော်တွင်းမှ လူများလှုပ်လှုပ်ရှားရှားဖြစ်ကြလေသည်။

သမားတော်လည်း မင်းသားတစ်ခုခုဖြစ်သည်ဆိုသောကြောင့် အပြေးလွှားပင်ရောက်ရှိလာလေသည်။

နန်းတွင်းသမားတော်လည်း အိုရစ်ရှေ့ရောက်သည်နဲ့ မိမိကျွမ်းကျင်တတ်သော ပညာဖြင့် အိုရစ်ကို ကြည့်ရှုလေသည်။

သို့သော် နန်းတွင်းသမားတော်ကြီးသေချာအကဲခတ်ကြည့်ရှူလေ ပို၍လန့်ဖြန့်လာလေဖြစ်သည်။

ထိတ်လန့်လွန်းအားကြီးသောကြောင့်သမားတော်၏နဖူးမှ ဇောချွေးများပင်ကျလာလေသည်။

"မိဖုရားကြီးကြွလာပြီ"ထိုအသံနဲ့အတူ မိဖုရားကြီး သည် ရာဇအိန္ဒြရေ ကိုမစောင့်စည်းနိုင်အပြေးလွှားရောက်လာကာ အိုရစ်ကိုကြည့်ရှူလေသည်။

"သားတော် သားတော်ဘာဖြစ်တာလဲ ပြောကြပါဦး"မိဖုရားကြီးသည် ကြောက်လန့်ဟန်ရှိကာ ကိုယ်တစ်ခုလုံးတောင့်တင်းနေသော သားဖြစ်သူအိုးရစ်ကိုကြည့်ကာ ပြောဆိုမေးမြန်းလေသည်။

မိဖုရားကြီးသည် ဂရိတ်နိုင်ငံ၏အာဏာကြီးမားသော မိဖုရားကြီးတစ်ပါးဖြစ်လေသည်။

သူမ၏ဘဝတစ်လျှောက်တွင် သားနှစ်ယောက်ဖွားမြင်သော်လည်း အိုရစ်တစ်ယောက်သာကျန်ရစ်ခဲ့လေသည်။

ထို့ကြောင့် အိုရစ်ကို ငုံထားမတတ်ချစ်မြတ်နိုးလေသည်။

အိုရစ်ဘာလုပ်လုပ်အပြစ်မြင်ခြင်းမရှိရာအလိုလိုက် အမိုက်ကန်းဆိုး ဆိုသကဲ့သို့ အိုရစ်သည်ဆိုးချင်တိုင်းဆိုးလာခဲ့သည်။

ယခုလည်း သားဖြစ်သူ အခြေနေမကောင်းသောအခါ ရင်ထဲသောက မီးလောင်ကာ တွေ့ရာလူကို မေးမြန်းနေလေသည်။

သမားတော်ကြီးလည်းအိုရစ်ကိုသေချာအောင် ကြည့်ပြီးနောက် မိဖုရားကြီးကိုလျှောက်တင်လေတော့သည်။

"ကျွန်တော်မျိုး ပြောရမှာစိုးရိမ်လှပါတယ် အရှင့်သားဟာ ဆေးမှုန့်အဆိပ်ကြောင့်ဖြစ်တာမဟုတ်ပါဘူးပြီးတော့ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေအားလုံးလဲ ပုံမှန်အတိုင်းလည်ပတ်နေဆဲပါ ဖြစ်နေတာက အရှင့်သားက ပညာရပ်တစ်ခုကြောင့် ဦးနှောက်ကနေ နာကျင်မှုလိုခံစားမှုမျိုးခံစားနေရတာပါ ဒါကြောင့်ကျွန်းတော်မျိုးလဲ ပျောက်အောင်ကုသလို့မရနေပါဘူး.""ဘာငါ့သားတော်လေးကို မကုနိုင်ကြတော့ဘူးလား"မိဖုရားကြီး ငိုကြီးချက်မ ငိုကြွေးနေလေသည်။

"ကျနော်မျိုးလုပ်ဆောင်နိုင်မယ်ထင်ပါတယ် မိဖုရားကြီး"ပြောဆိုလိုက်သောသူကား ဘီတာစစ်သူကြီးပင်ဖြစ်လေသည်။

၎င်းသည် စစ်သည်တော်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်၍လျှောက်လမ်းလာရာကြည့်ရသူများအဖို့လွန်စွာ ကျက်သရေရှိလှလေသည်။

