လက်ထပ်လိုသော်လည်း မိတ်ဆွေအဖြစ် ပိတ်မိနေခြင်း(၁)
Vol. 10 Ch. 91
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၁)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
စုရှန်းရွှယ်၏ အမေးအား တန်ရော်ဝေမှ အကြပြုချက်ဖြင့် တုံ့ပြန်သည်။
"ဒါကတော့ ဆရာ့ ဆုံးဖြတ်ချက်ပါပဲ… ဒါပေမယ့် ဒီလို ဆက်သွားနေမယ်ဆိုရင်တော့ ဂိုဏ်းသခင်စု တသက်လုံး တကိုယ်တည်း နေနေရလိမ့်မယ်…"
"အို… မိန်းကလေး ရော်ဝေက ဒီခံစားချက် ပြဿနာကို ဖြေရှင်းမို့လား…"
စုရှန်းရွှယ်က ပြုံး၍ မေးခွန်းထုတ်သည်။
"ဒါဆို ဘာကြောင့်များ ပြောနေတာပါလိမ့်…"
"ဂိုဏ်းသခင်က ကာမသုတြာဂိုဏ်း အဖွဲ့အဝင် ဖြစ်တာမို့ပါ…"
တန်ရော်ဝေက ကွေ့ဝိုက်၍ ဖြေကြားမှု မပြုပေ။
"လူတွေက ကာမသုတြာဂိုဏ်းကို ဘယ်လိုမြင်ကြလဲ သိတယ် မဟုတ်လား… မိန်းမပျက် ဆွဲအားပြင်းတယ် ပြီးတော့ လှပမှုအောက်မှ နတ်ဆိုးဆန်မှုရှတယ် မြေပေါ် ထိုင်ချပြီး စုပ်ယူဖို့လည်းာဝန်မလေးဘူး… အဟမ်း အတိုပြောရရင်တော့ ဝါသနာပါတဲ့သူ တချို့ကလွဲပြီး ဘယ်ယောက်ျားကမှ ကာမသုတြာ ဂိုဏ်းသားကို လက်ထပ်ကြမှာ မဟုတ်ဘူး… နောက်ပြီးတော့…"
တန်ရော်ဝေ၏ မျက်နှာ၌ နီရဲတက်လာသည်။ သူမ၏ မျက်ဝန်းများက တလက်လက် တောက်ပသွားကာ ဆက်မေးလာပြန်သည်။
"ဂိုဏ်းသခင်စု ယန်စွမ်းအင်ကော စုပြီးပြီလား…"
တန်ရော်ဝေက ပြောပြောဆိုဆိုဖြင့် ငယ်ရွယ်သေးသည်ကို သတိရသွားသည်။
စုရှန်းရွှယ်က ဝံ့ကြွားစွာဖြင့် ပြုံး၍ ပြောပြန်သည်။
"ဒါကတော့ ဘယ်လို အဓိပ္ပာယ်ဖွင့်လဲ ဆိုတာအပေါ် မူတည်တယ်ကွယ်… ယောက်ျားတယောက်ရဲ့ အဟမ်းကို စုပ်ယူဖူးတာကို သတ်မှတ်ရင်တော့ ယူဖူးတယ်ပေါ့ ဒါပေမယ့် ဆက်ဆံမှုကို ဆိုလိုရင်တော့ မလုပ်ဖူးသေးဘူး…"
"ဘယ်လို…"
တန်ရော်ဝေက ရှက်နေမိသည်။ သို့သော်လည်း သိလိုစိတ် ပြင်းပျနေသေး၏ ။ ဘေးတွင် ရှိနေသော ကျိုးယန်ဖေးကလည်းတိတ်တဆိတ် နားစွင့်လာသည်။ တန်ရော်ဝေက စကားခဏရပ်ကာ ထပ်မေးပြန်သည်။
"ဂိုဏ်းသခင်စုက ဘယ်လို လုပ်တာပါလိမ့်…"
တန်ရော်ဝေက ဂိုဏ်သခင်စု၏ မျက်နှာအားကြည့်ကာ လက်ရမ်းလိုက်သည်။
"အာ ဒါက လျှို့ဝှက် နည်းလမ်းဆိုလည်း ထားပါတော့…"
"လျှို့ဝှက်ချက်တော့ မဟုတ်နေဘူး… တကယ်တော့ ဒီနည်းလမ်းကို နင့်ဆရာပဲ ပြုပြင်ပေးထားတာ…"
စုရှန်းရွှယ်က ပြုံး၍ ဖြေပေးသည်။
"ကာမသုတြာဂိုဏ်းရဲ့ ပညာတွေထဲမှာ င့ါရဲ့ ပုံရိပ်မာယာ အတတ်က ဆွဲဆောင်မှုကို အလေးပေးတယ်… တကယ်တော့ သာမန် ယောက်ျားတွေဆိုရင် ယန်စွမ်းရင်ရဖို့ ငါ့စကား တခွန်းနှစ်ခွန်းပဲ သုံးရမှာ… ဘယ်သူမှ ဆိုင်မလာရင်တောင် ငါလမ်းထွက်လိုက်ရုံနဲ့ ယန်စွမ်းအင်တွေ ရမှာပဲလေ…"
"အာ…"
တန်ရော်ဝေက ဆရာဖြစ်သူ ပြောပြသည့် စုရှန်းရွှယ်၏ စွမ်းရည်များအား ပြန်တွေးမိကာ အံ့အားသင့်မိသွားသည်။
