← Chapters

အခန်း (၃၁၆)

Vol. 32 Ch. 316

အခန်း (၃၁၆)

Vol. 32 Ch. 316

အခန်း ၃၁၆

"ဒီအနက်ရောင်စပါးကြီးမြွေတွေရဲ့ အမြုတေတွေ ဘယ်ပျောက်ကုန်တာလဲ..."

ကျောက်လင်းသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ မြွေခေါင်းများပေါ်ရှိ လတ်လတ်ဆတ်ဆတ် ဒဏ်ရာများကို အသေအချာ စစ်ဆေးကြည့်နေရင်း စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ သူမသည် စပါးကြီးမြွေများကို သုတ်သင်ခဲ့သော်လည်း အမြုတေများကို ချက်ချင်းထုတ်ယူရန် မလောခဲ့ပေ။ နောက်ဆုံးကျန်ရှိနေသော အဆင့် ၃ မြွေကြီးကို အနိုင်ယူပြီးမှသာ အားလုံးကို တစ်ခါတည်း သိမ်းဆည်းရန် ရည်ရွယ်ထားခြင်းပင်။

သို့သော် ယခုပြန်လာကြည့်သည့်အခါတွင်မူ ထိုမြွေများ၏ အမြုတေများမှာ အထုတ်ခံထားရပြီး ဖြစ်နေသည်။

သူမ၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကြုတ်လာပြီး ကျောက်လင်း၏ ခန္ဓာကိုယ်မှာလည်း တင်းမာသွားကာ သံမဏိဓားကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို နိုးနိုးကြားကြားဖြင့် ကင်းလှည့်ကြည့်ရှုနေတော့သည်။

"ငါကိုယ်တိုင် မယူထားဘူးဆိုတော့... ဒါကို တိတ်တဆိတ် ခိုးယူသွားတဲ့ တစ်စုံတစ်ယောက် ရှိနေတာပဲ..."

မိနစ်အနည်းငယ်ကြာသည့်တိုင်အောင် သူမ မျှော်လင့်ထားသလို တိုက်ခိုက်မှုမျိုး ဖြစ်မလာသဖြင့် ကျောက်လင်းမှာ အနည်းငယ် ပြေလျော့သွားသော်လည်း သတိကိုမူ အလုံးစုံ မလျှော့သေးပေ။ သူမသည် ခုခံသည့်အနေအထားကို ယူထားရင်း ဗီလာအိမ်ကြီး၏ တံခါးဆီသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် အမြုတေတွေကတော့ တကယ် ခိုးခံလိုက်ရပြီ။

ထိုအလောင်းခိုးသမားက သူမကို ပြန်မတိုက်ခိုက်ဘူးဟု မည်သူမျှ အာမမခံနိုင်သဖြင့် သူမဘက်က အခွင့်အရေး လုံးဝမပေးနိုင်ပေ။

သူမအနေဖြင့် ဟောက်ယွန်းရပ်ကွက်သို့ ပြန်ရောက်သည်နှင့် လုချွမ်းကို သတင်းပို့ကာ ဆင့်ကဲဇွန်ဘီများကို စေလွှတ်စုံစမ်းခိုင်းရန် စီစဉ်ထားသည်။ သို့မှသာ ပုန်းအောင်းနေသော ထိုအလောင်းခိုးသမားကို ရှာဖွေနိုင်မည်ပင်။

ဂျွတ်...

ကျောက်လင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်စဉ် တစ်စုံတစ်ခုကို နင်းမိလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ချက်ချင်း ရပ်တန့်သွားသည်။

သူမ ခြေထောက်ကို အမြန်မလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ အဆင့် ၂ အမြုတေတစ်ခုကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများမှာ ချက်ချင်း တောက်ပသွားတော့သည်။

ကျောက်လင်းသည် ထိုအမြုတေကို အမြန်ကောက်ယူကာ ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ ၎င်းပေါ်ရှိ လတ်ဆတ်သော သွေးစွန်းကွက်များကို ကြည့်ခြင်းအားဖြင့် ဤအမြုတေမှာ အနက်ရောင်စပါးကြီးမြွေများ၏ အမြုတေ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

"ဒီလောက် အဖိုးတန်တဲ့ အမြုတေတွေကို ခိုးသွားတဲ့သူက ဘာလို့ ဒီမှာ တစ်ခု ကျန်ခဲ့တာလဲ"

"မတော်တဆ ကျပျောက်ခဲ့တာလား..."

