← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

25

မမျှော်လင့်သောအခြေနေများဒုန်း...ဒုန်း....."ဘာတွေဖြစ်နေတာလဲ ဟ"ဂျိတ်တစ်ယောက် သာမဟုတ် ဇိုက်နဲ့ခွေးလေးပါတွေးတောနေကြလေသည်။

အသံကြီးကား တဖြေးဖြေးနဲ့ ကျယ်ကျယ်လာလေဖြစ်သည်။

မြေတစ်ခုလုံး တုန်ဟီးသွားပြီးအချိန်တစ်ခုကြာမှ ကျယ်လောင်နေသောအသံကြီးသည် ရပ်တန့်သွားကြလေသည်။

"ဟ ဂရိတ်စစ်တပ်နဲ့ ဆာဗေ့တပ်ကြီးပါလား ဆော်ကုန်ကြမလို့လား"ဒီအတွေးက ဂျိတ်နဲ့ ဒိီယေဂိုမြို့သားများ၏အတွေးသာဖြစ်လေသည်။

သာမန်လူများကတော့ မြင်ယုံနဲ့ပင် ဖျားချင်စိတ်ပေါက်လာနိုင်ကာ ကြောက်လန့်နိုင်စေသည်။

"ဖီဖီ ဘာဖြစ်နေတာလဲဟင် မီးမီးလန့်တယ်""ဘာဖြစ်ပါဘူးသမီးရယ် အဖေ့ရှိနေတာကို ဘယ်သူမှကိုကြောက်စရာမလိုပါဘူး""ဝုတ်..ဝုတ်....."ခွေးမိုက်ကယ်ကလည်းထောက်ခံလိုက်သည်။

အရောင်အဝါတောက်ပနေသော ဂရိတ်နိုင်ငံ၏ တပ်နဲ့ ဆာဗေ့တပ်ကြီးက မိမိတို့မြို့အပြင်၌ ရင်ဆိုင်ရပ်နေကြသည်ဖြစ်သည်။

(နေပါဦးဟ ဒီတပ်က နန်းတွင်းအထူးတပ်ကြီးမဟုတ်ဘူးလား)မြို့စားကြီး ပို၍ အံသြနေလေသည်။

မိမိကြားရုံကြားဖူးသော တပ်ကြီးသည် ယခုအခါမိမိမျက်စိရှေ့မှောက်၌ ရောက်ရှိနေပြီဖြစ်သည်။

အဆင့်မြင့်လှသော ချပ်ဝတ်တန်ဆာများ အရောင်ဝါတောက်ပနေသော လက်နက်များက ဂရိတ်နိုင်ငံ၏အဆင့်တန်းကိုဖော်ပြနေလေသည်။

တစ်ဖက်တွင်လည်းကြ က်တစ်ကောင်လေထဲမှ ဆာဗေ့များကြားထဲပြုတ်ကျလျှင်ပင် မြေကြီးနဲ့မထိနိုင်လောက်အောင် ပြည့်ကျပ်စွာချီတက်လာသော ဆာဗေ့တို့က်ို မြင်နေရလေသည်။

ဒီတစ်ခါသမိုင်းဝင်တိုက်ပွဲ ကြီးဖြစ်တော့မှာလားဘယ်သူနိုင်မလဲ။

အင်အားများသော ဆာဗေ့လားဂရိတ်အထူးတပ်မကြီးလား ဟုတွေးနေကြသည်။

ထိုသို့ တပ်နှစ်ခုရင်ဆိုင်တွေ့ဆုံခြင်းသည် တိုက်ဆိုင်မှုဖြစ်ကြောင်းကိုတော့ သိကြမည်မဟုတ်ပေ။

ဂရိတ်နိုင်ငံအထူးတပ်ဖွဲ့၏ရှေ့သို့ ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ယောက်က ထွက်လာလေသည်။

ထိုသူသည် ရွှေအဆင့်ခြောက်၌ရှိသော မက်စ်ဖြစ်သည်။

မက်စ်သည် ဂရိတ်နန်းတွင်းအထူးတပ်၏စစ်သူကြီး လည်းဖြစ်လေသည်။

သူသည်ရွှေရောင်စာလိပ်ကိုဖြေကာ သူ၏အသံကို အတွင်းအားထည့်ကာ အော်ဟစ်လိုက်လေသည်။

"စန်တီရေဂိုမိသားစုမှနှင်ထုတ်ခြင်းခံရသောကြောင့်ဒီယေဂိုမြို့၌နေထိုင်နေသော ဂျိတ် ဒီအမိန့်က်ိုကြားသိစေ သင်သည် ဂရိတ်အိမ်ရှေ့မင်းကိုပြင်းထန်သောလုပ်ကြံမှုလုပ်ဆောင်ခဲ့ပါသည် ဒါကြောင့် ဂရိတ်ဘုရင်မင်းမြတ်၏အမိန့်တော်အရကြီးလေးသောပြစ်ဒဏ်ကိုပေးမည်ဖြစ်သည်ဂျိတ်အခုချက်ချင်း အမိန့်ကြားပါက ရှေ့တော်မှောက်အရောက် လာရောက်ကာ ဦးညွတ်ကာအပြစ်ဒဏ်ကိုလာရောက်ခံယူပါ"အမိန့်ကဒီယေဂိုမြို့တစ်ခုလုံးမက ဆာဗေ့တို့ပါကြားလိုက်ရလေသည်။

(ဟနေပါဦး....သူတို့ချကုန်မှာမဟုတ်ဘူးလား ဘယ်နှယ့်ဂျိတ်ကို အပြစ်ဒဏ်ပေးဖို့ပြောနေတာလားဟ ငါ့လခွီးတယ်မှ)(ဂျိတ်ဆိုတဲ့ကောင်ကလည်း အိမ်ရှေ့စံကိုလည်းတီးတယ်ပေါ့သူဘယ်သူလဲတော့ငါမသိဘူး ဒါပေမဲ့တီးရဲတဲ့သူ့စိတ်ဓာတ်ကိုတော့လေးစားတယ် သူကအကောင်ကြီးတယ်ဘာညာ မထားဘူးပဲ)(လိ့ မင်းတို့ကငါတို့ဆာဗေ့ကို လာတိုက်တာမဟုတ်ဘူးလား နေပါဦး ဂျိတ်ကိုလာအပြစ်ပေးတာလား)ဒီယေဂိုမြို့သားနဲ့ဆာဗေ့တို့ကြားမိသူတိုင်းပြာယာခတ်ကုန်ကြလေသည်။

"ကဲ ဒီတစ်ခါ ပြောမှာကတော့ ဆာဗေ့ကပါ"ဆာဗေ့လူရိုင်းကြီးကလည်း ကျယ်လောင်စွာအော်ပြောလိုက်လေသည်။

သူလည်းသူ၏စာလိပ်ကိုထုတ်ကာ ဖြေလိုက်လေသည်။

"ဟေ့ကောင်တွေ ငါတို့ကို မမြင်ချင်ယောင်ဆောင်တာလားဟ မင်းတို့ဆာဗေ့က""တိတ်စမ်း ဂရိတ်ကလူနွံတွေ ဒီတစ်ခေါက်လာတာမင်းတို့နဲ့တိုက်ဖို့မဟုတ်ဘူး ငါတို့လဲ ပြောစရာရှိလို့လာတာ ""လာမင်းတို့ကပြောစရာရှိသေးတယ်ဟုတ်လား ဆာဗေ့တွေ""အဲ့တော့မကျေနပ်လဲ လဲသေလိုက်"လူရိုင်းကြီးသည် အကောင်ကြီးသလောက် လျှာစောင်းလည်းထက်လှလေသည်။