"မောင်မင်း လုပ်နိုင်လား လုပ်ပေးပါ "မိဖုရားကြီးလည်း ဘီတာကို တောင်းဆိုလိုက်လေသည်။

ဘီတာလည်း ခေါင်းငြိမ်ကာ အိုရစ်အနားသွားလိုက်လေသည်။

ဘီတာသည် စစ်သူကြီးဖြစ်ကာသူ၏အစွမ်းမှာ လည်းပုံရိပ်ယောင်အစွမ်းပင်ဖြစ်လေသည်။

အိုရစ်ကိုကြည့်ပြီးသည်နဲ့ ဘီတာပင်အနည်းငယ်ထိတ်လန့်သွားရလေသည်။

(ဘုရား..ဘုရား အိုရစ်ကဘယ်သူနဲ့တိုးလာတာလဲဟလခွမ်း)ဘီတာ၏ပုံရိပ်ယောင်အစွမ်းသည် မိမိနဲ့ မီတာနှစ်ဆယ်ဝေးကွာသည်နဲ့ ပုံရိပ်ယောင်အစွမ်းသက်ရောက်မှုသည် ချက်ချင်းပြေသွားမည်ဖြစ်လေသည်။

ယခုအိုရစ်မိနေသော ပုံရိပ်ယောင်သည်ကားအကွာဝေးအချိန်အကန့်သတ်မရှိသည့်ထင် ။

ထိုလို့အစွမ်းမျိုးကလွန်စွာကြောက်စရာကောင်းနေပြီဖြစ်လေသည်။

.ဘီတာလန့်ပုံကို မိဖုရားကြီးလည်း မြင်ရာမေးမြန်းလေတော့သည်။

"ဘာများဖြစ်နေတာလည်း မိဖုရားကြီးကိုပြောပြပါဦး""ကျွန်တော်မျိုးပြောရမှာ အနည်းငယ်စိုးရိမ်ပါတယ်အရှင့်သားက လူထူးဆန်းကို စမိခဲ့တယ်ထင်ပါတယ်အစွမ်းထက်တဲ့ပုံရိပ်ယောင်ညို.ချက်မိထားတာပါ အဲ့ပုံရိပ်ယောင်က အရှင့်သားကို နာကျင်အောင်လုပ်ဆောင်နေတာပါ ဒါပေမဲ့ကျွန်တော်မျိုးအတတ်နိုင်ဆုံးကြိုးစားသွားမှာပါ"ပြောဆိုပြီး ဘီတာသူ၏အစွမ်းဖြင့် အိုရစ်ကိုစတင်ကုသလေတော့သည်။

လူထူးဆန်းများသည် အစွမ်းကြီးမားသော လူများဖြစ်ကြလေသည်။

သူတို့သည် ဦးတည်ချက်မရှိနေရာအနှံသွားနေတတ်ကြလေသည်။

ထိုသိူ့သောလူကို အရှင့်သားက စော်ကားမိ၍ ထိုသို့ဖြစ်ခဲ့သည်ဟု ဘီတာကောက်ချက်ချလိုက်ခြင်းဖြစ်သည်။

နန်းတော်တွင်း ဗျာ ယာခတ်နေကြသော်လည်း ဂျိတ်ကား မိမိသမီးဖြစ်သူလဲ ပျော်ရွှင်စွာနေထိုင်နေကြလေသည်။

သမီးလေး၏ညိုမဲနေသောအမဲစက်လည်း မရှိတော့ ဂျိတ်ကိုယ်တိုင် သစ်သားဓာတ်သုံးကာ ကုသလိုက်ခြင်းဖြစ်သည်။

ယခုလည်း ညရောက်ပြီဖြစ်ရာ သမီးဖြစ်သူကို ချော့သိပ်ကာတစ်ကိုယ်တည်းဧည့်ခန်းတွင် ထိုင်လိုက်လေသည်။

"စနစ် စနစ်တကျအစီစဥ်ဆွဲခြင်းလုပ်ဆောင်မယ်""ကောင်းပါပြီ သခင် စနစ်ပုံစံကို အလိုရှိသလိုလုပ်ဆောင်နိုင်ပါပြီ"တစ်ညလုံး ဂျိတ်တစ်ယောက် စနစ်ကိုပြန်လည်မွမ်းမံကာ အစီစဥ်ချဆွဲလိုက်လေသည်။

မနက်ခင်းရောက်၍ရောင်နီလာမှသာ ဂျိတ်တစ်ယောက် စနစ်ကိုရေးဆွဲပြုပြင်ခြင်းပြီးဆုံးသွားလေသည်။

"စနစ် အစီစဥ်ရေးဆွဲ ခြင်းပြီးဆုံးပါပြီ"ရေးဆွဲပြီးသည်နဲ့ ဂျိတ်လည်းငွေအဆင့်ကိုးသို့ရောက်ရှိသွားလေသည်။

စနစ်ကိုရေးဆွဲ ခြင်းသည်မိမိကိုယ်ကိုလေ့ကျင့်ရာရောက်နေသောကြောင့်ဟုစနစ်ကသတ်မှတ်ပေးသောကြောင့် အဆင့်တက်သွားခြင်းဖြစ်လေသည်။

စနစ်၏ဖန်ရှင်များက ဂျိတ်ကိုပြန်လည်ပြသည်လေသည်။

.....................,...................................................စနစ်-အနှိုင်းမဲ့စနစ်မစ်ရှင်....မစ်ရှင်ပေး၍ လုပ်ဆောင်ခြင်းကို စနစ်ပိုင်ရှင်မှသတ်မှတ်ပေးကာ လုပ်ဆောင်နိုင်သည်။

