← Chapters

အဆင့်တက်မည်လော

Vol. 10 Ch. 92

အဆင့်တက်မည်လော

Vol. 10 Ch. 92

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၂)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ချီမင်ဓားဂိုဏ်းမှ အမှန်တရားဂိုဏ်း တခုဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်း လောက၌ အမှန်တရားဘက်၌ ရပ်တည်ခြင်းဖြင့် ဂိုဏ်းတခု ရပ်တည်နိုင်မည် မဟုတ်ပေ။

"ငါတော့ မင်းတို့ ပြောချင်တာကို သိနေတယ်…"

ပိုင်ချူးရန်က ခြေထောက်ချိတ်၍ ထိုင်လိုက်ကာ စကားစလိုက်သည်။

"ကံကောင်း‌ပြီးတော့ ချီမင်ဓားဂိုဏ်းထဲမှာ မွေးလာပြီး အင်မော်တယ်တွေရဲ့ တပည့်ဖြစ်လာတာမို့ မင်းတို့ ဂိုဏ်းငယ်လေးတွေရဲ့ အခက်အခဲကို နားမလည်နိုင်ဘူးထင်နေတယ်မလား… မင်းတို့ တွေးကို တွေးမိနေရမယ်…"

ပိုင်ချူးရန်က စကားခဏရပ်၌ တပည့်များ၏ မျက်နှာအား အကဲခတ်ကာ သရော်ပြုံးပြုံးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ…"

ထိုအခိုက်အတန့်၌ စန္ဒ ပူဇကဂိုဏ်းမှ တပည့်များက ဒေါသဖြစ်လာပြီး အတင့်ရဲလာကြသည်။ သို့သော်လည်း ပိုင်ချူးရန်က လျစ်လျူရှုထား၏ ။

"အမှန်ပြောရရင် ငါက တာအိုသခင် ချီမင်ရဲ့ တပည့် ငါ့အသက်ကလည်း နှစ်သုံးထောင်ကျော်ပြီ… ချီမင်ဓားဂိုဏ်း စပြီးတည်ထောင်တော့ ငါ့ဆရာက ကျင့်ကြံခြင်းလောကမှာ ပြိုင်ဘက်ကင်း… ငါ့ရဲ့ ကလေးဘကဝက သာမန်ထက် ပိုကောင်း‌တာတော့ အမှန်ပဲ… ငါ့ဆရာ ဂိုဏ်းစထောင်တော့ မဟာ တက်လှမ်းခြင်းအဆင့်မှာပဲ ရှိသေးတယ်… သူအင်မော်တယ် လောကရောက်ဖို့ နှစ်တရာပဲကြာခဲ့တာ… မကျွမ်းကျင်တဲ့ တပည့်တွေကို ကျင့်ကြံမှုတွေ မရေမတွက်နိုင်တဲ့ အမယ်တွေရယ် ပိုင်ဆိုင်မှု အများကြီး ချန်ထားခဲ့တာပေါ့…"

ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် အတိတ်အား ပြန်တမ်းတမိပုံရသည်။ သို့ဖြစ်ရာ မျက်ဝန်း၌ ရီဝေဝေ ဖြစ်သွားသည်ကို မြင်လိုက်ရ၏ ။

"ဆရာထွက်သွားပြီးတော့ ဂိုဏ်းမှာ အားအကောင်းဆုံးက င့ါရဲ့ စီနီယာအစ်ကိုပဲ… အဲ့အချိန်မှာ အလယ်အလတ် စိတ်ဝိညာဉ်အဆင့်ပေါ့… ငါကတော့ အသက်ရင်းပြီး တိုက်ခိုက်မှ ကနဦး စိတ်ဝိညာဉ်အဆင့်ကိုပဲ တိုက်ခိုက်နိုင်သေးတာ… ငါတို့က မကျွမ်းကျင်ကြပေမယ့် ပြည်နယ်ကိုးခုစလုံးမှာ အကြွယ်ဝဆုံးလို့ ပြောရမယ်… ဖြူစင်တဲ့သူတွေက ချမ်းသာတာကို အပြစ်မြင်မှာပဲလေ… ငါတို့က မင်းတို့အခြေအနေလို မဆိုးဘူး ထင်နေကြတာလား…"

စကားအဆုံး၌ စန္ဒ ပူဇကဂိုဏ်း၏ တပည့်များမှာ မကျေနပ်သည့် အမူအရာများ ပြလာသည်။

"မဟာမိတ်တွေ သစ္စာဖောက်တယ် တခြားအဖွဲ့တွေကလည်း လာတိုက်ကြသေးတာ ဆရာ့နှိမ်နင်းခဲ့တဲ့ နတ်ဆိုးတွေပါ ဆရာမရှိလို့ ဒေါသလာပုံချကြတာ… ခက်ခဲတွေ နေ့ရက်တွေမှာ ငါတို့ဆို လူနှစ်ဆယ် သုံးဆယ်ပဲ ကျန်တယ် ပြီးတော့ ဂိုဏ်းရဲ့ မူလနေရာပါ စွန့်ခွာခဲ့ရသေးတာပေါ့… ပြည်နယ်ကိုးခုထဲ ဂိုဏ်းတခုလုံး လှည့်ပတ်သွားနေတာတင် နှစ်ပေါင်း နှစ်ရာသုံးရာကြာတယ်…"

