← Chapters

စွန့်စားမှုမရှိရင် အကျိုးအမြတ်လည်းမရှိ

Vol. 114 Ch. 1592

စွန့်စားမှုမရှိရင် အကျိုးအမြတ်လည်းမရှိ

Vol. 114 Ch. 1592

ရှေးခေတ်ကာလက နားရွက်ရှည်တင်ကွမ်းနတ်ဘုရားဟု ကျော်ကြားခဲ့သူမှာ ယခု တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ဖြစ်နေပေပြီ။

သူက တာအိုဝါဒ ၊ စန့်ချင်အဆက်အနွယ်ကို ကျောခိုင်းခဲ့ပြီးနောက် ဗုဒ္ဓဘာသာသို့ ဝင်ရောက်ကာ အလယ်ပိုင်းသုခဘုံမှ ဗုဒ္ဓတစ်ပါး ဖြစ်လာခဲ့သည်။

မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံကို အဖြူရောင်ကြာပန်းသုခဘုံအဖြစ် ပြောင်းလဲလိုက်ချိန်တွင် ဗုဒ္ဓဘာသာအတွင်း ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓလည်း ဒဏ်ရာအပြင်းအထန်ရရှိကာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ရသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံပျက်ဆီးသွားသဖြင့် နဂိုမူလတန်ခိုးစွမ်းအား ပြန်လည်ရရှိရန် လမ်းစပျောက်သွားသည်။

နောက်ဆုံးတော့ သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ ပြန်လည်ရောက်ရှိရန်အတွက် အဖြူရောင်ကြာပန်းသုခဘုံသို့ ဝင်ရောက်ခဲ့ပြီး ပြင်ပဗုဒ္ဓဘာသာ၏ ယုံကြည်ခြင်းအလင််းတန်းကို အားကိုးအားထား ပြုခဲ့သည်။

ရှေးယခင်အချိန်တုန်းက သူက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို စောင့်ရှောက်ရန် တာဝန်ပေးခြင်းခံခဲ့ရသော်လည်း ၊ သူက ထိုအလံရှည်ကိုယူကာ ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့သည် သူ့ကို ချက်ချင်း သတိရသွားကြခြင်းဖြစ်၏။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသော မဟာနတ်မိစ္ဆာများက အဖြူရောင်ကြာပန်းသုခဘုံကို အလယ်ပိုင်းသုခဘုံဟုသာ ခေါ်ဆိုနေကြသော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကမူ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ဘေးနားမှသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

အကြောင်းပြန်ကြားချက်ကို လက်ခံရရှိပြီးနောက် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က မျက်မှောင်ကြုတ်ရင်း...

"တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ပြောတဲ့စကားအရဆိုရင်တော့ ဝိညာဉ်ခြောက်ဖြာအလံရှည်က အပြာရောင်ခရီးရှည်နန်းတော်ထဲမှာ ရှိနေနိုင်တယ်တဲ့"

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်အုပ်ချီလိုက်ရင်း...

“ဒါဖြင့် အဲဒါကိုရှာဖွေပေးဖို့ တာအိုရောင်းရင်း’တင်ကွမ်း’ ကိုပဲ အကူအညီတောင်းရတော့မှာပဲ”

သူ့နောက်တွင် မတ်တတ်ရပ်နေကြသည့် မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်ကတော့ တည်ကြည်လေးနက်စွာ ရှိနေကြသည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အချိန်မဖြုန်းဘဲ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအား ဆက်သွယ်ရန် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

မတူကွဲပြားသော အင်အားစု(၂)ခု ဘေးချင်းယှဉ်ရပ်နေကြသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ဖိအားများလွှမ်းမိုးထားသည့်ပမာ ဖြစ်၏။

နားကလော်ကိုယ်တော် ကျဆုံးသွားသဖြင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ မျက်နှာသိပ်မကောင်းကြပေ။

နတ်မိစ္ဆာမျိုးနွယ်များဘက်တွင်လည်း ခေါင်းကိုးလုံးပိုးကောင်နှင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်တို့ အံတကြိတ်ကြိတ်ဖြစ်နေကြသည်။

ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားသုတ်သင်ဓားကို လိုက်လံရှာဖွေစဉ်က သူခံစားခဲ့ရသော ဒုက္ခများကို ပြန်လည်တွေးတောရင်း ခြင်္သေ့နတ်ဘုရားမှာလည်း ဒေါသများ တောက်လောင်နေတော့သည်။

ခေါင်းကိုးလုံးမဟာသူတော်စင်က အေးစက်သည့်လေသံဖြင့်...

"ဝိညာဉ်ခြောက်ဖြာအလံရှည်နဲ့ နတ်ဘုရားသုတ်သင်ဓားက အရေးကြီးတာမှန်ပေမဲ့... အရင်ဆုံး ဒီတာအိုဝါဒက လူယုတ်မာတွေကိုဖမ်းဖို့ အာရုံစိုက်ကြရအောင်"

သူက ဆက်ပြောလိုက်သည်။

"ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း သူတို့အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ အင်အားကြီးလာတာ”

မငြိမ်းသောမီးအိမ်ရှောင်းဟောင်းဗုဒ္ဓက...

“အမှန်ပဲ... ဒါကြောင့်လည်း သူတို့ကိုနှိမ်နင်းဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနည်းက ငါတို့တွေ ပူးပေါင်းခဲ့ကြတာ မဟုတ်လား”

လက်ရှိတွင် လူတိုင်းရင်ထဲမှ အမုန်းတရား ဦးတည်ချက်တစ်ခုတည်းရှိနေ‌သော်လည်း တစ်ယောက်ချင်းစီတိုင်း၏ စိတ်ထဲမှာတော့ ကိုယ်ပိုင်အတွေးများကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားကြသည်။

'လုယာကသာ သတိမပေးရင် ဒီလူလိမ်တွေရဲ့ လှည့်ကွက်ထဲ ငါတို့ရောက်သွားနိုင်တယ်”

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် တွေးတောလိုက်သည်။

'မင်းတို့တွေ ဘယ်လိုဆက်ပြီး ဇာတ်ကမလဲ စောင့်ကြည့်တာပေါ့ ၊ အမတခုံရုံးကလူတွေနဲ့ မင်းတို့နဲ့ တိုက်ပွဲစတာနဲ့ ငါတို့ကတော့ မင်းတို့ကို အပြတ်ရှင်းပြီးသားပဲ”

***

အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြေကမ္ဘာဘုရင်မတို့ ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားကြသည်။

ရန်ကျောက်ကဲက နတ်ဘုရားသုတ်သင်ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး...

"ကဲ... နောက်ထပ်ခြေလှမ်းကို စလိုက်ကြရအောင်"

ကောင်းဟန်က သက်ပြင်းချရင်း...

"လောင်ကျွင်းက အပြာရောင်ခရီးရှည်နန်းတော်ရဲ့ တည်နေရာကို ညွှန်ပြမသွားတာကတော့ နှမြောစရာပဲကွာ..."

သူက ဆက်ပြောလိုက်သည်။

“မဟုတ်လို့ကတော့... အပြာရောင်ခရီးရှည်နန်းတော်ထဲမှာ ဝိညာဉ်ခြောက်ဖြာအလံရှည် ရှိနေမယ်ဆိုရင် ငါတို့အတွက် အခွင့်အရေးကြီးတစ်ခု ရလာမှာ”

ရန်ကျောက်ကဲက...

"ဝိညာဉ်ခြောက်ဖြာအလံရှည်က အထဲမှာ တကယ်ရှိနေသေးလား၊ မရှိတော့ဘူးလား မသေချာဘူးလေ ၊ အဲဒီကိစ္စ နောက်မှစဉ်းစားကြတာပေါ့ ၊ လောလောဆယ်တော့ ကျုပ်တို့ရှေ့မှာရှိနေတဲ့ ကိစ္စကိုပဲ အာရုံစိုက်ကြရအောင်"

သူက ဆက်ပြောလိုက်သည်။

“ကျန်တဲ့ကိစ္စကိုတော့ ခင်ဗျားတို့နှစ်ယောက် စိတ်တိုင်းကျလုပ်ကြပါ”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“ငါတော့ ဒီပတ်ဝန်းကျင်မှာ လှည့်စားတဲ့အလုပ်တွေ ဆက်လုပ်လိုက်ဦးမယ် ၊ အခြေအနေတွေ တည်ငြိမ်သွားတဲ့အထိ တာဝန်ကျေပေးရမှာပေါ့ ... ဟုတ်တယ်မလား”

ရန်ကျောက်ကဲက...

