← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

(40)လူအုပ်ကြီး "ဘာကွ သူမသေသေးဘူးဟုတ်လား" သတင်းလာပို့သော အစေခံ၏သတင်းကြောင့် အိုရစ်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် တွေ့သမျှသော ပစ္စည်းများကို ရိုက်ခွဲနေသည်။သူ၏အနီးနားရှိသော အစေခံ များလည်း အိုရစ်၏ဒေါသကိုကြောက်ရွံကြသောကြောင့် အခန်းထဲမှထွက်ခွာသွားကြသည်။ "သူ့ကိုသေအောင် ဘယ်လိုလုပ်ရမလဲကွာ" အိုရစ်ဒေါသထွက်နေသည်။မိမိ၏မယ်တော်အကူညီတောင်း ကာ နန်းတွင်းမှ အထူးတပ်ကိုပါ ဖမ်းဆီးစေသော်လည်းဂျိတ် ကပင် ပြန်လည်တီးလွတ်လိုက်သည်။ထို့အပြင်ဂျိတ်ကဆာဗေ့ တို့နဲ့ပါ အဆင်ပြေနေကြောင်းကြားသိရာ အိုရစ်ကိုမယ်တော် ပင်မကူညီတော့။အကယ်၍ အတင်းကျပ် ဖမ်းဆီးခေါ်ဆောင် လာမည်ဆိုပါက ဆာဗေ့တို့နဲ့ပါထပ်မံတိုက်ပွဲဖြစ်သည်။ ယခုဆာဗေ့တို့နောက်ထပ်မကျူးကျော်မတိုက်ခိုက်ပဲငြိမ်နေ ကြခြင်းသည် ဂျိတ်ကြောင့်ဟုလည်းသတင်းကြားထားရသေး သည်။ဂျိတ်ကို အတင်းကျပ်ဖမ်းဆီးခေါ်ဆောင်လာလျှင် ဆာ ဗေ့တို့ တိုက်ခိုက်လာနိုင်ဖွယ်ရှိသည်။ထိုအခါ အဆင့်တက်ရန် ကြိုးစားနေသော မိမိ၏ဖခမည်းတော်ဘုရင်ကြီး ထွက်လာ နိုင်သည်ဟုအိုရစ်သိထားသည်။ဘုရင်ကြီး သာထွက်လာပါက ဂျိတ်ကိုအပထား မိမိကျူးလွန်သောအပြစ် တွက် မိမိကိုအရင်အပြစ်ပေးမည်ကြောက်သောကြောင့် မ လုပ်ဝံ့ပေ။ အိုရစ်မလုပ်ဝံသည်ဆိုသော်ငြားလည်း ထင်ပေါ်အောင်မလုပ် သည်ကိုသာပြောရခြင်းဖြစ်သည်။သူကိုယ်တိုင် ကြေးစား အသင်းဌာနချုပ် သို့သွားကာ ဂျိတ်ကို သတ်နိုင်ပါကရွှေသိန်း ငါးဆယ်စျေးပေးမည်ဟု ကြော်ငြာခဲ့ခြင်းဖြစ်သည်။ သို့သော်လဲ ဂျိတ်ကိုသွားရောက်သတ်သောကြေးစားအ ယောက်နှစ်ဆယ်သေ သည်သတင်းက အိုရစ်ကိုကြားလေ အို ရစ်မျက်နှာမဲလေသကဲ့သို့ဖြစ်လာလေသည်။ "အရှင့်သား သတင်းအသစ်ထပ်ပါတယ်" "ဘာသတင်းလဲ" "ကြေးစားအသင်းဌာနချုပ်ကပါ အရှင့်သား ဂျိတ်ကိုသတ်နိုင် ရင်ရွှေပြားသိန်းရှစ်ဆယ်နဲ့ငွေအဆင့်လက်သီးကျမ်းတစ်အုပ် တဲ့" "သောက်ပလုတ်တုတ်" အိုရစ်လက်မှကိုင်ထားသော အရက်ပုလင်းပင် ပြုတ်ကျလေ သည်။မဲမှောက်နေသောသူ၏မျက်နှာလည်းတဖြေးဖြေးပြုံး ပျော်လာပြီးအော်ရယ်လိုက်သည်။ "ဟား...ဟား...ဟား..ဟား.." "ဂျိတ်ဒီတစ်ခါမင်းသေပြီပေါ့ မင်းသေကိုသေပြီဟေ့" "အစေခံ နောက်ထပ်အရက်တွေယူခဲ့စမ်း ငါအောင်ပွဲခံမယ်" အိုရစ်အလွန်ပျော်ရွှင်သွားသည်။ဒီလိုဆုကြေးထုတ်သည် ဆိုသည်မှာ မရှိခဲ့ဖူးပေ။များပြားလှသောဆုကြေးနဲ့ငွေအဆင့် လက်သီးကျမ်းဆိုကတည်းက ပုန်းကွယ်နေသော ကြေးစား သတ်ဖြတ်သူများသာမက အနားယူသွားသောလုပ်ကြံသူတို့ကို ပါ ပြန်လည်လုပ်ရှားနိုင်အောင်လုပ်ဆောင်စွမ်းရှိလေသည်။ ကြေးအဆင့်သိုင်းကျမ်းသည် သာမန်လှုပ်ရှားတိုက်ခိုက်သည့် အဆင့်ဟုဆိုနိုင်သည်။ ငွေအဆင့်ဆိုရင်ကော?။ ငွေအဆင့်သိုင်းကျမ်းဆိုသည်နဲ့ မတူညီတော့ပေ။ငွေအဆင့် သိုင်းကျမ်းမှ သိုင်းကိုတတ်မြောက်သူသည် သဘာဝမှ စွမ်းအားများကို ငှားယူကာ သိုင်းကွက်နဲ့ပေါင်းစပ်ပြီး တိုက်ခိုက်လို့ရလေသည်။ကြေးအဆင့်သိုင်းကွက်ပိုင်ဆိုင် သော စစ်သည် သည် ငွေအဆင့်သိုင်းတတ်သူအား ရှုံးနိမ့်ရ မည်မှာဧကန်မှချပင်ဖြစ်သည်။ ဥပမာ ကြေးအဆင့်သိုင်းကွက်ဖြစ်သောလက်သီးသိုင်းကို အစွမ်းကုန်ထိုးချက်လှုပ်ရှားမှုပြုသောအခါ ထိုးသောအခါ၌ သစ်သားကိုထိုးခွဲစေနိုင်သည်။ငွေသိုင်းကျမ်းအဆင့် သိုင်းကွက်ဖြင့်လှုပ်ရှားသောအခါ ထိုးလွတ်သောလက်သီး၌ အရောင်တန်းမျှင်မျှင်လေးကပ်ပါ သည်ကိုတွေ့နိုင်မည်ဖြစ်သည်။ထိုအရာများသည် ငွေအဆင့် သိုင်းကျမ်း၏ သဘာဝအစွမ်းကိုငှားယူကာ သုံးလိုက်သော ကြောင့်ဖြစ်သည်။ထိုးသောအခါ သဘာဝအစွမ်းငှားယူ ပေါင်းစပ် ထားခြင်းကြောင့်လက်သီးထိုးချက်ကမူလထက် လေးဆ ပြင်းထန်သွားကာ ကျောက်တုံးပင် ကွဲထွက်သွားမည် ဖြစ်သည်။ ဂရိတ်တိုင်းပြည်တွင် ငွေအဆင့်ရှိသိုင်းကျမ်းသည်နန်းတွင်း တွင်သာရှိလေသည်။ဒါတောင် သုံးအုပ်သာရှိသည်။ထိုမျှ ရှားပါးလှသော ငွေအဆင့်လက်သီးသိုင်းကျမ်းကိုပါ ထုတ်ပေးသည်ဆိုကတည်းက ဂျိတ်ကို အလွန်များပြားသော လုပ်ကြံသူတို့၏လက်ချက်ဖြင့်သေစေလိုကြောင်းကတော့ ပြောစရာပင်မလိုတော့ပေ။ ဂျိတ်ကိုဆုကြေးပြောင်းလဲတိုးမြင့်ပေးလိုက်ချိန်ကနေစပြီး လုပ်ကြံသူတွေရဲ့ကြားမှာ ဆူညံပွက်လောရိုက် ကုန်ကြလေ သည်။ဒိီလိုမက်မောစရာကြေးပေးထားမှ လုပ်ကြံသူတိုင်း လိုလို ဂျိတ်ကိုပစ်မှတ်ထားလိုက်ကြသည်။ဆုကြေးစာရင်း၌ဂျိ တ်၏အဆင့်သည် ငွေအဆင့်ရှစ်ကအမြင့်ဆုံးဖြစ်နိုင်သည်ဟု ရေးသားထားသောကြောင့် ငွေအဆင့်ရှစ်ရှိလူတော်တော်များ များမှစ၌ ဂျိတ်သတင်းကိုစတင်စုံစမ်းကြလေသည်။ "ဂျိတ်ကဒီယေဂိုမြို့မှာတဲ့" သတင်းပြန့်ပြီး နာရီပိုင်းလောက်အလိုမှာ များစွာသောလုပ်ကြံ သူတို့သည် ဒီယေဂိုမြို့သို့ရောက်ရှိလာကြ၏။မိမိတို့၏ရွှေထုပ် လိုအဖိုးတန်သော လူက ဒီလိုမြို့အသေးစားလေး၌နေသည်ကို ကြားသောအခါရယ်မောကြလေသည်။ သူတို့နေဖြင့်ကြုံ ဖူးသည်မှာ ဆုကြေးများများထုတ်ခံရသောသူသည် အစောင့် များနဲ့မြို့ကြီးပြကြီးတွင်လုံလုံခြုံခြုံ နေကြသည် မဟုတ်ပါလား။ယခုဆုကြေးများသောလူက ဒီလို မြို့လေး၏အပြင်စပ်နားတွင် နေထိုင်သည်ဆိုသည်ကအထူး ဆန်းပင်ဖြစ်လေ၏။ ဂျိတ်ကိုလုပ်ကြံရာတွင် တစ်ယောက်တည်းသတ်ကာ တစ်ယောက်တည်းဆုကြေးယူမည်ဟု ဟောင်ဖွာသောလူရှိ သလို အစုလိုက်လုပ်ကြံမည်ဟုအုပ်စုလိုက်ရောက်လာသော လူများလည်းရှိကြလေသည်။ ဘာပဲဖြစ်နေပါစေ သူ တို့၏ပစ်မှတ်မှာ ဂျိတ်ပင်ဖြစ်လေသည်။ သတင်းထွက်ပြီးတစ်ရက်မျှကြာသောအခါ ဒိီယေဂိုမြို့ရှိ တည်းခိုခန်းများသာမက ငှား၌ရသောနေရာတိုင်းလည်း ပြည့် ကြပ်ကုန်လေတော့သည်ဖြစ်သည်။သာမန်မြို့လေးတစ်မြို့ဖြစ် သော ဒီယေဂိုမြို့သည် ယခုအခါ ပုရွက်ဆိတ်အသိုက်သို့ဖြစ် ကာ ပုရွက်ဆိတ်ကဲ့သို့များပြားလှသောလူများစွာဖြင့် စည်နေ လေတော့သည်။

(41)မဲနှိုက်ခြင်း

ဂျိတ် ဇိုက်ကိုသင်ကြားပေးနေသည်မှာ ညနေစောင်းအချိန်သို့ ရောက်ရှိပြီဖြစ်သည်။ဇိုက်လည်း တိုးတက်လာသည်ဆိုရပေ မည်။ ယခင်က သူကိုယ်၌ထည့်သွင်းထားသော တုတ်ကိုထုတ် မရရာမှ ယခုအခါအပြင်သို့ နှစ်လက်မအရွယ်အစားထိထွက် လာအောင်လုပ်ဆောင်နေပြီဖြစ်သည်။ဤသည်ကလည်း တိုးတက်လာခြင်းပင်ဖြစ်လေသည်။ "ကဲ နားမယ် ပြီးရင်ရေမိုးချိုးပြီးစားကြတာပေါ့" ထိုအသံက ဇိုက် ခွေးမိုက်ကယ်တို့အတွက် ပျော်ရွှင်နာ ဖွယ်သောအသံဖြစ်သည်။ချက်ချင်းပင် ရေမိုးချိုးသန့်စင် လိုက်ရန်ပြေးသွားကြလေသည်။ ဂျိတ်လည်း ယုန်များနဲ့ဆော့နေသော အယ်မလီလေးကို ရေချိုးရန် ခေါ်သည်။အယ်မလီလေးကား အဆော့မက်ရာ ခေါ်သည်နဲ့မလာသေး ။ထို့ကြောင့် ဂျိတ်ကနောက်က လိုက်ဖမ်းရသေးသည်။ဂျိတ်ကဖမ်း အယ်မလီလေးကပြေးနဲ့ ပတ်ချာလည်နေသေးသည်။ နောက်ဆုံးတော့ ဂျိတ်လက်တွင် မိသွားလေသည်။ ဂျိတ် လည်းအယ်မလီလေးကိုမိသည်နဲ့ ရေချိုးသန့်စင်ကာ ညစာ စားစေသည်။ဇိုက်လည်း