← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

28

ဓားစိတ်ဆန္ဒကိုနားလည်ခြင်းဂျိတ် အယ်ဖာထိုသို့ လာရောက်တောင်းဆိုသည်နဲ့ ထိုအကြောင်းကို ဇိုက်ပြောပြချင်းဖြစ်ကြောင်းသိပြီဖြစ်သည်။

("စနစ် အယ်ဖာကို တစ်ချက်လောက်တွက်ချက်ပေးပါဦး")("ကောင်းပါပြီ")အမည်- .အယ်ဖာအသက်-37အဆင့် ရွှေအဆင့်3သူ၏ယခုလက်ရှိအစွမ်းထက်ဆုံးအကွက်မှာဝံပုလွေဓားကွက်ဖြစ်သည်။

ဓားပညာ၌ တိုးတက်နိုင်သေးသည်။

ဓားသမားလမ်းကိုလျှောက်ပါက အောင်မြင်မည်။

ဂျိတ်အပေါ်လေးစားယုံကြည်မှု...8/10(10ဆိုလျှင် ဂျိတ်ဘာခိုင်းခိုင်းလုပ်မည်အထိ သူ့အသက်ပင်ပေးရပါစေ လုပ်ဆောင်မည့်သူဖြစ်လာမည်ဖြစ်သည်)("ဒါဆို သူကငါ့အပေါ် 8ဆိုတော့တော်တော်လေးစားမှုရှိနေတာပဲဒါဆ်ို ငါကလဲအခွင့်ရေးပေးရမယ်")ဂျိတ်လည်း အယ်ဖာဘက်လှည့်ကာ..."မင်းက အဖွဲ့ဝင်ဖြစ်ချင်တယ်ပေါ့ မင်းရဲ့အကောင်းဆုံးဝံပုလွေဓားချက်ကို ငါ့ကိုစမ်းပြပါဦး"("ဟ သူက ငါ့ဓားကွက်တောင်သိနေတာပဲ")"ကျနော် ဘယ်လိုပြသရမှာလဲ ပြောပြပေးပါ""မင်းလုပ်မှာက ပေရှစ်ဆယ်အကွာက အပင်ကို ဒီကနေ လှမ်းပိုင်းပြကွာ""ဗျာ""မင်းလုပ်နိုင်ရင် ငါစဥ်းစားပေးမယ်"အယ်ဖာသည် သူ၏ဝံပုလွေဓားချက်ကို အနီးငပ်တိုက်ခိုက်ရာ၌သာ သုံးဖူးသည်။

အကွာဝေး ကိုမှု မစမ်းဖူးသည်။

ထိုစကားကြောင့် အယ်ဖာလည်း ဓားကို မိမိ၏ကိုယ်မှအတွင်းအားလွှဲပြောင်းလိုက်လေသည်။

ထိုအခါ ဓားသည်ယခင်ကထက်ပိုပြီးအရောင်တောက်ပလာလေသည်။

"ဝံပုလွေဓားချက်"အော်သံပြုကာ ဝံပုလွေအရိပ်ကဓားမှ ထွက်ခွာသွားလေသည်။

ဝံပုလွေပုံရိပ်သည် ရှစ်ဆယ်ပေအကွာရှိအပင်သို့မရောက်မှီတွင် ပျောက်ကွယ်သွားလေသည်။

"မင်းအားနည်းနေသေးတာပဲ"ထိုစကားကြောင့် အယ်ဖာမိမိကိုယ်မှ အတွင်းအားကိုဓားထံလွှဲပြောင်းလိုက်လေသည်။

ယခင်ဓားချက်ကမိမိအတွင်းအား20%ကိုသုံးထားရာ ယခုအခါက60%ကို အသုံးပြုလိုက်လေသည်။

"ဝံပုလွေ ဓားချက်သွားစမ်း"ဒီတစ်ခါအလင်းတန်းက အစောကအလင်းတန်းထက်အနည်းငယ် လင်းထိန်ကာ ထွက်သွားလေသည်။

ဒီတ်ခါကတော့ ပေရှစ်ဆယ်ရှိသစ်ပင်အထိရောက်သွားလေသည်။

သို့သော် ရောက်ရုံသာရောက်ကာ အပင်ကိုထိလေသည်။

ထို့ကြောင့်အပင်သည်အနည်းငယ်ရမ်းခါသွားသည်ကလွှဲ၍ ဘာမှမဖြစ်သွားပေ။

"ဒါဆို အယ်ဖာ အကျွန်ုပ်တစ်ချက်လောက်ပြသပါရစေ "ပြောရင်းအယ်ဖာ၏ဓားကို ယူလိုက်လေသည်။

အယ်ဖာလည်း မိမိဓားကိုဂျိတ်အားပေးလိုက်ကာကြည့်ရှူလိုက်သည်။

ဂျိတ်သည် အယ်ဖာ၏ဓားကိုတစ်ချက်မျှဝေ့ရမ်းကာ ပေရှစ်ဆယ်မှ ရှိသောသစ်ပင်ကို တစ်ချက်ကြည့်လိုက်လေသည်။

."ခင်ဗျား ဓားစိတ်ဆန္ဒဆိုတာ ကြားဖူးလား""ဗျာ"အယ်ဖာ တစ်ခွန်းသာကြားဖူးသည် ။

ဓားစိတ်ဆန္ဒဟုတ်လား သူမသိ ပေ။

သူ့၏အဖြစ်ကြောင့် ဂျိတ်လည်းအနည်းငယ်ရှင်းပြလိုက်ရသည်။

"ဒီလိုပါ ကျနော်တို့တုန်းက ဆိုရင် ဓားသမားလမ်းကိုလျှောက်တဲ့လူတွေရှိတယ် သူတို့ကအခုစစ်သူကြီးတွေလို ရွှေအဆင့်ဘာညာလဲ သူတို့မရောက်ဘူး သူတို့အဆင့်က ကြေးအဆင့်သာသာတွေပေါ့ဗျာဒါပေမဲ့ ဓားနဲ့ပတ်သတ်ရင်အလွန်ကိုအစွမ်းထက်ကြတယ် ကျောက်တောင်တွေကိုပိုင်းနိုင်တယ် သံတွေကိုလည်းဖြတ်နိုင်လည်း ဘာလို့လည်းသိလား သူတို့ကဓားနဲ့ပတ်သတ်ရင် နားလည်မှုကစံတစ်ခုထိရောက်နေကြလို့ပဲ ရှင်းရှင်းပြောရရင်ဗျာ သူတို့လက်ထဲမှာဓားသာရှိရင် ကမ္ဘာကြီးကိုတောင်တစ်ချက်တည်းနဲ့ပိုင်းနိုင်တယ်"ဂျိတ်ထံမှ စကားများက အယ်ဖာ၏နှလုံးသားကိုရိုက်ခတ်လာလေသည်။