ပိုင်ရှင်..ဂျိတ်အဆင့်.....ငွေအဆင့်ကိုး..စနစ်ကို ခွဲခြားသတ်မှတ်သည်။

1.စနစ်သည် ပိုင်ရှင်လိုအပ် တောင်းဆိုသောအစွမ်းကို ပိုင်ရှင်ထံသို့ ကူးပြောင်းပေးခြင်း2.ပိုင်ရှင်အလိုရှိသော အရာဝတ္ထုများကို ထုတ်ယူခြင်း စနစ်စျေးဆိုင်ပေါ်ပေါက်လာခြင်း(တခြားသောစနစ်များလို ရမှတ်ရမှ စနစ်ဆေးဆိုင်မှဝယ်ယူရသည်မျိုး မရှိပေ။

ဂျိတ်၏စနစ်တွင်ပေါ်လာသော စနစ်စျေးဆိုင်တွင် ရှိသောအရာများကို ဂျိတ်နေဖြင့် ဖရိီးရယူနိုင်လေသည်။

ဂျိတ်အတွက်တော့ စနစ်စျေးဆိုင်ဟုခေါ်ရမည့်အစား နိဗ္ဗာန်စျေးသာဖြစ်လေသည်။

)3.ပိုင်ရှင် အလိုရှိသော အရာဝတ္ထုများကိုတည်ဆောက်ခြင်း..(ထိုအချက်သည် ပိုင်ရှင်တောင်းဆိုသောအရာသည် လောက၌မရှိပါက စနစ်မှပိုင်ရှင်တောင်းဆိုသောအရာကို တည်ဆောက်ပေးမည်ဖြစ်သည်)..4.ပိုင်ရှင် အလိုရှိသူများကို ဆင့်ခေါ်ခြင်း.....(အနှိုင်းမဲ့ဆင့်ခေါ်ခြင်းစွမ်းရည်)ဂျိတ်၏စနစ်ကိုပြန်လည်လုပ်ဆောင်မှုကြောင့်စကြာဝဠာ တစ်ခုလုံးတုန်လှုပ်သွားသည်ကိုတော့ဂျိတ်မသိလိုက်ပေ။

17

သမီးဖြစ်သူကို ကာကွယ်ရန်အစီစဥ်ချမှတ်ခြင်းမနက်ခင်းရောင်နီလည်းစတင်သန်းလာလေပြီဖြစ်သည်။

ဒီယေဂိုမြို့ပြင်ရှိ အိမ်တစ်အိမ်၏မီးဖိုချောင်လေးတွင်တော့ လူတစ်ယောက်ချက်ပြုတ်နေပြီဖြစ်လေသည်။

ထိူလူကား တစ်ခြားမဟုတ် ဂျိတ်ပင်ဖြစ်လေသည်။

ဇွန်းသံ ဓားသံများကမနက်ခင်းကိုဖြည့်စွက်ပေးသလိုရှိလေသည်။

ဒေါက်...ဒေါက်..........လှီးဖြတ်သံများက စီစီရီရီထွက်ပေါ်လာလေသည်။

ဂျိတ်တစ်ယောက် စနစ်ကိုပြုပြင်ပြီး ပထမဆုံးအကြိမ်စနစ်အားကိုးဖြင့် ချက်ပြုတ်နေခြင်းဖြစ်လေသည်။

ယခုမိမိယူထားသော အစွမ်းကား အချက်ပြုတ်နတ်ဘုရားပုဖန်၏ အစွမ်းပင်ဖြစ်လေသည်။

ပုဖန်၏စနစ်အစွမ်းပြင် ပုဖန်၏လက်ရာစကေး ကိုပါယူထားခြင်းဖြစ်လေသည်။

ထို့ကြောင့် ဂျိတ်၏မီးဖိုချောင်တွင် မီးဖိုချောင်သုံးပစ္စည်းများကစုံလင်စွာရှိနေလေသည်။

ထိုပစ္စည်းများကို ဂရိတ်နိုင်ငံကလူများ မြင်မည်မဟုတ်ပေ။

ယခု ချက်ပြုတ်ရာတွင်လည်း ပုဖန်၏ဖြတ်တောက်ခြင်း နည်းကို အသုံးပြုနေလေသည်။

ဂျိတ်ချက်ပြုတ်နေသည်ကို ကြည့်နေသောသူရှိပါ ချက်ပြုတ်သည်နဲ့မတူပဲ သဘာဝကျကျလှုပ်ရှားကပြနေသည်ဟုထင်ကြမည်ဖြစ်သည်။

ယခုဂျိတ် ပြင်ဆင်နေသော အရာကား တစ်ခြားမဟုတ်။

မနက်စာအဖြစ် ထမင်းကြော်ကိုရွေးချယ်ထားလေသည်။

ဦးစွာ ထမင်းအဖြစ်အသုံးပြုရန်နဂါးသွေးဆန်ကို စနစ်မှထုတ်ယူလိုက်သေသည်။

နဂါးသွေးဆန်ဆိုသည် မှာစတင်စိုက်ထားသောစပါးပင်များကို နဂါးသွေးလောင်းကာသေချာစိုက်ပျိုးရသည်။

