← Chapters

ကောင်းကင် နတ်ဆိုးဂိုဏ်းမှ အလိုမရှိသည့် လက်ထပ်ပွဲလက်ထပ်ပွဲ

Vol. 10 Ch. 94

ကောင်းကင် နတ်ဆိုးဂိုဏ်းမှ အလိုမရှိသည့် လက်ထပ်ပွဲလက်ထပ်ပွဲ

Vol. 10 Ch. 94

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၄)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

မိစ္ဆာမဟာမိတ်အဖွဲ့ရှိ ဂိုဏ်းများ၌ ကောင်းကင် နတ်ဆိုးဂိုဏ်းမှာ သမိုင်းအရှည်ကြာဆုံးဖြစ်သည်။ ဂိုဏ်း၏ မူလဇစ်မြစ်အား ဖော်ထုတ်ပါက မဟာကျန်း ပြက္ခဒိန် မတိုင်မိကာလသို့ပင် ပြန်သွားရပေလိမ့်မည်။

ထိုကာလ၌ လူသားနှင့် နတ်ဆိုးကြား စစ်ပွဲပြီးဆုံးသော်လည်း ဂိုဏ်း၏ အမွေဆက်ခံမှုက ဆက်လက် ရှိနေသေးသည်။ တခြားသော နတ်ဆိုးဂိုဏ်းများမှာ ဖြစ်တည်ခြင်းနှင့် ပျက်စီးခြင်း ဝဲဂယက်တွင် လည်နေသည့်တိုင် ထိုဂိုဏ်းက နှစ်ထောင်ချီကြာ ရပ်တည်နိုင်နေသေးသည်။

သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ သေမျိုးလောကဖြင့် ရောယှက်၍ သေမျိုးမြို့တော်တခုအား ဌာနချုပ် ထားရှိသည့် ကာမသုတြာဂိုဏ်းနှင့် သေမျိုးလောကဖြင့် အဝေးတွင် တည်ရှိကာ သင်္ချိုင်းမြေတခုအား ဌာနချုပ်အဖြစ် ထားရှိသော ဝိညာဉ်ဂိုဏ်းတို့ဖြင့် ခြားနားလှသည်။ မိစ္ဆာ မဟာမိတ်အဖွဲ့၌ ကောင်းကင် နတ်ဆိုးဂိုဏ်း တခုကသာ သေမျိုးနယ်နိမိတ် အပြင်ဘက်ရှိ စိတ်ဝိညာဉ် ကုန်းမြေတခုပေါ်၌ ဌာနချုပ်ထားရှိသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း တည်ရှိရာ တောင်တန်းနယ်မြေမှာ သာယာလှပရုံသာမကဘဲ စိတ်ဝိညာဉ် စွမ်းအင်များ များပြားလှသည်။ တောင်နံရံထက်မှ ကောင်းကင် နတ်ဆိုးဂိုဏ်းဟူသော စာလုံးများအား မမြင်ရပါက ရောက်ရှိလာသူများမှာ အမှန်တရားဂိုဏ်းတခုဆီသို့ ရောက်လာသည်ဟုသာ ထင်မှတ်နေကြပေလိမ့်မည်။

တောင်နံရံ၌ ရေးထွင်းထားသည့် စာလုံးများအား မြင်နေရသည့် တောလမ်း၌ အရပ်အမောင်းကောင်းသူ တဦးရပ်ကြည့်ကာ လမ်းလျှောက်လာသည်။ ထိုသူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ထောင်ချောက်များနှင့် အစီအရင်များအား ရင်းနှီး ကျွမ်းဝင်စွာဖြင့် ကျော်ဖြတ်သွားကာ ဂိတ်တံခါးဝသို့ ရောက်ရှိသွားသည်။ အစောင့်တပည့်များသည်လည်း တားဆီးမှု မပြုဘဲ ထိုသူအား လွတ်လပ်စွာ သွားခွင့်ပြုကြသည်။

ထိုသူက ဂိုဏ်းအတွင်းသို့ ဝင်သွားကာ သင်ကြားရေး ခန်းမတခုသို့ ဦးတည်သွားသည်။ ထိုခန်းမ၌ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ရှိ ခေါင်းဆောင် ဖြစ်သော ကျိလင်ယွမ်မှ တပည့်များအား သင်ကြားပို့ချ‌မှု ပြုလုပ်နေသည်။ သင်ကြားနေသူမှ လှပသည့် မိန်းကလေး တဦးဖြစ်သော်လည်း ကြမ်းတမ်းသည့် အပြုအမူ ရှိသူဖြစ်၏ ။

"ဒီယဉ်ကျေးမှု သင်ခန်းစာ ပို့ချမယ်…"

ကျိလင်ယွမ်မှာ ဝါးထိုင်ခုံ၌ ထိုင်နေသည်။ သို့သော်လည်း သူမ၏ညအနက်ရောင် ဝတ်စံမှ ဖြူဖွေးသည့် ခြေထောက်နှစ်ချောင်း ပေါ်နေသည်ကို လျစ်လျူရှုထား၏ ။ သူမ၏ လက်တဖက်ဖြင့် ခါးထောက်ကာ ကျန်လက်တဖက်မှ ကြိမ်တုတ်အား ကိုင်ဆောင်ထားပြီး ခန်းမရှိ သင်ပုန်းအား ရိုက်ပုတ်နေသည်။