(ဘာဓားသမားလမ်း ဆိုပါလား ပြီးတော့သူတို့ကကျောက်တောင်တောင် ပိုင်းနိုင်တယ် ဟုတ်လား)အယ်ဖာ အသစ်ဆန်းများကိုကြားနေရပြီဖြစ်သည်။

ဇိုက်နဲ့ မိုက်ကယ် လည်း အသာလေးနားထောင်နေကြလေသည်။

ဇိုက်ကိုယ်ထဲကမျောက်ကြီးကတော့အိပ်ပျော်နေလေပြီဖြစ်သည်။

"ဓားနဲ့ပတ်သတ်ရင် အခြေ ခံဓားကိုင်အဆင့် ဓားကျွမ်းကျင်အဆင့် သိမ်မွေ့စွာ အဆင့် စသည်ဖြင့်ရှိတာပေါ့ဗျာ သိမ်မွေ့စွာ အဆင့်ရောက်ဖို့ ဓားစိတ်ဆန္ဒကိုနားလည်ရတယ် ဒါမှ ဓားကိုပိုင်နိုင်စွာ အသုံးချနိုင်မှာဖြစ်တယ် နောက်ပိုင်းအဆင့်တွေဆိုရင် ဓားတစ်သောင်းကို တစ်ပြိုင်တည်းဆင့်ခေါ်တိုက်ခိုက်တာအထိပါလုပ်နိုင်တယ်"အယ်ဖာတစ်ခုချင်းမမေ့အောင်သေချာမှတ်သားလိုက်သည်။

ဒီလိုမျိုးတွေက မိမိသင်ယူခဲ့သောသိုင်းကျမ်းများတွင်မရှိပေ။

မိမိသင်ယူရသောသိုင်းကျမ်းများတွင်တော့ ရွှေအဆင့်ရောက်ပါက ကိုယ်တွင်းအစွမ်းများကို ဓားသို့မည်သို့မည်ပုံလွှဲပြောင်းကာ မည်သို့သောအကွက်ဖြင့်တိုက်ခိုက် ရန် ဓားသည်အစွမ်းကူးပြောင်းရာ အကူပစ္စည်းသာဖြစ်သည်အထိသာပါလေသည်။

ဒီနေ့ဂျိတ်ပြောပြ နေသည်ကမိမိအတွက် အတွေ့ကြုံသစ်များနဲ့ လမ်းသစ်ကိုပါဖောက်ပေးနေလေသည်။

"အခု ဓားစိတ်ဆန္ဒဖြစ်ပေါ်ပြီးဖြစ်တဲ့ သိမ်မွေ့အဆင့်ဓားကိုပြသပေးမယ် သေချာကြည့်ပါ"ဂျိတ် ဓားကို ကိုင်ကာ ပေရှစ်ဆယ်မှ သစ်ပင်ကို ချိန်လိုက်လေသည်။

ထို့နောက် ဓားတစ်ချက်ရမ်းလိုက်လေသည်။

"ဝီး"လေကြောင်းတစ်ခုက ဓားဝှေ့ရမ်းလိုက်သည်နဲ့ထွက်ပေါ်လာလေသည်။

ထိုလေကြောင်းသည် ပေရှစ်ဆယ်မှသစ်ပင်ဆီဦးတည်သွားနေလေသည်။

ဖိုလေကြောင်းသည် အမှန်တော့ဂျိတ်၏ဓားဆန္ဒကြောင့်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

"ဘုန်း"ပေရှစ်ဆယ်မှသစ်ပင်သည် ထက်ပိုင်းပြတ်သွားပြီဖြစ်လေသည်။

("ဟာ တကယ်ကြီးမိုက်တယ်ဟ")ဂျိတ်ဓားချက်သုံးရာ၌ သူသည် သူ၏ကိုယ်မှအတွင်းအားကို ဓားထံမလွှဲပြောင်း ဒီအတိုင်းသာ ဝှေ့ရမ်းလိုက်ခြင်းဖြစ်လေသည်။

'(ဒါက ဓားဆန္ဒပေါ့)ဂျိတ်ပြသပြီးသည်နဲ့ အယ်ဖာလည်း ထိုဓားကို ကိုင်ကာ မျက်စိမှိတ်ကာ စတွေးတောလိုက်လေသည်။

မိမိသည်ဓားကို မည်သို့စတင်ကိုင်ခဲ့ရာမှ စ၍သေချာလေ့လာသုံးသပ်ပြီဖြစ်သည်။

ဂျိတ်လည်းအနှောင့်ယှက်မဖြစ်လို၍ အသာယာပင် အယ်ဖာဘေးမှထွကခွာသွားသည်။

ကျန်သောလူများလည်းအလိုက်သိစွာပင် ရှောင်သွားကြလေသည်။

(ဓားဆိုတာ ဘာလည်း ဓားဆန္ဒဆိုတာဘာလည်း)အယ်ဖာသုံးသပ်တွေးတောနေသည်။

မိမိဘယ်လိုကိုင်ခဲ့ပုံ ဂျိတ်၏ဓားကိုင်ပုံ ကိုနှိုင်းသည်။

ထို့နောက်ကွဲပြားသောအချက်များကို စတင်ပြင်ဆင်သည်။

ဂျိတ်၏ဓားကိုင်ပုံ မည်သို့ စသဖြင့်တွေးတောသည်မှာညခြောက်နာရီပင် ထိုးသွားပြီဖြစ်သည်။

ထိုအချိန်ထိသူ၏မျက်လုံးများဖွင့်လာခြင်းမရှိ သေး။

မကြာမီပင် အယ်ဖာ၏ကိုယ်ပေါ်မှာ အငွေ့သက်များထွက်ပေါ်လာလေသည်။

အငွေ့သက်များသည် လေပွေလေးသဖွယ်ပြောင်းလဲကာ ကိုယ်ကိုရစ်ပတ်သွားလေသည်။

အယ်ဖာတစ်ကိုယ်လုံးတုန်လှုပ်သွားလေသည်။

ထိုအချိန်မှာ အယ်ဖာ မျက်လုံးဖွင့်ကာ ဓားကို ပေရှစ်ဆယ်မှ ဂျိတ်ခုတ်၍ကျန်သောအပင် ပင်စည်ထံသို့ဓားခုတ်လိုက်လေသည်။