ရိတ်သိမ်းသောအခါ ဆန်စေ့များသည် မွေးကြိုင်ကာနီရဲနေလေသည်။

ထိုဆန်များကို စားသုံးပါ ကိုယ်ခန္ဓာကို သန်စွမ်းစေမည်ဖြစ်လေသည်။

ထိုသို့သော နဂါးသွေးဆန်များကိုကြည်လင်စမ့်စမ်းရေကိုအသုံးပြုကာ ချက်လေသည်။

ကြ က်ဥကို ကြ က်ဥအစား ဖီးနစ်ဌက်ဥကိုအသုံးပြုလေသည်။

အသားကိုလည်း နဂါးသားကို သူ၏ဓားဖြင့် ခုတ်ထစ်ပိုင်းကာ သေချာချက်ပြုတ်လေသည်။

ဓားကလည်း နှယ်နှယ်ရရမဟုတ်။

နဂါးသတ်ဓားဖြင့်အသုံးပြုထားခြင်းဖြစ်ရာ နဂါးအသားခုတ်မရသည်ဟုမဖြစ်စေရတော့ပေ။

ထမင်းကျက်သောအခါ ချက်ထားပြီးသော နဂါးအသားများနဲ့ ရောနှောကြော်လိုက်လေသည်။

ရနံငါးမျိုးဟင်းခတ်အမွေးကြိုင်ကိုအသုံးပြုလေသည်။

ရေခဲတောင်ထိပ်မှရထားသော ငါးဖြင့်ပြုလုပ်သောငံပြာရည် ရတနာခရုဖြင့်လုပ်ထားသော ခရုဆီစသည်တို့က်ိုသာသုံးလေသည်။

ထိုပစ္စည်းများဖြင့်ကြော်ပြီးသောအခါ ရတနာခုနှစ်ပါးပန်းကန်ထဲသို့ထည့်လ်ိုက်လေသည်။

နာမည်အတိုင်းရတနာခုနှစ်ပါးကပန်းကန်တွင် တောက်ပလျက်ရှိလေသည်။

ထို့နောက်ထိုထမင်းကြော်ပေါ်သို့ ဖီးနစ်ငှက်ဥကြော်ကို တင်လိုက်လေသည်။

ပြီးပြည့်စုံသောထမင်းကြော်နှစ်ပွဲကို ဂျိတ်ဖန်တီးလိုက်ပြီဖြစ်သည်။

("အင်း နေဦးငါမေ့နေတာပဲ ")ရေခဲသေတ္တာထဲမှ ငါးရောင်ခြယ်နွားနို့က်ိုယူကာကျက်အောင် ကြို လိုက်လေသည်။

ပြီးသောအခါနွားနို့နှစ်ခွက်စာပြုလုပ်ကာ စားပွဲပေါ်သို့တင်လိုက်လေသည်။

"ဖီဖီ မွေးလိုက်တာကော ဘာတွေလုပ်ထားတာလဲ""အဖေက သမီးလေး အားရှိအောင်လို့ ထမင်းကြော်နဲ့ နွားနို့လုပ်ထားပေးတာ""ဖီဖီကတော်လိုက်တာ ဟုတ်တယ်နေ့တိုင်းတစ်မျိုးတည်းစားရင်း ပျင်းစရာကြီး""မပူပါနဲ့ အဖေအမျိုးမျိုးချက်ကြွေးမှာပါ""ဝေးဒါမှ တို့ဖီဖီကွ"ဒီလိုနဲ့ နှစ်ယောက်သားမနက်စာကို စားသောက်ကြလေသည်။

"ဝါး ကောင်းလိုက်တာ ဖီဖီ နေ့တိုင်းချက်ကြွေးနော်""ဒါပေါ့ သမီးလေးရဲ့""မီမီကော ဒါတွေကြိုက်မယ်ထင်တယ်"အယ်မလီလေးပြောလိုက်သည်နဲ့ ဂျိတ်လည်း သူမကိုတွေ့ချင်လာလေသည်။

သိူ့သော်စနစ်၏မျက်လုံးသည် ဂျိတ်၏အသုံးဆောင်ရှိသောနေရာများကိုသာရှာဖွေပေးနိုင်မည်ဖြစ်သည်။

"မေမေက ဘာလို့အယ်မလီလေးကို ဖေ့ဖေ့ဆီပို့လိုက်တာလဲ""မီမီကပြောတယ် သူကလုပ်စရာရှိသေးတယ်တဲ့ ဒါကြောင့်နှစ်လလောက်ဖီဖီဆီသွားနေတဲ့ ပြီးရင်မီမီ့ဆီလာလှည်လို့ရတယ်တဲ့""ဟုတ်ပါပြီ သမီးလေးရယ် ကုန်အောင်စားနော်""ဟုတ်"နှစ်ယောက်သားကုန်စင်အောင်စားကာ နွားနို့သောက်လိုက်ကြလေသည်။

