အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
(37)အဆင့်တက်ခြင်း
စကြာများက ဂျိတ်ထံလျင်မြန်စွာပျံသန်းလာသော်လည်း ဂျိတ် ကဖယ်ရှားခြင်းရှောင်တိမ်းခြင်းမပြု။ "ဝိုးရား..." အသံကျယ်ကြီးနဲ့ အတူ ဂျိတ်၏နောက်မှ လက်သီးများဝဲလာ တော့သည်။ထိုလက်သိီးများ၏ပိုင်ရှင်သည် ဂျိတ်၏စတန်း ဖြစ်သော စတားပလက်တီနမ်ကြီးပင်ဖြစ်သည်။ အနက်ရောင်လူများလည်း မျက်လုံးပြူးကာ ထွက်ကျခါနီး ဖြစ်သွားကြလေသည်။အကြောင်းမှာ မိမိတို့ပစ်လိုက်သော စကြာပုန်းလက်နက်များသည် ဂျိတ်၏အနားရောက်ခါနီးမှ အကြောင်းရင်းမရှိပြုတ်ကျသွားကုန်သောကြောင့်ဖြစ်၏။ "မင်းတို့က ဘယ်ကလဲသေချာပြောစမ်း" ဂျိတ် အသံလိူင်းကို အနက်ရောင်ဝတ်လူစုထံပြန့်လွင့်စေလိုက် သည်။ဒီတစ်ခါဂျိတ်အော်သည့်အသံသည် အနက်ရောင်ဝတ် လူများသာကြားရမည်ဖြစ်ပြီး ကျန်သောလူများကတော့ ကြားရမည်မဟုတ်ပေ။ ဒီတစ်ခါဂျိတ်၏အသံက သူတို့နားထဲဝင်ရောက်ကာ မိုးကြိုး ချိန်းသည့်ပမာတုန်လှုပ်စေလိုက်သည်။ထိုအသံကြောင့် အနက်ရောင်ဝတ်လူများလည်း တခနတာမျှ ရပ်ဆိုင်းသွားကြ လေသည်။ ထိုသို့ ခတ္တ မျှရပ်ဆိုင်းသွားကြသည့်အချိန်သည် ဂျိတ် အတွက်လုံလောက်လေသည်။ဂျိတ်၏လက်၌ ချက်ချင်းပင် မှော်တုတ်တံလေးရောက်ရှိလာလေသည်။ "ကိုယ်ပိုင်နယ်မြေဖွဲ့စည်းခြင်း" ရွတ်ဆိုပြီး မှော်တုတ်တံက်ိုဝေ့ရမ်းလိုက်သည်နဲ့ မှော်တုတ်မှ အလင်းတန်းတစ်ခုထွက်လာလေသည်။ အလင်းတန်းထွက်ပြီးတခန၌ ဂျိတ် နဲ့အနက်ရောင်ဝတ်လူ များကို မမြင်နိုင်သော အကာအကွယ်တစ်ခုဖုံးလွယ်သွားလေ သည်။ထိုသို့သောလှုပ်ဆောင်မှုသည် နှစ်စက္က န့်မျှသော ပမာဏအတွင်းလုပ်ဆောင်သွားခြင်းဖြစ်သည်။ အနက်ရောင်ဝတ်လူများလည်း ပြန်လည်သတိရကြပြီ ဖြစ်သည်။သူတို့သတိရသည်နဲ့ ချက်ချင်း လုပ်ဆောင်သည်က ပြေးရန်သာဖြစ်သည်။ အနက်ရောင်ဝတ်လူများသည် သူတို့၏မစ်ရှင်တာဝန် ဆောင်ရွက်ရာ၌ ချက်ချင်းလက်ငင်းလိုပစ်မှတ်ကို သတ်ဖြတ် ကြရသည်။မသတ်နိုင်လျှင် ချက်ချင်းပြန်လည်ဆုတ်ခွာသွား ကြသည်။ထို့ကြောင့်လည်း အနက်ရောင်လူများသည် မ အောင်မြင်လျှင်တောင် သူတို့နေဖြင့် အသက်ရှင်ကြလေ သည်။အခုလည်း ပြေးလွှားရန်ကြံ လိုက်လေသည်။ ဖုန်း...