တောက်ပသော အရာတစ်ခုက ပေရှစ်ဆယ်ရှိ အပင်ပင်စည်ကိုထိမှန်ကာပေါက်ကွဲသွားလေသည်။

အပင်ပင်စည်သည် ရစရာမရှိအောင်စုတ်ပျက်သွားလေသည်။

ထိုခုတ်ချက်သည်သူ၏ကိုယ်အတွင်းအားကိုလုံးဝမသုံးထားပေ။

ထို့ပြင်သူ၏မျက်လုံးများကလည်းသဘောတရားတစ်ခုကိုသေချာသဘောပေါက်နားလည်းကြောင်းဖော်ပြနေလေသည်။

ဟုတ်ပေသည်။

အယ်ဖာတစ်ယောက် ဓားဆန္ဒကိုပိုင်နိုင်နားလည်သွားပြီဖြစ်သည်။

29

ဆာဗေ့တို့ထံအလည်သွားခြင်း"ဂုဏ်ယူပါတယ် အယ်ဖာ မင်းဓားဆန္ဒကိုအောင်မြင်ပါပြီ"ဂျိတ်ပြောဆိုမှုကြောင့် အယ်ဖာလည်းပျော်ရွှင်သွားလေသည်။

("ငါဓားဆန္ဒကိုအောင်မြင်သွားပြီပေါ့ အဲ့လိုကောင်းမွန်တဲ့ခံစားချက်မျိုးက ဓားဆန္ဒကိုရလို့လား")ဂျိတ်အနေနဲ့တော့ ဓားဆန္ဒရရန် မခဲယဥ်းပေ။

စနစ်ဆိုင်ထဲတွင် မိနစ်ပိုင်းအတွင်းဓားဆန္ဒ ရနည်း လှံဆန္ဒဖြစ်ပေါ်နည်းစသည်ဖြင့် များစွာသော နည်းလမ်းများသာ မက ဓားဆန္ဒများစွာကိုပင် ပစ္စည်းကဲ့သို့ပင် ထုတ်ပိုးထားလေသည်။

ထိိုသို့အကြောင်းရာများကို ဓားသမားများသိပါကသွေးအန်၍ပင်သေ သွားနိုင်လေသည်။

ဂျိတ်ပြသလိုက်သော ဓားဆန္ဒကတော့ သူမပြသခင်မိနစ်ပိုင်းအတွင်း လေ့လာယူသင်ထားကာ ဖြစ်တည်လာသော သူ၏ဓားဆန္ဒအစစ်မှန်ဖြစ်လေသည်။

"ဒါဆိုရင် ဂျိတ် ကျနော်..."အယ်ဖာနေဖြင့် ကျနော်ဟုသာဆိုသော်လည်း အမှန်ကားဖြင့် ဂျိတ်ထက်အသက်ကြီးလေသည်။

သို့သော်ဂျိတ်သည်မိမိထက်အစွမ်းလည်းထက်သည် ကတစ်ကြောင်း ဂျိတ်၏သင်ကြားမှုကိုခံယူလိုကာ မိမိသည်ယခုထက်အစွမ်းထက်လိုသည်ကတစ်ကြောင်းကြောင့် ယဥ်ကျေးစွာပြောဆိုခြင်းဖြစ်လေသည်။

"ဟုတ်တယ် အဖွဲ့ထဲဝင်လို့ရပါပြီ လောဆယ် မင်းကိုဂုဏ်ပြုတဲ့နေနဲ့ ညစာကောင်းကောင်းချက်ထားတယ်"တဂွီ...ဂွီအယ်ဖာကမပြောရသေးသော်လည်း သူ့၏ဗိုက်ကအသံပြုကာ ဆာကြောင်းပြောလိုက်သည်။

ထို့ကြောင့်အယ်ဖာလည်း ညစာစားရန် ဂျိတ်နဲ့လိုက်သွားလိုက်လေသည်။

"မဂ်လာပါ သခင်တို့ သုံးဆောင်လို့ရပါပြီ"ညစာစားရန် ဝ င်လာကြသော လူများအားလုံး အသံပိုင်ရှင်ကိုတွေ့သည်နဲ့လန့်သွားကြလေသည်။

ထိုအသံပိုင်ရှင်သည် လူသားမဟုတ် စက်ရုပ်တစ်ရုပ်ဖြစ်လေသည်။

ထိုစက်ရုပ်ကို ဂျိတ်မှလွှဲ၍ ကျန်သောသူများအံသြ မြင်သက်ကြလေသည်။

ထိုစက်ရုပ်သည် ပုံသဏ္ဏာန်အားဖြင့် ပန်ဒါတစ်ကောင်ကဲ့သို့လုံးဝန်းနေလေသည်။

သူ၏ပုံစံသည် အန္တရာယ်ပြုမည့်မရှိ ပေ။

"ဖီီဖီ အဲ့ဒါကြီးက ဘာကြီးလဲဟင်""ဖေဖေပြောပြပါမယ်""မင်းတို့ကိုပြောပြရဦးမယ် သူက စက်ရုပ်ပဲဒါပေမဲ့ဒါပေမဲ့အသိညဏ်ရှိတဲ့စက်ရုပ် သူ့နာမည်က ဝိုက်တီလို့ခေါ်တယ် သူကဒီနေ့ကစပြီး မီးဖိုချောင်တာဝန်ယူလိမ့်မယ် အခုလဲ သူချက်ပေးထားတာပဲ"အမှန်မှာ ညနေပိုင်းက လူမသိအောင် ဂျိတ်က ဝိုက်တီကိုဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