ဂေ့သမီးလေးက လေအန်လိုက်ပြီး သူ၏ဖောင်းနေသောဗိုက်လေးကို ပွတ်သပ်ပြရာ ဂျိတ်မှာ ရယ်နေရသေးသည်။

ထို့နောက်သမီးဖြစ်သူမပျင်းစေရန် ခြံထဲတွင် ယုန်နှစ်ကောင်မွေးထားသေးရာ သမီးလေးမှာ စားသောက်ပြီးသည်နဲ့ ယုန်နဲ့ဆော့ကစားခြင်း ပြုလေသည်။

ဂျိတ်ကတော့ အစီစဥ်များစိတ်ထဲချမှတ်နေလေသည်။

သမီးဖြစ်သူမိမိရှေ့မှောက်၌အလုခံပြီးကတည်းကစ၍ ကြိုတင်ကာကွယ်ရေးအစီစဥ်များကိုချမှတ်ထားရန်ကြံထားခြင်းဖြစ်လေသည်။

အင်အားကြီးသူက အရာရာချယ်လှယ်နိုင်ရာ မိမိမှာအင်အားရှိပါက ကြိုက်ရာလုပ်နိုင်မည်ဖြစ်လေသည်။

"စနစ် အခုငါကျင့်နေတဲ့ ကျင့်စဥ်က ဘယ်လိုလဲ""သခင်ကိုယ်ခန္ဓာအဆင့်မှာ အတော့်ကိုတိုးတက်နေပါသည် "စနစ်ပြင်ဆင်ပြီးသည်နဲ့ ဂျိတ်က. စနစ်ဆီမှရှိသမျှသော ကျင့်စဥ်များကို ပေါင်းစပ်ကာ ကျင့်စဥ်သစ်ကိုဖန်တီးထားခြင်းဖြစ်လေသည်။

ကျင့်စဥ်အမည်ကတော့ စနစ်ကဲ့သို့ပင် အဆုံးမဲ့ဖြစ်လေသည်။

ကျင့်စဥ်၏အစွမ်းသည် အဆုံးမဲ့ကြယ်တာရာမြစ်ကြီးတွင်မွေးဖွားသော ဝေါ်ကာများကို ကျင့်စဥ် ထဲတွင်ထည့်သွင်းထားခြင်းဖြစ်လေသည်။

ထိုဝေါ်ကာ များသည် စကြာဝဠာထဲတွင်အတော်ဆုံးသော ပန်းပဲဆရာများဖြစ်ကြကာအစွမ်းထက်သော ပန်းပဲလက်နက်များကိုပိုင်ဆိုင်ကြလေသည်။

၎င်းတို့သည် အဆုံးမဲ့ကျင့်စဥ်ကို ကျင့်ကြံသော ဂျိတ်၏ကိုယ်ခန္ဓာကို အစဥ်အမြဲ သ န်မာလာအောင်လုပ်ဆောင်ပေးကြမည်ဖြစ်သည်။

မည်သို့သန်မာအောင်ပြုလုပ်ကြသနည်းဆိုလျှင် ထိုဝေါ်ကာများသည်၎င်းတို့၏နတ်လက်နက်များဖြင့်ဂျိတ်၏ကိုယ်ခန္ဓာအရေပြားမှစ၍ အရိုးအကြောသွေားကြောမျှင် သွေးကလပ်စီး သွေးဆဲလ်များအထိ အချိန်တိုင်း ထုလုပ်လုပ်ဆောင်နေကြသည်ဖြစ်သည်။

ကျင့်စဥ်၏အားသာချက်သည် စတင်ကျင့်ကြံရန်သာလိုပြီး စတင်ကျင့်ကြံပြီးပါက အလိုအလျောက်လည်ပတ်သွားမည်ဖြစ်လေသည်။

ထို့ကြောင့် ဂျိတ်စားသောက် အသက်ရှုချိန်တ်ိုင်းတွင်လည်း ကျင့်ကြံလျက်ပြီးသားရှိနေမည်ဖြစ်သည်။

("အင်း ဒီတိုင်း ငါတစ်ယောက်တည်းတော့မဖြစ်သေးဘူး ငါတပ်ဖွဲ့ကြီးတစ်ခုထောင်ရမယ်အတည်တကျတပ်ဖွဲ့နဲ့အရန်တပ်ဖွဲ့ဆိုပြီးပေါ့)ဂျိတ်ဆိုလိုသည့်အရန်တပ်ဖွဲ့သည် စနစ်အစွမ်းဖြင့်ဆင့်ခေါ်သည်ကိုဆိုလိုကာ အတည်တကျတပ်ဖွဲ့ကတော့ ဂျိတ်ကိုယ်တိုင်သေချာရွေးချယ်ကာ ပြုစုပျိုးထောင်ပေးမည်ဖြစ်လေသည်။