"တောက်"ဂရိတ်တပ်တစ်ခုလုံး တောက်ခေါက်ကုန်ကြလေသည်။

နှစ်ဖက်လုံးမှ တစ်ဖက်နဲ့တစ်ဖက်အသေကျေချကုန်ကြမည်ထင်သော်လည်း နှစ်ဖက်လုံးက ပြောစရာရှိတာ ပြောနေကြသည်။

နည်းနည်းကတောက်ကဆဖြစ်သည်နဲ့ တီးကြရန် နှစ်ဖက်လုံးကအသင့်ဖြစ်ပြီးသားဖြစ်လေသည်။

"ပြောစရာရှိရင်ဒီတိုင်းလာလေ လိ့မို့လ်ို့ မင်းတို့တစ်မျ်ိုးလုံးခေါ်လာရသလား""အေး ငါလည်းပြောချင်နေတာလူတစ်ယောက်လေးကို အပြစ်ဒဏ်မိန့်လာချတာကလဲ တောက်တောက်ပြောင်ပြောင်တွေ တပ်ရင်းတစ်ခုဝတ်ပြီးလာရသလားကွ "နှစ်ဖက်လုံးစကားစစ်ထိုးနေကြလေသည်။

တကယ့်တမ်းတိုက်ကြပါကလည်း ဂရိတ်တို့တပ်ရင်းလဲမလွယ်နိုင်သလို ဆာဗေ့တို့ဖက်ကလဲ မလွယ်ပါ။

အင်အားအရကြည့်လျှင် ဂရိတ်အထူးတပ်ကငါးသောင်းသာရှိ၍ ဆာဗေ့တို့ကတစ်သိန်းမျှရှိသည်။

စွမ်းအားရဆိုလျှင်ဂရိတ်တပ်မှ အဆင့်မြင့်စစ်သည်ပိုများနေသည်က အမှန်ပင်ဖြစ်လေသည်။

တိုက်ခိုက်ပါကနှစ်ဖက်လုံး အထိခိုက်များနိုင်ရာစကားချင်းသာစီးချင်းထိုးနေကြလေသည်။

"တော်ပြီ ငါပြောစရာရှိတာပြောမယ် ဆာဗေ့ဘုရင်ကြီး၏အမိန့်တော်"ထိုအသံကြောင့် ဂရိတ်အထူးတပ်များနဲ့မက်စ်လည်းငြိမ်သက်သွားလေသည်။

ဆာဗေ့ဘုရင်ကြီးသည်အကျိုးကြောင်းမရှိပဲ မလုပ်ဆောင်တတ်ပေ။

ခုအခါ၌လူတစ်သိန်းခေါ်ရလောက်အောင် မည်သည့်အဖြစ်ကရှိနေသနည်း။

ဒီအတွေးက ဂရိတ်အထူးတပ်၏အတွေးဖြစ်လေသည်။

"ကျွန်ုပ်ဘုရင်ကြီး၏သမီးတော်လေးတာနာရှာသည်ဆရာသခင်ဂျိတ်အား အပြစ်ပြုခဲ့ကြောင်း ကျွန်ုပ်ကြားသိရပါသည်။

ထို့ကြောင့် ကျွန်ုပ်သည်သမီးတော်အားထိုက်တန်သောအပြစ်ပေးပြီးဖြစ်ပါသည်ထို့နောက် ဆရာသခင်ဂျိတ်အား တောင်းပန်ရန်အလို့ငှာ ကျွန်ုပ်၏တစ်သိန်းတပ်မကြီးနဲ့လာရောက်တောင်းပန်အပ်ပါသည်။

ဆရာသခင်ဂျိတ်တောင်းပန်သည်ကို လက်ခံပါက ကျွန်ုပ်တပ်မကြီး၏ပင့်ဆောင်မှုနဲ့ ဆာဗေ့မျိုးနွယ်သို့ အလည်လာပေးပါ"("ဟ လခွမ်း ဂျိတ်ဆိုတဲ့ကောင်ကဘာလား ဟအစောကဂျိတ်ကတော့ အပြစ်ပေးခံရတယ် ဒီဂျိတ်ကတော့ တော်ရုံတောင်မဟုတ်ဟေ့ ဆာဗေ့ဘုရင်ကြီးကတောင် ဒီလိုတောင်းပန်ရတယ်ဆိုတော့")မက်စ်လည်း နောက်တစ်ခေါက်ထပ်မံအော်လေပြန်သည်။

ဂျိတ်လာရောက်အပြစ်ခံရန် ကိုထပ်မံပြောပြန်လေသည်။

သူပြောတာမကြားလို့လားထင်၍ သုံးကြိမ်အထိ အော်ပြောလိုက်လေသည်။

ဆာဗေ့ကလည်း အားကျမခံ တောင်းပန်ပြီးဖိတ်ခေါ်သည့်အကြောင်းကို သုံးကြိမ်အထိဖတ်ပြလေသည်။

သို့သော် ဂျိတ်ဆိုသောသူ၏ပြန်ကြားသံကမကြားရ။

ဒီတော့ ဂရိတ်အထူးတပ်မှ မက်နဲ့အမိန့်အော်သူဆာဗေ့လူရိုင်းကြီးတို့ စကားပြောကြလေသည်။

"ဟေ့ကောင် ဆာဗေ့ မင်းတို့ဂျိတ်ကဘယ်သူလဲ ကွ""ငါလဲ မေးချင်တာ မင်းတို့အပြစ်ပေးချင်တဲ့ဂျိတ်ကကောဘယ်သူလဲ နာမည်တူချင်တူနေမှာ""ငါ့မှာပုံတူရှိတယ် မင်းမှာကော ""ငါ့မှာလည်းရှိတယ် အတူတူပြမယ် ""တစ်နှစ်သုံး "နှစ်ဖက်လုံးတစ်ပြိုင်တည်းပြလိုက်လေသည်။

ပုံတူစာလိပ်များပြေကျသွားသည်နဲ့ထိတ်လန့်မှုများက တစ်ပြိုင်တည်းထွက်ပေါ်လာလေသည်။

(ငလူး အတူတူပဲဟနာမည်တင်တူတာမဟုတ်ဘူးလူလဲအတူတူဟ")(ဟဘယ်လ်ိုတွေလားဟ လခွမ်း).သူတို့အံသြမြင်သက်နေတုန်းအသံကြီးတစ်ခုဟိန်းထွက်လာလိုက်လေသည်။

"ဆာဗေ့ကလူ မင်းတို့တောင်းပန်ပြီးဖိတ်တာက်ိုငါလက်ခံတယ် ဟိုဂရိတ်တပ်ကအပြစ်ပေးမယ်ဆိုတဲ့ကောင် ငါ့စကားသေချာနားထောင် ယီးပဲလို့"