အင့်.... သူတို့အယောက်နှစ်ဆယ်လုံး ပြေးရာ၌ မမြင်ရသော အတားအဆီးတစ်ခုကို တိုက်သကဲ့သို့ဖြစ်ရာ လဲကျကုန်ကြ လေသည်။ပြန်ထ၍ ပြန်ကြိုးစားသည်။ "ပြေးမယ်ကြံမနေနဲ့ မင်းတို့ကငါရဲ့ကိုယ်ပိုင်နယ်ထဲရောက်နေ တယ် ထွက်လို့ရမှာမဟုတ်ဘူး" ဂျိတ်အသံကြောင့် အနက်ရောင်ဝတ်လူများလည်း ပြေးရန် ကြံရာမှ ဂျိတ်ကိုသတ်ရန် သူတို့လွယ်ထားသောဓားများထုတ် လိုက်ကြလေသည်။ "သူ့ကိုသတ်ကြဟေ့" ဓားများကိုင်စွဲကာ ဂျိတ်ထံသို့ ခုန်ဝင်ကြသည်။ဂျိတ်နဲ့ အနည်းငယ်ကွာဝေးသော အယ်မလီနဲ့ရေဗာကာကို သူတို့တစ် ယောက်မှ ဂရုမစိုက်ကြပေ။ သူတို့က ဂျိတ်သေစေရန်သာ ဦးတည်လိုက်ကြလေသည်။သူ တ်ို့၏အတွေ့ကြုံအရ ဂျိတ်သေမှသာ သူတို့ပြေးမရအောင် လုပ်ဆောင်ထားသော အတားအဆီးသည် ပျက်စီးသွားမည် ဖြစ်သည်။ ("မင်းတို့က ငါ့အကွက်ထဲဝင်လာမှတော့သေကြပေတော့") ("ဆက်တိုက် လက်သီးကျွေးလိုက်စမ်း") ဝိုးရား..ဝိုးရား.... အနက်ရောင်လူများဆက်တိုက်ဆိုသလို အထိုးခံလိုက်ရပြီ ဖြစ်သည်။ဒီတစ်ခေါက်ထိုးရာ၌ ဂျိတ်ကန့်သတ်ချက်ထားခြင်း မရှိပေ။ထို့ကြောင့် တစ်ချက်ထိုးသည်နဲ့ တစ်ယောက်သေရ သည်ဖြစ်သည်။ အထိုးခံရသောအနက်ရောင်ဝတ်လူများကလည်း ဆက်တိုက် ဆိုသလိုသေကုန်ကြလေသည်။နောက်ဆုံးတစ်ယောက်သာ ကျန်ရှိတော့သည့်အချိန်တွင်တော့ ဂျိတ်ထိုးခြင်းကိုရပ်နား လိုက်လေသည်။တစ်ယောက်တော့ ချန်ထားမှဖြစ်မည်။ဒါမှ သာ ဘယ်သူဘယ်ဝါကခိုင်းကြောင်း သူမေးလို့ရမည် ဖြစ်သည်။ ကျန်သောတစ်ယောက်ကလည်း ဓားပင်လက်ထဲမှပြုတ်ကာ မြေပြင်၌ ထိုင်လျက်သားဖြစ်နေလေသည်။သွားလို့မရအောင် အတားဆီးဖန်တီးနိုင်မှု အကောင်ထည်မမြင်ရပဲ မိမိကရဲဖော် ရဲဘက်များ ၏ကိုယ်ခန္ဓာများက တစ်စုံတစ်ခုကြောင့် ကျိုးပဲ့ ကာ သွေးများဖြာထွက်သွားပြီး သေကြသည် ကို မျက်မြင် တွေ့ရပြီဖြစ်သည်။မိမိရှေ့မှ လူကို အဘယ်ကြောင့် စျေး ကောင်းပေးပြီးလုပ်ကြံခိုင်းရသည့်အကြောင်းရင်းကို နားလည်လာပြီဖြစ်သည်။ "မင်းကို ဘယ်သူခိုင်းလိုက်တာလဲ" ဂျိတ် နောက်ဆုံးကျန်သောလူကိုမေးလိုက်သည်။မေးခံရ သောသူကလည်း ချက်ချင်းပင် ပါးစပ်အမှုရာပြောင်းသွား သည်။ထိုအချင်းရာကို မြင်သည်နဲ့ ဂျိတ်တားသေးသည်။ သို့သော်နောက်ကျသွားပြီဖြစ်သည်။ နောက်ဆုံးကျန်သောတစ်ယောက်သည် သူ၏အချက်လက် များမပေါ်စေရန်ငှာ သွားကြားတွင်ညပ်ထားသော အဆိပ်ကို သောက်ကာ သတ်သေလိုက်ပြီဖြစ်သည်။ "တောက် " ဂျိတ် တောက်သာ ခေါက်နိုင်လေသည်။ ထိုအချင်းအရာကိုမြင်သော ရေဗာကာကတော့ အလွန် တုန်လှုပ်နေလေသည်။ယခုဂျိတ်သည် ယခင်ကမိမိမြင်ခဲ့သော