← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

(34)အရှက်ခွဲမည့်သူများ

"ဖီဖီ့ကို သူဘာလို့ စနေတာလဲ" "သူ့ကိုအာရုံထဲမထည့်နေပါနဲ့သမီးရယ် သူကငတုံးရယ် သမီး အထဲသွားကြမယ် " "ဟုတ်ဖီဖီ" ဂျိတ်ကတော့ ခလင့်ကို အဖက်မလုပ်ပဲ အခမ်းနားပွဲကျင်းပရာ ခန်းမသို့ဝင်လိုက်လေသည်။ ထိုသို့အပြုမှုကြောင့် ခလင့်လွန်စွာမှ ဒေါသထွက်သွားလေ သည်။ ယခင်က ဂျိတ်သည်မိမိပြောင်ချင်တိုင်းပြောင် နှိပ်စက် ချင်တိုင်းနှိပ်စက်၍ရသော ကောင်လေးသာဖြစ်သည်။ ယခုက မိမိကို အဖက်ပင်မလုပ်ရာ ဒေါပွသွားလေသည်။ ထို့ ကြောင့် ဂျိတ်ကို လက်တွေ့ဆုံးမရန်ပြင်ဆင်လိုက်လေသည်။ သူ၏လက်သီးဖြင့် ဂျိတ်ကိုပညာပေးရန် ပြေးသွားလိုက် သည်။ ခလင့်နေဖြင့် သိုင်းကိုလိုက်စားထားရာ ခလင့်သည်သိုင်း ပညာကိုအနည်းငယ်တတ်မြောက်သည်ဟုဆိုနိုင်လေသည်။ ကြေးအဆင့်လေးရောက်နေသူ ဟုလည်းဆိုနိုင်သည်။ "ကျား" ခလင့် ဂျိတ်ထံပြေးဝင်သည်က သာမန်လူထက်မြန်ဆန်သည်။ သို့သော် ဂျိတ်ကခလင့်ထက် အဆင့်ပေါင်းများစွာမြင့်ရာ ခလ င့်၏ပြေးလာနှုန်းသည် ဂျိတ်၏အမြင်တွင် ခရုလေးတစ် ကောင်တွားသွားနေသည်သာဖြစ်သည်။ "သမီးလေးကို အကောင်လာထိနေတယ် ဖေဖေ ဖယ်ပေး မယ်" ဂျိတ် သမီးလေးနားဝဲလာသောအကောင်လေးကို ရမ်းလိုက် သည့်ပမာ လက်ရမ်းလိုက်သည်။ ထိုရမ်းလိုက်ခြင်းသည် သာမန်လုပ်ဆောင်မှုသာဖြစ် သော်လည်း စင်စစ်က ခလင့်ထံ ပစ်မှတ်ထားခြင်းဖြစ်လေ သည်။ ရမ်းလိုက်သည့်သက်ရောက်မှုက ခလင့်ကိုထိမှန်လေ တော့သည်။ "ဂျတ်" ဂျိတ်ကသာမန်လက်ရမ်းရာ၌တိကျသော အင်အားပမာဏဖြင့် လုပ်ဆောင်ထားရာ ဂျိတ်ရမ်းချက်ကြောင့် ခလင့်၏ညာ လက်မောင်းအရိုးကျိုးလေတော့သည်။ "အားးးးး...." ဂျိတ်၏လုပ်ဆောင်မှုကို ကြေးအဆင့်လေး သာသာရှိသော ခ လင့်ကခံနိုင်မည်လား။လက်ကျိုးပဲ့မှုကြောင့် ခလင့်ပစ်လဲကျ သွားကာ နာကျင်မှုကို မိမိတစ်သက်တွင်မခံစားဖူးသော နာကျင်မှုမျိုးကိုခံစားလိုက်ရသည်။ "ဖီဖီကို ပြောတဲ့လူကြီး ကျိုးပဲ့သွားတယ်ကော" "သမီးလေး သူ့ကိုအာရုံမစိုက်နဲ့ သူက လေတိုက်ရင်တောင် အရိုးကသိပ်မခိုင်ရှာဘူးရယ်ဒါကြောင့်သူခုလိုဖြစ်တာ သူက ငယ်ကတည်းက မီးမီးလိုနွားနို့မသောက်ခဲ့ဘူးလေ" "သိပြီ နောက်နေ့ကစပြီး သမီးသန်မာလာအောင်နွားနို့များ များသောက်မယ်" "လိမ္မာလိုက်တာ သမီးရယ်" ("ငါ့ယီးကို အရိုးမခိုင်လား") ခလင့်နာကျင်မှုကို ခံစားရင်း စိတ်ထဲ၌ဆဲရေးတိုင်းထွာလိုက် လေသည်။ ဂျိတ်သားအဖကတော့ ရယ်ရယ်မောမောဖြင့်ခန်းမထဲသို့ဝင် သွားလေသည်။ ဂျိတ်အခန်းထဲဝင်သွားမှာသာ အဖြစ်ပျက်ကိုမြင်လိုက်ရသော အစောင့်နှစ်ယောက်က ခလင့်ကို သွားရောက်ထူကြလေ သည်။ ခလင့် နာကျင်နေသော်လည်း ဂျိတ်ကိုလက်စားချေရန်စိတ်က တင့်တပြင်းထန်နေလေသည်။အစောင့်များမိမိကို လာရောက် ကူညီသည့်အချိန်တွင်လည်းဂျိတ်ကိုမည်သို့ လက်စားချေရ မည်ကို တွေးတောနေလေသည်။ ("ငါသိပြီ ဒါဆိုဒီကောင်ဘာတတ်နိုင်မှာလဲ") ဟား..ဟား ခလင့် အတွေးလွန်ပြီးရယ်မောမိသည်။ဘေးမှာ ကူညီနေ သော အစောင့်နှစ်ယောက်ပင် လန့်ပြီးခလင့်ကိုပစ်ချမိရာ ခလင့် ရယ်သံပျောက်ပြီးနာကျင်မှူကို ပြန်လည်ခံစားလိုက်ရ လေသည်။ တော်သေးသည်။ခန်းမထဲသို့လူအများစုရောက်နေကြရာ ထို အဖြစ်ပျက်ကိုမြင်သွားသောသူမရှိလိုက်ဟု ဂျိတ်ကထင် မိသည်။သို့သော် ထိုအဖြစ်ပျက်ကို တစ်ယောက်က အသေချာ ပင်ကွက်ကွက်ကွင်းကွင်းမြင်လိုက်သည်။ ခန်းမထဲသို့ ဂျိတ်ရောက်ပြီဖြစ်လေသည်။ ခန်းမထဲတွင်လည်း လူများစွာက ရောက်ရှိနေကြသည်။စန်တီ ရေဂိုမိသားစု၏ခေါင်းဆောင်လွှဲပြောင်းပွဲ ဖြစ်ရာ လူပေါင်းများစွာ လာရောက်ဂုဏ်ပြုကြလေသည်။ရိမ်း ဘိုးမြို့ကြီး၏ဂုဏ်ကြီးမားသော မိသားစုကြီးဖြစ်ရာ လူများက လည်း လာရောက်တက်မြောက်ကြခြင်းလည်းမမှားပေ။ "ဝါး လူအများကြီးပဲကော ဖီဖီ" "ဟုတ်တယ် လူတွေအများကြီးပဲ ဒါပေမဲ့သမီးလေးလိုလှတဲ့ လူမရှိဘူး" ဂျိတ်အပြောကြောင့် အယ်မလီလေးလည်း ရယ်နေလေ သည်။လူများပြားလွန်းသောကြောင့် ဂျိတ်လည်းအယ်မလီ လေးကို ပွေ့ထားလေသည်။ ရေဗာကာ ဆိုသော ကောင်မလေးသည် သမီးလေးပွေ့ထား သော ဂျိတ်ကိုမြင်သည်နဲ့ ဂျိတ်ထံ လျှောက်လာလေသည်။ "စိတ်မရှိပါနဲ့ လူကြီးမင်းရှင့် ကျမရှင့်ကိုမြင်ဖူးမိသလိုပဲနော်" မိမိကိုတစ်စုံတစ်ယောက်မှ လာမေးသဖြင့် ဂျိတ်လည်း ကြည့် လိုက်လေသည်။လာမေးသော မိန်းကလေးသည် အသက်နှစ် ဆယ်ခန့်ရှိကာ သာမန်ထက်လှပသောအသွင်ပြင်ရှိလေသည်။ သူမ၏ဝတ်စားဆင်ယင်တတ်မှုကြောင့် ပိုမိုလှပနေလေ သည်။ ဂျိတ်ကတော့ကြည့်သည်နဲ့သိလိုက်သည်။သူမသည်စန်တီရေ ဂိုမိသားစုမှမိမိ၏ဝမ်းကွဲညီမလေး ရေဗာကာပင်။မိမိ မိသားစု မှထွက်ခွာသောအခါ သူ့အားကောင်းပေးသူဆို၍ရေဗာကာ တစ်ယောက်သာရှိလေသည်။ရေဗာကာ ပေးလိုက်သော ငွေကြေးကြောင့်သာ သူသည် ဒီယေဂိုမြို့ထိရောက်အောင်လာ နိုင်ခဲ့ဖြစ်လေသည်။ ရေဗာကာနေဖြင့်လည်း ဂျိတ်ကို သူမအနေဖြင့်မြင်ဖူးသ ယောင်ရှိသဖြင့်သာမေးလိုက်ရခြင်းဖြစ်သည်။ ဘယ်သူဘယ်ဝါဟူ၍လည်းသေချာမသိနေ။ "မတွေ့တာနှစ်နည်းနည်းကြာတာနဲ့ ငါ့ကိုမေ့ရက်တယ်ပေါ့နော် ရေဗာကာ" ထိုအသံကြားမှ ရေဗာကာလည်းသတိရသွားလေသည်။ "နင်က..နင်က အကိုကြီးဂျိတ်မလား" "ဟုတ်တာပေါ့ အစစ်ပါပဲ ငါ့ကိုဖိတ်စာလာပေးလို့ ငါတက်တာ လေ ဒါကငါ့သမီးလေး အယ်မလီတဲ့" "သမီးလေး သူက မင်းအဒေါ်ပဲ" "ဒေါ်ဒေါ် မင်ဂါပါ" "ဝါး သမီးလေးကချစ်စရာလေးပဲ" စကားမပီတပီပြောသောကလေးမ လေးကို ရေဗာကာ သဘောကျမိသည်။ ရေဗာကာ ပြောင်းလဲသွားသောဂျိတ်နဲ့သူ၏သမီးလေးကို သေချာကြည့်မိသည်။ မိမိနဲ့နောက်ဆုံးအကြိမ်ကတွေ့ခဲ့သော ပုံစံထက် ဂျိတ်သည်အများကြီးပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခင်ကထက် ချောမောလာရုံသာမက ချစ်ရာကောင်းသော သမီးလေးကိုပါ ဂျိတ်ကပိုင်ဆိုင်ထားသေးသည်။ "နင်အရမ်းပြောင်းလဲသွားတယ်ကော ဘယ်လိုဖြစ်ပြီး" "ဒီလိုပါပဲ ငါ့အကြောင်းသိချင်ရင် ပွဲ ပြီးမှမေး" ဂျိတ်ရဲ့စကားကြောင့် ရေဗာကာဆက်မမေးတော့။သူမသိချင် နေသည်ကတော့ သူမခေါင်းထဲများပြားနေသည်။ (သူကဘယ်လိုဖြစ်ပြီးပြောင်းလဲသွားတာလဲ သူမိန်းမကကော ဘယ်သူလဲ) ပိုပြီးသိချင်နေသည်က ဂျိတ်၏အပြုမှုပင်။ယခင်ကဂျိတ်သည် ပွဲတက်ခြင်းမရှိ။ပွဲတက်လျှင်လည်း လူရှင်းသော ဂျောင်ကျ သောနေရာတွင်သွားရောက်နေတတ်သည်။လူတောမတိုး တတ်။လူစိမ်းများ နဲ့စကားပြောလျှင် အနည်းငယ်ထစ်အနေ တတ်သည်။ အခုမိမိမြင်နေရသော ဂျိတ်က ထိုအပြုမှုများတစ်စက်ပင်မရှိ။ လူအုပ်ကြားတွင်လည်း အရောင်ထွန်းလင်းသောလမင်းကြီး ပမာ ခန့်ညားစွာရှိလေသည်။ဂျိတ်အားလာရောက်ပြောဆို သော လူများကိုလည်း ဂျိတ်ကရိုသေသမှုဖြင့် အထက်တန်းကျကျပြောဆိုဆက်ဆံနေလေသည်။ "ဂျိတ် မင်းဒီပွဲကိုတက်လာရဲသေးတယ်ပေါ့နော် ပြီးတော့ အရှက်မရှိ ရန်ဖြစ်ရဲသေးတယ်ပေါ့" ခန်းမထဲတွင်ထိုအသံကြီးက ကျယ်လောင်စွာထွက်ပေါ်လာ လေသည်။လူများလည်း