26

အပြစ်ပေးခြင်း"ဟ ဘယ်လို ဘာ..."ထိုသို့ပြန်ကြားမှည်ဟုမထင်မိသော လူများအနေဖြင့်အထူးဆန်းဖြစ်လေကြလေသည်။

("ဟ ဒဲ့ဆော်တာဟ လခွမ်း")ဂျိတ် ထိုသို့အော်ပြောလိုက်ခြင်းသည် အမှန်တိုင်းပြောဆိုလိုက်ခြင်းဖြစ်လေသည်။

မိမိဖက်မှမှားကြောင်းဝန်ခံကာ လာရောက်ကြိုဆိုသောဆာဗေ့တို့က်ို ခွင့်လွတ်ကြောင်းပြောဆိုလိုက်လေကာ မိမိကလည်းမှားသေးသည် တောင်းပန်ခြင်းလည်းမပြုပဲအပြစ်ဒဏ်ပါပေးရန် ကြံနေသည်ကိုတော့ ဆဲရေးတိူင်းထွာပေးလိုက်လေသည်။

အဲ.... မဆဲခင်လေးတော့ ဂျိတ်အနေဖြင့် သမီးဖြစ်သူမကြားစေရန် အစီရင်လုပ်ပြီးမှသာ ဆဲလိုက်ခြင်းဖြစ်သည်။

ဂျိတ်ပြန်ကြားမှုကြောင့် တုံပြန်သောဘက်ကနှစ်ဘက်ကွဲ ပြားသွားလေသည်။

လက်ခံသည်ဟုအပြောခံရသော ဆာဗေ့တို့က မော်မော်ကြွားကြွားဖြစ်ကြ ကာ အပြစ်လာပေးသော ဂရိတ်တပ်ကြီးတော့ ချီးမှန်သည့်စာသူငယ်ပမာ မျက်နှာငယ်နေပြီဖြစ်လေသည်။

ထိုသို့ပြောရဲသောဂျိတ်ကို ဒီယေဂိုမြို့သားများကြည့်ရှုကြလေသည်။

ယခုချိန်၌ဂျိတ်သည် သန့်သန့်ပြန်ပြန့်ရှိကာ မင်းသားတစ်ပါးအသွင်ရှိလေသည်။

တည်ကြည်လှသော ရုပ်ဥပဓိကလည်းရှိ စူးရှထက်မြက်သော မျက်လုံးများကိုလည်းပိုင်ဆိုင်ထားသည်။

ယခင်ပုံစံနဲ့ကွဲထွက်နေရာ ဒီယေဂိုမြို့သားများလည်း မိမိတို့၌နေခဲ့သော ဂျိတ်ဟုပင် မထင်မှတ်မမှတ်ကြပေ။

ယောကျာ်းပီသသော အသွင်ပြင် ရုပ်ရည် ဝတ်စားဆင်ယင်ပုံကြောင့်ဂျိတ်ကရိုင်းစိုင်းစွာပြောတတ်ပါသည်ဟုပြောလျှင်ဂျိတ်ပြောသည်ကိုမမှီမကြားလိုက်ကြသည့်လူများကတော့ ဘူးခံငြင်းမည်ဖြစ်သည်။

"ဒါဆို ဆရာသခင်ဂျိတ် ကျနော်တို့နဲ့လိုက်ခဲ့ပေးပါလား""ငါမအားသေးလို့ မင်းတို့နဲ့ ပြန်မလိုက်သေး မင်းတို့ဘာသာပြန်ကြငါနောက်ကျရင် လာလည်မယ်လို့တော့ဘုရင်ကြီးကိုပြောလိုက်ကြားလား""ကောင်းပါပြီ"ဂျိတ်တောင်းဆိုမှုကြောင့် အင်အားတစ်သိန်းမျှရှိသော ဆာဗေ့တို့သည် တပ်ခေါက်သွားကြလေသည်။

ထိုအခါ ဂျိတ်နဲ့ဂရိတ်နန်းတွင်းအထူးတပ်တို့သာကျန်ရှိတော့သည်ဖြစ်သည်။

"ကဲ ခင်ဗျားတို့လဲ ပြန်တော့ ကျုပ်ကိုအပြစ်ပေးဖို့ကြံမနေနဲ့ ကျုပ်စိတ်ကောင်းဝင်နေတုန်းပြန်ပါ ""အပြစ်သားဂျိတ် မင်းကဆာဗေ့တွေကြောက်ရအောင်ဘာလုပ်လဲတော့ငါမသိပင်မဲ့ မင်းအနေနဲ့အပြစ်ရှိတယ် အပြစ်ဒဏ်လာခံယူပါ"မက်စ်ကတော့ ဆက်လက်ပြောကြားနေဆဲဖြစ်သည်။

ကြာတော့ဂျိတ်လဲ သည်းခံနိုင်စွမ်းမရှိတော့။

"ခင်ဗျားက ကျုပ်ကိုအပြစ်သားလို့ပြောနေရအောင်ကျုပ်ကအိမ်ရှေ့စံက်ိုဘာလုပ်ခဲ့လို့လဲ သူဆံပင်မွေးတစ်မွေးပျက်စီးအောင်လုပ်ခဲ့လား သူ့ကိုတုတ်နဲ့အရိုးကျိုးအောင်ရိုက်ခဲ့လို့လား ပြောပါဦး"ထိုစကားလုံးများကို ဂျိတ်ထုတ်ပြောလိုက်ချိန်တွင်မက်စ်နေနဲ့စဥ်းစားရခက်ကာ တုံပြန်ရန် တုံဆိုင်းနေမိလေသည်။

"အိမ်ရှေ့မင်းသား ကအဲ့လိုမဖြစ်ခဲ့ပါဘူး"(ဟ ငါပါးစပ်ကဘယ်လိုတွေထွက်ကုန်တာလဲ)မက်စ် ကိုယ့်ကိုယ်ကို အံသြမိလေသည်။

ထိုသို့ဖြစ်ရခြင်း၏အဓိက တရားခံမှာလည်း ဂျိတ်ပင်ဖြစ်လေသည်။

ဂျိတ်စကားပြောရာတွင် ဒီအတိုင်းပြောလိုက်ခြင်းမဟုတ် တစ်ဖက်သားကို အမှန်တိုင်းဝန်ခံသောအော်ရာအစွမ်းကို မိမိစကားလုံးများဖြင့် ပျံနှံစေလိူက်ခြင်းဖြစ်လေသည်။

ထို့ကြောင့် ထိုအစွမ်းများရောနှောသောစကားသံများကို ကြားသည်နဲ့ ကြားသူသည် အမှန်တိုင်းဝန်ခံထုတ်ပြောမည်ဖြစ်လေသည်။

"ပြီးတော့ အိမ်ရှေ့စံဆီကကျုပ် ပစ္စည်းခိုးလို့လား""မခိုးပါဘူး""အေးလေ ဒါဆို ကျုပ်ကသူ့ဆီက ပစ္စည်းမခိုးထိခိုက်အောင်လည်းမလုပ်ခဲ့ဘူးလေ အဲ့ဒါကိုအပြစ်သားဖြစ်ရောလား တောက်တီးတောက်တဲ့ဗျာ"ဂျိတ်ပြောသမျှကို ဒီယေဂိုမြို့သားနဲ့ တပ်သားများလည်း ဒီအတိုင်းကြားနေရလေသည်။

ထိုသို့ကြားအောင်လည်း ဂျိတ်က တမင်ကြားအောင် ပြောနေခြင်းဖြစ်လေသည်။

ဂျိတ်စကားပြောရာတွင်သူ၏အသံသည် မကျယ်လွန်းမတိုးလွန်းပေ။

သို့သော် အဝေးဆုံးရောက်နေသောတပ်သားများပင် ဂျိတ်ပြောသည့်စကားတိုင်းကိုရှင်းလင်းပြတ်သားစွာ ကြားရသည်ဖြစ်လေသည်။

"အေးလေ ဘာမလုပ်ပဲ နဲ့ ဂျိတ်ကအပြစ်သားဖြစ်ရောတဲ့လား""ဟုတ်ပ ဒါကတော့လွန်တာပေါ့"ဒီယေဂိုမြို့သားများ နဲ့တပ်သားများစကားသံကြောင့်မက်စ်မျက်နှာကြီးနီရဲလာလေသည်။

"တိတ်ကြစမ်း"" ဒီမှာအပြစ်သားဂျိတ် မင်းအဲ့လိုမလုပ်ဘူးဆိုပင်မဲ့အိမ်ရှေ့စံကသုံးရက်လောက်စိတ်ထိခိုက်ပြီး ဝေဒနာခံစားရခဲ့တာကွာ ဒါကြောင့် မင်းအပြစ်ခံရမယ်""ဒီမှာ ခင်ဗျားပြောသလိုဆို အိမ်ရှေ့စံက ကျုပ်ကြောင့်စိတ်ထိခိုက်ပြီးသုံးရက်လောက် ခံစားရတယ်ဆို ဘယ်နှယ်ဗျာ အဲ့လိုရှိသေးလို့လားကျုပ်ပြောလို့ဘယ်လူကလွယ်လွယ်လေးစိတ်ထိခိုက်ပြီး သုံးရက်လောက်ခံစားနေလို့လဲ မဟုတ်မှလွှဲရော အိမ်ရှေ့စံက ခြောက်ပြီးဓမ္မတာလာလို့ စိတ်နုနုထွတ်ထွတ်လေးဖြစ်နေတာလား""အေးဟ ဂျိတ်ပြောတာလဲ မမှားဘူးဟ အေးလေဘယ်ယောကျာ်းလေးကစကားအပြောနဲ့စိတ်ထိခိုက်ကြလို့လဲ အေးလေ"ဂျိတ်၏စကားက မက်စ်ကို မျှားတစ်စင်းပမာတည့်တည့်ထိသွားလေသည်။

ပွဲတိုင်းနွှဲလာရသော်လည်းဒီတစ်ခေါက်တော့ ဖိနှိပ်ခံနေရသည်။

မိမိရှေ့ကကောင်က လျှာစောင်းထက်လှသည်။

သူပြောမှဂရိတ်အိမ်ရှေ့စံလည်း ခြောက်ရပြီဖြစ်သည်။

အပြစ်ကမပေးနိုင်သေး အိမ်ရှေ့စံသတင်းက ဒီတိုင်းဆိုလျှင် နိုင်ငံတစ်ဝှမ်းပြန့်ကာ အိမ်ရှေ့စံသိက္ခာကျမည်ဖြစ်သည်။

ထိုအကြောင်းကို စစ်ဆေးလျှင် မိမိကြောင့်ဖြစ်သည်ပေါ် အပြစ်ပေးခံမည့်အဖြစ်ကိုပါ မက်စ်တွေးမိသွားသည်။

မိမိသည်ဂျိတ်ကို အတင်းကြပ်အပြစ်ပေးမည်ဟုဆုံးဖြတ်လိုက်လေသည်။

ဒီယေဂိုမြို့မှလူများကြီးကြည့်နေသည့်ကြားမှ အတင်းလုပ်မည်။

မြို့သူမြို့သားများ ကဲရဲ့လည်း ပြသနာမရှိ မိဖုရားကြီးအလိုပြည့်အောင်ဖြည့်ပေးမည်ဟု မက်စ်ဆုံးဖြတ်လိုက်သည်။

(ပြောရမည်ဆိုလျှင် မက်စ်သည် ကြည့်နေသောလူများကို မျက်ကွယ်ပြုကာ မိမိဖြစ်လိုသောအရာကိုသာငတေမာစိတ်ဖြင့်ပြုလုပ်လေတော့သည်။

"ဘုရင့်အမိန့် အပြစ်သားကို ချုပ်နှောင်စေ"ဘုရင့်တံဆိပ်ပြားကို မက်စ် ကောင်းကင်ပေါ်ပြလိုက်သည်နဲ့ ရွှေရောင်အဆင်းရှိ သံကြိုးများကလေထဲတွင် ဖြစ်တည်လာကာ ဂျိတ်ကို ဖမ်းချုပ်လိုက်ကြလေသည်။

ဂျိတ်ဖမ်းချုပ်ခံရသည်ကို မက်စ်ကြည့်ကာ ပြုံးမိသည်။

ဒီလောက်စွာသောကောင်ကို မိမိဖမ်းဆီးထားပြီးမဟုတ်ပါလား။

"ဟ ဒါမတရားဘူးလေ အပြစ်ရှိကြောင်းမပြနိုင်ဘဲအတင်းချုပ်တာလေ"ထိုသို့သော စကားသံများကို မက်စ်မျက်ကွယ်ပြုထားလေသည်။

ဂျိတ်ကလည်း မက်စ်ကိုသာစိုက်ကြည့်နေလေသည်။

မည်သို့မျှတုံပြန်ပြောဆိုခြင်းမရှိသေးပေ။

ဘုရင့်အမိန့်တွင်ပါသည်က ဂျိတ်ကိုခေါ်ဆောင်လာရန်သာဖြစ်လေသည်။

သို့သော် မက်စ်ကအလွှဲသုံးစားလုပ်ကာ ဘုရင့်အမိန့်ဖြင့်ဂျိတ်ကို ချုပ်နှောင်လိုက်လေသည်။

မက််စ်ယခု စိတ်ထဲတွင်ရှိသည် က.ဂျိတ်ကိုအားရအောင် ရိုက်နှက်ရန်ပင်ဖြစ်လေသည်။

"အပြစ်ပေးကျာပွတ် ထွက်ပေါ်စေ"မက်အော်လိုက်သည်နဲ့ ကျာပွတ်လည်း မက်စ်လက်ထဲပေါ်လာပြီဖြစ်လေသည်။

ထိုကျာပွတ်သည်လည်းရွှေရောင်တောက်ပနေသည်။

ရွှေအဆင့်တန်းထိ ရှိသည်ဟုလည်းသတ်မှတ်နိုင်လေသည်။

"ဒီငမိုက်သားက အပြစ်ဒဏ်ကိုခံယူခြင်းမရှိငြင်းဆန်ကာ အိမ်ရှေ့စံကိုပျက်ရယ်ပြုသည်။

ဒါကြောင့်အချက်တစ်ရာ ကျခံစေ"မက်စ်ကိုယ်တိုင်ပြောက မက်စ်ကိုယ်တိုင်ပင်ကျာပွတ်ကို ဂျိတ်ထံသို့ ရိုက်လွှဲလိုက်လေတော့သည်။