တစ်နေကုန်လေ့ကျင့်ပင်ပန်းထားပြီ ဖြစ်ရာ ညစာအမုန်းဆွဲလေသည်။ ဂျိတ်လည်း ညစာစားလေသည်။စားနေတုန်း... ("စနစ်မှထောက်လှမ်းရရှိပါသည်။သင့်အားသတ်လိုသောစိတ် ဆန္ဒများ များပြားသည်ကိုထောက်လှမ်းမိပါသည်။") စနစ်အသံကြောင့် ဂျိတ်အနည်းငယ်အံသြ သွားသည်။ ဘယ်လိုကြောင့် မိမိအား သတ်ဖြတ်ခြင်စိတ်များပြားရသ နည်း။ ("စနစ် တည်နေရာထောက်လှမ်းပြီးသေချာဖော်ပြပေးပါ") ("သတ်ဖြတ်လိုသော စိတ်ဆန္ဒများပြားနေသော နေရာသည် ယခု ဒီယေဂိုမြို့တွင်းဖြစ်ပါသည်။သတ်ဖြတ်လိုသောစိတ်ဆန္ဒ များကိုဖြစ်ပေါ်စေသော သူများသည်လည်း ယခုချိန်၌ဒီယေဂို မြို့တွင်း၌ရှိနေသေးပါသည်") မိမိအားသတ်ဖြတ်လိုသော သူများက မိမိမြို့ထဲတွင်ဆိုရာ အ ဘယ်ကြောင့် ဒီတိုင်းငြိမ်နေရမည်နည်း။ ("စိတ်ဝင်စားစရာပဲ ငါသွားပြီးကြည့်ရမယ်") မိမိအားသတ်လိုသူများက ဘယ်သူဘယ်ဝါသွားရောက်စူးစမ်း ကြည့်ချင်စိတ်များကလည်း ထွက်ပေါ်လာသည်။အစွမ်းထက် သောစနစ်ရှိနေမှတော့ အဘယ်ကြောင့်ကြောက်နေရမည် နည်း။ ညရှစ်နာရီအချိန်...... ဒီယေဂိုမြို့ရှိ မြို့သူမြို့သားများကတော့ မီးငြိမ်းကာ အနားယူကြ လေသည်။အနားယူသည်ထက် ကြောက်လန့်ကြသောကြောင့် အစောကြီး ပုန်းကွယ်ငြိမ်သက်သည်ဆိုကမှန်ပေမည်။ တစ်ယောက်မှလည်းအပြင်မထွက်ဝံကြတော့။မိမိမြို့ကို လူစိမ်းများစွာရောက်ရှိနေသည်ကလည်းပါသည်။ထိုလူစိမ်း များသည် များစွာအစွမ်းထက်ကြရာ သာမန်လူများဖြစ်သော ဒီယေဂိုမြို့သားများက ကြောက်လန့်ကြလေသည်။ သူတို့ အသွင်ပြင်ကလည်း သူတို့လိုချင်သည်ကိုသာ ရရမည်ဆိုပါက လူပါသတ်မည်ပုံပေါ်ရာ မကြောက်ပဲမနေနိုင်ကြ။ သို့သော် အပြင်၌ လူတစ်ယောက်ကား လမ်းလျှောက်ထွက် လျက်ရှိနေသေးသည်။သူ့ကိုကြည့်ရသည်မှာ လူစိမ်းများကို ကြောက်ဟန်လည်းမရှိ ပိုပြီးသိလိုစိတ်ပြင်းပြနေသည့်အမူရာ ရှိသည်။သူကား တခြားမဟုတ် ဂျိတ်ပင်ဖြစ်လေသည်။ ("စနစ် အခုသူတို့ဘယ်မှာလဲပြောပါ") ("သူတို့စုဝေးနေတဲ့နေရာက ဒီယေဂိုမြို့ဟောခန်းမကြီးထဲမှာ ပါ") တည်နေရာရထားပြီဖြစ်ရာ ဂျိတ်လည်းဟောခန်းမသို့ဦးတည် လိုက်လေသည်။ ဂျိတ် တုန်လှုပ်နေခြင်းမရှိဟောခန်းမထဲသို့ ပင် တိုက်ရိုက်ဦးတည်ဝင်သွားလိုက်သည်။ မိမိအားသတ်ရန် ကြံနေသော လူအုပ်စုဝေးရာနေရာသို့ ဂျိတ်အဘယ်ကြောင့် သွားရဲရသည့်အကြောင်းရင်းရှိသည်။ ပထမမှာ သူတို့အားလုံး ကိုအနိုင်စွမ်းရှိသောကြောင့်ဖြစ်ကာ ဒုတိယအချက်မှာ ယခု အခါဂျိတ်သည် ရုပ်ပြောင်းရုပ်လွှဲလုပ်ထားသောကြောင့် ဖြစ်သည်။ထို့ကြောင့် ဟောခန်းမထဲကိုဝင်ရဲခြင်းလည်း ဖြစ် လေသည်။ ဟောခန်းမထဲရောက်တော့ လူပေါင်းသုံးရာမျှကို ဂျိတ်တွေ့ လိုက်ရလေသည်။ယခုအခါ၌ ဂျိတ်၏ပုံစံသည် အသက်ငါး ဆယ်ကျော်အရွယ် ရက်စက်ကြမ်းကြုတ်သောလူဆိုးကြီး အသွင်ပြင်ဖြစ်သည်။ရှည်လျားထူပြွတ်နေသောမုဆိတ်မွှေးနဲ့ ဖိုင့်ဝနေသောကိုယ်ခန္ဓာဖြင့် ရှိနေသည်။စနစ်အစွမ်းဖြင့် လည်းပြောင်းလဲထားရာ ယခုပုံစံအနေထားဖြင့်ဂျိတ်ကို သူတို့် ပစ်မှတ်ထားရာဂျိတ်ဟုလုံးဝ ထင်မြင်ကြမည်မဟုတ်ပေ။ ဒီယေဂိုဟောခန်းမကြီးသည် ယခင်က သန့်သန့်ပြန့်ပြန့်ဖြင့် အခမ်းနားရှိသုံးသောနေရာဖြစ်သော်လည်း ယခုအခါ လုပ်ကြံ သူများဖြင့်ပြည့်နက်နေလေသည်။ အရက်ပုလင်းများကပြန့်ကြဲနေသလို လုပ်ကြံသူပေါင်းစုံ၏အပြောဆိုများက ဆူညံပွက်လောရိုက် နေလေသည်။ထိုသို့ဆူညံနေသည်ကို ပြောရဲသူမရှိ သွားပြော လျှင်လည်းမိမိတို့သာသေကြမည်ဖြစ်သောကြောင့်ပင်။ ဂျိတ်လည်းလူအုပ်ကြားထဲအရောဝင်ကာ အခြေနေကို အကဲခတ်လိုက်သည်။လုပ်ကြံသူများကလည်း ဂျိ တ်၏ဆုကြေးသတင်းထက်ထွေရာလေးပါးပြောဆိုနေကြ သည်။ ဂျိတ်အနေနဲ့စဥ်းစားရခက်နေသည်။မိမိအားလုပ်ကြံလိုပါက အသာလေးလုပ်ကြံ ၍ရသလို တိတ်တိတ်ဆိတ်ဆိတ်လာ ရောက်လုပ်ကြံ ၍လည်း ရနိုင်သည်။ယခုတော့ မိမိအား လုပ်ကြံမည်လူများက ဟောခန်းမထဲ၌ ကုလားဘုရားပွဲ ကျင်းပသလို စုပြုံနေကြလေသည်။ "အားလုံးပဲ ရောက်ကြပြီလို့ထင်ပါတယ် " ကြီးမားကျယ်လောင်သော အသံကြီးဟိန်းထွက်လာလေ သည်။ထိုအသံထွက်ပေါ်လာသည်နဲ့ လူအုပ်ကြီး၏အသံများ စတင်ငြိမ်သက်သွားလေသည်။ ပြောဆိုလိုက်သောလူသည် အရပ်မြင့်မားသော ကြမ်းကြုတ်မ ည့်အသွင်ပြင်ရှိသည်။ လက်သီးများက တခြားသောသူများ ထက်ပိုမိုသန်မာကြောင်းကို တွေ့ရလိုက်သည်။သူ၏အဆင့်မှာ ရွှေအဆင့်လေးဖြစ်ရာ ယခုစုဝေးနေသောလူများတွင်သူ သည် အဆင့်အမြင့်ဆုံးဟုသတ်မှတ်နိုင်သည်။ "ကဲ လုပ်ကြံသူအပေါင်းတို့ အခုလိုစုစုစည်းစည်းတွေ့ရတာ ဝမ်းသာပါတယ် သင်တို့အားလုံးဒီရောက်နေရတဲ့ အကြောင်းရင်း ကလည်း