ထိုအသံကြောင့် ငြိမ်သက်သွားကြ လေသည်။ အသံပိုင်ရှင်ကား ဒက်ပင်ဖြစ်လေသည်။ဒက်သည် ဂျိ တ်၏အကိုကြီးလည်းဖြစ်သည်။ထို့ပြင် ဒီပွဲ၏အဓိက ကျသူ ဖြစ်သည်။ သူ၏ဘေးတွင်လည်း ခလင့်ကိုမြင်လိုက်ရလေ သည်။သူသည် အသစ်စက်စက်သော လက်တီးကြီးဖြင့်ညာ ဖက်လက်ကို စည်းနှောင်ထားသည်။သူတို့သည် ဂျိတ်ရှိရာ တ ည့်တည့်သို့ဦးတည်လာရောက်ကြလေသည်။ ဂျိတ်သေချာပေါက်ပင်သိနေပြီဖြစ်သည်။ခလင့်သည် စစ်ကူ ခေါ်ကာ ဒီပွဲ၌သူ့အားသေချာပေါက်အရှက်ခွဲချငိနေသည် ဖြစ်သည်။ အခမ်းနားပွဲကြီးသည် ငြိမ်သက်နေသည်ဟုထင်ရသော်လည်း အမှန်စင်စစ်က အားကောင်းသော ပွဲတစ်ခုကိုစတင် လောင်ကျွမ်းရန် အားပြုနေခြင်းသာဖြစ်လေသည်။

(35)ဘယ်သူကအကောင်ကြီးလဲ

(စန်တီနယ်ဟု အရှေ့ပိုင်းများတွင်ရေးမိခဲ့သည်။အမှန်က စန် တီရေဂို ဖြစ်ပါသည်။ပြန်လည်ပြင်ထားပြီဖြစ်သည်။) ပွဲကတော့ ကြမ်းလာမည့်သယောင်ရှိနေသည်။အခန်းထဲရှိလူ မှန်သမျှကလည်း ခန့်ငြားစွာလျှောက်လမ်းလာသော ဒက်ကို အားကျသောအကြည့်ဖြင့်ကြည့် ရှုနေကြလေသည်။ ပွဲလာတက်သော လူများသည် စန်တီရေဂိုမိသားစုကို လာ ရောက်အားပေးခြင်းဖြစ်သလို တစ်ချို့ချို့သောလူများက လက်တွဲလုပ်ကိုင်ရန်အသစ်သော ခေါင်းဆောင်ဆက်ခံသူကို လာတွေ့ကြခြင်းဖြစ်သည်။ မိန်းကလေးများကလည်း ချောမောအောင်ပြင် ဆင်လာကာ မိမိကိုတော်ကောက်သွားပါက စန်တီရေဂို မိသားစုကြီး၏ချွေးမအဖြစ်ကို မျှော်မှန်းရင်း လာရောက်ကြ သည်ဖြစ်သည်။ ဒက်က ယခုမှအသက်28သာရှိသေးသည်။ငယ်ရွယ်နုပျိုချိန် ခ န့်ငြားသောအသွင်ပြင် ပြီးတော့ သူကစန်တီရေဂိုမိသားစု အမွေဆက်ခံသူ စသည်ဖြင့် ကျော်ကြားသူဖြစ်သူဖြစ်သည်။ သူလိုလူက အော်ဟစ်လိုက်သောသူကို လူတိုင်းမြင်တွေ့ချင် လိုကြသည်။ "သမီးလေး သမီးအဒေါ်အနားမှာနေနော် ဖေဖေ ဘယ်လို အနိုင်ယူမယ်ဆိုတာကြည့်ထား" "ဟုတ်.." ဂျိတ် မိမိအကျ်ီ လက်မောင်းစကို အနည်းငယ်ခေါက်ကာ ဒက် ထံသို့ အရင်ဦးစွာသွားလိုက်လေသည်။ "ဖိတ်စာ ပေးထားတာပဲ လာရမှာပေါ့" ဂျိတ် ပြောလိုက်သံက တစ်ခန်းလုံးကြားရလေသည်။ အခန်းထဲရှိလူတိုင်းကလည်း အသံကြားရာကို လှမ်းကြည့်ကြ လိုက်လေသည်။ "အလို အင်မတန်ခန့်ညားတဲ့လူငယ်လေးပါလား" "ဟယ် အကြည်ဓာတ်လေးတော့" အခန်းထဲရှိ လူကြီးများလည်း