ကျောက်လင်းသည် အဖြေရှာမရဘဲ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။ မည်သည့်အန္တရာယ်မှ မရှိကြောင်း သေချာသွားမှသာ ဗီလာအိမ်ကြီး၏ အဝင်ပေါက်ဆီသို့ အပြေးအလွှား ဦးတည်လိုက်တော့သည်။ ဤနေရာသည် မလုံခြုံတော့သဖြင့် ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုပင်။

သို့သော် မမျှော်လင့်ဘဲ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် ကျောက်လင်းတစ်ယောက် မှင်တက်သွားပြန်သည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမသည် အခြားအမြုတေတစ်ခုကို နင်းမိထားပြန်သည်။

ထိုတစ်ခါ၌ သွေးစိုနေသည့် အဆင့် ၃ အမြုတေကြီး ဖြစ်နေသည်။

"ဘယ်သူလဲ အခုချက်ချင်း ထွက်ခဲ့စမ်း"

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျောက်လင်းမှာ ဒေါသတဟုန်းဟုန်း ထွက်သွားပြီး ပတ်ဝန်းကျင်ကို အော်ဟစ်လိုက်တော့သည်။ သူမသည် အမြဲဂရုစိုက်ကြည့်နေသူဖြစ်ရာ အစောပိုင်းက သူမလျှောက်မည့် လမ်းကြောင်းပေါ်တွင် မည်သည့်အမြုတေမှ မရှိခဲ့သည်ကို ကောင်းကောင်းသိသည်။

ယခု ခြေလှမ်းအနည်းငယ် လှမ်းရုံနှင့် အမြုတေတစ်ခုကို နင်းမိလိုက်ခြင်းမှာ ပုန်းအောင်းနေသူတစ်ဦးဦးက သူမကို စနောက်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ဤယုတ်မာသောသူသည် တစ်နေရာရာတွင် ပုန်းကွယ်နေပြီး သူမ၏ ခြေဖဝါးအောက်သို့ အမြုတေများ ရောက်လာအောင် တစ်ကြိမ်မက နှစ်ကြိမ်တိုင်တိုင် နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်နေခြင်းပင်။

ထိုအခိုက်အတန့်တွင် ကျောက်လင်းသည် သူမ၏ သိက္ခာကို အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမသည် အံကြိတ်ကာ ထိုအော့နှလုံးနာဖွယ်ကောင်းသော လူကို ရှာဖွေရန် ပတ်ဝန်းကျင်ကို အစွမ်းကုန် စူးစမ်းတော့သည်။

"သတ္တိရှိရင် ထွက်ခဲ့ပြီး တိုက်စမ်း ဒီလိုမျိုး ပုန်းအောင်းပြီး ကလေးကလား စောက်ကျင့်တွေ လုပ်နေတာက ငါ့ကို နည်းနည်းလေးမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

ကျောက်လင်းသည် ဒေါသတကြီး အော်ဟစ်ရင်း သူမ၏ စစ်သုံးဓားကို မြှောက်လိုက်သည်။

ခဏအကြာတွင် မည်သည့်တုံ့ပြန်မှုမျှ ပြန်မရသဖြင့် ကျောက်လင်းမှာ မကျေမနပ်ဖြစ်လျက် ရှာဖွေခြင်းကို လက်လျှောက်ကာ ဗီလာအဝင်ပေါက်ဆီသို့ ဆက်လက်လျှောက်လှမ်းခဲ့ရသည်။ ထွက်ခွာသွားသည့် လမ်းတစ်လျှောက်လုံးတွင် သူမသည် နောက်တစ်ကြိမ် အလှည့်စားမခံရစေရန် မြေပြင်ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်သွားခဲ့သည်။

နောက်ဆုံးတွင် ဗီလာအပြင်ဘက်သို့ တစ်စုံတစ်ရာ ထပ်မံမဖြစ်ပွားဘဲ ရောက်ရှိသွားသောအခါမှ ကျောက်လင်းတစ်ယောက် သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။

သို့သော် သူမ လုံးဝဥဿုံ စိတ်မအေးရသေးခင်မှာပင် သူမ၏ ခြေဖဝါးအောက်၌ အခြားအမြုတေတစ်ခု ထပ်မံပေါ်လာပြန်သဖြင့် ခြေလှမ်းများ တုန့်ခနဲ ရပ်သွားရပြန်သည်။

"တောက်... ထွက်ခဲ့စမ်း နင့်ကို ငါသတ်ပစ်မယ်"

ကျောက်လင်းတစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်ရင်း သူမ၏ သံမဏိဓားကို ပတ်ဝန်းကျင် ဟင်းလင်းပြင်ထဲသို့ ရမ်းခါပစ်လိုက်သည်။

ဝူး...