"ကဲ ဒီနေ့ပဲ စရှာလိုက်တာပေါ့ကွာ"နောက်တွင် လူတိုင်းဖိန့်ဖိန့်တုန်အောင်ကြောက်ရသော တပ်မဟာကြီးတစ်ခုပေါ်ပေါက်လာလေတော့သည်။

18

(လောကတစ်သောင်းမဟာဖျက်စီးခြင်းမျောက်ကြီး)"စနစ်ရေ ထူးခြားတဲ့သူကို ရှာဖွေပေးပါဦး""ကောင်းပါပြီ သခင် အခုပင်ရှာဖွေနေပါသည်"စနစ်၏မျက်လုံးဖွင့်လိုက်ပြီး အရာရာကိုစူးစမ်းရှာဖွေလိုက်ပါတော့သည်။

"ဒီယေဂိုမြို့ထဲမှာတော့ တစ်ယောက်တွေ့ပါတယ်ထိုသူကို သခင်၏အတည်တကျတပ်ဖွဲ့တွင်ထည့်သွင်းနိုင်ပါသည်။

""သူကဘယ်လိုလဲ ပြောပြပါဦး""ကောင်းပါပြိီ ကျနော်မျိုးဖော်ပြပေးပါမယ်"အချက်လက်များပါဝင်နေသော ဖန်ရှင်က ဂျိတ်၏ရှေ့တွင်ပေါ်လာလေသည်။

အမည်...ဇိုက်အသက်...17ယခုလက်ရှိ၌ ဒီယေဂိုမြို့၌နေထိုင်သည်။

မိဘများသည် သူ့ကိုမွေးပြီးကတည်းကဆုံးပါးသွားကြလေသည်။

သူမွေးစဥ်ကကြောက်မက်ဖွယ်ရာကောင်းသောနမိတ်ဆိုးများအဖြစ်ပျက်များပေါ်ပေါက်လာခဲ့လေသည်။

ထို့ကြောင့် သူ့အားဆွေမျိုးသားချင်းများက ပစ်ပယ်ရှောင်ဖယ်ထားကြသည်။

ယခုအချိန်၌ သူသည် ဝမ်းစာအတွက် ခက်ခက်ခဲခဲရှာဖွေစားသောက်နေရသည်။

"ဘာကြောင့်သူက အဲ့လိုဖြစ်နေရတာလဲအသေးစိတ်ပြောပြပေးပါ""ကောင်းပါပြီ သခင် သူထိုသို့ဖြစ်နေရခြင်းမှာ သူ့ကိုယ်ထဲကအရာဖြစ်ပါသည်။

ထို့အရာမှာ လောကတစ်သောင်း မဟာဖျက်စီးခြင်းမျောက်ကြီးကြောင့်ပါ"(လောကတစ်သောင်းမဟာဖျက်စီးခြင်းမျောက်ကြီး)ဂျိတ်ပင်စိတ်ဝင်စားလာလေသည်။

နာမည်ကိုကဆန်းကျယ်နေသည်မဟုတ်ပါလား။

လောက တစ်သောင်းမဟာဖျက်စီးခြင်းမျောက်ကဘယ်ကလဲ ဘယ်လိုဆိုသည်ကို စနစ်ပိုင်ရှင်ဂျိတ်သိလိုစိတ်ပြင်းပြနေသောကြောင့် စနစ်က ပုံဖော်ပြသလိုက်လေသည်။

လောက တစ်...ဝုန်း.........တည်ငြိမ်နေသော စကြာဝဠာ အတွင်း အာကာသတွင်းကြယ်တာရာတစ်ခုသည် ရုတ်တရက်ဆိုသလိုဖြစ်ပေါ် ပေါက်ကွဲသွားလေသည်။

ထိုသို့သောဖြစ်စဥ်ကြောင့် ထိုပေါက်ကွဲရာအနီးနားရှိ ဂြိုလ်များပင် တစ်စစီ ပြိုကျပျက်စီးသွားကြလေသည်။

လေဟာနယ်များပင် မတည်ငြိမ်တော့။

ထိုဖြစ်စဥ်သည် လောကတစ်သောင်းဖျက်စီးခြင်းမျောက်ကြီး စတင်မွေးဖွားရာ အချိန်လည်းဖြစ်လေသည်။

