← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

(31)နတ်ဆရာမ၏သေခြင်း

ကျောက်သားစားပွဲကြီးမှာ တစ်ခဏအတွင်းပင် ပျက်စီးသွား လေးပြီဖြစ်သည်။ "မ..မဖြစ်နိုင်ဘူး" နတ်ဆရာမကြီး လန့်သွားသည်။ဆာဗေ့လိုသန်သော လူများ ပင် မခံနိုင်သော ကိုယ်အားပျော့ဆေးနဲ့စိတ်ကိုထိခိုက် စေသောဆေးကို ပုံမှန်ထက် ပိုသုံးထားခဲ့သည်ဖြစ်ရာ ဒါကိုဂျိ တ်က ခံနိုင်ရည်ရှိနေသည်ဖြစ်သည်။ ဘေးရှိ ဘုရင်ကြီးနဲ့တာနာရှာတို့လည်း အံသြရာမှဝမ်းသာလာ လေသည်။ဂျိတ်ကြောင့် သူတို့၏မျှော်လင့်ချက်များလည်း ရှိ လာပြီဖြစ်သည်။ ဂျိတ်သည် ကျောက်သားစားပွဲကို ချိုးဖဲ့ပြီးနောက် နတ်ဆရာမ ထံသို့ဦးတည်လျှောက်လာလေသည်။ "သူ့ကိုဝိုင်းဖမ်းကြစမ်း" မျက်လုံးပြာနေသော ဆာဗေ့များကလည်း ဂျိတ်ကိိုဝုင်းဝန်း ဖမ်းဆီးကြလေသည်။ "ဒေါက် ဒေါက်" ဂျိတ် လျင်မြန်စွာပင် ဖမ်းရန်လာသော ဆာဗေ့များကို မေ့မြောစေရန်လက်စောင်းခုပ်ချလိုက်လေသည်။ ထို လက်စောင်းခုပ်ချက်ကြောင့် လာဖမ်းသော ဆာဗေ့များလည်း မေ့မြောသွားကြလေသည်။ ထိုဖမ်းသော သူများသည် နတ်ဆရာမကြီး၏ထိန်းချုပ်မှု ကြောင့်လုပ်ဆောင်ကြရသည်ဖြစ်ရာ ဂျိတ်မှညှာ တာ ပေး ခြင်းဖြစ်လေသည်။ ဂျိတ်၏ဆက်လက်လျှောက်လာမှုကြောင့် နတ်ဆရာမကြီး လည်း ပြေးလေသည်။သူမပြေးနှုန်းသည် အိုမင်းနေသော လူ၏လှုပ်ရှားမှုနဲ့မတူ သန်မာသောစစ်သည်တော်တစ်ယောက် ပြေးလွှားနေသည်နဲ့ပင် တူနေသေး၏။ဒီအတိုင်း ပြေးသွား လည်း မဟုတ်သေး နန်းတွင်းမှ သူမ ထိန်းချုပ်ထားသောလူ မှန်သမျှကို ဂျိတ်ဆီသို့ စေလွတ်လိုက်လေသည်။ ဝေါခနဲဆိုသလို ထောင်ချီသောလူအုပ်လိုက်ကြီးက ဂျိတ်ထံသို့ တိုးဝင်လာကြလေသည်။ထိုလူအုပ်များသည်လည်းမျက်လုံး များပြာနေကာ အသိစိတ်ကင်းမဲ့နေကြလေသည်။ ("ဒီအတိုင်းဆိုရင် ငါတော့ကြာနေတော့မှာပဲ စနစ်ရေ ငါ့ကို xxxxxxx...ကအစွမ်းတွေလွှဲပြောင်းပေးလိုက်တော့...) (ကောင်းပါပြီ 80...90..100%လွှဲပြောင်းပြီးပါပြီ.....) ဂျိတ်အစွမ်းလွှဲပြောင်းပြီးသည်နဲ့ မိမိကိုယ်ခန္ဓာအတွင်းတွင် ပြောင်းလဲမှုတစ်မျိုးခံစားလိုက်ကြောင်းခံစားရလေသည်။ ဂျိတ်၏လက်ထဲတွင်လည်း မှော်တုတ်တံတစ်ချောင်း ရှိလျက်သားဖြစ်လေသည်။ ထိုတုတ်ကို ကိုင်ဆောင်ထားရသည်မှာ ခံစားမှုသက်တောင့် သက်သာရှိလှသည်ဟုပင် ထင်မြင်မိသည်။ လူအုပ်ကြီးကတရုန်းရုန်းပြေးလာနေသော်လည်း ဂျိတ် ကတော့ သူ၏မှော်တုတ်တံကို ကိုင်လျက် တစ်စက်မျှပင် တုန်လှုပ်သွားခြင်းမရှိပေ။ ( သင်တောင်းဆိုသော မှော်အစွမ်းလွှဲပြောင်းပြီးပါပြီ သင် အလိုရှိသလို သုံးနိုင်ပါပြီ သင်အနေနဲ့ စကားလုံးများဖြင့် လည်း မှော်တုတ်တံကိုစေခိုင်းနိုင်သလို မှော်စကားလုံးကို သုံး၍လည်း သုံးနိုင်ပါသည်။) ဂျိတ်အနေနဲ့ မိမိရထားသောမှော်အစွမ်းကို မိမိထံပြေးလာ သော လူအုပ်ကြီးအား စတင်စမ်းသပ်ခြင်းပြုလေသည်။ "အိတ်စပဲလိအာမက်" (မှော်စကားလုံး....