← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

19

ချိတ်ပိတ်ခြင်းတွေ့ပါပြီ..။

ဂျိတ်အနေနဲ့ ဇိုက်ကိုရှာဖွေရန် ခက်ခဲမနေခဲ့ပေ။

ဒီယေဂိုမြို့ထဲရှိ ဆင်းရဲနွမ်းပါးသောသူများနေထိုင်ရာဘက်တွင်တွေ့ရှိလိုက်လေသည်။

ဒီယေဂိုမြို့တွင် လူချမ်းသာများနေသော အိမ်ရာဆို၍ မြို့စားမင်းနေထိုင်ရာ အိမ်တော် ငွေတိုးချေးစားသော ကာဖီနဲ့ကျန်ဆယ်ဦးသာရှိလေသည်။

ကျန်သော အိမ်များမှာသာမန် အလယ်လတ်တန်းစားလူများဖြစ်ကြပြီးဆင်းရဲနွမ်းပါးသော သူများနေထိုင်ရာအပိုင်းလည်းရှိလေသည်။

ဇိုက်လည်း ထိုအပိုင်းတွင်နေထိုင်သူလည်းဖြစ်လေသည်။

ဂျိတ်တွေ့စဥ်တွင် သူသည် တစ်ထွာသာသာမျှရှိသော ပေါင်မုန့်လေးကို အညီမျှခွဲနေသည်။

ထိုမြင်ကွင်းကြောင့် ဂျိတ်လည်းဆက်လက်စောင့်ကြည့်နေလေသည်။

ဇိုက်တစ်ယောက် ပေါင်မုန့်ကိုအညီမျှခွဲပြီးသောအခါ တစ်ဝက်က သူ့အတွက်ချန်ကာတစ်ဝက်ကို လမ်းဘေးခွေးလေးကို ကျွေးလေသည်။

"စား...စား..မိုက်ကယ်... မင်းနဲ့ငါကဘဝတူတွေပဲကွအသက်ရှင်ရတာက သူများတွက် ကောင်းတယ်ဆိုပင်မဲ့ ငါတို့အတွက်တော့ ဝဠ်ကြွေးကြနေတာပဲနော်""ဝုတ်...ဝုတ်.."ခွေးကလည်းဇိုက်ကိုထောက်ခံသည့်အမူရာဖြင့်ဟောင်ပြလိုက်လေသည်။

"ငါတို့လဲ အခုကံမကောင်းရင်လဲ နောက်ကံကောင်းလာမှာပါနော် "ဇိုက် ခွေးကိုစကားပြောရင်း သူ့ဘဝကိုဖြေသိမ့်နေလေသည်။

မိဘကသေ ဆွေမျိုးများကလည်း ဂြိုလ်ဆိုးကောင်လေးဆိုကာ စွန့်ပစ်ကြ နဲ့ သူ့ဘဝကဆိုးဝါးခဲ့လေသည်။

ဝမ်းစာအတွက် အလုပ်ကိုင်လေးရှာပြန်တော့လဲ လက်မခံကြ။

လက်ခံသောလူတိုင်းကလည်း သူ့အားလက်ခံပြီးမကြာမီအချိန်ဆိုလျှင် တစ်ခုခုဒုက္ခရောက်ကြရလေသည်။

ထိုဖြစ်ရပ်ကို ကြာတော့ဇိုက်လဲ သတိထားမိလေသည်။

ထို့ကြောင့် မည်သူ့ထံတွင်မှ အလုပ်မလုပ်တော့ပဲ မိမိဘာသာတောင်းရမ်းစားသောက်ရှာဖွေရင်းအသက်ရှင်သန်ရလေသည်။

သူ၏စကားပြောဖော်ဆ်ိုလို့မိုက်ကယ်ခွေးလေးသာရှိလေသည်။

မိုက်ကယ်ကိုတွေ့ပုံကလည်း ဇိုက်အစာတွေ့လိုငြားရှာရင်းမွေးကင်းစခွေးလေးကို တွေ့ရှိခဲ့လေသည်။

ထိုအခါသနားကြင်နာတတ်သောဇိုက်က ခေါ်ယူစောင့်ရှောက်ကြွေးမွေးခဲ့သည်။

ယခင်မိမိတစ်ယောက်စာပင် ခက်ခဲခဲ့သော ဇိုက်မှာ ထိုအခါ နှစ်ယောက်စာရှာဖွေရလေသည်။

ရလာသော အစာများကို နှစ်ယောက်ခွဲစားကာ အသက်ရှင်သန်ခဲ့ကြလေသည်။

"ဝုတ်....ဝုတ်..."မိုက်ကယ် ဟောင်သံကြောင့် ဇိုက်လည်း အတွေးများနေရာမှ ရပ်တန့်ကာ ကြည့်လိုက်လေသည်။

လူတစ်ယောက်သည် မိမိရှိရာသို့ဦးတည်ကာ လျှောက်လာသည်ကိုတွေ့ရလေသည်။

ထိုသူသည် မိမိထက်အသက်အနည်းငယ်ကြီးမည်ဟုထင်ရကာ သန့်ပြန့်သောပုံစံရှိလေသည်။

"ခင်ဗျားက ဘယ်သူလဲ""ငါက ဂျိတ်ပါ မင်းကိုလာခေါ်တာဇိုက်""ခင်ဗျားက ကျူပ်ကိုသိတယ်ပေါ့ ပြီးတော့ဘာလို်ကျုပ်ကိုလာခေါ်တာလဲကျုပ်ကဂြိုလ်ဆိုးကောင်ဆိုတာမသိဘူးလား""သိတာပေါ့ ဇိုက်ရယ် မင်းက ကံဆိုးမိုးမှောင်တောက်လျောက်ကျနေတဲ့သူဆိုတာရယ် မင်းဘာလို့ဒီလိုဖြစ်နေရတယ်ဆိုတာရယ်ကော ငါသိတယ်""ဘာ"ဒီတစ်ခါတော့ ဇိုက် တုန်လှုပ်သွားလေသည်။

မိမိအကြောင်းကို ဂျိတ်ဆိုသူကသိနေတာလား။

ပြီးတော့သူက ဒီလိုဖြစ်ရတဲ့အကြောင်းရင်းပါသိနေသည်ဟုပြောပြနေလေသည်။

"မင်းမယုံဘူးထင်တယ် ငါတစ်ခုလုပ်ပြမယ်ဒါဆိုရင်မင်းယုံကြည်မှာလား"ဂျိတ် ဆိုသူမှာ သက်သေပြမည်ပြောရာဇိုက်လည်းလက်ခံလိုက်လေသည်။