အင်မတန်ယောကျာ်းပီသသော ဂျိတ်ကို လေးစားသောအပြုမူဖြင့်ကြည့်ရှူနေကာ မိန်းမငယ် လေးများကလည်း အခုချက်ချင်းပင် ဆွဲစားတေ့ာမည့် အလား ကြည့်ရှူနေကြလေသည်။ ဒက်နဲ့ဂျိတ်လည်း မျက်နှာချင်းဆိုင်နေထား၌ ရှိနေကြလေ သည်။ တစ်ဖက်က စန်တီရေဂိုမိသားစု၏ခေါင်းဆောင်နေရာ ဆက်ခံသူ တစ်ဖက်ကတော့ ခန့်ညားသောလူငယ်တို့ဖြစ်လေ သည်။ ရိမ်းဘိုးမြို့မှလူများသည် ဒက်ကိုသာလူသိကြလေသည်။ဂျိတ် ကို လူမသိကြ။ထိုသို့ဖြစ်ရသည်ကလည်း ဂျိတ်က အနေ အေး သည်လူနဲ့ဝေးရာတွင်နေရသည်ကိုနှစ်သက်သောကြော င့်ဖြစ်သည်။မြင်ဖူးသောလးများကလည်း ပြောင်းလဲသွား သော ဂျိတ်ကို မမှတ်မိကြခြင်းဖြစ်သည်။ ဒက်သည် ဂျိတ်နဲ့တွေ့သောအခါ သူ၏အရှိန်ဝါသည် လျော့ပါး လာသည်ဟုခံစားမိသည်။ ဒက်သည် ဥဒေါင်းငှက်လို ခမ်းနား သည်ပြောရလျှင် ဂျိတ်သည်တောဘုရင်ကြီးကဲ့သို့ ရဲစွမ်းသတ္တိပြည့်ဝကာခန့်ညားသည်။ ဒက်ကပင် စတင် ကာ တည်ငြိမ်မှုကိုဖြိုခွင်းလိုက်သည်။ "မင်းကို ဘယ်သူက ဖိတ်စာပေးတာလဲကွ" "မင်းညီလေး ဒန်လေကွာ" "တောက် ဒီကောင်ကတော့" "ဘာလို့မဖိတ်ရမှာလဲ အကိုကြီး သူလဲ စန်တီရေဂိုမိသားစုဝင် ဖြစ်ခဲ့တာလေ" ယခုမှ ခန်းမထဲရောက်လာသော ဒန်ကဝင်ပြောလိုက်သည်။ "ပြီးတော့သူက ဒီယေဂိုမြို့ကလာရတာနော်ကျေးဇူးပြုပြီး" "တော်တော့ ညီလေး သူက ငါတို့မိသားစုနှင်ထုတ်ထားလိုက် တဲ့ကောင်လေ ဘာလို့ဖိတ်ရတာလဲ မင်းကလဲ ဘာလို့ အရှက်မ ရှိလာရဲတာလဲ" ဒက်စကားကြောင့် ခန်းမထဲရှိလူများကို ရိုက်ခတ်သွားသည်။ ထိုစကားကြောင့် အရင်နှစ်များက စန်တီရေဂိုမိသားစုမှ လူ တစ်ယောက်အပြစ်ကြီးကြီးကျူးလွန်သဖြင့် နှင်ထုတ်လိုက် ကြောင်းဟူသောသတင်းကို သူတို့ပြန်လည်သတိရလာကြ သည်။ "အေ အဲ့တုန်းက ငါနှင်ထုတ်ခံတာဟုတ်တယ် အခုက ဒီကိုငါ ကလာရတာကဖိတ်ထားလို့ ရိုသေ သမှုနဲ့ လာတာပဲ" ဒက် ဂျိတ်ပြောသည်ကို ဂရုမစိုက်သော ဟန်ဖြင့်ပြောဆိုလိုက် လေသည်။ "အစောင့်တွေ သူကို ဝိုင်းနှင်ထုတ်ကြစမ်း" ဒက် အမိန့်ကြောင့် ခန်းမတွင်း စောင့်ကြပ်နေသော အစောင့်များကလည်း ဂျိတ်ကို နှင်ထုတ်ရန်ရောက်ရှိလာကြ လေသည်။ထိုထဲမှ အစောင့်တစ်ယောက်က ဂျိတ်ကို အကြမ်းပတမ်းကိုင်တွယ်ပြီး နှင်ထုတ်ရန်လူပ်ဆောင်လိုက် သည်။ "ဖြောင်း" ဂျိတ် တစ်ချက်တည်းလက်ပြန်ရိုက်ချက်ကြောင့် ထိုအစောင့် မှာလွင့်စင်သွားလေသည်။ ထိုအကွက်ကို ဒက်ကစောင့်နေခြင်းဖြစ်လေသည်။ဒီအတိုင်း မိမိကဂျိတ်ကို ရိုက်နှက်ခိုင်းလိုက်ပါက လူအများ၏အမြင် တွင်မကောင်းနိုင်ရာ ထိုသို့ကြံစည်ထားခြင်းဖြစ်သည်။ဒက် အမြင်တွင်တော့ ဂျိတ်သည်သူ၏ထောင်ချောက်ထဲဝင်လာ ခြင်းဖြစ်သည်။ "သူ လူကို ရိုက်လိုက်တယ် အစောင့်တွေ သူ့ကိုဝိုင်းရိုက်နှက် ပြီးနှင်ထုတ်လိုက်ကြစမ်း" ဒီတစ်ခေါက် အော်လိုက်သူကတော့ ဒက်အနား တွင်ရှိနေသော ခလင့်ပင်ဖြစ်သည်။ဂျိတ်ကိုအငြိုးတေးဖြင့်ကြံရွယ်ထားရာ ယခုသူ၏ခံစားချက်ကိုပါ ဖွင့်ထုတ်လိုက်ခြင်းဖြစ်သည်။ "ကျား..." ခန်းမထဲမှ အစောင့်များသည် ဂျိတ်ထံပြေးဝင်လာကြလေ သည်။ "ငါ့ကို အဲ့လို လုပ်ရဲတယ်ပေါ့" ဂျိတ်ခြေတစ်ချက်ဆောင့်လိုက်သည်။ "ဂျန်း" ခန်းမကြမ်းပြင်တစ်ခုလုံးဖိန့်ဖိန့်တုန်သွားပြီး ဂျိတ်ထံမှမမြင် နိုင်သော လှိုင်းများဖြာထွက်သွားလေသည်။ လာဖမ်းသောအစောင့်များအကုန်လုံး လွင့်စင်သွားပြီး ပြန်ထ နိုင်ခြင်းမရှိတော့ပေ။ ဒက် ခလင့်တို့လည်းတုန်လှုပ်နေကြပြီဖြစ်သည်။ "သူကစစ်သည်တော်ပဲ" လူတစ်ယောက်ထအော်လိုက်ရာ ဂျိတ်ဘယ်သူဆိုတာသိရှိသွား ကြလေသည်။ စစ်သည်တော်... စစ်သည်တော်များသည် ဂရိတ်နိုင်ငံတွင် ကြီးမြတ်သော လူတန်းစားများဖြစ်ရာ အားလုံး ကလေးစားသောအကြည့်ဖြ င့်ကြည့်လိုက်ကြလေသည်။ စစ်သည်တော် တစ်ယောက်အစွမ်းပိုင်ဆိုင်သူဆိုပါက ကွဲပြားသွားပြီဖြစ်လေသည်။မိသားစုတစ်ခုပင် စစ်သည်တော် တစ်ယောက်ရှိရန် ခက်ခဲရာ ဂျိတ်သည် သာမန်မဟုတ် အကောင်ကြီးတစ်ကောင်ဖြစ်ကြောင်း ပေါ်ပေါက်လာပြီဖြစ်သည်.။

(36)အနက်ရောင်လူများ

"တွေ့လား ဖီဖီကမိုက်တယ်နော်" အယ်မလီလေးက ရေဗာကာကိုကြွားလိုက်လေသည်။ "ဟုတ်တယ် သမီးဖေဖေက အရမ်းမိုက်နေတယ်" ခန်းမထဲရှိလူတ်ိုင်း၏အကြည့်က ဂျိတ်ထံတွင်သာရောက်ရှိနေ ကြသည်။သူတို့၏အမြင်တွင် ဂျိတ်သည် ခန့်ညားသော စစ်သည်တော်ပုံစံအဖြစ်ရောက်ရှိနေပြီဖြစ်သည်။ "ဂျိတ် မင်းသာ စိတ်ပါရင် ငါတို့မိသားစုမှာလာရောက်လို့ရပါ တယ်နော် မင်းလာမယ်ဆိုရင် ထိုက်ထိုက်တန်တန်ချီးမြောက် မှာပါ" ဂျိတ်ကို စန်တီရေဂိုမိသားစုမှနှင်ထုတ်ထားကြောင်းကြားထား ပြီးဖြစ်သဖြင့် ထရော့မြို့မှ မိသားစုက