ကြီးမားတဲ့ဆုကြေးကြောင့်လို့သိ ပြီးသားပါ" "ဒီတစ်ခေါက်က ဂျိတ်ကိုသတ်ရင်ရတဲ့ဆုကြေးဟာ ကျုပ်တို့ သက်တမ်းတစ်လျှောက်မှာ အများဆုံးသောပမာဏဖြစ်တယ် ဒါကြောင့်ဂျိတ်ကိုသတ်ပြီးဆုကြေးယူမဲ့လူတွေလည်းများပြား လွန်းတယ် ဒါကြောင့်အဝေမတည့်တဲ့အဖြစ်ကို ရှောင်ကြဥ် ရအောင် ကျုပ်တစ်ခုစီစဥ်ထားတယ် ဒါကတော့မဲနိုက်တာပဲ ("ငလူး မဲနိုက်တယ်ဟုတ်စ") ဂျိတ်ဒီကမ္ဘာကိုရောက်ပြီးစတင်တွေ့ရှိရသည့်အထူးဆန်းကိစ္စ ပင်ဖြစ်သည်။လုပ်ကြံရာမှာမဲနိုက်ပြီးလုပ်ကြံရသေးသည်ဆိုပါ လား။ မကြာခင်အတွင်းပင်ဂျိတ်မဲနိုက်သည့်ကိစ္စကို နားလည်သွားပြီ ဖြစ်သည်။ မဲနိုက်သည့်ကိစ္စသည်လုပ်ကြံသူတို့ကြား၌ ဆုကြေးများပြားသောမစ်ရှင်ပေါ်လာသည့်အခါဆုံးဖြတ်သည့် အရာဖြစ်သည်။မဲနိုက်ရာတွင် လုပ်ကြံသူအရေတွက်လိုက် မဲပုံးထဲ၌မဲလိပ်များထည့်ထားရသည်။ထို့နောက်မွေကာ လုပ်ကြံသူတိုင်းကို မဲနိုက်ခိုင်းစေသည်။မဲနိုက်၍မိမိကျသော နံပတ်အတိုင်း လုပ်ကြံခွင့်ရမည်ဖြစ်သည်။ ဥပမာ လုပ်ကြံသူတစ်ယောက်သည် 32နံပတ်ကျသည်ဆိုပါက မိမိရှေ့မှ လုပ်ကြံသူ31ယောက်လုပ်ကြံခြင်းမအောင်မြင်မှ သာ လုပ်ကြံခွင့်ရမည်ဖြစ်သည်။မိမိရှေ့မှ သူများလုပ်ကြံမှု အောင်မြင်သွားလျှင်တော့ လုပ်ဆောင်ရန်မလိုအပ်တော့ပေ။ 32ကျသည်ကို အရင်ဆုံးလုပ်ကြံရန်ကြံစည်ပါက ကျန်သော လုပ်ကြံသူများက ဝိုင်းသမကြမည်ဖြစ်သည်။ ထိုစည်းကမ်းသည် လုပ်ကြံသူတို့ကြား ဆုကြေးများသောမစ် ရှင်တစ်ခုတည်းကိုလုလုပ်ဆောင်ကြမည်စိုးသောကြောင့် ချမှတ်ထားခြင်းဖြစ်ကြောင်းဂျိတ်နားလည်လာသည်။ထိုသို့မဲ နိုက်လုပ်ကြံသူများ လုပ်ကြံခြင်းအောင်မြင်၍ ဆုကြေးရ သောအခါ ထိုလုပ်ကြံသူသည် ဆုကြေးကို ထိုက်တန်စွာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ထိုဆုကြေးကို လုသောလုပ်ကြံသူရှိ ပါက ထိုလုသောလုပ်ကြံသူသည် လုပ်ကြံသူအသင်း၏ရန်သူ အဖြစ်သတ်မှတ်ခံရမည်ဖြစ်ကာ လုပ်ကြံသူတိုင်း၏ပစ်မှတ် ဖြစ်လာမည်ဖြစ်သည်။ ထိုသို့သောစည်းကမ်းကိုလုပ်ကြံသူတိုင်းသဘော ကျကြသည်။ထို့ကြောင့်လည်း လုပ်ကြံသူတိုင်း မဲနိုက်ရန် မဲပုံး ဆီသွားရန် တာစူနေကြသည်။ "ကဲကဲ တန်းစီပါ အလှည့်မကျော်ပါနဲ့ " မဲပုံးကိုရှေ့တွင်ချထားကာ ဆော်အောလိုက်လေသည်။ထို့ ကြောင့်မဲနိုက်ရန် လုပ်ကြံသူများသည်စတင်တန်းစီလိုက်ကြပြီ ဖြစ်သည်။