"ဒါဆို သက်သေပြပေါ့""ကောင်းပြီလေ ငါဘယ်လိုပြောပြရမလဲ ဒဲ့ပြောရမလား ...ဒဲ့ပြောပါ""ကောင်းပြီ မင်းကိုယ်ထဲမှာ လောကတစ်သောင်းမဟာဖျက်စီးခြင်း မျောက်ကြီး အိပ်စက်နေတယ်သူ့ကြောင့် မင်းအခုလိုခံစားနေရတာပဲ."(ဘာလားဟ သူကငါ့ကိုပုံပြင်တွေနဲ့လာခေါင်းစားနေတာလား လူလိမ်ထင်တယ်)ဇိုက်က မယုံပါဟုပြန်ပြောချင်သော်လည်းသူ၏ကိုယ်ခန္ဓာက သက်သေပြနေလေသည်။

"စောက်ကောင်လေး မင်းကငါ့ကိုတောင်သိတယ်ပေါ့မင်းအသက်ရှင်တာငြီးငွေ့နေတာလား"ဇိုက်ကိုယ်ထဲမှာ အငွေ့များထွက်လာကာကြောက်မက်ဖွယ်သော အော်သံကြီးထွက်လာလေသည်။

(ဒါက ငါကံဆိုးတာရဲ့အကြောင်းလား ဂျိတ်ကတကယ်ပဲသိနေတာလား နေပါဥိီး ဒါကြီးက ငါ့ကိုယ်ထဲမှာ နေနေတာကြာပြီပေါ့"ဇိုက်လန့်ပင်လန့်သွားလေသည်။

"ဂျိတ် ဒါကြီးကဘယ်လိုလုပ်ကျနော်ကိုယ်ထဲရောက်လာတာလဲ ခင်ဗျားပြီးတော့ ကျနော်ဘာဆက်ဖြစ်မှာလဲ""ဘာဆက်ဖြစ်မှာလဲဆိုတော့ ငါပြောမယ် သူက မင်းအသက်နှစ်ဆယ့်ရောက်ရင်သူက မင်းစိတ်ဝိညာဥ်ကိုစားသုံးပြီး မငိးကိုယ်ခန္ဓာကို အပိုင်သိမ်းလိမ့်မယ်ပြီးတော့ ငါတို့နေတဲ့ကမ္ဘာကြီးကိုစားသုံးပြီး သူ့စွမ်းအားပြန်ယူလိမ့်မယ်"(ဘာ.....)ဇိုက် ထိတ်လန့်နေလေသည်။

သူ၏ကံဆိုးမှုများကားထသ်သလောက်မရိုးရှင်းသေး။

အဖျက်ကောင်ကြီးက မိမိအားကံဆိုးစေရင်း အသက်နှစ်ဆယ်အထိစောင့်နေသည်က ကြောက်စရာကောင်းလှသည်မဟုတ်ပါလား။

နောက်ဆုံးနေဖြင့် ရေနစ်သူကအားကိုးရာတစ်ခုခုဆွဲသကဲ့သို့ ထိုအကြောင်းစုံကိုသိသောဂျိတ်ကို ကူညီတောင်းလိုက်ရလေသည်။

"မင်းက ငါ့အစီစဥ်တောင်ရိပ်မိနေပါလား အေးငါကလဲ မင်းပြောသလိုလုပ်မှာပဲ အခုတော့ မင်းသေပေတော့ "ဇိုက်ကိုယ်ထဲမှ အခိုးငွေ့များက ဂျိတ်ဆီသို့ဦးတည်ထွက်လာလေသည်။

"ငါကလဲ မပြင်မဆင်ဘဲ လာတယ်ထင်နေတာလား"ဂျိတ်လက်ထဲက အဆောင်စာရွက်ကလင်းထိန်ကာထိုအခိုးငွေ့များဆီသွားလိုက်လေသည်။

ထိုအဆောင်စာရွက် ကြောင့် အခိုးငွေ့များသည်ပျောက်ပျက်သွားလေသည်။

အဆောင်စာရွက်သည်အခိုးငွေ့များကို ဖျက်စီးပစ်ပြီး ဇိုက်ကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

"အား မင်းသေစေရမယ်"ဂျိတ်လွတ်သောအဆောင်သည် ဇိုက်ကိုယ်ထဲသို့ဝင်သွားကာ ကိုယ်တွင်း၌ နေနေသော လောကတစ်သောင်းမဟာဖျက်စီးခြင်းမျောက်ကြီးကိုသွားရောက်ရစ်ပတ်လိုက်လေသည်။

သွားရောက်ရစ်ပတ်ပြီးသည်နဲ့ အဆောင်မှာရွှေရောင်စာလုံးများက အဆောင်စာရွက်မှ ထွက်လာကြ ကာမျောက်ကြီး၏ ကိုယ်ခန္ဓာကိုစိမ့်ဝင်သွားကာ ချိတ်ပိတ်လိုက်လေသည်။

မျောက်ကြီးကိုချိတ်ပိတ်သောအဆောင်မှာအဆောင်၌ပြိုင်ဘက်ကင်းသော အဆောင်နတ်ဘုရား၏ နတ်ဘုရားချိတ်ပတ်အစီရင် အဆောင်တစ်ခုပင်ဖြစ်လေသည်။

ချိတ်ပိတ်လိုက်ပြီဖြစ်သောကြောင့် မျောက်ကြီးလည်းငြိမ်ကျသွားလေသည်။

"မင်းစိုးရိမ်မနေပါနဲ့တော့ သူ့ကိုငါချိတ်ပိတ်ပြီးပြီသူ့အနေနဲ့ နောင်ထပ်နှစ်အနည်းငယ်ထိမထွက်လာနိုင်စေရဘူး"အခိုးငွေ့များလည်းပျောက်ကွယ်သွားပြီး မိမိကိုယ်ထဲမှ မျောက်ကြီးလည်းငြိမ်သက်သွားမှသာ ဇိုက်လည်းသက်သာရာရသွားလေသည်။

"ကဲ ဒါဆို ငါနဲ့လိုက်ခဲ့မလား"ဇိုက်လည်း ဂျိတ်၏အစွမ်းကိုယုံကြည်သွားပြီဖြစ်လေသည်။

ထို့ကြောင့် ဂျိတ်နဲ့နေပါက ထူးဆန်းသောအရာများကိုလည်း မိမိကြုံတွေ့နိုင်ပေမည်။

ဒီလိုကံဆိုးသောဘဝထင်စာလျှင် သက်သာသေးသည်ဟုယူဆကာ လိုက်ရန်ဆုံးဖြတ်လိုက်လေသည်။

"ဒါပေမဲ့ ကျနော်တစ်ခုတောင်းဆိုလို့ရမလား""ပြောပါ""ကျနော်နဲ့အတူ မိုက်ကယ်ကိုပါခေါ်လာလို့ရလား""ဒါပေါ့"ဒီလိုနဲ့ လူနှစ်ယောက် ခွေးတစ်ကောင်တို့သည် ဒီယေဂိုမြို့ပြင်ဘက်ရှိ အိမ်သို့ဦးတည်ကာ ထွက်လာခဲ့ကြလေသည်။

