အဆင့်တက်မည်လော(၁)
Vol. 10 Ch. 93
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၃)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
သာယာမှုနယ်ေမြ အဆောက်အဦးသို့ ပိုင်ချူးရန် ရောက်သွားချိန်၌ စုရှန်းရွှယ်မှ ကျိုးယန်ဖေးအား အဝတ်အစား လဲလှယ်ရန် ကူညီပေးနေသည်။ ကျိုးယန်ဖေး၏ ချပ်ဝတ်မှ တိုက်ပွဲ၌ ပျက်စီးသွားခဲ့သည်။ ကာမသုတြာဂိုဏ်းမှ တပည့်များ၏ ဝတ်စုံမှာ အဖော်အချွတ်များလွန်း၏ ။ သို့ဖြစ်ရာ စုရှန်းရွှယ်မှ ကျိုးယန်ဖေးအား သူမ၏ အဝတ်အစားများ အသုံးပြုစေသည်။
ရင်သားပြည့်ဖြိုးသည့် မိန်းကလေးနှစ်ဦး အခန်းထဲ ဝင်လာကြချိန်၌ ရင်သားတုဖြင့် တန်ရော်ဝေက ကြောင်ငေးကြည့်နေမိသည်။
"အခာနေ ငါ့တပည့်ကို ပုံရိပ်ဖမ်းကျောက်တုံးနဲ့ မှတ်တမ်းယူမိရင် ကျောက်စိမ်း မျှော်စင်ရဲ့ ပုံရိပ်ပြိုင်ပွဲမှာ ပထမဆုရဖို့ သေချာတယ်…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအနီးသို့ လျှောက်သွားကာ စနောက်သည်။
"မှတ်တမ်းပုံရိပ် တမ်းတခြင်းလို့ နာမည် ပေးဖို့တောင် စဉ်းသားမိထားသေးတယ်…"
"ဆရာ…"
တန်ရော်ဝေက စနောက်မှုအား လျစ်လျူရှုထားကာ မေးခွန်းမေးသည်။
"ဒီလောကကြီးမှာ ဘာလို့ မျှတမှာ မရှိရတာလဲ… ဆရာ အကုန်လုံးက တန်းတူညီမျှ အနေအထားနဲ့ မွေးမလာကြာတာ ဘာကြောင့်များပါလိမ့်…"
"ကောင်းပြီလေ… တကယ်တော့ မိန်းကလေးစုနဲ့ ကျိုးယန်ဖေးတို့ ဖွံ့ထွားကြတာ အကျိုးအကြောင်းဆီလျော်တယ်…'
ပိုင်ချူးရန်က ခဏကြာ သုံးသပ်နေ၏ ။
"နှစ်ယောက်ထဲက တယောက်က ရေဒြပ်စပ်ရှိတယ်… နောက်တယောက်က နဂါးသွေးဆက်ပါလို့ လေနဲ့မိုးကို ထိန်းချုပ်နိုင်တဲ့သူ… နှစ်ယောက်စလုံးက ရေဒြပ်စင်ဘက်က ပြီးတော့ သဘာဝမှ ရေဓာတ်ကိုယ်စားပြုက ပင်လယ်ပဲ… မြစ်တိုင်းက ပင်လယ်ထဲကို စီးဝင်တယ် ကြီးမားတဲ့ နှလုံးသားက အကုန်လုံး လက်ခံတာမဟုတ်လား… နှလုံးသား ကြီးမားမှတော့ ရင်သားလည်း ဖွံ့ထွားပြီပေါ့…"
"ဒါဆို တပည့်က မြေဒြပ်စင် စိတ်ဝိညာဉ်အမြစ် ရှိထားတာ… ကမ္ဘာမြေကြီးက ပင်လယ်ထက်တော့ မဆိုးဘူးလေ…"
တန်ရော်ဝေက မကျေမနပ်ဖြင့် ရေရွတ်လာသည်။
"မဟုတ်ဘူး မြေကြီးဆိုတာ မွန်မြတ်တယ် မဟုတ်လား… သူက အရာရာကို သယ်ဆောင် ထမ်းပိုးထားရမှာမို့ ပြားနေဖို့လိုတယ်လေ…"
ပိုင်ချူးရန်က ပြန်ဖြေပေးသည်။
"ဘက်မလိုက်ဘဲ ရပ်တည်တယ်ဆိုတာက… မိုက်မဲလိုက်တဲ့ တပည့်… ကိုယ့်ဆရာကိုယ် ပြန်ကန်တယ်လား…"
ဆရာတပည့် နှစ်ဦး ကတောက်ကဆ ဖြစ်နေချိန်၌ အခန်းတံခါး ပွင့်လာသည်။ စုရှန်းရွှယ်က ပြုံး၍ ကျိုးယန်ဖေးအား အခန်းအတွင်းသို့ တွန်းပို့လိုက်သည်။
