အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
22
မုဆိုးမှသားကောင်ဖြစ်ခြင်း.လာခေါ်သော လူများသည် တဖြေးဖြေးနဲ့ ဒီယေဂိုမြို့နဲ့ဝေးကွာလာကြောင်း ဂျိတ်သတိထားမိလေသည်။
အချိန်ကလည်း ညကိုးနာရီခန့်ရှိရောက်နေပြီဖြစ်သည်။
"ခင်ဗျားတို့က ကျုပ်ကိုဘယ်ခေါ်သွားမလို့လဲ""ခနလေးပဲစောင့်ပေးပါဗျ ရောက်ပါတော့မယ်"မီးတုတ်များဖြင့် လူခြောက်ယောက် တောအုပ်အနီးနားအထိ ခရီးဆက်လာကြလေသည်။
ညအချိန်တွင်လ၏အလင်းရောင်ကလည်း မှိန်လျက်ရှိလေသည်။
"ရောက်ပါပြီ ဒီနေရာမှာပါပဲဗျ "တောအုပ်နားအနီးတွင်ရွက်ဖျင်တဲဆောက်ထားကြောင်း ဂျိတ်တွေ့လိုက်ရလေသည်။
ထိုရွက်ဖျင်တဲကြီးသည် လူငါးဆယ်တော့အသာလေး ဆံနိုင်ကြောင်း တွက်ဆမိလေသည်။
"ဂျိတ် ခင်ဗျား ဒီတဲထဲကိုဝင်လာဖို့ဖိတ်ခေါ်ပါတယ်ဗျ"ဂျိတ်ကိုခေါ်ဆောင်လာသော လူစုကလည်းဂျိတ်နဲ့အတူ တဲထဲသို့ဝင်ရောက်လိုက်ကြလေသည်။
တဲထဲတွင်လည်း ထိုင်နေကြသော လူများကိုတွေ့လိုက်ရလေသည်။
တဲထဲသို့ရောက်သည်နဲ့ မိမိကိုမည်သူခေါ်ကြောင်း ဂျိတ်သိလိုက်ရလေသည်။
"ဘယ်သူများခေါ်တာလဲ ထင်နေတာ ဆာဗေ့မျိုးနွယ်ကပါလား"ဟုတ်ပေသည်။
ဆာဗေ့မျိုးနွယ်မှလူများသည် ဂရိတ်နိုင်ငံမှာ တစ်ချို့လူများနဲ့ အတူလုပ်ဆောင်နေကြသည်ဖြစ်လေသည်။
ဂျိတ်ကို ဂရိတ်နိုင်ငံမှလူများနဲ့ခေါ်လာစေရန် စေခိုင်းခဲ့ခြင်းလည်းဖြစ်လေသည်။
ထိုအကြံကို ပေးသည်မှာ မိမိတို့၏မင်းသမီးတာနာရှာပင်ဖြစ်လေသည်။
အဘယ်ကြောင့် ဂျိတ်အားတာနာရှာ တွေ့ချင်ရသည့်အကြောင်းရင်းကို သူတို့ကိုယ်တိုင်လည်းမသိကြပေ။
"မင်း ငါတို့က်ိုမကြောက်ဘူးလား"တဲအစွန်း၌ငြိမ်သက်စွာထိုင်နေသော ဆာဗေ့တစ်ယောက်မှ ဂျိတ်ကို ပြောလိုက်လေသည်။
သူသည်ရွှေအဆင့်စစ်သည်တော်အဆင့်ရှိသော လူရိုင်းကြီးလည်းဖြစ်လေသည်။
"ကြောက်နေရင် ဘာလို့ငါကလိုက်လာရမှာလဲ""ဟားဟားဟား မင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကောင်ပဲ ဒါကြောင့် မင်းကို မင်းသမီးကတွေ့ချင်တာလားကွ"မင်းသမီးဆိုသောကြောင့် ဆာဗေ့တို့၏မင်းသမီးကိုအမှတ်ရလိုက်လေသည်။
သူမ၏နာမည်ဂုဏ်သတင်းက လွန်စွာကြီးကျယ်ပြန့်နှံနေသောကြောင့်ဂျိတ်လည်း မင်းသမီးအကြောင်း သိရှိလေသည်။
ယခုလက်ရှ်ိတဲထဲ၌ လူရိုင်းပေါင်းသုံးဆယ်မျှရှိလေသည်။
"စနစ်ငါ့ကို တစ်ချက်လောက်စစ်ဆေးပေးပါဦး"(စစ်ဆေးပြီးပါပြီ သူတို့သည် ဆာဗေ့မင်းသမီးတာနာရှာ၏အထူးကိုယ်ရံတော်အဖွဲ့များဖြစ်ကြလေသည်။
ရွှေအဆင့်ခြောက်ယောက် နဲ့ ငွေအဆင့်တစ်ဆယ်များဖြစ်ကြပါသည်။
)(ဟ ကြမ်းလှပါလား)ဂျိတ်ပင်အနည်းငယ်အံသြ သွားလေသည်။
ထိုအရေတွက်သည် ဂရိတ်ရှိရွှေအဆင့်စစ်သည်အရေတွက်သို့ရောက်ရှိနေပြီဖြစ်သည်။
ဒါဆိုသူတို့ဘာကြံနေတာလဲ။
မိမိကို မင်းသမီးကဘာလို့တွေ့လိုတာစဥ်းစားကြည့်သည်အဖြေကားမရ။
"ကဲ ဂျိတ် ကျမခေါ်တဲ့အကြောင်းရင်းကို စဥ်းစားနေတာလား"မင်းသမီးတာနာရှာ ရောက်ရှိလာပြီဖြစ်လေသည်။
မင်းသမီးကို ဂျိတ်တွေ့ရသောအခါ မိမိကြားထားသောအတိုင်းပင်ဖြစ်ကြောင်းသိလိုက်ရလေသည်။
"မင်းသမီးက ဘာလို့ကျနော်ကို တွေ့ချင်တာလဲလို့ကျနော်က ဒီအတိုင်းလေးနေနေတာပါ"မင်းသမီးမှပြုံးရယ်လိုက်ပြီး"ရှင်အကြောင်းကျမစုံစမ်းပြီးပြီ ရှင်ကအရင်လအထိ သာမန်လူပဲ အခုကျတော့ ရှင်က ငွေအဆင့်ကိုးအထိရောက်နေပြီလေ ဘာနည်းများ ရှင်သုံးလိုက်လို့ရတာလဲ ကျမမေးချင်တာပါ ဖြေမယ်လို့ထင်ပါတယ်"ကြည့်ရသည်မှာ မင်းသမီးသည် အဆင့်တက်မြန်သော ကျင့်စဥ်ကိုမိမိထံ၌ရှိသည်ထင်ကာလိုချင်နေခြင်းဖြစ်သည်။