လာရောက်ကမ်းလှမ်း ခြင်းဖြစ်လေသည်။ "ကျနော်တို့ဆီလာပါ ထိုက်ထိုက်တန်တန်ပေးရုံမဘူး ကျနော်သမီးကိုပါ ပေးစားပါမယ်" ဂျိတ်ကို အလုယှက်ခေါ်လာကြသောသူများကလည်း များပြား လာကြလေသည်။ ပွဲကျင်းပသူဒက်ကတော့ မျက်နှာပျက်နေပြီဖြစ်သည်။ယခု အချိန်၌ လူများသည်သူ့အား ဂရုပင်မစိုက်ကြတော့။ဂျိတ် သူ တို့ဆီလာရန်သာအမျိုးမျိုး ကမ်းလှမ်းနေကြသည်ဖြစ်သည်။ ထိုဖြစ်ရပ်က သူ၏မျက်နှာကိုတည့်တည့် ဖြတ်ရိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုအခြေနေကို ဂျိတ်ကပြန်လည်ထိန်းလိုက်လေသည်။ "ကျနော်နေနဲ့ ဘယ်သူဆီမှာမှ လာရောက်လုပ်ကိုင်မှာလဲ မဟုတ်သလို ကျနော်ထွက်ခဲ့တဲ့စန်တီရေဂို မိသားစုထဲကိုလဲ ပြန်ဝင်သွားမှာမဟုတ်ပါဘူး" ဂျိတ်ပြောမှုကြောင့် လူများလည်းပြန်လည်ငြိမ်သက်သွားကြ လေသည်။ "ဒက် ခင်ဗျားမှတ်ထားပါကျနော်နဲ့ ဒီမိသားစုနောက် ဆက်ပြီးတွေ့စရာမရှိတော့ပါဘူး" ပြောဆိုပြီးသည်နဲ့ အယ်မလီကိုချီကာ ထွက်သွားလိုက်လေ သည်။ရေဗာကာလည်း ဂျိတ်အနောက်မှလိုက်သွားလိုက်လေ သည်။ "တောက်" ဒေါသထွက်ပြီးကျန်ခဲ့သူကတော့ ဒက်နဲ့ခလင့်တို့ပင်ဖြစ်လေ သည်။ "သူတို့ကို ဆေးကုပေးလိုက်" နောက်ထပ်ရောက်လာသောအစောင့်များက လဲကျ၍ပြန်မထ နိုင်သောအစောင့်များကို ဆေးကုသရန်ပြန်လည်ခေါ် ဆောင်သွားကြလေသည်။ဒီလိုနဲ့ခေါင်းဆောင်နေရာဆက်ခံ ပွဲ(မိသားစုအကြီးကဲအခမ်းနားကြီး)ပြီးဆုံးသွားလေ တော့သည်။ အချိန်ကား ညခုနှစ်နာရီခန့်သာရှိသေးသည်။ စန်တီရေဂိုခြံဝန်းထဲရှိ ရေပန်းတစ်ခု၌ ဂျိတ်သည်ရေဗာကာနဲ့ စကားပြောနေလေသည်။ အယ်မလီလေးကတော့ ရေပန်း ကန်ထဲသို့တိုးကပ်ကာကြည့်ရှုလေသည်။ထိုကန်ထဲ၌ ရွှေငါး များရှိရာ ရွှေငါးများကို ကြည့်ရှူနေခြင်းဖြစ်လေသည်။ ဂျိတ်ကရေဗာကာ မေးသောကြောင်းရာများကို သေချာဖြေ ပေးနေသည်။တစ်ချို့သောအချက်လက်များကတော့အမှန် အတိုင်းဖြစ်ကာ တစ်ချို့ကတော့အမှန်ဖုံးကွယ်ကာပြောနေရ လေသည်။မိမိ၏စစ်သည်တော်အဆင့်ရောက်အောင်ဘယ်လို လုပ်ခဲ့တာလဲဆိုသောနေရာ၌မျိုးဖြစ်လေသည်။ မိမိ ဒိယေဂိုမြို့သွားရာ၌လူထူးဆန်းကြီးကိုကူညီခဲ့ကြောင်းထို့ ကြောင့်သူကမိမိကိုစစ်သည်တော်ဖြစ်အောင်လုပ်ပေးခဲ့ ကြောင်း ထိုလူထူးဆန်းကြီး၏နည်းအတိုင်းလုပ်ဆောင်ရာ ဖြစ်လာကြောင်း ရွှီးရလေသည်။ "ဒါဆို ဂျိတ် ရှင့်စစ်သည်တော်အဆင့်ကဘယ်လောက်လဲ" "မင်းဘယ်လောက်လို့ထင်လဲ" "ငွေအဆင့်သုံးထင်တယ်" ရေဗာကာအပြောကို မှန်ကြောင်းမှားကြောင်းပြန်မဖြေဒီ အတိုင်းသာနေလေသည်။ "မင်းကော ဘယ်လိုနေရလဲရေဗာကာ" ဂျိတ်ပြန်အမေးမှာတော့ ရေဗာကာသက်ပြင်းချရလေသည်။ "ကျမကတော့ အခုထိကံကောင်းတယ်ပြောရမလား အေးအေးချမ်းချမ်းပဲနေရတယ် ရှင့်အဖေနဲ့ ဦးလေးတစ်တို့ က ကုန်သွယ်ဖို့ခရီးထွက်သွားတာအခုထိပြန်မရောက်သေး တော့ သူတို့ကိုပဲစိတ်ပူရတာ" ဟုတ်ပေသည်။ဂျိတ် စန်တီရေဂိုမိသားစုမှမနှင်ထုတ်ခံရခင် ငါးနှစ်ကတည်းက ဂျိတ်၏ဖခင်ဖြစ်သူနဲ့ဦးလေးတစ်တို့သည် ကုန်သွယ်ရေးအတွက် ခရီးထွက်သွားကြခြင်းဖြစ်ရာ အခုချိန် ထိမရောက်ကြသေးပေ။ဂျိတ်၏မိခင်ကတော့ ဂျိတ်ကိုမွေး မွေးပြီးချင်းဆုံးပါးသွားခဲ့သည်ဖြစ်သည်။ ဂျိတ်၏အဖေနဲ့ ဦးလေးသာရှိနေခဲ့လျှင် ဂျိတ်နှင်ထုတ်ခံရဖို့က ဝေးသည်ဟုပြောနိုင်သည်။ဂျိတ်နှင်ထုတ်ခံရစဥ်က မိသားစု၌ ဦးလေးနှစ်ဖြစ်သူက ခတ္တ နေရာယူဦးဆောင်ထားခြင်း ဖြစ်သည်။ ယခုအခါ ဂျိတ်ဖခင်နဲ့ဦးလေးတစ်ပြန်မရောက်လာ သည်ကရှစ်နှစ်ခန့်ကြာပြီဖြစ်ရာ ဂျိတ်ဖခင်နဲ့ဦးလေးတို့ တိုင်ပင်ထားသည့်အတိုင်း ဒက်ကိုလွှဲပြောင်းပေးရခြင်း ဖြစ်သည်။မိသားစု၌ ဒက်သည် စီးပွားရေးကျွမ်းကျင်ကာ ဂျိ တ်သည် အနေအေးလူကြောက်တတ်ကာ စီးပွားရေးလည်း စိတ်မဝင်စားပေ။ထို့ကြောင့် ဒက်က စန်တီရေဂိုမိသားစုခေါင်းဆောင်အဖြစ်လုပ်ပိုင်ခွင့်များရရှိလာ ခြင်းဖြစ်သည်။ဂျိတ်လည်းအတိတ်ကိုပြန်တွေးရင်း သက်ပြင်းချလိုက်လေသည်။ ထိုအချိန်၌ အနက်ရောင်လူရိပ် များသည် ဂျိတ်ထံသို့ရောက်ရှိလာကြလေ သည်။ အနက်ရောင်လူများသည် နှစ်ဆယ်ခန့်ရှိသည်ဟုဆိုနိုင် လေသည်။အနက်ရောင်လူများသည် တစ်ကိုယ်လုံးဖုံးလွမ်း ထားပြီးမျက်လုံးသာဖော်ထားကြကာ နင်ဂျာလိုလိုဖြစ်သည်။ သူတို့၏နောက်ကျောတွင်လည်း ဓားတစ်ချောင်းကို လွယ် ထားကြသည်။ အနက်ရောင်လူများရောက်လာမှုကြောင့် ဂျိတ်လည်းအယ် မလီနဲ့ရေဗာကာကို မိမိ၏အနီးနား၌နေစေလိုက်သည်။ "မင်းတို့ကဘယ်သူတွေလဲ" "ငါတို့ဘယ်သူဆိုတာမင်းသိဖ်ို့မလိုဘူး သတ်ကြဟေ့" အနက်ရောင်လူများက စကြာများဖြင့် ဂျိတ်ကိုစတင်ပစ်ခတ် ကြလေတော့သည်။

All Chapters