(42)လက်တစ်ဖက်ပြတ်ခြင်း

များစွာသောလူများသည် တခဏလေးအတွင်းမှာပင်တန်းစီ လျက်ဖြစ်သွားကြသည်။အသွင်ပြောင်းထားသောဂျိတ် ကတော့ မတန်းစီပဲ ဘေးတွင်သာထိုင်ကြည့်နေသည်။ "ဟေ့အဘိုးကြီးဘာလို့တန်းမစီလည်း " ဂျိတ်ကိုမေးသူက တန်းစီနေသောလူများထဲမှတစ်ယောက် ပင်။ "တန်းမစီတော့ပါဘူးကွာ ဂျိတ်ဆိုတဲ့ကောင်က ဆုကြေး အများကြီးအထုတ်ခံရတယ်ဆိုကတည်းက သံသယဖြစ်စရာ ကြီးပြီးတော့ငါအဆင့်ကလဲငွေအဆင့်တစ်ပဲရှိတာလေ" ဂျိတ်စကားကြားသောလုပ်ကြံသူများရယ်မောလိုက်ကြလေ သည်။ သူတို့နေဖြင့် ဂျိတ်ပြောသည်ကမှန်သည်မဟုတ်လား။ ဂျိတ်ကိုကြည့်တော့ ငွေအဆင့်တစ်။ထိုအဆင့်ကတကယ်ပင် အားနည်းသည်မဟုတ်ပါလား။တစ်ယောက်လျှော့လျှင် လည်း သက်သာသည်မို့ ဂျိတ်ကိုတန်းစီရန် မပြောကြ ပေ။ ဂျိတ်ပြုံးမိသည်။မိမိအားလုပ်ကြံလိုသူတစ်ပုံတစ်ခေါင်းက မိမိ ကသူတို့ရှေ့၌ရှိနေသည်ကိုသူတို့မသိကြပေ။ဂျိတ်၏ရုပ်ဖျက် မှုအဆင့်ဖုံးကွယ်မှုတို့ကို မြင်နိုင်စွမ်းမရှိကြရာ မဆန်းတော့ ပေ။ လုပ်ကြံသူတို့၏အစွမ်းကိုလည်း ဂျိတ်ကြည့်ရှုလိုသေးသည်။ ငွေအဆင့်စစ်သည်တော်အဆင့်ဆိုပါက အစွမ်းထက်ပြီး စစ်တပ်တွင်နေရာကောင်းတစ်နေရာရနိုင်သော်လည်း မိမိရှေ့ မှလူများကတော့ စစ်တပ်တွင်ဝင်လုပ်သည်ထက် လုပ်ကြံသူ တစ်ယောက်ဖြစ်သူကို လိုလားဟန်ရှိကြလေသည်။မိမိအား လုပ်ကြံသတ်ဖြတ်သောသူများ၏အစွမ်းများကို ပျော်ပျော် ကြီးကြည့်ရှုရန် ဆုံးဖြတ်လိုက်လေသည်။ ("ကဲ မင်းတို့ဘယ်လောက်ကြမ်းလဲဆိုတာ ဒီဖေဖေကြီး ဆုံးဖြတ်ပေးမယ်") "လာ နောက်တစ်ယောက်" မဲနိုက်သည့် လူများကတစ်ယောက်ပြီးတစ်ယောက်မဲနှိုက်ပြီး သွားကြသည်။မဲနှိုက်ပြီးသောလူများကလည်း ဆဲရေးတိုင်းထွာနေကြလေသည်။ ဟုတ်ပေသည်။သူတို့ရလာသော မဲနံပတ်သည် ရာဂဏန်းများ ဖြစ်နေသောကြောင့်ဖြစ်လေသည်။မဲဆက်တိုက်နှိုက်ပြီးတစ် ရာကိုးယောက်မြောက်အလှည့်ရောက်သောအခါ မဲနိုက်သော လူ၏အသံထွက်ပေါ်လာလေသည်။ "ငါရပြီကွ နံပတ်တစ်ကွ" လုပ်ကြံသူတိုင်း ဝိုင်းကြည့်ကြလိုက်သည်။ဟုတ်ပေသည်။ သူ၏လက်ထဲတွင်ကိုင်ထားသော မဲနံပတ်ကလည်း တစ် ဟူသောဂဏန်းကြီးထင်ရှားနေသည်။ တစ်ရသောသူ၏ မျက်နှာသည် ချက်ချင်းပင် ဆုကြေးရတော့ မည်အလား