ဂျိတ်အနေဖြင့်ထိုစက်ရုပ်ကို ယာယီခေါ်တာခြင်းမျိုးမဟုတ်ပဲတစ်ခါတည်းအပြီးခေါ်ထားခြင်းဖြစ်လေသည်။

ဝိုက်တီသည် အချက်ပြုတ်၌ ဆရာတစ်ဆူ ဖြစ်သောစက်ရုပ်တစ်ရုပ်ဖြစ်လေသည်။

အချက်ပြုတ်နတ်ဘုရားပုဖန် မှ ဝိုက်တီသည် ဆိုင်၏ကာကွယ်သူဖြစ်ကာ ယခုဝိုက်တီကတော့ အချက်ပြုတ်စက်ရုပ်ကြီးဖြစ်သည်။

"သမီး စားချင်တာ သူ့ကိုပြောလိုက် သူချက်ကျွေးလိမ့်မယ် ""တကယ်ကြီးလား တကယ်ပေါ့ ""ဝေး ဖီဖီကအကောင်းဆုံးပဲ"ဂျိတ်လည်းသမီးလေးကိုပွေ့ချီလိုက်ကာ"ကဲ ကျနော်တို့ညစာသုံးဆောင်ကြပါစို့ဗျာ"လူလေးယောက်လည်း စားပွဲ၌ ဟင်ထိုင်လိုက်ကြလေသည်။

ခွေးမိုက်ကယ်လည်း သူ့အတွက်ပြင်ဆင်ထသောနေရာတွင်နေရာယူကာ စောင့်နေလေသည်။

မိုက်ကယ်မှာအကောင်ကြီးသဖြင့် စားပွဲဝိုင်းတွင် မပါနိုင်။

သူ့အတွက်သီးသန့်တစ်နေရာ ကို မီးဖိုချောင်ထောင့်တစ်နေရာတွင်ပေးထားခြင်းဖြစ်သည်။

စက်ရုပ်ဝိုက်တီသည် ဟင်းချက်ပြုတ်ပြီးပြီဖြစ်ရာဟင်းအမယ်များယူရန် မီးဖိုချောင်သို့ဝင်သွားလေသည်။

စက်ရုပ်ဝိုက်တီသည် ဟင်းအမယ်များကိုစားပွဲပေါ်သို့ တစ်ပန်းကန်ပြီးတစ်ပန်းကန် ချပေးလေသည်။

ဆယ့်နှစ်မျိုးပင် ရှိကြောင်း အယ်ဖာရေတွက်မိလေသည်။

မွေးကြိုင်လွန်းလှသဖြင့် ငေးမနေမတွေဝေနေတော့ပဲ စတင်စားသောက်လိုက်ကြလေသည်။

ဟင်းအမယ်တိုင်းစီက စားချင်လာအောင်သွေးဆောင်နေကြလေသည်။

ဂျိတ်တို့လည်းခေါင်းမဖော်ပင်စားလိုက်ကြလေသည်။

အယ်မလှလေးလည်း ကြိုက်လွန်းသောကြောင့် အားရပါးရစားလေသည်။

အယ်မလှလေး စားသောက်ကြည့်ကာ ဘေးမှလူများလည်း ကလေးမ စားသောက်ပုံကိုကြည့်ကာ ပြုံးမိကြလေသည်။

ဇိုက်ကတော့ ယခက်အတိုင်းပင် သူ၏ကိုယ်ထဲမှာမျောက်ကြီးနဲ့ တလှည့်စီစားသောက်နေကြလေသည်။

မျောက်ကြီးကိုအစကမကျွေးပဲ မိမိတစ်ယောက်တည်းစားရန်ကြံထားသည်ဖြစ်သည်။

မျောက်ကြီး၏အဆွယ်ကောင်းမှုကြောင့် အလဲလှယ်လုပ်ကာ ဇိုက်ကစားသောက်ခွင့်ပြုလိုက်လေသည်။

ထိုအလဲလှယ်ကား ဇိုက်လိုအပ်ချိန်တွင်သူ၏အစွမ်းချေးငှားပေးမည်ပင်ဖြစ်လေသည်။

မိုက်ကယ်လည်း သူ့အတွက်ပြင်ထားသောအစားစားများကို အားရပါးရစားသောက်လိုက်လေသည်။

အယ်ဖာအတော်တန် စားပြီးသည်နဲ့ သူ၏ကိုယ်မှထူးခြားဖြစ်စဥ်ကို သတိထားမိလေသည်။

("ဒါက အဆင့်တက်တာလား")အယ်ဖာ မိမိစားနေသော အစားများကို ပြန်သတိထားမိလေသည်။

ဟင်းအမယ်တွင်ပါဝင်သောပစ္စည်းတိုင်းက အဖိုးတန်ဆေးဖက်ဝင်ရာ ဒီဟင်းအမယ်များစားသောက်မှုကြောင့် မိမိအဆင့်ရကြောင်းသိလိုက်ပြီဖြစ်သည်။

မိမိစားလိုက်သောအစားများသည် ကိုယ်ထဲရောက်သောအခါ အဆင့်တက်ရန်အားပေးနေပြီဖြစ်သည်။

သို့သော် ယခုချက်ချင်းအဆင့်တက်ပါက ဂျိတ်ကိုမရိုမသေပြုရာကျသည်။

အယ်ဖာနေဖြင့် ထိုသို့အဆင့်တက်ခြင်းကို ခံစားရသော်လည်း ဂျိတ်တို့ကတော့ဘာမှမဖြစ်ပေ။

ထို့ကြောင့် အယ်ဖာသည် အဆင့်တက်ခြင်းကိုအတင်းကြပ်ပိတ်ထားပြီး ညစာစားပွဲကိုပြီးအောင်စောင့်လိုက်လေသည်။