“တာအိုရောင်းရင်း’ကောင်း’... ကြိုးစား‌ပေးတာ ကျေးဇူးတင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“အချိန်ရမယ်ဆိုရင်လည်း နောက်ဆုံးပွဲ ဝင်နွှဲလိုက်ဦးလေ ၊ ဒီကိစ္စက တာအိုဝါဒရဲ့အနာဂတ်နဲ့ သက်ဆိုင်နေတာဆိုတော့ ကျုပ်တို့ အောင်မြင်မလား ကျရှုံးမလားဆိုတာ အများကြီးအရေးပါတယ်”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“ကောင်းပါပြီ... ဖြစ်နိုင်ရင်တော့ ပါဝင်နိုင်အောင် အစွမ်းကုန်ကြိုးစားပါ့မယ် ၊ ဒါပေမဲ့ ငါက ကောင်းကင်နတ်ဘုရားတွေလို နေရာအနှံ့မှာ ရှိမနေနိုင်ဘူးဆိုတော့ အချိန်မီဖို့ပဲ မျှော်လင့်မိပါတယ်”

ရန်ကျောက်ကဲက...

“ဒါဖြင့် ကျုပ်တို့ကိုခွင့်ပြုပါဦး ၊ ဂရုစိုက်ပါ... တာအိုရောင်းရင်းကောင်း"

ထို့နောက် ရန်ကျောက်ကဲနှင့် ရန်တိက အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး စကြာဝဠာ အနက်ရှိုင်းဆုံးဆီသို့ ပျောက်ကွယ်သွားကြသည်။

သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကောင်းဟန်က တိုးလျစွာ ရေရွတ်လိုက်သည်။

"နတ်ဘုရားသုတ်သင်အစီအရင် တကယ်ပဲ ပြန်ထွက်ပေါ်လာတော့မှာလား...”

***

ကောင်းဟန်နှင့် လမ်းခွဲပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိတို့က သူတို့၏သဲလွန်စခြေရာများကို ဖျောက်ဖျက်ကာ ရွှီဖေး၊ ကောင်းချင်းရွှမ်တို့နှင့် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာကြသည်။

လူချင်းဆုံသည်နှင့် ကောင်းချင်းရွှမ်က အချိန်မဆွဲဘဲ အနီရောင်အလင်းတန်းများတောက်ပနေသည့် ရှေးဟောင်းဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

ထိုဓားက နတ်ဘုရား‌ထောင်ချောက်ဓားဖြစ်ပြီး ဓားရိုးတွင် အင်းစက္ကူတစ်ခု ကပ်ထားလေသည်။

ရန်ကျောက်ကဲက နတ်ဘုရားသုတ်သင်ဓားကို ကောင်းချင်းရွှမ်ထံ ကမ်းပေးလိုက်ပြီး နတ်ဘုရားသတ်ဖြတ်ဓားကို လက်ခံယူလိုက်သည်။

ထို့နောက် တောက်ရှင်ထျန်းကျွင်း၏ ဂူဗိမာန်မှ ရရှိထားသော သဲလွန်စကို ထုတ်ယူပြီး နောက်ဆုံးကျန်ရှိသော နတ်ဘုရားအဆုံးသတ်ဓားကို ရှာဖွေရန်အတွက် အစီအရင်တစ်ခု စတင်လိုက်၏။

နတ်ဘုရားအဆုံးသတ်ဓားက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ထံတွင်ရှိနေကြောင်း သိရှိထားသည့်တိုင် သူတို့က ပုံမှန်အတိုင်းပင် ဆက်လက်လုပ်ဆောင်နေကြသည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ရန်ကျောက်ကဲတို့အုပ်စုကို မျှားခေါ်ရန်ရည်ရွယ်ထားသဖြင့် သားကောင်ကိုဖမ်းရန် ငါးစာချထားပေမည်။