မင်းသမီး၏အပြောသည် ချိုသာလှသော်လည်း အမှန်ကားထင်သလောက်မရိုးရှင်းပေ။
မိမိအကြောင်းစုံစမ်းထားပြီးဖြစ်ရာ မိမိသည်သမီးနဲ့အတူနှစ်ယောက်တည်းနေကြောင်းပါ သူမသိရှိနေပြီဖြစ်လေသည်။
မင်းသမီး မိမိအားခေါ်ရသည့်အကြောင်းမှာ မိမိထံမှ အဆင့်တက်မြန်သည့်နည်းမိမိရထားသည်ထင်၍ လိုချင်နေကြောင်းထို့ကြောင့်ပေးရန်ပြောနေလေသည်။
အပြောချိုသော်လည်း မပေးဟု ငြင်းပါက မိမိကိုပြန်မလွတ်နိုင်ကြောင်း သူမ၏အထူးကိုယ်ရံတော်များ ရှိကြောင်းက သက်သေပြနေပြီဖြစ်သည်။
သို့သော် မင်းသမီးမသိသည် တစ်ခုက အရာရာ၌အောင်မြင်အောင်လုပ်ဆောင်တတ်သောမင်းသမီးသည် ဒီတစ်ခါတော့ သိုးယောင်ဆောင်နေသော မကောင်းဆိုးဝါးကြီးကို ဖမ်းလာမိခြင်းပင်ဖြစ်လေသည်။
"ဟားဟား..ဟားဟား. မင်းသမီးရယ် မပြောရင်လည်း မင်းရဲ့အထူးကိုယ်ရံတော်တွေကို မလွတ်ဖို့ပြောထားတာကို ဘာများထူးနေသေးလို့လဲ ပြောတာနဲ့မပြောတာကလေ"တာနာရှာသာ မဟုတ် တဲထဲရှိလူရိုင်းများပါ အံသြသွားကြလေသည်။
ဒီလူက ဘယ်လိုလုပ်ပြီး သိသနည်း။
"ဂျိတ် မင်းကလည်း ခေသူမဟုတ်ပါလား ငါ့ရဲ့အထူးကိုယ်ရံတောင်တပ်ဖွဲ့အကြောင်းပါသိနေပါလား အစကတည်းက မင်းကို အဆင့်တက်နည်းပြောပြရင် ခွင့်လွတ်ပေးဖို့ပဲ အခုတော့ မင်းကိုလွတ်ဖို့မဖြစ်နိုင်တော့ဘူး""ကိုယ်ရံတော်တို့သူ့ကို ဖမ်းပြီးနှိပ်စက်ပြီးမေးကြတာပေါ့"မင်းသမီး အပြောဆုံးသည်နဲ့ ရွှေအဆင့်ခြောက်ယောက် ဂျိတ်ကိုဝိုင်းဖမ်းလိုက်ကြလေသည်။
ဂျိတ်မပြေးနိုင်အောင် ဖမ်းထားပြီး နောက်မှနှိပ်စက်မေးရင်လည်း ရနိုင်သည်ဟု တာနာရှာကထင်ထားခြင်းဖြစ်လေသည်။
"ဘဝမှာ တစ်ခါတစ်လေ အပိုင်တွက်ပြီးမှ ထင်သလိုမဖြစ်လာတာကို ငါပြပေးမယ်လေ""ဝိုး ရား""ဂရက်"ဂျိတ်စကားဆုံးသည်နဲ့ ရွှေအဆင့်လူရိုင်းကြီးတစ်ယောက်သည် ချက်ချင်းပင် အော်ဟစ်လိုက်ရလေသည်။
ကျန်ငါးယောက်မှာ ဂျိတ်ထံတိုးဝင်မဖမ်းတော့ပဲအော်ဟစ်လိုက်သော လူရိုင်းကြီးကို ကူညီရန်လုပ်လိုက်ကြလေသည်။
ဂျိတ်ကတော့ ပုံစံမပျက် ဒီအတိုင်းသာရပ်နေလျက်ရှိလေသည်။
တာနာရှာလည်း ထိုလူရိုင်းသည် ဘယ်လိုဘယ်ဝါကြောင့် ထိခိုက်သွားရသနည်းဟု စဥ်းစားမရဖြစ်သွားလေသည်။
"အရှင့်မ သူ ရဲ့ကိုယ်ထဲက အရိုးခြောက်ချောင်းကျိုးပဲ့ကုန်တာပါ""ဘာ"တာနာရှာလန့်သွားလေသည်။
ရွှေအဆင့်မရောက်သေးသော သူက တစ်ချက်မှမလုပ်မရွေ့လျားပဲ ရွှေအဆင့်လူရိုင်းကြီးကို ကျ်ိုးပဲ့အောင်လုပ်သနည်း။
သူမသည် တုံဆိုင်းမနေခဲ့ ချက်ချင်းပင် စဥ်းစားပြီးအော်ဟစ်ပြောဆ်ိုလိုက်လေသည်။
"ဂျိတ်ကို မြန်မြန်အမှန်တရားမှုန့်ဖြူးလိုက်ကြစမ်း"နာကျင်နေသော လူရိုင်းကြီးကို ငွေအဆင့်မှလူရိုင်းများက စောင့်ရှောက်ရန် တာဝန်ယူလိုက်ကြပြီး ကျန်ရှိနေသော ရွှေအဆင့်ငါးယောက်က ဂျိတ်ကို သူတို့အိတ်ထဲမှ အမှုန့်များဖြင့်ပက်လိုက်ကြလေသည်။
တဲထဲတွင် အမှုန့်များ ဖြင့်ပြည့်နှက်သွားလေသည်။
ထိုအမှုန့်များသည် လူအားမထိခိုက်စေသဖြင့် ဂျိတ်လည်းဒီအတိုင်းသာ ရပ်နေလိုက်လေသည်။
အမှန်တရားအမှုန့်သည် ပုန်းကွယ်နေသောအရာများကို ဖော်ပေးနိုင်စွမ်းရှိလေသည်။