အတိအကျ ထိုအချိန်မှာပင် ဘာမှမရှိဟု ထင်ရသော လေဟာနယ်ထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ကိုယ်ယောင်ဖျောက် ၁ သည် လက်မောင်းတွင် ဓားချက်ထိမှန်သွားသဖြင့် အော်ဟစ်ကာ နောက်သို့ ဆုတ်ခွာသွားပြီး ၎င်း၏ ကိုယ်ယောင်ဖျောက်ထားသော အခြေအနေမှာလည်း ပျက်ပြယ်ကာ ရုပ်လုံးပေါ်လာတော့သည်။

"ဒီသားရဲစုတ်... နောက်ဆုံးတော့ နင့်ကို မိပြီပဲ။ သေပေတော့"

ကျောက်လင်း ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမ၏ မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်များဖြင့် တောက်ပလာသည်။ သူမသည် အော်ဟစ်လိုက်ရင်း ကိုယ်ယောင်ဖျောက် ၁ ကို အပြတ်ရှင်းရန် ဓားကို မြှောက်လိုက်စဉ် ….

ဝူး... ရှူး...

ရုတ်တရက် လေကို ခွင်းလာသော အသံတစ်ခု ထွက်ပေါ်လာပြီး ပျံသန်းသူ ၁ သည် ကောင်းကင်ယံမှ ဝဲဆင်းလာကာ ကိုယ်ယောင်ဖျောက် ၁ ကို ဆွဲမ၍ ကောင်းကင်ပေါ်သို့ အမြန်ဆုံး ပျံတက်သွားတော့သည်။

"အဲဒါ... လုချွမ်းရဲ့ ဇွန်ဘီ မဟုတ်လား"

ပျံသန်းသူ ၁ ကို မြင်လိုက်ရသည့်အခါမှ ကျောက်လင်း တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။ ထိုဆင့်ကဲဇွန်ဘီကို ပျံသန်းသူ ၁ က လာရောက်ကယ်တင်သွားခြင်းမှာ...

"ဒါ လုချွမ်း နင်ပဲ ငါ့ကို ဒီလိုမျိုး လိုက်စနောက်နေတာ နင်ပဲပေါ့လေ"

၎င်းမှာ လုချွမ်း၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကျောက်လင်းမှာ အလွန်အမင်း ဒေါသထွက်သွားတော့သည်။ သူမသည် သားရဲအသားများကိုပင် ပစ်ထားခဲ့ကာ ဟောက်ယွန်းရပ်ကွက်ရှိရာသို့ ဒေါသတကြီး ပြန်လာခဲ့သည်။

ခဏအကြာတွင် အဆောက်အအုံ အောက်ထပ်သို့ ရောက်ရှိလာရာ...

ကျောက်လင်းသည် ခြေလှမ်းပြင်းပြင်းဖြင့် လျှောက်လာပြီး နေပူစာလှုံရင်း မျက်လုံးမှိတ်ကာ မှီထိုင်နေသည့် လုချွမ်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လုချွမ်း... နင် တော်တော်လွန်တယ်နော် ငါ့ကို စနောက်ရဲတယ်ပေါ့။ လာစမ်း... ငါ နင့်ကို စိန်ခေါ်တယ်"

ထိုစကားကို ကြားသောအခါ လုချွမ်း မျက်လုံးဖွင့်လိုက်သည်။ ကျောက်လင်းက စိန်ခေါ်ချင်မှတော့ သူကလည်း ငြင်းပယ်ရန် အကြောင်းမရှိပေ။ သို့သော် သူကိုယ်တိုင် တိုက်ခိုက်မည့်အစား အာဖန်းကိုသာ စေလွှတ်၍ ကျောက်လင်းနှင့် ယှဉ်ပြိုင်စေလိုက်သည်။

ရလဒ်အနေဖြင့် ခဏအကြာတွင် အောက်ထပ်မှ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက်

ထွက်ပေါ်လာတော့သည်။ ကျောက်လင်းမှာ အာဖန်း၏ လက်ချက်ဖြင့် အတော်လေး အထိနာသွားရှာသည်။

"တကယ့်ကို အနိုင်ကျင့်လွန်းတယ်... ချီချီလေးရေ သမီးအဖေကို တစ်ခုခု ပြောပေးဦးလေ။ ငါ့ကိုပဲ အနိုင်ကျင့်နေတာ ကြည့်ဦး ငါ့မျက်နှာကို"