ညစာ စားပွဲပြီးသည်နဲ့ အယ်ဖာလည်း ဂျိတ်ကိုခွင့်တောင်းကာ ပြန်ရန်ကြိုးစားလိုက်လေသည်။

"ဒါဆို ဒါယူသွား လိုက် ငါလိုတဲ့အချိန်အဲ့ကနေလှမ်းပြောလိုက်မယ်"ဂျိတ်ပေးသောအရာကိုယူကာ အယ်ဖာလည်း ဂျိတ်အိမ်မှ ပြေးထွက်သွားလေသည်။

ဂျိတ်အိမ်နဲ့ဝေးသောနေရာရောက်သည်နဲ့ မိမိတင်းကြပ်ထားသည်ကိုဖြေချကာ အဆင့်တက်လိုက်လေသည်။

ဝုန်း.....ဂျိတ်ကျွေးမွေးသော ဟင်းအမယ်များ၏အစွမ်းကြောင့် အယ်ဖာအဆင့်နှစ်ဆင့်ပင်ခုန်တက်သွားလေသည်။

ယခုအခါ အယ်ဖာသည် ရွှေအဆင့်သုံးမှငါးသို့ရောက်ရှိသွားပြီဖြစ်လေသည်။

"တကယ်ပဲ ငါဒီနေ့တစ်ရက်ထဲနဲ့နှစ်ဆင့် ခုန်တက်သွားပြီ နောက်ဆိုငါဒီထက်မြင့်တာကိုတောင်ရောက်နိုင်သေးတယ် ငါဂျိတ်ကို ပိုလေးစားလာပြီ"("အယ်ဖာ၏ ယုံကြည်မှု 9/10)စနစ်၏အချက်ပေးမှုကြောင့် ဂျိန်လည်းအံအားသင့်သွားလေသည်။

("စနစ်ရှင်းပြပါဦး")("သင်သည် သူ့အား ဓားဆန္ဒပြသခြင်း သင်ကျွေးမွေးသော အစားသောက်များကြောင့် အဆင့်တက်သွားခဲ့လေသည်။

ထို့ကြောင့် သူ၏ယုံကြည်လေးစားမှုသည် အဆင့်တက်သွားရခြင်းဖြစ်လေသည်")("ဒါဆို ငါတို့က ကော ဘာလို့အဆင့်မတက်ရတာလဲ")("အသင်ကတော့စနစ်ပိုင်ရှင်ဖြစ်ကာ အစွမ်းဆုံးကိုယ်ခန္ဓာကျင့်စဥ်ကိုလေ့ကျင့်သောကြောင့်သင်၏ကိုယ်ခန္ဓာက်ိုဟင်းအမယ်တွင်ပါဝင်သည်များက အကျိုးသက်ရောက်မှုနည်းပါးသွားခြင်းဖြစ်လေသည်။

ဇိုက်တော့ မျောက်ကြီးကြောင့်သူပါအသာလေးဟင်းတွင်ပါသောအစွမ်းများကိုလွယ်ကူစွာဖြဖျက်နိုင်ကာ သူ့၏အဆင့်တက်နှုန်းကယခုအခါ၌ လွယ်ကူနေမည်မဟုတ်ပါ ခွေးသည်လည်း အဆင့်မြင့်ထားသောကြောင့် နောက်တစ်လမျှအထိ စားသုံးမှသာ လျှင် အဆင့်တက်မည်ဖြစ်လေသည်။

သင်၏သမီးလေးကတော့ ကိုယ်ခန္ဓာအစွမ်းတစ်ခုငုပ်လျှိုးနေပါသည်။

ထိုအစွမ်းနိုးထရန်ဟင်းအမယ်များမှတစ်ဆင့် စုပ်ယူနေပါသည်။

ထိုအရာကြောင့်သမီးလေးလည်း အဆင့်မတက်ရခြင်းပင်ဖြစ်သည်")ဂျိတ် ထိုအကြောင်းကြားရပြီးနောက် ပျော်ရွှင်သွားသည်။

မိမိအပေါ်လေးစားမှုတိုးလာသော အယ်ဖာနဲ့မိမိသမီးလေးတွင် အစွမ်းရှိကြောင်းသိလိုက်ရသည့်အတွက်ပင်ဖြစ်လေသည်။

နောက်နေ့မနက်ရောက်သောအခါ အယ်ဖာသည်ဂျိတ်ကိုနှုတ်ဆက်ကာ ဂရိတ်နန်းတွင်းသို့ ပြန်သွားပြီဖြစ်လေသည်။

အယ်ဖာပြန်သွားသည်နဲ့ ဂျိတ်လည်း ဝိုက်တီကိုသမီးလေးနဲ့ဇိုက်တို့အားမနက်စာ ကျွေးမွေးစေခိုင်းပြီးနောက် သူ၏အကြံစည်ကိုစတင်အကောင်ထည်ဖော်လိုက်လေသည်။

ထိုအကြံစည်ကား ဆာဗေ့တို့ထံအလည်သွားခြင်းပင်ဖြစ်လေသည်။

သူကိုယ်တိူင်လည်း ဆာဗေ့ထံအလည်လာခဲ့မည်ပြောထားသောကြောင့်ဖြစ်လေသည်.။

("စနစ် ဆာဗေ့တို့ဆီကိုအလည်သွားမယ်")("ကောင်းပါပြီ သွားလာခြင်းအစီရင်အသက်သွင်းပါပြီ")အလင်းတန်းတစ်ခုပေါ်ပေါက်လာပြီးဂျိတ်ကိုဖုံးလွယ်သွားလေသည်။

ထိုအခါဂျိတ်လည်း ဆာဗေ့တို့ထံချက်ချင်းဆိုသလိုပင်ရောက်သွားပြီဖြစ်လေသည်။

30

နတ်ဆရာမ၏အကြံစည်ဆာဗေ့တို့၏တည်နေရာသည် သာမန်တောအုံကြိုကြားမျိုး၌ တည်ရှိနေခြင်းမဟုတ် ၎င်းတို့သည် မြို့ကြီးတစ်မြို့တစ်ဖွယ်တည်ဆောက်ကာနေထိုင်ကြခြင်းဖြစ်သည်။