စတင်မွေးဖွားစဥ်က မိမွေးတိုင်းဖမွေးတိုင်းကဲ့လိုသာဖြစ်လေသည်။

တစ်ကိုယ်လုံးတွင်မျောက်ကဲ့သို့အမွေးမှင်များဖုံးလွယ်နေလေသည်။

အထူးခြားဆုံးမှာ သူ၏မျက်လုံးများပင် ဖြစ်လေသည်။

သူ၏မျက်လုံးများတွင် ကြယ်တာရာများစွာက လှည့်ပတ်နေကြခြင်းဖြစ်လေသည်။

ရုပ်ရည်သွင်ပြင်မှာလည်း လွန်စွာဆိုးဝါးလှပေသည်။

အလိုလိုနေရင်း ရန်လိုစိတ်ပြင်းပြနေသောအသွင်ကိုဆောင်လေသည်။

အလိုလိုနေရင်း ရန်လိုကြမ်းကြုတ်သောအော်ရာများကလည်း အလိုလိုထုတ်လွင့်လျက်ရှိနေလေသည်။

မွေးပြီးသည်နဲ့ မျောက်ကြီးသည် အရာရာကိုစတင်စမ်းလေ့လာလေသည်။

ထိိုသို့သောအချိန်တွင်ပျော့ပျောင်းနေသောဖယောင်းကဲ့သို့ အသိဉာဏ်ပုံသွင်းလိုအလွယ်ကူဆုံးသော အချိန်လည်းဖြစ်လေသည်။

သိူ့သော်လည်း မျှော်လင့်မထားသော အရာများကဖြစ်ပေါ်လာလေသည်။

ဝိုး....ဝှီး...(ယခု စာရေးသည်ထက် များစွာမြန်ဆန်ပေသည်။

)အလင်းတန်းဆယ်ခုက အလင်းထက်ထောင်ချီမြန်ဆန်သောအရှိန်ဖြင့် အာကာသထဲ၌သွားလာလေသည်။

ထိုသူတို့သည် အဘယ်ကြောင့် တုန်ခါမှုကြီးဖြစ်ပေါ်ရသည့်အကြောင်းကို လာရောက်စုံစမ်းသောသူများဖြစ်လေသည်။

ထိုသူများသည် မဆိုင်းမတွမီအချိန်လေး၌ မျောက်မွေးဖွားရာနေရာသို့ရောက်ရှိလာကြလေသည်။

ထိုနေရာတွင် မျောက်တစ်ကောင် အာကာသ၌မျောလွင့်နေသည်ကိုတွေ့ကြရလေသည်။

"မျောက်ကလေး မင်းတစ်ခုခုများတွေ့သေးသလား"တစ်ယောက်သောလူက ထိုမျောက်ကိုမေးလိုက်လေသည်။

မျောက်မှာ ထိုသူ၏ဘာသာစကားကိုလည်း မသိရာ စူးစမ်းရန် အနားသို့ကပ်လာလေသည်။

ဤသည်ကို ထိုမျောက်က မိမိတို့အားသတ်ရန် ထင်မှားကာ တစ်ယောက်သော သူက မျောက်ကို မိမိအစွမ်းဖြင့်ပစ်လိုက်လေသည်။

ဂျိုန်း.......ဂီး..........ထိုအစွမ်းကိုထိသောမျောက်အနေဖြင့် သေပြီဟုသာထင်မှတ်ကြကုန်လေသည်။

ထိုဆယ်ဦးသည်သာမန်မဟုတ်ကြ လောကတစ် တွင် မိမိတို့ဆယ်ဦးသည် အစွမ်းအထက်ဆုံးသော လောကနတ်ဘုရားဆယ်ဦးပင်ဖြစ်လေသည်။

လောကတစ် တွင် ၎င်းတို့ဆယ်ဦးသည် အစွမ်းအထက်ဆုံးဖြစ်လေသည်။

မျောက်အားပစ်လိုက်သူမှာ ခုနှစ်ယောက်မြောက်မိုးကြိုးနဲ့လျှပ်စီးကိုစိုးသောနတ်ဘုရားဖြစ်လေသည်။

သို့သော်သူတို့ထင်သလိုမဟုတ်ပဲ မျောက်သည်မသေရုံမက မိမိတို့အား အမျက်ဒေါသဖြင့် စိုက်ကြည့်နေလေသည်။

ဒေါသထွက်စွာလည်း အော်ဟစ်လိုက်လေသည်။

ဂီး........အော်ဟစ်ပြီးသည်နဲ့ သူ၏လက်တွင် ဖျက်စီးခြင်းကြိမ်တုတ်ကြီး ပေါ်လာလေသည်။

ဖျက်စီးလိုသောအော်ရာများပြည့်နက်နေသော ကြိ မ်တုတ်ကြောင့်နတ်ဘုရားဆယ်ဦးလည်း မျောက်ကိုအသေ သတ်ရန် ကြိုးစားကြလေသည်။

ဂီး...ချဟေ့ အသေသတ်.....ထိုတိုက်ပွဲသည် အချိန်အားဖြင့်ရေတွက်သော်နှစ်တစ်ရာခန့်ကြာလေသည်။

ထိုတိုက်ပွဲဖြစ်ရာနှစ်တစ်ရာလုံး တိုက်ပွဲဖြစ်ခဲ့သော ဂြိုလ်များနဂါးငွေ့တန်းများသည် လုံးဝကိုစုတ်ပျက်သွားကြရလေသည်။

နတ်ဘုရားဆယ်ဦးသည် ကြာတော့အစွမ်းများကုန်ခမ်းသွားကြသော်လည်း မျောက်ကြီးကတော့ ကြာလေသန်မာဖြစ်လေသည်။