မကြာမီမှာပင် မျက်နှာတွင် ဖူးယောင်ဒဏ်ရာများဖြင့် ကျောက်လင်းသည် အနီးနားရှိ ကြာပန်းကန်ပေါင်သို့ ပြေးသွားကာ ကျိရုရွှယ်ကို သွားရောက်တိုင်တောတော့သည်။

ထိုအချိန်တွင် ကျိရုရွှယ်သည် လက်ထဲ၌ အသားခြောက်အိတ်ကြီး တစ်အိတ်ကို ကိုင်ကာ လိပ်ကြီးကို အစာကျွေးနေသည်။ သူမ၏ ဂရုစိုက်မှုနှင့် အဆင့် ၁၊ အဆင့် ၂ အမြုတေ အမြောက်အမြား စားသုံးခဲ့ရမှုကြောင့် လိပ်ကြီးမှာ အဆင့် ၃ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အဆင့် ၄ သို့ ကူးပြောင်းရန် နီးစပ်နေပြီဖြစ်သည်။

ကျောက်လင်း၏ တိုင်တောမှုကို ကြားသောအခါ ကျိရုရွှယ်က အသားခြောက်အားလုံးကို လိပ်ကြီးပါးစပ်ထဲ သွန်းလောင်းထည့်လိုက်ပြီးမှ မော့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "အန်တီကျောက်လင်းရယ်... အဖေက အန်တီ့ကို စတာပါ"

စကားပြောနေရင်း ကျိရုရွှယ် စိတ်ထဲမှ သက်ပြင်းချမိသည်။ မကြာသေးမီက သူမဖခင်၏ အပြောင်းအလဲများမှာ သိသာလှသည်။ ဖြစ်နိုင်သည်မှာ ယခင်က ခြံထဲတွင် အကြာကြီး အောင်းနေခဲ့ရသဖြင့် ဖိအားများခဲ့ပြီး ယခု အပြင်ထွက်လာသည့်အခါတွင်မှ မိမိကိုယ်ကိုယ် ပိုမိုလွတ်လပ်စွာ ဖော်ပြလာခြင်းပင်။

"ဟွန်း... ဒါပေမဲ့ သူက ငါ့ကို ဒီလိုမျိုး မကစားသင့်ဘူးလေ"

ကျောက်လင်းက နှာခေါင်းရှုံ့ကာ နှုတ်ခမ်းဆူလျက် ပြောရှာသည်။

ညစာစားချိန်အတွင်း ကျိရုရွှယ်နှင့် ကျောက်လင်းတို့သည် စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

"အန်တီကျောက်လင်း... အဖေပြောတာတော့ မနက်ဖြန် တောင်တန်းမြို့ကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပါတဲ့"

ကျိရုရွှယ်က ကျောက်လင်း၏ ပန်းကန်ထဲသို့ သိုးနံရိုးပြုတ်တစ်တုံး ထည့်ပေးရင်း သတိပေးလိုက်သည်။

"ဒီလောက်တောင် စောစောကြီးလား... သွားရတော့မယ်ပေါ့"

သိုးနံရိုးကို ဝါးရင်း ကျောက်လင်းက အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်သည်။ မကြာသေးမီက သားရဲများကို တိုက်ခိုက်ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလှသလို အစားအသောက်လည်း ပေါများပြီး နှောင့်ယှက်သူလည်း မရှိသဖြင့် ဤနေရာတွင် ကြာကြာနေထိုင်ချင်မိသည်။

သို့သော် ၎င်းမှာ လုချွမ်း၏ ဆုံးဖြတ်ချက်ဖြစ်သဖြင့် သူမ မကန့်ကွက်ရဲပေ။ လုချွမ်းက သွားမည်ဆိုလျှင် သွားကြရုံသာ ရှိသည်။ လုချွမ်းနှင့် ချီချီလေးသာ မရှိပါက သူမ ဘယ်ကို သွားရမည်မှန်းပင် သိလိမ့်မည် မဟုတ်ပေ။

"တော်သေးတာက ဒီရက်ပိုင်းအတွင်း အသားခြောက်တွေ အများကြီး စုဆောင်းထားနိုင်လို့ပဲ။ ဒါမှ လမ်းမှာ အသားမပြတ်မှာ"

All Chapters