ယခင်နှစ်များ၌ဂရိတ်စစ်သည်တော်များအနေဖြင့် တောထဲရှိဆာဗေ့နယ်မြေကိုရှင်းလင်းတိုင်း သူတို့နေဖြင့် တောထဲ၌ရှိသော ဆာဗေ့ရွာများကိုရှင်းလင်းနိုင်ကြလေသည်။

ဆာဗေ့မြို့ကြီးကို ဘယ်တော့အခါမှ မမြင်ကြပေ။

တောထဲရှိရွာများသည်လည်း ဆာဗေ့တို့အမှန်တကယ်နေကြသည်မဟုတ် ဂရိတ်စစ်သည်များအမှန်တကယ်နေသည်ထင်အောင်လုပ်ဆောင်ထားသော အယောင်ပြမှုသာဖြစ်လေသည်။

ယခုလည်း ဆာဗေ့မြို့တံတိုင်းကြီး၏ဝင်ပေါက်၌သန်မာထွားကြိုင်းလှသော ဆာဗေ့နှစ်ယောက်သည်ပုဆိန်ကြီးကို ကိုင်စွဲကာ စောင့်ကြပ်နေကြလေသည်။

ယခင်တုန်းက ထိုသို့အချိန်ပြည့်စောင့်ကြပ်ခြင်းမရှိသော်လည်း မင်းသမီးတာနာရှာ လက်ထက်မှစ၍ စည်းကမ်းများကိုစတင်တင်းကြပ်ကာ အချိန်ပြည့်စောင့်ကြပ်ခြင်းကိုစတင်ခဲ့ကြလေသည်။

ထိုစောင့်ကြပ်နေသော ဆာဗေ့နှစ်ယောက်လည်းစကားစမည်ပြောလေချိန်၌....."ဝုန်း""အမလေး မင်းသမီးနဲ့ငါနဲ့ရ"ဆာဗေ့တစ်ယောက်မှ ရုတ်ခြည်းအသံကြောင့်ထယောင်မိလေသည်။

"အဲ့လိုလျှောက်ယောင်နေ မင်းသမီးကြားသွားလို့မင်းသမီးရဲ့ဒဏ်ပေးလို့ တစ်ရက်လောက်လမ်းမလျှောက်နိုင်ဖြစ်သွားမယ်"(မင်းသမီးသည် အပြစ်ပေးရာ၌ရိုက်နှက်ခြင်းကိုမလုပ် အပြစ်သားအား ထင်းခွဲခိုင်းခြင်း တစ်နေကုန်ပတ်ပြေးခိုင်းခြင်းကိုသာ လုပ်ဆောင်စေသည်။

ထိုသို့လုပ်ဆောင်ခံရသူများသည် နောက်နေ့ရောက်သောအခါ လမ်းမလျှောက်နိုင်ကြသည်အထိဖြစ်ကြရလေသည်။

)ကျန်တစ်ယောက်မှ မောင်းမဲပြောဆိုလိုက်သည်။

"အေးပါကွာ နောက်တစ်ခါသတိထားပါမယ် ဒါနဲ့ဘာဖြစ်တာလည်း"အသံမြည်ပြီး မီးခိုးလုံးကြီးဖြစ်ပေါ်မှုကြောင့်ဆာဗေ့နှစ်ယောက်လုံး ဘာမှမမြင်ရပေ။

ထိုအချိန်၌ လူတစ်ယောက်သည် မီးခိုးလုံးထဲမှ ထွက်ပေါ်လာလေသည်။

ထိုသူ၏ပုံစံသည် မိမိတို့၏အသွင်ပြင်နဲ့မတူရာချက်ချင်းပင် လှံကိုအသင့်အနေထားဖြင့် ပြောင်းလဲလိုက်လေသည်။

"မင်းဘယ်သူလဲ ငါတို့မြို့ကို ဘယ်လိုရောက်လာတာလဲ"ဆာဗေ့အမေးကဆက်တိုက်ထွက်ပေါ်လာလေသည်။

ဆာဗေ့တို့၏မြို့တော်အကြောင်းကို ဆာဗေ့တို့မှလွှဲ၍ကျန်သူများမသိရပေ။

("စနစ်ဘာလို့သူအဲ့လိုမေးတာလဲ ရှင်းပြပါဦး")("ရှင်းပြပါမည် ဆာဗေ့မြို့တော်သည် တောထဲ၌ သီးသန့်တည်ထားသောနေရာကြီးဖြစ်ကာ ဆာဗေ့တို့၏အဓိကနေရာဌာနဖြစ်ပါသည်။

ဆာဗေ့မြို့ကို အဆင့်နှစ်ပုံရိပ်ယောင်ဝဂ်ပါဖြင့်လွှမ်းခြုံထားပါသည်။

ထို့ကြောင့် ဆာဗေ့သွေးပါသော သူများသာ ထိုဝဂ်ပါကို ဖြတ်သန်းနိုင်မည်ဖြစ်ကာ ကျန်သောသူများကတော့ ထိုမြို့ကိုမမြင်ပါ။

)ထိုအခါမှသာ မေးခြင်းအကြောင်းကို ဂျိတ်နားလည်လိုက်လေသည်။

"ဆာဗေ့တို့ မင်းတို့ဘုရင်ကြီးကိုပြောလိုက် ဂျိတ်အလည်ရောက်လာပြီလို့ပြောလိုက်"စကားပြောရာ၌အတွင်းအားထည့်ပြောလိုက်ရာတော်တော်ဝေးဝေးကရှိသော လူများပင်ကြားရလေသည်။

"ဂျိတ်ရောက်လာပြီတဲ့ ဘုရင်ကြီးကိုသတင်းပို့ကြ"ဆာဗေ့များ ပြာယာတလဲ ခတ်သွားကြလေသည်။

ဂိတ်စောင့် ဆာဗေ့နှစ်ယောက်လည်း ချက်ချင်းပင်ပုံစံပြောင်းသွားကာ ဂျိတ်ကိုကြိုဆိုကြလေသည်။