လုပ်ကြံသူများများစွာကြောက်လန့်ကြ မုန်းကြသော အမျိုးစားဖြစ်လေသည်။
မည်သည့်အရာပုန်းကွယ်နေပါစေဖော်ထုတ်ပေးနိုင်လေသည်။
ဂျိတ်သည် လုပ်ကြံသူအား စေခိုင်းသည်ဟု ယူဆထားသောကြောင့် ထိုအမှုန့်ကိုဖြူးစေလိုက်ခြင်းဖြစ်လေသည်။
(ဂျိတ် ရှင်ကလုပ်ကြံသူတစ်ယောက် အပိုခေါ်လာရင်တော့ သူလဲ ရှင့်ကြောင့်သေပြီပေါ့)တာနာရှာ စိတ်ထဲရယ်မိလေသည်။
သို့သော် တကယ်မြင်တွေ့ကြရသောအခါ လူရိုင်းများသာမက တာနာရှာလည်းကြောက် လန့်မှုကို ထိန်းသိမ်းမရနိုင်တော့။
"အား ဒါကြီးက ဘာကြီးလဲ ကြောက်စရာကြီး"ဟုတ်ပါသည်။
သူတို့မြင်နေရသည်ကား အလွန်ကြီးမားသော လူတစ်ယောက်လိုလိုသည် ဂျိတ်၏နောက်ကြောတွင်ရပ်နေသောကြောင့်ဖြစ်လေသည်။
ထိုလူသည် လေပေါ်တွင် ပျံနေလေသည်။
သူ၏ကိုယ်ခန္ဓာတွင် လည်း တောက်ပသောချပ်ဝတ်တန်တာများဝတ်ဆင်ထားလေသည်။
သူ၏မျက်လုံးအကြည့်များက မိမိတို့ကို အကြည့်ဖြင့် သတ်၍ရပါက ချက်ချင်းသေအောင်လုပ်မည့်ပုံရှိနေလေသည်။
အထူးခြားဆုံးမှာသူ၏ လက်သီးများပင် ဖြစ်လေသည်။
မိမိတို့ဖက်မှ လူရိုင်း၏အရိုးကျိုးပုံသည့်ပုံစံသည် ထိုလူလိုလိုအကောင်၏လက်သီးတစ်ချက်အရာနဲ့ တူသလိုရှိလေသည်။
ဂျိတ်လည်းအမှန်တရားအမှုန့်ကြောင့် မိမိစတန်း(stand)ပေါ်သွားကြောင်း သိလိုက်ပြီဖြစ်လေသည်။
ဒါကြောင့်လည်း သူတို့လန့်သည့်အမူရာပေါ်နေကြခြင်းဖြစ်လေသည်မဟုတ်ပါလား။
"အိုး ငါပြောပြပါမယ်လေ ဒါကငါ့ရဲ့စိတ်ဝိညာဥ်ပုံစံပဲ စတားပလက်တီနမ်လို့ ခေါ်တယ် အစောက ဟိုလူရိုင်းလိုမင်းတို့ဖြစ်သွားဖို့ သူရဲ့ခပ်ဖွဖွတစ်ချက်ပဲ လိုတယ်နော်"(ဘာ ခပ်ဖွဖွတစ်ချက်)အကြောက်တရားဟူသော အရာကြီးကို သူတို့ကောင်းစွာခံစားမိလာလေပြီဖြစ်သည်။
ယခုည၌မိမိတို့က သားကောင်ဖြစ်ခဲ့ရလေပြီ။
မိမိတို့သည်ငြိမ်နေသော သားရဲကောင်ကို အားနည်းထင်ကာဖမ်းမိခဲ့ကြလေသည်။
"မင်းတို့က ငါ့ကိုခေါ်ပြီးဖမ်းမယ်တောင်ကြံရဲတော့ငါကလဲ ပြန်ပညာပေးရမှာပေါ့"လူရိုင်းများက သွက်လက်စွာပင် တဲမှထွက်ပြေးကြလေသည်။
သူတို့၏မသိစိတ်ကလည်း ပြေးရန်သာပြောနေလေရာ ပြေးဖို့သာဆုံးဖြတ်သားပြီးဖြစ်သည်။
"မင်းတို့က ပြေးချင်တယ် ဟုတ်လားအချိန်ရပ်တန့်ထားခြင်း""ဟိုးရား...."စတားပလက်တီနမ် ကြီးတစ်ချက်အော်ဟစ်ပြီး မိမိပတ်ဝန်းကျင်100မီတာကို ရပ်တန့်ပစ်လိုက်ပြီဖြစ်သည်။
ထိုပတ်ဝန်းကျင်အတွင်းရှိ လူရိုင်းအားလုံးသည်ပြေးနေရင်းအနေထားဖြင့် ကျောက်ရုပ်သဖွယ်ဖြစ်ကုန်ကြလေသည်။
"ကဲ အခုမှ စမယ်"ora..ora.ora..ora.ဝိုးရားora..ora.ora..ora.ora..ora.ora..ora.တစ်ယောက်ကို တစ်ချက်စီနှုန်း မြန်ဆန်စွာထိုးပေးလိုက်လေသည်။
တစ်ယောက်ကို တစ်ချက်သာထိုးရခြင်းကိုလည်း ဂျိတ်အားမရပါ။
သို့သော် အဲ့ထက်ပိုထိုးပါက အထိုးခံရကောင်သည် ပေါက် ကွဲပြီးသေကုန်မည်ဖြစ်သောကြောင့် ဂျိတ်ရှော့ပေါ့ကာထိုးနေခြင်းဖြစ်သည်။
မင်းသမီးမှလွဲ၍ ကျန်သောလူမှန်သမျှကို တစ်ချက်စီထိုးပြီးပြီဖြစ်လေသည်။
ထိုးပြီသည်နဲ့ ဂျိတ်လည်းထွက်ခွာသွားလိုက်သည်။
ဒိယေဂိုမြို့နဲ့နီးသောနေရာရောက်မှ အချိန်ရပ်တန့်ခြင်းကို ဖြေချလိုက်လေသည်။
"ပြေစေ"ထိုစကားဆုံးသည်နဲ့တဲ၌လူရိုင်းများ၏အော်ဟစ်သံများကား ဆူညံပွက်လောရိုက်သွားလေသည်။
မင်းသမီး တာနာရှာမှ လွှဲ၍ အကုန်လုံးကျိုးပဲ့ကြကုန်ပြီဖြစ်လေသည်။
