← Chapters

အခန်း (၅၄၁)

Vol. 44 Ch. 541

အခန်း (၅၄၁)

Vol. 44 Ch. 541

အခန်း ၅၄၁

ချန်ကျဲ့သည် စူးယွင်ကျင်းကို မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် သိုင်းကွက်တချို့နှင့် ယန်ချွမ်ကျင့်စဉ်တို့ကို သင်ကြားပေးထားခဲ့သည်။ ထို့ကြောင့် စူးယွင်ကျင်းသည် ထိုသိုင်းကွက်များကို ကျွမ်းကျင်သည်။

ထို့ပြင် ချန်ကျဲ့သည် အတွေးငယ်သိုင်းကို နားအလည်ဆုံးဖြစ်မည့် အော်မေ့ဂိုဏ်းတွင် မွေးဖွားခဲ့သော အော်မေ့ဂိုဏ်း‌သားဟောင်းဖြစ်သူ ကျီးရှန်းဘုရားကျောင်းမှ ဆရာတော်ကျီးရှန်းထံမှလည်း အကြံဉာဏ်တောင်းခဲ့သေးသည်။

ချန်ကျဲ့သည် ထိုအတွေးငယ်သိုင်းကို အဆင့်မြှင့်‌တင်ပေးခဲ့ပြီး စူးယွင်ကျင်းကို ထိုက်ဆွေ့ဆေးလုံးလည်း တိုက်ထားသောကြောင့် စူးယွင်ကျင်းသည် နွဲ့ပျောင်းအရွတ်အဆင့်သို့‌ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် စူးယွင်ကျင်းသည် တိုက်ခိုက်ရခြင်းအား တွန့်ဆုတ်နေသောကြောင့် သူမ သိုင်းတတ်သည့်အကြောင်းကို လူအနည်းငယ်သာ သိထားပေသည်။

မည်သို့ပင်ဖြစ်စေ စူးယွင်ကျင်းသည် အတိတ်က အားနည်းချည့်နဲ့သည် မိန်းမငယ်လေး မဟုတ်တော့ပေ။

စူးယွင်ကျင်းသည် သုံးချက်ဆက်တိုက်သော သိုင်းကွက်ဖြင့် မုလန်လူမျိုးကို မြေပြင်သို့ လဲကျသွားစေခဲ့သည်။

ထိုမြင်ကွင်းတွင် အနီးဝန်းကျင်ရှိ လူများမှာ မျက်လုံးပြူးသွားကြ၏။ နူးညံ့သိမ်မွေ့ကာ အားနည်းဟန်ရှိသော ဤအမျိုးသမီးသည် သိုင်းတတ်နေမည်ဟု သူတို့ထင်မထားခဲ့ကြပေ။ အလွန်အံ့အားသင့်ဖွယ်ဖြစ်၏။

ရွေ့ရွေ့နှင့် စွင်းယုံပင်လျှင် မျက်လုံးအပြူးသားဖြင့် ကြောင်အသွားရသည်။ သူတို့၏ အစ်မဖြစ်သူ၊ မွေးစားအမေဖြစ်သူ သိုင်းလေ့ကျင့်ခြင်းကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသဖြင့် အံ့ဩနေကြလေသည်။

စူးယွင်ကျင်း သိုင်းလေ့ကျင့်ခြင်းအား သူတို့ သေချာပေါက် မမြင်ဖူးနိုင်ပါချေ။ အကြောင်းမှာ စူးယွင်ကျင်းလေ့ကျင့်သည့် သိုင်းသည် အိပ်ရာဝင်ခြင်းကဲ့သို့ ညဘက်တွင်သာ လေ့ကျင့်ခြင်းဖြစ်သည်။ ညဘက်တွင် စူးယွင်ကျင်းသည် ချန်ကျဲ့နှင့်အတူ သိုင်းကွက်များအကြောင်း ဆွေးနွေးလေ့ကျင့်ခြင်းဖြစ်သဖြင့် အပြင်လူများ မြင်တွေ့ခြင်းငှာ မသင့်တော်ပါချေ။

စူးယွင်ကျင်းမှ စတင်လှုပ်ရှားလိုက်သည်နှင့် မီးခိုးရောင်ဝတ်အစေခံများသည် သတိကပ်သွားပြီး စူးယွင်ကျင်းကို ဝန်းရံလိုက်ကြရင်း လဲကျနေသည့် မုလန်လူမျိုးကို ပြန်ထူပေးလိုက်သည်။

“သခင်ကြီးထာရာ အဆင်ပြေရဲ့လား”

ထာရာဟု အမည်ရသည့် မုလန်လူမျိုးသည် မတ်တပ်ပြန်ရပ်လိုက်သည်တွင် ရင်ဘတ်ထဲ၌ တင်းကျပ်မှုကို ခံစားလိုက်ရသည်။ စူးယွင်ကျင်းသည် ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်ခဲ့သောကြောင့် ဒဏ်ရာအပြင်းအထန် မရခဲ့ပေ။