ဆာဗေ့နန်းတော်ကြီးထဲ၌......"သူလာကော လာနိုင်ပမလားမြို့ကို ပုံရိပ်ယောင်အစီရင်နဲ့ ကာထားတာလေ"" ဘုရင်ကြီး ပူမနေပါနဲ့ သူကနတ်ဘုရားဝင်စားသူပဲဒါမှမလာနိုင်ရင် သူမဟုတ်လို့ပေါ့"ဘုရင်ကြီးနဲ့ နတ်ဆရာမလည်း စကားပြောနေကြလေသည်။

တာနာရှာကတော့ ဘေးတွင်အသာလေးထိုင်ကာညိမ်နေလေသည်။

"ဘုရင်ကြီး သူရောက်လာပြီ"အစောင့်တစ်ဦးက ဘုရင်ကြီးအားအကြောင်းကြားလိုက်လေသည်။

"တွေ့လား ကျမပြောပါတယ်"ဘုရင်ကြီးလည်းနတ်ဆရာမအပြောကို ခေါင်းငြိမ်ဝန်ခံကာ"သူ့ကို ဖိတ်ခေါ်လာကြတော့"မကြာမီအတွင်း ဂျိတ်သည် နန်းတော်အဆောင်ထဲသို့ဝင်ရောက်လာလေသည်။

နန်းတွင်းထဲရှိ ဆာဗေ့မိန်းမပျိုများ လှပကြသလို သန်မာကြကြောင်းလည်း ဂျိတ်တွေ့မြင်ရလေသည်။

ထို့ပြင် ဆာဗေ့တို့၏အလေ့ကျင့်များ ထုံးစံအပြုမှုများကိုလည်းတစ်မျိုးတစ်ဘာသာပုံစံတွေ့မြင်ရလေသည်။

"ဘုရင်ကြီး ကျုပ်ကိုတွေ့ချင်တယ်ဆို"ဂျိတ်ကတော့ ဘုရင်ကြီးကို ဦးစွာမေးလိုက်လေသည်။

"ဟုတ်တာပေါ့ ဗျာ ဒီက ကျုပ်သမီးလေးက မဆင်ခြင်လုပ်မိလို့ တောင်းပန်တဲ့အနေနဲ့ ဖိတ်ခေါ်တာပါဗျ"ဘုရင်ကြီးက တာနာရှာကိုပြကာ တောင်းပန်စကားဆိုပြလေသည်။

တာနာရှာလည်း ဘုရင်ကြီးကြောင့်စိတ်မပါစွာဖြင့် တောင်းပန်ခြင်းပြုလေသည်။

မည်သို့ပင်ဖြစ်စေ တာနာရှာတောင်းပန်သည်ဖြစ်ရာဂျိတ်လည်း ခွင့်လွတ်ပေးလိုက်လေသည်။

"ကျမကတော့ ဆာဗေ့မျိုးနွယ်ရဲ့နတ်ဆရာမပါ""ဟုတ်တွေ့ရတာ ဝမ်းသာပါတယ်"ဂျိတ်ကလည်း နှုတ်ဆက်ကြိုဆိုသော နတ်ဆရာမကိုပြန်လည်နှုတ်ခွန်းဆက်လိုက်လေသည်။

"ကျနော်တို့ဆီ ဂျိတ်ကရောက်လာပေးမှတော့ ကျနော်တို့ကလဲ ဧည်ခံပေးရမှာပေါ့""ဖြောင်း..ဖြောင်း"ဆာဗ့ဘုရင်ကြီးလက်ခုပ်တီးလိုက်သည်နဲ့ ချောမောလှပသော အစေခံလေးများက စားစရာသောက်စရာများကိုလာရောက်ချပေးကြလေသည်။

ထိုဆာဗေ့အစေခံလေးများ သည် အရိုင်းပန်းဆန်သောအလှပမျိုးကို ပိုင်ဆိုင်ထားကြလေသည်။

တီးမှုတ်သံများကလည်း ထွက်ပေါ်လာလေသည်။

ထိုအသံများထွက်ပေါ်လာသည်နဲ့ ဆယ့်နှစ်ယောက်ပါသော ဆာဗေ့အလှမယ်လေးများကတော့ ၎င်းတို့၏မျိုးနွယ်ဝတ်စုံကို ဝတ်ဆင်ကာ မျိုးနွယ်စုအကဖြင့်ကပြဖျော်ဖြေ ကြလေသည်။

သူတို့ကပြဖျော်ဖြေမှုသည် မျက်စိပဒေသာဖြစ်စေကာ ကောင်းလှသောကြောင့် ဂျိတ်ပင်လက်ခုပ်တီးအားပေးမိလေသည်။

ဘုရင်ကြီးကလည်း ဂျိတ်အပြုမှုကြောင့် ပျော်ရွှင်နေသည်ဖြစ်သည်။

ဂျိတ်လည်းသူတို့ တည်ခင်းဧည့်ခံသော စားဖွယ်များ ဖျော်ရည်များကို သုံးဆောင်လေသည်။

"ဟား..ဟား..ဟားး""အောင်ပြီကွ"နတ်ဆရာမကြီးက ထအော်ရာ ဘုရင်ကြီးနဲ့တာနာရှာပင် အံသြ သင့်ခဲ့ရလေသည်။

"နတ်ဆရာမကြီး ဘာဖြစ်လို့လဲ"ဘုရင်ကြီးနဲ့ တာနာရှာ တို့လည်း ဝေခွဲမရဖြစ်နေလေသည်။

"ဘာဖြစ်လို့လည်း ဟုတ်လားငါကမင်းတို့ကိုကျေးဇူးတင်ရမှာလေ ငါလုပ်နေတဲ့အစီရင်မှာ နတ်ဘုရားဝင်စားသူသွေးလိုနေတာလေ ဒါကိုမင်းတို့ကငါပြောတဲ့အတိုင်း ဂျိတ်ကိုခေါ်လာပေးတယ်.မင်းတို့ကြောင့် ငါအစီရင်အောင်မြင်ပြီး ဆာဗေ့မျိုးနွယ်ကို ငါအုပ်စိုးရတော့မှာကွ"နတ်ဆရာမကြီး သူမ၏တောင်ဝှေးကိုတစ်ချက်ထောက်လိုက်သည်နဲ့ တာနာရှာနဲ့ဘုရင်ကြီးလည်းလဲကျသွားလေသည်။