လူတိုင်းသည် တူညီသောကျိုးပဲ့မှုကို ကိုယ်စီခံစားနေကြပြီဖြစ်သည်။
မင်းသမီးတာနာရှာလည်း ထိတ်လန့်နေပြီဖြစ်သည်။
မိမိပြုစုပျိုးထောင်လာခဲ့သော လူများသည် စက္က န့်ပိုင်းအတွင်း၌ကျိုးပဲ့ကုန်ကာ ဂျိတ်လည်း တဲထဲ၌မရှိတော့ပေ။
ဂျိတ်ကိုလည်း ကြောက်လန့်သွားပြီဖြစ်သလို လွန်စွာလည်းမုန်းတီးသွားပြီဖြစ်လေသည်။
"ဂျိတ် ရှင့်ကို ကမ္ဘာကြေတောင် မမေ့ဘူးရှင့်"မင်းသမီးအော်သံက ညအချိန်၌ ပျံလွင့်သွားလေတော့သည်။
23
ဖမ်းဆီးရန်အမိန့်ချခြင်းမနက်ခင်းရောင်ကားပြန်ထွက်လာလေသည်။
ဂျိတ်၏မီးဖိုချောင်ထဲတွင်တော့ ဂျိတ်တစ်ယောက်ထပ်မံချက်ပြုတ်ရင်း အလုပ်ရှုပ်ပြန်ပြီဖြစ်သည်။
ဒီနေ့လည်း နဂါးသွေးဆန်ကိုအသုံးပြုကာထမင်းကြော်နေခြင်းဖြစ်လေသည်။
ဒိီနေ့တော့ လူဥိီးရေတိုးလာပြီမို့ ထမင်းကြော်ပန်းကန်ကိုလေးပွဲထိ ပြင်ဆင်လိုက်လေသည်။
နဂါးနံရိုးချိုချဥ်ကြော်လေးပါ ထပ်မံပြင်ဆင်လိုက်လေသည်။
ပျံလွင့်လာသော ထမင်းကြော်၏ရနံကြောင့် အယ်မလီလေးလည်း အပြေးလွှားအိပ်ရာမှထကာ ခြေလက် မျက်နှာသန့်စင်ပြီးသည်နဲ့ ထမင်းစားပွဲသို့အရောက်လာလေသည်။
ဇိုက်နဲ့ ခွေးလေးသည် လည်းထမင်းကြော်ရနံ၏ဆွဲဆောင်ခြင်းကို မတောင့်ခံနိုင်သည်အလား တခဏအတွင်း ထမင်းစားပွဲသို့ရောက်ရှိလာကြလေသည်။
ထမင်းစားပွဲရောက်ပြီးနောက်မကြာခင်မှာပင် ပို၍မွေးကြိုင်သော ရနံကထပ်ထွက်လာပြန်လေသည်။
"ဖီဖီ ဘာဟင်းလဲ တော်တော်မွေးတာပဲ""နဂါးနံရိုးချိုချဥ်ကြော်လေ သမီး အဖေမနေ့ကသမီးလေးကို နေ့လယ်စာမကျွေးမိလို့ပိုချက်ထားတာ""ဝေး ဖီဖီတော်လိုက်တာ "ဇိုက်နဲ့ ခွေးလေးမိုက်ကယ်လည်း အနံနဲ့ပင် သရေကျလာလေသည်။
သို့သော် ဂျိတ်မတွေ့ရန် ချက်ချင်းပင် စိတ်ကိုပြန်ထိန်းလိုက်ကြလေသည်။
ခွေးကလေးမိုက်ကယ်ဟုဆိုသော်လည်း မနေ့ကပုံစံနဲ့လုံးဝကွာခြားနေပြီဖြစ်လေသည်။
မနေ့က ပိန်ညောင်ခြောက်ကပ်နေသော ခွေးပ်ိန်လေးတစ်ကောင်ဖြစ်ကာ ယခုချိန်တွင်တော့ ခြသေ့်တစ်ကောင်အလားကြီးမားနေပြီဖြစ်လေသည်။
ယခင်ထက် ခွန်အားလျင်မြန်နှုန်း အမြင်အကြားအာရုံခံမှုများက လွန်စွာတိုးမြင့်နေပြီဖြစ်လေသည်။
မနက်အိပ်ရာထတော့ ဇိုက်ပင် မိုက်ကယ်ကို အံသြ ရသေးသည်။
"ဝါး မိုက်ကယ်ကြီးက ကြီးသွားပြီမိုက်တာ"အယ်မလီလေးက မိုက်ကယ်ကိုကိုင်ကြည့်လေသည်။
မိုက်ကယ်ကလည်း အယ်မလီလေး ကိုင်ခြင်းကိုငြိမ်ခံပေးနေလေသည်။
"ကဲ စားလို့ရပါပြီ "အသံနဲ့အတူ ထမင်းပန်းကန်များက ရောက်ရှိလာလေသည်။
မိုက်ကယ်လည်း မိမိတွက် ချပေးထားသောထမင်းကြော်နဲ့နဂါးနံရိုးချိုချဥ်ကြော်ကို မြိန်ရှက်စွာစားလိုက်လေသည်။
မိုက်ကယ်ပလုတ်ပလောင်းစားသည်ကို သုံးယောက်သားကြည့်ရင်း ရယ်မိကာ မနက်စာကိုသုံးဆောင်လိုက်ကြလေသည်။
"ဝါး ဖီဖီ အရမ်းတော်တာပဲ စားလို့ကောင်းတယ် သမီးအရမ်းကြိုက်တယ် နေ့တိုင်းချက်ကျွေးနော်""ဒါပေါ့ သမီးရဲ့ သမီးကြိုက်ရင် ဖေဖေနေ့တိုင်းချက်ကျွေးမှာပေါ့"ဇိုက်လည်း ထိုဖြစ်ရပ်ကိုကြည့်ပြီး အားကျမိသည်။
ထိုသို့သောဘဝလေးက အားကျစရာကောင်းလှပေသည်။
ဖခင်မေတ္တာနဲ့သမီး၏ချစ်စရာကောင်းသောအပြုမူလေးများ က မိမိကိုပျော်ရွှင်စေသကဲ့သို့ပါရှိလေသည်။
"ဟင်း.....ငါ့နှယ် ကွာ ဘယ်သူချက်တာလဲဟ"ဒီယေဂိုမြို့မှ မြို့စားမင်း သက်ပြင်းချနေလေသည်။