20

ကောင်းမွန်သောညစာဂျိတ်လည်းဇိုက်နဲ့ခွေးလေးကို မိမိအိမ်ဆီသို့ခေါ်လာလိုက်လေသည်။

"ကဲ ဒီနေရာက ငါနေတဲ့အိမ်ပဲ မင်းတို့လဲ ငါနဲ့အတူနေကြရမှာပေါ့"ဇိုက်လည်း မြို့ထဲနေစဥ်က မိမိကြားဖူးသောကောလဟာလ များကို ပြန်သတိရမိလေသည်။

နတ်ဆိုးများရှိသည် သရဲခြောက်သည်ဆိုသည်က ဂျိတ်အေးဆေးနေလို့၍ တမင်လုပ်ထားသည်ဟုထင်မှတ်လိုက်လေသည်။

အမှန်မှာထိုသို့လည်း ဂျိတ်ကမလုပ်ထားပေ။

ဂျိတ်ကာဖီတို့ကိုဆုံးမလိုက်သည်ကပင် ထိုသို့ကောလဟာလများကို ဖြစ်ပွားစေခဲ့ခြင်းပင်။

ဂျိတ်ကလည်း ထိုကောလဟာလများကြောင့် လူများမိမိနေရာသို့လာသည်ကိုပင် ကျေနပ်နေရာ ဖြေရှင်းထားခြင်းမရှိပေ။

ဂျိတ်တို့အိမ်ပြန်ရောက်သောအခါ ညနေပင်စောင်းနေပြီဖြစ်လေသည်။

ဂျိတ် ဇိုက်ကိုတွေ့ချိန်၌နေ့လည်အချိန်ရောက်နှင့်ပြီးဖြစ်လေသည်။

"ဒီနေရာက မင်းတို့နေရမဲ့နေရာပဲ "ဂျိတ်က ပြောပြောဆ်ိုဆိုဖြင့် သူ၏စံအိမ်နောက်ကိုလက်ညွှန်ပြလိုက်လေသည်။

မကြာခင်မှာပဲ မြေကြီးများတုန်ဟီးလာပြီးသစ်သားအိမ်လေးတစ်လုံးသည်မြေကြီးမှထွက်ပေါ်လာလေသည်။

"ဝါးး"ဇိုက် ပျော်ရွှင်သွားလေသည်။

လူစိမ်းမှ မိမိကိုယ်ထဲမှမကောင်းဆိုးဝါးကြီးကို ချိတ်ပိတ်ပေးယုံသာမကမိမိအား နေစရာထိုင်စရာပေးသောအခါ မျက်ရည်ပင်ကျမိလေသည်။

"မျက်ရည်ကျမနေစမ်းပါနဲ့ မင်းတို့ နှစ်ယောက် လုံးရေမိုးချိုးအဝတ်စားလဲလိုက်ကြ ကြားလား""ရေချိုးခန်းကော အဝတ်စားတွေကော အဲ့သစ်သားအိမ်မှာရှိတယ်..သွားကြပြီးရင် ငါ့အိမ်ထဲညစာစားဖို့ဝင်လာခဲ့ကြ"ဂျိတ်လည်းပြောဆိုပြီးသူ၏စံအိမ်ထဲဝင်သွားလိုက်သည်။

"မိုက်ကယ် ငါတို့သန့်ရှင်းရေးလုပ်ပြီး ညစာကောင်းကောင်းစားကြတာပေါ့""ဝုတ်...ဝုတ်..."ဇိုက်နဲ့ခွေးလေးလည်း သူတို့နေထိုင်ရန်ပေးထားသော အိမ်ထဲသို့ပြေးဝင်လိုက်ကြပေသည်။

ဂျိတ်အိမ်ထဲဝင်လိုက်သည်နဲ့......."ဖီဖီနေ့လည်ဘယ်သွားနေတာလဲ""ကိစ္စရှိလို့သွားနေတာလေ သမီးလေးရဲ့""ဟင်း ဖီဖီ သမီးကိုဘာလို့ နေ့လည်စာချက်မကျွေးတာလဲ သမီးလေးက ပေါင်မုန့်နဲ့ နို့ပဲသောက်နေရတယ်"ဟုတ်ပေသည်။

သမီးဖြစ်သူဗိုက်ဆာပါက အဆင့်သင့်စားနိုင်ရန်ခလုတ်လေးတစ်ခုကို သမီးဖြစ်သူကားဧည့်ခန်းစားပွဲပေါ်တွင်တင်ထားပြသထားပေးခဲ့သည်။

ထိုခလုတ်လေးကိုနှိပ်ပါက ပေါင်မုန့်နဲ့နို့တစ်ခွက်က စားပွဲပေါ်သို့ရောက်လာမည်ဖြစ်သည်။

သမီးဖြစ်သူအား ချစ်သော်လည်း အလိုလိုက်အားမကြီး။

သမီးဖြစ်သူ ကိုယ်တိုင်လုပ်ကိုင်နိုင်စေရန် အလေ့ကျင့်သဘောနေဖြင့် ဂျိတ်စီစဥ်ထားခြင်းဖြစ်လေသည်။

"ဖေဖေ တောင်းပန်ပါတယ် ဟုတ်ပြီလား သမီးလေးကို ဒီည ကောင်းကောင်းချက်ကြွေးမယ် ဟုတ်ပြီလား""ယေး ဒါမှတို့ ဖီဖီ ကွ""အခုတော့ဖေဖေနဲ့ ရေမိုးချိုးကြစို့""ဟုတ် "ဂျိတ်လည်း သမီးဖြစ်သူကို ကိုယ်တိုင်သေချာရေမိုးချိုးပေး၏။

သမီးဖြစ်သူ ချိုးပြီးသောအခါမှသာမိမိကိုယ်တိုင်ရေချိုးသန့်စင်လိုက်လေသည်။

ရေချိုးသန့်စင်ပြီးသည်နဲ့ ဂျိတ်လည်း မီးဖိုချောင်ထဲဝင်လိုက်လေသည်။

ထိုအချိန်၌....."အကိုဂျိတ် ကျနော်ဝင်လာပြီ ""ဝင်လာပါ"ဇိုက်နဲ့ ခွေးလေးလည်း ဝင်လာကြလေသည်။