ဂျိတ်မဟုတ် ပြောင်းလဲမှန်းခံစားမိလေသည်။ယခုဂျိတ်သည် လူနှစ်ဆယ်ကို တစ်ယောက်တည်းသတ်သလို လူသတ်သည့် အရာ၌လည်း သွေးအေးနေလေသည်။ဒါက လူတစ်ယောက် လုပ်နိုင်စွမ်းထက်ကျော်လွန်နေပြီလည်းဖြစ်သည်။အယ်မလီ လေးကတော့ ဒါမျိုးအဖြစ်ကိုမြင်မည်မဟုတ် ဂျိတ်မှော်တုတ် ကိုင်ကတည်းက ထိုသို့သွေးရဲသံရဲမမြင်စေရန် အိပ်မောကျ ခိုင်ထားသည်ဖြစ်ရာ ရေဗာကာလက်ထဲ၌ အိပ်မောကျနေလေ သည်။ ("လူသတ်အရှိန်ဝါများစုဆောင်းနေပါသည်။သခင်သတ်သော သူများ၏စစ်သည်အဆင့်များတွက်ချက်နေပါသည်") စနစ်၏အသံကို ဂျိတ်ကြားမိလိုက်သည်။သေ သွားသောလူ များ၏ကိုယ်မှ အငွေ့သတ်များသည် ဂျိတ်ထံသို့ရောက်လာကြ သည်။ထိုအငွေ့များသည် မိမိ၏ကိုယ်အနီးရောက်သောအခါ သတ်ဖြတ်လိုစိတ်ပြင်းပြ သော အနီရောင်ဝါအဖြစ်ပြောင်းလဲပြီး ဝန်းရံလှည့်ပတ်ကာ မိမိကိုယ်ထဲဝင်သွားလေသည်ကို မြင်ရလေသည်။ ယခင်ကဂျိတ် ထုတ်လွင့်သောသတ်ဖြတ်ခြင်း(လူသတ်အရှိန် ဝါသည်) စနစ်အစွမ်းငှားရမ်းထားခြင်းဖြစ်ကာ ယခုအကြိမ် မှာတော့ သူ၏ကိုယ်ပိုင်အရှိန်ဝါဖြစ်လေသည်။ယခု သူ၏ကိုယ်ပိုင် အရှိန်ဝါသည် သူ၏ငှားရမ်းခဲ့သော အရှိန်ဝါနဲ့ နှိုင်းယှဥ်ပါက သမုဒ္ဒရာနဲ့ ရေတစ်စက်သို့ဖြစ်နေမည် ဖြစ်သည်။ ("သခင်ကို သတ်ဖြတ်လိုသော လူများ၏စစ်သည်အဆင့်ကို တွက်ချက်ပြီးပါသည်။သူတို့၏စစ်သည်အဆင့်များအစွမ်း များကို သခင့်ကိုယ်ထဲသို့ ပြောင်းလဲပေးလိုက်ပါသည်") ထိုအသံကြားပြီးသည့်မိမိကိုယ်၌ ကောင်းမွန်သောခံစားမှု ခံစားလိုက်ရသည်။ထို့ကြောင့် ဂျိတ် တစ်ယောက်မိမိအဆင့်တက်ပြီဖြစ်ကြောင်းသိလိုက်သည်။ဒီ တစ်ခေါက်အဆင့်တက်ရာ၌ အသတ်ခံသော အနက်ရောင် ဝတ်လူများသည် ငွေအဆင့်မှလူများဖြစ်ကြလေသည်။ယခု အကြိမ်အဆင့်တက်ရာ၌ ရွှေအဆင့်တစ်မှ ရွှေအဆင့်သုံးအထိ တစ်ခါတည်းနှစ်ဆင့်ခုန် တက်သွားခြင်းဖြစ်လေသည်။ (38)ဆူညံမှု "ဟူး ဒီတစ်ခါလည်းမဆိုးပါဘူး" ဂျိတ် သက်ပြင်းချကာပြောလ်ိုက်သည်။အနက်ရောင်ဝတ်လူ များသည် နေရင်းထိုင်ရင်း မိမိအား အဆင့်တက်စေရန် လာ ရောက်အသေ ခံပေးနေသလိုဖြစ်နေသည်။ ဂျိတ်အတွက်အဆင့်တက်ခြင်းက ရိုးရှင်းသည်။ အခုလို သတ်ဖြတ်ပြီး ရန်သူ၏အဆင့်များဖြင့် မိမိအဆင့်တင်မလား ဒါမှမဟုတ် ဒီအတိုင်းစနစ်စျေးဆိုင်(free စျေး)မှ ဆေးများ ပစ္စည်းများသုံးကာ အဆင့်တက်မလား ရွေးစရာပေါများ သည်။သို့သော် ဂျိတ်အတွက် ထိုသို့မရွေးချယ်လို။ တစ်ခါတည်းဖြင့်အရမ်းအဆင့်မြင့်လွန်းနေပါကလည်း