ဤသည်မှာ သဘာဝကျပါ၏။ သခင်မလေးသည် စိတ်သဘောထားနူးညံ့လှသည်မှာ ဤသို့အခြေအနေမျိုးတွင်ပင် လူတစ်ယောက်ကို ကျိုးပဲ့သွားအောင် မတိုက်ခိုက်ဝံ့ချေ။

သို့သော် ထာရာသည် ကျေးဇူးသိတတ်သူ မဟုတ်ပေ။ မြေပြင်တွင် လဲကျသွားခဲ့ရ‌ရာ သူသည် ဒေါသတကြီးဖြင့် မီးခိုးရောင်ဝတ်‌အစေခံများကို ညွှန်ကြားလိုက်သည်။

“မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ။ တိုက်ကြလေ။ ဒီမိန်းမငယ်လေးက အိပ်ရာထဲမှာ ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာ ငါကြည့်ချင်တယ်”

“သူ့ကို နောင်တရအောင် လုပ်ပစ်မယ်။ ငါ သူ့ကို အကြမ်းတမ်းဆုံးနည်းလမ်းတွေ သုံးချင်တယ်။ သွား၊ သူ့ကိုဖမ်းကြ”

မုလန်လူမျိုးသည် စူးယွင်ကျင်းကို လက်ညှိုးထိုးလျက် ပြော၏။ စူးယွင်ကျင်းသည် ရွေ့ရွေ့နှင့် စွင်းယုံတို့ကို သူမ၏နောက်တွင် ကာကွယ်ထားပေးသည်။

မီးရောင်ဝတ်အစေခံများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုစဉ် အစေခံတစ်ဦးသည် ရွေ့ရွေ့နှင့် စွင်းယုံတို့၏ အင်္ကျီထက်မှ အမှတ်သင်္ကေတကို သတိထားမိသွားခဲ့သည်။

“ဟေး တကယ်ကြီး တိုက်မှာလား။ သူတို့က ကျားဖြူခန်းမကနော်”

ထိုအခါ အစေခံတစ်ဦးမှ ပြောသည်။

“ကျားဖြူခန်းမက လူဆိုတော့ရော ဘာဖြစ်လဲ။ ကျားဖြူခန်းမဆိုတာလည်း မုလန်လူမျိုးတွေ ‌မွေးထားတဲ့ ခွေးပဲ မဟုတ်လား။ သခင်ကြီးထာရာကို ထိခိုက်စေတဲ့အတွက် တန်ကြေးပြန်ပေးဆပ်ရမှာပဲ”

“တိုက်ကြ”

သို့ဖြင့် မီးခိုးရောင်ဝတ်အစေခံတစ်သိုက်သည် ရှေ့သို့ ပြေးဝင်လာကြသည်။ ထိုစဉ် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။

“ငါ့မရီးကို ဘယ်သူထိရဲသလဲ”

နောက်တဒင်္ဂတွင် အခင်းနေရာသို့ လူတစ်ယောက်ဆင်းသက်လာပြီး ထိုလူသည် မီးရောင်ဝတ်အစေခံတစ်ဦးကို တစ်ချက်တည်းဖြင့် လည်လိမ်ချိုးပစ်လိုက်လေသည်။

ထိုသူမှာ ရှောင်ဟူမှတစ်ပါး အခြားသူ မဖြစ်နိုင်ပါချေ။

ရှောင်ဟူသည် တစ်ဖက်လူမှာ မုလန်လူမျိုးဖြစ်စေ၊ မည်သူမည်ဝါဖြစ်စေ ဂရုမစိုက်ပေ။ သူ၏ မရီးဖြစ်သူကို ထိပါးသူတိုင်းသည် သေသင့်သည်ဖြစ်၏။

ရှောင်ဟူ၏တိုက်ခိုက်မှုသည် ကြမ်းတမ်းပြင်းထန်လှရာ အချိန်တိုအတွင်း၌ မီးခိုရောင်ဝတ်အစေခံ အများစုကို အထိနာစေခဲ့သည်။ ထိုအစေခံအများစုမှာ နွဲ့ပျောင်းအရွတ်အဆင့်များဖြစ်ကြပြီး သံမဏိအရိုးအဆင့်ပင် မရှိကြသေးပေ။ ရှောင်ဟူသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်၏။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးအနေဖြင့် နွဲ့ပျောင်းအရွတ်အဆင့်သိုင်းပညာရှင်များကို တိုက်ခိုက်ရခြင်းမှာ အလွန် လွယ်ကူလွန်းသည်။

ရှောင်ဟူသည် အားရကျေနပ်စွာ တိုက်ခိုက်နေသဖြင့် မီးခိုရောင်ဝတ်အစေခံများမှာ ချွေးစေးများ ရွှဲနစ်လာတော့သည်။ သူတို့သည် မုလန်လူမျိုးများ၏ ခွေးအဖြစ် ပိုမိုကောင်းမွန်သည့် ဘဝကို ပိုင်ဆိုင်လိုကြခြင်းသာ ဖြစ်သည်။ ထိုအတွက်နှင့် အသက်ပေးလိုခြင်း မဟုတ်ကြပါချေ။