ရေချိုးသန့်စင်ပြီးသောအခါ ယခင်လိုဇိုက်က စုတ်ပျက်မနေတော့ သန့်သန့်ပြန့်ပြန့်ဖြစ်ကာ ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်လိုဖြစ်နေလေသည်။

"ဖီဖီ သူတို့ကဘယ်သူလဲ""သူက ဇိုက်လို့ခေါ်တယ် ခွေးလေးက မိုက်ကယ်တဲ့သူတို့က အဖေတို့ခြံနောက်ကအိမ်ထဲမှာနေမှာပြီးတော့သမီးလေးလည်းမပျင်းတော့ဘူးပေါ့""ဝါး ကောင်းတာပေါ့ သမီးလေး ဒီခွေးလေးနဲ့ဆော့ရတော့မှာပေါ့ဟုတ်လား""ငါက အယ်မလီပါ မင်းကမိုက်ကယ်ဆို"အယ်မလီလေး ခွေးကားမိတ်ဆက်ရာ ခွေးကလည်းဟောင်ကာ ဟုတ်ကြောင်းပြောကာခေါင်းညိမ့်ပြလေသည်။

"ခနလေးစောင့်ကြနော် ပြီးရင်စားမယ်"ဂျိတ် နဂါးသတ်ဓားကို ကိုင်ကာ အရင်ဆုံးဖြတ်တောက်ခြင်းပညာကိုတစ်ခေါက် လေ့ကျင့်လိုက်လေသည်။

ဇိုက်မျက်စိထဲတွင်တော့ ဂျိတ်၏လှုပ်ရှားမှုသည် အတော်ပင်မျက်စိပဒေသာဆန်လှသည်ဟုထင်မိလေသည်။

ထို့ကြောင့် ဂျိတ်လှုပ်ရှားမှုများကို မျက်ခြေမပျက် ကြည့်ရှုမိလေသည်။

ဇိုက်ကိုယ်ထဲက မျောက်ကတော့ ဂျိတ်ကိုကြောက်လန့်သောစိတ်များဖြစ်ပေါ်လေသည်။

(ငါ နေ့လည်က ကံကောင်းတာလား ဒီလိုအကွက်နဲ့ဓားကိုင်ပြီး ငါ့ကိုတိုက်ရင် ငါသေသွားမှာပဲ)မျောက်ကြီးအမြင်တွင်တော့ ဂျိတ်၏လှုပ်ရှားမှုသည် တစ်ကမ္ဘာကိုပျက်စီးရန်တစ်ချက်သာပိုင်းရန်လိုအပ်မည့် နတ်ဘုရားကြီးတစ်ပါးလိုထင်မြင်စေသည်။

အယ်မလီလေးကတော့ခွေးလေးမိုက်ကယ်နဲ့စကားပြောကာ ပွတ်သပ်ပေးနေသည်။

ခွေးကလည်း အယ်မလီမြင်မြင်ချင်း ချစ်၍လားမသိ။

အတူဆော့ကစားနေကြလေသည်။

ဂျိတ်လည်းအရင်ဆုံး နဂါးသွေးဆန်များကိုရေဆေးကာ တည်လိုက်လေသည်။

ထို့နောက်ရေခဲသေတ္တာထဲမှ ဝက်ဝံသားကိုထုတ်လိုက်လေသည်။

ဝက်ဝံသားကလည်း သားရဲကမ္ဘာမှကြီးမြတ်သော ဝက်ဝံဘုရင်ကြီးဖြစ်လေသည်။

သို့သော် ဂျိတ်လက်ထဲတွင်တော့ အနုပညာမြောက်စွာ ပိုင်းထားသော အသားပိုင်းလေးများဖြစ်နေလေသည်။

ထို့နောက် ရေဆေးထားသော ရွှေရောင်ခရမ်းချဥ်သီးများကို ဓားဖြင့် ခပ်စိတ်စိတ်လေးပိုင်းကာဒယ်အိုးထဲသို့ ပစ်ထည့်လိုက်လေသည်။

ထိုသို့လှုပ်ဆောင်ချက်များဇိုက်ကို ကြည့်လေရှူမဝေလေဖြစ်စေသည်။

ရွှေရောင်ခရမ်းချဥ်သီးများ မကျက်ခင် ဝက်ဝံသားကို ဟင်းခတ်မှုန့်များဖြင့် သေချာနယ်လိုက်လေသည်။

ရွှေရောင်ခရမ်းသီးများ အနေတော်အခြေနေရောက်ပြီဆိုသည်နဲ့ ဝက်ဝံသားများကို ပေါင်းထည့်လိုက်လေသည်။

ဝက်ဝံသားထည့်ပြီးသည်နဲ့ နောက်ဟင်းတစ်မယ်ကိုအမြန်ပြုလုပ်လိုက်လေသည်။

ထိုဟင်းကတော့ကုလားပဲဟင်းပင်ဖြစ်လေသည်။

ကုလားပဲကလည်း ထုံးစံအတိုင်းပင် သာမန်ထက်များစွာကောင်းမွန်သော ပစ္စည်းတစ်ခုပင်ဖြစ်လေသည်။

ထမင်းအိုးတည် ဝက်ဝံသား ကုလားပဲဟင်းတို့ကို တခနအတွင်းမှာပင် ဂျိတ်လုပ်ဆောင်လိုက်လေသည်။

လုပ်ဆောင်ပြီးခဏတွင်းမှာပင် သုံးခုလုံးသည်ကျက်တော့မည့်အခြေနေကိုရောက်လာပြီဖြစ်လေသည်။

မွေးကြိုင်သောရနံများလည်းထွက်ပေါ် လာလေသည်။

(ဟင် ဒါက မမြန်လွန်းဘူးလား)ငါးမိနစ်ပင်မကြာသေး ။

မာကျောသောဝက်ဝံဘုရင်သားကိုနာရီပေါင်းများစွာ ချက်မှသာ ကျက်ကြောင်းဇိုက်သိပြီးဖြစ်လေသည်။

ထိုအသိကို ဂျိတ်မှချိုးဖြတ်ပြလိုက်ရာ ဇိုက်တစ်မျိုးတစ်ဖုံခံစားနေရလေသည်။

ထိိုသ်ို့အကျက်မြန်ရခြင်းမှာ မီးကြောင့်ဟုတော့ ဇိုက်မတွေးမိသည်မှာအမှန်ပင်ဖြစ်လေသည်။