သို့သော် သူကိုယ်တိုင်က ဘုရားလောင်းနှင့် တိုက်ခိုက်နေသဖြင့် နတ်ဘုရားသုတ်သင်ဓားကို သူနှင့်အတူ ယူဆောင်သွားရန် မဖြစ်နိုင်ပေ။

လက်ရှိတွင် နတ်ဘုရားအဆုံးသတ်ဓားက အဆုံးမရှိဗလာနယ်ထဲရှိ စွန့်ပစ်နယ်မြေတစ်ခုတွင် ရှိနေလောက်သည်။

သို့သော် ထိုစွန့်ပစ်နယ်မြေတွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က တစ်စုံတစ်ခု ပြုပြင်ဖန်တီးကာ ထောင်ချောက်ဆင်ထားပေမည်။

ရန်ကျောက်ကဲတို့အုပ်စုသာ ထိုနေရာသို့ ချဉ်းကပ်သွားပါက ပြင်းထန်သော ဗလာနယ်လှိုင်းဂယက်များက သူတို့ကို စောင့်ကြိုနေပေလိမ့်မည်။

တကယ်တော့ လူသားအမြုတေကျောက်တုံးအပိုင်းအစကိုပင် စွန့်လွှတ်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ဆင်းသက်လာနိုင်သည်လည်း ဖြစ်နိုင်ခြေရှိ၏။

သို့သော် လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများအတွက် စွန့်စားမှုမလုပ်ဘဲ မည်သည့်အကျိုးအမြတ်မှ ရရှိမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့အနေဖြင့် ထိုဓား၏တည်နေရာကို အရင်ဆုံး ရှာဖွေရပေမည်။

ဤသို့ အစီအရင်အသုံးပြု ရှာဖွေခြင်းက ရန်သူများကို သတိပေးလိုက်သလို ဖြစ်သွားနိုင်သည်။

သို့သော် ရန်သူများကလည်း ရန်ကျောက်ကဲတို့အုပ်စု ထောင်ချောက်ထဲဝင်လာသည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည် မဟုတ်လား။

တစ်ဖက်တွင်လည်း ရန်ကျောက်ကဲတို့က သူတို့၏ရန်သူများ ဘာတွေးနေသည်ကို ပြတ်သားစွာ သိရှိထားသည်။

နှစ်ဖက်လုံးက အခြေအနေမှန်ကို သိရှိနေကြသည့်တိုင် သူတို့၏ရှင်သန်ရေးအတွက် ဤပြဇာတ်ကို ဆက်လက်ကပြကြရဦးမည်ပင်။

အစီအရင်ကိုအဆုံးသတ်ပြီးသည်နှင့် ရန်ကျောက်ကဲက အသစ်ဖန်တီးထားသော အင်းစက္ကူကို လမ်းညွှန်အဖြစ်အသုံးပြကာ ရှေ့မှဦးဆောင်ထွက်ခွာသွားသည်။

“သွားကြရအောင်...”

သူတို့ဦးတည်ရာက ကျယ်ပြောလှသော ကြယ်စင်မြစ်တစ်ခုဆီသို့ ဖြစ်သည်။

ဗလာနယ်ထဲတွင် ကြယ်တာရာများလှုပ်ခတ်နေသည့်ပမာ ကြီးမားသောလှိုင်းလုံးကြီးများ စီးဆင်းနေသည်ကို တွေ့မြင်ရသည်။

အလွန်အမင်း အေးစက်လှသော စကြာဝဠာထဲတွင် ရှိနေသည့်တိုင် ရေများက အေးခဲသွားခြင်းမရှိပေ။ ထို့အတူ ပူပြင်းလှသော ကြယ်စင်များနှင့် နီးကပ်နေသည့်တိုင် အငွေ့ပျံသွားခြင်းလည်း မရှိပေ။

မြစ်ရေက ကြယ်စင်များနှင့်ပေါင်းစပ်ကာ အဆက်မပြတ်စီးဆင်းနေပြီး ထျန်းဟယ်မြစ်ပမာ တည်ရှိနေလေသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲတို့အုပ်စု အံ့သြလွန်းသဖြင့် ကြက်သေသေသွားကြသည်။

ကောင်းချင်းရွှမ်က အံ့အားသင့်စွာဖြင့်...