ထိုသို့ပြုလုပ်နိုင်ခြင်းမှာ အလှတရား၏ စွမ်းရည်တည်း။ သူမအနေဖြင့် မျက်နှာဖုံးအား လှစ်ဟပြပါက ကန်ပြည်နယ်၏ နိုင်ငံသုံးခုတွင် စစ်မက်ဖြစ်ပွားမည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
မိစ္ဆာ မဟာမိတ်အဖွဲ့၏ အခရာသုံးပါးမှ တယောက်ဖြစ်သည့်အတွက် စွမ်းဆောင်ရည်မှာ အံ့အားသင့်ဖွယ် ကောင်းလွန်းလှသည်။
ခဏကြာပြီးချိန်၌ တန်ရော်ဝေက အရဲစွန့်ကာ မေးခွန်းထုတ်ပြန်သည်။
"ဒါဆိုရင် ဂိုဏ်းသခင်စုက အပျိုစင်ပဲပေါ့…"
စုရှန်းရွှယ်က စဉ်းစားလိုက်ကာ ခေါင်းညိမ့်ပြသည်။
"ဆရာကော သိထားလား…"
တန်ရော်ဝေက ထပ်မေးသည်။
စုရှန်းရွှယ်က ခဏတာ တုံ့ဆိုင်းသွားပြီး ခေါင်းရမ်းလိုက်တော့သည်။
"သူ့ကို မပြောဖူးဘူး…"
"ဟုတ်ပြီ…"
တန်ရော်ဝေက ရုတ်ရက် လက်ခုပ်တီးမိလိုက်သည်။
"ဒါကြောင့် ဆရာက ဂိုဏ်းသခင်နဲ့ ရှိနေတာ … သူကတော့ ညီအစ်ကိုလို့ ပြောမှာပေါ့… မိတ်ဆွေအချင်းချင်းက တယောက်ကိုတယောက် ရည်းစားရဖို့ ကူညီကြတယ်လေ… ယောက်ျားလေး သူငယ်ချင်းတွေမှာတော့ ဒါက ပုံမှန်ပဲ… "
"အို…"
စုရှန်းရွှယ်က ခဏကြာ သုံးသပ်သွားသည်။ ထို့နောက် ေဒါသတကြီးဖြင့် ရေရွတ်လာ၏ ။
"နင်ပြောချင်တာက ဟိုကောင် ငါ့ကို ယောက်ျားတယောက်အဖြစ် မြင်တာလား…"
"ဟုတ်တယ်လေ ဟုတ်တယ် တွေးကြည့်ကြည့် ဂိုဏ်းသခင်နဲ့ ဆရာမတွေ့ခင်ကတည်းက ကာမသုတြာဂိုဏ်းထဲ ရောက်နေပြီးပြီ မဟုတ်လား… နောက်ကျ ဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး သာယာမှုနယ်မြေမှာနေတယ်… ဆရာက ဒီရောက်တော့ အားအကောင်းဆုံးသူနဲ့ တွေ့မယ်ပြောတာ… အဲ့အချိန်မှာပဲ ဂိုဏ်းရဲ့ တတပည့်တွေက ဂိုဏ်းသခင်ဆီ ခေါ်သွားပေးတယ်… သူက ဂိုဏ်းသခင်က ကာမသုတြာဂိုဏ်းအတွက် အချိန်ပိုင်း အလုပ်လုပ်တယ်လို့ မြင်နေပုံပဲနော်…"
တန်ရော်ဝေက မှန်းဆကြည့်နေသည်။
"သူက ဂိုဏ်းသခင်နဲ့ ဆက်ဆံရေးကောင်းပေမယ့် အဆင့်မတက်ချင်ဘူး အဲ့တာကြောင့်မို့ ဂိုဏ်းသခင်ကို ညီအစ်ကိုလို သဘောထားနေတာ… ဒီလို ဆက်သွားမယ်ဆိုရင်တော့ တသက်လုံး မိတ်ဆွေအဖြစ်ကနေ တက်မှာ မဟုတ်ဘူး…"
………
"ဒီဆေးလုံးကို သောက်ပြီး နှစ်လလောက် ကျင့်ကြံလိုက်… ဒဏ်ရာတွေ သက်သာလာလိမ့်မယ်…"
ပိုင်ချူးရန်က ရွှေအမြုတေအဆင့် လူအိုကြီး၏ လက်အတွင်းသို့ ဆေးပုလင်း ထည့်ပေးသည်။
"ကျေးဇူးပါ စီနီယာ…"
လူအိုကြီးက ဦးညွတ် အရိုအသေပေးသည်။
"ဒါဆို… ကျွန်တော်…"
ပိုင်ချူးရန်က ထထွက်သွားရန် ပြင်ဆင်သည်။ သို့သော်လည်း ဘေးမှ တပည့်များ၏ မျက်နှာမှ အမူအရာများကြောင့် မေးခွန်းထုတ်မိသည်။
"ဘာတွေလဲ… ပြောချင်တာရှိနေလား…"
"မဟုတ် မဟုတ်ဘူး…"
လူအိုကြီးက ကဗျာကယာဖြင့် လက်ရမ်းလိုက်သည်။
"သူတို့တွေလည်း နာကျင်နေတာကို ပြောချင်တာပါ…"
လူအိုကြီး၏ စကားမှာ ပိုင်ချူးရန်အား သရော်သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် လူအိုကြီး ကိုယ်တိုင်လည်း နောင်တရမိသည်။