သို့ဖြစ်ရာ ရှောင်ဟူမှ ၅ယောက်ခန့် သတ်ဖြတ်အပြီးတွင် အားလုံး ‌ကြောက်ရွံ့ချောက်ချားကုန်ကြတော့သည်။

ရှောင်ဟူသည် ထိုအစေခံများကို ဂရုမစိုက်ပါချေ။ သူသည် သူ၏မရီးကို အနိုင်ကျင့်ချင်သည့် ထာရာဟူသည့် မုလန်လူမျိုးကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။

“သေလိုက်တော့”

ရှောင်ဟူသည် ဆုံးဖြတ်ချက်ပြတ်သားခိုင်မာစွာဖြင့် ထာရာကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်သည်။ ဤသည်မှာ အသက်နုတ်မည့် တိုက်ခိုက်မှုပင်။

ဘာကို မုလန်လူမျိုးလဲ၊ ဘာကို အထက်တန်းလွှာလဲ၊ အကုန် ပေါက်ကရတွေချည်းပဲ။ ငါ့မရီးကိုများ မကောင်းတဲ့စိတ်နဲ့ ပြစ်မှားရဲတယ်၊ သေချင်နေတာပဲ

ထာရာသည် ဘာမျှမပြောဘဲ အဆင်အခြင်မဲ့ ဝင်ရောက်လာပြီး တစ်ကြိမ်တည်းနှင့် လူနှစ်ယောက်ကို သတ်ဖြတ်လိုက်သည့် အမျိုးသားကိုမြင်လျှင် ရုတ်ချည်း ကြောက်လန့်တုန်လှုပ်သွားခဲ့သည်။ ထိုအမျိုးသား သူ့ကို တိုက်ခိုက်လာသည်အား မြင်သည်နှင့်တစ်ပြိုင်နက် သူရှောင်တိမ်းလိုက်သည်။ သို့သော် သူအဘယ်သို့များ ရှောင်တိမ်းနိုင်ပါမည်နည်း။ ရှောင်ဟူသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် ဖြစ်သည်။

ထာရာသည် သူ၏ရင်ဘတ်ထံ ကျရောက်လာနေသည့် လက်ဝါးရိုက်ချက်ကို မြင်တွေ့နေရသည်။

“အောက်တန်းစားကောင်ကများ အတင့်ရဲလိုက်တာ”

ထာရာသည် ဒေါသပေါက်ကွဲလျက် အော်ငေါက်ပြောဆို၏။ မျက်နှာမှာတော့ ဖြူဖျော့နေပေသည်။ သို့သော်ငြား ထိုအချိန်တွင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ထာရာ၏ရှေ့တွင် ရပ်၍ ကာကွယ်လိုက်သည်။

အရိုးအဆစ်လွဲသိုင်းကွက်

ရောက်ရှိလာသူသည် ရှောင်ဟူနှင့် အပြန်အလှန် တိုက်ခိုက်ခဲ့ပြီး ထို့နောက်တွင်မူ ရှောင်ဟူမှာ နောက်သို့ ခြေနှစ်လှမ်းခန့် ‌ဆုတ်သွားရသည်။ ကနဦးတွင် ရှောင်ဟူသည် ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်သော်ငြား ရောက်လာသူမှာ ဝူဟုန်ဖြစ်နေသောကြောင့် ရပ်တန့်လိုက်သည်။

ရှောင်ဟူမှ ပြောသည်။

“ဝူဟုန်၊ မင်း တကယ်ကြီး အဲဒီလူယုတ်မာအတွက်နဲ့ ကျွန်တော့်ကို တားမှာလား”

ဝူဟုန်မှ ပြန်ပြောသည်။

“ဒီလူက မုလန်လူမျိုးပဲ”

ရှောင်ဟူမှ ပြန်ပြောသည်။

“သူဘယ်သူလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။ သူက သေလမ်းရှာနေမှတော့ ကျွန်တော် သူ့ကိုကူညီပေးလိုက်မယ်”

ထိုစကားတွင် ဝူဟုန် မျက်မှောင်ကြုတ်သွား၏။ သူ ချန်ရှောင်ဟူကို ဟန့်တားရခြင်းမှာ မုလန်လူမျိုးများကို အန္တရာယ်မပြုနိုင်သောကြောင့် ဖြစ်သည်။

မုလန်လူမျိုးဟူသည် အဘယ်နည်း။ မျန့်ရွှေ၏ အထက်တန်းလွှာများ ဖြစ်သည်။ မုလန်လူမျိုးတစ်ယောက်ယောက် တစ်ခုခုဖြစ်သွားခဲ့လျှင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို လှုပ်ရှားလာစေလိမ့်မည်။ ထိုအခါ ကိစ္စများ ရှုပ်ထွေးလာနိုင်ပေသည်။

All Chapters