လက်နက်များကိုရုတ်သိမ်းသည်။ ) ထိုစကားလုံးရွတ်ဆိုပြီး တုတ်ကိုဝေ့ယမ်းလိုက်သည်နဲ့ အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာလေသည်။ထို အလင်းတန်းသည် လူအုပ်ကိုထိလိုက်သည်နဲ့ ဂျိတ်ထံပေးလာသော လူအုပ်ကြီးလက်မှ လက်နက်များ အားလုံးလွင့်စင်သွားလေသည်။ လူအုပ်ကြီးလည်း လက်နက်မရှိသော်လည်း ဒီအတိုင်း အတင်းတိုးဝင်လာကြလေသည်။၎င်းတို့၏ယခုအခြေ နေသည် အသိတရားလုံးဝကင်းမဲ့နေသော ပုံစံရောက်ရှိနေပြီ ဖြစ်သည်။ "စတူဖစ်ဖိုင်း" (မှော်စကားလုံး ထိခံရသူများသတိလစ်မေ့မြောစေ နိုင်သည်။) ဝုန်း မှော်တုတ်မှ အလင်းတန်းသည် ထပ်မံထွက်လာပြီလူအုပ်ကြီး ကို ထိမှန်ပြန်လေသည်။ဒီတစ်ခါတော့ လူအုပ်ကြီးသည် ထ ခြင်းမရှိတော့ပဲ ကြမ်းပြင်ပေါ်၌ မေ့မောနေကြပြီဖြစ်လေ သည်။ ဂျိတ်လည်းမှော်တုတ်လေးကို ကိုင်ဆောင်ကာ မေ့မြောနေ သောလူအုပ်ကြီးကိုအသာလေးပင် ကျော်ဖြတ်လာနိုင်ခဲ့လေ သည်။ နတ်ဂူထဲတွင်တော့..... နတ်ဆရာမကြီးသည် သူမ၏အစီရင်တစ်ခုပြုလုပ်နေပုံရှိလေ သည်။သူမ၏တောင်ဝှေးက ဟိုဟိုဒီဒီ ဝှေ့ယမ်းနေပြီး သူမ၏ပါးစပ်မှလည်း ဂါထာမန္တာရားများကို ဆက်တိုက် ရွတ်ဆိုနေလေသည်။ သူမ၏ရှေ့မှ မီးပုံကြီးကလည်း တ ဖြေးဖြေးပြောင်းလဲလာလေသည်။ "အဘွားအိုကြီး ပြေးမလွတ်ပါဘူး" မာန်ပါသောအသံကြီးကြောင့် နတ်ဆရာမကြီးပင်လန့်ဖြတ် သွားလေသည်။ဂျိတ်ကို သူမနေဖြင့် လူအုပ်ကြီးဖြင့် ဖမ်းဆီး စေသော်လည်း ဂျိတ်မှာမဖမ်းခံရသည့်အပြင် မိမိ၏ဂူဝသို့ ရောက်ရှိနေပြီဖြစ်လေသည်။ "ဟား..ဟား ဂျိတ်မင်းနောက်ကျသွားပြီကွ အစောက လာရင် မင်းနိုင်ရင်နိုင်ဦးမှာ မင်းအခုကတော့နောက်ကျသွားပြီကွ သိ လား ငါငရဲကနတ်ဆိုးကြီးကို ဆင့်ခေါ်ပြီးပြီ မင်းသေရတော့ မယ်" နတ်ဆရာမကြီးက လူအုပ်ကြီးဖြင့် တားဆီးရခြင်းမှာ သူမ၏ငရဲ နတ်ဆိုးကို ခေါ်ရန် ဂါထာမန္တရားရွတ်ရန်အချိန်လို သောကြောင့် ဖြစ်လေသည်။ဂျိတ်လာချိန်တွင် သူမ၏ခေါ် ခြင်းပြီးမြောက်သွားပြီဖြစ်ရာ သူမပျော်နေခြင်းဖြစ်လေ သည်။ ဂျိတ်ကို ငရဲမှနတ်ဆိုးလက်ချက်ဖြင့်သေစေပြီး မိမိ သည်ဂျိတ်၏ကိုယ်ခန္ဓာကိုယဇ်ပူဇော်မည်ဖြစ်လေသည်။ "ဂါး..." နတ်ဆရာမ၏ရှေ့မီးပုံမှ အကောင်တစ်ကောင်ထွက်ပေါ်လာ သလိုမြင်ရသည်ဟု ဂျိတ်ခံစားမိသည်။ထိုအကောင်၏အသွင် ပြင်သည် တဖြေးဖြေးပီပြင်လာလေသည်။ ကြောက်စရာကောင်းသော အသွင်ပြင် နီရဲနေသောဦးချို ပါးစပ်တွင်လည်းမီးခဲချော်ရည်များက ရှိနေသေးသည်။ "ဟားဟား..ဟား..ဟား..ဂျိတ်နင်သေပြီဟေ့" ဂျိတ်ကတော့ နတ်ဆရာမစကားကို ဂရုမစိုက် သူ၏မှော်တုတ် ဖြင့် ထိုနတ်ဆိုး၏ခေါင်းကိုချိန်လိုက်လေသည်။ ထိုနတ်ဆိုးအသွင်ပြင်မပြည့်စုံခင် သတ်မှဖြစ်မည်။အသွင်ပြင် ပြည့်စုံသွားပါက သတ်ရန်ခက်ခဲကြောင်း ဂျိတ်ခံစားမိရာ ချက်ချင်းပင် မှော်စကားလုံးကို ရွတ်ဆိုကာ မှော်တုတ်မှ အလင်းတန်းကို နတ်ဆိုးထံသို့ပစ်လွတ်လိုက်လေသည်။ "အဗာဒါ ကာဒါဗရာ" (မှော်စကားလုံး သတ်ဖြတ်ရာတွင် သုံးသော တားမြစ်မန္တန်) "ဟားဟား...ဂျိတ် နတ်ဆိုးကိုဘယ်လိုမှသတ်ဖြတ်လို့မရပါ ဘူး.. သူက ငရဲကမသေမျိုးလေ.. အင့် အား...." နတ်ဆရာမကြီး အော်ကာ သေဆုံးသွားရလေသည်။ ဂျိတ်မှော်တုတ်မှ အစိမ်းရောင်အလင်းတန်းသည် မသေမျိုး ဟု ဆိုသော မီးပုံထဲမှအသွင်ပြင်တစ်ဝက်တစ်ပျက်နတ်ဆိုးကို သတ်ဖြတ်ကာ နတ်ဆရာမကိုပါ ထိမှန်လေတော့သည်။ ဒီလိုဖြင့် ဆာဗေ့မျိုးနွယ်ကို လက်ဝါးကြီးအုပ်လိုသောနတ် ဆရာမကြီးသည်ထိုမှော်အစွမ်းကြောင့် မာလကီးယား ဖြစ်ကာ အသက်ကုန်ကာ တမလွန်သို့ ကြွမြန်းရ လေတော့သည်။

(32)ဖိတ်စာ

နတ်ဆိုးကြီးလည်း အသွင်ပြင်မပြည့်စုံမီသေဆုံးသွားခဲ့ရသ လို နတ်ဆရာမကြီးသည် ဂျိတ်လက်ချက်ကြောင့် သေခဲ့ရပြီ ဖြစ်သည်။ ("ငရဲမှ နတ်ဆိုးနဲ့ နတ်ဆိုးချုပ်ကိုင်မှုခံရသော နတ်ဆရာမသေ ခြင်းကြောင့် ရလဒ်အနေဖြင့် ပိုင်ရှင်ဂျိတ်...ရွှေအဆင့်သို့ရောက်ရှိပါသည်") အချက်ပေးသံနဲ့ အတူမိမိသည် အဆင့်တက်ရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ အဆင့်တက်သည်နဲ့ ကောင်းမွန်လှသော ခံစားချက်ကို ဂျိတ်ရ လိုက်သလို သူ၏ကိုယ်ခန္ဓာမှာလည်း ယခင်ထက်ပိုမို သန်မာမှု မျိုးကိုလည်း ခံစားမိလေသည်။ စမ်းသပ်ရန် လေထဲသို့ လက် ဝှေ့ယမ်းကြည့်သည်။ရွှေအဆင့်သို့ ရောက်ရှိပြီဖြစ်ရာ ပြင်းထန်သော လေ လှိုင်းရိုက်ခတ်မှုပင်ဖြစ်ပေါ်လာလေ သည်။ "မဆိုးဘူး " ဂျိတ်စိတ်ကျေနပ်သွားလေသည်။နတ်ဆရာမကြီးသည် နတ်ဆိုးချုပ်ကိုင်မှုခံရသည်ကိုတော့ စနစ်ပြောမှသိလိုက်ရ ခြင်းဖြစ်လေသည်။ "စနစ် နတ်ဆရာမကြီးကဘယ်လိုဖြစ်ပြီး နတ်ဆိုးချုပ်ကိုင်တာ ခံရတာလည်း" "သူကလွန်ခဲ့တဲ့သုံးနှစ်က စတင်ခံလိုက်ရတာပါ သူရဲ့စိတ်ဝိညာဥ်ကို သူတိုးတက်အောင်လုပ်နေတုန်း သူကနတ်ဆိုးရဲ့ အော်သံကိုကြားမိသွားတယ် အဲ့တာက နတ်ဆိုးက သွေးဆောင်တယ်ဆိုတာ သူ မသိဘူး အဲ့နတ်ဆိုးက သူ့ကိုသူ မြင့်မြတ်ညာဘာဖြားယောင်ပြီးနတ်ဆရာမကြီးကိုချုပ်ကိုင် လိုက်တာ နတ်ဆိုးကြီးကလည်း အတော့်ကိုလည်တယ် ဆာ ဗေ့မျိုးနွယ်ကို အုပ်ချုပ်ပြီး သူက နေရာအကုန်လုံးကို သွေး ချောင်းစီးစေချင်နေတာ ပြီးတော့ အစောက ပိုင်ရှင်တွေ့သလို နတ်ဆိုးကြီးက ဖြားယောင်းတဲ့အကောင်ပါပဲ" ဂျိတ်နေနဲ့ နတ်ဆရာမကြီးကိုအနည်းငယ်သနားသွားသည်။သူ့ ခဗျာ ဝါဝါဝင်းသောအဆင်းကိုရွှေထင်မှတ်နေကာ တိုးရာ မီး အလင်းရောင်ဖြစ်နေသောကြောင့် သူသေပွဲဝင်လိုက်ရပြီ ဖြစ်သည်။ဖြားယောင်းသောနတ်ဆိုးကြီးမှာလည်း ဂျိတ် လက်ချက်ကြောင့်သေနေပြီဖြစ်သည်။ နတ်ဆရာမကြီးသေ သွားပြီးဖြစ်သော်လည်း ထိန်းချုပ်ခံ သောလူများ၏ မျက်လုံးများသည် အပြာရောင်ဖြစ်နေရာ ထိန်းချုပ်ခံရဆဲဖြစ်နေကြောင်း ဂျိတ်တွေ့ရှိလိုက်လေသည်။ ထို့ကြောင့် နတ်ဆရာမကြီး၏အစီရင်အသုံးဆောင်ပစ္စည်း ဖြစ်သော တောင်ဝှေး လက်ပတ် အဆောင် များကိုဖျက်စီးပစ်လိုက်လေသည်။ "ဟုန်း" အသံကြီးတစ်ခုထွက်ပေါ်လာပြီးနတ်ဆရာမကြီး၏အစီရင် အသုံးအဆောင်ပစ္စည်းများသည်လည်း ပျက်စီးသွားလေ တော့သည်။ထိိုသို့ပျက်စီးသွားမှသာ ထိန်းချပ်ခြင်းခံရသော ဆာဗေ့များသည် ပြန်လည်လွတ်မြောက်သွားကြသည်။ ထို့နောက် နန်းတော်ထဲပြန်လည်ဝင်ရောက်ရ. ဆေးမိထားသော တာနာရှာနဲ့ဆာဗေ့ဘုရင်ကြီးသည် ယခုချိန်ထိဆေးရှိန်မပြေသေးကြောင်း ဂျိတ်တွေ့ရလိုက်လေ သည်။ "ဟီးလ်" (ကုသခြင်း) ဂျိတ်၏မှော်တုတ်တံမှ အလင်းရောင်များသည်ဆာဗေ့ ဘုရင် ကြီးနဲ့တာနာရှာပေါ် ကျရောက်သွားသည်။ထိုသို့ကျရောက် သည်နဲ့ ဘုရင်ကြီးနဲ့တာနာရှာသည် ချက်ချင်းပင် အကောင်း ပကတိအတိုင်းပြန်လည်ရောက်ရှိသွားကြလေသည်။မိမိတို့ ကောင်းမွန်ခြင်းသည်ဂျိတ်၏လက်ချက်မှန်းသိပြီးသားဖြစ် လေသည်။ "ကျေးဇူးတင်ပါတယ်ဗျာ ပြီးတော့ နတ်ဆရာမကြီးလုပ်တာ တွေအတွက် လဲ တောင်းပန်ပါတယ်" ဆာဗေ့ဘုရင်ကြီးနဲ့တာနာရှာတို့သည် နတ်ဆရာမကြီး၏မ ထင်မှတ်သောလုပ်ရပ်ကြောင့် ဂျိတ်ကိုတောင်းပန်နေကြလေ သည်။ "ရပါတယ် ဒါကခင်ဗျားတို့အပြစ်လဲ မဟုတ်ပါဘူး နတ်ဆရာမ ကြီးက ကံမကောင်းတာပါ သူကနတ်ဆိုးချုပ်ကိုင်တာခံလိုက် ရတယ်လေ" ထိုအခါမှ နတ်ဆရာမကြီးအဘယ်ကြောင့် ထိုသို့လုပ်ရသည် ကိုသိရှိသွားကြလေသည်။ ဂျိတ်ရှိ၍သာ တော်တော့သည်။ သို့မဟုတ်ပါက မိမိ၏အဖြစ်သည်မည်သို့ဖြစ်မည်ကိုမတွေးဝံ နိုင်အောင်ရှိနေလေသည်။ "ကျုပ်ပြန်တော့မယ် ခင်ဗျားတို့လူတွေလဲ ထိန်းချုပ်တာကနေ လွတ်သွားပါပြီ အားလုံးအားပြည့်အောင်အနားယူလိုက်ကြပါ ဦး" ဂျိတ်ချက်ချင်း သူတို့ရှေ့မှပျောက်ကွယ်သွားလေသည်။ထိုသို့ ပျောက်ကွယ်သွားမှုကြောင့် ဘုရင်ကြီး ကော တာနာရှာပါအံအားသင့်ကြရသည်။ဂျိတ်သည် ကြည့်ရသည်မှာ မမျှော်မှန်းနိုင်သောအဆင့်ထိ ရောက်နေပြီဟု သာ မှတ်ချက်ချလိုက်လေသည်။ "ဟူး" "ငါပြန်ရောက်ပြီ " ဂျိတ် မိမိ၏နေထိုင်ရာခြံ၏အဝသို့ရောက်ရှိနေပြီဖြစ်သည်။ဂျိ တ်သည် စနစ်၏နေရာရွေ့ပြောင်းခြင်းကို အသုံးမပြုပဲ မှော်ပညာရပ်ထဲမှ တယ်လီပို့နည်းသို့အသုံးလိုက်ခြင်း ဖြစ်သည်။ နာမ်ကို သာ စေခိုင်းသွားလာခြင်းက လိပ်ပြာလွင့်သည်ဟုခေါ် ဆိုကြသလို ရုပ်ကောနာမ်ပါသွားလာခြင်းကို တယ်လီပို့ဟုခေါ် ဆိုကြလေသည်။တည်နေရာရွေ့ပြောင်းအဆောင်၊ လေဟာနယ်ဆွဲဖြဲခြင်းတို့လိုပင် သွားလာမှုမြန်ဆန်လေသည်။ ဂျိတ်သုံးသော နည်းသည် ကိုယ်ခန္ဓာကို အဖိုအမဟူသော ကလပ်စီးနှစ်ခုအဖြစ်ပြောင်းလဲလိုက်ကာ သွားလာခြင်း ဖြစ်သည်။မိမိသွားလိုသောနေရာရောက်မှသာ အဖိုအမ ကလပ်စီးများကိုပြန်လည်ရောနှော တည်ဆောက်ခြင်းဖြင့် ပြန်လည်ဖြစ်ပေါ်စေလေသည်။ ဂျိတ်ကမနက်က သွားခြင်းဖြစ်သလို ယခုမိမိပြန်ရောက်တော့ ညနေစောင်းနေပြီဖြစ်လေသည်။ "ငါပြန်လာပြီ" ဂျိတ်ပြောသံကြောင့် ခွေး နဲ့ဆော့နေသော အယ်မလီ ဇိုက်တို့လည်းထွက်လာကာကြိုဆိုကြလေသည်။ အယ်မလီကတော့ ဂျိတ်၏ရင်ခွင်ထဲခုန်ဝင်ပစ်သည် ဖြစ်သည်။ "ဟားဟား...