ပိုင်ချူးရန်က မတ်တပ်ထရပ်သည်။

"အဲ့လို အခြေအနေကတောင် ငါတို့ ပြန်ရုန်းထနိုင်ခဲ့တယ်… အဲ့တာကြောင့်မို့ ငါမင်းတို့ကို မေးပါဦးမယ် မင်းတို့က ဂိုဏ်းကို ပြန်ထူထောင်နိုင်စွမ်း မရှိကြဘူးလား…"

"ဒါပေမယ့် ဒီလိုအခြေအနေ ရောက်ရတာ ခင်ဗျားကြောင့်…"

လူအုပ်အတွင်းမှ အသံတခု ထွက်လာသည်။

"ပါးစပ်ပိတ်ထားစမ်း…"

လူအိုကြီးက ချက်ချင်းပင် ကြိမ်းမောင်းစကားဆိုသည်။

'ဘယ်သူပြောရဲလဲ… မတ်တပ်ရပ်ပါဦး…"

ပိုင်ချူးရန်က လူငယ်တယောက်အား စိုက်ကြည့်နေသည်။

"စန္ဒ ပူဇကဂိုဏ်း ဒီအခြေအနေရောက်တာ ငါ့ကြောင့်လို့ ထင်တာလား… ဒါဆိုရင် ငါပြောရဦးမယ် ငါ့ကြောင့်မဟုတ်ရင် စန္ဒ ပူဇကဂိုဏ်းနဲ့ တခြားဂိုဏ်းငယ်လေးတွေ ရပ်တည်နိုင်နေမှာ မဟုတ်ဘူး…"

ပိုင်ချူးရန်က လူငယ်လေးအား စိုက်ကြည့်ကာ စကားဆက်ပြန်သည်။

"မင်းတို့ ဂိုဏ်းသား သုံးယောက်ကို ငါ့တပည့် သတ်လိုက်တာ အမှန်ပဲ… မင်းတို့ပဲ သူ့ကို အရင်တိုက်ခိုက်ကြတာလေ… သူက မတိုက်ခိုက်ခင်မှာ ငါက သူ့ကို သတ်ဖြတ်ရေးတိုက်ကွက်ပဲ သင်ပေးထားတာလို့ သတိပေးသေးတယ် မဟုတ်လား … ငါ့တပည့်က မင်းတို့ လာစတ်တာကို ငြိမ်ရပ်နေရမှာလား… မင်းတို့ ဆရာတွေ အကြီးအကဲတွေနဲ့ ကျန်တဲ့ တပည့်တဝက်လောက်ကို နတ်ဆိုးက ဝါးမြိုသွားခဲ့တာ… အဲ့တာကလည်း မင်းတို့ မြေခွေးနတ်ဆိုးကို အပြစ်ပုံချပြီး အမြုတေရချင်တာရဲ့ အကျိုးဆက်ပဲ… နိုင်ငံ တခုလုံးပါ ထိန်းချုပ်ချင်ကြသေးတယ်လေ…ပြောရရင်တော့ မင်းတို့ ဂိုဏ်းခေါင်းဆောင်ရဲ့ အစီအစဉ် မကောင်းတာပဲ…"

ထိုတပည့်ဖြစ်သူက ခေါင်းငုံ့သွားကာ စကားမဆိုတော့ပေ။ ထိုမြင်ကွင်းကြောင့် ပိုင်ချူးရန်က အနီးမှ လူအိုကြီးအား ကြည့်၍ ပြောလိုက်သည်။

"မင်းက ဂိုဏ်းကို အုပ်ချုပ်တော့… နောက်တခေါက် အမှန်တရား မဟာမိတ်အဖွဲ့ထဲ ဝင်ခွင့်ရချင်ရင် မရ‌စေရဘူး… ဒါပေမယ့် အကြိမ်ရေ ရာချီရင်တော့ အခွင့်အရေး ရနိုင်တယ်…အကြံတခု ပေးလိုက်မယ်… ကြိုးစားကျင့်ကြံ ပြီးရင် ကျင့်ကြံခြင်းလောကမှ ဖြစ်ပျက်နေတာတွေကို အာရုံစိုက်… ကိုယ်က အင်အား မလုံလောက်သေးရင် နိုင်ငံတခုကို ကြိုးကိုင်ဖို့တွေကို စဉ်းစားမနေနဲ့…"

"ကျွန်တော် မှတ်သားထားပါ့မယ်…'

ရွှေအမြုတေအဆင့် လူအိုကြီးက ရိုသေစွာဖြင့် ဦးညွတ်ပေးသည်။

"အဟမ်း ငါပြောစရာ ရှိတာတော့ ပြောပြီးသွားပြီ… ကိုယ့်ဘာသာ ကြိုးစားတော့…"

ပိုင်ချူးရန်က စကားအဆုံး၌ ထွက်ခွာသွားလိုက်သည်။

ပိုင်ချူးရန်က တင်ကျန်းတောင်တန်း အနီးရှိ မြို့ငယ်မှ သာယာမှု နယ်မြေသို့ ဦးတည်နေသည်။ သူ့အနေဖြင့် တပည့်ဖြစ်သူနှင့် ကောင်းကင် စစ်တပ်၏ တပည့်တို့အား မိစ္ဆာဂူမှ ကယ်တင်ရဦးမည် မဟုတ်လော။

All Chapters