ကျိုးယန်ဖေးက သာမန် ဝတ်စုံဝတ်ဆင်ထားချိန်တွင် ကျက်သရေ တင့်တယ်ကာ ဆွဲဆောင်မှု ရှိလှသည်။ သို့သော်လည်း ဆံပင်အား ခေါင်းပေါ်၌ စည်းနှောင်ထားနေသေးသည့်အတွက် သူရဲကောင်းဆန်မှုအား မြင်သာနေသေးသည်။
တန်ရော်ဝေပင် ကျိုးယန်ဖေးအား နာလိုဖြစ်မိသွား၏ ။ ပိုင်ချူးရန်ကလည်း ကျိုးယန်ဖေးအား တချက်ကြည့်ကာ အာရုံလွှဲလိုက်သည်။
"ဘယ်လိုလဲ… အဆင်ပြေတယ် မဟုတ်လား…'
စုရှန်းရွှယ်က ပိုင်ချူးရန်အား စနောက်၍ ပြောသည်။
"အဆင်ပြေတယ်လို့ ပြောလို့ပါတယ်…"
ပိုင်ချူးရန်က လူကြီးလူကောင်း တဦးပမာ ပြန်ဖြေပေးသည်။
"အဟမ်း…'
စုရှန်းရွှယ်က ချူးရန်အား တချက်ကြည့်ကာ…
"ကဲ နင့်ကိစ္စတွေ ပြီးပြီဆိုတော့ ချီမင်ဓားဂိုဏ်းကို ပြန်တော့မှာလား…"
"ဟုတ်တယ်…"
ပိုင်ချူးရန်က ခေါင်းညိမ့်လိုက်၏ ။
"မနက်ဖြန် ရော်ဝေကို ခေါ်သွားမယ်… ပြီးရင် သူ့အတွက် တာဝန်ပေးစရာ ရှိလားကြည့်ရသေးတာပေါ့… ပြီးရင်တော့ ချီမင်တောင်ဆီ ပြန်တော့မယ်…"
"အခွင့်အရေးတွေ ရချင်ရင်တော့ တောထဲနဲ့ ပင်လယ်ဆီသွားတာ ကောင်းလိမ့်မယ်…"
စုရှန်းရွှယ်က အကြံပေးလာသည်။
"စကားမစပ် ပြောရဦးမယ်… ကောင်းကင် နတ်ဆိုး ဂိုဏ်းခေါင်းဆောင်ဟောင်းက တောထဲမှာ ကပ်ဘေးအောင်မြင်သွားပြီ… အခု ပြန်လာတော့မယ် ကြားတယ်…"
"ဘယ်လို…'
ပိုင်ချူးရန်က အံ့အားသင့်သွားကာ…
"မိုးကြိုးထဲမှာ သေမသွားဘူးလား…"
"ကံကောင်းတာဖြစ်မယ် ပြီးတော့ သူက နတ်ဆိုး လမ်းစဉ် ကျင့်ကြံသူကို မပြုမူဘူးလေ…"
စုရှန်းရွှယ်က ဖြေပေးသည်။
"နှစ်တထောင်ကျော်ကြာပြီးမှ မိစ္ဆာ မဟာမိတ်အဖွဲ့ရဲ့ မဟာအကြီးအကဲ ပေါ်လာတော့မယ့်ပုံပဲ… အချိန်ကျရင်တော့ အာရုံစိုက်ဖို့ ပြောပေးပါ့မယ်…'
"ဒါဆိုလည်း မင့်တာဝန်ထားလိုက်တော့မယ် ကျေးဇူးပဲ…"
ပိုင်ချူးရန်က ခေါင်းညိမ့်လိုက်၏ ။
"နေဦး နောက်ထပ် နင့်ကို ပေးစရာ ရှိနေသေးတယ်…"
စုရှန်းရွှယ်က လက်ခုပ်တီးလိုက်ရာ ဂိုဏ်းသားတဦးထွက်လာ၏ ။ ထိုသူ၏ ကိုယ်၌ သာမန် အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း ဆွဲဆောင်မှု ရှိလှသည်။ လက်တွင်လည်း ဆေးအမယ်များ ပါဝင်သည့် သစ်သားပြားတခုအား ကိုင်ဆောင်ထားနေသည်။
"ဒါက…"
"သက်ရှည်ဆေးအတွက် လိုတာတွေလေ ငါထင်တာတော့ နင်တောင်အောက်ဆင်းရင် နှစ်နည်းနည်းပဲ ရှင်ဖို့ကျန်တော့တာ မဟုတ်လား… ငါက ဆေးဖော်စပ်တဲ့ နေရာမှာ နင့်လောက် မကျွမ်းကျင်ဘူးလေ… အဲ့တကြောင့်မို့ ဒီအမယ်တွေပဲ ပေးလိုက်ေတာ့တာ… ယူသွားပြီးတော့ ဆေးဖော်စပ်ပေါ့…"
စုရှန်းရွှယ်က ပိုင်ချူးရန်အား စိုက်ကြည့်နေသည်။
"အရူးကောင်ရေ ငါကပ်ဘေး မအောင်မြင်ခင်အထိ မသေသေးနဲ့ဦး…"
"ဒါ…"
ပိုင်ချူးရန်က နှာခေါင်းကုတ်လိုက်တော့သည်။
"မင်းက ရုတ်တရက် အကွက်ပြောင်းလာပါလား… ညီအစ်ကို မင်းငါ့ကို အကွက်ဆင်မို့များလား…"