ကလေးက ချစ်ဖို့ကောင်းနေပြန်ရော" "ဒီလိုချစ်ဖို့ကောင်းတာကလည်း ဖေ့ဖေ့သမီးလေးလေ" အယ်မလီလေး စကားတတ်မှုကြောင့် အကုန်လုံးပွဲကျသွား လေသည်။ "ကဲ အကုန်လုံး သွားရေမိုးချိုးကြ ခနနေ ညစာ စားမယ်" ထိုစကားကြောင့် အကုန်လုံးချက်ချင်းဆိုသလိုပင် ရေချိူးသ န့်စင်ရန်ပြေးလွှားသွားကြလေသည်။ဂျိတ်ကလည်း အဆော့ လွန်၍ တစ်ကိုယ်လုံးညစ်ပတ်နေသော အယ်မလီလေးကို ရေချိုးသန့်စင်ပေးသည်။ အယ်မလီလေး ကအငြိမ်မနေပဲ ပြေးနေသေးသောကြောင့် ဂျိတ်နောက်ကနေ လိုက်ဖမ်းကာ ရေချိုးပေးရလေသည်။ အကုန်လုံး ရေချိုးသန့်စင်နေချိန် ဝိုက်တီစက်ရုပ်ကတော့ မီးဖိုချောင်တွင် မနားတမ်းချက်ပြုတ်နေပြီဖြစ်လေသည်။ ဂရိတ်စစ်တပ်၏တစ်နေရာ၌ အယ်ဖာသည် ညနေစောင်းစောင်းအချိန်ကို ရောက်သောအခါ သူ၏အတွေးသည် ပြန်လည်စိုးမိုးလာလေသည်။ယခုချိန်သာ သူသာ ဂျိတ်အိမ်၌ဆိုပါက အလွန့်လွန်ကောင်းမွန်သော အစား သောက်ကိုစားနေရမည်ဖြစ်လေည်။ယခုကား တာဝန်ကြောင့် ဒီကိုရောက်နေရလေသည်။ ဂျိတ်၏အစားသောက်များက အယ်ဖာလိုစစ်သူကြီးကိုပင် လွမ်းမိုးနိုင်ကြောင်း အယ်ဖာ ဝန်ခံရမည်။ယခင်ကဆိုလျှင် မိမိနေဖြင့် အစားသောက်ချေး များသူမဟုတ်ပေ။သို့သော် ဂျိတ်၏အစားသောက်စားပြီး သောနေ့မှစ၍အကောင်းဆုံးသောအစားစာများကိုပင် စား ချင်စိတ်မရှိတော့။ အတင်းသည်းခံကာ ဝမ်းဝရန်အတွက် စား သောက်နေရပြီဖြစ်သည်။ "ညစာစားမယ် " ဝိုက်တီ၏အသံကြောင့် ငါးမိနစ်အတွင်း ညစာစားပွဲပေါ်သို့ လူ စုံလင်စွာရောက်ရှိနေပြီဖြစ်သည်။ "ဝါး..ဝါး" ဝိုက်တီ၏လက်ရာကြောင့် ဂျိတ်တို့လည်းခေါင်းမဖော်အောင် စားသောက်လိုက်ကြလေသည်။ဂျိတ်အနေဖြင့်လည်း အစား ကောင်းမစားရပဲ သေသွားသောလူသည် လူဖြစ်ကျိုးမနပ်ဟု ခံယူထားသူဖြစ်သည်။ ဝိုက်တီ၏အဝချက်ကြွေးမှုကြောင့် မိုက်ကယ်ခွေးပင် ဗိုက်ဝ ကာ အနည်းထကာသွားနေရလေသည်။သူ၏သွားပုံကြောင့် ဂျိတ်တို့ပင် ရယ်မိလေသည်။ "အကိုကြီး နေ့လယ်က ဒန်ဆိုတဲ့လူတစ်ယောက်ကအကိုကြီး အတွက်ဆိုပြီးစာလာပေးသွားတယ်" ဂျိတ်လည်းဇိုက်ပေးသော စာကိုဖတ်လိုက်လေသည်။ ဒန်ဆိုသည်မှာ မိမိ မိသားစုအတွင်း၌နေထိုင်စဥ်က မိမိပေါ် အလွန်ကောင်းသောလူဖြစ်သည်။ယခုသူပေးသော စာမှာ လည်း စန်တီရေဂိုမိသားစုမှ မိသားစုခေါင်းဆောင်နေရာလွှဲပြောင်းမည့်အခမ်း နားဖြစ်သည်။ထိုအခမ်းနားသည် နောက်တစ်ပတ်၌ကျင်းပ မည်ဖြစ်သည်။ထိုအခမ်းနား၌ စန်တီရေဂို မိသားစုဝင်တိုင်း တက်ရောက်ရမည်ဖြစ်ရာ ဂျိတ်ကိုပါ ဖိတ်စာ ပေးထားခြင်းဖြစ်သည်။ ဂျိတ်သည် မိသားစုမှနှင်ထုတ်ခြင်းခံရသည်ဆိုသော်ငြားလည်း သူသည်လည်း ထိုမိသားစုမှ မွေးဖွားလာသူ ဖြစ်ရာ သက်ဆိုင်နေသေးသည်။ထို့ကြောင့် ဂျိတ်လည်းထိုပွဲ ကို တက်မည်ဟုဆုံးဖြတ်လိုက်လေသည်။