ဂျိတ်ပင် အားနည်းသလိုဖြစ်လာကြောင်းခံစားမိသည်။

ထို("ဆေးခတ်ထားတာလား.")ခံစားချက်က တခဏအတွင်းပျောက်ကွယ်သွားလေသည်။

ဂျိတ်၏ကိုယ်မှ အလွန်အဆင့်မြင့်.ရာချေဖျက်လိုက်ခြင်းဖြစ်လေသည်။

"ငါတို့ အားတွေမရှိတော့ဘူးဒါက အစားသောက်တွေမှာပါနေတာပဲ"ဘုရင်ကြီးနဲ့တာနာရှာလည်း မိမိတို့လှည့်စားခံရပြီဖြစ်ကြောင်းရိပ်မိလိုက်သည်။

"အေအး မင်းတို့ကိုလုပ်တာ ငါပဲကွ သူတို့နှစ်ယောက်ကိုဖမ်းလိုက်ကြစမ်း"နတ်ဆရာမကြီးအမိန့်ပေးသည်နဲ့ ဆာဗေ့စစ်သည်များက ဘုရင်ကြီးနဲ့တာနာရှာကိုဖမ်းဆီးလိုက်ကြသည်။

နှစ်ယောက်လုံး ဆေးမိပြီးအားပျော့နေကြရာ အလွယ်တကူပင် ဖမ်းခံလိုက်ကြရလေသည်။

ဆာဗေ့စစ်သည်များ၏မျက်လုံးများနဲ့ သူတို့၏တက်တူးများသည် အပြာရောင်သန်းနေကြလေသည်။

ထိုအခြင်းရာကြောင့် ဆာဗေ့စစ်သည်များလည်နတ်ဆရာမ၏ထိန်းချုပ်မှုလက်အောက်ကျရောက်နေကြောင်း ဆာဗေ့ဘုရင်ကြီးသိရှိလိုက်လေသည်။

ထိုတက်တူးများဖြင့် နတ်ဆရာမကြီးထိန်းချုပ်ထားသည်မှာအသိသာပင်ဖြစ်လေသည်။

ဆာဗေ့စစ်သည်တော်တိုင်းသည် ယခင်ထက်သန်မာလာအောင် နတ်ဆရာမကြီး၏တက်တူးကို အထိုးခံကြရလေသည်။

ယခုအခါ ထိုတက်တူးသည် သန်မာလာအောင်မဟုတ်ပဲ နတ်ဆရာမကြီး၏အလိုတိုင်းစေကြအောင် လုပ်ဆောင်ပေးမှန်း သိသာလာစေသည်။

"တာနာရှာ မင်းသာငါ့ကို မပြောပြရင် နတ်ဘုရားဝင်စားသူရှိမယ်လို့တောင် ငါထင်မှာမဟုတ်ဘူး အခုတော့ငါ ကမ္ဘာကြီးကိုပိုင်စိုးရတော့မယ်"နတ်ဆရာမကြီးသည် ဘုရင်ကြီးနဲ့တာနာရှာကိုကြည့်ကာ"မင်းတို့နှစ်ယောက်ကိုတော့ ငါရဲ့ရုပ်သေးရုပ်လိုခိုင်းစားရမယ် မသတ်သေးဘူး ဂျိတ်မင်းကတော့ ဒီနေ့ ထွက်ပြေးလို့မရတော့ဘူးကွသိလား မင်းကိုခတ်တဲ့ဆေးက သူတို့နှစ်ယောက်မိတာထက် အဆပေါင်းများစွာပြင်းတယ် ဒါကြောင့်မင်းအခုအားပျော့ နေပြီ ပြီးတော့ မင်းစိတ်စွမ်းအားကိုလဲ မင်းထုတ်သုံးနိုင်မှာမဟုတ်ဘူးကွ...ဟား..ဟား..ဟား..""ငါသာ မင်းသွေးကို အစီရင် လုပ်ပြီးသောက်ရင်နှစ်တစ်ရာတော့ အသာလေး သက်တမ်းတိုးလာမယ်ကွ ပြီးရင်မင်းကိုယ်ကို ယဇ်ပူဇော်လိုက်မယ်ဆိုရင်ငါတို့ဆာဗေ့တွေအကုန်လုံး ရွှေအဆင့်ကိုတစ်ခါတည်းရောက်သွားမှာကွ...."ဂျိတ်ကိုအောင်နိုင်ပြီထင်သောကြောင့် နတ်ဆရာမကြီးမှာ ယခုပင် အသက်ထပ်ရှည်သွားသလို ပီတိဖြာနေလေသည်။

(ဆာဗေ့အကုန်လုံးရွှေအဆင့်ဆ်ိုပါလား)နတ်ဆရာမကြီး ပြောသည်သာ အမှန်ဆိုပါက ဆာဗေ့တိုင်း ရွှေအဆင့်ဆိုပါက ဘယ်သူမှဆာဗေ့တို့ကိုတားနိုင်တော့မည်မဟုတ်ပေ။

"အဘွားကြီး ခင်ဗျားအကြံက တကယ့်ကိုကောင်းနေတာပဲ"ဂျိတ်ပင် နတ်ဆရာမအကြံစည်ကိုပင် ကောင်းမွန်ကြောင့်ဝန်ခံရမည်ဖြစ်သည်။

သို့သော် နတ်ဆရာမကြီးက ဂျိတ်ကိုမှ စမ်းမိလေသည်။

ဂျိတ်ပြောဆိုမှုကြောင့် နတ်ဆရာမကြီးလည်းအနည်းငယ်စိတ်တိုသွားလေသည်။

"နင်သေရမှာကြောက်လို့ ဂယောင်ခြောက်ခြားပြောမနေပါနဲ့ နင်ငါ့လက်ကမလွတ်ပါဘူး""အဘွားအိုကြီးတော့ သူ့ကိုယ်သူ ဟုတ်နေပြီထင်တာပဲ "ဝုန်း..ဂျိတ် သူ၏လက်တစ်ဖက်တည်းဖြင့် ကျောက်သားစားပွဲကြီးကို ချိုးဖဲ့ပြလိုက်လေတော့သည်။

All Chapters