(26)part2မှန်းချက်နဲ့နှမ်းထွက်မကိုက်မက်စ် ကိုယ်တိုင် ကျာပွတ်ကို ဂျိတ်ထံသို့လွှဲရိုက်လိုက်လေသည်။

ဘုရင့်၏အမိန့်တံဆိပ်အစွမ်းဖြင့်ဖန်ဆင်းထားသော ကျာပွတ်ဖြစ်ရာ ခေတ်အဆက်ဆက်ကဘုရင်များ၏အစွမ်းသတ္တိများကျာပွတ်တွင်ပါဝင်နေလေသည်။

ကျာပွတ်၏ထူးခြားသော သတ္တိမှာ အစွမ်းများကိုဖိနှပ်ခြင်းဖြစ်လေသည်။

ကိုယ်တွင်း အတွင်းအားကိုလည်းဖိနှပ်ထားလေသည်။

အစွမ်းများကိုဖိနှပ်ထားရာ အရိုက်ခံရမည့်သူသည်မိမိ၏ကိုယ်တွင်းအားကို ဖိနှပ်ခြင်းခံရပါက မိမိကိုယ်ကို သန်မာလာအောင်လုပ်ဆောင်နိုင်ခြင်းမရှိတော့။

ထို့ကြောင့် သာမန်လူလိုဖြစ်နေချိန်တွင် ရိုက်ခြင်းဖြစ်စေကာ ပြင်းပြစွာသောနာကျင်မှုကို ခံစားရမည်ဖြစ်သည်။

ကျာပွတ်တွင်သေးငယ်သော ဆူးလေးများကပါဝင်သေးရာ တစ်ချက်ရိုက်သည်နဲ့ ထိုဆူးလေးများက အသားများထဲစိမ့်ဝင်ကာ အလွန်မင်းနာကျင်ခံစားမှုကိုပေးမည်ဖြစ်လေသည်။

သို့သော် ယခုမက်စ် ရိုက်နေသူက ဂျိတ်ဖြစ်ရာ သူမျှော်လင့်သကဲ့သို့ဖြစ်မလားပေ။

"ဟ ဘာဖြစ်သွားတာလဲ ""ဂျိတ်ဘာမှမဖြစ်ဘူးဟ"ဆူညံသံများထွက်ပေါ်လာလေသည်။

ဆာဗေ့များထွက်ခွာကတည်းက ဒီယေဂိုမြို့ရှိလူများသည် ဂရိတ်စစ်တပ်အနီးအထိ လာရောက်ကြည့်ကြရာအသံများက ပိုမိုဆူညံလေသည်။

("ဒါမဖြစ်နိုင်ဘူး ")မက်စ် တုန်လှုပ်နေသည်။

မိမိရိုက်လိုက်သောကျာပွတ်သည် ဂျိတ်ကိုနာကျင်အောင် ဖြစ်စေဖို့နေနေသာသာ ဂျိတ်ထံရောက်သွားသော ကျာပွတ်အပိုင်းသည် ပျောက်ကွယ်နေပြီဖြစ်ကာ မိမိလက်ထဲရှိကျာပွတ်လက် ကိုင်သောနေရာသာကျန်နေသည်ဖြစ်လေသည်။

မယုံကြည်၍ ကျာပွတ်ကို မိမိဆီသို့ပြန်ယူကြည့်သည်။

ပြန်ယူကြည့်သည်နဲ့ ကျာပွတ်သည် အကောင်းပကတိအပြည့်စုံဖြစ်သွားလေသည်။

အပြည့်စုံဖြစ်သွားသည်နဲ့ ပြန်ရိုက်လေသည်။

ပြန်ရိုက်သည်နဲ့ကျာပွတ်လည်း လက်ကိုင်သာကျန်ပြန်သည်။

မက်စ်စိတ်မရှည်တော့ သူကိုယ်တိုင်လက်သီးဖြင့်လှမ်းထိုးနေလေသည်။

"ဝိုးရား(ora)""ခွပ်....အင့်"အသံကြီးက လူတိုင်းကြားရအောင်ထွက်ပေါ်လာပြီထိုအသံထွက်ပေါ်လာသည်နဲ့ ဂျိတ်ကိုထိုးသော မက်စ်သည် နောက်သို့လွင့်စင်သွားလေသည်။

မက်စ် လွင့်စက်သောအခါနောက်၌ရပ်နေကြသော စစ်သည်တော်များကိုပါထိမှန်ရာ စစ်သည်တော်နှစ်ဆယ်မျှ ပါလဲကျသွားလေသည်။

"အားပြင်းလိုက်တာဟ စစ်သည်တော်တွေပါလဲကုန်တာ""ဟုတ်တယ်ဟ နေစမ်းပါဦး ဒါနဲ့သူ့ကိုဘယ်သူကထိုးလိုက်တာလဲ"ဟုတ်ပေသည်။

ဘယ်သူထိုးလိုက်တာကလဲမှ ပြသနာအစစ်ဖြစ်လေသည်။

အထူးတပ်ဖွဲ့ကြီး၏ခေါင်းဆောင်ကတော့ အထိုးခံရသဖြင့် လွင့်စင်ပင်သွားရလေသည်။

သို့သော် ဘယ်သူထိုးသလဲတော့ မသိလိုက်ရပေ။

ဂျိတ်ထိုးသည်ပြောရအောင်လည်း ဂျိတ်ကချုပ်ထားလျက်ကြီးရှိနေလေသည်။

"ထင်တာထက်ပျော့နေပါလား"ဂျိတ်သက်ပြင်းချမိသည်။

ကျာပွတ်ဖြင့်ရိုက်တုန်းကကျာပွတ်၏အစွမ်းသည် မိမိကိုယ်ကိုထိခါနီး၌ပျောက်ကွယ်သွားရာ စတန်းကလှုပ်ရှားခြင်းမရှိ။

မက်စ်ကိုယ်တိုင် ထိုးသောအခါ အန္တရာယ်ရှိသည်ဟု စတန်းက သတ်မှတ်လိုက်သောကြောင့် ထွက်ပေါ်လာကာ မက်စ်ကို ထိုးလွတ်လိုက်ခြင်းဖြစ်လေသည်။

အထူးတပ်မှလူသည်လည်း မိမိ၏စတန်းလက်သီးကို ခံနိုင်ရည်မရှိပြန်ပေ။

ဂျိတ် လိုချင်သည့်အရာကမိမိအရင်ဘဝတုန်းကကြည့်ခဲ့ရသော စတန်း စတားပလက်တီနမ်ကြီးသည်တခြားစတန်း(the world)နဲ့ စက္က န့်ပိုင်းမခြားအဆက်မပြတ် ဆက်တိုက်ယှဥ်ထိုးကြသည့်အကွက်ကိုပင်။

သို့သော် ယခုမှာကား ထိုအကွက်ကိုကြည့်ရန်မပြောနဲ့ စတန်း၏တစ်ချက်ထိုးချက်ကိုမိ၍မသေ သည်ကပင် တော်တော့်ကိုကံကြီးနေပြီဟုယူဆ၍ရနေပြီဖြစ်လေသည်။