ဒီနေ့နဲ့ဆိုလျှင် မွေးကြိုင်သောရနံရသည်မှာ နှစ်ကြိမ်မြောက်ဖြစ်လေသည်။
ရနံသာရသည် အစားကိုမစားရနေရာ ကသိကအောက်ဖြစ်နေရလေသည်။
ထိုသို့သောဖြစ်ရပ်ဖြစ်နေခြင်းသည်မြို့စားကြီးတစ်ယောက်တည်းတော့မဟုတ်ပေ။
ရနံက်ိုရှုရှိုက်မိသောလူတိုင်း ထိုသို့တွေးနေကြခြင်းဖြစ်လေသည်။
ထိုရနံကို သာမိမိတို့ ရှုလိုက်ရသော်လည်းထိုရနံထွက်သော ဟင်းလျာလွန်စွာကောင်းမွန်ကြောင်း မိမိတို့စိတ်ထဲ၌သိပြီးသားဖြစ်သည်။
ထိုရနံကို ရူပြီးသောနေ့မှစ၍ ကျန်သောဟင်းများသည်ထိုဟင်းလောက်မကောင်းဆိုကာ အစားပျက်ကုန်ကြသော ဒီယေဂိုမြို့သားများအကြောင်းကိုတော့ ဂျိတ်မသိပေ။
("ဝါး တကယ့်ကြီး နဂါးနံရိုး ကိုလုပ်ထားတာဟ")ဇိုက် မိမိကိုယ်ထဲမှ မျောက်ကြီး စိတ်ချင်းဆက်စကားပြောသည်ကိုကြားလိုက်ရလေသည်။
("ဘာလဲ မင်းကသိတယ်လား")("ဘယ်လိုပြောလိုက်တာလဲ ငါသိတာပေါ့ ငါအဲ့လိုနဂါးတွေကို ရိုက်သတ်ပြီး အစိမ်းစားလာတဲ့ကောင်ပါကွ မင်းကငါ့ကိုအထင်သေးလိုက်တာ")မျောက်ကြီး မခံချင်စိတ်ဖြင့်ပြောလေသည်။
("မင်းကသိတယ်ဆိုလဲ ပြီးရော ငါပြီးအောင်စားလိုက်ဦးမယ်")ဇိုက် မျောက်ကိုအဖက်မလုပ်ပဲ ဆက်စားမည်အပြု("ဟ..ဟ မဟုတ်ပါဘူး ငါမင်းကိုပြောချင်တာက ငါ့ကိုလည်း အဲ့နဂါးနံရိုးချိုချဥ်ကြော်လေးနည်းနည်းကျွေးပါလားလို့")("ဟ မင်းပဲ နဂါးတွေရိုက်သတ်ပြီးအစိမ်းစားလာတာဆို မင်းကစားဖူးပြီးသားလေ ငါကဘာဖြစ်လို့ကျွေးရမှာလဲ")("ငါ့ကို ကျွေးပါနော် ငါနဂါးကိုအစိမ်းလိုက်စားတာက အန်ခြင်တယ်ကွ ဒါပေမဲ့ ငါ့ကိုအားရှိစေတော့ ငါစိတ်ထိန်းစားရတာလေကွာ ငါ့ကိုနည်းနည်းကျွေးပါနော်")မျောက်ကြီးအဖြစ်ကလည်း အမှန်ပင်။
သူသည် များစွာသော လောကများကို ဖျက်စီးသောင်းကျန်းဖူးသည်။
သို့သော် သူ့သက်တမ်းတစ်လျှောက်၌ယခုကဲ့သို့ မိမိအားစားချင်လာအောင် လုပ်ဆောင်နိုင်သော စားဖွယ်ကိုမမြင်ခဲ့ဖူးမစားခဲ့ဖူးပေ။
(အမှန်က ဖျက်စီးလိုစိတ်များပြားနေသောမျောက်ကြီး၏စိတ်ကို ဆွဲဆောင်နိုင်သောဟင်းရှိဖို့နေနေသာသာ ထိုသို့သော ဟင်းလုပ်ရန်ကြံနေချိန်တွင်မျောက်လက်ချက်ကြောင့် မာလကီးယားကုန်ကြသောကြောင့် မျောက်ကြီး လွှဲခဲ့ရခြင်းဖြစ်သည်။
)လောကတစ်သောင်းကိုဖျက်စီးသော မျောက်ကြီးသည်အစားတစ်လုပ်အတွက် တောင်းပန်နေသည်ကို မျောက်ကြီးသတ်ခဲ့သော နတ်ဘုရားများသည်မြင်မိပါက မျက်ပြူးဆန်ပြူးဖြစ်ကြမည်အမှန်ပင်။
ကြမ်းရမ်းပါသည်ဆိုသောအကောင်ကြီးက ယခုအခါ အစားတစ်လုပ်အတွက် ရုပ်ကြမ်းကြီးနဲ့ နုနေသည်ဖြစ်သည်။
ဒီတစ်အပြောကြောင့် ဇိုက်လည်းသနားသွားပြီဖြစ်သည်။
အစားကောင်းမစားဖူးဆိုပါလား။
အသက်ရှင်သည့်ဘဝတစ်လျှောက်တွင် အစားကောင်းမစားဖူးသူသည် အသက်ရှင်ရကျိုးမနပ်ဟုဇိုက်ကခံယူထားလေသည်။
ထို့ကြောင့် ကျွေးရန်ဆုံးဖြတ်လိုက်လေသည်။
("ငါဘယ်လိုကျွေးရမှာလဲ မင်းကို")("မင်းစားလေကျ အတိုင်းပဲစား ဒါပေမဲ့အရင်ဆုံးမင်းစိတ်ထဲမှာ ငါ့ကိုစားဖို့ခွင့်ပြုတယ် လို့ပြောရမယ်ဒါဆိုရပြီ")ဇိုက်လည်း ပြောသည့်အတိုင်း လုပ်ကာ တစ်လုပ်စားကြည့်လိုက်လေသည်။
တကယ်ပင် မိမိပါးစပ်ထဲသို့ထည့်လိုက်သည်နဲ့ အစားစာသည်ချက်ချင်းပင် ပျောက်ကွယ်သွားကြောင်း သိရသည်။
ပျောက်ကွယ်သွားသော အစားစာကို မျောက်ကြီး စားသုံးလိုက်ခြင်းဖြစ်လေသည်။