ထိုအရာများကို အပူထားသော မီးကို ရှောင်ယန်သာမြင်ပါက သွေးအန်သွားနိုင်ပေသည်။

ကောင်းကင်မီးတောက်ကို ဂျိတ်က ဟင်းချက်ရာ၌သုံးနေခြင်းဖြစ်လေသည်။

ရှောင်ယန်နေနဲ့ ကောင်းကင်မီးတောက်တစ်ခုရရန် အတော်တန်ကြိုးစားခဲ့ရသည်မဟုတ်ပါလား။

"ကျက်ပြီ စားကြစို့"ဂျိတ်က အားလုံးကို ထမင်းစားပွဲသို့ခေါ်လိုက်လေသည်။

"ဝေး မီးမီးလည်း စားရတော့မယ်"ဇိုက်လည်း စားပွဲဝိုင်း၌ဝင်ထိုင်လိုက်လေသည်။

မကြာမီ စားပွဲဝိုင်း၌ ဟင်းများထမင်းများရောက်လာကြလေသည်။

ထမင်းကလည်း နီစွေးနေကာ မွေးကြိုင်နေလေသည်။

ခရမ်းချဥ်သီးဖြင့်ချက်ထားသော ဝက်ဝံသားကလည်း ရနံမွေးကြိုင်ကာ စားရန်ဖိတ်ခေါ်သကဲ့သို့ရှိလေသည်။

ကုလားပဲဟင်းကလည်း ရွှေရောင်သဏ္ဏ န်အဆင်းရှိကာကုလားစေ့များကလည်း ဟင်းရည်ထဲ၌စားရန်အသင့်ပုံစံဖြင့် ငြိမ်သက်စွာရှိနေလေသည်။

ပြီးတော့ အချိုတည်းစားသုံးရန်အတွက်ပါ ပေါင်မုန့်များ ဖျော်ရည်များကိုပါ စားပွဲပေါ်သို့ဂျိတ်တင်ပေးထားလိုက်လေသည်.။

"သုံးဆောင်ကြပါမယ်"ဇိုက် အရင်ဦးစွာ နဂါးသွေးဆန်ထမင်းကိုအရင်စားလိုက်လေသည်။

(ဟာ ကောင်းလိုက်တာ)မိမိဘဝတစ်လျှောက်၌ အကောင်းဆုံးသော ထမင်းကိုစားဖူးခြင်းဖြစ်လေသည်။

ထမင်းတောင် ဒီလောက်ကောင်းနေရင်း ဟင်းတွေက ကော.......ဝက်ဝံသားကိုမြည်းကြည့်လေသည်။

စားကြည့်မှ မာမည်ထင်သော ဝက်ဝံသား ယခုအခါလွန်စွာနူးညံအိစက်နေပြီဖြစ်သည်။

ဝက်ဝံသားအရသာကလည်းမိမိ၏လျှာရှိအာရုံကြောများကို လှုံဆော်နေလသည်။

.ရွှေရောင်ခရမ်းသီးအရသာကလည်း ဝက်ဝံသားကိုပေါင်းစွပ်ကာ ဖြည့်ပေးလိုက်သကဲ့သို့ရှိလေသည်။

ကုလားပဲဟင်းအရသာလည်း ဆိုဖွယ်ရာမရှိပေ။

အငွေ့တစ်ထောင်းထောင်းထနေသော ကုလားပဲဟင်းကို အေးအောင်မှုတ်ကာ သောက်လိုက်လေသည်။

သောက်လိုက်သည်နဲ့ လည်ချောင်းမှဝမ်းဗိုက်ထဲသို့စီးဆင်းသွားသောအခါ ကောင်းမွန်လှသော ပြောမပြတတ်သည့်ခံစားမှုမျိုးကို ခံစားလိုက်ရလေသည်။

ဇိုက် တစ်ယောက် ဗိုက်ပြည့်အောင်စားလိုက်လေသည်။

မိုက်ကယ်ခွေးလေးအတွက်ပါ ဂျိတ်ကပန်းကန်ပြင်ဆင်ပေးထားရာ ခေါင်းမဖော်အောင်ပင် စားသောက်နေလေသည်။

ဒီညကတော့ ဇိုက်အတွက်အလွန်ကောင်းသော ညစာစားသောက်လိုက်ရသည့်ညတစ်ညပင်ဖြစ်လေတော့သည်။

21

လာရောက်ခေါ်ယူခြင်းညစာသောက်ပြီးသည်နဲ့ ဂျိတ်လည်းအယ်မလီလေးကို ချော့သိပ်လိုက်လေသည်။

တစ်ယောက်တည်းယုန်လေးများနဲ့ဆော့ရသည်မှာ တော်တော်ပင်ပန်းသည်ထင်။

ဂျိတ်ကြာကြာမချော့သိပ်လိုက်ရအယ်မလီလေးအိပ်ပျော်သွားပြီဖြစ်လေသည်။

ထို့ကြောင့်သမီးဖြစ်သူနဖူးလေးကို နမ်းကာ စောင်ခြုံပေးကာ အခန်းဝမှထွက်ခွာလာလိုက်လေသည်။

အိမ်အောက်ထပ်တွင်လည်း ဇိုက်နဲ့ခွေးလေးကဂျိတ်အားစောင့်နေကြလေသည်။

ဂျိတ်ကစောင့်ခိုင်းထားခြင်းဖြစ်ရာ သူတို့စောင့်နေကြခြင်းဖြစ်သည်။

ဂျိတ်က ရောက်လာပြီး ဇိုက်တို့နေထိုင်ရာနေရာသို့သွားကြအောင်ဆိုရာ ဇိုက်တို့ကလည်းလိုက်ပါကြလေသည်။

(ဇိုက်နဲ့ခွေးလေးနေတဲ့နေရာကို သစ်လုံးအိမ် ဂျိတ်နေသောအိမ်ကို သစ်သားစံအိမ်ဟုရေးသားပါမည်)သစ်လုံးအိမ်သို့ရောက်ပြီးသောအခါ ဂျိတ်ကိုဇို က်စတင်မေးမြန်းလေသည်။