ဖြောင်း.....ချုပ်ထားသောကြိုးများကို ဂျိတ်အသာယာပင်ဖျက်စီးလိုက်လေသည်။

ထိုကြိုးများသည် ဘုရင့်အမိန့်ဖြင့်လုပ်ထားသောကြိုးဆိုသော်ငြားလည်း ဂျိတ်၏အထူးစပါယ်ရှယ်ကျင့်စဥ်ကြောင့် သန်မာနေသောကိုယ်ခန္ဓာအစွမ်းကို မယှဥ်နိုင်ပေ။

"အို အာ...ဟာ"ဒီတစ်ခါက နန်းတွင်းတပ်မှ ထွက်လာသောအသံများဖြစ်လေသည်။

ဘုရင့်အမိန့်မည်မျှစွမ်းကြောင်းသူတို့လည်းသိလေသည်။

ယခုမိမိတို့ရှေ့မှလူကာဘုရင့်အမိန့်မှကြိုးကို အသာယာပင်ဖြုတ်ပြလိုက်လေသည်။

ပြီးလျှင် မိမိတို့ခေါင်းဆောင်ကြီးလည်းဘယ်သူဘယ်ဝါထိုးသည်မမြင်ရပါပဲ မှောက်သွားပြီဖြစ်လေသည်။

ခေါင်းဆောင်ဖြစ်သူက ဂျိတ်ကိုအပြစ်ပေးရန်ထိုးမှရုတ်ခြင်းဆိုသလို မှောက်ခံရရာ ဂျိတ်ကိုလည်းသူတို့မနေပဲသာ ဝန်းရံလိုက်ကြလေသည်။

လက်နက်အပြည့်စုံနဲ့တပ်သားများက ဂျိတ်ကိုဝိုင်းရံကာ လက်နက်များကို ဂျိတ်ထံသို့ရွယ်ထားလိုက်ကြလေသည်။

ဂျိတ်ကိုငါးသောင်းသော စစ်သည်များကဝန်းရံရန်ပြင်ဆင်နေကြခြင်းဖြစ်လေသည်။

သာမန်လူများနေဖြင့် လူငါးသောင်းဝန်းရံခံရပါက လွတ်မြောက်မည်မဟုတ်သော်လည်း ဂျိတ်အဖို့က ဒါကဘာမှမခက်သည့်အသေးမွှားလေးသာဖြစ်လေသည်။

ထိုစဥျ..."ရပ်ကြစမ်း ဒါငါ့အယ်ဖာရဲ့အမိန့် ချက်ချင်း တပ်စုပြီး နန်းတွင်းကိုပြန်ဒါပဲ"အယ်ဖာ အဝေးမှမြင်းစီးလာရင်း အသံကိုကျယ်လောင်စွာအော်ပြောလိုက်လေသည်။

သာမန်ချိန်ဆိုလျှင် အယ်ဖာအမိန့်ကမသက်ရောက်သော်လည်းယခုချိန်၌ မိမိတို့ခေါင်းဆောင်မှောက်နေရာအယ်ဖာ၏အမိန့်စကားသည် အကြီးဆုံးဖြစ်နေသည်။

ထို့ကြောင့် ဂျိတ်ကိုဝိုင်းရံအသင့်ပြင်ထားရာအခြေမှမူလအခြေနေသို့ပြန်လည်ပြောင်းလဲလိုက်ကြလေသည်။

ထို့နောက်နန်းတွင်းအထူးတပ်ကြီးသည်လည်း မှော က်ကာမေ့နေသော ခေါင်းဆောင်ကိုပြန်ခေါ်ကာ ပြန်တပ်ခေါက်သွားကြလေတော့သည်။

ခေါင်းဆောင်ဖြစ်သူမက်စ်ကတော့ မျက်နှာတွင်ဖုရောင်နေကာ လူရုပ်မပေါက်စွာဖြင့်မေ့မြောကာပြန်သွားရပြီဖြစ်လေသည်။

သူ၏ ဂျိတ်ကို ဖမ်းရန်က မှန်းချက်နဲ့နှမ်းထွက်မကိုက်ရဘဲ ပြန်သွားရပြီဖြစ်လေသည်။

27

အဖွဲ့ဝင်ဖြစ်ရန်တောင်းပန်ခြင်း"ကျနော် နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်"အယ်ဖာ အလျင်မြန်ပင် ဂျိတ်အနားသို့ရောက်ရှိလာကာ တောင်းပန်လိုက်လိုက်လေသည်။

အယ်ဖာနေနဲ့ နန်းတွင်းရောက်၍ နန်းတွင်းအထူးတပ်သားများမရှိ၍မေးကြည့်ရာ နန်တွင်းအထူးတပ်သားများသည်မိဖုရားကြီးအမိန့်ကြောင့် ဒီယေဂိုမြို့ရှိ ဂျိတ်ကိုသွားရောက်ဖမ်းဆီးစေကြောင်းသိရှိရသည်။

အယ်ဖာသိသိခြင်း မြင်းစီး၍ဒီယေဂိုမြို့သို့ အရောက်အပြင်းနှင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်ပင်မိမိရောက်သောအချိန်၌အခြေနေ ဆိုးဝါးဆဲနီးနီးဖြစ်နေရာ ဖြေရှင်း၍ရလိုက်လေသည်။

"ရပါတယ် "ဂျိတ်ခွင့်လွတ်သည်ကို တွေ့ရသောအခါ အယ်ဖာလည်းစိတ်သက်သာရာရသွားသည်။

ဂျိတ်၏အော်ရာဖိအားကို သကောင့်သား တို့က မ ကြုံဖူးသောကြောင့်ထိုသို့လုပ်နေကြခြင်းဖြစ်သည်ဟု အယ်ဖာယူဆထားသည်။

အယ်ဖာအပေါ်လွင့်ခဲ့သော ဂျိတ်၏သတ်ခြတ်ခြင်းအော်ရာသာ နန်းတွင်းတပ်ဖွဲ့အပေါ်ကျရောက်ပါက ကြီးမားသော ထိခိုက်မှုကြီးတစ်ခုကိုအလွယ်လေးဖြစ်စေနိုင်သည်မှာသေချာသည်။

ရွှေအဆင့်ရှိမိမိပင် သတ်ခြတ်ခြင်းအော်ရာအောက်တွင် ပြန်မထနိုင်ဖြစ်ကာအတင်းကျပ်ဖိနှပ်ခြင်းကိုခံစားရတိုင်း မနေ့ကဖြစ်ခဲ့သလိုပင် ခံစားရမိသည်။

ငွေအဆင့်ရှိသော နန်းတွင်းတပ်သားများအပေါ်ဂျိတ်လွင့်ထုတ်မည်ဆိုပါကထိုဖိအားကြောင့် သူတို့ကိုယ်ခန္ဓာရှိသွေးလည်ပတ်မှုများဗြောင်းဆန်ကုန်ကာ သွေးကြောများ ပေါက်ထွက်ကုန်မည်ဖြစ်လေသည်။