(အမလေး ကောင်းလိုက်တာဟ)မျောက်ကြီး သေချာအကျအနကို အရသာခံလိုက်လေသည်။
မိမိသက်တမ်းတစ်လျှောက်တွင် ယခုအစားစာသည် အကောင်းဆုံးဖြစ်ကြောင်း ဝန်ခံပြောရပေမည်။
(ဟ ပြီးတော့ငါ့အစွမ်းတွေပါ တက်လာတာလား)မျောက်ကြီး ပိုပြီးအံသြလာလေသည်။
မိမိသည်နဂါးတစ်ကောင်၏နံရိုးထဲမှ သေးငယ်သော အစိတ်ပိုင်းလေးကို သာစားရသေးသော်လည်း မိမိယခင်ကအစွမ်းတိုးလာရန် နဂါးတစ်ကောင်လုံးကိုအစိမ်းစားသည့်ထက် ပိုအစွမ်းပြည့်ဝကြောင်းခံစားမိလေသည်။
အစွမ်းလည်း ပိုတိုးလာ စားလည်းစားကောင်းနေမှတော့ မကြိုက်သူရှိမည်မဟုတ်ပေ။
စားပြီးရင်း မျောက်ကြီးစားသုံးနေမိလေသည်။
သေချာပေါက်ပင် နဂါးတစ်ကောင်လုံးအစိမ်းစားသည်ထက် ဂျိတ်ချက်ထားသော နဂါးနံရိုးချိုချဥ်ကြော်ကပိုပြီး စွမ်းအားတိုးပွားစေသည်။
နဂါးနံရိုးတောင် သာမန်နဂါးမှမဟုတ် အစစ်မှန်သွေးဆက်ရှိသောနဂါး၏နံရိုးဖြစ်သည်။
ထိုနံရိုးကို ဂျိတ်ကစနစ်ထဲရှိ အကောင်းဆုံးသော အရာများဖြင့်ချက်ပြုတ်ထားရာ မျောက်ကြီး ဂျိတ်၏လက်ရာအောက်တွင်ကျရှုံးသွားပြီဖြစ်သည်။
.("ဟ ဇိုက်ငါ့ကိုကြွေးပါဟ ငါလည်းစားချင်တယ်လေ")မျောက်ကြီး ဆက်လက်မစားရသည်ကဇိုက်ကြောင့်မှန်းသိသည်။
("ဘောလား ပြောတော့ နည်းနည်းဆို င့ါဝေစုတစ်ဝက်လောက် မင်းစားထားတာကွ ငါလည်းစားဦးမယ်ဟ")ဂရိတ်နန်းတော်ထဲတွင်တော့"ရဲမက်တို့ ဂျိတ်ဆိုတဲ့ကောင်ကို ဖမ်းခဲ့ကြစမ်း ဒါဘုရင်ကြီးအမိန့်""ဟုတ်ကဲ့ပါ အမိန့်တော်အတိုင်းပါ"
24
ထိပ်တိုက်တွေ့ဆုံကြခြင်း...ဂရိတ်နန်းတွင်း၌ ဂျိတ်ကိုဖမ်းရန်အမိန့်ပေးလိုက်သူကတော့ မိဖုရားကြီးပင်ဖြစ်လေသည်။
မိဖုရားကြီးသည် ဘုရင့်အမိန့်တော် တံဆိပ်ပြားကိုင်စွဲကာ အမိန့်ပေးခြင်းဖြစ်သောကြောင့် နန်းတွင်းရှိအထူးဖွဲ့စည်းလေ့ကျင့်ထားသော တပ်သားငါးသောင်း သည် ဒီယေဂိုမြို့ဆီသို့ချီတက်လာကြလေသည်။
အထူးတပ်ဖွဲ့ဖြစ်သောကြောင့် အနိမ့်ဆုံးတပ်သား၏စစ်သည်တော်အဆင့်သည်ပင် ငွေအဆင့်နှစ်တွင်ရှိလေရာအတော့်ကိုကြီးမားလှသောတပ်မကြီးဖြစ်သည်ဟုပင်ဆိုနိုင်သည်။
"ဟုတ် တယ် သူ့ကိုဖမ်းပြီး ငါ့ကိုခေါ်လာ ငါသေချာနှိပ်စက်ပြမယ်"ထိုသို့ရူးကြောင်ကြောင်ပြောနေသူကတော့ အိုရစ်ဖြစ်လေသည်။
ပုံရိပ်ယောင်ကမ္ဘာ၌ပိတ်မိနေသည်ကိုဘီတာစစ်သူကြီးပင် သုံးရက်မျှကြိုးစားလိုက်ရလေသည်။
ပုံရိပ်ယောင်မှ လွတ်မြောက်လာပြီဖြစ်သော်ငြားလည်း အိုရစ်၏စိတ်ထဲတွင် ဒဏ်ရာဖြစ်ပေါ်ပြီးမပျောက်ပျက်တော့မည်မှာ အသေချာဖြစ်လေသည်။
အိုရစ်တစ်ယောက် မိမိစိတ်ကို သက်သာလာစေရန်မိမိအားလုပ်သူကို မိမိ၏မယ်တော်ကို ပြောပြလိုက်လေသည်။
ထို့ကြောင့်လည်း မိဖုရားကြီးက ဘုရင့်အမိန့်ဖြင့် နန်းတွင်းအထူးတပ်ကိုပင်သုံးကာဖမ်းဆီးစေသည်။
ဤသည်က သူမသူ၏သားအပေါ်မည်မျှအလိုလိုက်ချစ်မြတ်နိုးကြောင်းကို သိနိုင်လေသည်။
ဒါဆိုဘုရင်ကြီး ဘာလုပ်နေလဲ မေးစရာရှိလေသည်။
ဘုရင်ကြီးသည် ရွှေအဆင့်နောက်ဆုံးသို့ရောက်နေပြီဖြစ်ရာ ပလက်တီနမ်အဆင့်ရောက်ရန်တစ်ကိုယ်တည်းကျင့်ကြံနေသည်ဖြစ်သည်။
တစ်ကိုယ်တည်းကျင့်ကြံနေသည်ဖြစ်ရာ ဂရိတ်တိုင်းပြည်၏လုပ်ပိုင်ခွင့်များကို မိဖုရားကြီးအား အပြည့်ဝပေးအပ်ထားရာ မိဖုရားကြီးမှာ လုပ်ချင်တိုင်းလုပ်ပိုင်ခွင့်ရှိနေသည်ဖြစ်သည်။
ယခုချိန်ဆိုလျှင်ဘုရင်ကြီးကျင့်ကြံနေသည်မှာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။