(33)နှောင့်ယှက်ခြင်း

ဖိတ်စာရပြီးနောက်တစ်ပတ်မတိုင်မှီအထိ ဂျိတ်သည် ဇိုက်ကို သင်ကြားပေးနေလေသည်။ဇိုက် တစ်ယောက် မိမိ၏ကိုယ်ခန္ဓာကို မိမိပိုင်ဆိုင်ရရေးအတွက် အလွန်ကြိုးစား အားထုတ်နေလေသည်။ ဇိုက်ကလည်း ပါရမီပါသောလူတစ်ယောက်ဟုဆိုနိုင်သည်။ဂျိ တ်လုပ်ဆောင်စေသော နည်းလမ်းအများစုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်လေသည်။ယခုဆိုလျှင် ဇိုက် သည် ကိုယ်ထဲရှိမျောက်ကြီး၏အစွမ်း2%ကို အသုံးပြုနေနိုင် ပြီဖြစ်သည်။ မျောက်ကြီး၏အစွမ်း2%ဟုဆိုသော်ငြားလည်း ရွှေအထွတ် ထိပ်အဆင့်ကို တန်းတူယှဥ်နိုင်ရာ ကြမ်းသည်ဟုဆိုရ နိုင်သည်။ "လုပ်ထား ဒါကိုသေချာအောင်လုပ်" ဂျိတ်၏သင်ကြားမှုကို အောက်တွင် ဇိုက်အသည်းသန်ကြိုးစား သင်ယူနေရလေသည်။ယခု သူသင်ယူနေသည်ကတော့ ဂျိတ် ပေးထားသော တုတ်ကို ထိန်းချုပ်နိုင်ရန်ပင်။ ဂျိတ်က ဇိုက်၏အတွင်းစိတ်ထဲသို့ လောကတစ်သောင်းမဟာ ဖျက်စီးခြင်းမျောက်ကြီး၏တုတ်ကိုထည့်ပေးထားလေသည်။ ထိုတုတ်ကို ဇိုက်က ရအောင်ထိန်းချုပ်ပြီး ပြန်လည်ထုတ်နိုင် စေရန် လေ့ကျင့်နေရသည်ဖြစ်သည်။ သို့သော် ယခုချိန်ထိတော့ ဇိုက်က တုတ်ကို ထုတ်ယူပြီး ကိုင်တွယ်ရန်မပြောနဲ့ ထွက်လာရန်ပင်မနည်းလုပ်ဆောင်နေရ သည်ဖြစ်သည်။ "ငါ ပွဲသွားဦးမယ် မင်းသေချာလေ့ကျင့်ထားနော်" "ဟုတ်ကဲ့" ဇိုက် ချွေးတရဲရဲဖြင့် ပြန်လည်ဖြေဆိုလိုက်သည်။သူသည် အားလျော့ခြင်းမရှိ ကြိုးစားကာလုပ်နေကြောင်း သိနိုင်လေ သည်။ ဂျိတ်လည်း ခွေးမိုက်ကယ််ကို နောက်ထပ်သောမျိုးရိုးဗီဇ ဆေးဝါးတိုက်ကြွေးလေသည်။ယခင်တိုက်ခဲ့သော မျိုးရိုးဗီဇ ဆေးအာနိသင်အရှိန်မှ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် နောက်ထပ်ထပ်မံတိုက်ကြွေးလိုက်လေသည်။ ဒီတစ်ခါ တော့ ခွေးမိုက်ကယ်လည်း ယခင်လောက်နာကျင် ခြင်းမရှိတော့။သို့သော် ခွေး၏နာကျင်မှုကိုတောင့်ခံနေသော အမူရာကိုကြည့်၍ ယခုဂျိတ်တိုက်ကြွေးသောဆေး၏ ပြင်းထန်ပုံကို သိရှိနိုင်လေသည်။ ဆေးတိုက်ခံရပြီး ငါးမိနစ်အကြာ၌ ခွေး၏ ကိုယ်ခန္ဓာမှာ အမွှေးမှင်များကျွတ်ကြလာလေသည်။ ခွေး၏ကိုယ်ခန္ဓာမှ လည်း ကြွက်သားများ ပြောင်းလဲသံများကလည်း အတိုင်းသားကြားနေရလေသည်။ ယခုအခါ မိုက်ကယ်ခွေးသည် ခြသေ့်တစ်ကောင်လိုကြီးမား သည်ဖြစ်သော်လည်း ယခုအခါ အနည်းငယ်ပြန်လည်သေး ငယ်သွားလေသည်။သို့သော် ယခင်ထက် မိုက်ကယ်သည် ပိုမို သန်မာလာကာ ခွေး၏ကိုယ်ခန္ဓာကလည်း ကျည်မတိုးနိုင် လောက်အောင် သံမဏိသဖွယ်သန်မာသွားပြီဖြစ်သည်။ "မင်းသန်မာသွားပြီဆိုတော့ အိမ်ကိုလုံအောင်စောင့်နော်" "ဝုတ်..