("ကြည့်ရတာ သူက ငါလာမှာသိလို့လည်း တမင်မလုပ်တာထင်တယ် အင်းလေ ဆရာတစ်ပါးဆိုတာလွယ်လွယ်နဲ့သူ့အစွမ်းစတွေကို သာမန်လူတွေလ်ိုအပေါ်မှာ ထုတ်လွင့်ပြီးအာဏာပြစရာမှမလိုတာလသူဘာသာသူ့သမီးလေးနဲ့အတူသိုသိုသိပ်သိပ်နေချင်လို့လည်း လျှိုထားတာဖြစ်မယ်ဟုတ်တယ် အဲ့ဒါပဲဖြစ်ရမယ်")ဂျိတ်နောက်သို့အယ်ဖာလည်း လိုက်ပါသွားလိုက်သည်.။

ဂျိတ် အိမ်ပြန်ရောက်တော့နေ့လယ်တစ်နာရီထိုးနေပြီဖြစ်လေသည်။

ထို့ကြောင့် ဂျိတ်ကိုယ်တိုင်မီးဖိုချောင်ထဲဝင်ကာ ကိုယ်တိုင်ချက်ပြုတ်လိုက်သည်။

"အယ်ဖာ လာပါ ခင်ဗျားလည်း နေ့လယ်စာစားပါဦး"အစက အယ်ဖာလည်း ငြင်းဆန်မည်ကြံသော်လည်းဂျိတ်ဖြစ်ရာ လက်ခံလိုက်သည်။

"ဒီနေ့လယ်စာက တော့ ခေါက်ဆွဲလုပ်ဖို့ စီစဥ်ထားပါတယ်"ဂျိတ်ပြောဆိုပြီးသည်နဲ့ သူ၏လက်စွဲတော်ဓားကိုကိုင်ကာ အနည်းငယ် ဝှေ့ရမ်းလိုက်လေသည်။

("ဟင် သူကဒါမျိုးလည်းကျွမ်းတယ်ပေါ့")အယ်ဖာ အနည်းငယ်ထူးဆန်းသလိုခံစားလိုက်သည်။

သတ်ဖြတ်ခြင်းအော်ရာများထုတ်လွင့်တတ်သော ဆရာကြီးက ယခုအခါမီးဖိုချောင်းထဲဝင်ရောက်ကာ နေ့လယ်စာပြင်ဆင် ပေးမည်ဆိုသည်ကအထူးဆန်းဖြစ်လေသည်။

("ဟာဒါက ")အယ်ဖာအံသြ သွားလေသည်။

ဂျ်ိတ်ကသာမန်လ်ိုလှုပ်ရှားနေခြင်းဖြစ်သော်ငြားလည်း မိမိမျက်စိတွင်တော့ အတွေ့ကြုံရင့်ကျက်နေသောဓားသမားတစ်ဦးသည် မိမိအား ဓားသိုင်းကစားပြနေခြင်းဖြစ်သည်။

("ဒါငါ့အတွက် အခွင့်ရေးပေးနေတာပဲ ငါရအောင်ယူမှဖြစ်မယ်")ဂရိတ်နိုင်ငံသည် ရွှေအဆင့်အထိရှိသောစစ်သည်တော်များရှိသော်လည်း ဓားသိုင်းလှံစသည့် အတွေ့ကြုံများကို အသေချာ ချပြထားသည့်အဆင့်မြင့်သိုင်းပညာရပ်များ နည်းပါးလေသည်။

ထို့ကြောင့်ဂျိတ်လှုပ်ရှားမှုကို အသေချာစောင့်ကြပ်ကြည့်ရှာလေ့လာလိုက်သည်။

ဂျိတ်ကတော့ ဂျုံကိုနယ်သည်။

လိုအပ်သည်များကိုထည့်ကာ သတ်မှတ်ချက်ရောက်သည်အထိ ပြင်ဆင်သည်။

ပြီးသောအခါ ထိုဂျုံကို ဓားဖြင့်ခေါက်ဆွဲဖတ်များ အရွယ်စားအထိရောက်အောင်လုပ်ဆောင်သည်။

သူ၏ဓားဖြင့် ဂျုံများကို စတင်ဝေ့ရမ်းလိုက်တော့သည်။

("ဟာဒါက ဓားကိုင်တာအဆင့်တစ်ခုတောင်ရောက်နေပြီပဲ ငါလွှဲသွားလို့မဖြစ်ဘူး")ဝေ့ရမ်းပြီးသည်နဲ့ဂျုံသည်ခေါက်ဆွဲဖတ်အမျှင်များအရွယ်စားအထိရောက်ရှိသွားပြီဖြစ်သည်။

ထိုခေါက်ဆွဲဖတ်များလည်း တစ်ခုနဲ့တစ်ခုအကုန်လုံးအရွယ်စားတူညီသည်ကိုလည်း တွေ့ရလေသည်။

ထိုသို့ဖြစ်ရန်အတွက်ဓားကိုင်ကျွမ်းကျင်မှု တိကျမှုခေါက်ဆွဲဖတ်ဖြစ်အောင် လုပ်ရာ၍ တိကျစွာ မြင်တတ်သော အမြင်အာရုံ ရင့်ကျက်သောအတွေ့ကြုံတို့က်ိုလိုအပ်လေသည်။

နန်းတွင်းမှာ စာဖိုမှူးကြီးပင်ထိုသို့လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်းတွေးမိသည်။

ဂျိတ်ကတော့ အသာယာပင် လုပ်ပြသွားသည်။

နောက်ငါးမိနစ်အတွင်း ဂျိတ်သည် ခေါက်ဆွဲဟင်းပွဲကို လုပ်ဆောင်ပြီးသွားပြီဖြစ်သည်။

ခေါက်ဆွဲကိုလိုအပ်သောအမယ်များထည့်ကာ အသုပ်ပုံစံပြင်ဆင်ထားခြင်းဖြစ်သည်။

"ကဲ စားကြရအောင်""ဝေး မီးမီး စားရတော့မယ် "သမီးဖြစ်သူအယ်မလီလည်း ခေါက်ဆွဲတစ်ပန်းကန်ယူကာ စားရန်ပြင်ဆင်လိုက်သည်။

သို့သော် တူမကိုင်တတ်သည်ဖြစ်ရာ ဂျိတ်ကိုယ်တိုင်ပင် သမီးလေးအား ခွံကြွေးလိုက် သည်။

ဇိုက်နဲ့ အယ်ဖာလည်း ဂျိတ်၏သမီးဖြစ်သူအပေါ် ကြင်နာပုံကို ကြည့်ကာအားကျမိလေသည်။

ဂျိတ်လည်း အယ်ဖာ ဇိုက်နဲ့ခွေးလေးမိုက်ကယ်အတွက်ကိုလည်း တစ်ယောက်တစ်ပွဲစီ ပြင်ဆင်ထားပေးလိုက်သည်။

အယ်ဖာလည်း မိမိရှေ့မှချထားသော ခေါက်ဆွဲတစ်ပွဲကို စတင်မြည်းကြည့်လိုက်လေသည်။

("ဒါ က.... ")ခေါက်ဆွဲတစ်လုပ်က မိမိပါးစပ်ထဲရောက်သည်နဲ့မိမိငယ်ငယ်က အမေချက်ကြွေးသော ခေါက်ဆွဲလေးကိုပြန်လည်စားသောက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