ပလက်တီနမ် အဆင့်သည် စစ်သည်တော်တိုင်းအားကျရသောအဆင့်လည်းဖြစ်ကာ ခက်ခဲသောအဆင့်လည်းဖြစ်လေသည်။
ရွှေအဆင့်စစ်သည်တော်သည် သက်တမ်းနှစ်ရာခန့်ရှည်လျားကာပလက်တီနမ်အဆင့်စစ်သည်တော်သည် သက်တမ်းသုံးရာ ကျော်အထိနေထိုင်မည်ဖြစ်လေသည်။
ဘုရင်ကြီးသည် သက်တမ်းတစ်ရာ့ခြောက်ဆယ်ရှိနေပြီဖြစ်သည်။
ဆာဗေ့မျိုးနွယ်အတွင်း"သမီး စိတ်လျော့ပါဥိီး"ဆာဗေ့လူမျိုးတို့၏ခေါင်းဆောင်ဘုရင်ကြီးကတာနာရှာကို ဖြောင်းဖျပေးနေလေသည်။
ဟုတ်ပါသည်။
တာနာရှာတစ်ယောက် သားကောင်ဖမ်းသွားသော်လည်း သူသာခံခဲ့ရသောကြောင့် စိတ်ဆိုးနေလေသည်။
သူမလုပ်ကိုင်ခဲ့သော ကိစ္စတိုင်းတွင်ပြီးပြည့်စုံသောအောင်မြင်မှု ကိုသာသူမပိုင်ဆိူင်ခဲ့သည်။
ရရှိခဲ့သည်။
ယခုတစ်ကြိမ်တွင်တော့ သူမရှုံးနိမ့်ခဲ့ရကာ သူမ၏အထူးကိုယ်ရံတော်များလည်းထိခိုက်ခဲ့ရသည်။
ထိုအထူးကိုယ်ရံတော်များကောင်းမွန်လိုပါက အနည်းဆုံး သုံးလမျှကုသရမည်ဖြစ်လေသည်။
ထိုလူများသည် တာနာရှာ၏စစ်တိုက်ခြင်းတွင်အလွန်အရေးပါသော လူများဖြစ်ရာ သူတို့ထိခိုက်ထားသောကြောင့်နောက်ထပ်လှုပ်ရှားမည့်မစ်ရှင်များတွင်အားနည်းချက်များဖြစ်ပေါ်လာရလေသည်။
သမီးဖြစ်သူစိတ်ကျေနပ်စေရန် နတ်ဆရာမကိုမေးရန်အကြံဖြစ်ပေါ်လာလေသည်။
ထို့ကြောင့် ဘုရင်ကြီးနဲ့ တာနာရှာသည် နတ်ဆရာမကြီးကို မေးရန်ဆုံးဖြတ်လိုက်ကြလေသည်။
နတ်ဆရာမကြီးသည် သူတို့မျိုးနွယ်ထဲတွင် အဆင့်တန်းမြင့်သောနေရာတစ်ခုကိုပိုင်ဆိုင်ထားလေသည်။
နတ်ဆရာမကြီး၏ကြိုတင်ဟောကိန်းများကြောင့်လည်းဆာဗေ့မျိုးနွယ်များ ယခုချိန်ထိရှင်သန်နေနိုင်ကြဆဲဖြစ်လေသည်။
နတ်ဆရာမကြီးဆီရောက်တော့ တာနာရှာသိလိုသောအရာကိုမေးလိုက်လေသည်။
နတ်ဆရာမကြီးသည် အသက်ရှစ်ဆယ်ရှိကာ အိုမင်းရင့်ရော်နေသော်ငြားလည်း စိတ်ဓာတ်ပြင်းထန်သောမျက်လုံးကိုပိုင်ဆိုင်ထားခဲ့ဖြစ်သည်။
လူရိုင်းတို့၏ဝတ်ဆင်လေ့ရှိသောအဝတ်စားကိုဝတ်ဆင်ကာ သူ၏နတ်ဆရာမျးဝတ်ဆင်လေ့ရှ်ိသောနတ်ဆရာဆောင်ယောင်များကိုလည်းဆင်မြန်းထားလေသည်။
သူမ၏လက်တွင် တိရစ္ဆာန်အရိုးခေါင်းပါရှိသောတုတ်ကောက်ကြီးကို ကိုင်စွဲထားလေသည်။
တာနာရှာမေးသည်နဲ့ နတ်ဆရာမကြီးကလည်း တာနာရှာမေးသောအကြောင်းရာကိုနားထောင်လေသည်။
တာနာရှာသည် ဂျိတ်ကို ဘယ်လိုအနိုင်ယူရမည့်နည်းကိုမေးရာ နတ်ဆရာမကြီးက ဂျိတ်ကိုသူမတွေ့ခဲ့သည့်အတိုင်း ပြောပြရန်မေးလေသည်။
တာနာရှာကလည်း ပြောပြသည်။
တာနာရှာပြောပြပြီးသည်နဲ့ နတ်ဆရာမကြီးလည်း စတင်ဟောရန်နတ်ကိုဆင့်ခေါ်လိုက်လေသည်။
"ကျမကိုးကွယ်အားထားရပါသော နတ်ကြီး ကျမကိုနောက်တစ်ဖန် အမြင်ဓာတ်ဖွင့်ပေးတော်မှုပါ"သူမ၏တုတ်ကောက်ကြီးကို မီးပုံဆီသို့ညွှန်ပြကာဂါထာမန္တန်များမန်းမှုတ်သည်။
ဂါထာမန္တန်များမန်းမှုတ်ပြီးသည်နဲ့ မီးတောက်ထဲရှိအရောင်များသည်ပြောင်းလဲ လာသည်ကို တွေ့ရသည်။
ထိုပြောင်းလဲမှုကိုနတ်ဆရာမကြီးက စတင်တွက်ချက်လေသည်။
"နတ်ဆရာမကြီး သမီးကို အခြေနေဘယ်လိုဆိုတာပြောပြလို့ရပြီလား"တာနာရှာနဲ့ ဘုရင်ကြီးသည် နတ်ဆရာမကြီး၏ပြောမည်ကိုစောင့်နေကြလေသည်။
ထိုစဥ် နတ်ဆရာမကြီးရှေ့က မီးမွေးထားသောမီးပုံကြီးသည် စူးစူးဝါးအော်မည်ကာ ချက်ချင်းငြိမ်းသွားလေသည်။
ငြိမ်းသည်ပုံက ရေလောင်း၍ငြိမ်းသည်ထင်ပင်မြန်ဆန်လေသည်။