ထို့ကြောင့် နောက်ဆုံးတွင် မျောက်ကြီးကသာအနိုင်ရရှိသွားကာ ထိုလောကတစ်ရှိ နတ်ဘုရားဆယ်ပါးကို သတ်ဖြတ်ကာစားသောက်လိုက်လေသည်။

ထိုအချိန်မှာစ၍ ထိုမျောက်ကြီးသည် သူ၏လက်စွဲတော် ဖျက်စီးခြင်းကြိမ်တုတ်ကြီးကို ကိုင်စွဲကာ အရာရာကိုစတင်ဖျက်စီးပါတော့သည်။

လောကတစ် လုံးဝပျက်စီးသွားသောအခါ လောကနှစ်သို့သွားကာ ဖျက်စီးလေသည်။

ဤသို့ဖြင့်မျောက်ကြီးဖျက်စီးခဲ့သည်မှာလောကတစ်သောင်းပင်ပြည့်သွားခဲ့လေသည်။

ထိုကြောင့် လောကတစ်သောင်းမဟာဖျက်စီးခြင်းမျောက်ကြီးဟု ခေါ်ဆိုခဲ့ကြခြင်းဖြစ်လေသည်။

ထိုမျောက်ကြီး၏ကျရှုံးခန်းကလဲ ရောက်ရှိလာလေသည်။

မျောက်မှာ ဖျက်စီးရသည်ကိုလွန်စွာနှစ်သက်သောကြောင့် ထပ်မံဖျက်စီးရန်နောက်တစ်နေရာသို့သွားရာတွင်ကျရှုံးခဲ့ခြင်းဖြစ်လေသည်။

မျောက်ကြီးသွားသော ထိုလောကတွင် ဇော စ့်ဟူသော နတ်ဘုရားရှိလေသည်။

ထိုနတ်ဘုရားသည်မျောက်ကြီးရောက်သည်ကိုသိသည်နဲ့ သူကိုယ်တိုင်ထွက်တိုက်ခိုက်လေသည်။

ဇောစ့်နဲ့မျောက်ကြီးတို့တိုက်ပွဲသည်နှစ်တစ်ထောင်မျှထိကြာရှည်လေသည်။

နောက်ဆုံးတွင် ဇော့စ်နတ်ဘုရားကြီးသည် မျောက်ကြီး၏မဟာဖျက်စီးခြင်းတုတ်ကို ချိုးပစ်နိုင်လေသည်။

ကြိမ်တုတ်မရှိသော မျောက်ကြီးသည်အနည်းငယ်လန့်သွားလေသည်။

ထိုသို့သောအနည်းငယ်လန့်မှုကို ဇော့စ်က အသုံးချကာ မျောက်ကြီးကို အဆုံးမဲ့လက်ဝါးဖြင့် ဖျက်စီးလိုက်လေသည်။

မျောက်ကြီး၏ရုပ်ကိုဖျက်စီးနိုင်သော်လည်းမျောက်၏စိတ်ဝိညာဥ်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

မျောက်ကြီး၏ရှည်လျားစွာရှင်သန်မှုကြောင့်အတွေ့ကြုံများရှိကာ သူ၏လွတ်မြောက်နိုင်သောနည်းများကို သုံးချကာ ထွက်ပြေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် ဒဏ်ရာပြင်းထန်စွာရလာသောကြောင့် မိမိတွေ့ရာ လောကတစ်ခု(စကြာဝဠာတစ်ခု)တွင်ဝင်ကာတစ်ခုသော ကိုယ်ခန္ဓာတွင် ပုန်းခိုနေလိုက်လေသည်။

သူပုန်းခိုသောကိုယ်ခန္ဓာပိုင်ရှင် မှာလည်းဇိုက်ပင်ဖြစ်လေတော့သည်။

ဇိုက်ကိုယ်ထဲနေရင်းသူ၏ဒဏ်ရာများကို ပြန်လည်ကုသနေလေသည်။

ထိုမျောက်ကြီး၏အော်ရာကြောင့် ဇိုက်မှာအလိုလိုနေရင်း မိဘများဆုံးရှုံးရခြင်း ဆွေမျိုးများပစ်ထားခြင်းကိုလည်း ဇိုက်တစ်ယောက်ခံစားကြုံတွေ့ခဲ့ရလေသည်။

ထိုအဖြစ်ပျက်များကို ရုပ်ရှင်သဖွယ် ဂျိတ်တစ်ယောက်ကြည့်လိုက်ရလေသည်။

ထိုသို့သောအစွမ်းများရှိသူက မိမိ၏တပ်ဖွဲ့တွက် အရည်ချင်းမှီကြောင်း လက်ခံလိုက်လေသည်။

(မဆိုးဘူးကွ သူက အရည်ချင်းရှိတယ်)ထို့ကြောင့် ဂျိတ်သည်ချက်ချင်းပင် ဇိုက်ရှိသောနေရာသို့ဦးတည်ထွက်ခွာလာလေသည်။

All Chapters