ဝင်းပနေသည်။မဲနံပတ်တစ် ရသောသူမျက်နှာ ဝင်းပသလောက် ကျန်သော လုပ်ကြံသူ၏မျက်နှာများကတော့ ပြာနေပြီဖြစ်သည်။ "ဟုတ်တယ် သူနံပတ်တစ်ရတယ် သွားပြီးမစ်ရှင်အောင် ဖို့ ဆောင်ရွက်ချေပါ" ရွှေအဆင့်ရှိလုပ်ကြံသူက ပြောလိုက်သည်နဲ့ မဲနံပတ်တစ် ရ သောလုပ်ကြံသူက ချက်ချင်းပင်မစ်ရှင်ဆောင်ရွက်ရန် ထွက် ခွာသွားလိုက်သည်။ ကျန်သောလုပ်ကြံသူများကလည်း မဲဆက်လက်နှိုက်ခြင်းမ ပြုလုပ်တော့ပေ။သွားလိုက်သောလုပ်ကြံသူမစ်ရှင်အောင်မြင် သွားပါက မိမိတို့နေဖြင့်မဲနှိုက်နေသည်မှာလည်း အလကား ဖြစ်ကုန်မည်ဖြစ်သောကြောင့်ဖြစ်လေသည်။ "အဲ့ကောင် မအောင်မြင်ပါစေနဲ့" ကျန်နေသောလုပ်ကြံသူများက ဝိုင်းဝန်းဆုတောင်းလိုက်ကြ သည်။ထိုအခြင်းရာကိုကြည့်နေသောဂျိတ်ပင် ကြောင်တောင်တောင်ဖြစ်သွားရသည်။မိမိသာ ဖြစ်ရပ် အစဆုံးမကြည့်မိပါက မိမိအားသတ်ဖြတ်ကြံသောသူမ အောင်မြင်စေရန် ဆုတောင်းသည်က မိမိအားမသေစေလို သောကြောင့် ဆုတောင်းကြသည်ဟုသေချာပေါက်ပင် ထင်မိ မည်ဖြစ်သည်။ အဖြစ်မှန်ကတော့ မိမိတို့ဆုကြေးကိုထိုလုပ်ကြံသူကိုမရစေလို ချင်းသာဖြစ်သည်ကိုတော့ပြောစရာမလိုပေ။လုပ်ကြံသူများ လည်း မဲပေါက်သောလုပ်ကြံသူမစ်ရှင်သွားလုပ်သည်နဲ့ ငြိမ် သက်သည်မှ စတင်ဆူညံလာလေသည်။ မဲပေါက်သွားသောလုပ်ကြံနေဖြင့်ထွက်သွားသည်မှာ အချိန် ရေတွက်ရသော် မိနစ်နှစ်ဆယ်မျှကြာခဲ့ပြီဖြစ်သည်။လုပ်ကြံသူ တစ်ယောက်နေဖြင့် လူတစ်ယောက်ကိုလုပ်ကြံရန် မိနစ်သုံး ဆယ်ကအကြာဆုံးဖြစ်လေသည်။ "ငါပြန်ရောက်ပြီ" မဲပေါက်သောလုပ်ကြံသူပြန်ရောက်သောကြောင့် ဆူညံမှုက ချက်ချင်းပျောက်ကွယ်သွားလေသည်။ ဒီကောင်အောင်မြင်လာတာလား မအောင်မြင်လား အတွေးကတော့ဂျိတ်ကလဲ၍ကျန်သောလုပ်ကြံသူတိုင်းတွေး နေကြလေသည်။ ပြန်ရောက်လာသောလုပ်ကြံသူသည် လူမြင်ကွင်း၌ရောက်ရှိ လာပြီဖြစ်သွားသည်။ တစ်စုံတစ်ခုကိုကြောက်လန့်ထိတ်လန့်နေသောအမူရာက လည်း သူ၏မျက်နှာတွင်ထင်ရှားနေလေသည်။ "ကြောက်စရာကြီး" တစ်ခွန်းသာပြောကာ ထိုလုပ်ကြံသူသည်ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့လဲကျသတိလစ်သွားလေသည်။ လူတိုင်းသေချာကြည့်မိသောအခါ ထိုလုပ်ကြံသူ၏လက် တစ်ဖက်ပြတ်နေကာ သွေးများဖြာထွက်နေခြင်းပင်ဖြစ်လေ သည်။

All Chapters