ရေလောင်းပါက မီးခိုးငွေ့များထွက်နိုင်သေးသည်ယခုအခါကမီးခိုးငွေ့ပင်မထွက်လိုက်။
"တာနာရှာ မင်းတော့ကံကောင်းတယ်ပြောရမယ်ချက်ချင်းသူ့ကိုသွားတောင်းပန်ပြီးတော့ ငါတို့မျိုးနွယ်ဆီကိုခေါ်လာလိုက်""ဘာ ကျမမလုပ်နိုင်ဘူး"တာနာရှာ လိုချင်သည်က ဂျိတ်ကိုနိုင်မည့်နည်းလမ်းနတ်ဆရာမပေးလိုက်သည်က သွားတောင်းပန်ရန်ဆိုတော့သူမဘဝင်မကျပေ။
"နင်ဘာသိလို့လဲ ငါတို့မျိုးနွယ်က ဂရိတ်လိုနိုင်ငံကိုတောင်မနိုင်တာ ကျန်တဲ့နိုင်ငံတွေကို တော့ပြောမနေနဲ့""သမီး အစီစဥ်နဲ့ဆို အောင်မြင်မှာပါ နတ်ဆရာမကြီးရယ် သမီး""တော်စမ်း"နတ်ဆရာမကြီးဒေါသထွက်သွားလေပြီဖြစ်သည်။
နတ်ဆရာမကြီးဒေါသထွက်သွားသည်ကို ကြည့်ကာဆာဗေ့ဘုရင်ကြီးလည်း အံသြရသည်။
နတ်ဆရာမကြီး ဒေါသထွက်သည်ကို တစ်ခါမှမမြင်မိဖူးပေ။
အဘယ်ကြောင့် ဂျိတ်အကြောင်း သမီးငြင်းတော့ဒေါသထွက်ရသနည်း။
အကြောင်းတော့ရှိလိမ့်မည်။
"တာနာရှာ နင်က ငယ်သေးတယ် ဘာမှမသိသေးဘူး နင်က ဂျိတ်ကို နိုင်မယ်ထင်နေတာလား ပြီးတော့နင့်အစီစဥ်တိုင်းဆို ဂရိတ်နိုင်ငံကိုသိမ်းချင်သိမ်းနိုင်မယ် ဂျိတ်ကိုမနိုင်ဘူးသိလား""ဘာလို့လဲ ဆိုတော့ ဂျိတ်ကသာမန်လူမဟုတ်ဘူးနတ်ဘုရားပြန်ဝင်စားတာပဲ""ဘာ"ဒီတစ်ခါတော့ သားအဖနှစ်ယောက် အံသြရသည့်အကြိမ်ဖြစ်လေသည်။
"တာနာရှာ ဂျိတ်ကနင့်အဖွဲ့က်ိုအသေ မသတ်တာကိုက ကံကြီးနေပြီ ဒါကပထမအကြိမ်မို့ သူကသတိပေးတာဖြစ်မှာနင်မြင်ခဲ့သူနောက်က လူကြီးကသူရဲ့စိတ်ဝိညာဥ်ဟဲ့ ဘယ်သူစိတ်ဝိညာဥ်က အဲ့လောက်ကြီးမယ်ထင်နေလို့လဲ ပလက်တီနမ်အဆင့်ရောက်တဲ့သူရဲ့ စိတ်ဝိညာဥ် တောင် သူ့ရဲ့ စိတ်ဝိညာဥ်အရွယ်ရဲ့လက်သီးလောက်ကြီးရင်ကိုအစွမ်းထက်တယ်ပြောလို့ရတယ်သိလားသူ့ကိုတောင်းပန်ခဲ့ မဟုတ်ရင်ငါ့ကိုနောက်တစ်ခါလာမတွေ့ပါနဲ့"(တာနာရှာ လုံးဝတုန်လှုပ်သွားလေသည်။
နတ်ဆရာမပြောပုံအရဆိုလျှင် ဂျိတ်၏တကယ့်အစစ်မှန်စွမ်းအင်သည် ပလက်တီနမ်ထက်မြင့်နိုင်လေသည်။
ပြီးတော့ နတ်ဘုရားဝင်စားသူဆိုပါလား)တာနာရှာ စိတ်ထိခိုက်သွားသဖြင့်ဆာဗေ့ ဘုရင်ကြီးကိုယ်တိုင်ချော့နေရသည်။
နှစ်ရက်ခန့်ကြာသော် ဆာဗေ့တို့၏အင်အားတစ်သိန်းပါသော တပ်ကြီးသည်ဒီယေဂိုမြို့သ်ို့ ချီတက်လာကြလေသည်။
နန်းတွင်းတပ် ဆာဗေ့တပ်များ ချီတက်နေချိန်တွင် ဂျိတ်ကတော့သမီးဖြစ်သူနဲ့ ကစားလိုက် ဟင်းကောင်းချက်ကျွေးလိုက် ဇိုက်နဲ့ခွေးက်ိုလေ့ကျင့်ပေးလိုက်ခြင်းအချိန်ကုန်ဆုံးနေလေသည်။
ဂျိတ်ချက်သောဟင်းအနံကြောင့် ဒီယေဂိုမြို့သားများခဗျာလည်း အနံသာရ၍မစားရသောကြောင့် စိတ်ဓာတ်ကျနေကြသည်။
မနက်ခင်းရောင်နီလာချိန်..."အင်း ဝဠ်ကြွေးဆိုတာကို ဒါမျိုးထင်ပါရဲ့"ဒီယေဂိုမြို့စားကြီး မနက်ရောက်တိုင်းဟင်းရနံက်ိုအနံခံရသည်မှာလည်း အမောပင်။
မစားရသည့်အတူအနံလေးတော့ရှုမယ်ဆိုသည့်လူစားမျိုးပင်။
"ဟို က တအိအိကြီးကဘာတွေလဲဟ"မြို့ပြင်ဘက်က လှုပ်ရှားနေသည်များကိုကြည့်မိသည်။
"ဟ ငလူးချကုန်တော့မှာလားဟ ငါ့မြို့တော့ ကုန်ပါပြီ"မြို့စားကြီး မြင်နေရသည်ကတော့ မြို့ပြင်တွင်အရောင်ဝါတောက်ပနေသော ဂရိတပ်မကြီးနဲ့ တပ်မကြီး၏တစ်ဖက် အင်အားများပြားသော ဆာဗေ့တို့၏တပ်ကြီးပင်ဖြစ်လေသည်။
ရန်သူတို့များ ဂျိတ်ဆိုသောသူကြောင့် ထိပ်တိုက်ရင်ဆိုင်တွေ့ကြ ကုန်ပြီဖြစ်လေသည်။