မ ကောင်းဟု ခံစားမိသောကြောင့်ဖြစ်သည်။ စနစ်၏အသံပေးချက်ထွက်ပေါ်လာသည်။ ("သင်သည် အနက်ဝတ်အယောက်နှစ်ဆယ်ကိုသုတ်သင်ပြီး ပါသည်။အဆင့်နှစ်ဆင့်တက်ရုံသာမက ထိုအယောက်နှစ် ဆယ်၏ပိုင်ဆိုင်သော အရာမှန်သမျှကို စနစ်သိုလှောင်ရုံထဲသို့ ထည့်သွင်းပေးထားပါသည်") ("သူတို့ပိုင်ဆိုင်တာဘယ်လောက်လဲ တွက်ပြပါဦီး") ("ရွှေပြားဆယ်သိန်းနဲ့ အသုံးဆောင်များ လက်နက်များရရှိ ပါသည်။") ("ကောင်းတယ် မဆိုးဘူး") ခက်ခက်ခဲခဲဆော့ကာ အနိုင်ရသောဂိမ်းသမား၏ခံစားမှုကို ဟက်ပြီး သက်တောင့်သက်သာနိုင်သော ကစားသမားကခံစား ဖူးမည်မဟုတ်ပေ။ယခုလို မိမိအား သတ်ရန်ကြံသော လူများ ကို သာသတ်ပြီး အဆင့်တက်ရသည်က ပျော်စရာကောင်း သည်ဖြစ်သည်။ပြည့်စုံလွန်းလျှင်လည်း မကောင်းဟု ခံယူ ထားသည်။ ထိုအတွေးကိုစနစ်သာသိပါက လက်ဖျားခါရလောက်အောင် ဂျိတ်အားအံသြနေမည်မှာအမှန်ပင်။ပြီးတော့ သူများအတွက်အဆင့်တက်သည်ဆိုသည်က ကိုယ်ခန္ဓာ အတွင်း ၌စွမ်းအား ချာကရာပြည့်ဝအောင်အရင် (ဆေးဖြင့် ဖြစ်စေ ပြည့်ဝအောင်ဖြည့်ရ)လုပ်ရသည်။ပြီးမှသာ အဆင့် များချိုးဖျက်ကြ ကာအဆင့်တက်ကြ ရသည်။ဂျိတ်အတွက်အ ဆင့်တက်သည်ကသာမန်လိုပင် ဒီအတိုင်းလေး တက်သွားရုံ သာ။ (ဟော သလိုခြေတစ်လှမ်းလှမ်းပြီးလှေကားတက် ရတာ ပြောသည်ကပင် ခက်ခဲနေဦးမည်ဖြစ်သည်။) ရေဗာကာအနေနဲ့တော့ ဂျိတ်ထိုသို့ ပြောသည်ကို နားမလည် သည်ကတော့အမှန်ပင်ဖြစ်သည်။ "သူတို့ဘယ်သူလဲ သိလား" "နည်းပါးတော့သိတယ် ဒီလိုအနက်ရောင်ဝတ်တွေကလုပ်ကြံ သူတွေ သူတို့ကငွေကြေးယူပြီးသတ်ဖြတ်တတ်တဲ့ ကြေးစား တွေတဲ့ သူတို့ကြေးစား အဖွဲ့နာမည်တော့ ကျမလဲ မသိဘူး သူ တို့ကလျှို့ဝှက်တယ်" ရေဗာကာ အနေနဲ့ သူမ သိသလောက်ပြောပြလိုက်သည်။သူမ သိသလောက်အကြောင်းရာကလည်း ဂျိတ်အဖို့လုံလောက်နေ ပြီဖြစ်သည်။ "ကြေးစားတွေဟုတ်လား" အကြောင်းရာသိရပြီဖြစ်ရာ ဂျိတ်သူ၏တုတ်တံကို ဝှေ့ရမ်း လိုက်သည်။ထိုသို့သောလူများထပ်ရောက်လာပါကလည်း ပြန်လမ်းမရှိအောင်လုပ်ပေးလိုက်မည်သာဖြစ်သည်။ ဝုန်း မီးတောက်လာပြီး သေနေပြီဖြစ်သော အနက်ရောင်ဝတ်လူ များ၏ကိုယ်ခန္ဓာကိုလောင်ကျွမ်းပစ်လိုက်သည်။စက္က န့်ပိုင်း အတွင်းပင် ပြာတစ်မှုန်ပင်မကျန်ရစ်ခဲ့တော့ပေ။ "ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောပြဖူးလို့ထင်ပါတယ်" ဂျိတ်ရေဗာကာကို ပြောလိုသည်။ဂျိတ်၏အစွမ်းကိုမြင်ပြီးဖြစ် ရာ ရေဗာကာလည်း ချက်ချင်းပင်ခေါင်းညိမ့်ပြလိုက်သည်။ ရေဗာကာနေနဲ့လည်း ဂျိတ်သည်ရန်သူများကိုကြောက်၍ မ ပြောခိုင်းသည်မဟုတ်ပဲ အလုပ်မရှုပ်လိုသောကြောင့် ဖြစ််သ ညဟုယုံကြည်ထားသည်။ ထိုသို့သော ယုံကြည်ချက်ကလည်း ဂျိတ်၏ကြောက်လန့်ခြင်းမရှိသော မျက်လုံးကို သေချာ ကြည့် မိထားသောကြောင့်ဖြစ်သည်။ ဂျိတ်လည်းမိမိဖြန့်ကျက်ထားသောနယ်မြေအတားဆီးကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ထိုနယ်မြေအ တားဆီး၏အဓိကစွမ်းရည် သည် အပြင်မှလူများက ထို နယ်မြေကိုမမြင်နိုင်ဘဲ အတွင်းမှလူကသာအပြင်ရှိလူများကို မြင်နိုင်ကြားနိုင်မည်ဖြစ်သည်။ "ကဲ ဒါဆို ငါပြန်တော့မယ်နော် ရေဗာကာ ဂရုစိုက်ဦးကြား လား" ဂျိတ်အိပ်ပျော်နေသောအယ်မလီလေးကို ပွေ့ချီကာ စန်တီရေ ဂိုခြံပြင်ဘက်သို့ထွက်သွားသည်။ "ခဏလေး" ("ဟင် သူဘယ်ရောက်သွားတာလဲ မြန်လိုက်တာ") ရေဗာကာ တားသော်လည်း ဂျိတ်ကတော့ ချက်ချင်းပင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ဟုတ်ပေသည်။ဂျိတ်ဒီယေဂိုမြို့ရှိသူ၏နေအိမ်သို့ပြန်ရောက်နေ ပြီဖြစ်သည်။ပြန်ရောက်တော့ ညသန်းခေါင်ရောက်နေပြီဖြစ် သလို အိမ်တွင်ရှိကြသော လူခွေးလည်း အိပ်စက်နေကြပြီ ဖြစ်သည်။ မိုက်ကယ်မှာ လူသံကြား၍ ထကြည့်ရန်ကြံ သော်လည်း ဂျိတ်၏ကိုယ်ပိုင်အနံကို မှတ်မိနေရာကြည့်ပင်မ ကြည့်တော့ပဲပြန်လည်အိပ်စက်လိုက်လေသည်။ ဂျိတ်လည်း ဧည့်ခံပွဲ၌မုန့်များစားလာကာ အိပ်ပျော်နေပြီဖြစ် သော အယ်မလီလေးကို သူ၏အိပ်ရာတွင်အိပ်စက်စေလိုက် သည်။ အယ်မလီလေးကိုအိပ်စက်စေပြီး ဂျိတ်လည်း အိပ်စက်လိုက် လေသည်။ဂျိတ်အိပ်စက်ကသည်က သူ၏ကိုယ်ခန္ဧာသာ ဖြစ် ကာ သူ၏စိတ်ကတော့မအိပ်စက်နေပေ။ ("စနစ် အခြေနေဘယ်လိုလဲ") "သင်သည် ယခုချိန်၌ နာမ်ထုတ်လွင့်ခြင်းအခြေနေရောက်ရှိ နေပြီဖြစ်သည်။သင်လေ့ကျင့်သော လိပ်ပြာခွဲထွက်ခြင်း အောင်မြင်သည်။" စနစ်ပြောသလိုပင် ဂျိတ်သည်သူ၏ကိုယ်ခန္ဓာကို ပြန်လည်မြင် နေပြီဖြစ်သည်။သူ၏ကိုယ်ခန္ဓာသည် အိပ်စက်ရင်းပုံမှန် အသက်ရှုနေဆဲ ဖြစ်သည်။ "စနစ် စိတ်ဝိညာဥ်ခွဲထုတ်ပိုင်းခြားခြင်းဆက်လုပ်မယ်" "ကောင်းပါပြီ" ဂျိတ်တစ်ယောက် စိတ်ဝိညာဥ်ခွဲနေချိန် တစ်နေရာတွင်တော့ ဆူပူနေသည်ဖြစ်သည်။ ကြေးစားလုပ်ကြံသူများ၏အဆောက်ဦး၌..... "ဒါဘယ်လိုဖြစ်တာလဲဟ " ကြေးစားလုပ်ကြံသူများ၏ခေါင်းဆောင်ကြီးပေါက်ကွဲနေ လေသည်။သူတို့ကြေးစားအသင်းတွင် အယောက်နှစ် ဆယ်၏အသက်ပြားများတစ်ပြိုင်တည်း ကွဲကြေ သွားမှုသည် သူတို့သက်တမ်းတွင်တစ်ခါမှမဖြစ်ဖူးသော အရာဖြစ်လေ သည်။အသက်ပြားများ ပျက်စီးသွားခြင်းသည် အသက်ပြား ပိုင်ရှင်သေဆုံးကြောင်းကို ဖော်ပြသည်။ ပိုထူးခြားသည်ကား ထိုသေဆုံးသွားသောလူများ၏ ကြေးစားအသင်းတွင် အပ်နှံထားသော အရာမှန်သမျှပါ ချက်ချင်းဆိုသလိုပျောက်ဆုံးကုန်ခြင်းဖြစ်သည်။ "အဲ့လိုဖြစ်တဲ့အကြောင်းရင်း စုံစမ်းကြစမ်း"
(39)ဆုကြေးတိုးမြင့်ခံရခြင်း
မနက်ရောက်သည်နဲ့ ဂျိတ်ပြန်လည်နိူးထလာလေသည်။နိုးထ လာသည့်အချိန်တွင် ဂျိတ် စိတ်ဝိညာဥ်ခွဲထုတ်နိုင်ပြီဖြစ်သည်။ စိတ်ဝိညာဥ်ကိုဖောက်ထွင်းမြင်သူသာ ဂျိတ်ကို မြင်နိုင်မည်ဆို ပါသူ၏ကိုယ်ခန္ဓာထဲတွင် ဂျိတ်နဲ့ပုံစံတူသော အရာသုံးခုကိုမြင် နိုင်မည်ဖြစ်သည်။ထိုစိတ်ဝိညာဥ်များသည် ဂျိတ်၏အသက် များလည်းဖြစ်သည်။စိတ်ဝိညာဥ် သုံးခုဖြစ်ရာ ဂျိတ်တွင် အသက်သုံးသက်အပိုရထားသည်နဲ့ အတူတူပင်ဖြစ်လေ သည်။ယခုအခါ၌ ပင်ကိုမူရင်းစိတ်ဝိညာဥ်မှလွှဲ၍ ခွဲထုတ်ထား သော စိတ်ဝိညာဥ်နှစ်ခုသည် ငြိမ်သက်စွာထိုင်နေကြလေ သည်။ စတားပလက်တီနမ်စတန်းကတော့ ဂျိတ်၏စိတ်ဝိညာဥ် မဟုတ်ပဲ ဂျိတ်စနစ်မှယူထားသော စိတ်ဝိညာဥ်ပုံစံအသွင်ပြင် တိုက်ခိုက်ကာကွယ်သူဖြစ်သည်။ ("ကဲ စလိုက်ကြတာပေါ့စနစ်ရေ ငါ့အခြေနေတစ်ချက်ပြန်ပြောပေးပါ") ပိုင်ရှင်..ဂျိတ် စနစ်...အနှိုင်းမဲ့ စစ်သည်အဆင့်...ရွှေအဆင့်သုံး... ကိုယ်ခန္ဓာကြံခိုင်မှု...ဆက်လက်တိုးတက်လုပ်ဆောင်နေ ဆဲ(ယခုအခါ၌ တောင်တစ်လုံးဖိအားရိုက်ချလျှင်ပင် ဘာမှမ ဖြစ်သည်အထိသန်မာနေပြီဖြစ်သည်။) ပိုင်ရှင်ပိုင်ဆိုင်သော အစွမ်းများ... စတားပလက်တီနမ်..စိတ်ပိုင်းဆိုင်ရာနာမ်ပုံစံသဏ္ဏ န် (ပလက်တီနမ်အဆင့်နဲ့တန်းတူတိုက်နိုင်စွမ်းရှိသည်။) (ဆက်လက်တိုးတက်နိုင်စွမ်းရှိသေးသည်။) သတ်ဖြတ်ချင်းနတ်ဘုရားပုံစံ.ပထမအဆင့်(50/100000) .စတင်ဖွဲ့စည်းစသာရှိသေးသည်။ ဓားဆန္ဒ(သေးငယ်) လတ်တလောငှားရမ်းထားသောအစွမ်း..အဓိပတိမှော်ဆရာ အဆင့်အစွမ်း သင်ယူခြင်း..(0) ကိုယ်ပိုင်သိုင်း..မရှိ ဖန်တီးမှု..မရှိ ("အင်း ဟုတ်သားပဲ ငါ့မှာဘာမှမရှိသေးဘူးပဲ") ဂျိတ် တွေးမိသည်။ယခုချိန်ထိ စနစ်မှအစွမ်းငှားရမ်းပြီး တိုက်ခိုက်နေခြင်းသာရှိသည်။သူ၏ကိုယ်ပိုင်အရာဆို၍ မရှိ နေပေ။ ("မရှိဘူးဆိုမှတော့ ရှိအောင်လုပ်ရတော့မှာပေါ့") ငြိမ်သက်နေသော စိတ်ဝိညာဥ်နှစ်ခုကိုနှိုးထစေလိုက်သည်။ ငြိမ်နေသော စိတ်ဝိညာဥ်နှစ်ခုလည်း နှိုးထလာလေသည်။နှိုး ထလာသောစိတ်ဝိညာဥ်များကို တစ်.