"ကျနော်မေးချင်ပါတယ် ကျနော်ကိုယ်ထဲအကောင်ကြီးက ပြန်ထွက်လာနိုင်လား မထွက်အောင်ဘယ်လိုလုပ်လို့ရပါသလဲဗျပြီးတော့ ဒီကိုဘာလို့ကျနော်ကိုခေါ်လာတာလား""ပြောပြရရင်ငါက မင်းကိုယ်ထဲကအကောင်ကြီးကိုခေတ္တ ချိတ်ပိတ်ထားတာပဲရှိတယ် သူ့ကိုငါသတ်မယ်ဆိုရင် မင်းပါသေနိုင်တယ် မင်းအနေနဲ့လုပ်စရာတစ်ခုပဲရှိတယ် ငါ သူ့ကိုချိတ်ပိတ်ထားတယ် အဲ့ချိတ်ပိတ်တဲ့နည်းပညာကို ငါသင်ပေးမယ် ဒါဆိုအဲ့နည်းကိုသုံးပြီး မင်းကသူနဲ့စကားပြောဆ်ိုနိုင်ပြီ အဲ့ကျရင်သူနဲ့အဆင်ပြေအောင်လုပ် ဒါဆိုရင် သူနဲ့မင်းတစ်ကိုယ်ထဲမှာ အတူနေနိုင်မယ်ပြီးတော့သူ့အစွမ်းတွေကိုလည်း မင်းမျှဝေသုံးစွဲနိုင်မယ် မင်းကိုခေါ်လာရတဲ့အကြောင်းရင်းကတော့ ငါကငါ့သမီးလေးကို ကာကွယ်ပေးမဲ့လူတွေငါလိုတယ် မင်းလုပ်နိုင်မလား မလုပ်နိုင်လည်းပြောလို့ရတယ်""ကျနော်လုပ်ပါမယ်ဗျ...လုပ်ပါမယ်"ဇိုက်ကချက်ချင်းပင် ပြန်လည်ပြောဆိုလိုက်လေသည်။

ဇို က်၏မသိစိတ်ကလည်း ဂျိတ်နဲ့လုပ်ကိုင်ရန်တိုက်တွန်းနေလေသည်။

နေစရာစားစရာပေးသည် ပြီးတော့ ချစ်စရာကောင်းသော ဂျိတ်၏သမီးလေးကိုစောင့်ရှောက်ရမည်။

ပြီးတော့မကောင်းဆိုးဝါးလိုအကောင်ကြီးကိုချိတ်ပိတ်လိုက်သောသူနဲ့ အတူလုပ်ကိုင်ပါက မိမိသည် အရင်ကထက်အဆပေါင်းများစွာသာသောအတွေ့ကြုံများစွာကို ကိုယ်တိုင်ခံစားနိုင်မည်ဖြစ်လေသည်။

"မင်းအဲ့လိုပြောတော့ ငါလည်းဝမ်းသာပါတယ် ဒါဆိုမင်းဒီနေ့စပြီး ဒီသစ်လုံးအိမ်လေးမှနေပါ လိုအပ်တာရှိရင်ပြော မင်းလုပ်ရမှာက ငါ့သမီးလေးကို စောင့်ကြည့်ဖို့ပဲ ပြီးတော့ ငါ့ကိုဒီနေ့ကစပြီးအကိုလို့ခေါ်ပါ"ဇိုက် ဝမ်းသာလွန်း၍မျက်ရည်ကျလုနီး ဖြစ်သွားသည်။

အကို တဲ့လား မိမိလိုတစ်ကောင်ကြွက်တွင် မထင်မှတ်ပဲ အကိုတစ်ယောက်ရလာပြီဖြစ်သည်။

သာမန်အကိုတစ်ယောက်ပင်မဟုတ် စောက်ကြမ်းအကိုကြီးကို ရလာသည်ဟုခံစားမိလာသည်။

"ဒါပေမဲ့....ကျ..ကျနော်......""ဘာဖြစ်တာလဲ ပြောပါ""ကျနော်က ဘာမှမတတ်ဘူးလေ""ငါသိတယ် မနက်ဖြန်ကစပြီး မင်းကိုသင်ပေးမယ် ""ကျေးဇူးပါအကို"ဇိုက် ရဲရဲဝံဝံခေါ်လိုက်ပါပြီ။

ဂျိတ်လည်း မိမိ၌ညီလေးတစ်ယောက်ရသည်ကို ပိုကောင်းသည်မဟုတ်ပါလား။

"ခုတော့ မင်းခေါင်းထဲကို ငါတစ်ခုထည့်ထားပေးမယ် မနက်ကျမှ မင်းကိုအဲ့အရာကိုသင်ပေးမယ်"ဂျိတ်ပြောပြောဆိုဆိုဖြင့် လက်ညိုးကို ဇိုက်နဖူးသို့ထိလိုက်လေသည်။

အလင်းရောင်တောက်ပနေသောအရာတစ်ခုက ဇိုက်ခေါင်းထဲတွင် ရောက်ရှိသွားလေသည်။

ထိုအရာ၏အစွမ်းကြောင့် ဇိုက်မှာတစ်ခါတည်းအိပ်ရာပေါ်၌အိပ်ပျော်သွားလေသည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ အဲ့ဒါကပျက်စီးသွားပြီးလေ ကွာဒါကို ဘယ်ကနေရတာလဲ ပြောဦး"ထိုအသံမှာ အိပ်ပျော်နေသောဇိုက်ကိုယ်ထဲမှချိတ်ပိတ်ခံထားရသော မျောက်ကြီး၏အသံပင်ဖြစ်လေသည်။

ယခုလေသံသည် ပြင်းထန်မာကျောနေခြင်းမရှိတော့ပေ။

ဂျိတ်တစ်ယောက် ဇိုက်ခေါင်းထဲထည့်ပေးလိုက်သည်မှာ တခြားအရာမဟုတ်။

မျောက်ကြီး၏လက်စွဲတော် ဖျက်စီးခြင်းတုတ်ပင်ဖြစ်လေသည်။

ယခုဇိုက်ခေါင်းထဲရှိ တုတ်သည် လုံးဝအကောင်းပကတိဖြစ်လေသည်။

မျောက်ကြီးနေဖြင့် မိမိနဲ့အတူတိုက်ပွဲဝင်လာသော တုတ်၏နောက်ဆုံးအကြိမ်ကိုလည်းမှတ်မိလေသည်။

ဇောစ့်နတ်ဘုရားကြောင့်မိမိ၏မျက်စိရှေ့မှာပင် တုတ်သည် တစ်စစီ ဖြစ်ကာပျက်စီးသွားလေသည်။

ယခုအခါ အကောင်းအတိုင်ပေါ်လာသောကြောင့် မျောက်ကြီးပျော်ရွှင်မိလေသည်။

မိမိတုတ်ကိုပြန်ရပါက ယခင်အားတစ်ဝက်ပြန်ရသည်နဲ့တူညီလေသည်။

(ဒီတုတ်ကို ငါ့ရှေ့ကောင်က ဘယ်လိုလုပ်လိုက်တာပါလိမ့်။

)မိမိရှေ့မှ လူသည်မိမိကြုံဖူးသောနတ်ဘုရားများထက်ပင် အန္တရာယ်များကြောင်း မျောက်ကြီးသည်အာရုံခံမိလေသည်။