"အမှန်တရား လမ်းစဉ် ဖြစ်ဖြစ် နတ်ဆိုး လမ်းစဉ်ဖြစ်ဖြစ် ကျင့်ကြံသူတယောက်မှာ ရည်မှန်းချက် ရှိကိုရှိရမယ်… ရည်မှန်းချက် ရှိမှ အဆင့်တက် စိတ်ခွန်အားရှိမှာ… ဒါဆိုရင် ဒီနေ့မှာ အိပ်မက်တွေအကြောင်း ပြောကြတာပေါ့… နတ်ဆိုးကောင်လေး အရင်စလိုက်…"

နတ်ဆိုးကောင်လေးဟု နာမည်ခေါ်ခံရသူက မတ်တပ်ထရပ်လာသည်။ ထိုသူမှာ ဖြူဖွေးသည့် အသားအရည်ရှိသော ခန့်ညားသည့် ကောင်ငယ်လေး ဖြစ်၏ ။ သို့သော်လည်း မျက်ဝန်း၌ လေးနက်မှုများ ရှိနေသည်။ ချစ်ဖွယ်ကောင်းသော်လည်း လေးနက်သည့် မျက်နှာထားရှိသူပင်။ ထို့အပြင် ယခုမျိုးဆက် တပည့်များ၌ ပထဆုံးသော တပည့်ဖြစ်ပြီး ယခုရှိနေသည့် တပည့်များ၏ စီနီယာလည်း ဖြစ်သေးသည်။

"လေးစားရပါသော ဆရာ…"

ကောင်ငယ်လေးက မတ်တပ်ထရပ်၍ မရှင်းလင်း မသဲကွဲသည့် လေသံဖြင့် ပြောလာသည်။

"ကျွန်တော့် မိသားစုက စိတ်ဝိညာဉ်သစ်ပင်ကြောင့် အမှန်တရားဂိုဏ်းလို့ နာမည်တပ်တဲ့ လမြစ်ဂိုဏ်းရဲ့ သုတ်သင်မှု ကြုံခဲ့ရတာ… နောက်ကျရင် လမြစ်ဂိုဏ်းကို အမြစ်ဖြတ်မယ်လိူ့ ကျိန်ဆိုဖူးပါတယ် ပြီးတော့ သူတို့နဲ့ ဆက်နွယ်တဲ့သူလည်း ရှင်းပစ်မယ် ဂိုဏ်းခေါင်းဆောင်ကိုလည်း ကျွန်တော့် ဓားနဲ့ ခေါင်းဖြတ်ချင်ပါတယ်…"

… အစ်ကိုကြီးရဲ့ စိတ်ကူးက တကယ်ကောင်းတာပဲ… နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ အရည်အချင်းမီတယ်…

တပည့်များထိုင်နေရာမှ သုံးတန်းမြောက်တွင် ထိုင်နေသည့် ကောင်မလေးက ငေးကြည့်ကြာ နတ်ဆိုးကောင်လေးအား ငေးစိုက်ကြည့်ကာ ပြောစကားများအား အတွေးနယ်ချဲ့နေသည်။

"အမ် အွန်း သတ်ဖြတ်ချင်စိတ် အပြည့်ပါလား သဘောကျတယ်… ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အကြီးဆုံးတပည့် ပီသပါပေ့တယ်…"

ကျိလင်ယွမ်က ကျေနပ်စွာဖြင့် ပြောသည်။

'ဒါပေမယ့် လမြစ်ဂိုဏ်းကို အမှန်တရား မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲတွေက စစ်ဆေး‌တော့ ပြစ်မှုထင်ရှားတာ တွေ့သွားတယ်… တပည့်အကုန်လုံးကိုလည်း ထုတ်ပစ်ပြီးပြီ… ‌ဂိုဏ်းခေါင်းဆောင်ရယ် ဆက်နွယ်တဲ့သူ အကုန်လုံးကိုလည်း ခေါင်းဖြတ်လိုက်ပြီ… အဲ့တော့ ဒါက မင်းလုပ်ဖို့ မလိုတော့ဘူး… နောက်တယောက်…"

နတ်ဆိုးကောင်လေးက မျက်နှာ ဖြူဖျော့သွားကာ ထိုင်ချလိုက်သည်။

ထိုအချိန်တွင် နီရဲသည့် ဆံပင်များ ပိုင်ဆိုင်ထားသည့် ကောင်မလေးတဦး မတ်တပ်ရပ်လာ၏ ။

"ဆရာ…"

ကောင်မလေးက ဝံ့ကြွားစွာဖြင့် ရင်ဘတ်ပုတ်လိုက်သည်။

"အနာဂတ်မှာ ဂိုဏ်းခေါင်းဆောင် ဖြစ်လာပြီစတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပြည်နယ်ကိုးခုရဲ့ အရှင်သခင် ဖြစ်လာအောင် လုပ်မှာပါ… ပြီးတာ‌နဲ့ လောက တခုလုံးကို ခြေဖဝါးအောက် ထည့်ထားချင်ပါတယ်… ဟားဟား ဟားဟား…"

စကားမဆုံးမီ၌ ‌ထိုကောင်မလေးက အရိုင်းဆန်စွာ ရယ်လိုက်တော့သည်။

All Chapters