နှစ်ဟုအမည်ပေးထား လိုက်သည်။နာမည်ပေးပြီးသည်နဲ့သူတို့အားစတင်လုပ်ဆောင် စေတော့သည်။ တစ်ကိုစနစ်မှပေးနိုင်သော ရှိသမျှသောသိုင်းကျမ်းများကို လေ့လာစေခြင်းဖြစ်ကာ နှစ်ကိုတော့သွေးမျိုးဆက်များကို လေ့လာခိုင်းစေသည်။ တစ်ကလည်း စနစ်ထံမှ သိုင်းမှန်သမျှကို စတင်ဖတ်ရှုသလို နှစ်ကလည်းသူလုပ်ရမည့် အလုပ်ကိုစတင်လုပ်ကိုင်လေ သည်။ အမှန်တကယ်လည်းဂျိတ်သည် အလွန့်လွန်သန်မာသောကိုယ် ကိုသာ ပိုင်ဆိုင်ထားပြီး သွေးမျိုးဆက်မပိုင်ဆိုင်ထားသေး ပေ။သွေးမျိုးဆက်ပိုင်ဆိုင်ထားခြင်းသည် တိုက်ခိုက် ရေး၌သူများထက်ပိုမိုသန်မာလာစေသည်။ တာဝန်ပေးပြီးသည်နဲ့ တစ်နဲ့နှစ်လည်း စတင်လုပ်ကိုင်ကြပြီ ဖြစ်ရာ ဂျိတ်လည်း အိပ်ရာထကာသန့်ရှင်းရေးလုပ်လိုက် သည်။စိတ် ဝိညာဥ်များကိုတာဝန်ပေးပြီးသည်ဖြစ်ရာ မနက် စာအတွက် ဝိုက်တီစက်ရုပ်နဲ့အတူချက်ပြုတ်လိုက်ကြသည်။ ချက်ပြုတ်ပြီးသည်နဲ့ ဇိုက် မိုက်ကယ်နဲ့ အယ်မလီတို့လည်း စားပွဲသို့ရောက်လာကာ မနက်စာကိုစတင်သုံးဆောင်ကြ သည်။ "ဟူး ဒီနေ့အဖို့လုံလောက်ပြီသွားပြီးအလုပ်လုပ်ကြမယ်ဟေ့" ထိုအသံများသည် ဂျိတ်အိမ်နဲ့အတော်တန်ကွာဝေးသောနေရာ မှလူအုပ်ကြီး၏အော်သံများလည်းဖြစ်လေသည်။ သူတို့နေ့ တိုင်းရသော ဟင်းရနံသည် ဂျိတ်၏အိမ်မှာထွက်လာခြင်း ဖြစ်ကြောင်း သိပြီးသောနေ့မှစ၍ တစ်ရက်ကိုသုံးကြိမ်အနံ လာရှုကြလေသည်။ ဂျိတ်အိမ်မှလာကြောင်းဖြစ်သော်လည်း အိမ်အနီးသို့သူတို့မ သွားရဲကြပေ။ဆာဗေ့တို့၏ရိုသေမူရသော ဂရိတ်တပ်၏တပ်မှုးကိုပင် ပြန်တွယ်ရဲသောသူ၏အိမ်အနားကပ်ရန် သူတို့မ လုပ်ဆောင်ရဲကြ။ ထို့ကြောင့် အဝေးကနေကသာ သူတို့အနံခံကြသည်။ထိုအနံခံ ပြီးမှသာ စားဝင်အိပ်ပျော်ကြသည်။ဂျိတ်အိမ်မှဟင်းရနံကိုခံ ပြီးနောက်ပိုင်း သူတို့သည်ယခင်ထက်ပိုမိုအပင်ပန်းခံနိုင်ကာ သန်မာလာကြောင်းပါတွေ့ရှိထားကြရာ သူတို့၏တစ်နေ့သာ အဓိကလုပ်ရမည့်ထဲတွင် ဂျိတ်အိမ်မှဟင်းနံထွက်လာသော အချိန်ကို စောင့်ကာ အနံရှူသည်က အဓိကဖြစ်လာကြသည်။ ဂျိတ်မနက်စားသောက်နေချိန်တွင် ကြေးစားအသင်းရှိ ခေါင်းဆောင်လူကြီးကတော့ ဒေါသထွက်နေဆဲဖြစ်သည်။သူ သည် အသက်ငါးဆယ်ရှိပြီဖြစ်ကာ သူ၏မျက်နှာအသွင်ပြင် သည် ရင့်ကျက်နေသော