မိမိရှေ့ရှိသော လူသည် နတ်ဘုရားကြီးတစ်ပါးက လူရေများခြုံထားသလားဟုပင်ထင်မိလေသည်။

("မျောက်ကြီး ငါ့နေနဲ့ မင်းကိုသတ်လို့ရတယ်ဆိုတာသဘောပေါက်ပါ ဒါပေမဲ့ ငါမင်းကို မသတ်ဘူး မင်းနေနဲ့ ငါ့သမီးကို ကာကွယ်ပေးဖို့ ကူညီပေးရမယ် ဒါဆို ဖျက်စီးခြင်းတုတ်ကို မင်းပြန်ပိုင်မှာပါ")ဂျိတ်စိတ်ချင်းဆက်သွယ်ကာပြောလိုက်လေသည်။

မျောက်ကလည်း အစက ငြင်းရန် ပြင်သော်လည်းတုတ်ကိုမြင်ပြီးဖြစ်ရာ ခေါင်းညိမ့်ပြလိုက်လေသည်။

"ဝုတ်...ဝုတ်.ခွေးဟောင်လာသောကြောင့် ဂျိတ်လည်း ခွေးမိုက်ကယ်ကိုကြည့်လိုက်လေသည်။

ခွေးသည်လည်း မိမိနဲ့မိမိသခင်အားစားကောင်းသက်ဖွယ်ကျွေးသောကြောင့် မိမိလည်းကျေးဇူးဆပ်လိုပါသည်ဆိုသည့်ပုံစံမျိုးပင်ဖြစ်သည်။

"မင်းကော မင်းသခင်ကိုကူညီချင်တာလား""ဝုတ်...ဝုတ်..."ခွေးမှချက်ချင်းပင် ခေါင်းညိမ့်ပြလေသည်။

(စနစ် သူ့အတွက် ဘာကအဆင်ပြေလဲ)စနစ်မှတွက်ချက်ပြီးနောက် ပြန်လည်ဖြေပြလေသည်။

(ခွေးအား ဂျန်ရှင်းကမ္ဘာမှအဆင့်မြင့်မျိုးရိုးဗီဇဆေးမျိုးသုံးပေးရန် အကြံပြုပါသည် ဆေး၏ဆိုးကျိုးကိုတောင့်ခံနိုင်ရန်လိုအပ်ပါသည်။

)ဂျိတ်လည်း စနစ်မှ ဆေးပုလင်းကိုထုတ်ယူလိုက်လေသည်။

ဆေးပုလင်းမှသေးငယ်သော်လည်း အာနိဟင်များပြားကြောင်း သိနိုင်လေသည်။

ထိုပုလင်းကိုကိုင်ကာ"မိုက်ကယ် မင်းသခင်ကိုကူညီချင်တာသေချာလားဒီဆေးကိုသောက်ရင် မင်းသခင်ကို ကူညီလို့ရမယ်ဒါပေမဲ့ မင်းနာကျင်မှု ခံစားရမယ်""ဝုတ်...ဝုတ်"သောက်မည်ဖြစ်ကြောင်း ဟောင်ပြသဖြင့်ဂျိတ်လည်းဆေးတိုက်လိုက်လေသည်။

ခွေး ဆေးသောက်ပြီးငါးစက္က န့်ကြာသည်နဲ့နာကျင်သောကြောင့် အော်ဟစ်လာလေသည်။

နာကျင်ဒဏ်ကို ခွေးခမျာ မနည်းတင်းခံနေလေသည်။

ခွေးတစ်ကိုယ်လုံးလည်း စတင်ပြောင်းလဲစပြုလာလေသည်။

အစတွင် အမွေးမှင်အကုန်ကျွတ်ကြလေသည်။

ထိုအမွေးများကုန်သည်နဲ့ အသစ်သစ်သောအမွေးများက ထွက်ပေါ်လာလေသည်။

အသစ်သစ်သောအမွှေးမှင်များက ယခင်ကျွတ်ခဲ့သော အမွှေးမှင်များထက် တောက်ပကာ သန်မာသည့်ပုံရှိလေသည်။

အတွင်းပိုင်းတွင်လည်း မသန့်စင်သောသွေးကြောများအစား အသစ်သော သွေးကြောများက အစားထိုးဝင်ရောက်ကြလေသည်။

အသားအသွေး အရိုးတို့လည်းထိုနည်းလည်းကောင်းအတိုင်းပင်။

ခွေးတစ်ကောင်တည်း နာကျင်မှုမခံနိုင်သည့်အခါအသားကုန်အော်ဟစ်မိသည်။

သို့သော် သခင့်အတွက်ဟူအသိစိတ်ပြန်လာသည်နဲ့ အားတင်းကာသည်းခံလေသည်။

ထိုခွေး၏စိတ်ဓာတ်ကို တော့ ဂျိတ်ပင်လေးစားသွားရလေသည်။

ဆေးအာနိသင် ပြချိန်ပြီးသောအခါခွေးကိုယ်မှ မသန့်စင်သောအရာများလည်းကွယ်ပျောက်သွားပြီဖြစ်လေသည်။

ခွေးလည်းပင်ပန်း၍အိပ်ပျော်သွားပြီဖြစ်ရာ သစ်လုံးအိမ်မှဂျိတ်လည်းထွက်လာလိုက်လေသည်။

မိမိသစ်သားစံအိမ်ထဲဝင်မည်အပြု...."ဆရာရေ ကျနော်တို့တွေ့ချင်လို့ပါ"ခြံပြင်မှ လူများခေါ်သောကြောင့် ဂျိတ်လည်းထွက်တွေ့လိုက်လေသည်။

ထိုလူများသည်သာမန်လူများထက်တောင့်တင်းကာကြီးမားကြလေသည်။

ရေတွက်ကြည့်ရာငါးယောက်ရှိသည်ကိုတွေ့ရလေသည်။

"ဆရာက ဂျိတ်လား"အကောင်ကြီးကြီးတစ်ကောင်မှ အရင်ဦးစွာ ဂျိတ်ကိုမေးလေသည်။

"ဟုတ်ပါတယ်""ဒါဆို ကျနော်တို့နဲ့လိုက်ခဲ့ပေးပါလား တွေ့မဲ့လူရှိပါတယ်ဗျ"မိမိအားတွေ့ချင်သူဆိုသောကြောင့် ဂျိတ်လည်းသူတို့နဲ့လိုက်ပါသွားလိုက်လေသည်။

အဆင့်မြင့်မျိုးရိုးဗီဇဆေးနဲ့ဂျန်ရှင်းကမ္ဘာအကြောင်းဂျိတ် မိုက်ကယ်ဆိုသောခွေးလေးကို တိုက်လိုက်သောဆေးဖြစ်လေသည်။

ထိုဆေးသည် ဂျန်ရှင်းကမ္ဘာမှလာသော ဆေးဖြစ်လေသည်။

မိုက်ကယ်ကိုတိုက်လိုက်သောဆေးသည် ခွေးများအတွက်အဓိကဦးစားပေးထားသော ဆေးဖြစ်သည်။

ထိုကမ္ဘာတွင်အဆင့်မြင့်တင်မျိုးရိုးဗီဇဆေးသည်လေးမျိုးရှိလေသည်။

ပထမအဆင့်ဆေး...စတင်သောက်သူအတွက်ဖြစ်သည်။

ကိုယ်ခန္ဓာကို သန့်စင်ပေးသည်။

မသန့်စင်သော အရာများကို ပြုပြင်ပေးသည်။

နာကျင်မှုအများဆုံးခံစားရသောအဆင့်ဖြစ်သည်။

ဒုတိယ အဆင့်ဆေး....ထိုဆေးတွင် မိမိအလိုရှိသောမျိုရိုးဗီဇနဲ့တွဲဖက်ကာ သုံးနိုင်သည်။

ဥပမာ ကျားဗိီဇနဲ့ပေါင်းစပ်သောက်သုံးပါက ကျား၏အစွမ်းများကိုသုံးနိုင်ကာ ကျား၏အသွင်ပြင်နဲ့ပေါင်းစပ်ကာအသွင်ပြောင်းသတ္တ ဝါဖြစ်သွားပေမည်။

တတိယအဆင့်ဆေး ...မျိုရိုးဗီဇကိုထိန်းညိုပေးကာဆဲလ်များကို တဖန်ပြန်လည်သန့်စင်ပေးလေသည်။

စတုတ္ထ အဆင့်ဆေး.....ထိုဆေးသည် ဂျန်ရှင်းကမ္ဘာမှာပင်ရှားပါးလေသည်။

ထိုဆေးသည်သားရဲ မျိုးရိုးဗီဇသာမက အပင်များ၏မျိုးရိုးဗီဇကိုပါ ထပ်ပေါင်းထားခြင်းဖြစ်လေသည်။

ထိုဆေးကိုသောက်သုံးပါက သောက်သုံးသောသားရဲသည် နတ်ဘုရားတမျှအစွမ်းထက်လာမည်။

ကုသရေးဆဲလ်များတိုးပွားလာကာ သက်တမ်းကြာရှည်စွာနေနိုင်မည်ဖြစ်သည်။

မျိုးရိုးဗီဇဆေး၏လုပ်ဆောင်ချက်ထိုဆေးသည် သောက်သုံးသောသူ၏ကိုယ်ခန္ဓာကိုငါးစက္က န့်အတွင်းစတင်အာနိသင်ပြလေသည်။

ဘေးထွက်ဆိုးကျိုးများလည်းရှိသည်။

ထိုဘေးထွက်ဆိုးကျိုးမှာ သောက်ပြီးအာနိသင်စပြသောအချိန်မှနောက်ငါးမိနစ်အထိ ဖြစ်လေသည်။

သေလုမတတ် နာကျင်သော အပိုင်းပိုင်းဆုတ်ဖြဲခံရသော ဝေဒ နာမျိုးကို ခံစားရမည်ဖြစ်လေသည်။

ဂျန်ရှင်းကမ္ဘာ...ဂျန်ရှင်းကမ္ဘာသည် နည်းပညာဖွံဖြိုးတိုးတက်သောကမ္ဘာတစ်ခုဖြစ်သည်။

အဓိက အားဖြင့် ထိုကမ္ဘာသည် မျိုးရိုးဗီဇကိုအထူးပြုသော နေရာဌာနကြီးတစ်ခုဖြစ်သည်။

အားနည်းသော မျိုးရိုးဗီဇများကိုသန်မာလာအောင် အသစ်သစ်သော နည်းပညာများဖြင့် ပြုလပ်ကြလေသည်။

ထိုကမ္ဘာရှိ မျိုးရိုးဗီဇဆေးများကြောင့် ထိုကမ္ဘာမှအကောင်များသည် သန်မာထွားကြိုင်ကာ လျင်မြန်ဖျက်လတ်ကြလေသည်။

လူများကိုလည်း ပိုမိုမြင့်မားသော မျိုးရိုးဗီဇများပေါင်းစပ်ခြင်းကိုလည်းရှိပေသည်။

သိုင်းကမ္ဘာတွင် သိုင်းအဆင့်မြင့်သောလူသည်ဘုရင်တစ်ပါးဖြစ်သလို ထိုဂျန်ရှင်းကမ္ဘာတွင်တော့အကောင်းဆုံးအသန်မာဆုံးသော မျိုးစပ်သားရဲနဲ့မျိုးရိုးဗီဇဖော်စပ်နိုင်သော သိပ္ပံပညာများနဲ့အကောင်းဆုံးမျိုးရိုးဗီဇပေါင်းစပ်ထားသော အသန်မာဆုံးသော တိုက်ခိုက်ရေးသမားများသည်သာ ဘုရင်ဖြစ်လေသည်။

ထိုကမ္ဘာသည် နည်းပညာတိုးတက်သောကမ္ဘာဖြစ်ရာနေထိုင်သော နေရာများကို လေတွင် ရေထဲတွင်မြေတွင် ဆောက်လုပ်ကာနေထိုင်ကြလေသည်။

ထိုအဆောက်ဦး၏ကာကွယ်နိုင်စွမ်းသည် ယခုမိမိတို့ကမ္ဘာမှ တိုက်ချင်းပစ်ဒုံးကျည်ကိုပင်ခံနိုင်ရည်ရှိလေသည်။

သို့ရာတွင် ကားများ လေယာဥ်များမသုံးစွဲ မျိုးရိုးဗီဇမြင့်သော သားရဲများကိုသာ နေရာအမျိုးမျိုး၌သုံးစွဲကြလေသည်။

(ထိုပြုပြင်ပြီးသော သားရဲများသည်အသံထက်မြန်သော အမြန်နှုန်းအထိ မြန်ဆန်ခြင်း အသက်အန္တရာယ်စိုးရိမ်စရာမရှိခြင်း အရေးကြုံ၍လိုအပ်လျှင်သားရဲများက ပိုင်ရှင်အတွက်အသက်အသေခံ ကာကွယ်ပေးကြခြင်းကိုပါ လုပ်ဆောင်ကြရာကားများ လေယာဥ်များကိုအဘယ်ကြောင့်သူတို့လိုအပ်တော့မည်နည်း။

)မျိုးရိုးဗီဇ များကိုတီထွင်ပေါင်းစပ်နိုင်သောဆေးကိုထုတ်လုပ်သည့်သိပ္ပံပညာရှင်များသည် ထိုကမ္ဘာ၌ချမ်းသာသောလူများဖြစ်ကြလေသည်။

All Chapters