ဝုတ်." ခွေးမိုက်ကယ်ကလည်း ဂျိတ်၏စကားကို နားလည်သည့် အလား ဟောင်ပြလေသည်။ ဒီနေ့သည် စန်တီရေဂိုမိသားစု၏ခေါင်းဆောင်လွှဲပြောင်းခြင်းနေ့ပင်ဖြစ်သည်။ ပွဲသည် ညမှဖြစ်၍ညခြောက်နာရီမှကျင်းပမည်ဖြစ်ရာ ဂျိတ် သည် ညနေစောင်းမှရေချိုးသန့်စင်လေသည်။ သမီးလေး အယ်မလီကလည်း တစ်ယောက်တည်းအိမ်မှ မနေလိုဟုဆိုရာ အယ်မလီလေးကိုလည်း ခေါ်သွားရန်ပြင်ဆင်ထားလေသည်။ ဂရိတ်နိုင်ငံ၏အကြောင်းကိုလည်း ဦးစွာပြောရမည် ဖြစ်သည်။ဂရိတ်နိုင်ငံသည် လူဦးရေဆယ့်နှစ်သန်းနေထိုင် သော နိုင်ငံဖြစ်သည်။ ဂရိတ်နိုင်ငံသည် ဒေသ သုံးခုဖြင့် ဖွဲ့စည်းထားလေသည်။ ကလိတ်ဒေသ၊ဆပ်ဘော့ဒေသ၊မြူးနစ်ဒေသ ဖြင့်ဖွဲ့စည်းထား ခြင်းဖြစ်လေသည်။ ယခုဂျိတ်နေထိုင်နေသော ဒီယေဂိုမြို့ သည် ကလိတ်ဒေသတွင်ရှိလေသည်။စန်တီရေဂို မိသားစုသည် ဆပ်ဘော့ဒေသတွင်ရှိသော ရိမ်းဘိုးမြို့၏ ဂုဏ် ရှိန်ဂုဏ်ဝါကြီးမားသော မိသားစုဖြစ်လေသည်။ "သမီးလေး သွားကြမလား" "ဟုတ် သွားကြမယ် ဖီဖီ" ဂျိတ်သည်ကား အနောက်တိုင်းဝတ်စုံအနက်ရောင်ဆန်ဆန် ပုံစံကို ဝတ်ဆင်ထားလေသည်။ သမီးဖြစ်သူအယ်မလီလေး ကတော့ ယုန်ပုံများပါသော အဝတ်စားကို ဝတ်ဆင်ထားလေ သည်။ ဂျိတ်လည်း အယ်မလီလေးကို ပွေ့ချီလိုက်လေသည်။ ထို့နောက် ရိမ်းဘိုး မြို့ကိုသွားရန် ဦးတည်လိုက်လေသည်။ ဒီ ယေဂိုမြို့နဲ့ ရိမ်းဘိုးမြို့သည် လွန်စွာ အကွာဝေးသည်ဖြစ်သည်။ ပုံမှန် သွားလာမည်ဆိုပါက ဒီယေဂိုမြို့သည် ရိမ်းဘိုးမြို့သို့ သွား ရန်ကြာချိန်သည် သုံးရက်ခန့် ကြာမည်ဖြစ်သည်။ သို့သော် ဂျိတ် သည် ရုပ်နာမ်ရွေ့လျားနည်း(တယ်လီပို့)နည်း ကို သုံးရာ စက္က န့်ပိုင်းအတွင်း ရိမ်းဘိုးမြို့ စန်တီရေဂို မိသားစု၏ဝင်ပေါက်သို့ ရောက်ရှိလာလေသည်။ "ဟူး ဒီနေရာကို ပြန်ရရောက်လာပြီပဲ" ဂျက် ဂျိတ်၏မှတ်ညဏ်များကို ပြန်လည်စစ်ဆေးရင်း ဖူးခနဲ မှုတ်ထုတ်လိုက်လေသည်။ "ဖီဖီ ဒီနေရာလား " "ဟုတ်တယ် သမီးလေး ဖေဖေတို့သွားကြရအောင်" ဂျိတ်လည်း သမီးလေး အယ်မလီကို ပွေ့ဖက်ရင်း ပွဲကျင်းပ ရာ စန်တီရေဂို အိမ်ထဲသို့ ဝင်လိုက်ကြလေသည်။ "အသင်ဘယ်သူလဲ ဒီကိုဘာလာလုပ်တာလဲဗျ ကျနော်တို့သိပါ ရစေ" စန်တီရေဂိုမိသားစုဝင်ပေါက်ရှိ အစောင့်များက ဂျိတ်ကိုဟန့် ထားလိုက်ကြလေသည်။သူတို့၏အဆင့်သည်ကြေးအဆင့် သုံးတွင်ရှိလေသည်။ သူတို့ ဂျိတ်ကိုတားရခြင်းအကြောင်း မှာ သူတို့က ဂျိတ်ကိုမ မှတ်မိတော့ပေ။ ဂျိတ်သည် စန်တီရေဂို မိသားစုမှ ထွက်ပြီးနောက်ပိုင်း၌ သာမန်မှ စစ်သည်တော်အ ဆင့်ရွှေအထိ ရောက်ရှိလာရာ သူ၏ကိုယ်ခန္ဓာပုံစံ မျက်နှာ အသွင်ပြင်လည်း ယခင်ထက်အဆပေါင်းများစွာ သန်မာ ပြောင်းလဲသွားကာ တည်ကြည်ခန့်ငြား လာခြင်းဖြစ်လေသည်။ ပြီးတော့ ဂျိတ်ဝတ်ဆင်ထားသော အဝတ်စားနဲ့ သမီးလေး အယ်မလီ၏ ချစ်စရာကောင်းသော အသွင်ပြင်ကြောင့် အ စောင့်များက ဒွိဟ ဖြစ်နေကြခြင်းဖြစ်လေသည်။ဂျိတ်ကို မျိုးရိုးမြင့်သောသူဟု ထင်မှတ်နေကြလေသည်.