လူကြမ်းရုပ်ရှိလေသည်။သူသည် မို ဂေါ့ဖြစ်ကာ လုပ်ကြံရေးကျွမ်းကျင်သူ အသင်း၏ခေါင်းဆောင် လည်းဖြစ်သည်။ မိုဂေါ့သည် ရွှေအဆင့်ခြောက်၌ရှိကာ သူ၏ကြောက်မက်ဖွယ် ကောင်းသောအော်ရာကိုထုတ်လွင့်နေသည်။ ယခုလည်း သူ ထံပို့ထားသော အချက်လက်များကိုဖတ်ရှူနေသည်။ သူရရှိထားသော သတင်းအချက်အရဆိုလျှင် အယောက်နှစ် ဆယ်လုံးသည် ဂျိတ်ဆိုသောပစ်မှတ်ထံသွားရောက်လုပ်ကြံ ကြခြင်းဖြစ်သည်။သူ၏ အဆင့်သည် ငွေအဆင့်ဟုဖော်ပြ ထားကာ ဆုကြေးမှာရွှေပြားသိန်းငါးဆယ်ဖြစ်သည်။ ထိုမျှမက်စရာကောင်းသောဆုကြေးကြောင့် သေ သွားရသော အယောက်နှစ်ဆယ်လုံးသည် သူတို့မသေခင်က ဂျိတ်ကိုသတ် ရန်မစ်ရှင်ကိုယူသွားကြလေသည်။မစ်ရှင်ယူသွားသောအ ယောက်နှစ်ဆယ်လုံးကျဆုံးကုန်ခြင်းက. သူတို့ အသင်း၏ဂုဏ်သိက္ခာကို ကျဆင်းစေရုံသာ အလုပ်လာအပ် သူနည်းပါးသွားစေနိုင်လေသည်။ "ဆရာ နောက်ထပ်သတင်းထပ်ရပါတယ်ဗျ" လူငယ်တစ်ယောက်ခပ်သွက်သွက်ဖြင့် ခေါင်းဆောင် လူကြီးလက်ထဲသို့ ထည့်ပေးသွားသည်။ထိုသတင်းကိုဖတ်မှ ဂျိတ်ကို အနည်းအံအားသင့်သွားပုံရသည်။ အသက်နှစ်ဆယ့်လေးနှစ်ကောင်က ဆာဗေ့များ၏အရိုသေ ရရှိထားမှု ဂရိတ်နန်းတွင်းအထူးတပ်၏ခေါင်းဆောင်ကို ပြန်လည်တိုက်ခိုက်မှုတို့ကိုပါ လုပ်ဆောင်ထားလေသည်။ထို ဖြစ်ရပ်ကို ကြည့်ချင်အားဖြင့် မိမိတို့အသင်းအနေ ဖြင့် ဂျိတ်ကိုအထင်သေးမရကြောင်းသဘောပေါက်လာလေ သည်။ဒီလိုသတင်းသာ မနေ့ကရောက်လာပါက အယောက် နှစ်ဆယ်လုံးမသေနိုင်ဟု ပြော၍ရနိုင်လေသည်။ သတင်းယူပို့ဆောင်သောလူများကိုလည်း မိုဂေါ့တစ်ယောက် ပယ်ပယ်နှယ်နှယ်ဆဲလွတ်သည်။သတင်းနောက်ကျနေခြင်း ကြောင့် အယောက်နှစ်ဆယ်သေရသည်ကို မကျေနပ်နေခြင်း လည်းဖြစ်သည်။သတင်းပို့ဆောင်ပေးကြရသော ထောက်လှမ်းရေးသမားများကလည်း ယခုအခါ မို ဂေါ့၏ဆဲရေးတိုင်းတွာခြင်းကို အပယ်အနှယ်ခံစားကြရလေ သည်။ သို့သော်မိုဂေါ့ကိုပြန်မပြောရဲကြ။တစ်ခေါက်ကပြန်ပြော ရာတွင် ပြောသူကိုသူတို့ရှေ့၌ပင် မိုဂေါ့ကသတ်ဖြတ်လိုက် သောကြောင့်ပင်ဖြစ်သည်။ထိုကြောင့်မိုဂေါ့ဆဲနေခြင်းကို ခေါင်းငုံကာ ခံယူနေကြသည်ဖြစ်သည်။ "စာရင်းကိုင်ရှိလား" "ရှိပါတယ် ဘာလုပ်ဆောင်ပေးရမလဲဗျ" အခန်းထောင့်မှအသံထွက်လာလေသည်။ "စာရင်းပြင်ဆင်မယ် ဂျိတ်ဆုကြေးရွှေပြားသိန်းငါးဆယ်က နေ သိန်းရှစ်ဆယ်နဲ့ ငွေအဆင့်လက်သီးသိုင်းကျမ်းပေးမယ် လို့တိုးမြင့်လိုက်"