("ဒါက ဆရာ့ဆရာကြီးလက်ရာပဲ")အယ်ဖာတစ်လုတ်ပဲ စားရသေးသော်လည်းမိမိ၏လျှာ၏အာရုံခံအကြောများက နောက်ထပ်တောင်းတနေကြပြီဖြစ်သည်။

ဒါကြောင့် အယ်ဖာဟိတ်ဟန်များမနေတော့ပဲ ခပ်သွပ်သွပ်ပင် စားလိုက်သည်။

မည်မျှအထိ စားလိုက်သနည်းဆိုလျှင်ပန်းကန်ကို တူနဲ့ထောက်ပြီး ညပ်စရာမကျန်တော့မှကုန်ကြောင်းသိလိုက်ရသည်။

အကုန်လုံးနေ့လယ်စာ စားသောက်ပြီးသည်နဲ့အယ်ဖာလည်း အားနေသည်ဖြစ်ရာ ဂျိတ်၏ခြံတွင်းလည်ပတ်ကြည့်ရှုလေသည်။

("အမလေး ဘယ်လောက်တောင်ကြီးတဲ့အကောင်ကြီးလဲဟ")အယ်ဖာ မိုက်ကယ် ကိုမြင်ပြီးလန့်ဖြတ်သွားသည်။

ဤခွေးတစ်ကောင်၏အရွယ်စားပင် ခြသေ့်နီးပါးရှိနေပြီဖြစ်သည်။

ခေါက်ဆွဲကိုသာငမ်းနေ၍သာ ယခုမှခွေးကြီးကို သတိထားမိခြင်းဖြစ်လေသည်။

ခွေးကိုကြည့်သည်နဲ့ ထိုခွေးသည်ပင် မိမိအားအသေသတ်နိုင်ကြောင်းသိလိုက်ရလေသည်။

"ကျနော်ကဇိုက်ပါ ဒီခွေးလေးက မိုက်ကယ်လေအကိုကြီးဂျိတ်လုပ်ပေးထားလို့အဲ့လိုဖြစ်လာတာအကို့နာမည်က ကောဘယ်လိုခေါ်လဲ"ဇိုက်က အယ်ဖာကို ပြောပြလိုက်လေသည်။

"အကိုနာမည်က အယ်ဖာပါ ဂရိတ်စစ်တပ်ရဲ့စစ်သူကြီးတစ်ယောက်ပါ""ဝါးအကိုက စစ်သူကြီးပေါ့ မိုက်လိုက်တာ"("သူက အကိုကြီးဂျိတ်ဆိုပါလား ငါ့လည်းသူ့ကိုကပ်ရမယ်")အယ်ဖာ လည်းဇိုက်ကို အထူးအလေးပေးဆက်ခံရန်ဆုံးဖြတ်လိုက်လေသည်။

"ဒါနဲ့ အကိုက နန်းတွင်းတပ်ကိုတောင်အမိန့်ပေးနိုင်တယ် အကိုကကြမ်းတယ်နော်"ဇိုက်မေးသည်နဲ့"မဟုတ်ပါဘူး အကိုက နည်းနည်းပဲ လုပ်လိုက်ရတာပါ မင်းအကိုကြီးဂျိတ်က ပိုတော်ပါတယ်ဒါနဲ့ အရင်ကညီလေးကိုဒီအိမ်မှာ မတွေ့ဘူးနော်""ဟုတ်တယ် ကျနော် ဒီကိုရောက်တာမကြာသေးဘူးဗျ ကျနော်နဲ့မိုက်ကယ်ကို အကိုကြီးဂျိတ်က ကယ်ထားတာလေ ဒါနဲ့ အကို့ကို ကြည့်ရတာ အကိုဂျိတ်ဆီကနေ တစ်ခုခုသင်ချင်နေတာမလား"အယ်ဖာထိတ်လန့်သွားလေသည်။

ဇိုက်သည်သူ၏အခြေနေ ကိုကြည့်သည်နဲ့သိရှိသည်မဟုတ်ပါလား။

"ညိီလေးကသိတာပဲ ဒါပေမဲ့အကိုမှာ အခွင့်ရေးလေးရှိပမလား""ရှိတာပေါ့ အကိုကြီးဂျိတ်က အထူးအဖွဲ့လုပ်ဖို့ပြင်နေတာရှိတယ် အရင်ကသူ့သမီးလေးကို တစ်ခေါက်လာလုပ်ကြံလို့တဲ့လေ ဒါကြောင့်သူ့သမီးကိုကာ ကွယ်ဖို့အဖွဲ့ဖွဲ့ထားတာကျနော်နဲ့ ခွေးမိုက်ကယ်တောင်အဖွဲ့ဝင်ထားပြီဗျအကိုသာအဲ့အဖွဲ့ ဝင်ရင် ရနိုင်တယ်ဗျ"ဇိုက်လည်း အယ်ဖာသည်ဂျိတ်နဲ့ရင်းနှီးကြောင်းသိ၍သာထို့သို့ပြောလိုက်ခြင်းဖြစ်သည်။

"ညီလေးက အဲ့အဖွဲ့ဝင်ထားတယ် ပေါ့ဒါမဲ့ညီလေးသိုင်းအဆင့်ကကြေးတစ်ပဲရှိသေးတာလေ"အယ်ဖာ အံအားသင့်စွာပြောလိုက်လေသည်။

ခွေးကအဖွဲ့ဝင်ဖြစ်သည်က လက်ခံနိုင်သည်။

ကြေးအဆင့်တစ်က ဂျိတ်၏အထူးတပ်ဖွဲ့ဝင် ဆိုရာအံအားသင့်နေလေသည်။

"ဟာအကိုကြီး အယ်ဖာ ကျနော်ကိုလည်းအထင်မသေးနဲ့ အခုသာ ကျနော်ကကြေးအဆင့်တစ်သာရှိနေသေးတာ အကိုကြီးဂျိတ်က နောက်တစ်နှစ်လောက်ဆိုရင် ကျနော်က ပလက်တီနမ်အဆင့်ထက်တောင်ကျော်သွားဦးမှာတဲ့ ""ဟ"အယ်ဖာ ဒီတစ်ခါ တော့ ဒီအဖွဲ့ဝင်အခွင့်ရေးကိုလက်လွတ်ခံတော့မည်မဟုတ်တော့ပေ။

ဇိုက်ပြောသည့်အတိုင်း ဂျိတ်ကလုပ်နိုင်မှန်း အယ်ဖာသိလေသည်။

မိမိတို့ဘုရင်ကြီးက ထိုအဆင့်ရောက်ရန်မနည်းကြိုးစားနေရသော်လည်း ဂျိတ်က သူအားတစ်နှစ်အချိန်တွင်း အလွယ်ရောက်နိုင်ကြောင်း သူအာမခံနေပြီဖြစ်သည်။

ဒီလိုအခွင့်ရေးက ရွှေထက်ပင် ရှားလှသေးသည်။

ထို့ကြောင့်ချက်ချင်းပင် အယ်ဖာ သည်ဂျိတ်ထံပြေးသွားကာထိုင်ချလိုက်ပြီးအော်ပြောတောင်းပန်လိုက်လေသည်။

"ကျနော်ကို အဖွဲ့ဝင်အဖြစ်လက်ခံပေးပါ"

All Chapters