"မဟာကပ်ဘေးကြီးပြီးတဲ့နောက် ထျန်းဟယ်မြစ် ပြတ်တောက်သွားခဲ့တယ် ၊ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ရေကြောကြီး ရှိနေဦးမယ်လို့ လုံးဝ ထင်မထားမိဘူး”

ရန်ကျောက်ကဲက...

"ရှေးဟောင်းမှတ်တမ်းတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဒီမြစ်က ထျန်းဟယ်မြစ်လောက် မကြီးဘူး ၊ ဒါပေမဲ့ ပျက်ဆီးသွားတဲ့ ထျန်းဟယ်မြစ်က ကျန်ရစ်ခဲ့တဲ့ အစိတ်အပိုင်းတွေ ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ခဏမျှ အကဲခတ်လိုက်ပြီး...

“ထုန်းမင်ဧကရာဇ် ကျဆုံးခဲ့တဲ့ ကြယ်စင်မြစ်လက်တက်နဲ့ယှဉ်ရင် ဒီတစ်ခုက အများကြီး ပိုပြီး ခမ်းနားထည်ဝါတာပဲ"

သူက ခပ်ဟဟ ရယ်မောလိုက်ရင်း...

"အမတခုံရုံးက ကျွန်တော်တို့အတွက် တကယ့်ကို အားစိုက်ထုတ်ထားတာပဲ"

ရန်ကျောက်ကဲသည် မြစ်ဝါကိုးကွေ့အစီအရင်ကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရာ ထိုအစီအရင်ကို တည်ဆောက်ရန်အတွက် ကြီးမားသော ရေကြောတစ်ခု လိုအပ်ပေသည်။

ယခု သူတို့ရှေ့တွင် မြင်တွေ့နေရသော ကြယ်စင်မြစ်က ထိုအစီအရင်ကိုအသုံးပြုရန် သဘာဝတရားက ဖန်တီးပေးထားသည်နှင့်ပင် ဆင်တူနေသည်။

ဤနေရာသို့ မဟာဉာဏ်အလင်းဗောဓိသတ္တ၊ ခေါင်းကိုးလုံးပိုးကောင် သို့မဟုတ် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့ ရောက်ရှိလာခဲ့လျှင်ပင် လမ်းမှန်တာအိုဝါဒကျင့်ကြံသူများအနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် ရန်ကျောက်ကဲက ထိုသို့ မတွေးမိပေ။

ဤနယ်မြေကို အမှန်တကယ် လက်ဝါးကြီးအုပ် စိုးမိုးထားသူမှာ အမတခုံရုံးသာ ဖြစ်သည်။

ရန်ကျောက်ကဲ၏ မြစ်ဝါကိုးကွေ့အစီအရင်က မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်မှ ဆင်းသက်လာခြင်းဖြစ်ရာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ လက်ထဲတွင်လည်း ထိုအစီအရင် သေချာပေါက် ရှိနေနိုင်သည်။

ဘုရားလောင်းဖြစ်စေ၊ အရှေ့ဧကရာဇ်'ထိုက်ယိ' ဖြစ်စေ ထိုအစီအရင်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ကြသော်လည်း တာအိုဝါဒဘက်မှာတော့ ဦးဆောင်ပေးမည့် တာအိုအဓိပတိ တစ်ယောက်မှ မရှိပေ။

ရန်ကျောက်ကဲက အစီအရင်ပညာ မည်မျှကျွမ်းကျင်ပါစေ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးမျှသာဖြစ်လေရာ မြစ်ဝါကိုးကွေ့အစီအရင်ဖြင့် တာအိုအဓိပတိတစ်ပါးကို ထိန်းချုပ်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ကံကောင်းသည်မှာ တာအိုဝါဒ၏ အစွမ်းအစက ဤမျှနှင့် ရပ်တန့်မနေခြင်း ဖြစ်၏။

"လူသားတွေကတော့ ရှင်သန်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ကြတာပဲ..."

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း မိမိကိုယ်ကိုယ်သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။

ထို့နောက် ထျန်းဟယ်မြစ် ရေကြောထဲသို့ လှမ်းဝင်လိုက်လေတော့၏။

All Chapters