။ "ငါကဂျိတ်ပါ ဒီမှာဖိတ်စာပါလာတယ်" အစက အစောင့်များက ရှိန်နေကြသော်လည်း ဂျိတ်ဆိုသော နာမည်ကြားသည်နဲ့ အထင်သေးကာ မထီလေးစားဖြစ်ကုန် ကြလေသည်။ "အသုံးမကျတဲ့ဂျိတ်ကမင်းလား ဘာလို့ ဒီပွဲကို လာရတာလဲ" ယခင်က ဂျိတ်အကြောင်းကိုကြားဖူးထားသော အစောင့်များက. မာန်ဝင့်သောအမူရာဖြင့် ပြန်ပြောလေသည်။ "ဟင့်" တစ်ချက်သာ သက်ပြင်းချကာ ဂျိတ် ထိုအစောင့်နှစ်ယောက် ကို ကြည့်လိုက်လေသည်။ ဒိန်း... အစောင့်နှစ်ယောက်လုံး လုံးဝတုန်လှုပ်သွားလေသည်။ဂျိတ် က မိမိတို့ကို ကြည့်ရုံသာကြည့်သော်လည်း မိမိတို့၏ကိုယ်ခန္ဓာ သည် ပြင်းထန်သောဖိအားကို ခံစားနေရသည့်ပမာ ဖြစ်နေပြီ ဖြစ်သည်။ ("ဘာကြီးလဲ သူက စစ်သည်တော်လားက ဖိအားပေးသလိုပဲ) နောက်ထပ်စက္က န့်ပိုင်းအထိ ဂျိတ်မိမိတို့အားထပ်ကြည့်ပါက မိမိတို့နှစ်ယောက်သေ သွားနိုင်သည်ဟုခံစားမိလာသည်။ ("ဒါကိုအသုံးမကျတဲ့ဂျိတ်လို့ဘယ်သူပြောတာလဲဟ") အစောင့်နှစ်ယောက်လုံး မိမိတို့ကြားခဲ့ရသော သတင်းကို စိတ် ထဲဆဲရေးတိုင်းထွာလိုက်ကြလေသည်။ "ငါဝင်လို့ ရပြီလား" "ဟုတ်.ဟုတ်ရပါပြီဗျ ဆရာ.. ဝင်လို့ရပါပြီဗျ" အစောင့်နှစ်ယောက်လုံး ချက်ချင်းပင် လေးလေးစားစားတုံ ပြန်ပြောဆိုကြလေသည်။ ဂျိတ် လည်း အယ်မလီလေးကိုပွေ့ရင်း အိမ်ထဲသို့ဝင်လိုက် လေသည်။ ဂျိတ်ဝင်သွားမှသာ ဝင်ပေါက်မှ အစောင့်နှစ်ယောက် သက်ပြင်းချလိုက်ကြလေသည်။ "ဂျိတ်က မင်းဟုတ်လား အသုံးမကျတဲ့ကောင်က ဘာလို့ဒီ ကိုလာနေသေးတာလဲ" မိမိအားပြောဆိုသည့်အသံကြားလိုက်ရသောကြောင့် ဂျိတ် မိမိအားပြောသူကို ကြည့်လိုက်လေသည်။ထိုအခါပြော သူကို ဂျိတ်သိလိုက်လေသည်။မိမိအား မာန်ဝင့်စွာပြောနေသူ က ခလင့်ဖြစ်ကြောင်း မှတ်မိလေသည်။ ဂျိတ်၏မှတ်ညဏ်၌ခလင့်ဆိုသူသည် မိမိသားစုထဲတွင်ရှိနေ စဥ် ကတည်းက မိမိအားမျက်မှန်းကျိုးနေသူဖြစ်သည်။မိမိ မိသားစုမှနှင်ထုတ်ခံရသောအခါ ခလင့်သည် လွန်စွာဝမ်းသာ အားရကာ မိမိအားဆဲရေးတိုင်းထွာ နှောင့်ယှက်ခဲ့လေသည်။ ခလင့်ကြောင့်လည်း ဂျိတ်တစ်ယောက် ဒီယေဂိုမြို့အထိ သွားရောက်ပြောင်းရွေ့နေထိုင်ခဲ့ရခြင်းဖြစ်သည်။ ဤမျှအထိအဖြစ်ပျက်ဆိုးဝါးသော်လည်း ယခင်ဂျိတ်၏အေးဆေးသာနေလိုသောကြောင့်သာ ဖြစ်သည်။ ယခုကား မိမိသည် ဂျိတ်အဖြစ်ပြန်လည်ဝင်စား နေထိုင်ရာတွင် ထိုသို့ အနှိမ်ခံသူအဖြစ် ထပ်မံအဖြစ်ခံတော့ မည်မဟုတ်ပေ။ လောက၌အင်အားကြီးသူသည်သာ အမြင့်၌နေနိုင်မည် ဖြစ်သည်။မိမိမှာ အစွမ်းထက်စနစ်ကို ပိုင်ဆိုင်ထားရာမိမိအား လာစသောသူမှန်သမျှကို ရှင်းထုတ်ပစ်မည်ဖြစ်လေသည်။ ("အင်း ဟိုကောင်တော့ မသာပေါ်တော့မှာပဲ") ဂျိတ်အကြည့်ကို ခံခဲ့ရသော အစောင့်နှစ်ယောက်လုံး သည် ဂျိတ်အားလောင်ပြောင်နေသောခလင့်အစား ကြိုတင်ဝမ်းနည်းသက်ပြင်းချလိုက်ကြလေသည်။

All Chapters